ဉာဏ်အလင်းပွင့်ဇယား။
Vol. 12 Ch. 161
“ကျေးဇူးကန်းတဲ့ကောင်! မျိုးမစစ်ကောင်!”
ကြီးမြတ်သောလေဧကရာဇ်သည် အကြိမ်ကြိမ်အခါခါ အော်ဟစ်ကြိမ်းေမာင်းနေ၏။ သူ၏ဦးခေါင်းခွံမှာ ထင်ပေါ်ကျော်ကြားမှုဖြင့် ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံးသည်တော့ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။ မုရှင်းချန်သည် ထီးနန်းကိုလိုချင်တပ်မက်နေသည်မှာ အချိန်ကြာမြင့်ခဲ့ပြီကို သူသိပါ၏။ သို့သော် သူအမြဲတွေးခဲ့သည်မှာ မည်သို့ပင်ဖြစ်စေ မုရှင်းချန်သည် သူ၏သားတော်ဖြစ်ပြီး မုရှင်းချန်၏ရည်မှန်းချက်မှာ မည်မျှကြီးမားစေဦးတော့ သူရှိနေသ၍ မုရှင်းချန်အနေဖြင့် လှုပ်ရှားဝံ့မည်မဟုတ်ဟု တွေးထားခဲ့သည်။
မိမိမှာ သက်ရှိထင်ရှားရှိနေပါလျက်နှင့် ကြီးမြတ်သောလေမြို့တော်မှ ထွက်ခွာလိုက်ရုံဖြင့် ပုန်ကန်ထကြွမှုကို ကျူးလွန်ဝံ့လိမ့်မည်ဟု ကြီးမြတ်သောလေဧကရာဇ်သည် တစ်ကြိမ်တစ်ခါသော်မျှ မတွေးထားမိခဲ့ပါချေ။
ဖခမည်းတော်ဖြစ်သူသည် ဓားရှည်ကိုကိုင်မြှောက်နိုင်စွမ်းမရှိဟူသည် မှန်ကန်ပါ၏လော။
“ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေ ဘယ်မှာလဲ”
ဝမ်ဖုန်းသည် ရွှမ်ယိ၏တုံ့ဆိုင်းနေသည့်အမူအရာကို သတိထားမိသောကြောင့် မျက်မှောင်ကြုတ်လျက် လေးနက်သည့်အသံဖြင့် မေးလိုက်၏။
“ဂိုဏ်းချုပ်အရှင်ရဲ့တပည့်တွေက ကြီးမြတ်သောလေအင်ပါယာကနေ ဘေးကင်းစွာထွက်ခွာသွားခဲ့ပြီ မဟုတ်ပါလား…?”
ရွှမ်ယိမှ တုံ့ဆိုင်းစွာဖြင့်ပြော၏။
“ပြောစမ်း!”
ဝမ်ဖုန်း၏မျက်နှာမှာ ပျက်ယွင်းသွားလျက် ကြိမ်းမောင်လာ၏။
ထိုကြိမ်းမောင်းအော်ဟစ်သံသည် မိုးခြိမ်းသံအလား ရွှမ်ယိ၏နားစည်တွင် မြည်ဟိန်းသွားခဲ့လေရာ လျစ်လျူမရှုရဲတော့ဘဲ ရုတ်ချည်းအသံထွက်လာခဲ့သည်။
“မင်းသားရဲ့ပုန်ကန်မှုမတိုင်ခင်က ယောင်ရီအင်ပါယာက ရှန်ရှန့်ကျုံဂိုဏ်းကိုတိုက်ခိုက်ဖို့အတွက် လက်ဝဲအမတ်နဥ်ချန်ကုန်းကို တပ်မှူးအနေနဲ့တာဝန်ေပးပြီး စစ်သည်တစ်သိန်းနဲ့အတူ စေလွှတ်လိုက်တယ်လို့ သတင်းရခဲ့ပါတယ်။ နားလည်ရခက်စွာပဲ ချင်းယွမ်အင်ပါယာကလည်း ရှန်ရှန့်ကျုံဂိုဏ်းကိုချေမှုန်းမယ့်တိုက်ပွဲကို လာရောက်ပူးပေါင်းပါဝင်ခဲ့တယ်။ ချင်းယွမ်အင်ပါယာကလည်း ကာကွယ်ရေးမှူးချုပ်သောက်ဝူကျုံကို တပ်မှူးအဖြစ်တာဝန်ပေးပြီး စစ်သည်တစ်သိန်းစေလွှတ်ခဲ့ပါတယ်”
“အခု ယောင်ရီအင်ပါယာစစ်တပ်နဲ့ ချင်းယွမ်အင်ပါယာစစ်တပ်တွေ ရှန်ရှန့်ကျုံဂိုဏ်းကိုရောက်ဖို့က အနှေးနဲ့အမြန်ပါပဲ”
“ဘာတွေဖြစ်ကုန်တာလဲ”
ရွှမ်ယိ၏စကားများကိုကြားပြီးနောက်တွင် ကြီးမြတ်သောလေဧကရာဇ်သည် မျက်လုံးများမှေးကျဉ်းလျက် တည်ကြည်လေးနက်စွာဖြင့်ပြော၏။ သူတို့ထွက်ခွာခဲ့သည်အချိန်တိုလေးအတွင်း၌ ကမ္ဘာလောကကြီးတစ်ခုလုံးမှာ စစ်ပွဲမီးလျှံတောက်လောင်နေသည့်အလား ကိစ္စရပ်ကြီးများဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ကြီးမြတ်သောလေအင်ပါယာ၏မင်းသားတစ်ပါးမှ ပုန်ကန်မှုကျူးလွန်ခဲ့ရုံမျှမက သူ၏ကြီးမြတ်သောလေအင်ပါယာနှင့် မဟာမိတ်ဖွဲ့ထားသည့် ရှန်ရှန့်ကျုံဂိုဏ်းသည်ပင် အင်ပါယာကြီးနှစ်ခု၏ လက်နက်လူသူဖြင့်ဝန်းရံတိုက်ခိုက်ခြင်းကို ခံရလေသည်။ ကြီးမြတ်သောလေဧကရာဇ်သည် သူနှင့်ရှန်ရှန့်ကျုံဂိုဏ်းအား နောက်ကွယ်မှ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးအဖြစ် အာရုံခံစားမိပေသည်။
ကြီးမြတ်သောလေဧကရာဇ်အား ပို၍စိတ်ရှုပ်ေထွးစေသည်မှာ အပြင်လောကကြီးနှင့် တသီးတခြားနေထိုင်သည့် ချင်းယွမ်အင်ပါယာသည် အဘယ်အကြောင်းကြောင့် ရှန်ရှန့်ကျုံဂိုဏ်းအား တိုက်ခိုက်ရသနည်းဟူသည့်အချက်ဖြစ်သည်။
“စိတ်ဝင်စားစရာပဲ။ ငါသွားမရှာရဘဲ သူတို့ကိုယ်တိုင်ပဲ တံခါးဝကိုရောက်လာကြတာတဲ့လား”
ရွှမ်ယိ၏စကားအဆုံးတွင် ဝမ်ဖုန်းသည် ပူပန်ကြောင့်ကြမှုမရှိပါဘဲ လှောင်ရယ်လျက်ပြောလာ၏။
ဝမ်ဖုန်း ကနဦးစဉ်စားထားခဲ့သည်မှာ ချန်းလန်ဓားဂိုဏ်း၏ကမ္ဘာငယ်လေးမှ ထွက်ခွာပြီးလျှင် ယောင်ရီအင်ပါယာကိုတိုက်ခိုက်ရန်ဖြစ်၏။ ယခု၌ သူတို့ကိုယ်တိုင်ပင် တံခါးဝသို့ရောက်ရှိလာခဲ့သည်ဖြစ်ရာ များစွာပို၍လွယ်ကူသွား၏။ သို့သော် ချင်းယွမ်အင်ပါယာအထိ ပါဝင်လာခဲ့မည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပါ။
“အဲဒါ… ဂိုဏ်းချုပ်ဝမ်ခင်ဗျ အင်ပါယာကြီးနှစ်ခုက ရှန်ရှန့်ကျုံဂိုဏ်းကို လာတိုက်ခိုက်တာပါ…!”
ရွှမ်ယိမှ တုန်ယင်နေသည့်အသံဖြင့်ပြော၏။
“ဪ? အဲ့တော့ ငါ့ရှန်ရှန့်ကျုံဂိုဏ်းက ဘာဖြစ်သွားလို့တုန်း?”
ဝမ်ဖုန်းမှ မျက်လုံးများမှေးကျဉ်း၍မေး၏။
ရှန်ရှန့်ကျုံဂိုဏ်းသည် အင်ပါယာကြီးသုံးခု၌ ထင်ရှားကျော်ကြားသော်ငြား ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားအစစ်အမှန်ထွက်ပေါ်မလာမီအထိ မည့်သည့်ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီးများဖြစ်စေ၊ အင်ပါယာကြီးနှစ်ခုဖြစ်စေ ရှန်ရှန့်ကျုံဂိုဏ်းအား မျက်လုံးထဲထည့်နေမည်မဟုတ်ချေ။
ယောင်ရီအင်ပါယာမှ သူ၏ရှန်ရှန့်ကျုံဂိုဏ်းအား ဝန်းရံတိုက်ခိုက်ရန် စစ်တပ်ကြီးစေလွှတ်ခြင်းသည်လည်း ကိစ္စမရှိပါ။ ခြုံငုံလိုက်ပါလျှင် နှစ်ဦးနှစ်ဖက်၌ ပဋိပက္ခများရှိနေပြီးဖြစ်၏။ သို့သော် တည်ရှိသည်ဟုပင်မထင်ရလောက်အောင် တသီးတခြားနေတတ်သည့် ချင်းယွမ်အင်ပါယာသည်ပင် ပါဝင်လာခဲ့လျက် ရှန်ရှန့်ကျုံဂိုဏ်းအား တိုက်ခိုက်လိုသည့်အခြားအင်အားစုများလည်း ပေါ်ပေါက်လာခြင်းမှာမူ လုံးဝပုံမှန်ဟုတ်မနေပါချေ။
“အတိအကျကိုတော့ ဒီလူအိုကြီးလည်း ရှင်းရှင်းလင်းလင်းမသိပါဘူး။ ဒါပေမဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့အထက်ကောင်းကင်မှာ ဉာဏ်အလင်းပွင့်ဇယားလို့ခေါ်တဲ့ ဇယားတစ်ခုပေါ်ထွက်လာခဲ့တယ်လို့ပြောကြတယ်။ ဉာဏ်အလင်းပွင့်ဇယားရဲ့လွှမ်းမိုးမှုအောက်မှာဆို ကိုယ်ပိုင်သိမြင်နားလည်နိုင်စွမ်းရည်က ပုံမှန်ထက် အဆ၍ဒါဇင်ပေါင်းများစွာ အဆုံးမရှိတိုးမြင့်လာနိုင်တယ်တဲ့။ ဉာဏ်အလင်းပွင့်ဇယားထဲမှာ ပါဝင်သွားတာနဲ့ အဆတစ်ရာလောက် ပိုတိုးမြင့်သွားနိုင်ပါတယ်တဲ့”
“အခုလက်ရှိမှာ ရှန်ရှန့်ကျုံဂိုဏ်းတစ်ဂိုဏ်းလုံး၊ ရှန်ရှန့်ဂိုဏ်းတစ်ခုတည်းကသာ ဉာဏ်အလင်းပွင့်ဇယားမှာ ကြီးစိုးထားတာမလို့ အဲဒါကြောင့်…”
“အဲဒါကြောင့် သူတို့တွေ မနာလိုဖြစ်ကုန်ကြတယ် ဟုတ်တယ်မလား?”
ဝမ်ဖုန်းမှ လှောင်ရယ်လျက်ပြော၏။ သူ၏ခန္ဓာကိုယ်ထက်တွင် အေးစက်သည့်သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ လွှမ်းခြုံနေရာ ရွှမ်ယိမှာ မထိန်းချုပ်နိုင်စွာ ကြက်သီးမွေးညင်းများ ထလာရတော့သည်။
ရွှမ်ယိ၏တိတ်ဆိတ်မှုသည် သိမြင်နားလည်မှုကို အဆပေါင်းဒါဇင်၊ အဆပေါင်းရာချီ တိုးမြင့်စေနိုင်၏။ ဤသွေးဆောင်ဖျားယောင်းမှုကို မည်သူမျှ လွန်ဆန်နိုင်စွမ်းမရှိမည်ကို စိုးရွံ့မိပါ၏။
ကြီးမြတ်သောလေဧကရာဇ်သည်လည်း ကြီးမားသည့်အပြောင်းအလဲများ ခံစားနေရခြင်းကြောင့်မဟုတ်ပါလျှင် ဝမ်ဖုန်းသည် ထိုဆက်ဆံရေးကိုပြတ်သားပါ်လွင်စေရန် ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်သွားခဲ့ပြီးဖြစ်ပေမည်။
“ငါ့ကိုပြောစမ်း။ ချင်းယွမ်အင်ပါယာနဲ့ ယောင်ရီအင်ပါယာအပြင် ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကိုတိုက်ခိုက်တာမှာ တခြားဘယ်အင်အားစုတွေပါဝင်သေးလဲ”
ရွှမ်ယိအားမေးမြန်းနေသည့် ဝမ်ဖုန်း၏မျက်လုံးများတွင် အေးစက်သည့်အလင်းတို့ ထင်ဟပ်နေခဲ့သည်။
“သန့်မော့ဂိုဏ်း၊ ယွမ်မင်ဓားဂိုဏ်း၊ တစ္ဆေဝိဉာဉ်ဂိုဏ်းလို့အမည်ရတဲ့ လတ်တလော ပြန်လည်ရှင်သန်လာတဲ့ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီး သုံးဂိုဏ်းပါဝင်ပါတယ်။ ဂိုဏ်းသုံးဂိုဏ်းလုံးဟာ လက်တွေ့အသုံးချနိုင်တဲ့ အင်အားကြီးမားတဲ့အင်အားစုကြီးတွေပါ။ ဒါပေမဲ့ ဒီလူအိုကြီးအထင်တော့ အဲဒီ့ဂိုဏ်းသုံးဂိုဏ်းက ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်ချေမှုန်းဖို့က ရည်ရွယ်ချက်အလုံးစုံမဟုတ်ဘဲ ဉာဏ်အလင်းပွင့်ဇယားပိုင်ဆိုင်မှုအတွက် ယှဉ်ပြိုင်ပြီး ဂိုဏ်းကိုဖျက်ဆီးဖို့ ရောက်လာခဲ့ကြတာလို့ထင်ပါတယ်”
ရွှမ်ယိသည် အချိန်ခဏမျှ တွေးတောဆင်ခြင်လျက် ပြော၏။ သူ၏မျက်လုံးများသည်တော့ ဝမ်ဖုန်းအား ရိုသေလေးစားစွာဖြင့် ကြည့်နေခဲ့သည်။ ရွှမ်ယိမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားမြင့်ကျင့်ကြံသူများမှ ဆန်းကြယ်အဓိပတိအထက်ကျင့်ကြံသူသုံးဦးကို တိုက်ကွက်တစ်ချက်ဖြင့် သတ်ပစ်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ခြင်းကြောင့်မဟုတ်ခဲ့ပါလျှင် ရှန်ရှ့န်ကျုံဂိုဏ်းအား ခစားရခြင်း၌စိုးရိမ်ပူပန်နေမိလိမ့်ပေမည်။ သို့သော် ယခုတွင်တော့ စိတ်သက်သာစွာဖြင့် အဖန်ဖန်လှောင်ရယ်နိုင်ပေ၏။
ထိုလူများသည် ရှန်ရှန့်ကျုံဂိုဏ်းအား ပုရွက်ဆိတ်များသဖွယ် သဘောထား၍ ဆန္ဒရှိသလိုအနိုင်ကျင့်နိုင်မည်ဟု တွေးထင်နေကြသည်။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းမှာ သူတို့စော်ကားပြစ်မှားရန်မတတ်နိုင်သည့် မည်သို့သောတည်ရှိမှုဖြစ်သည်ကိုမူ မသိရှိကြချေ။
“ကောင်းပြီ အရမ်းကောင်းတယ်။ သူတို့က ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို ပုရွက်ဆိတ်လိုသဘောထားတော့လည်း ပြပေးရသေးတာပေါ့။ ပုရွက်ဆိတ်ကလည်း ကောင်းကင်ကိုလှုပ်ကိုင်နိုင်စွမ်းရှိတယ်ဆိုတာကို”
ဝမ်ဖုန်း လှောင်ရယ်လျက်ပြော၏။ သူ၏အသံမှာ သွေးဆောင်ဖျားယောင်နိုင်စွမ်းသော ရေခဲကိုးဖြာအလား ခံစားချက်ကင်းမဲ့နေခဲ့သည်။ အရေးမစိုက်ဟန်မှာ အလွန်တရာထင်ရှားပေါ်လွင်နေခဲ့၏။
“ဂိုဏ်းချုပ်ဝမ် အခု အဲဒီ့အင်အားစုတွေက ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်တော့မယ်ဆိုတော့ ဂိုဏ်းချုပ်ဝမ်အနေနဲ့ ဂိုဏ်းကို ဖြစ်နိုင်သမျှမြန်မြန်ပြန်တာကောင်းပါလိမ့်မယ်”
ကြီးမြတ်သောလေဧကရာဇ်မှ ဝမ်ဖုန်းကိုပြော၏။
ကြီးမြတ်သောလေဧကရာဇ်သည် ပုန်ကန်မှုကိုကူညီဖြေရှင်းရန် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို အသုံးပြုလိုပါ၏။ သို့သော် ယခုအချိန်၌ ရှန်ရှန့်ကျုံဂိုဏ်းမှာ ကြီးမားသည့်ကပ်ဘေးနှ့င်ကြုံတွေ့နေရသည်ဖြစ်ရာ မိမိအားကူညီရန် ပါးစပ်ဟခဲ့ပါလျှင် တကယ့်ကို လူမဆန်ရာကျပေမည်။
ထို့ပြင် မိမိသည် ကြီးမြတ်သောလေအင်ပါယာ၏ ဂုဏ်သရေဖြစ်၏။ ပုန်ကန်မှုဖြေရှင်းရာ၌ သူတစ်ပါး၏အင်အားကို မှီခိုခြင်းသည်လည်း ကျရှုံးမှုတစ်မျိုးဖြစ်ပေသည်။
“ဧကရာဇ်ကြီး… ဧကရာဇ်ကြီး…!”
ကြီးမြတ်သောလေဧကရာဇ်၏စကားအဆုံးတွင် ဘေးရှိ ရွှမ်ယိ၏မျက်နှာအမူအရာသည် အနည်းငယ်မူမမှန်ဖြစ်လာခဲ့၏။
“ဘာဖြစ်လို့လဲ”
ကြီးမြတ်သောလေဧကရာဇ်သည် ရွှမ်ယိအားလှည့်ကြည့်၍ တည်ကြည်စွာဖြငိ့ပြော၏။
“အဲဒါက…”
“ငါ့ရဲ့ပုန်ကန်တဲ့သားတော်က မင်းသားတစ်ပါးဖြစ်ဖို့မထိုက်တန်ဘူး!”
ကြီးမြတ်သောလေဧကရာဇ်မှ အေးစက်စွာအော်ပြော၏။
“မုရှင်းချန်ရှာဖွေထားတဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေက ဆန်းကြယ်အဓိပတိအထက်မှာ ရှိကြပါတယ်”
“မျိုးမစစ်ကောင်! ရူးမိုက်လိုက်တာ! သူက ဆန်းကြယ်သူတော်စင်အဆင့်တည်ရှိမှုတွေကိုတောင် လှုပ်ကိုင်နိုင်ခဲ့တယ်တဲ့လား”
ကြီးမြတ်သောလေဧကရာဇ်သည် ဦးစွာ အံ့ဩထိတ်လန့်သွားခဲ့ကာ ထို့နောက်တွင်တော့ ပို၍ဒေါသတကြီးဖြင့် အော်ဟစ်ကြိမ်းမောင်းလေတော့သည်။
ကြီးမြတ်သောလဧကရာဇ်ကြီးသည် ကနဦး၌ မုရှင်းချန်သည် ရည်မှန်းချက်ကြီးမားလျှင်သော်မှ ထက်မြက်သူတစ်ဦးဟု တွေးခဲ့သည်။ သို့သော် သူ၏သားတော်သည် ဆန်းကြယ်သူတော်စင်အဆင့်ကျင့်ကြံသူများ၏အင်အားကို ချေးငှားဝံ့သည်အထိ တုံးအရူးမိုက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ဤပုန်ကန်တတ်သည့်သားသည် ရည်မှန်းချက်ကြောင့် စုံလုံးကန်းသွားခဲ့လေပြီ!
“ဧကရာဇ်ကြီးနဲ့ကျုပ်က မဟာမိတ်တွေဖြစ်နေပြီဆိုမှတော့ ကြီးမြတ်သောလေအင်ပါယာ ဒုက္ခကြုံနေရတဲ့အချိန်မှာ ရှန်ရှန့်ကျုံဂိုဏ်းအနေနဲ့ ကူညီပေးရမှာ သဘာဝကျပါတယ်”
ဝမ်ဖုန်း၏မျက်လုံးများမှာ တောက်ပနေလျက် အရေးမထားဟန်ပြော၏။
“ဒါပေမဲ့…”
ထိုစကားကိုကြားလိုက်ရသည်တွင် ကြီးမြတ်သောလေဧကရာဇ်သည် ဝမ်းမြောက်မသွားနိုင်ခဲ့ပါ။ ထိုအစား စိုးရိမ်ပူပန်သွားရ၏။
ဝမ်ဖုန်းသည့် သူ့အား စိတ်ရင်းမှန်ဖြင့် ဆက်ဆံပေသည်။ ဤကဲ့သို့သောအချိန်မျိုးတွင် သူ့အနေဖြင့် ရှန်ရှန့်ကျုံဂိုဏ်းမှ ပုန်ကန်မှုကိုကူညီဖြေရှင်းပေးပါရန် အဘယ်သို့များ တောင်းဆိုနိုင်ပါမည်နည်း။
“သူတို့က ကျုပ်ရဲ့ရှန်ရှန့်ကျုံဂိုဏ်းရဲ့အင်အားကို ဘယ်လိုများ လှုပ်ကိုင်နိုင်မှာတဲ့လဲ!”
ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းလျက် ပြက်ရယ်ပြု၏။
ဓားဧကရာဇ်ရှဲ့ရှောင်ဖုန်းဆိုတာ တန်ဆာဆင်ထားတဲ့ဂုဏ်ပုဒ်သက်သက် ဟုတ်ပါ့မလား? ??