← Chapters

ဂိုဏ်းရာထူးများ နေရာချထားခြင်း။အိမ်ရှေ့မင်းသားပုန်ကန်ပြီ။

Vol. 12 Ch. 160

ဂိုဏ်းရာထူးများ နေရာချထားခြင်း။အိမ်ရှေ့မင်းသားပုန်ကန်ပြီ။

Vol. 12 Ch. 160

"စနစ် အသစ်ဖွင့်လှစ်ထားတဲ့ ရာထူး နေရာကို ကောင်းကင်ဘုံ အကြီးအကဲများလို့ ခေါ်‌တွင်စေရမယ်။ ရန်ကောနဲ့ ရှောင်လုံနွီ တို့ကို ကောင်းကင်ဘုံ အကြီးအကဲများလို့ ငါသတ်မှတ်တယ်။ သိမ်းငှက်ကြီးကိုလည်း ကောင်းကင်ဘုံ အကြီးအကဲအဆင့် အကာအကွယ် သားရဲကြီးအဖြစ် သတ်မှတ်မယ်"

"ရှန်ရှန်ကျုံ့ဂိုဏ်းကို အတွင်းစည်းဂိုဏ်းနဲ့ အပြင်စည်းဂိုဏ်းဆိုပြီး နှစ်ခုခွဲမယ်။ အတွင်းစည်းဂိုဏ်းက ကမ္ဘာငယ်လေးထဲမှာ ရှိမှာဖြစ်ပြီး အပြည်စည်းဂိုဏ်းကတော့ ရှန်ရှန်ကျုံ့တောင်ကြားမှာ ရှိရမယ်"။

"အတွင်းစည်းဂိုဏ်းရဲ့ အမြင့်ဆုံး အကြီးအကဲ အရေအတွက်က လေးဆယ်၊ အပြင်စည်းဂိုဏ်းတွေရဲ့ အမြင့်ဆုံး အကြီးအကဲ အရေအတွက်ကို ခြောက်ဆယ်လို့ သတ်မှတ်မယ်။ အတွင်းစည်းဂိုဏ်းတပည့်‌တွေရဲ့ အမြင့်ဆုံး အရေအတွက်ကိုတော့ တစ်ရာ၊ အပြင်စည်းဂိုဏ်း တပည့်တွေရဲ့ အမြင့်ဆုံး အရေအတွက်က ကိုးရာလို့ သတ်မှတ်မယ်။"

"ကျန်းစန်ဖုန်း၊ ဝမ်ချုံးယန် ၊တုံဖန်းပုပိုင်နဲ့တင်းဖန် တို့ကို ဂိုဏ်းအစောင့်အရှောက် အကြီးအကဲတွေအဖြစ်၊ ချီမိန်ချွေရွှယ်၊ ယဲ့ကူချန်၊ ယန်ရှီစန်း ၊ရှောင်းရှီရိလင်၊ ဘုန်းတော်ကြီး ဝူရှန်း၊ ယောင်ယွဲ့နဲ့ ယင်ဧကရီတို့ကို အတွင်းစည်း အကြီးအကဲတွေအဖြစ် သတ်မှတ်မယ်"

"လီချင်း၊ လင်းဖေးဝူ၊ လီဟေး၊ မုယွင်ဖေ၊ လီထျန်းရှင်း၊ ဝူနျာန်၊ ယန်ရှန်း၊ ရှောင်းယွင်ဖုန်းတို့ ရှစ်ယောက်ကို အတွင်းစည်း ဂိုဏ်းသားတွေအဖြစ် သတ်မှတ်မယ်။ လီချင်းကတော့ အတွင်းစည်းဂိုဏ်းရဲ့ အကြီးဆုံး ဂိုဏ်းတူအကိုကြီး ဖြစ်စေရမယ်"

"ချုံဖုန်းနဲ့ ယန်တောက်ကိုတော့ အပြင်စည်းဂိုဏ်း အကြီးအကဲတွေ အဖြစ် သတ်မှတ်မယ်။ မဟာ နတ်ဆိုး ရွှမ်ရှကိုတော့ အပြင်စည်းဂိုဏ်းရဲ့ အထွေအထွေ စီမံအုပ်ချုပ်သူ ဖြစ်စေရမယ်။ အခြားကျန်ရှိနေသေးတဲ့ ဂိုဏ်းတပည့်တွေ အားလုံးကို အပြင်စည်းဂိုဏ်းသားတွေအဖြစ် သတ်မှတ်မယ်။ ရုပ်အလောင်းဝိဉာဉ်ကတော့ အပြင်စည်း ဂိုဏ်းသားထဲမာ အကြီးဆုံး ဂိုဏ်းတူ အကိုကြီး ဖြစ်စေရမယ်" ဝမ်ဖုန်းသည် ပျံသန်းနေစဉ်အတွင်း ရှန်ရှန်ကျုံ့ဂိုဏ်းအတွက် ရာထူးနေရာများ အစီစဉ်ချလိုက်လေသည်။

"စနစ် အထူးဆင့်ခေါ်ခွင့် တစ်ကြိမ်နဲ့ အဆင့်မြင့် ဆင့်ခေါ်ခွင့် သုံးကြိမ်ကို အသုံးပြုမယ်"

ဝမ်ဖုန်းသည် ချက်ချင်းဆိုသလိုပင် ဆင့်ခေါ်ခွင့်များအား အသုံးပြုလိုက်သည်။ယခု အချိန်တွင် သူတို့ ရှန်ရှန်ကျုံ့ဂိုဏ်းက ဂိုဏ်းအဆင့်သုံးသို့ အဆင့်မြင့်တင် ပြီးသွားပြီ ဖြစ်သည်။ထိုသို့မြင့်တင်လိုက်ခြင်းအတွက် လက်ခံနိုင်သော ဂိုဏ်းသားအရေအတွက် စသည့်စသည့် ကန့်သတ်ချက်များ အားလုံးမှာ ကျယ်ပြန့်လာသော်လည်း အကြီးအကဲနေရာများကတော့ လစ်ဟာနေသည်။ထို့ကြောင့် ဆင့်ခေါ်ခွင့်များကို အသုံးပြုလိုက်ခြင်းကသာ ဂိုဏ်းအတွက် အကောင်းဆုံး ဖြစ်ပါ၏။

"ဒင်၊ အထူးဆင့်ခေါ်ခွင့်အား အသုံးပြုပြီး ရှဲ့ရှောင်ဖုန်းအား ဆင့်ခေါ်နိုင်ခဲ့သည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ် ရှဲ့ရှောင်ဖုန်း၏ စွမ်းရည်ဇယားများကို စစ်ဆေးကြည့်ပါမည်လား"

သူ့စိတ်အတွင်း မြည်ဟည်းလာသော အသံက ဝမ်ဖုန်း၏ မျက်လုံးများအား လင်းလက်လာစေခဲ့သည်။ရှန်ရှန်ကျုံ့ဂိုဏ်း၏ ထောက်တိုင်ကြီးလေးခုမှာ နောက်ဆုံးတော့ ပြီးပြည့်စုံသွားပြီဖြစ်သည်။ သူသည် လျင်မြန်စွာပြောဆိုလိုက်သည်။"စစ်ဆေးမယ်"

"ဒင်၊ ရှဲ့ရှောင်ဖုန်း၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်"

အမည် - ရှဲ့ရှောင်ဖုန်း

ဘွဲ့ - ငယ်ရွယ်သော ဓားအရှင်သခင် သုံးယောက် အနက်မှ တစ်ယောက်၊ လောကတွင် နံပါတ်တစ် ဓားအရှင်သခင်

ကျင့်ကြံစဉ် - ဆန်းကြယ်နတ်မင်း နှောင်းပိုင်းအဆင့်

ရုပ်ခန္ဓာ - ဓားဧကရာဇ်၏ အကြွင်းမဲ့ သေဆုံးခြင်း (ဤရုပ်ခန္ဓာအား အသုံးပြုလိုက်ပါက ရှဲ့ရှောင်ဖုန်းစည် ဓားစွမ်းရည်များအား စေခိုင်းလိုက်မှာ ဖြစ်ပြီး ဓားတို့ရဲ့ ဧကရာဇ် ဖြစ်လာပေလိမ့်မည်။ သူသည် ဓားကျင့်ကြံသူများအား အကြွင်းမဲ့ ဖိနှိပ်နိုင်မှာ ဖြစ်ပြီး ဓားလမ်းစဉ် ကျင့်ကြံသူများအပေါ် အသာစီးရရှိမည် ဖြစ်သည်)

သွေးမျိုးဆက် - ဓားဧကရာဇ် သွေးမျိုးဆက် "ဓားဧကရာဇ်သွေးမျိုးဆက်သည် ဓားလမ်းစဉ်များအား နားလည်နိုင်မှု နှုန်းကို နှစ်ဆတိတိ မြင့်တက်စေနိုင်သည်။"

ကျင့်စဉ်နိယာမ - ဓားလမ်းစဉ် နိယာမ

ထူးခြားသိုင်းကွက်များ - ကမ္ဘာမြေ အက်ကွဲခြင်း၊ ကောင်းကင်နှင့် မြေပြင် လောင်ကျွမ်းခြင်း

အထူးစွမ်းအား - ကောင်းကင်အား ခိုးယူ၍ နေမင်းအား ဓားတစ်ချောင်းအသွင် ပြောင်းလဲစေခြင်း

လက်နက် - ရှဲ့မိသားစု၏ မြင့်မြတ်သော မှော်ဝင်ဓား"

အတုယောင် မျက်နှာပြင်အား စိုက်ကြည့်နေသော ဝမ်ဖုန်းသည် ဘာပြောရမလဲ မသိတော့ပေ။ သူသည် စနစ်အား စိတ်ထဲမှ လက်မ ထောင်ပြလိုက်မိပါတော့သည်။

"ဒင်၊ အဆင့်မြင့် ကျပန်းဆင့်ခေါ်ခွင့် သုံးကြိမ်အား အသုံးပြုပြီး ဖူဟုန်ရွှယ်၊ လီရွှမ်းဟွှမ်၊ ကောကျင့် တို့အား ဆင့်ခေါ်မိသည့် အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ် သူတို့ရဲ့ စွမ်းရည် ဇယားများကို စစ်ဆေး ကြည့်ပါမည်လား"

ကောင်းလိုက်တာ ရှန်ရှန်ကျုံ့ဂိုဏ်းမှာ နောက်ဆုံးတော့ ဓားသခင်လေးပါးလုံး ပြီးပြည့်စုံသွားပြီပဲ! (ရှဲ့ရှောင်ဖုန်းအပါ လေးပါးပါ)

ဝမ်ဖုန်း၏ နှုတ်ခမ်းများသည် ထိန်းချုပ်နိုင်ခြင်းမရှိပဲ မြင့်တက်သွားပြီး သူသည် တုန့်ဆိုင်းခြင်းမရှိ ခေါင်း တဆတ်ဆတ် ငြိမ့်လိုက်ပါ၏

"ဒင် လီရွှမ်းဟွှမ်၏ စွမ်းရည်ဇယားမှာ အောက်ပါ အတိုင်း ဖြစ်သည်။

အမည် - လီရွှမ်းဟွှမ်

ဘွဲ့ - ရှောင်းလီ ထန်းဟွာ (ဓားတို့၏ နတ်ဘုရား)

‌ကျင့်ကြံစဉ် - ဆန်းကြယ်သူတော်စင် အလယ်အလတ် အဆင့်

ရုပ်ခန္ဓာ - မြင့်မြတ်သော ဓားရုပ်ခန္ဓာ (ဤရုပ်ခန္ဓာအား အသုံးပြုပြီးပါက စိတ်အာရုံ ခံစားမှုများ မြင့်တက်လာမည် ဖြစ်သည်။ ဓားချီ စွမ်းရည်များက ခန္ဓာကိုယ်အား ကာကွယ်ပေးထားမည် ဖြစ်ပြီး ပတ်ဝန်းကျင်အား ပိုမို သတိပြုမိလာမည် ဖြစ်သည်။ )

နိယာမ - ဓားကြီး တာအို နိယာမ (ကနဦးအဆင့် နားလည်မှု )

ထူးခြားသိုင်းကွက်များ - စိတ်ဝိဉာဉ်သို့ ဓားတစ်ချောင်းဖြင့် ထွင်းဖောက်ခြင်း၊ သေခြင်း၏ ဓားတစ်ချက်၊ ကောင်းကင်အား ဓားတစ်ချောင်းနှင့် ထိုးခွင်းခြင်း၊ ဝိဉာဉ်အား ဓားတစ်ချောင်းဖြင့် ပြတ်တောက်စေခြင်း၊ နတ်ဘုရား၏ ဓား တစ်ချက်။

မှော်စွမ်းအားများ - မြင့်မြတ်သော ဓားပြား

လက်နက် - ရှောင်းလေဖေးထောင် (ဆန်းကြယ် သူတော်စင် အဆင့် )"

"ဒင်၊ ဖူဟုန်ရွှယ်၏ စွမ်းရည်ဇယားမှာ အောက်ပါ အတိုင်းဖြစ်သည်။

အမည် - ဖူဟုန်ရွှယ်

ဘွဲ့ - ကမ္ဘာကြီး အဆုံးသတ် ဓားသမား၊ ကမ္ဘာပေါ်တွင် နံပါတ်တစ် အမြန်ဆုံး ဓားသမား

ကျင့်ကြံစဉ် - ဆန်းကြယ် အဓိပတိ အထွတ်အထိပ် အဆင့်

ထူးခြားသိုင်းကွက်များ - ပိုင်မိသားစု မြင့်မြတ်သော ဓားသိုင်း

အထူးစွမ်းအားများ - ကောင်းကင်နှင့် မြေပြင်အား ‌ဖြတ်သန်းသွားသော ယင် နှင့် ယန် ၏ မဟာ ဂရုဏာ။

လက်နက် - မဟူရာ သွေးစွန်းဓား (ဆန်းကြယ် သူတော်စင် အဆင့် )

အထူးအရည်အချင်းများ - အဆိပ်ဖြေခြင်း၊ အဆိပ်ခတ်ခြင်း။"

"ဒင်၊ ကောကျင့်၏ စွမ်းရည် ဇယားများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမည် - ကောကျင့်

ဘွဲ့ - မြောက်ပိုင်းလူသား

ကျင့်ကြံစဉ် - ဆန်းကြယ် အဓိပတိ အထွတ်အထိပ် အဆင့်

ထူးခြားသိုင်းကွက်များ - အရွတ်နှင့် အရိုးများအား ခွဲခြားစေခြင်း၊ နန်ရှန်း ဓားပညာ၊ ယွဲ့လွီ ဓားပညာ၊ ကျိရင်ကျန်းကျင်း၊ ဝဲနှင့်ယာ ခွဲခြားတိုက်ခိုက်ခြင်း၊ ခုံးမင်လက်ဝါး၊ ထန်ကန်းပေသို လက်ဖဝါးသိုင်း၊ လက်ည်ိုးမြန်သိုင်း၊ ကျိယန်သိုင်း

အထူးစွမ်းအားများ - နဂါးလက်ဝါး ဆယ့်ရှစ်ချက်။

လက်နက် - လုံရွှမ်းဓား

အထူးအရည်အချင်းများ - စစ်ပွဲနည်းဗျူဟာတွင် ကျွမ်းကျင်သည်။ဝူမူ၏ မသေဆုံးမှီက မှတ်တမ်းများအား အမွေဆက်ခံ ရရှိထားသည်။"

တစ်ဆက်တည်း ဖြစ်ပေါ်လာသော အတုယောင်မှန်ကြီး သုံးခုက ဝမ်ဖုန်းအား အနည်းငယ် ကြောင်အ သွားစေခဲ့သည်။သူသည် လျှို့ဝှက်စွာ ပြောဆိုလိုက်သည်။

"စနစ် ရှဲ့ရှောင်ဖုန်းကို ကောင်းကင်ဘုံအဆင့် အကြီးအကဲအဖြစ် မှတ်တမ်းတင်လိုက်ပါ။လီရွှမ်ဟွှမ်၊ ဖူဟုန်ရွှယ်၊ ကောကျင့်တို့ကိုတော့ ဂိုဏ်းအစောင့်အရှောက် အကြီးအကဲတွေအဖြစ် မှတ်တမ်းတင်လိုက်ပါ ဒါ့အပြင် သူတို့အားလုံးဟာဆင့်ခေါ်အပြီး ကမ္ဘာငယ်လေးအတွင်းမှာ ပေါ်လာစေရမယ် "

" ဒင်၊ ရှဲ့ရှောင်ဖုန်း၊လီရွှမ်ဟွှမ်၊ ဖူဟုန်ရွှယ်၊ ကောကျင့်တို့ ရောက်ရှိမည့်နေရာက ရှန်ရှန်ကျုံ့ ဂ်ိုဏ်းရဲ့ ကမ္ဘာငယ်လေးအတွင်း ဖြစ်ကြောင်း သတ်မှတ်ပြီးပါပြီ။ "

အေးစက်စက်အသံကို ထပ်မံကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် ခေါင်းတစ်ဆတ်ဆတ်ညိမ့်လိုက်မိပြီး နောက်တစ်ကြိမ် ထပ်မံ ပြောဆိုလိုက်သည်။" စနစ် ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ စွမ်းရည်ဇယားကို စစ်ဆေးမယ်"

"ဒင်၊ ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဂိုဏ်း - ရှန်ရှန်ကျုံ့ဂိုဏ်း

ဂိုဏ်းအဆင့် - အဆင့်သုံး

ဂိုဏ်းချုပ် - (တစ်ယောက်တည်းသာ):ဝမ်ဖုန်း (ဆန်းကြယ် အဓိပတိ အထွတ်အထိပ်အဆင့်)

ကောင်းကင်ဘုံ အကြီးအကဲများ - (ဆယ်ယောက်အထိ ): ရန်ကော၊ ရှောင်လုံနွီ၊ ရှန်းတောက်(ကောင်းကင်ဘုံအဆင့် အစောင့်‌အရှောက် ရှေးဦးသားရဲ )၊ ရှဲ့ရှောင်ဖုန်း။

ဂိုဏ်းအစောင့်အရှောက် အကြီးအကဲများ - (အယောက်နှစ်ဆယ် အထိ )လီရွှမ်ဟွှမ်း၊ ကျန်းဆန်ဖုန်း၊ ဝမ်ချုံးယန်၊ ဖူဟုန်ရွှယ်၊ ကောကျင့်၊ တုံဖန်းပုပိုင်၊ တင်ဖန်း။

အတွင်းစည်းအကြီးအကဲများ - (အယောက်လေးဆယ် အထိ ) ယဲ့ကူချန်၊ ချီမိန်ရွှေ့ရွှယ်၊ ယောင်ရွယ်၊ လေဧကရီ ကျူးယုယန်၊ ယန်ကျီစန်း၊ စောင်းရှီရိလင်၊ ဝူရှန်းဘုန်းတော်ကြီး။

အပြင်စည်း အကြီးအကဲများ - (အယောက်ခြောက်ဆယ် အထိ ) မဟာနတ်ဆိုး ရွှမ်ရှ( အပြင်စည်းအကြီးအကဲများ၏ စီမံအုပ်ချုပ်သူ)၊ ယန်တောက်၊ ချုံဖုန်း၊၊

အတွင်းစည်း ဂိုဏ်းသားများ - (အယောက် တစ်ရာ အထိ ) လီချင်း(အတွင်းစည်း ဂိုဏ်းသားများရဲ့ အကြီးဆုံး ဂိုဏ်းတူအကိုကြီး)၊ လင်းဖေးဝူ၊ လီဟေး၊ မုယွင်ဖေး၊ လီထျန်းရှင်း၊ ဝူနျာန်၊ ယန်ရှန်း၊ ရှောင်းယွင်ဖုန်း။

အပြင်စည်း ဂိုဏ်းသားများ - (အယောက် ကိုးရာအထိ )ရုပ်အလောင်း ဝိဉာဉ် (အပြင်စည်း ဂိုဏ်းသားများ၏အကြီးဆုံး ဂိုဏ်းတူ အကိုကြီး)၊ အခြား သုံးရာကိုးဆယ့် ခုနှစ်ယောက်သော ဂိုဏ်းတပည့်များ။

အတွင်းစည်းဂိုဏ်း တည်ရှိရာနေရာ - ကမ္ဘာငယ်လေး

အပြင်စည်းဂိုဏ်း တည်ရှိရာနေရာ - ရှန်ရှန်ကျုံ့တောင်ကြား"

ရှန်ရှန်ကျုံ့ဂိုဏ်း၏ စွမ်းရည်ဇယားများကို စစ်ဆေးကြည့်ရှုလိုက်ရင်း ဝမ်ဖုန်းသည် စိတ်ကျေနပ်အားရစွာ ခေါင်းငြိမ့်လိုက်သည်။လွန်ခဲ့သော နှစ်ဝက်လောက်က ဤကမ္ဘာကြီးအတွင်း ရောက်ရှိလာသော သူသည် ရှန်ရှန်ကျုံ့ဂိုဏ်းအား ယခု အခြေအနေထိရောက်အောင် တိုးတက်အောင် ပြုလုပ်နိုင်ခဲ့ပေသည်။ဝမ်ဖုန်းသည် ယုံကြည်ထားပါသည်။ တစ်နေ့နေ့တွင် ရှန်ရှန်ကျုံ့ဂိုဏ်းက တစ်လောကလုံးတွင် အသန်မာဆုံး ဂိုဏ်းတစ်ခု ဖြစ်လာလိမ့်မည်။

သူဆိုသည့် ကြီးမြတ်သော ဂိုဏ်းချုပ်ကြီးကလည်း မိုးကောင်းကင်နှင် ကမ္ဘာလောကကြီးကြားရှိ ပါရမီရှင်များအားလုံးကို စုစည်းမည့်သူ ဖြစ်လာရမည်။သူသည် လောကတစ်ခွင် ရှမ်းရှမ်း‌တောက် ကျော်ကြားသောသူများကို စုစည်းခေါ်ဆောင် ပေလိမ့်မည်။

ဝမ်ဖုန်း၏ အတွေးများဟာ ရှုပ်ထွေးပွေလီသည်ဟု တွေးထင်ရသော်လည်း အမှန်တကယ်မှာတော့ ဝမ်ဖုန်းသည် ထိုအတွေးများအား တစ်ခဏကြာအောင်သာ တွေးတောနေခဲ့ခြင်းဖြစ်သည်။ ဝမ်ဖုန်းနှင့် အခြားသူများသည် ချန်းလန်ဓားဂိုဏ်း ကမ္ဘာငယ်လေးအတွင်းမှ ထွက်လာခဲ့ကြပြီး ယွမ်ကျင်း တောင်တန်းများပေါ်၌ ထွက်ပေါ်လာခဲ့ကြသည်။

သို့ပါသော်လည်း သူတို့ထွက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ဖုန်းနှင့် အခြားသူများသည် ခပ်လှမ်းလှမ်း တစ်နေရာရှိ သွေးစွန်းနေသော ပုံရိပ်အား မြင်တွေ့လိုက်ကြရသည်နှင့် မျက်မှောင်များ ကျုံ့လိုက်ကြသည်။

"ရွှမ်ယိ ဘာတွေဖြစ်နေတာလဲ"

ထိုပုံရိပ်အား တွေ့မြင်လိုက်ရသည့်အခါ လေဧကရာဇ်နှင့် လေအင်ပါယာ အကြီးအကဲအားလုံး၏ အမူအယာများသည် လုံးဝ ပြောင်းလဲသွားသည်။လေဧကရာဇ်သည် ချက်ချင်းဆိုသလို လူရှိရာအား ပြေးဝင်သွားပြီး နက်ရှိုင်းသော လေသံဖြင့် မေးမြန်းလိုက်သည်။

လေဧကရာဇ်သည် မျက်မှောင်ကြီး ကျုံ့နေပြီး အင်ပါယာအကြီးအကဲများ၏ မျက်ဝန်းများ၌လည်း အေးစက်သော အလင်းတန်းများ ထွက်ပေါ်လျက်ရှိသည်။ဘယ်သူကများ လေအင်ပါယာကြီးရဲ့ အကြီးအကဲကို တိုက်ခိုက်ရဲသလဲ!

"အရှင်မင်းကြီး တစ်ခုခု ဖြစ်နေပါပြီ!"

လေဧကရာဇ်၏ အသွင်အပြင်အား တွေ့မြင်လိုက်ရသော အခါ ရွှမ်ယိသည် မျက်ရည်များ စီးကျလာပြီး ပြောဆိုလိုက်သည်။သူသည် သူ့ခန္ဓာကိုယ်ရှိ နာကျင်မှုများအား ကြိတ်မှိတ်ခံစားလျက် ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ပြောစမ်း!''

ရွှမ်ယိ၏ လက်အား ဆုပ်ကိုင်ရင်း ဒဏ်ရာများကုသပေးရန် စွမ်းအင်များ လွဲပြောင်းပေးနေရင်းမှ လေဧကရာဇ်သည် နက်ရှိုင်းသော လေသံဖြင့် ပြောလိုက်သည်။

"အိမ်ရှေ့မင်းသား.... အိမ်ရှေ့မင်းသား ပုန်ကန်နေပါပြီ"

"ဘာ...."

"ပုန်ကန်တယ် .." လေဧကရာဇ်၏ မျက်လုံးသူငယ်အိမ်များသည် လှုပ်ရှားသွားပြီး သူသည် ကောင်းကင်အားမော့ကြည့်ကာ ဟစ်ကြွေးလိုက်သည်။သူ၏ ခန္ဓာကိုယ်ကြီးသည် မီးတောင်ကြီး ပေါက်ကွဲလုမတတ် တုန်ခါနေပြီး အမျက်ဒေါသ အချောင်းချောင်း ထွက်ပေါ်လျက်ရှိသည်။

"မင်းရဲ့ ကျင့်ကြံဆင့်နဲ့ ဒီကလေး တစ်ယောက်ကို ရှုံးနိမ့်စရာလား " လေဧကရာဇ်သည် ဒေါသများမျိုသိပ်ရင်း မေးမြန်းလိုက်သည်။

"အိမ်ရှေ့မင်းသား..... အိမ်ရှေ့မင်းသားက ပြင်ပက လူတွေနဲ့ ပူးပေါင်းပြီး ပုန်ကန်တာပါ။ အဲ့ဒီလူတွေက သိပ်ကို သန်မာလွန်းတယ်။ ဒီလူအိုကြီးကလည်း သူတို့ရဲ့ ပြိုင်ဖက် မဟုတ်ပါဘူး။ သူတို့သာ ဒီလူအိုကြီးကို ရည်ရွယ်ချက်ရှိရှိ လွတ်ပေးခဲ့တာ မဟုတ်ရင် ဒီလူအိုကြီးလည်း ထွက်ပြေး လွတ်မြောက်မှာ မဟုတ်ပါဘူး! "

ရွှမ်ယိသည် လေဧကရာဇ်၏ ဘေးနားကို လမ်းလျှောက်လာသော ဝမ်ဖုန်းနှင့် အခြားသော သူများအား ငေးစိုက်ကြည့်ရင်း တွန့်ဆုတ်ဆုတ် အမူရာဖြင့် ပြောဆိုလိုက်ပါသည်။

All Chapters