အင်မော်တယ်စုံတွဲ။
Vol. 12 Ch. 158
ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားရှင်ကြီးသုံးယောက်အား ဆင့်ခေါ်မိပြီးဖြစ်လေရာ ဂိုဏ်းချုပ်ဝမ်သည် လုံးဝထိတ်လန့်နေခြင်း မရှိတော့ပေ။သူသည် ချန်းရှောင်းရှောင်းအား လှောင်ရယ်နေသောမျက်ဝန်းများဖြင့် လှည့်ကြည့်မိလိုက်ပါတော့သည်။
ရန်ကောနှင့် အခြားသူများထွက်လာသည့်အခါ ချန်းလန်ဓားဂိုဏ်း၏ ဆန်းကြယ်သူတော်စင်အဆင့် ဘိုးဘေးကြီး၃ယောက်မှာ ဧကမုချ သေရပေတော့မည်။
" စနစ်ရေ ၊ ဘာလို့ ရန်ကောနဲ့ ရှောင်လုံနွီတို့က ကျန်းစန်ဖုန်း၊ ဝမ်ချုံးယန်တို့ထက် အများကြီးပိုစွမ်းနေရတာလဲ ။ " ဝမ်ဖုန်းသည် ချန်းရှောင်းရှောင်းအား စူးစိုက်ကြီးရင်းမှ တိုးတိတ်စွာ မေးမြန်းလိုက်သည်။
ဝမ်ဖုန်းသည် ကံကောင်းထောက်မစွာဖြင့် သိမ်းငှက်သူရဲကောင်းများအား ဆင့်ခေါ်နိုင်ခဲ့သည်။ သိုင်းပညာတစ်လျောက်တွင် အနှီစုံတွဲအား ဖိနှိပ်နိုင်သည့်သူမှာ အနည်းအကျဉ်းသာရှိပါသည်။
သို့သော်လည်း ဝမ်ဖုန်းသည် ရန်ကော၏ခွန်အားမှာ ဤမျှလောက်ထိ အလွန်အမင်းသန်မာနေလိမ့်မည်ဟု တွေးထင်မထားခဲ့ပါ။
" ဒင် ၊ ပိုင်ရှင်ဆင့်ခေါ်ထားတဲ့ ဝမ်ချုံးယန်နှင့် ကျန်းစန်ဖုန်းတို့က ဂန္ဓဝင်ဖြစ်ရပ်ကြီးမတိုင်မီက ပုဂ္ဂိုလ်တွေပါ ။ ရန်ကော နှင့် အခြားသူတွေကတော့ ဂန္ဓဝင်ဖြစ်ရပ်ကြီးကိုတ်ကျော်ပြီးတဲ့ အချိန်ကာလက ဆင့်ခေါ်ထားတဲ့ပုဂ္ဂိုလ်တွေပါ ။ အဖြစ်အပျက်တွေ အားလုံးအပြီးမှာ ရန်ကော ၊ ရှောင်းလုံနွီနှင့် သိမ်းငှက်ကြီးတို့က ရှေးဟောင်းဂူဗိမာန်ကြီးထဲမှာ သီးခြားနေထိုင်ခဲ့ကြပါတယ် ။ သူတို့ဟာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လေ့ကျင့်ခဲ့ပြီး နောက်ဆုံးမှာတော့ ထူးခြားဆန်းပြားမှုကြီးတွေကို သိမြင်နားလည်လာကာ ဆန်းကြယ်နတ်မင်း အဆင့်သို့ရောက်ရှိသွားတာပါ ။ "
ဝမ်ဖုန်း၏စိတ်အာရုံတွင် ပြန်ဖြေလာသော အေးစက်စက်အသံသည် ဝမ်ဖုန်းအား အသိတရားရသွားစေခဲ့သည်။
" ဟူး ... ! ။
အဲ့ဒီ့အချိန်မှာပဲ ဝမ်ဖုန်းသည် လေဧကရာဇ်နှင့် အခြားသူများက သက်ပြင်းသက်မချလိုက်တာကို ကြားလိုက်ရသည် ။ သူအလျှင်အမြန်လှည့်ကြည့်လိုက်သည့်အခါ ချန်းရှောင်းရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခြောက်ကပ်နေသော အလောင်းကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားတာကို တွေ့မြင်လိုက်ရသည်။ သူ၏ အလောင်းကိုကြည့်ရှုလိုက်ရသည်မှာ အလွန်အမင်းထိတ်လန့်ခြောက်ခြားဖွယ် ကောင်းနေတော့သည်။
သို့ပါသော်လည်း ချန်းလန်ဓားဂိုဏ်း၏ ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်ကြီး၃ယောက်မှာတော့ ပိုမိုငယ်ရွယ်လာကြသည်။ သူတို့သည် လူအိုကြီးများအဖြစ်မှ သက်လတ်ပိုင်းအမျိုးသားများအဖြစ် ပြောင်းလဲသွားကြသည်။
ကောင်းကင်ဘုံ ချို့ယွင်းချက်ကြီးငါးချက်အား ဖြတ်ကျော်ပြီးသည့် ချန်းရှောင်းရှောင်း၏ ကျင့်ကြံဆင့်ဖြင့်ဆိုပါက သူသည် အနည်းဆုံး နှစ်တစ်သောင်းခန့် ရှင်သန်နိုင်ပါသည်။ သို့သော်လည်း သူ၏သက်တမ်းအားလုံးကို ချန်းလန်ဓားဂိုဏ်း၏ ဘိုးဘေးကြီး၃ယောက်အတွက် စတေးလိုက်ပြီဖြစ်ရာ အဆိုပါ ဘိုးဘေးများမှာ အနည်းဆုံးနှစ်ရာပေါင်းများစွာခန့်တော့ အသက်ရှင်နေထိုင်နိုင်ကြမည်ဖြစ်သည် ။
" ကောင်းကောင်း အနားယူပါ " ။
ချန်းလန်ဓားဂိုဏ်း၏ ဘိုးဘေးကြီးသုံးယောက်သည် သူတို့၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသော ရှင်သန်ခြင်းအငွေ့အသက်များအား ခံစားလိုက်ရသည့်အခါ သူတို့မျက်နှာထက်၌ အပျော်များဖြင့် ပြည့်နှက်လာသည်။ ခေါင်းဆောင်လုပ်သူဘိုးဘေးက ချန်းရှောင်းရှောင်း၏ အလောင်းအားကြည့်ကာ ထူးမခြားနားအမူအရာဖြင့် တီးတိုးပြောဆိုလိုက်သည်။
ဘုန်း !
အဲ့ဒီ့နောက်တွင် ချန်းလန်ဓားဂိုဏ်း ဘိုးဘေးများအနက် ခေါင်းဆောင်လုပ်သူသည် သူ၏လက်အား ဆန့်တန်းလိုက်ကာ ဝမ်ဖုန်းနှင့် အခြားသူများအား ရိုက်ထုတ်လိုက်သည်။ လေထုထဲတွင် အလွန်အမင်းကြီးမားသော ဧရာမ လက်ဖဝါးကြီးတစ်ခုဖြစ်ပေါ်လာပြီး ပုရွတ်ဆိတ်တစ်ကောင်အား ဖိသတ်တော့မည့်အလား ဝမ်ဖုန်းနှင့်အခြားသောသူများဆီ ပြေးဝင်သွားပါသည်။
ချန်းလန်ဓားဂိုဏ်းမှ ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်ကြီးများမှာ ဝမ်ဖုန်းနှင့် အခြားသူများအား ပုရွတ်ဆိတ်လေးအလား သဘောထားပြီး မည်သည့်စကားကိုမျှ ပြောဆိုခဲ့ခြင်းမရှိပေ။
ဤလက်ဖဝါးချက်ကြီးထွက်ပေါ်လာသည့်အခါ ကောင်းကင်နှင့်မြေပြင်သည် ပြောင်းလဲသွားခဲ့သည်။ ကမ္ဘာငယ်လေးအတွင်းရှိလေထုဟာလည်း အဆက်မပြတ်ယိမ်းခါလာခဲ့သည် ။ ဝမ်ဖုန်းနှင့် အခြားသောသူများ တည်ရှိရာနေရာရှိ လေထုသည် ဆက်တိုက်ဆိုသလို အက်ကွဲကြောင်းများဖြစ်ပေါ်လာသည်။
ဝမ်ဖုန်း၏ဘေးနား၌ရှိနေကြသော လေဧကရာဇ်နှင့် အခြားသောသူများ၏ ဒူးခေါင်းများသည် ပျော့ခွေသွားကြသည်။ ဤလက်ဖဝါးချက်ကြီးထွက်ပေါ်လာသည့်အခါ သူတို့အားဖိနှိပ်ထားသော ဖိအားများမှာလည်း ဆတိုးပြင်းထန်လာခဲ့သည်။ သူတို့၏ခန္ဓာကိုယ်မှာ အဆက်မပြတ်တုန်ရင်နေပါတော့သည်။
လေဧကရာဇ်နှင့် အခြားသောသူများသည် ထိတ်လန့်ကြောက်ရွံ့ကာ စိတ်ပျက်အားလျော့မှုများကို ခံစားနေကြရသည်။ သူတို့တွင် အသက်ကိုးသက်ရှိလျှင်တောင်မှ ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်များ၏လက်မှ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ပါ။
အဆိုပါစွမ်းအားကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ခါနေသော်လည်း ဝမ်ဖုန်း၏မျက်နှာအမူအယာမှာတော့ ပေါ့ပါးတည်ငြိမ်နေဆဲပင် ။ သူသည် ကြောက်လန့်မှုတစ်စုံတစ်ရာကိုမှ ခံစားနေရပုံမပေါ်ပေ။ ထိုအစား သူ၏နှုတ်ခမ်းပါးထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ဝမ်ချုံးယန်နှင့် ရှန်ရှန့်ကျုံဂိုဏ်းမှ အခြားသောသူများကလည်း တည်ငြိမ်နေကြသည်။ ဤသည်မှာ သူတို့က ကြောက်လန့်မနေကြ၍မဟုတ်ပဲ သူတို့၏အဓိကထောက်တိုင်ကြီးဖြစ်သော ဝမ်ဖုန်းတွင် အကြောက်တရားများမရှိကြောင်း တွေ့မြင်ရသောကြောင့်ပင်ဖြစ်သည်။
" ပျက်စီးစေ ! "။
ဧရာမလက်ဖဝါးကြီးက ဝမ်ဖုန်းနှင့် အခြားသောသူများအား ဖိချေချတော့မည့်အချိန်တွင် နတ်ဘုရား၏အသံကဲ့သို့ ဩဇာအာဏာပြည့်ဝသော အသံကြီးတစ်သံက ကမ္ဘာငယ်လေးအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
ယင်းနောက် ဤအသံကပဲ ကြောက်မက်ဖွယ်လက်ဖဝါးကြီးအား တစ်စစီပျက်စီးသွားစေခဲ့သည်။ လက်ဖဝါးကြီးသည် ကြယ်မှုံလေးများအဖြစ် ပြောင်းလဲသွားကာ ကမ္ဘာမြေပေါ်မှ နှုတ်ဆက်ထွက်ခွာသွားတော့သည်။
ချန်းလန်ဓားဂိုဏ်း၏ ဘိုးဘေးကြီး၃ယောက်သည် ကြောင်အသွားကြသည်။ သူတို့သည် ဦးခေါင်းများကို တူညီသောလားရာသို့ လှည့်လိုက်ကြပြီး အလွန်အမင်းလေးနက်သောအမူအရာဖြင့် စိုက်ကြည့်လိုက်ကြသည်။
ဤနတ်ဘုရား၏အသံကဲ့သို့ တန်ခိုးကြီးလှသောအသံသည် သူတို့၏စိတ်သဌာန်အတွင်း ထိုးဖောက်သွားကာ သူ့တို့၏စိတ်ဝိညာဉ်ကိုပင် အဆက်မပြတ် တုန်ခါလာစေခဲ့သည်။ ယခုရောက်လာကြသောသူများသည်သူတို့တွေးထင်ထားသည့်သူများထက် များစွာသာလွန် အင်အားကြီးမားကြသည်။
ဝမ်ဖုန်းနှင့်အခြားသူများအားလုံးကလည်း အဆိုပါအရပ်ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။ လူအများ၏အကြည့်များအောက်တွင် ကောင်းကင်နှင့်နေမင်းကိုတောင် ဖုန်းကွယ်နိုင်သော အရိပ်ကြီးတစ်ခုထွက်ပေါ်လာခဲ့သည် ။ ယင်းသည် အရိပ်မဟုတ်ပါပေ။ အမှန်တကယ်တော့ ၎င်းမှာ သားရဲကြီးတစ်ကောင်ဖြစ်သည်။
ယင်းသည် အနက်ရောင်မှင်ကဲ့သို့ နက်မှောင်နေသော ဧရာမသိမ်းငှက်ကြီးတစ်ကောင်ဖြစ်သည်။ ၎င်းငှက်ကြီး၏မျက်လုံးများသည် မီးအိမ်ကြီး တစ်အိမ်ထက်တောင် ပိုမိုကြီးမားပြီး အေးစက်သောအလင်းများ ဖြာထွက်လျက်ရှိသည်။ ထိုငှက်ကြီး၏လက်သည်းများမှာလည်း တောင်တစ်တောင်ကိုတောင် အပိုင်းပိုင်းအစစဖြစ်အောင် ကုတ်ဆွဲနိုင်သည်အထိ ကြီးမားလှပါသည်။ ဤမြင်ကွင်းမှာ လူတိုင်း၏နှလုံးသားများကို တုန်ခါသွားစေခဲ့သည် ။
သိမ်းငှက်ကြီးထွက်ပေါ်လာသည့်အခါ ပြင်းထန်သော လေမုန်တိုင်းတစ်ခုသည် ကမ္ဘာငယ်လေးတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။ ပြင်းထန်သောလေအဟုန်၏အောက်တွင် လေဧကရာဇ်နှင့် အခြားသူများသည် မတ်တပ်ရပ်နေရင်းမှ မတည်မငြိမ်ဖြစ်လာကြသည်။
သူတို့အားပို၍အံ့အားသင့်စေခဲ့သည်မှာ ထိုသိမ်းငှက်ကြီး၏အပေါ်၌ လူနှစ်ဦးမတ်တပ်ရပ်နေကြခြင်းပဲဖြစ်သည်။
ထိုလူနှစ်ဦ်းမှာ အမျိုးသားနှင့် အမျိုးသမီးဖြစ်ကြသည်။ အမျိုးသားသည် အညိုရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာအသွင်မှာ ချောမောခန့်ညားကာ သူ၏မျက်ခုံးများဟာ လေးကိုင်းသဏ္ဍာန် နက်မှောင်တွန့်ကွေးနေသည်။ သူ၏ ဖီနစ်ငှက်ပုံသဏ္ဍာန်မျက်ဝန်းများသည်လည်း ခန်းနားကြီးကျယ်သော အရှိန်အဝါများကို ပေးစွမ်းနေသည်။ သူ၏ညာလက်ဝတ်ရုံကတော့ ဗလာနတ္ထိဖြစ်လေရာ လေတိုက်ခတ်ရာအတိုင်း ရွေ့လျားနေသည်။ (ပြောချင်တာက အဲ့ဒီ့အမျိုးသားမှာ ညာလက်မရှိဘူး ။)
အမျိုးသမီးကလည်း အဖြူရောင်ဂါဝန်ရှည်ကြီးကိုဝတ်ဆင်ထားကာ ပြိုင်ဘက်ကင်းတဲ့အလှတရားနှင့် ပုံပန်းသဏ္ဍာန်ရှိသည်။ သူမ၏မျက်နှာမှာ ရေခဲတမျှအေးစက်နေပြီး သာမန်တစ်ယောက်နှင့် အနည်းငယ်မျှ မတူညီပါပေ။
အကြည့်တစ်ချက်နှင့်ပင် လူတိုင်း၏နှလုံးသားထဲ၌ အတွေးအကြံတစ်ခုဖြစ်ပေါ်လာရသည်။ ဘယ်လိုတောင်သန့်ရှင်းသပ်ရပ်တဲ့ အင်မော်တယ်စုံတွဲပါလိမ့်။
" အရှင် ၊ ကျုပ်က ချန်းလန်ဓားဂိုဏ်း၏ ကိုးဆက်မြောက်ဂိုဏ်းချုပ် ချန်းဖုန်းဖုန်းပါ ။ အရှင်က ဘယ်သူများလဲဆိုတာ မေးမြန်းပါရစေ။ " ချန်းလန်ဓားဂိုဏ်း၏ ဘိုးဘေးအကြီးအကဲ ချန်းဖုန်းဖုန်းသည် ဧရာမသိမ်းငှက်ကြီးအား စူးစိုက်ကြည့်လျက် ပြောလိုက်သည်။ သို့သော်လည်း သိမ်းငှက်ပေါ်ရှိလူနှစ်ယောက်သည် သူ့အားလုံးဝ လစ်လျူရှုထားသည်။ သိမ်းငှက်ကြီးသည် ဝမ်ဖုန်းတို့ရှေ့၌ တိုက်ရိုက်ဆင်းသက်လိုက်သည်။
သူတို့၏အရှေ့သို့ သိမ်းငှက်ကြီးဆင်းသက်လာသည်က်ုမြင်လိုက်ရသည့်အခါ လေဧကရာဇ်နှင့် အခြားသောသူများ၏ခြေထောက်သည် ပျော့ခွေတုန်ယင်သွားကြသည်။ သိမ်းငှက်ကြီးသည် မည်မည့်အရှိန်အဝါကိုမျှ ထုတ်လွှတ်နေခြင်းမရှိသော်လည်း ၎င်းကိုကြည့်မိရုံနှင့်တင် အသွေးအသားထဲထိစိမ့်အောင် ကြောက်လန့်နေသော ခံစားချက်အား ပေးစွမ်းပါသည်။
" ရန်ကောနဲ့ ရှောင်လုံနွီ ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ် ။ "
စုံတွဲ၂ယောက်သည် သိမ်းငှက်ကြီးပေါ်မှ ခုန်ချလိုက်ပြီး ဝမ်ဖုန်းဆီရောက်လာကာ ဂါဝရပြုလျက် ကျယ်လောင်စွာပြောဆိုလိုက်သည်။
" အရမ်းကြီးယဉ်ကျေးနေစရာ မလိုပါဘူး။ မင်းတို့၂ယောက်နိုးလာပြီဆိုမှတော့ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်အရာကိုမှ စိုးရိမ်ကြောက်ရွံ့နေစရာမလိုတော့ဘူးပဲ။ " ဝမ်ဖုန်းသည် သူ၏လက်အားဆန့်ထုတ်ကာ အပြုံးဖွဖွပြုံးလျက်ပြောဆိုလိုက်သည်။
" ဟာ .. "
ဤအချိန်မှာ လေဧကရာဇ်နှင့် အခြားသောသူများအားလုံးသည် ကြောင်အသွားကြသည်။ သည်လူနှစ်ယောက်မှာ ရှန်ရှန့်ကျုံ့ဂိုဏ်းမှဖြစ်နေလိမ့်မည်ဟု သူတို့လုံးဝ တွေးထင်မထားခဲ့ပါ။ ရှန်ရှန့်ကျုံဂိုဏ်းအား ယခင်ကအတိုင်းပင် ခန့်မှန်းလို့မရပါတကား ။
သို့သော်လည်းဝမ်ဖုန်းသည် ကြောင်အနေသောလေဧကရာဇ်နှင့် ကျန်လူများအားလုံးကို လျစ်လျူရှုထားလိုက်သည်။ သူသည်အရှေ့ကိုလမ်းလျောက်ထွက်သွားလိုက်ကာ အကျော်ဇေယျသိမ်းငှက်ကြီးအား စူးစိုက်ကြည့်လိုက်ကာ သိမ်းငှက်ကြီးကို မည်ကဲ့သို့နှုတ်ဆက်ရမည်ကို တွေးတောနေမိသည်။
သို့သော်လည်း သိမ်းငှက်ကြီးသည် ဝမ်ဖုန်းအားတစ်ချက်သာလှည့်ကြည့်လိုက်ပြီး သူ့အားလစ်လျူရှုကာ အခြားတစ်ဖက်သို့လှည့်သွားလ်ုက်တော့သည်။ ဝမ်ဖုန်းသည် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့သည်။
" ဂိုဏ်းချုပ် ၊ ကျုပ်တို့က ပထမဆုံးအကြိမ်တွေ့ဖူးတာဆိုတော့ အစ်ကိုတောက်က အသားမကျသေးလို့ပါ။ ဝမ်ဖုန်း၏ဘေးတွင်ရှိနေသော ရန်ကောက ဝမ်ဖုန်းအား အလျင်အမြန် ဖျောငးဖျပြောဆိုလိုက်သည်။ ရှောင်းလုံနွီကတော့ သူမ၏လှပသောမျက်နှာလေးအား လက်ဖဝါးဖြင့်အုပ်ကာ ခိုးခိုးခစ်ခစ် ရယ်မောနေလေသည်။
" အစ်ကိုတောက် ၊ ဒီလူသုံးယောက်ကို မင်းလက်ထဲအပ်လိုက်ပြီနော် ။ " ဝမ်ဖုန်းသည်ဆန်းကြယ်သူတော်စင်အဆင့် အကြီးအကဲ၃ယောက်အားညွှန်ပြလျက် သိမ်းငှက်ကို ကြည့်ကာပြောလိုက်သည်။
ရှန်းတောက်သည် ဝမ်ဖုန်းအား နောက်တကြိမ်ထပ်မံလှည့်ကြည့်လိုက်သည်။ သူ၏ကြီးမားသောတောင်ပံကြီးများကိုဖြန့်သန်းလျက် သိမ်းငှက်ကြီးရှန်းတောက်သည် အတောင်များကို ပြင်းပြင်းထန်ထန်ခါယမ်းလိုက်သည်။
တာအိုနိယာမများကိုသယ်ဆောင်ထားသည့် ပြင်းထန်သောလေပွေတစ်ခုသည် ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။ မြေပြင်၌ နက်ရှိုင်းသောအက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည် ။ အဆိုပါ တောင်ပံတစ်ချက်ခတ်ရာမှ ထွက်ပေါ်လာသောလေပြင်းသည် ဤကမ္ဘာငယ်လေးတစ်ခုလုံးကို နှစ်ခြမ်းခွဲတော့မည်ကဲ့သို့ ဖြစ်ပေါ်သွားချေသည်။
ချန်းလန်ဓားဂိုဏ်းမှ ဆန်းကြယ်သူတော်စင်အဆင့် ဘိုးဘေးကြီး၃ယောက်သည် တာအိုနိယာမများကိုသယ်ဆောင်ထားသည့် လေပြင်း၏အပိုင်းပိုငါးဖြတ်တောက်ခြင်းကိုခံလိုက်ရသည်။ သူတို့ဟာ မည်သည့် စကားတစ်ခွန်းကိုမှ ပြောချိန်တောင်မရခဲ့ချေ။