← Chapters

သက်တမ်းအားစတေး၍ နိုးထစေခြင်း။

Vol. 12 Ch. 155

သက်တမ်းအားစတေး၍ နိုးထစေခြင်း။

Vol. 12 Ch. 155

ချန်းရှောင်းရှောင်းသည် တီးတိုးရေရွတ်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်အတွင်းမှ ဆန်းကြယ်သော ချီစွမ်းအင်များ ပေါက်ကွဲထွက်သွားပြီး ထူးဆန်းသော သင်္ကေတ အက္ခရာများအဖြစ် အသွင်ပြောင်းလဲသွား သည်။ အဆိုပါသင်္ကေတများသည် ချန်းရှောင်းရှောင်းဆီမှ ထွက်ခွာသွားပြီး ချန်းလန်ဓါးဂိုဏ်း ပင်မအဆောက်အဦးကြီး၏ အထက်ဆီသို့ ပျံသန်းသွား သည်။ ချန်းရှောင်းရှောင်း ထုတ်ဖော်လိုက်သော ဓါးချက်အား ခုခံလိုက်ပြီးသည့်နောက်တွင် လေဧကရာဇ်သည် ချန်းရှောင်းရှောင်းနှင့် ဆက်လက်မကြေပွဲနွဲ တိုက်ခိုက်လိုခဲ့သည်။ သို့သော်လည်း သူလှုပ်ရှားလိုက် သည်နှင့် တစ်ပြိုင်နက် သူ၏နှလုံးသား အောက်ခြေမှ လှိုက်တက်လာသော အကြောက်တရား ကြီး တစ်ခုအား ခံစားလိုက်ရပေသည်။ သူသည် မတ်တပ်ရက်လျက်ကာပင် အဝေးတစ်နေရာရှိ ချန်းရှောင်းရှောင်းအား လေးနက်စွာ စူးစိုက်ကြည့်လိုက်သည်။

နှစ်ပေါင်းများစွာသက်တမ်းရှိသော လျှို့ဝှက်ရှေး ဟောင်း ဂိုဏ်းကြီးတိုင်းလိုလိုသည် ရိုးစင်းခြင်း မရှိပါချေ။ လေဧကရာဇ်သည် မူလက မုယွင်ဖေးကို ပြန်လည်ပေးအပ်ရန် အတင်းအကြပ် ဖိအားပေးလို ခြင်းသာဖြစ်သည်။ သို့သော်လည်း လက်ရှိ တိုက်ပွဲမှာ သေခြင်းရှင်ခြင်းတိုက်ပွဲအခြေအနေသို့ အသွင်ပြောင်းလဲ သွားပြီဖြစ်သည်။ တစ်ဖက်မှာတော့ ဤထူးဆန်းသော အခြေအနေအား တွေမြင်လိုက်ရသည့် အခါ ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် တိုက်ခိုက်နေရင်းမှ သူ့ဘာသာသူ တီးတိုးရေ ရွတ်လိုက်သည်။

"စနစ် ချန်းရှောင်ရှောင် ဘာလုပ်နေလည်း ဆိုတာကို စုံစမ်းလိုက်စမ်း"

"ဒင်... စုံစမ်းစစ်ဆေးဖို့အတွက် ဂိုဏ်းအမှတ် ၁၀၀၀၀ ကို အလိုအလျောက်သုံးစွဲလိုက်သည်"

"ဒင်... ဒါက ယဇ်ပူဇော်ခြင်းပါ ၊ တစ်ယောက်ယောက်ရဲ့ သက်တမ်းကို အသုံးပြုပြီး အိပ်ပျော်နေတဲ့ တစ်စုံ တစ်ရာကို နှိုးဆွနေတာပါ"

"အိပ်ပျော်နေတဲ့ တစ်စုံတစ်ရာဆိုတာက အများအားဖြင့် သက်တမ်းကုန်ခါနီး ဆန်းကြယ်သူတော်စင် အဆင့် စွမ်းအားရှင်တွေပါ ၊ သူတို့က သူတို့ကိုယ်သူတို့ ချိတ်ပိတ်ထားဖို့အတွက် အထူးစီမံထားတဲ့ မှော်ရတနာတွေကို အသုံးပြုကြတယ် ၊ တစ်စုံတစ်ယောက်ကသာ သူတိို့ရဲ့ကိုယ်ပိုင်သက်တမ်းကို အသုံးပြုပြီး ယဇ်ပူဇော်မယ်ဆိုရင် ဒီအိပ်ပျော်နေတဲ့ စွမ်းအားရှင်တွေက တစ်ဖန်ပြန်လည် နိုးထနိုင်လာမှာပါ"

"မှတ်ချက်- ယဇ်ပူဇော်ခြင်းကို တားဆီးနှောင့်ယှက်လို့ ရပါတယ် ၊ ဒါပေမယ့်လည်း ယဇ်ပူဇော်ခြင်းကိုသာ တားဆီးနှောင့်ယှက်လိုက်မယ်ဆိုရင် သေလုမျောပါး ဖြစ်နေတဲ့ ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင် ကြီးတွေရဲ့ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားတွေကို တန်ပြန်ခံရမှာပါ"

သူ့စိတ် အာရုံအတွင်း ထင်ဟပ်လာသော အေးစက် စက်အသံက ဝမ်ဖုန်း၏ မျက်နာကြီးတစ်ခံလုံးကို မဲမှောင်သွားစေခဲ့သည်။ နိုးထလာသောသူမှာ ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင် တစ်ယောက်ထဲသာဆိုပါက ဝမ်ဖုန်းနှင့် ဝမ်ချုံးယန် ၊ လေဧကရာဇ်တို့ ပူပေါင်းပြီး ရင်ဆိုင်ခုခံနိုင်ပါသေး သည်။ သို့သော်လည်း နိုးထလာမည့်သူမှာ တစ်ယောက်ထက် ပိုသွားမည် ဆိုပါက သူတို့မှာ ရင်ဆိုင်ခုခံရန် အခွင့်အရေးမရှိဘဲ ထွက်ပြေးဖို့သာ တတ်နိုင်မှာ ဖြစ်သည်။ ဒါ့အပြင် ယဇ်ပူဇော်ခြင်းကို တားဆီးနှောင့်ယှက်၍ ရသော်လည်း လက်ရှိမှာတော့ သူတို့တားဆီး နှောင်ယှက်ရဲခြင်း မရှိကြပါချေ။ သေခါနီး ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်ထံမှ ရုတ်တရက် ပေါက်ကွဲ ထွက်လာသော စွမ်းအင်လှိုင်းများ သည် စနစ်ရှိလျှင်တောင်မှသူခုခံနိုင်သည့် အရာမျိုး မဟုတ်ပါပေ။

ဤသည်ကို တွေးမိလိုက်သည့်အခါ ဝမ်ဖုန်း၏ မျက်ဝန် များသည် ကျဥ်းမြောင်းသွားသည်။ ချန်းလန် ဓါးဂိုဏ်းမှာ ဆန်းကြယ်သူတော်စင် အဆင့်စွမ်းအားရှင် ဘယ်လောက်ဘဲ ရှိစမ်းပါစေ အရင်ဦးဆုံး ချန်းလန် ဓါးဂိုဏ်းရဲ့ ရှိရှိသမျှ စွမ်းအားရှင်တွေကိုတော့ တတ်နိုင်သမျှ သတ်ပစ်ရမယ်!

"အရှင်မင်းကြီး သူ့ကိုဂရုစိုက်မနေပါနဲ့ ၊ အခြား ချန်းလန်ဂိုဏ်းသား စွမ်းအားရှင်တွေကိုသာ သတ်နိုင်တမျှ သတ်ပစ်လိုက်ကြတာပေါ့ " ဝမ်ဖုန်းသည် လေဧကရာဇ်အား အော်ဟစ် ပြောဆိုလိုက်သည်။

ဝမ်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါ လေဧကရာဇ်သည် ခေါင်းညိမ့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက်ဆိုသလို ရွှမ်စန်းအား တိုက်ခိုက်နေသော ချန်းလန်းဂိုဏ်းမဟာအကြီးအကဲ ဆီသို့ ရွေ့လျားသွားသည်။ သူသည် လက်ဝါးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။ ဆန်းကြယ်သူတော်စင် အဆင့်ရောက်ရန် ခြေလှမ်းတစ်ဝက်သာ ကွာဝေးတော့သော လေဧကရာဇ်၏ ခွန်အားမှာ ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်များ ခုခံနိုင်သည့် အရာမဟုတ်ပါပေ။

အဆိုပါ လက်ဝါးချက်မှာ ချန်းလန်ဓါးဂိုဏ်း၏ မဟာအကြီးအကဲအား ချက်ချင်းပဲ သတ်ဖြတ်ပစ်လိုက်သည်။

ဝမ်ဖုန်း ၊ ဝမ်ချုံးယန်နှင့် အခြားသူများသည်လည်း တိုက်ပွဲအား ဆက်လက် အချိန်ဆွဲဆန့်လိုခြင်း မရှိကြတော့ပေ။ သူတို့သည် အကောင်းဆုံး ကြိုးစား၍ သူတို့၏ ရန်သူများကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်ကြသည်။

တခဏအကြာတွင် ယဇ်ပူဇော်နေသော ချန်းရှောင်းရှောင်းမှ တစ်ပါး ချန်းလန်ဓါးဂိုဏ်း၏ ဆန်းကြယ်အဓိပတိ အဆင့်စွမ်းအားရှင်ကြီးများအားလုံး ဝမ်ဖုန်း တို့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။

"ဒင်... ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင် သုံးယောက် ၊ ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် စွမ်းအားရှင် တစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့သည့် အတွက် ပိုင်ရှင်နှင့် ရှန်ရှန့်ကျုံဂိုဏ်း၏ အစောင့််အရှောက် အကြီးအကဲများအား ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် ၁၁၀၀၀၀ ၊ အဆင့်မြင့် ကျပန်းဆင့်ခေါ်ခွင့် သုံးကြိမ်နှင့် သာမာန်ကျပန်းဆင့်ခေါ်ခွင့် နှစ်ကြိမ်အား ဆုချလိုက်သည်"

ဝမ်ဖုန်း၏ စိတ်အာရုံအတွင်းတွင် စနစ်၏ အေးစက် စက်အသံက ရုတ်တရက်ထွက်ပေါ်လာသည်။ ဝမ်ဖုန်းသည် ဤတိုက်ပွဲအတွင်းတွင် စုစုပေါင်း ဂိုဏ်းအမှတ် ( ၂၁၅၀၀၀) နှင့် အဆင့်မြင့်ကျပန်းဆင့်ခေါ် ခွင့် ငါးကြိမ် ၊ ရိုးရိုးကျပန်းဆင့်ခေါ်ခွင့် ငါးကြိမ်အား ရိတ်သိမ်းနိုင်ခဲ့ပါသည်။

ဟုတ်ပါသည် ၊ လေဧကရာဇ်သာ တိုက်ပွဲအဆုံးသတ်နားတွင် ချန်လန်ဓါးဂိုဏ်း မဟာအကြီးအကဲ အတော်များများအား သတ်ဖြတ်ခဲ့၍မဟုတ်ရင် ဝမ်ဖုန်းသည် ဒီထက်မကသော ဆုများကို ရရှိဦးမှာဖြစ်သည်။

သာမာန်အချိန်များတွင်ဆိုပါက ဝမ်ဖုန်းသည် အလွန် အမင်းစိတ်လှုပ်ရှားနေမှာဖြစ်သည်။ သို့သော်လည်း ယခုအချိန်မှာတော့ သူသည် ချန်းလန်ဓါးဂိုဏ်းရှိ ထူးခြား ဆန်းပြားသော အမည်မသိ စွမ်းအားရှင်များနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ရာ စိတ်လှုပ်ရှားရဲခြင်း မရှိသေးချေ။

" ချုံးယန် ၊ တုံ့ဖန်း ၊ တင်းဖန် မင်းတို့သုံးယောက်သွားပြီး ချန်းလန်ဓါးဂိုဏ်းရဲ့ ရှိရှိသမျှ စွမ်းအားရှင်တွေ အကုန်လုံး သတ်ပစ်ခဲ့ကြ" ဝမ်ဖုန်းသည် ယဇ်ပူဇော် နေသေးသော ချန်းရှောင်းရှောင်းအား လှည့်ကြည့်ရင်း အေးစက်သောအသံဖြင့် ပြောလိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း၌ ရက်စက်သော သဘောသဘ ာဝများ ထင်ဟပ်နေသည်။

ဤသည်ကို ကြားသည့်အခါ ဝမ်ချုံးယန်တို့ သုံးယောက်သည် ခေါင်းညိမ့်လိုက်ကြပြီး သူတို့သည် ချန်းလန်ဓါးဂိုဏ်းရှိ ကျန်ရှိနေသေးသော စွမ်းအားရှင်များထံ ပျံသန်းထွက်ခွာသွားကြတော့သည်။

" ဂိုဏ်းချုပ်ဝမ်.. ဒီလိုသာဆိုရင် ပြန်လှည့်ဖို့လမ်း ရှိတော့မှာ မဟုတ်ဘူးနော်" လေဧကရာဇ်သည် စိုးရိမ် ပူပန်စွာ ပြောဆိုလိုက်သည်။

" ပြန်လှည့်ဖို့လမ်း ရှိစရာမလိုဘူး ၊ ချန်းလန်ဓါးဂိုဏ်း ပျက်စီးရင်ပျက်စီး မပျက်စီးရင် ငါတို့သေရလိမ့်မယ်" ဝမ်ဖုန်းသည် ထူးမခြားနား အမူအရာဖြင့် ပြောဆိုလိုက်သည်။

ဤမှတ်ချက်က လေဧကရာဇ်နှင့် အခြားသူများ အားလုံးအား ငြိမ်ကျသွားစေခဲ့သည်။ သူတို့သည် ချန်းလန်ဓါး ဂိုဏ်းမှ ရှိရှိသမျှသော ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင် မဟာအကြီးအကဲများအားလုံးကို သတ် ဖြတ်ခဲ့ပြီးဖြစ်သည်။ ဤအခြေအနေထိ ရောက်ခဲ့ပြီးမှတော့ ပြန်လှည့်စရာလမ်းလည်း မရှိတော့ပါဘူးလေ။

"ပြေး...."

"ဂိုဏ်းချုပ်...... ကယ်ပါအုံး"

ဝမ်ချုံးယန်နှင့် အခြားသူများက စတင်သတ်ဖြတ်သည့်အခါ ချန်းလန်ဓါးဂိုဏ်းရှိ စွမ်းအားရှင်များ အားလုံးသည် ကြောက်ရွံ့ထိတ်လန့်နေသော အမူအ ရာများဖြင့် အသံကုန်ဟစ်၍ အကူအညီတောင်းနေ ကြသည်။ သို့သော်လည်း သူတို့မှာ ဝမ်ချုံးယန်တို့ အုပ်စု၏ လက်မှ မလွတ်မြောက်ခဲ့ကြပေ။

ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်ကြီး သုံးယောက်၏ လက်ထဲမှ အနှီဆန်းကြယ်အင်ပါယာ အဆင့် စွမ်းအားရှင်များက အဘယ်မှာလျှင် လွတ်မြောက်နိုင်မည်နည်း။

ဝမ်ချုံးယန်တို့ သုံးယောက်သည်ကား သတ်ဖြတ်ခြင်း နတ်ဘုရားများ အလားပင် သူတို့ဖြတ်သန်းသွား သည့် နေရာတစ်လျှောက်တွင် ခေါင်းများက တစ်လုံးပြီး တစ်လုံး ပြတ်တောက်ထွက်သွားကြပြီး ချန်းလန် ဓါးဂိုဏ်း အဆောက်အအုံကြီး တစ်ခုလုံးသည် သွေးများ ဖြင့် စွေးစွေးနီသွားသည်။ လေထုတစ်ခုလုံး၌ စူးရှသော သွေးရနံ့များ လှိုင်လှိုင်ကြွယ်လျက်ရှိသည်။

သို့ပါသော်လည်း ဝမ်ဖုန်းနှင့် လေဧကရာဇ်တို့ကတော့ ဤမြင်းကွင်းအား ထူမခြားနား အမူအရာများဖြင့် စောင့်ကြည့်နေကြဆဲသာ။ ကျင့်ကြံရေးလောကကြီးတွင် ရန်သူမဟုတ်ပါက အကောင်းဆုံးဖြစ်သည်။ သို့ သော်လည်း ရန်ငြိုးဖွဲ့မိပြီဆိုပါက ကျူပင်ခုတ် ကျူငုတ်ပါမကျန်အောင် သတ်ဖြတ်ရသည်မှာ ဓမ္မတာပဲ ဖြစ်သည်။

ကမ္ဘာမြေကြီးမှ ရောက်လာသူ ဖြစ်သည့်အလျှောက် အရင်ကဝမ်ဖုန်းဆိုပါက ကြင်နာသနားမှု ပြသဦးမှာ ဖြစ်သည်။ သို့သော်လည်း မြင့်တက်တိမ်တိုက်ဂိုဏ်း ၏ မတော်တမှု ဖြစ်ရပ် ပြီးဆုံးသွားကတည်းက ဝမ်ဖုန်းသည် ဤကျင့်ကြံရေး လောကကြီးအကြောင်းကို နားလည်သွားပြီ ဖြစ်သည်။ ကရုဏာထားဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပေ။ သို့သော်လည်း ထိုသနားကြင်နာမှု ကရုဏာများမှာ သူ့လူများအတွက်သာ ဖြစ်သည်။ သူသည် တစ်ပါးသောသူများအပေါ် ကရုဏာထားရန် ဖြစ်နိုင်သော်လည်း ရန်သူ့အပေါ်တော့ သက်ညှာခြင်း မပြုတန်ကောင်းပေ။

တခြားတစ်ဖက်မှာတော့ ယဇ်ပူဇော်ခြင်းပြုနေသော ချန်းရှောင်းရှောင်းသည် ဤမြင်ကွင်းကို တွေ့မြင်လိုက် ရသည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ဒေါသအမျက်ချောင်းချောင်း ထွက်လာ ခဲ့သည်။ သူ၏ မျက်လုံးများမှာ လုံးဝ ပြူးကျယ်နေပြီး စွေးစွေးနီနေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ ပေါက်ကွဲထွက်တော့မည့် မီးတောင်ကြီးအလားပင်။ သူ၏ ချန်းလန်ဓါးဂိုဏ်းသည် လုံးဝ ပျက်စီးသွားပေပြီ။ နှစ်သောင်းချီ သက်တမ်းရှိခဲ့သော ချန်းလန်ဓါးဂိုဏ်း ကြီးသည် ဤကနေ့မှာတော့ ပျက်စီးသွားချေပြီ!

သူနှင့် ဤဂိုဏ်း၏ ကျောထောက်နောက်ခံများ ကျန် ရစ်ခဲ့လျှင်တောင်မှ ဂိုဏ်းသားများ မရှိပါက ဘယ်မှာ အသုံးဝင်မည်နည်း။ ဤဂိုဏ်းကြီးကို ပြန်လည် ဖွံ့ဖြိုး အောင် ပြုလုပ်၍ ရပါသော်လည်း အချိန်မည်မျှ ကြာမြင့်လိမ်မည်နည်း။

ဤအရာအားလုံးသည် ထိုလူတစ်စုကြောင့် ဖြစ်သည် !

ချန်းရှောင်းရှောင်းသည် ခေါင်းလှည့်လိုက်ပြီး သူ၏ မျက်ဝန်းများက ဝမ်ဖုန်းနှင့် တခြားသူများအား အငြိုးတကြီး စိုက်ကြည့်နေသည်။ သူ့ခန္ဓာကိုယ်တစ်ခု လုံး၌ သတ်ဖြတ်ခြင်း အရိပ်အငွေ့ အရှိန်အဝါများ လွင့်ပျံ့ထွက်ပေါ်လာသည်။ အစက သူသည် ချန်းလန်ဓါးဂိုဏ်းရှိ တည်ရှိမှုကြီးများကို နိုးထစေချင်ရုံသာ ဖြစ်သည်။ ယခုအချိန်မှာတော့ သူသည် ချန်းလန် ဓါးဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကမ္ဘာလောကကြီးတစ်ခုလုံးအား ပြသချင်နေပြီ ဖြစ်သည်။

သူရွတ်ဆိုနေသော မန္တာန်၏ အရှိန်နှုန်းသည် မြန်သထက် မြန်လာသည်။ အဆုံးမှာတော့ မန္တာန်ရေရွတ်သံ သည် မမြင်နိုင်သော အသံအားလှိုင်းတစ်ခု အဖြစ် အသွင်ပြောင်းလဲသွားကာ ကမ္ဘာငယ်လေး တစ်ခုလုံးအတွင်း ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ သူသည် အစက သက်လတ်ပိုင်းအရွယ် အမျိုးသားကြီး ဖြစ်သော်လည်း တခဏအတွင်းမှာပဲ အိုမင်း ရင့်ရော်လာပြီး သူ၏မျက်နာထက်၌ အရေးအကြောင်း များ ဖြစ်ပေါ်လာသည်။ ယခင်ကသူ၏ လှပကြော့ရှင်းသော အနက်ရောင် ဆံပင်များသည်လည်း ရုတ် တရက် ဖွေးဖြူသွားခဲ့သည်။

သူ၏ အိုမင်းရင့်ရော်လာခြင်းနှင့်အတူ သူထံမှ ထူဆန်းသော သင်္ကေတများသည်လည်း ပိုမို ထွက်ပေါ်လာပြီး ချန်းလန်ဓါးဂိုဏ်း ပင်မအဆောက်အဦး ကြီးအထက်သို့ ပို၍ပို၍ လျှင်မြန်စွာ ပျံသန်းသွားခဲ့ သည်။ နောက်ဆုံးမှာတော့ သင်္ကေတများသည် ကြယ် သုံးပွင့် ပုံသဏ္ဍာန် ပေါင်းစုသွားလေသည်။

ဤကြယ်သုံးပွင့် ပုံသဏ္ဍာန် စကားလုံးများ ပေါင်းစု သွားသည့်အခါ ကမ္ဘာငယ်လေး တစ်ခုလုံးသည် တုန်ခါလာလေသည်။

"ဒင်... ရှန်ရှန့်ကျုံဂိုဏ်း အစောင့်အရှောက်အကြီးအကဲ ဝမ်ချုံးယန်နှင့် အခြားသူများမှ ဆန်းကြယ် အင်ပါယာ အထွတ်အထိပ်အဆင့် စွမ်းအားရှင် အယောက်သုံးဆယ် ၊ ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားရှင် အယောက် တစ်ရာ၊ တော်ဝင်မင်းသား အဆင့် စွမ်းအားရှင် သုံးထောင်၊ အပြောင်းအလဲသို့ ဝင်ရောက်ခြင်းအဆင့် စွမ်းအားရှင် တစ်သောင်း ၊ ဆန်းကြယ် အကြီးအကဲအဆင့် စွမ်းအားရှင်သုံးသောင်း သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် (၁၀၀၀၀၀) ၊အဆင့်မြင့် ကျပန်းဆင့်ခေါ်ခွင့် သုံးကြိမ်နှင့် ရိုးရိုးကျပန်း ဆင့်ခေါ်ခွင့်သုံးကြိမ်အား ဆုချလိုက်သည်"

ထိုကြယ်သုံးပွင့်ပုံသဏ္ဍာန် စကားလုံးများစုစည်း ဖြစ်ပေါ်လာပြီးသည့်နောက်မှာဘဲ ဝမ်ချုံးယန်နှင့် အခြားသူများသည်လည်း ချန်းလန်ဓါးဂိုဏ်း၏ ရှိရှိသမျှသော စွမ်းအားရှင်များအားလုံးကို သုတ်သင် သတ်ဖြတ်ပြီး ဖြစ်သည်။ လျှို့ဝှက်ရှေးဟောင်းဂိုဏ်း ကြီးဖြစ်သည့် ချန်းလန်ဓါးဂိုဏ်း၌ ဂိုဏ်းချုပ်ချန်းရှောင်းရှောင်းမှတစ်ပါး အခြားသူများလုံးဝ မရှိတော့ပေ။ ဟုတ်ပါပေသည် ၊ အမည်မသိ ထူးခြားဆန်းကြယ်သော ဖြစ်တည်မှုကြီးများကတော့ ကျန်ရစ်နေသေးသည်။

All Chapters