← Chapters

ကောင်မလေးတစ်ယောက်ရှိတယ်.. သူမ ငယ်ငယ်က..

Vol. 6 Ch. 90

ကောင်မလေးတစ်ယောက်ရှိတယ်.. သူမ ငယ်ငယ်က..

Vol. 6 Ch. 90

ဝမ်လင်းက ဖေဖေဝမ်နှင့် ဆွေးနွေးပြီးနောက် ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု၏ အကြောင်းကို နက်ရှိုင်းစွာ သိရှိလာခဲ့သည်။

ဝမ်မိသားစုက မထင်မှတ်ဘဲ ထိုကဲ့သို့ ကြီးမားသော လုပ်ငန်းစု တစ်စု၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ဤသဘောတူညီချက်တွင် ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု လိုချင်သည့် ပုံစံအတိုင်း သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ အရာအားလုံးက ကောင်းမွန်စွာ ပြီးဆုံးနိုင်ဖွယ် မရှိပေ။

ဝမ်လင်းအတွက် လက်ရှိ ရရှိထားသည့် အချက်အလက်တွေက အတော်လေး အကန့်အသတ် ရှိနေသည်။

ယခုအချိန်တွင် ရှေးဟောင်းပစ္စည်း လုပ်ငန်းက ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု၏ နောက်ထပ် စီးပွားရေးတစ်ခု ဖြစ်ကြောင်း ဖေဖေဝမ်ထံမှ သူသိခဲ့သော်လည်း ယင်းမှာ အပေါ်ယံလောက်သာ တူးဆွမိခြင်း ဖြစ်၏။

ကျောက်သရဲ မျက်နှာဖုံးနှင့် ပတ်သက်ပြီး ရောင်းသူထံမှ ကျိန်စာသင့်သည့် ကောလဟာလကို သူကြားခဲ့ရသည်။

ကောလာဟလသာ အမှန်ဖြစ်ပါက ဤမျက်နှာဖုံးက ပလိပ်ရောဂါကဲ့သို့ လူအများ ရှောင်ရှားရမည့် တည်ရှိမှု တစ်ခုပင် ဖြစ်နိုင်သည်။

ကျိန်စာသင့် မျက်နှာဖုံးကို ငွေအမြောက်အမြား အသုံးပြုခြင်းဖြင့် ဘေးဒုက္ခကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ရန် မည်သူမျှ မိုက်မဲမည် မဟုတ်ပေ။

ထိုအရာအားလုံးကို တွက်ဆပြီး ဤမျက်နှာဖုံးက တစ်ခုခု လွဲချော်နေမှန်း သိသာနေသည်။

သို့သော် ထူးဆန်းသည်မှာ မည်သည့်နေရာ၌ လွဲချော်နေသည်ကို ဝမ်လင်းက လုံးဝ သတိမထားမိခဲ့ခြင်းပင်။

ညစာစားချိန်တွင် ဝမ်လင်းက ဖေဖေဝမ်၏ စကားများကို စိတ်ထဲတွင် ထပ်ခါတလဲလဲ ကြားယောင်နေသဖြင့် ထမင်းတချို့ကို မဝါးမိဘဲ မျိုချလိုက်မိသည်။

"မျက်နှာဖုံးမှာ ဘာပြဿနာမှ မရှိဘူး ဆိုတာ သေချာလား... ဘာပြဿနာမှ မရှိဘူးလို့တော့ မပြောနဲ့ဦး.. မျက်နှာဖုံးမှာ သာမန်နည်းလမ်းတွေနဲ့ မစစ်ဆေးနိုင်တဲ့ ထူးခြားတဲ့ သွင်ပြင် လက္ခဏာရပ်တွေ ရှိနိုင်တယ်လို့ မင်းတွေးမိသေးလား"

ဤစကားသုံးခွန်းက ဝမ်လင်း အတွက် နှိုးဆော်ချက် တစ်ခုဖြစ်သည်။

တစ်နည်းအားဖြင့် သူက အတွေးအမြင်သစ်များကို ခံစားခဲ့ရ၏။

သူက ကမ္ဘာပေါ်တွင် တုနှိုင်းမရသည့် တည်ရှိမှု တစ်ခုဟု ဆိုနိုင်သော်လည်း အဆုံးသတ်တွင် လူသားဖြစ်နေ၍ အမှားအယွင်းတွေ လုပ်မိနေဆဲ ဖြစ်သည်။

သူက ကျင့်ကြံခြင်း နယ်ပယ်တွင် အနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်မှု အပေါ် အားကိုးအားထား ပြုရသည့် ရှေးကျသော ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် သူ၏ စိတ်နေစိတ်ထားနှင့် အတွေ့အကြုံက များစွာ လိုအပ်နေသေးသည်။

သူက နှိမ့်ချစွာ နေထိုင်ရန် သင်ယူသင့်၏။

ယင်းအတွက် သူ့ကို ဖေဖေဝမ်နှင့် မေမေဝမ်က ငယ်စဉ်ကတည်းက သင်ပေးခဲ့သည်။

ဝမ်လင်းက ထမင်းစားရင်း ကျောက်သရဲ မျက်နှာဖုံးနှင့် ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု အကြောင်းကို တွေးတောကာ လုံးဝ စိတ်ပျက်နေပုံရသည်။

သူက ပန်းကန်လုံးထဲမှ ထမင်းတုံးကို ယူလိုက်ရာ စားပွဲပေါ်သို့ မတော်တဆ ပြုတ်ကျသွားခဲ့သည်။

မေမေဝမ်က သူ့ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"လင်းလင်း.. ညစာစားတဲ့အချိန်မှာ ဘာလို့ စိတ်တွေရှုပ်နေတာလဲ "

ဖိုးဖိုးဝမ်က နာကျင်သော နှလုံးသားဖြင့် သူ့မြေးကို စိုက်ကြည့်လိုက်သည်။

"လင်းလင်းက အစားစားရတာ ခံတွင်းမတွေ့ဘူး ထင်တယ်.. သူက ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ကို ဖောက်စားချင်နေတာလားမှ မသိတာ"

ဖေဖေဝမ်က နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်သည်။

"အဖေတို့ နှစ်ယောက်လုံး စားပြီးရင် သူ့ကို တစ်ယောက်တည်း ထားခဲ့လိုက်ပါ.. စောစောက ကျနော် လင်းလင်းနဲ့ စကားစမြည် ပြောဖြစ်ခဲ့တယ်.. လင်းလင်းက အဲဒီကိစ္စကို စဉ်းစားနေပုံရတယ်.. လင်းလင်းရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဆို နေ့တိုင်း မစားရင်တောင် အခြေအနေ ကောင်းပါတယ်"

ဖေဖေဝမ်က ထိုစကားကို ပြောနေစဉ် ဝမ်လင်းက ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး "ဖပ်" ဟူသော အသံနှင့်အတူ သူ့ပန်းကန်လုံး နှင့် သံမဏိတူကို ချက်ခြင်း ကောက်ခါငင်ကာ ချလိုက်ကာ အပေါ်ထပ်သို့ အလျင်အမြန် ပြေးတက်သွားခဲ့သည်။

ထွင်ထျန်းဟာက ဝမ်လင်း အပေါ်ထပ် တက်သွားသည်ကို မြင်လျှင် ကြမ်းပြင်ကနေ ကမန်းကတန်း ထပြီး သူ့နောက်ကို ပြေးလိုက်သွားခဲ့သည်။

ဖိုးဖိုးဝမ်က ထွင်ထျန်းဟာကို ကြည့်လိုက်သည်။

"ဒီခွေးက မဆိုးပါဘူး.. မျက်နှာက နည်းနည်း ပြည့်ဖောင်းနေပေမဲ့ ခန္ဓာကိုယ်က အားမနည်းဘဲ အတော်လေး သန်မာပုံရတယ်.. ဒီခွေးက အသုံးကျလား မသိနိုင်ပေမဲ့ မင်းအိမ်ကို ရန်လာရှာမဲ့သူတွေကိုတော့ ရှိန်စေလောက်တယ်"

လူငယ်တွေကြားတွင် မကြာသေးမီက ရေပန်းစားလာခဲ့သည့် doge ဟု ခေါ်သည် ခွေးမျိုးစိတ် တစ်မျိုး ရှိသည်ကို ဖိုးဖိုးဝမ်က သတိရလိုက်သည်။

အဘိုးအိုက ဤကဲ့သို့သော ခွေးမျိုးကို စျေးသက်သာလျှင် ကောင်းမည်ဟု အမြဲတွေးနေခဲ့သည်။

အကြောင်းရင်းမှာ ထိုကဲ့သို့သော ခွေးများက လူအများကို စိတ်ပျော်ရွှင်အောင် လုပ်နိုင်မည် ဖြစ်သောကြောင့်ပင်။

"ဒီခွေးက မကောင်းဆိုးဝါး ဘုရင် ဖြစ်ခဲ့ဖူးပေမယ့် လင်းလင်းကြောင့် ယဉ်ပါးသွားခဲ့တယ်.. အခုပုံစံက တဖန်ပြန်လည် မွေးဖွားလာတဲ့ ပုံစံပဲ"

"အိုး.. မကောင်းဆိုးဝါး ဘုရင်လား.. မိုက်တာပေါ့ကွ.. အဲဒီအဆင့်က အဟန့်အတားဖြစ်ဖို့ လုံလောက်ပါတယ်...နောက်ပြီး ဒီခွေးကို ကြည့်ရတာ နည်းနည်းတော့ ရင်းနှီးနေသလိုပဲ… အဲဒါက တချို့သော အမှတ်တရ တွေကို သတိရစေတယ်"

"အဖေ အရင်က ထွင်ထျန်းဟာကို မြင်ဖူးလို့လား"

ဖေဖေဝမ်ရော မေမေဝမ်ပါ လန့်ဖြန့်နေသည်။

"မဟုတ်ဘူး.. အဲဒီလိုမဟုတ်ဘူး"

ဖိုးဖိုးဝမ်က ဝိုင်ဖြူတစ်ငုံသောက်၍ ခေါင်းခါလိုက်သည်။

"ငါ စားဖိုမှူးအဖြစ် စလုပ်တဲ့ အချိန်တုန်းက ဆရာမ ဖြစ်ဖို့ ပညာသင်နေတဲ့ မိန်းကလေး တစ်ယောက်ကို စိတ်ကူးယဉ်ခဲ့တယ်.. နောက်ဆုံးတော့ ငါ့ရဲ့ခံစားချက်တွေကို ဝန်မခံခင် သူ့မှာ ရည်းစားရှိနေတာကို သိလိုက်ရတယ်.. နောက်ပိုင်းမှာ သူမရဲ့ ရည်းစားက အမျိုးသမီး ၂၃ ယောက်နဲ့ တပြိုင်တည်း ချိန်းတွေ့တယ်လို့ ငါကြားမိတယ်"

ဖေဖေဝမ်နှင့် မေမေဝမ်က အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

"..............."

"အိုး.. ဒီလူက ဒီလောက် အများကြီးကို တစ်ချိန်တည်းမှာ ဘယ်လိုကိုင်တွယ်တာလဲ"

ဖိုးဖိုးဝမ်က သက်ပြင်းချလိုက်သည်။

"အဲဒီလူက တကယ့်အမှိုက်ပဲ.. အဲဒီကောင်မလေးသာ အဲဒီအချိန်က အရမ်းသောက ရောက်မနေခဲ့ဘူးဆိုရင် ငါတို့ကြားက အခက်အခဲတွေကို ဖြတ်ကျော်သွားနိုင်တယ်.. အဲဒီတုန်းက သူမကို တကယ် လက်ထပ်ချင်ခဲ့မိတယ်.. ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ နောက်ဆုံးမှာ မင်းအမေနဲ့ ဆုံခဲ့ရတယ်.. မင်းတို့အမေက အရမ်း ရိုးသားပြီး မိန်းမကောင်း ပီသတယ်.. မဟုတ်ရင် ငါ ဒီကောင်မလေးနောက်ကို လိုက်နေနိုင် သေးတယ်.. အကယ်၍ သူမနဲ့သာ ဖူးစာဆုံဖြစ်ခဲ့ရင် မင်းဒီနေ့ ဒီမှာရှိမှာတောင် မဟုတ်ဘူး"

ထိုစကားကို ကြားလျှင် ဖေဖေဝမ်က ငိုချင်သလို ခံစားခဲ့ရသော်လည်း မျက်ရည်တော့ မကျခဲ့ပေ။

"ဘာလို့ ဒါတွေကို ရုတ်တရက် ပြောနေရတာလဲ အဖေ"

ဖိုးဖိုးဝမ် ရောက်လာတိုင်း ဖေဖေဝမ်နှင့် မေမေဝမ်တို့က ဝမ်လင်း၏ အဖွားအကြောင်းကို မပြောမိစေရန် အရမ်း သတိထားခဲ့ရပြီး သူ့နာမည်ကိုတောင် မပြောရဲချေ။

သူတို့က ဖိုးဖိုးဝမ် သူမ နာမည်ကို ကြားလျှင် ဝမ်းနည်းပြီး ရောဂါ ပိုဆိုးလာမည်ကို စိုးရိမ်နေကြသည်။

သို့သော် အဘိုးကြီးက ယနေ့ ညစာစားပွဲတွင် သူမကို သတိတရဖြစ်ကာ ကိုယ်တိုင်ကိုယ်ကျ နှုတ်ကနေ ဖော်ထုတ်လာမည်ဟု မည်သူက ထင်မိမည်နည်း။

ဖေဖေဝမ်က အနည်းငယ် ထူးဆန်းသလို ခံစားမိသည်။

ဖိုးဖိုးဝမ်က ဖေဖေဝမ်၏ မေးခွန်းကိုကြားလျှင် စကားကို ခဏရပ်တန့်လိုက်ပြီး

"ဟမ်.. ဘာမှမဟုတ်ပါဘူးကွာ.. ဒီအစိမ်းရောင် ခွေးမွေးတွေကို မြင်မိတဲ့အချိန်မှာ အဲဒီအချိန်က ငါအရမ်းကြိုက်တဲ့ ကောင်မလေးက အတွေ့အကြုံ မရင့်ကျက်သေးဘဲ ငါ့အပေါ်စိမ်းကားတယ်လို့ ရုတ်တရက် ခံစားမိလိုက်လို့ပါ"

ဖေဖေဝမ်နှင့် မေမေဝမ် "............."

….....................

ဝမ်လင်းက သူ့အိပ်ခန်းကို ပြန်သွားခဲ့သည်။

သူက သေချာပြန်စစ်ဆေးရန် စားပွဲပေါ်မှ ကျောက်သရဲ မျက်နှာဖုံးကို ကောက်ယူလိုက်သည်။

ဤတစ်ခေါက်တွင် သူအရင်က လုပ်ခဲ့သည့် ရိုးရှင်းသော စမ်းသပ်မှုတွေနှင့် မတူဘဲ သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်။

ဤမျက်နှာဖုံးသာ တစ်ခုခု မှားယွင်းနေလျှင် အမှန်တရားကို ဖော်ထုတ်နိုင်စွမ်း ရှိသည့် ကောင်းကင်မျက်လုံးက ကျောက်သရဲ မျက်နှာဖုံး၏ သဘာဝအမှန်ကို ဖော်ထုတ်နိုင်လိမ့်မည်ဟု သူယုံကြည်ခဲ့၏။

ဝမ်လင်းက မျက်နှာဖုံးကို အချိန်အတော်ကြာ စိုက်ကြည့်နေသော်လည်း ကံမကောင်းစွာဖြင့် ထူးခြားမှုကို မတွေ့ရပေ။

သို့သော် ဤတစ်ကြိမ် ကောင်းကင်မျက်လုံးဖြင့် စစ်ဆေးခြင်းမှတစ်ဆင့် သူက အချက်အလက် နှစ်ခုကို ရရှိခဲ့သည်။

ပထမတစ်ချက်မှာ ပစ္စည်းတစ်ခုတည်းကို ကြည့်လျှင် ဤအရာက အနက်ရောင် သလင်းကျောက်ဖြင့် ပြုလုပ်ထားသော အလွန် မာကျောသည့် မျက်နှာဖုံးတစ်ခုသာ ဖြစ်သည်။

ကောင်းကင်မျက်လုံး၏ စွမ်းရည်မှာ အစစ်အမှန်နှင့် အမှားအမှန်ကို ပိုင်းခြားရန်၊ လက်တွေ့ကမ္ဘာ၏ သဘောသဘာဝကို သိမြင်ရန် ဖြစ်သည်။

အကယ်၍ မျက်နှာဖုံးသာ ကလီကမာ လုပ်ခဲ့လျှင် သူ့အနေဖြင့်

မည်သည့်နည်းလမ်းနှင့်မှ ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့ ဖော်ထုတ်၍ မရသည်ကပင် သူ့ကို သံသယဝင်စေ၏။

ဤကျောက်သရဲ မျက်နှာဖုံး ပြဿနာက ထင်သလောက် ရိုးရှင်းပုံမရပေ။

ဤသည်မှာ ကောင်းကင်မျက်လုံးဖြင့် အကြိမ်ကြိမ် အတည်ပြုပြီးနောက် ဝမ်လင်း၏ နိဂုံးချုပ် သုံးသပ်ချက် ဖြစ်သည်။

အဆုံးသတ်တွင် သူစဉ်းစားနိုင်သည့် အလားအလာ တစ်ခုသာ ရှိတော့သည်။

ဤကျောက်သရဲ မျက်နှာဖုံးက အမြွှာ ဖြစ်နိုင်သည်။

သူတို့ နှစ်ယောက်တွင် တစ်ယောက်က ကျိန်စာသင့်ခံရသည့်ကျောက်သရဲ မျက်နှာဖုံး၏ အချက်အလက်ကို တခြား တစ်နေရာရာကနေ ဖုံးကွယ်ထားပေးပုံ ရသည်။

ရိုးရှင်းစွာ ပြောရလျှင် တစ်ယောက်က အလင်းထဲမှာ နေပြီး တစ်ယောက်က အမှောင်ထဲမှာ နေကြ၏။

အကယ်၍ ၎င်းတို့သာ အမြွှာကျောက်သရဲ မျက်နှာဖုံး ဖြစ်နေလျှင် တစ်ခုနှင့် တစ်ခု အကာအကွယ် ပေးနေသ၍ အခြားတစ်ခုတွင် ကျိန်စာ၏ အကျိုးသက်ရောက်မှုက အလားတူ ထင်ဟပ်သွားမည် ဖြစ်သည်။

အမြွှာမျက်နှာဖုံးသာ ဖြစ်ခဲ့လျှင် ကောင်းကင်မျက်လုံးက မည်သည့် ပြဿနာမှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။

ယင်းမှာ ဝမ်လင်း၏ ထင်ကြေးသာ ဖြစ်ပြီး သူအရင်က မစဉ်းစားမိသည့် အသေးစိတ် အချက် တစ်ခုလည်း ဖြစ်၏။

တစ်ခုမေးစရာမှာ ကျိန်စာသင့် မျက်နှာဖုံး၏ အချက်အလက်ကို ကာကွယ်ပေးထားသည့် အခြားတစ်ခုက မည်သည့် နေရာတွင် ရှိနေသနည်း။

သာမန် အခြေအနေတွင် ဝမ်လင်းက ကျောက်သရဲမျက်နှာဖုံး၏ နေရာကို ခြေရာခံရန် ကောင်းကင်မျက်လုံးဖြင့် စွမ်းဆောင်နိုင်မည် ဖြစ်သည်။

ယနေ့ခေတ်တွင် မှော်လက်နက်တစ်စုံ(အမြွှာ)က မရှားပါးတော့ပေ။

ဥပမာအားဖြင့် လင်းရှောင်ယု၏ လက်နက်မှာ အမြွှာဓားများ ဖြစ်၏။

သူ့တွင် ဓားတစ်ချောင်း ရှိနေသ၍ သီအိုရီအရ ဝမ်လင်းက အခြား ဓားတစ်ချောင်း၏ တည်နေရာကို ခြေရာခံရန် ကောင်းကင်မျက်လုံးကို အသုံးပြုနိုင်သည်။

သို့သော် ဤတစ်ခေါက်တွင် သူ၏ ကောင်းကင်မျက်လုံးက အမှန်တကယ်ပင် တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။

ယင်းမှာ သိပ် ထူးထူးခြားခြားတော့ မဟုတ်ချေ။

ဆိုရလျှင် ထိုဖြစ်စဥ်က ဝမ်လင်း၏ ဒုတိယ ကောက်ချက် မှန်ကန်သည်ကို အတိအကျ သက်သေပြနေသည်။

ထိုဒုတိယ ကျောက်သရဲမျက်နှာဖုံးက သူနေထိုင်တဲ့ ကမ္ဘာတွင် ရှိမနေခဲ့ဘဲ ကွဲပြားသော စကြာဝဠာ တစ်ခုတွင် ဝှက်ထားခံရသည်မှာ အလွန် ဖြစ်နိုင်ချေ ရှိသည်။

All Chapters