← Chapters

နှစ်ပတ်တာ ကျိန်စာ

Vol. 6 Ch. 86

နှစ်ပတ်တာ ကျိန်စာ

Vol. 6 Ch. 86

မေလ ၁၈ရက်၊စတုတ္ထပတ်၏ တနင်္လာနေ့နံနက် အစောပိုင်းတွင် ဝမ်လင်းက သူ၏ ကျောင်းဝတ်စုံကို ဝတ်ဆင်ခဲ့သည်။

ရေချိုးပြီးသည်နှင့် သူ၏ အသွင်အပြင်ကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး အပြင်သွားရန် အဆင်သင့် ဖြစ်နေခဲ့သည်။

အိမ်ရှေ့တံခါးကို ဖွင့်လိုက်သောအခါ ဖိုးဖိုးဝမ်က ဝမ်မိသားစု အိမ်ငယ်လေး၏ ခြံဝင်းထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ဖိုးဖိုးဝမ်က အရုဏ်တက် နေရောင်ခြည်ကို ငတ်မွတ်နေသော ပျိုးပင်ကဲ့သို့ တိတ်တဆိတ် နေပူစာ လှုံနေသည်။

အသက်ကြီးလာသည်နှင့် အမျှ လူတစ်ယောက်၏ အိပ်စက်မှုစက်ဝန်းက ကူကယ်ရာမဲ့စွာဖြင့် ပို၍ တိုတောင်းလာ၏။

ဝမ်လင်းက အဖိုးဖြစ်သူ၏ အိပ်စက်ခြင်းကို သက်သာစေရန် ယမန်နေ့ညတွင် မှော်ပညာဖြင့် စီရင်ပေးခဲ့သော်လည်း အချိန်ကျလာသော အခါတွင် အဘိုးအို၏ ကိုယ်ပိုင် ဇီဝနာရီကို ဘာမှမတတ်နိုင်ခဲ့ပေ။

ဝမ်လင်း အပြင်သို့ ထွက်လာသည်ကို မြင်လျှင် ဖိုးဖိုးဝမ်က ခဏမျှ ထိတ်လန့် သွားသော်လည်း စားစရာ အပြည့် ထည့်ထားသော ထမင်းဘူး နှစ်ဘူးကို ပေးလိုက်သည်။

"ဒါက နံရိုးစွပ်ပြုတ် ချိုချိုလေး.. ဒါက ဆော့လ်နဲ့ တွဲစားရတဲ့ ပြည်ကြီးငါးကြော်"

ဝမ်လင်း အံ့အားသင့်သွားသည်။

"................"

မထင်မှတ်ဘဲ ဤတစ်ခေါက် ဟင်းလျာက အိမ်တွင် ပုံမှန်ချက်လေ့ချက်ထ ရှိသည့် ဟင်းလျာ ဖြစ်နေသည်။

ဝမ်လင်းက နွေးထွေးသော နေ့လယ်စာ သေတ္တာများကို ယူလိုက်သည်။

ဖိုးဖိုးဝမ်က ယခုတစ်ကြိမ်တွင် အစာထဲ၌ ဆားထည့်ရန် သတိရနေမလား သူမပြောနိုင်သော်လည်း သူ့စိတ်ထဲတွင် ကူကယ်ရာမဲ့စွာဖြင့် အတော်လေး ခံစားလိုက်ရသည်။

သူ တစ်ခုခု ပြောခါနီးတွင် အဘိုးအိုက သူ့နှုတ်ခမ်းကို ဆူ၍ ပြောလိုက်သည်။

"ငါ တံခါးရှေ့မှာ စောင့်နေတာကြာပြီ.. ဒါပေမယ့် ငါ့မြေးကို မတွေ့သေးဘူး.. မင်းက ကျင့်ခယ်ပဲ.. ဟုတ်တယ်.. မြန်မြန်သွားပြီး ငါ့မြေးကို ဒီအစားအစာ ပေးလိုက်ပါ"

ဝမ်လင်း ".............."

…................

စာသင်ခန်းက လွန်ခဲ့သည့် သုံးပတ်လုံးက ကျောင်းတက်သော အချိန်ကထက် သိသိသာသာ ပိုအသက်ဝင်လာသည်။

အတန်းတာဝန်ခံ ဖြစ်သည့် မြေပဲလေးက ဆရာမဖန်၏ ခိုင်းစေထားချက်အရ အတန်းဖော်များထံမှ အိမ်စာများကို တစ်ခုပြီး တစ်ခု စတင် သိမ်းဆည်းခဲ့သည်။

မြေပဲလေး၏ အမည်ရင်းမှာ စုရှောင် ဖြစ်သည်။

အတန်းထဲတွင် ပြဿနာရှာရတာကို နှစ်သက်သည့် ကျောင်းသားများက ကျောက်သင်ပုန်းပေါ်ရှိ လူစာရင်းတွင် "စုလေး"ဟု တမင်တကာ ရေးတတ်ကြသည်။

ယင်းမှာ အမှတ် ၆၀ အထက်တန်းကျောင်း၏ ပထမနှစ် အခန်းသုံးတွင် သူ ရခဲ့သော ပထမဆုံး အမည်ပြောင်လည်း ဖြစ်သည်။

နာမည်နှင့် လိုက်အောင်ပင် စုရှောင်က အရပ်ပုသည်။

ယောကျာ်းလေး တစ်ယောက် အနေဖြင့် 165 စင်တီမီတာသာ ရှိသော အရပ်မှာ သူ့အတွက် အရမ်း ခေါင်းကိုက်ခဲ့ရ၏။

သို့သော် သူက ပြေပြစ်သော ရုပ်ရည်နှင့် အလွန် ကောင်းမွန်သည့် အကျင့်စရိုက်ကို ပိုင်ဆိုင်ထားခဲ့သည်။

သူက ဆရာများ ကြားသာမက အတန်းထဲရှိ လူများကြားတွင်ပါ ရေပန်းစားသောသူ ဖြစ်သည်။

သူ့အတန်းဖော်များက သူနှင့် ပိုမို ရင်းနှီးလာပြီး နောက်တွင် ချစ်စရာကောင်းသော နာမည်ဖြစ်သည့် "မြေပဲလေး"ဟူသော အမည်ပြောင်ကို ပေးခဲ့ကြသည်။

အိမ်စာလုပ်ခိုင်းခြင်းက ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို သိရှိနိုင်ပြီး လိုအပ်သည့် အရာများကို အချိန်တိုအတွင်း လမ်းညွှန်နိုင်သည့် နည်းလမ်းကောင်း တစ်ခု ဖြစ်သည်။

အတန်းထဲရှိ ကျောင်းသားများမှာ အိမ်စာနှင့် ပတ်သက်ပြီး အတော်လေး စိုးရိမ်နေကြသည်။

ဤသည်ကို "နှစ်ပတ်တာ ကျိန်စာ"ဟုလည်း ခေါ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ ထိပ်တန်းကျောင်းသားများပင်လျှင် ဤကျိန်စာကို ခံနိုင်ရည် မရှိကြပေ။

ဝမ်လင်းက သူတို့ ပထမနှစ်၊ အခန်းသုံးမှ လူများကို အဓိကအားဖြင့် အဖွဲ့လေးဖွဲ့ ခွဲခြားခဲ့သည်။

ပထမဆုံးအဖွဲ့တွင် စွန်းရုံ၊ လင်းရှောင်ယုနှင့်၊ မြေပဲလေးတို့ပါဝင်သည်။

၎င်းတို့က အိမ်စာများကို အချိန်မီ ပြီးစီးသည့် အပြင် သင်ခန်းစာများကို ကြိုတင် လေ့လာထားသည့် အတွက် တခြားသူတွေလို ဘယ်သောအခါမှ အထိတ်တလန့် ဖြစ်မနေခဲ့ချေ။

ဒုတိယအဖွဲ့မှာ ပုံမှန် သမားရိုးကျ အဖွဲ့ ဖြစ်သည်။

ဝမ်လင်းက သူ့ကိုယ်သူ ဤအဖွဲ့၏ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့သည်။

တတိယအဖွဲ့မှာ အရူးအဖွဲ့ ဖြစ်သည်။

ဤအဖွဲ့တွင် အိမ်စာ လုပ်ထားသော်လည်း ယူမလာသည့်သူများ ပါဝင်သည်။

ဤကဲ့သို့သော လူများကို သာမန်အတန်း နှင့် ပြန်လည်ကုစားရေး အတန်းများတွင် အများဆုံး တွေ့ရတတ်သည်။

ဤဖြစ်စဉ်က အထက်တန်းစား လူတန်းစားတွင် ရံဖန်ရံခါ ဖြစ်ပွားလေ့ ရှိသော်လည်း ယေဘုယျအားဖြင့် အလွန် ရှားပါးဆဲ ဖြစ်သည်။

စတုတ္ထအဖွဲ့မှာ တမုန်း ကူးချသော အဖွဲ့ ဖြစ်သည်။

ဤအဖွဲ့၏ အကြီးအကဲများမှာ ဂိမ်းရူးများ ဖြစ်သော ချန်းချောင်နှင့် ကော်ဟောက် တို့မှလွဲ၍ တခြားသူ မဖြစ်နိုင်ချေ။

အထူးသဖြင့် ဤအဖွဲ့၏ အဖွဲ့ဝင်တွေက အမြဲတစေ မြေပဲလေးကို ဖင်အကြီးအကျယ် ကျိန်းစေသည်။

"မင်းတို့နှစ်ယောက်.. ငါမင်းတို့ကို နောက်ထပ် ငါးမိနစ်ပဲ ထပ်ပေးတော့မယ်"

မြေပဲလေးက ချန်းချောင်နှင့် ကော်ဟောက် ရှေ့တွင် ရပ်ရင်း ငြီးတွား ပြောဆိုလိုက်သည်။

ယခင်လုပ်ရိုးလုပ်စဉ်အတိုင်း ဆရာမဖန်က သူတို့၏ နံနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ကို ကြီးကြပ်ရန် နောက် ငါးမိနစ်အတွင်း အတန်းထဲသို့ ရောက်လာတော့မည် ဖြစ်သည်။

မြေပဲလေးက သူ၏ လက်ပတ်နာရီကို ကြည့်ပြီး ချန်းချောင်နှင့်ကော်ဟောက်တို့၏ လက်ရှိ တိုးတက်မှု အခြေအနေကို အကဲဖြတ်ကာ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ယင်းအချိန်တွင် ချန်းချောင်က ကူးယူသည့် အရှိန်ကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

သူက စာရေးကိရိယာ အိတ်ထဲမှ နောက်ထပ် ဘောပင် တစ်ချောင်းကို ယူလိုက်ပြီး စာရေးဖို့အတွက် သူ့ လက်နှစ်ဖက် စလုံးကို စတင် အသုံးပြုလိုက်သည်။

"ဒါက ဘောပင်နှစ်ချောင်းရဲ့ ဂန္တဝင် စီးဆင်းမှုပဲ"

အတန်းထဲမှ လူတိုင်းက အံသြသွားသည်။

ဤသည်မှာ ကျင့်ကြံခြင်းကျောင်း နယ်ပယ်တွင် နာမည်ကြီးသော ကြီးမြတ်သော နတ်ဘုရား စွမ်းရည် တစ်ခု ဖြစ်သည်။

ဗိုလ်ချုပ်ရီ၏ "ဓားနှစ်လက် စီးဆင်းမှု" စွမ်းရည်ကို အခြေခံ၍ အမျိုးသမီး စီနီယာတစ်ဦးမှ တီထွင်ထားသော မှော်နည်းစနစ်တစ်ခု ဖြစ်သည်။

ဘောပင်နှစ်ချောင်း စီးဆင်းမှု နည်းစနစ်တွင် လက်နှစ်ဖက်စလုံးဖြင့် တစ်ပြိုင်နက် ကူးယူခြင်း နည်းစနစ် ပါဝင်သည်။

ယင်းက စာရေးသားသည့် အမြန်နှုန်းကို များစွာ တိုးတက်စေသည်။

သို့ရာတွင် ထိုနည်းစနစ်၌ အားနည်းချက် နှစ်ချက် ရှိသည်။

ပထမအချက် အနေဖြင့် ရေးနေကျ မဟုတ်သော လက်ဖြင့် ရေးသော စကားလုံးများမှာ အမြဲတစေ ရွဲ့စောင်းနေတတ်သည်။

ဒုတိယအချက် အနေဖြင့် ကူးယူသည့်အခါတွင် အသေအချာ အာရုံစိုက်ဖို့ လိုအပ်သည်။

မြေပဲလေးက ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်း၍ ချန်းချောင်၏ အိမ်စာ စာအုပ်ကို သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်လိုက်ရာ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။

"လခွမ်း.. လက်ရေးက သေသပ် လှပလွန်းတယ်ဟ… ဒါက အိမ်စာကူးတာ မဟုတ်ဘဲ ပုံနှိပ်ထားတာ ကျနေတာပဲ"

သူတို့အတန်းထဲတွင် ဘောပင်နှစ်ချောင်း စီးဆင်းမှု နည်းစနစ်ကို ကျွမ်းကျင်သူ တစ်ယောက် ရှိနေလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့မိပေ။

ထိုမြင်ကွင်းကို မြင်လျှင် ဝမ်လင်းက အနည်းငယ် ရှက်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

ချန်းချောင်က ဤနည်းစနစ်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားသည်။

ဤကဲ့သို့ ကျွမ်းကျင်သော အဆင့်ကို ရောက်ရန် ထပ်ခါတလဲလဲ လေ့ကျင့်မှု ဆယ်နှစ်ထက် မပိုဘဲ မည်သို့မှ မဖြစ်နိုင်ပေ။

"ငါ့အနားမှာ ဘောပင်နှစ်ချောင်း စီးဆင်းမှု နည်းစနစ်ကို ကျွမ်းကျင်တဲ့ တစ်စုံတစ်ယောက် ရှိနေလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး"

ချန်းချောင်ကို ကြည့်ရင်း ကော်ဟောက်၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

ထို့နောက် သူက လူတိုင်း၏ တုန်လှုပ်နေသော အကြည့် အောက်တွင် စာရေးကိရိယာ အိတ်ထဲမှ ဘောပင်ကို အမြန်ဆွဲထုတ်ပြီး အိမ်စာများကို ကူးယူလိုက်တော့သည်။

အားလုံးက ဘောပင်နှစ်ချောင်း၏ စီးဆင်းမှု စွမ်းရည်ကို နောက်တဖန်မြင်လိုက်ရသည်။

အတန်းထဲရှိ လူတိုင်းက အံ့သြသွားသည်။

သို့သော် ဆရာမဖန် ဝင်လာရန် သုံးမိနစ်သာ ကျန်တော့သည်။

"ဒေါင်.. ဒေါင်..."

နံနက်ပိုင်း ကိုယ်တိုင် လေ့လာသည့် အတန်းချိန် အတွက် ကြိုတင် ပြင်ဆင်ထားရန် သတိပေးသည့် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

မြေပဲလေးက ဆရာမဖန် ရုံးခန်းထဲမှ ထွက်လာပြီး စာသင်ခန်းထဲ ခြေတစ်လှမ်းချင်း လှမ်းလာသည်ကို ကြားလိုက်ရသလို စိုးရိမ်တကြီးဖြင့် အပြင်ကို ကြည့်လိုက်သည်။

"ပြီးသွားပြီ… ဒီနှုန်းနဲ့ဆို အရမ်းနောက်ကျနေပြီ"

စာသင်ခန်းထဲမှာ ကျောင်းသားများက သူတို့၏ ခေါင်းကို ခါရမ်းလိုက်ကြသည်။

ချန်းချောင်နှင့် ကော်ဟောက်တို့ကမူ ဇွဲမလျော့သေးဘဲ အစွမ်းရှိသမျှ အာရုံစူးစိုက်ပြီး လက်နှစ်ဘက်စလုံးကို အရှိန်မြှင့်၍ ရေးသားလိုက်၏။

ချန်းချောင်က ရုတ်တရက် ကြွေးကြော်လိုက်သည်။

"ဟမ့်.. အရှုံးပေးရမယ့် အချိန် မဟုတ်သေးဘူးကွ"

ယင်းအခိုက်အတန့်တွင် သူ၏ ကူးယူသည့် အရှိန်က ပိုမြန်လာသည်။

သူ့ခန္ဓာကိုယ်ထဲမှ နွေးထွေးသော သွေးများက ကြွက်သားများကို ဖြတ်သန်း၍ စီးဆင်းလာသည်ကို လူတိုင်း ကြားလိုက်ရသလိုပင်။

အတန်းထဲမှ ကျောင်းသားများက သွေးများ ဆူပွက်လာသည်အထိ အားပေးလိုက်ကြသည်။

"............."

ဝမ်လင်းက အနည်းငယ် ဆွံ့အနေသည်။

အိမ်စာ ကူးယူသည့်အချိန်တွင် စိတ်အားတက်ကြွနေဖို့ မလွယ်ပေ။

ထိုကဲ့သို့ လုပ်ဆောင်နိုင်သည့် တခြား မည်သူမှ မရှိနိုင်လောက်ချေ။

နှစ်မိနစ်အလိုတွင် ချန်းချောင်က ကူးယူသည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

၎င်း၏ ကူးယူမှု အမြန်နှုန်းက ကော်ဟောက် နီးပါး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် ယင်းအချိန်တွင် ချန်းချောင်က သူ့စာရေးကိရိယာအိတ်ထဲမှ ဘောပင်တစ်လက်ကို မထင်မှတ်ပဲ ထုတ်ယူလိုက်ပြီး သူ့ပါးစပ်ထဲကို ထည့်လိုက်သည်။

"လခွမ်း"

ချက်ချင်းဆိုသလို အတန်းထဲတွင် မရေမတွက်နိုင်သည့် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

"သောက်ချီး.. ဘောပင်သုံးချောင်း စီးဆင်းမှုလားဟ"

ဘောပင်သုံးချောင်း စီးဆင်းမှုကို အသုံးပြုလိုက်သည်နှင့် ကူးယူသည့် အရှိန်အဟုန်က တိုးတက်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။

ချန်းချောင်က ဤနည်းစနစ်ကို ကျွမ်းကျင်သော်လည်း ပါးစပ်ထဲတွင် ဘောပင်ကိုက်၍ ရေးထားသည့် စကားလုံးများက အဓိပ္ပါယ်ဖော်ဖို့ မလွယ်ဘဲ ဖတ်ရခက်တာ သိသာနေသည်။

အတန်း တာဝန်ခံ အနေဖြင့် မြေပဲလေးက လုံးဝ တုန်လှုပ်နေပြီး မေးရိုးက အောက်သို့ ပြုတ်ကျသွားသည်။

တစ်ဖက်တွင် ချန်းချောင်က နောက်ဆုံး အခြေအနေသို့ ရောက်နေသည်ကို မြင်လျှင် ကော်ဟောက်က မမျှော်လင့်ဘဲ ကူးယူခြင်းကို ရပ်တန့်လိုက်သည်။

"သူလက်လျှော့လိုက်ပြီလား"

ဝမ်လင်းက မျက်လုံးများ ကျဥ်းမြောင်းစွာဖြင့် လူနှစ်ယောက်ကြားမှ တိုက်ပွဲကို ကြည့်ရှုနေသည်။

သူ့လက်တစ်ဖက်ကမူ ခေါင်းကို ကိုင်ထားသည်။

ယင်းအချိန်တွင် ကော်ဟောက်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး သူ၏ စာရေးကိရိယာ အိတ်ထဲမှ ဘောပင်နှစ်ချောင်းကို ထုတ်လိုက်သည်။

ထို့နောက်…

သူက ဘောပင်နှစ်ချောင်းကို သူ၏နှာခေါင်းထဲသို့ ထိုးထည့်လိုက်သည်။

….................

ဤမြင်ကွင်းကို မြင်လျှင် အခန်းသုံးမှ ယောက်ျားလေးများနှင့် မိန်းကလေးများ အားလုံးမှာ သူ့ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

All Chapters