← Chapters

ပြိုက်ဘက်ကင်းဓားနတ်ဆိုး၊ လမ်း‌စဉ်တစ်သောင်းပေါင်းစည်းခြင်း။

Vol. 12 Ch. 162

ပြိုက်ဘက်ကင်းဓားနတ်ဆိုး၊ လမ်း‌စဉ်တစ်သောင်းပေါင်းစည်းခြင်း။

Vol. 12 Ch. 162

ဝမ်ဖုန်း၏စကားအဆုံးတွင် ကြီးမြတ်သောလေဧကရာဇ်၏မျက်နှာအမူအရာမှာ တုန်ရီလာခဲ့ရသည်။ ကြီးမြတ်သောလေဧကရာဇ်သည် ဝမ်ဖုန်းအား ငေးစိုက်ကြည့်လျက် နှလုံးအိမ်သည်လည်း အလွန်တရာခုန်လှုပ်နေခဲ့ပေသည်။ ကြည့်ရသည်မှာ မိမိမှာ ရှန်ရှန့်ကျုံဂိုဏ်းကို လျှော့တွက်ခဲ့မိသည်ထင်ပါ၏။

ထိုအခိုက်အတန့်တွင် လက်နှစ်ဖက်ကိုနောက်ပစ်လျက်ရပ်နေခဲ့သည့် ဝမ်ဖုန်းသည် ကြီးမြတ်သောလေဧကရာဇ်၏မျက်လုံးထဲတွင် မှန်းဆရန်ခက်ခဲနက်နဲလှသည့် ခံစားချက်တစ်မျိုး ဖြစ်တည်လာခဲ့ကာ သူ၏စိတ်နှလုံး၌ ဝမ်ဖုန်းအား လေးစားမှုတို့ပါ ဖြစ်တည်လာရသည်။

အတိတ်ကာလ၌ ဝမ်ဖုန်းမှ သူ့အားကယ်တင်ခဲ့ချိန်တွင် ဝမ်ဖုန်းအား သူနှင့် သာတူညီမျှအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ချန်းလန်ဓားဂိုဏ်းသို့ဤခရီးစဉ်တွင် ဝမ်ဖုန်းမှာ မိမိထက် သာလွန်မြင့်မားသူဟု မသိစိတ်မှ အလိုအလျောက် တွေးမိလာခဲ့လေသည်။

ဝမ်ဖုန်း၏အတွေးမှာ ကြီးမြတ်သောလေအင်ပါယာသို့ ပုန်ကန်မှုကိုနှိမ်နင်းရန်အတွက် ကူညီပေးရန်စီစဉ်ရခြင်းမှာ ကြီးမြတ်သောလေဧကရာဇ်ကို ကူညီရန်အတွက်သာ မဟုတ်ပေ။ ရွှမ်ယိမှ ရန်သူမှာ ဆန်းကြယ်အဓိပတိအထက်ဟု မပြောခဲ့ပါလျှင် သူ့အနေဖြင့်လှုပ်ရှားမည်မဟုတ်ပါချေ။

ဆန်းကြယ်အဓိပတိအထက် စွမ်းအားမြင့်ပုဂ္ဂိုလ်များရှိသည်ဟူ၏။ ဆိုလိုသည်မှာ မင်းသားမုရှင်းချန်ရှာတွေ့ထားသည့် ကူညီပေးသူသည် အလွန်တရာအင်အားကြီးမားပေလိမ့်မည်။ သို့ဖြစ်ရာ ဝမ်ဖုန်းအတွက် အကျိုးအမြတ်ကြီးမားနိုင်၏။ ဤတစ်ကြိမ်တွင် အင်အားကြီးမားသည့်ရန်သူများကို ရင်ဆိုင်ရမည်ဖြစ်ရာ ရှဲ့ရှောင်ဖုန်းနှင့် လီရွှမ်းဟွမ်တို့ဖြင့် မလုံလောက်ပေ။

အဆုံးထိသွားမှသာ အကျိုးအမြတ်ပိုမိုရရှိနိုင်၏။ ထိုသို့တွေးတောဆင်ခြင်ပြီးနောက်တွင် ဝမ်ဖုန်းစိတ်ထဲမှပြောလိုက်သည်။

“စနစ် ကြိုတင်ကျပန်းဆင့်ခေါ်ခွင့်၅ခုပေါင်းလိုက်!”

“ဒင်! ကြိုတင်အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်၅ခုကို ပေါင်းစည်းပြီး အထူးအဆင့် ကျပန်းဆင့်ခေါ်ခွင့်တစ်ခု ရရှိခြင်းအတွက်ဂုဏ်ပြုပါတယ်”

“အထူးကျပန်းဆင့်ခေါ်ခွင့်ကိုသုံးမယ်”

“ဒင်! ပြိုင်ဘက်ကင်းဓားနတ်ဆိုးကို ဆင့်‌ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို ကြည့်ပါမလား”

အေးစက်သည့်အသံ စိတ်တွင်းမှထွက်ပေါ်လာသည်တွင် ဝမ်ဖုန်းသည် တုန်ရီသွားလျက် မျက်လုံးများမှာ တောက်ပလာ၏။ ၎င်းမှာ ဒဏ္ဍာရီလာဇာတ်ကောင်ဖြစ်သည်။ ၎င်းသည် စင်မြင့်ထက်တွင် ပေါ်ထွက်လာခြင်းငှာ ရှားပါးသော်ငြား သူ၏ဒဏ္ဍာရီသည် ကမ္ဘာလောကတစ်ခုလုံးတွင် ပျံ့နှံ့စီးဆင်းနေပေသည်။ သူယခင်ဆင့်ခေါ်ခဲ့သည့် ရန်ကောသည် သူ၏မျိုးဆက်ဖြစ်၏။

ဝမ်ဖုန်းမှာ မျှော်လင့်ချက်အချို့ ဖြစ်ပေါ်လာခဲ့သည်။ ထိုဆရာရန်ကော၏တည်ရှိမှုသည် မည်မျှအင်အားကြီးမားလိမ့်မည်နည်း။

“ဒင်! ပြိုင်ဘက်ကင်းဓားနတ်ဆိုး၏ စွမ်းရည်ဇယား:

အမည်: တုကူချိုးပိုင်

ဂုဏ်ပုဒ်: ပြိုင်ဘက်ကင်းဓားနတ်ဆိုး

ကျင့်ကြံမှု: ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ: ဓားနတ်ဆိုးအရှင်သခင်ခန္ဓာ (ကျင့်ကြံပြီးနောက် ဓားသိုင်းပညာသည် နှစ်ဆတိုးတက်၍ အင်အားသည်လည်း သိသာထင်ရှားစွာ တိုးတက်မည်။ ထုတ်ဖော်ပြသနိုင်သည့်အချိန်ကန့်သတ်ချက်မှာ တစ်နာရီဖြစ်ပြီး ကျင့်ကြံမှုအခြေခံတိုးမြင့်ခြင်းနှင့်အတူ အချိန်ကန့်သတ်ချက်သည်လည်း တိုးပွားလာမည်)

သွေးသား: ဓားနတ်ဆိုးသွေးသား (ဓားလမ်းစဉ်၏နတ်ဆိုး၊ ကျင့်ကြံပြီးနောက် ဓားရောင်ခြည်သည် နတ်ဆိုးသို့ပြောင်းလဲ၍ လူတို့၏စိတ်အစဉ်ကို နှောင့်ယှက်နိုင်သည့်စွမ်းရည်ရှိသည်)

ဥပဒေသ: ဓားသိုင်းပညာ၏ဥပဒေသ (ပြီးပြည့်စုံခြင်း)

ချီစွမ်းအင်: ဓားချီဖြင့်နတ်ဆိုးသို့ပြောင်းလဲ၊ ဓားရှည်တစ်လက်ဖြင့် လောကကိုထွန်းတောက်စေ၊ ဓား၅လက်နယ်ပယ်၊ ကိုယ်ကျိုးမဲ့ဓား၊ ဂုဏ်သရေနှင့်ပြည့်စုံသည့် တစ်လက်တည်း‌သောနတ်ဆိုးဓား၊၊ ဓားလက်နက်ဟူသည် အရာအားလုံး။

မှော်စွမ်းအင်: တုကူ၏ဓားကိုးဖြာ။

ရွှမ့်ပင်း: ဓားမရှိ!

ထူးခြားစွမ်းရည်: ဓားသင်္ချိုင်း (အရင်ဘဝတွင် တုကူချိုးဖုန်းမှ တုကူချိုးဖူနှင့်အတူ မြှုပ်နှံခံခဲ့ရသောနေရာ။ တုကူချိုးပိုင်မှ ဓားသင်္ချိုင်းကို အသက်သွင်းခဲ့ချိန်တွင် ဓားသိုင်းပညာ၏ဥပဒေသကိုပါ အသက်သွင်း၍ ဓားသိုင်းနယ်ပယ်ကိုပါ ဖြစ်‌တည်စေခဲ့သည်။ လူအပေါင်းတို့သည် တုကူချိုးပိုင်၏ထိန်းချုပ်မှုအောက်တွင်ရှိနေကြလျက် သေခြင်း၊ရှင်ခြင်းတရားကို မထိန်းချုပ်နိုင်ပေ)”

“မှတ်ချက်: တုကူချိုးပိုင်၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ဆန်းကြယ်နတ္ထိအဆင့်နှင့် ယှဉ်နိုင်စွမ်းရှိသည်!”

ဝမ်ဖုန်းသည် တုကူချိုးပိုင်၏စွမ်းရည်ဇယားကို‌ ကြည့်ပြီးနောက်တွင် မျက်လုံးပြူးကျယ်သွားရလျက် အသက်ရှူသံပင် အနည်းငယ်ပြင်းထန်လာရသည်။ မိမိမှာ လတ်တလော ကံကောင်းနေပေသည်။ ဦးစွာ သိမ်းငှက်သူ‌ရဲကောင်းနှင့်ဓားကို ဆင့်ခေါ်ခဲ့သည်။ ယခု၌ တုကူချိုးပိုင်ကို ဆင့်ခေါ်ခဲ့ပြန်သည်။

ပျော်ရွှင်ဖွယ်သောအထီးကျန်မှုသည် အထီးကျန်မှုဖြစ်ပြီး ပျော်ရွှင်ဖွယ်သောပျော်ရွှင်မှုမှာ ပြိုင်ဘက်ကင်းခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် ဂိုဏ်းချုပ်ကြီးဝမ်ဖုန်းမှာ အထီးကျန်မှုနှင့်အတူ ပျော်မွေ့မိပေသည်။

ပြိုင်ဘက်ကင်းကွ!

“စနစ် တုကူချိုးပိုင်ကို ရှန်ရှန့်ကျုံဂိုဏ်းဆီ လာဖို့နေရာချလိုက်ပါ”

စိတ်လှုပ်ရှားနေပြီးနောက်တွင် ဝမ်ဖုန်းစိတ်ထဲမှပြောလိုက်သည်။ ယခု၌ ရှန်ရှန့်ကျုံဂိုဏ်းသည် ကြီးမားသည်ရန်သူကို ရင်ဆိုင်နေရပြီး အင်အားစုများစွာတို့၏ မျက်စိကျခြင်းကို ခံနေရသည်ဖြစ်ရာ တုကူချိုးပိုင်ကို ရှန်ရှန့်ကျုံဂိုဏ်းသို့ စေလွှတ်သင့်ပေသည်။

ကြီးမြတ်သောလေအင်ပါယာ၏ရန်သူများနှင့် ရင်ဆိုင်ရန်အတွက်မူ သိမ်းငှက်သူရဲကောင်းများဖြင့် လုံလောက်ပေသည်။

“ဒင်! တုကူချိုးပိုင် ရောက်ရှိမယ့်နေရာကို ရှန်ရှန့်ကျုံဂိုဏ်းမှာ စီစဉ်ပြီးပါပြီ”

ဝမ်ဖုန်းမှ တုကူချိုးပိုင်ကို ဆင့်ခေါ်နေချိန်တွင် ‌ကြီးမြတ်သောလေဧကရာဇ်သည်လည်း တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်တွင် ကြီးမြတ်သောလေဧကရာဇ်သည် ရုတ်တရက်ခေါင်းမော့လာလျက် မျက်လုံးများမှာ ပြတ်သားခြင်းတို့ထင်ဟပ်နေကာ ဝမ်ဖုန်းအား ကြည့်လာခဲ့၍ တည်ကြည်လေးနက်စွာဖြင့်ပြော၏။

“ဂိုဏ်းချုပ်ဝမ် ငါကိုယ်တော် ကြီးမြတ်သောလေဧကရာဇ်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဦးဆောင်မှုနောက်ကို လိုက်လိုပါတယ်”

ထိုစကားများကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရွှမ်ယိမှာ အံ့ဩထိတ်လန့်သွား၏။ ကြီးမြတ်သောလေအင်ပါယာ၏အကြီးအကဲများစွာသည်လည်း ထိတ်လန့်ကုန်ကြသည်။ သူတို့သည် ဧကရာဇ်ကြီးအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြလျက်

'ဒါက… ဒါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ လက်အောက်ခံအဖြစ် ပေါင်းစည်းလိုက်တာလား?’

အကြီးအကဲများစွာတို့သည် ထုတ်ပြောလိုကြသော်ငြား ဆန်းကြယ်အဓိပတိအထက်ကျင့်ကြံသူသုံးဦးကို အနိုင်ပိုင်းခဲ့ခြင်းကို ပြန်လည်ဆင်ခြင်လျက် တိတ်ဆိတ်နေခဲ့ကြရသည်။ ထိုအင်အားသည် ကောင်းကင်ထိတိုင် မြင့်မား၏။

“ဧကရာဇ်ကြီး…”

အင်ပါယာ၏အကြီးအကဲများသည် စကားမဆိုခဲ့ကြပေ။ ရွှမ်ယိသည် အနည်း‌ငယ် ပြောဆိုကြည့်ချင်သေး၏။ သို့သော် စကားလုံးများကို ပြန်လည်မြိုသိပ်လိုက်ပေသည်။

“ဘာလို့လဲ”

ဝမ်ဖုန်းသည်လည်း ကြီးမြတ်သောလေဧကရာဇ်အား အံ့အားသင့်စွာဖြင့်ကြည့်လျက် မေးခဲ့သည်။

“မင်းမှာလည်း အဲဒီ့လိုစိတ်ကူးရှိနေတယ် မဟုတ်ဘူးလား”

ကြီးမြတ်သောလေဧကရာဇ်မှ ခပ်ရေးရေးအပြုံးဖြင့် မေး၏။

ထိုစကားကိုကြားသည်တွင် ဝမ်ဖုန်း ပြုံးလိုက်သည်။ တကယ့်ကို ကြီးမြတ်သောလေအင်ပါယာရဲ့အရှင်သခင်ပါပဲ!

“ကျုပ်ရဲ့ရှန်ရှန့်ကျုံဂိုဏ်းက ထာဝရရှင်သန်တဲ့ အကျော်ဇေယျဆို ကြီးမြတ်သောလေအင်ပါယာဟာလည်း ထာဝရရှင်သန်တဲ့ အကျော်ဇေယျဖြစ်ရစေမယ်!”

ဝမ်ဖုန်းမှ ကြီးမြတ်သောလေဧကရာဇ်အားကြည့်၍ တည်ကြည်လေးနက်စွာပြောခဲ့သည်။

ကြီးမြတ်သောလေဧကရာဇ်သည် ခေါင်းညိတ်လိုက်ပြီးနောက် စကားမဆိုခဲ့ချေ။ သူ ဤဆုံးဖြတ်ချက်ကို စိတ်လိုက်မာန်ပါချခဲ့ခြင်း မဟုတ်ရပါ။ ဂရုတစိုက် သေချာစဉ်းစားဆင်ခြင်ပြီးနောက်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါ၏။

ပထမဦးစွာ သူ့အပေါ် ဝမ်ဖုန်း၏ကြင်နာမှုသည် ပြန်လည်ပေးဆပ်ရန် မတတ်နိုင်သောအရာဖြစ်၏။ ဒုတိယအချက်မှာ ထိုဖြစ်ရပ်ကြီးရောက်လာချိန်တွင် ကြီးမြတ်သောလေအင်ပါယာအနေဖြင့် ရှင်သန်ကျန်ရစ်ရန် လုံလောက်သည့်အင်အား ရှိမနေနိုင်‌တော့ပေ။ မှီခိုရန် တစ်စုံတစ်ယောက်ကို မရှာဖွေပါလျှင် မိမိမှာ တစ်ပါးသူတစ်ဦးဦး၏ခံတွင်းဝမှ စားသောက်ဖွယ်ဖြစ်ရပေလိမ့်မည်။

ထို့ပြင် ရှန်ရှန့်ကျုံဂိုဏ်းသည် အင်အားအရာ၌ မှန်းဆရန်နက်နဲလွန်း၏။ လက်ရှိအချိန်တွင် သူ၏ကြီးမြတ်သောလေအင်ပါယာသည်လည်း ရှန်ရှန့်ကျုံဂိုဏ်းနှင့် ခွဲထွက်ရန်မဖြစ်နိုင်ရာ ဝမ်ဖုန်းမှ ထုတ်ပြောလာသည်ကို‌ စောင့်ဆိုင်းနေခြင်းထက် မိမိဘက်မှ လက်ဦးမှုရယူ၍ပြောလိုက်ခြင်းမှာ ပိုကောင်းပေသည်။

“သွားရအောင်.. ဧကရာဇ်ကြီးရဲ့သားတော်လေးက ကြီးမြတ်သောလေအင်ပါယာကို ဘယ်လိုရန်သူတွေ ခေါ်လာလဲဆိုတာ သွားကြည့်ရအောင်”

ဝမ်ဖုန်း လက်ကိုဝှေ့ယမ်း၍ ကြီးမြတ်သောလေဧကရာဇ်အား ပြောလိုက်သည်။

ကြီးမြတ်သောလေဧကရာဇ်သည်လည်း ခေါင်းညိတ်၍ သူတို့အုပ်စုသည် ကြီးမြတ်သောလေမြို့တော်သို့ ဦးတည်ခရီးနှင်ခဲ့ကြသည်။

“စနစ် စနစ်အဆင့်ကို အဆင့်လေးဖြစ်အောင် တိုးမြှင့်ဖို့အတွက် ဘာတွေလိုအပ်လဲ”

ဝမ်ဖုန်း ပျံသန်းနေရင်းမှ မေးလိုက်သည်။

“ဒင်! စနစ်အဆင့်ကို အဆင့်လေးသို့မြှင့်တင်ဖို့အတွက် ဂိုဏ်းအမှတ်တစ်သန်းနဲ့ သခင် သို့မဟုတ် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ကျင့်ကြံသူတွေက ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ၅ဦးကိုသတ်ဖြတ်ပြီး သူတို့ရဲ့ကံကောင်းခြင်းတွေကိုယူဆောင်ဖို့ လိုအပ်ပါတယ်။ ဆန်းကြယ်နတ်မင်းအဆင့်ကျင့်ကြံသူတွေကို သတ်ဖြတ်ပြီးတဲ့အခါ သူတို့ရဲ့ကံကောင်းခြင်းတွေကို စနစ်က အလိုအလျောက် ယူဆောင်သွားမှာဖြစ်ပါတယ်”

“စနစ်အဆင့် အဆင့်သုံးနဲ့အဆင့်လေးတို့ဟာ အရေးပါသောအပြောင်းအလဲကာလဖြစ်ကြောင်းကို သတိပေးလိုပါတယ်။ စနစ်အ‌ဆင့်လေးသို့ မြှင့်တင်လိုက်တဲ့အခါ ‘နတ်ဘုရားနိုးထခြင်း’ စနစ်လုပ်ဆောင်ချက်အသစ်တစ်ခု ပေါ်ထွက်လာပါလိမ့်မယ်”

“စနစ် နတ်ဘုရားနိုးထခြင်းက ဘာလဲ”

သူ၏စိတ်တွင်းမှ အေးစက်သည့်အသံသည် ဝမ်ဖုန်း၏မျက်လုံးများကို တဖျတ်ဖျတ်လက်သွားစေခဲ့၍ အလျင်အမြန်မေးခဲ့သည်။

“ဒင်! စနစ်ကို အဆင့်လေးသို့မြှင့်တင်လိုက်ရင် သိရပါလိမ့်မယ်”

ဝမ်ဖုန်း ဆူပုတ်သွား၏။ ဝမ်ဖုန်းသည် စနစ်ကို သွားပုပ်လေလွင့်လျှောက်ပြောတတ်သော်ငြား အဆင်မြှင့်တင်ခြင်း၏အရေးပါမှုကိုမူ သိရှိပါသည်။

“စနစ် ငါ့ရဲ့အထူးသီးသန့်ကျင့်ကြံမှုနဲ့ အထူးသီးသန့်စွမ်းအင်တွေကို ထုတ်ယူမယ်”

ဝမ်ဖုန်း၏မျက်လုံးများမှာ မျှော်လင့်မှုတို့ဖြင့် တောက်ပနေလျက် စိတ်ထဲမှပြောလိုက်သည်။

စနစ်မှပေးခဲ့သည့် ထိုအထူးသီးသန့်ကျင့်ကြံမှုနှင့် အထူးသီးသန့်စွမ်းအင်တို့သည် မည်မျှထိ အင်အားကြီးမားမည်နည်း။

“ဒင်! အထူးသီးသန့်သိုင်းပညာ လမ်းစဉ်တစ်သောင်းပေါင်းစည်းခြင်းကို ထုတ်ယူခြင်းအတွက် ဂုဏ်ပြုပါတယ်။ အထူးသီးသန့်စွမ်းအင်ကတော့ လောကဖြိုခွင်းဓားတစ်လက်ဖြစ်ပါတယ်”

“လမ်းစဉ်တစ်သောင်းပေါင်းစည်းခြင်း: ကျင့်ကြံမှုအဆင့်သတ်မှတ်ချက် မရှိပါ။ သခင်၏တိုးတက်မှုဖြင့် အဆင့်မြှင့်တင်နိုင်ပြီး ကျွမ်းကျင်လှပစွာဖန်တီး‌ထားသော စိတ်ကူးခံယူချက်များအထိ ကျင့်ကြံမှုအလုံးစုံကို ပေါင်းစည်းနိုင်သည်”

“လောကဖြိုခွင်းဓားတစ်လက်: စွမ်းအင်အဆင့်သတ်မှတ်ချက် မရှိပါ။ သခင်၏တိုးတက်မှုနှင့်အတူ အဆင့်မြှင့်တင်နိုင်ပြီး ဓားထွက်ပါ်လာသည်နှင့် ကမ္ဘာလောကကို ဖြိုခွင်းနိုင်ပြီး နတ်ဆိုးဟာ ဝိဉာဉ်ကိုချိုးဖျက်၊ သတ္တဝါတွေဟာ အသက်ကင်းမဲ့ပြီး တစ္ဆေတွေမှာ အရိပ်ပျောက်ဆုံးစေမည်!”

All Chapters