။ကံကောင်းထောက်မမှု။
Vol. 12 Ch. 156
ဝမ်ချုံးယန်နှင့် အခြားသူများ ပြန်ရောက်လာသည့်အခါ ထူးဆန်းသော အလင်းတန်းတစ်ခုသည် ဝမ်ဖုန်း၏ မျက်လုံးအတွင်း ဖြတ်သန်းသွားခဲ့သည်။သူသည် ဝမ်ချုံးယန်နှင့် အခြားသူများအပါအဝင် လေဧကရာဇ်တို့အဖွဲ့အား ခေါ်ဆောင်လျက် ချန်းလန်ဓားဂိုဏ်း ကမ္ဘာငယ်လေး၏ဝင်ပေါက်ရှိရာဆီသို့ ပြန်လည် ဆုတ်ခွာရန် ကြံစည်နေခြင်းဖြစ်သည်။
ချန်းရှောင်ရှောင်းက ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင် တစ်ယောက်ထက်ပို၍ ဆင့်ခေါ်ခဲ့ပါက ဝမ်ဖုန်းသည် ဝမ်ချုံးယန်နှင့် အခြားသူများအား ခေါ်ဆောင်လျက် တချိုးတည်းလှည့်ေပြးမှာဖြစ်သည်။
ဒါ့အပြင် ဝမ်ဖုန်းသည် ချန်းလန်ဓားဂိုဏ်း၏ ဆန်းကြယ်သူတော်စင် အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များကို ကမ္ဘာငယ်လေး အတွင်း အချိန် အတိုင်းအတာ တစ်ခုအထိ ပိတ်မိနေစေရန် ဝမ်ချုံးယန်အား ကမ္ဘာငယ်လေး ဝင်ပေါက်နား၌ အစီအရင်ကြီး တစ်ခု ခင်းကျင်းခိုင်းမှာ ဖြစ်သည်။ယင်းနောက် သူနှင့် ရှန်ရှန်ကျုံ့ဂိုဏ်း ပိုမို အင်အားတောင့်တင်းလာသည့် တစ်နေ့၌ ချန်းလန်ဓားဂိုဏ်းကို နောက်တစ်ကြိမ် ပြန်လည် ဖျက်စီးမှာဖြစ်သည်။
သို့ပါသော်လည်း ဝမ်ဖုန်းတွေးတောနေစဉ် ကာလအတွင်း စနစ်၏ အသံတစ်သံက ထွက်ပေါ်လာသည်။
"ဒင်၊ ဂိုဏ်းသား ငါးဆယ် စုဆောင်းရရှိသည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ် စနစ် နှင့် ဂိုဏ်းကို နောက်တစ်ဆင့်မြင့်ပါမည်လား"
နတ်ဆိုးအိုကြီးရေ...မင်းက ငါတို့ ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ ဘဏ္ဠာထိန်းကြီးဖြစ်ဖို့ ထိုက်တန်ပါတယ်ကွာ.. မင်းရဲ့လုပ်ဆောင်မှုက အချိန်ကိုက်ပါပဲလား!
ဝမ်ဖုန်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားတာကြောင့် မဟာနတ်ဆိုးရွှမ်ရှအား ချီးကျူးလိုက်မိသည်။
ဝမ်ဖုန်းသည် မဟာနတ်ဆိုး ရွှမ်ရှ အမှားလုပ်မိသလားဆိုတာကို တွေးတောနေမိသည်။လေအင်ပါယာ အတွင်းရှိ ရှန်ရှန်ကျုံ့ဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံကို ပါဝင်ဆင်နွဲကြသူ လူငယ်မျိုးဆက်များမှာ တစ်ထောင်နီးပါးခန့် ရှိနေသည် မဟုတ်ပါလော။
အမှန်တကယ်တော့ မဟာနတ်ဆိုး ရွှမ်ရှသည် ဆုံးဖြတ်ချက် တစ်ခု ပြုလုပ်လိုက်သည်။သူသည် စစ်ဆေးရေးကို အသုတ် သုံးသုတ် ခွဲ၍ စစ်ဆေးစေသည်။အသုတ် တစ်သုတ်စီတွင် လူငယ် အယောက် သုံးရာကျော် ပါဝင်ပါသည်။ဤအချိန်တွင် ပထမ အသုတ်၏ စစ်ဆေးခြင်းများ ပြီးဆုံးသွားခြင်းဖြစ်သည်။ လူအယောက် သုံးရာကျော်တွင် လေအင်ပါယာမှ လူငယ်များ အယောက်ခြောက်ဆယ်ကျော် ပါဝင်လေသည်။ထိုလူငယ် အယောက် သုံးရာကျော် အနက်မှ အကဲဖြတ်ခြင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သော လူငယ်အယောက် ငါးဆယ်က ရှန်ရှန်ကျုံ့ဂိုဏ်းအား ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
"စနစ် ချက်ချင်းပဲ အဆင့်မြင့်တင်မယ်!" ဝမ်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိပဲ ပြောဆိုလိုက်သည်။
"ဒင်.... စနစ်ကို အဆင့်မြင့်တင်ခြင်းအတွက် ဂိုဏ်းအမှတ်နှစ်သိန်းနှင့် ဂိုဏ်းကို အဆင့်မြင့်တင်ခြင်းအတွက် ဂိုဏ်းအမှတ် တစ်သိန်း ကုန်ကျပါမည်။ ပိုင်ရှင် မြှင့်တင်မှာ သေချာပါသလား"
သေစမ်း !သူသာအကျိုးအမြတ် ကြီးကြီးမားမားရခဲ့လို့ မဟုတ်ရင် စနစ်ကို အဆင့်မြင့်တင် နိုင်မှာတောင် မဟုတ်ဘူး! ဒီစနစ်က ပိုပိုပြီး အမြတ်ကြီးစားလာတယ်!
ဝမ်ဖုန်းသည် သူ့နှလုံးသားထဲမှ မကျေနပ်ချက်များကို မြိုသိပ်လိုက်ပြီး ခေါင်းညိမ့်ကာပြောဆိုလိုက်သည်။
"မြှင့်တင်မယ်"
"ဒင် စနစ်ကို အဆင့်သုံးသို့ မြင့်တင်လိုက်သည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ်"
"ဒင် ဂိုဏ်းကို အဆင့်သုံးသို့ မြင့်တင်လိုက်သည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ်"
"စနစ် ဂိုဏ်းနဲ့ စနစ်ကို အဆင့်သုံးထိ မြှင့်တင် ပေးပြီးပြီဆိုတော့ ဘာလုပ်ဆောင်ချက်တွေများ အသစ်တိုးလာလဲ?" စနစ်၏ အသံကို ကြားလိုက်ရပြီးနောက် ဝမ်ဖုန်းသည် စိတ်မရှည်စွာ မေးမြန်းလိုက်သည်။
"ဒင်၊ စနစ်ကို အဆင့်သုံးသို့ မြှင့်တင်ပေးပြီးတာကြောင့် အထူးဆင့်ခေါ်ခွင့်ကို ဖွင့်လှစ်လိုက်ပါပြီ။ အဆင့်မြင့်ဆင့်ခေါ်ခွင့် ငါးကြိမ်ကို အထူးဆင့်ခေါ်ခွင့် တစ်ခုအဖြစ် ပြောင်းလဲ ပေါင်းစပ်နိုင်ပါတယ်။ အထူးဆင့်ခေါ်ခွင့်နဲ့ ဆင့်ခေါ်ရရှိတဲ့ စွမ်းအားရှင်များဟာ အနည်းဆုံး ဆန်းကျယ် သူတော်စင်အဆင့် ရှိမှာ ဖြစ်ပါတယ်! "
"ဒါ့အပြင် အဆင့်မြင့် ဆင့်ခေါ်ခွင့် ဆယ်ကြိမ်ကိုလည်း ပေါင်းစပ်ပြီး အထူးနှောင်ကြိုး ဆင့်ခေါ်ခွင့် တစ်ခု အဖြစ် ပြောင်းလဲ ပေါင်းစပ်နိုင်ပါတယ် အထူးနှောင်ကြိုး ဆင့်ခေါ်ခွင့်က အချင်းချင်းရင်းနှီးသော နှစ်ယောက်ထက် ပိုတဲ့ စွမ်းအားရှင်များကို ဆင့်ခေါ်ပေးမှာ ဖြစ်ပါတယ် ဆင့်ခေါ်ခံတွေရဲ့ အနှိမ့်ဆုံး အဆင့်ကတော့ ဆန်းကျယ် သူတော်စင် အဆင့်ဖြစ်ပါတယ်"
လက်ရှိ အခြေအနေမှာ မသင့်တော်နေ၍၊ သူကိုယ်တိုင်ကလည်း မြင့်မြတ်သော ဂိုဏ်းချုပ် တစ်ယောက်၏ အသွင်အပြင်မျိုးကို ထိန်းသိန်းချင်နေ၍သာ မဟုတ်လျှင် ဝမ်ဖုန်းသည် မိုးကောင်းကင်ကြီးကိုကြည့်လျက် ရယ်မောပြောဆိုလိုက်ချင်သည်။
ပါးပါးစနစ်က အရမ်းအံ့ဩစရာ ကောင်းတာပဲကွ!
"ဒါဖြင့်ရင် ဂိုဏ်းကို အဆင့်မြင့်လိုက်တာကရော..." ဝမ်ဖုန်းသည် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
"ဒင် ဂိုဏ်းကိုလည်း အဆင့်သုံးသို့ မြှင့်တင်ပြီးပါပြီ။ဂိုဏ်း၏ အမြင့်ဆုံး လက်ခံနိုင်သော တပည့် အရေအတွက်မှာ တစ်ထောင်ကို ရောက်သွားပါပြီ။ဒါ့အပြင် ပိုင်ရှင်အနေနဲ့ အတွင်းစည်းဂိုဏ်းနှင့် အပြင်စည်းဂိုဏ်းသား ဆိုပြီးတော့ ခွဲခြား သတ်မှတ်နိုင်ပါတယ် အတွင်းစည်းနှင့် အပြင်စည်း ဂိုဏ်း တပည့်အရေအတွက်ကိုတော့ ပိုင်ရှင်ရဲ့ သဘောအတိုင်း သတ်မှတ်ပေးလို့ ရပါတယ် "
"ဂိုဏ်းရဲ့ အကြီးအကဲတွေကိုလည်း အပြင်စည်း အကြီးအကဲနှင့် အတွင်းစည်း အကြီးအကဲဆိုပီး ခွဲခြားလို့ရပါပြီ။အကြီးအကဲ အရေအတွက်က တစ်ရာမှာ ကန့်သတ်ထားပြီး အတွင်းစည်းနှင့် အပြင်စည်း အကြီးအကဲတွေကိုတော့ ပိုင်ရှင်လိုအပ်သလို ဆုံးဖြတ်နိုင်ပါတယ် "
"ဂိုဏ်းအစောင့်အရှောက် အကြီးအကဲတွေရဲ့ အမြင့်ဆုံး ကန့်သတ်ချက် အရေအတွက်ကိုလည်း နှစ်ဆယ်သို့ တိုးမြင့်လိုက်ပါပြီ။ဒါ့အပြင် ရာထူးသစ် တစ်ခုကိုလည်း ဖွင့်လှစ်ပေးထားပါတယ်။ ဒီရာထူးရဲ့ အမည်နာမဘာညာကိုတော့ ပိုင်ရှင်ကိုယ်တိုင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒီရာထူးအတွက် ကန့်သတ်လူဦးရေကတော့ ဆယ်ယောက်ပါ"
သူ၏စိတ်တွင်း မြည်ဟည်းလာသော အေးစက်သော အသံက ဝမ်ဖုန်းအား ဖျော့တော့စွာ သက်ပြင်းချလိုက်စေသည်။သူ၏ မျက်နှာမှာ ပူလောင်နေပါပြီ။စနစ်သည် အမြတ်ကြီးစားသည်မှာ မှန်သော်လည်း ဂိုဏ်းအမှတ်များကို သုံးစွဲလိုက်ရသည်မှာ တန်ပါပေသည်။
ဝမ်ဖုန်းသည် ခေါင်းမော့ကာ ချန်းရှောင်းရှောင်းအား လှည့်ကြည့်မိလိုက်သည်။ချန်းရှောင်းရှောင်းသည် ယခုချိန်မှာတော့ အဖိုးကြီး တစ်ယောက်အသွင် ပြောင်းလဲသွားပြီဖြစ်သည်။ချန်းလန်ဓားဂိုဏ်း အဆောက်အအုံပေါ်ရှိ ကြယ်သုံးပွင့် သင်္ကေတစာလုံးမှာလည်း တဖြေးဖြေး အလင်းရောင်များ တောက်ပလာသည်။အလွန်စူးရှတောက်ပသော အလင်းရောင်အောက်တွင် တောင်ထိပ်ကြီးတစ်ခုလုံး အဆက်မပြတ် တုန်ရင်လာပါတော့သည်။
ချန်ရှောင်းရှောင်း၏ စတေးခံ ယဇ်ပူဇော်ခြင်းမှာ တစ်ကယ့်ကို ပြီးမြောက်သွားပြီဖြစ်ကြောင်း ဝမ်ဖုန်း သိလိုက်ရသည်။ကြောက်မက်ဖွယ်ရာ တည်ရှိမှုကြီးတစ်ခု နှိုးထလာတော့မည့်အလား ဝမ်ဖုန်း၏ နှလုံးသား အတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ ကြီးစိုးလာသည်။
ဝမ်ဖုန်းသည် တုံ့ဆိုင်းမနေရဲတော့ပဲ သူ့ထံတွင် ရှိနေသော ဆင့်ခေါ်ခွင့် အကြိမ်များနှင့် ဂိုဏ်းအမှတ်များကို ရေတွက်လိုက်သည်။ဤတစ်ကြိမ်တွင် သူသည် ချန်းလန်ဓားဂိုဏ်းရှိ စွမ်းအားရှင်များအား သတ်ဖြတ်ရာမှ စုစုပေါင်း ဂိုဏ်းအမှတ် သုံးသိန်း တစ်သောင်း ငါးထောင်တိတိ ရရှိခဲ့ပြီး အဆင့်မြင့် ကျပန်းဆင့်ခေါ်ခွင့် ရှစ်ကြိမ်နှင့် ရိုးရိုး ကျပန်းဆင့်ခေါ်ခွင့် ရှစ်ကြိမ်ကို ရရှိထားလေသည်။
သူ ယခင်က စုဆောင်း ထားဖူးသော ဂိုဏ်းအမှတ်များနှင့် ၊ စနစ်နှင့် ဂိုဏ်းအား အဆင့်မြှင်တင်ခြင်းအတွက် အသုံးပြုခဲ့သော ဂိုဏ်းအမှတ်များကို ထည့်သွင်းတွက်ချက်ပါက သူ့တွင် လက်ရှိ ဂိုဏ်းအမှတ် စုစုပေါင်း နှစ်သိန်း လေးသောင်း ငါးထောင် ကျန်ရစ်ခဲ့ပြီး အဆင့်မြင့် ဆင့်ခေါ်ခွင့် ကိုးကြိမ်နှင့် ရိုးရိုးဆင့်ခေါ်ခွင့် တစ်ဆယ့်ငါးကြိမ် ကျန်ရှိနေပါသေးသည်။
"စနစ် ရိုးရိုးကျပန်း ဆင့်ခေါ်ခွင့် ငါးကြိမ်ကို အသုံးပြုပြီး အဆင့်မြင့် ကျပန်းဆင့်ခေါ်ခွင့် တစ်ကြိမ်ကို အဆင့်မြင့်တင်မယ်။ အဲ့ဒီနောက် အဆင့်မြင့် ကြာပန်းဆင့်ခေါ်ခွင့် ဆယ်ကြိမ်ကိုအသုံးပြုပြီး အထူးနှောင်ကြိုး ကျပန်းဆင့်ခေါ်ခွင့် တစ်ကြိမ်အဖြစ် ပြောင်းလဲ အဆင့်မြင့်တင်မယ်!" ဝမ်ဖုန်းသည် တစ်ခဏကြာ တွေးတောလိုက်ပြီးနောက် ပြောကြားလိုက်သည်။
''ဒင်၊ အထူးနှောင်ကြိုး ကျပန်းဆင့်ခေါ်ခွင့် တစ်ကြိမ် ရရှိသည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ်"
ဝမ်ဖုန်း၏ မျက်လုံးများသည် လှုပ်ရှားသွားပြီး သူသည် ချက်ချင်းပဲ ပြောဆိုလိုက်ပါသည်။
"အထူးနှောင်ကြိုး ကြာပန်း ဆင့်ခေါ်ခွင့်ကို အခုချက်ချင်း အသုံးပြုမယ်!''
ဗုံး.. ဝမ်ဖုန်း၏စကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ချန်းလန်တောင်ကြီး တစ်ခုလုံးမှာ ပေါက်ကွဲထွက်သွားလေသည်။ယင်းမှာ ကြောက်မက်ဖွယ်ကောင်းသော အလွန်အမင်း ပြင်းထန်သည့် အရှိန်အဝါကြီး သုံးခုသည် ကမ္ဘာငယ်လေး အတွင်း၌ ပေါ်ပေါက်လာခဲ့လေသည်။ထိုအရှိန်အဝါတို့ကြောင့် ကမ္ဘာငယ်လေး အတွင်းရှိ လေထုသည်တောင် တုန်ခါလာရသည်။
ဤကဲ့သို့သော မြင်ကွင်းက ဝမ်ဖုန်းအား ထိတ်လန့်သွားစေသည်။သူအပါအဝင် လေဧကရာဇ် ဝမ်ချုံးယန်နှင့် အခြားသူများ အားလုံးသည်လည်း ခေါင်းမော့ကြည့်လိုက်ကြသည်။
သူတို့အားလုံးသည် လက်နောက်ပစ်လျက် ချန်းလန်တောင်တန်းကြီးပေါ်၌ မတ်တပ်ရပ်နေသော ရှေးဟောင်းဝတ်စုံများ ဝတ်ဆင်ထားသည့် လူအိုကြီး သုံးယောက်အား တွေ့လိုက်ရသည်။သူတို့၏ ခန္ဓာကိုယ်မှာ မည်သည့် ကြောက်လန့်ဖွယ် အရှိန်အဝါမှ ထွက်ပေါ်နေခြင်း မရှိပဲ သူတို့သည် သာမန်လူသားများနှင့် တူနေသည်။သို့သော်လည်း သူတို့ကို တစ်ကြိမ်တစ်ခါ စိုက်ကြည့်လိုက်မိပါက အဆုံးစွန်သော အကြောက်တရားများနှင့် စိတ်ဝိဉာဉ်ကိုပါ တုန်ခါသွားစေမည် ဖြစ်သည်။
ဝမ်ဖုန်းနှင့် အခြားသူများသည် တန်ထောင်ချီလေးသော တောင်တန်းတစ်ခုကသူတို့အား ဖိနှိပ်ထားသလို ခံစားလိုက်ရပြီး အသက်ရှူ မဝ ဖြစ်လာကြသည်။
"ဆန်းကျယ် သူတော်စင် အဆင့်!"
ဝမ်ဖုန်းသည် သူတို့အပေါ်ကျရောက်လာသော ကြောက်မက်ဖွယ် ဖိအားကြီးကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း သူ၏မျက်ဝန်းများကို မှေးကျဉ်းလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။
ဆန်းကြယ်သူတော်စင် အဆင့် စွမ်းအားရှင်များနှင့် အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ဝမ်ဖုန်းသည် သူယခင်က ဆန်းကျယ်သူတော်စင်အဆင့် စွမ်းအားရှင်များကို လျော့တွက် ထားခဲ့မိကြောင်း သတိပြုမိလိုက်သည်။အဆိုပါ ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်ကြီး သုံးယောက်၏ ရှေ့မှောက်တွင် ဝမ်ဖုန်းနှင့် အခြားသူများသည် လက်ရှိအချိန်၌ ကမ္ဘာငယ်လေး ဝင်ပေါက်တွင် ရှိနေပြီ ဆိုလျှင်တောင် လုံးဝကို ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ပါချေ။
သို့ပေသိ ကံကောင်းထောက်မစွာနှင့် စနစ်မှာ အဆင့်သုံးသို့ အဆင့်မြှင့်တင် ပြီးနေပြီဖြစ်သည်။သူသည် အထူးနှောင်ကြိုး ဆင့်ခေါ်ခွင့်ကိုလည်း အသုံးပြုခဲ့ပြီး ဖြစ်နေသည်။ဒီလိုမှ မဟုတ်လျှင် သူအပါအဝင် ရှိရှိသမျှလူတိုင်းသည် စွမ်းအင်များကို စုပေါင်း တိုက်ခိုက်ရင်တောင်မှ ဆန်းကြယ်သူတော်စင် အဆင့်ပုဂ္ဂိုလ် တစ်ယောက်ကိုပင် ရင်ဆိုင်နိုင်မှာ မဟုတ်ပါပေ။
တုံဖန်းပုပိုင်နှင့် အခြားသူများသည် အဆင့်တူ အတွင်း ပြိုင်ဖက်ကင်းသော်လည်း ဘာပဲပြောပြော သူတို့၏ ကျင့်ကြံစဉ်မှာ ဆန်းကြယ်အဓိပတိ အဆင့်၌သာရှိကြသည်။သူတို့သည် အဘယ်မှာလျှင် ဆန်းကြယ်သူတော်စင် အဆင့် စွမ်းအားရှင်ကြီးများအား ရင်ဆိုင် အံတုနိုင်မည်နည်း။
"ငါတို့ကို နှိုးလိုက်တာ ဘယ်သူလဲကွ... "
ဤအသံသည် မှော်ဝင်အသံ တစ်ခုလိုမျိုး ဝမ်ဖုန်းနှင့် အခြားသူများ၏ နားစည်များအတွင်း ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။ဝမ်ဖုန်းနှင့် အခြားသူများ၏ ခန္ဓာကိုယ်များသည် အဆတ်မပြတ် တုန်ယင်လာတော့ပါသည်။သူတို့၏ နှုတ်ခမ်းထောင့်များမှ သွေးများ ယိုစီးကျလာသည်။
လေဧကရာဇ်နှင့် အခြားသူများ၏ မျက်ဝန်းအိမ်များ အတွင်း၌ အကြောက်တရားများ ထင်ဟပ်လာသည်။အထူးသဖြင့် လေဧကရာဇ်ဖြစ်သည်။လေဧကရာဇ်သည် ကောင်းကင်ဘုံ ချို့ယွင်းချက်ကြီး ငါးချက်အား ရင်ဆိုင်နိုင်ဖြတ်ကျော်ပြီး ဆန်းကြယ်သူတော်စင်အဆင့်နှင့် ခြေလှမ်းဝက်သာ ကွာဝေးတော့သော်လည်း သူသည် အစစ်အမှန် ဆန်းကြယ် သူတော်စင် အဆင့် စွမ်းအားရှင်ကြီးများနှင့် ရင်ဆိုင်ရမည်ဆိုပါက ကျိန်းသေပေါက် သေဖို့ရန်သာ ရှိသည်။
ဆန်းကျယ်သူတော်စင် အဆင့် စွမ်းအားရှင်များမှာ တစ်ကယ့်ကို ကြောက်လန့်ဖွယ် ကောင်းလှပေသည်။
ဝမ်ဖုန်းသည် ချန်းလန်ဓားဂိုဏ်း၏ ဆန်းကြယ်သူတော်စင် အဆင့် စွမ်းအားရှင်ကြီး သုံးယောက်အား စိတ်ဖိစီးနေသော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။သူဆင့်ခေါ်ထားတာ ဘာဖြစ်လို့ ဘာမှ မကြားရသေးတာလဲ?
"ဒင်...."