← Chapters

သိမ်းငှက် သူရဲကောင်းများ။

Vol. 12 Ch. 157

သိမ်းငှက် သူရဲကောင်းများ။

Vol. 12 Ch. 157

“ဒင်၊ သိမ်းငှက်သူရဲကောင်းအား ဆင့်ခေါ်မိသည့် အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ်။ သူတို့ရဲ့ စွမ်းအင် ဇယားများကို စစ်ဆေးကြည့်ပါမည်လား?''

ဝမ်ဖုန်းတစ်ယောက် စိတ်ဖိစီးနေသော အချိန်မှာပဲ စနစ်၏ အေးစက်စက် အသံက သူ၏ စိတ်အာရုံအတွင်း ပဲ့တင်ထပ် မြည်ဟည်းလာသည်။သူ၏ မျက်ဝန်းများ အတွင်း၌ စိတ်အားထက်သန်မှု အရိပ်အရောင်များ ပြန်လည် ရှင်သန်လာပြီး သူသည်လျင်မြန်စွာ ပြောဆိုလိုက်သည်။

”စစ်ဆေးလိုက်”

“ဒင်၊ သိမ်းငှက်သူရဲကောင်းထဲမှ ရန်ကော၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည် - ရန်ကော

ဘွဲ့ - အနောက်ပိုင်း အရူး

ကျင့်ကြံစဉ် - ဆန်းကြယ်နတ်မင်း အလယ်အလတ် အဆင့်

ရုပ်ခန္ဓာ - အနောက်ပိုင်း အရူးအာဏာရှင် ခန္ဓာကိုယ် (ဤရုပ်ခန္ဓာအား အသုံးပြုပြီးပါက အနောက်ပိုင်း အရူးအာဏာရှင် ချပ်ဝတ်တန်ဆာအား ဖွဲ့စည်းနိုင်မည် ဖြစ်သည်)

သွေးမျိုးဆက် - စစ်ပွဲ ဆန့်ကျင်ရေး သွေးမျိုးဆက်။ သူ၏ဘိုးဘေး ယန်ဇိုက်ရှင်း ထံမှ အမွေဆက်ခံ ရရှိသည်။ (ပို၍ပို၍ ရဲရင့်လာသော ဓာတ်သဘောကိုဆောင်သည်။)

နိယာမ - ဓားလမ်းစဉ် နိယာမ (ပြီးပြည့်စုံခြင်း)

အထူးသိုင်းကွက်များ - ကျောက်စိမ်းမိန်းမပျို နှလုံးသားကျမ်း၊ ဖားပြုတ်သိုင်း၊ မှော်လက်ချောင်းသိုင်း၊ ခွေးရိုက်တုတ်သိုင်း၊ ကျိယင်ဓားသိုင်း ၊ရွှမ်တိုင်းဓားသိုင်း၊ ချွမ်ကျန်းဓားသိုင်း၊ မိုးမြေသံ ကွန်ယက်၊ ယွင့်ရူ စူရှင်း ဓားသိုင်း(ရှောင်လုံနွီနှင့် အတူတကွ တွဲဆက် အသုံးပြုရသည်။)အလှပြ လက်သီးသိုင်း၊ ယူရှောင်း ဓားကျမ်း။

အထူးသိုင်းကွက် - စိတ်အားပြတ် ရူးသွပ်ခြင်း လက်ဝါး

လက်နက် - လေးလံသော မဟူရာဓားကြီး(ဆန်းကြယ် နတ်မင်း အဆင့် )”

“ဒင်၊ သိမ်းငှက်သူရဲကောင်း၏ လက်တွဲဖော် ရှောင်လုံနွီ၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမည် - ရှောင်လုံနွီ

ဘွဲ့ - အဖြူရောင် နတ်သမီးလေး(နဂါးမယ်လေး)

ကျင့်ကြံစဉ် - ဆန်းကြယ်နတ်မင်း အစောပိုင်း အဆင့်

ရုပ်ခန္ဓာ - နဂါးဖြူ အင်မော်တယ် ခန္ဓာ (ဤရုပ်ခန္ဓာအား အသုံးပြုပြီးပါက နဂါးစွမ်းအင်များ စုစည်းပြီးလျှင် အဖြူရောင် နဂါး အကာအကွယ်အဖြစ် ဖွဲ့စည်းနိုင်သည်။)

သွေးမျိုးဆက် - ရှင်းထောင် လင်းလုံ သွေးမျိုးဆက် (ပုံရိပ်ရောင်များ အားလုံးကို ဖျက်စီးနိုင်ပြီး နတ်ဆိုးများအား တွန်းလှန်နိုင်သည်)

တာအိုလမ်းစဉ် - ဓားတာအိုလမ်းစဉ် (ပြီးပြည့်စုံခြင်း)

လျှို့ဝှက်ဆန်းပြားသော သိုင်းကွက်များ - ကျောက်စိမ်း မိန်းမပျို ကျမ်း၊ ကျောက်စိမ်း မိန်းမပျို ဓားသိုင်း၊ အလှပြ လက်သီးသိုင်း၊ မိုးမြေ ကွန်ယက်၊ ငွေလှောင်အိမ် ရွှေလှောင်အိမ် သိုင်းကွက်၊ ကျိရင်ဓားသိုင်း၊ ချွမ်ကျန်း ဓားသိုင်း၊ ဝဲနှင့်ယာ ခွဲဖြာတိုက်ခိုက်ခြင်း။

မှော်စွမ်းအားများ - ကျောက်စိမ်း မိန်းမပျို ဓားသိုင်းပညာ ( ဓားနှစ်လက်၊ ဓားတစ်လက် ချွမ်ကျန်း ဓားသိုင်း၊ ကျောက်စိမ်းမိန်းမပျို ဓားတစ်လက် သိုင်းပညာ)

လက်နက် - မိန်းမပျိုဓား (ဆန်းကြယ်နတ်မင်း အဆင့်)၊ ရွှေချည်မျှင် လက်အိတ် (ဆန်းကြယ်နတ်မင်း အဆင့် )။

“သိမ်းငှက်သူရဲကောင်းထဲမှ သိမ်းငှက်၏ စွမ်းရည် ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမည် - သိမ်းငှက်ကြီး

ဘွဲ့ - နတ်ဘုရား၏ တောင်ပံ။

ကျင့်ကြံစဉ် - ဆန်းကြယ်နတ်မင်း အလယ်အလတ် အဆင့်

သွေးမျိုးဆက် - စွန့်ပစ်ခံ ရှေးဟောင်းသားရဲ သွေးမျိုးဆက်

တာအိုလမ်းစဉ်(နိယာမ) - ဂန်ကျင်း(လေနှင့်ဆိုင်သော) နိယာမ (ပြီးပြည့်စုံခြင်း)''

“မှတ်ချက် - ရှေးဟောင်း ဂူဗိမာန်အတွင်း နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံပြီးနောက်မှာ ဒီသိမ်းငှက်ကို ဆင့်ခေါ်လိုက်တာပါ ။ရှေးဦးသားရဲ သွေးမျိုးဆက်ကြောင့် ဆန်းကြယ်နတ်မင်း အဆင့်‌ ရောက်နေတာတောင်မှ လူသားအသွင် ပြောင်းလဲနိုင်ခြင်း မရှိပါဘူး”

သေစမ်း… တစ်ကယ့်ကို မိမိုက်တာပဲဟ!

သူ၏ရှေ့တွင် မျှောလွင့်နေသော ဖန်သားပြင် ဘောင်ကွက် သုံးကွက်အား စူးစိုက်ကြည့်ပြီး ဝမ်ဖုန်း၏ ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားမှုများကြောင့် တုန်ရင်သွားသည်။သူ၏ မျက်လုံးများသည်လည်း အရောင်များ ဝင်းလက်လာပါသည်။

ဆန်းကြယ်နတ်မင်း အဆင့် ပုဂ္ဂိုလ်ကြီး သုံးယောက်တောင်ဟ!

ဝမ်ဖုန်းသည် မေ့လဲကျလုမတတ် စိတ်လှုပ်ရှားသွားသည်။ သူသည် ဆန်းကြယ်သူတော်စင် အဆင့် စွမ်းအားရှင် များကိုသာ ဆင့်ခေါ်လိုခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း ဆန်းကြယ် နတ်မင်းအဆင့် စွမ်းအားရှင်ကြီးများ ကိုတောင် ဆင့်ခေါ်မိသွားလိမ့်မည် ဟုတော့ သူလုံးဝ ထင်မထားခဲ့ပါ။ဒီသုံးယောက်သာ ငါ့ အနားမှာ ရှိနေရင် ဘာကိုကြောက်ရအုံးမလဲ!?

သုံးပြည်ထောင်၏ ပိုင်နက် အတွင်းတွင် လျှို့ဝှက်ဂိုဏ်းကြီး များမှာတောင်မှ ဆန်းကြယ်နတ်မင်း အဆင့် ကျင့်ကြံသူများ မရှိပါပေ။

ငါ ယောင်ရီ အင်ပါယာကို ပြန်ရောက်သွားရင် အင်ပါယာကြီးကို ဖျက်စီးပစ်ရမယ်ကွ…အဲ့ဒီအချိန်ကျရင် နတ်ဘုရားတွေကတောင် တားနိုင်မှာ မဟုတ်ဘူး!

ဂိုဏ်းချုပ်များ၏ မျက်ဝန်းများတွင် အေးစက်စက် အလင်းရောင်များ ဖြတ်သန်းသွားသည်။သူသည် နှလုံးသားအတွင်းမှ တီးတိုးရေရွတ်လိုက်ပါသည်။

သူသည် ယခင်က ယောင်ရီ အင်ပါယာ၏ နောက်ခံအင်အား ကို ကြောက်လန့်မိခဲ့တာကြောင့် အလျင်စလို သတ်ဖြတ်ဝံ့ခြင်း မရှိခဲ့ပါ။သို့သော်လည်း သူ့တွင် ဆန်းကြယ် နတ်မင်းအဆင့် ပုဂ္ဂိုလ်ကြီး သုံးယောက် ရှိနေလေပြီ ဖြစ်ရာ သူဘာကို မှုရဦးမည်နည်း။

ဂိုဏ်းချုပ်ဝမ် တစ်ယောက် စိတ်လှုပ်ရှားနေတုန်းမှာပဲ ဝမ်ဖုန်း၏ ဘေးတွင် မတ်တပ်ရပ်နေသော လေဧကရာဇ်သည် ဝမ်ဖုန်း၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရင်နေသည်ကို တွေ့လိုက်ရပါသည်။လေဧကရာဇ်၏ နှလုံးသား တစ်ခုလုံးသည် အေးစက်သွားသည်။အမြဲတမ်း မခန့်မှန်းနိုင်ဘဲ တည်ငြိမ်နေခဲ့သော ဂိုဏ်းချုပ်ဝမ်ကပင် တုန်ရီနေပေပြီ။သူဘာကိုများ ထပ်မံ မျှော်လင့် ရဦးမည်နည်း။

လေဧကရာဇ်သည် သေစေနိုင်လောက်သော ကပ်ဘေးကြီးအား ဖြတ်ကျော်ခဲ့ပြီး အထွတ်အထိပ်ကို ရောက်ရှိခဲ့သည်။အခုတော့ သူလည်း သေရတော့မှာပါလား?

သူ မုပထျန်း ဘာအမှားများ လုပ်မိလို့လဲ? နတ်ဘုရားတွေက သူ့ကို ဒီလိုမျိုး ဘာလို့ ဒဏ်ခတ်ရတာလဲ?

“ဘိုးဘေးကြီး သုံးယောက် ခင်ဗျာ။ ဒီတပည့် အသုံးမကျလို့ ဒီသူခိုးကောင်တွေ ချန်းလန်ဓားဂိုဏ်းကို လာရောက် ဖျက်စီးတာကို စိုက်ကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။ ဒီတပည့်က အကြီးအကဲတို့အား ချန်းလန်ဓားဂိုဏ်းရဲ့ တပည့်များနဲ့ ချန်းလန်ဓားဂိုဏ်းကိုယ်စား ဒီလူတွေကို အပြစ်ပေးဖို့ တောင်းဆိုပါရစေ! “

ဒီအချိန်မှာပဲ ချန်းရှောင်းရှောင်းသည် ဒူးထောက်ချလိုက်ပြီး ပူဆွေးဝမ်းနည်း‌ နေသော အသံဖြင့် ဟစ်အော်ပြောလိုက်သည်။သူ၏အသံက တဖြေးဖြေးတိုးညှင်းရာမှ ကျယ်လောင်သထက် ကျယ်လောင်လာပြီး အဆုံးအစ ဝမ်းနည်းကြေကွဲခြင်းများနှင့် အမျက်ဒေါသများ သယ်ဆောင်ထားသည်။

“ မင်း ....မင်းက ဘယ်နှဆက်မြောက် ဂိုဏ်းချုပ်လဲ” ချန်းရှောင်းရှောင်း၏ စကားများကို ကြားလိုက်ရသည့်အခါ ဘိုးဘေးသုံးယောက်အနက် ခေါင်းဆောင်ဖြစ်ဟန်တူသော အဘိုးအိုက မေးလိုက်သည်။သူတို့သည် ဝမ်ဖုန်းနှင့် အခြားသူများအား လုံးဝ လှည့်တောင် မကြည့်ခဲ့ပေ။ထို့အပြင် သူတို့သည် ချန်းလန်ဓားဂိုဏ်း ပျက်စီးသွားရခြင်းမှာ သူတို့နှင့် မသက်ဆိုင်သည့်အလား အမျက်ဒေါသထွက်ခြင်း များလည်း မရှိခဲ့ပါပေ။

“ ဒီတပည့်က ချန်းလန်ဓားဂိုဏ်းရဲ့ ဆယ့်ကိုးဆက်မြောက် ဂိုဏ်းချုပ်ပါ “ချန်းရှောင်ရှောင်းသည် အလျင်အမြန် ပြန်လည်ဖြေဆို လိုက်သည်။

“ ဆယ့်ကိုးဆက်မြောက် မျိုးဆက်တဲ့လား… အချိန်တွေကုန်တာလည်း မြန်လိုက်တာ မျက်တောင် တစ်ခတ်အတွင်းမှာပဲ နှစ်တစ်သောင်း ကုန်လွန်သွားပြီပဲ “ချန်းလန်ဓားဂိုဏ်း၏ ဘိုးဘေး အကြီးအကဲသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ၏ မျက်ဝန်းများအတွင်း၌ အတိတ်ကို လွမ်းဆွတ်သတိရဟန်များ ထင်ဟပ်လာသည်။

“အဲ့ဒီအရာရော စတင်တော့မှာလား…”သူသည် ဆက်လက်မေးမြန်းလိုက်သည်။

ချန်းလန်ဓားဂိုဏ်း အကြီးအကဲက ချန်းရှောင်းရှောင်းအား မေးမြန်းနေစဉ်အတွင်း ဝမ်ဖုန်းတို့ တတွေသည် ငြိမ်သက်စွာသာ မတ်တပ်ရပ် နေခဲ့ကြသည်။ဝမ်ဖုန်းသည် ယခု အချိန်မှာတော့ ထွက်ပြေးဖို့ တွေးမနေတော့ပေ။‌ နောက်ဆုံးမှာတော့ သူ့၌ ကျောထောက်နောက်ခံရရှိလာပြီ ဖြစ်သည်။လေဧကရာဇ်နှင့် အခြားသူများကတော့ ထွက်ပြေးမလွတ်မြောက်နိုင်တာ သိသောကြောင့် ထွက်ပြေးဖို့ မကြိုးစားကြတော့ပေ။

ဘိုးဘေးအကြီးအကဲ၏ မေးခွန်းအား ကြားလိုက်ရသည့် အခါ ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ အလင်းရောင်များ တောက်ပလာသည်။ဆန်းကြယ်သူတော်စင် အဆင့် ပုဂ္ဂိုလ်ကြီး သုံးယောက်လုံးကိုတောင် သူတို့ရဲ့ ဂိုဏ်းဖျက်စီးခံရတာကို ဂရုမစိုက်စေမိတဲ့အထိ ဘယ်အရာကများ အရေးကြီးနေတာလဲ?

“ဟုတ်ကဲ့ပါ ဘိုးဘေး အခုအချိန်မှာ လျှို့ဝှက်ဂိုဏ်းတွေ တဖြေးဖြေး ပေါ်ပေါက်လာပါပြီ။ အဲ့ဒီ အဖြစ်အပျက်က ရောက်လာတော့မှာပါ” ချန်းရှောင်းရှောင်းပြောလိုက်သည်။

“မင်းငါတို့ကို နှိုးလိုက်တာ စောနေသေးပေမယ့်လည်း အဆင်ပြေပါတယ်လေ။ အရမ်းနောက်မကျ သွားတော့ဘူးပေါ့ ။ဆယ့်ကိုးဆက်မြောက် ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ မင်းက ချန်းလန်ဓားဂိုဏ်းကို ပုရွက်ဆိတ်တွေရဲ့ ဖျက်စီးခြင်း ခံခဲ့ရတာကိုတောင် မကာကွယ်နိုင်ခဲ့ဘူး။ ဒီအပြစ်က ခွင့်လွတ်လို့ မရဘူး။ မင်းရဲ့ သက်တမ်းအားလုံးကို စတေးပစ်ပြီးတော့ ငါတို့ကို ပိုကြာကြာ အသက်ရှင်နိုင်အောင် လုပ်ပေးရမယ်။ အဲ့ဒီအရာကိုသာ ငါတို့ရနိုင်သေးသရွေ့ ချန်းလန်ဓားဂိုဏ်းရဲ့ ကံကြမ္မာကလည်း တောက်ပနေလိမ့်မယ်!”

ထိုဘိုးဘေးသည် ချန်းရှောင်ရှောင်းအား စိတ်ခံစားချက် တစ်စုံတစ်ရာ မပါဝင်သော မျက်လုံးများဖြင့် မှေးကြည့်လိုက်ပြီး ထူးမခြားနား လေသံဖြင့် ပြောဆိုလိုက်သည်။

အဘိုးအို၏ လေသံအား ကြားလိုက်ရသည့် အခါ ချန်းရှောင်ရှောင်း၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင် သွားပါသည်။ သူ၏ မျက်နှာမှာလည်း နှစ်ပေါင်းများစွာကြာ ပိုမို အိုမင်းလာသယောင် ။သူသည် တဒင်္ဂကြာတိတ်ဆိတ်သွားပြီးမှ တီးတိုးပြောဆိုလိုက်သည်။”တပည့်နားလည်ပါပြီ”

ဝမ်ဖုန်းနှင့် အခြားသူများသည်တော့ ကျောရိုးတစ်လျှောက် စိမ့်တက်လာသော အေးစက်စက်ခံစားချက် ကြီးအား ခံစားလိုက်ရလေသည်။ဒီလို စကားလေးတစ်ခွန်းက လူတစ်ယောက်ရဲ့ သေခြင်းနှင့် ရှင်ခြင်းကို ဆုံးဖြတ်နိုင်ပေသည်။ ထိုအဘိုးအိုမှာ အလွန်ပင် သွေးအေးပြီး ရက်စက်လှပေသည်။

ရန်သူကိုဆိုတော့ ထားပါတော့ ။သို့ပေသိ ထိုအဘိုးအိုမှာ မိမိ၏ မျိုးဆက်ကိုတောင် ရက်စက်နိုင်လွန်းပါသည်။

ဤသည်မှာ ဝမ်ဖုန်းအနေဖြင့် လျှို့ဝှက်ဂိုဏ်းကြီးများ၏ သွေးအေးရက်စက် တတ်သော ဘက်ခြမ်းကို ပထမဆုံးမြင်တွေ့ ဖူးခြင်း ဖြစ်သည်။တစ်ဖက်မှာတော့ လေဧကရာဇ်နှင့် အခြားသူများသည် အလားတူ ဖြစ်ရပ်မျိုးကို မြင်တွေ့ဖူးပြီး ဖြစ်သည်။

“ ဘိုးဘေး ဒီတပည့်မှာ နောက်ဆုံးတောင်းဆိုစရာ ရှိပါတယ်။ ကျေးဇူးပြုပြီး ဘိုးဘေးတို့ ၊ကျွန်တော်တို့ ချန်းလန်ဓားဂိုဏ်းကို ဖျက်စီးတဲ့ ဒီငမိုက်သားတွေကို သေချာပေါက် သတ်ဖြတ်ပေးပါ!” ချန်းရှောင်ရှောင်းသည် ဝမ်ဖုန်းနှင့် အခြားသူများအား အမုန်းတရားများ ပြည့်ဝနေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လျက် ပြောလိုက်သည်။ ထို့နောက် သူသည် ချန်းလန်ဓားဂိုဏ်း ဘိုးဘေးကို ဦးညွတ်လိုက်ပြီး ကူရာမဲ့စွာ ပြောဆိုလိုက်ပါသည်။

သူသေရမည် ဆိုလျှင်တောင်မှ သူသည် ဝမ်ဖုန်းနှင့်အခြားသူများကိုပါ တစ်ပါတည်း ဆွဲခေါ်သွားမည် ဖြစ်သည်။ သူတို့ကြောင့်သာ မဟုတ်ပါက ချန်းလန်ဓားဂိုဏ်းသည် ဤမျှ အခြေအနေအထိ မည်သို့ နိမ့်ကျသွားမည်နည်း။ သူ၏ ချန်းလန်ဓားဂိုဏ်းသည် အခုမှ ကမ္ဘာမြေကြီး အတွင်းသို့ ပြန်လည် ပေါ်ပေါက်ခါစ ရှိသေးသည်။ချန်းလန်ဓားဂိုဏ်း၏ တောက်ပမှုများကို အခြားသူများ မတွေ့ရ မမြင်ရသေးခင်မှာပဲ ဝမ်ဖုန်းတို့၏ ဖျက်စီးခြင်းကို ခံခဲ့ရပေသည်။

ဤကဲ့သို့သော အမုန်းတရားမှာ ချေဖျက်၍ ရနိုင်သော အမုန်းတရားမျိုး မဟုတ်ပါပေ။

“မစိုးရိမ်ပါနဲ့ ဒီ ပုရွက်ဆိတ်လေးတွေ အားလုံး လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး ။ဒီသူတော်စင်က သူတို့ကို အနာကျင်ဆုံးနည်းလမ်းနဲ့ သေစေရမယ်” ချန်းလန်ဓားဂိုဏ်းရဲ့ အကြီးအကဲသည် မထူးမခြားနားသော လေသံဖြင့် ပြောဆိုလိုက်သည်။ သူ၏ လေသံက မိုးခြိမ်းသံကြီးအလား မြည်ဟည်း ပဲ့တင်သံ ထပ်သွားလေသည်။

“ဒါဆို ဒီတပည့် သွားပါတော့မယ်!” ချန်းရှောင်းရှောင်းသည် သူ၏ခေါင်းအားမော့ကာ ကောင်းကင်ကိုကြည့်လျက် ဟိန်းဟောက်လိုက်သည်။ယင်းနောက် သူသည် ချန်းလန်ဓားဂိုဏ်း တည်ရှိရာ အဆောက်အအုံများကို ဝေ့ဝဲကြည့်ရှုလိုက်ပါသည်။သူ၏ မျက်ဝန်းများအတွင်း၌ လွမ်းဆွတ် တမ်းတမှု အရိပ်ရောင်များ ထင်ဟပ်လာသည်။ထို့နောက် သူသည် ယခင်ကကဲ့သို့ ထပ်တူသော မန္တာန်အား ရေရွတ်လိုက်လေသည်။မန္တာန် ရွတ်ဆိုသံ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ ထွက်သွားပြီး ထူးဆန်းသော မှော် သင်္ကေတများထွက်ပေါ်လာသည်။ထိုသင်္ကေတများသည် ချန်းလန်ဓားဂိုဏ်း ဘိုးဘေးသုံးယောက်၏ ခန္ဓာကိုယ်များနှင့် ပေါင်းစပ်သွားသည်။

All Chapters