← Chapters

ဝမ်ဖုန်းအဆင့်မြင့်တက်ခြင်း။

Vol. 12 Ch. 163

ဝမ်ဖုန်းအဆင့်မြင့်တက်ခြင်း။

Vol. 12 Ch. 163

စနစ်၏အသံအဆုံးတွင် ဝမ်ဖုန်းသည် မျက်လုံးအစုံတောက်ပလျက် အလွန်စိတ်လှုပ်ရှားနေတော့သည်။ စနစ်သည် တကယ့်ကို သူအလိုအပ်ဆုံးအရာကို သေချာသိပေသည်။

ဝမ်ဖုန်း၏လက်ရှိကျင့်ကြံမှုအခြေခံမှာ ပေါင်းစည်းခြင်းဖြင့်‌ဆင့်ခေါ်ထားသည့် စွမ်းအားမြင့်ကျင့်ကြံသူနှင့် တူညီပေသည်။ ၎င်းသည် လျင်မြန်ပြီး ဘေးထွက်ဆိုးကျိုးမရှိသော်ငြား ကိုယ်တိုင်ကျင့်ကြံမှုနှင့်နှိုင်းယှဉ်၍ မရနိုင်ပေ။ ထို့ပြင် နယ်ပယ်အဆင့်မြင့်မားလာသည်နှင့်အမျှ လိုလားဖွယ်ကောင်းခြင်းသည် နည်းပါးလာပေလိမ့်မည်။

အမှန်တကယ် သိမြင်နားလည်ခြင်းနှင့် ကျင့်ကြံခြင်းသည်သာလျှင် ကျင့်ကြံမှုအခြေခံကို ပြီးပြည့်စုံစေနိုင်မည်ဖြစ်၏။ နောက်ဆုံးအကြိမ် ရှေးဟောင်းဂူသင်္ချိုင်းထဲတွင် သူ၏ချီစွမ်းအင်တို့ကို အကြိမ်ပေါင်းများစွာ ဖိနှိပ်ခြင်းမခံခဲ့ရလျှင် ဝမ်ဖုန်း၏လက်ရှိချီစွမ်းအင်မှာ ကျင့်ကြံဆင့်တူညီသူများထက်ပင် ပိုမိုသာလွန်နေရော့မည်။ သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် လက်ရှိအဆင့်သို့မရောက်နိုင်ဘဲရှိနေခဲ့သည်။

သို့သော် ဤလမ်းစဉ်‌တစ်သောင်းပေါင်းစည်းခြင်းဖြင့်မူ ကွာခြားပေလိမ့်မည်။ သူဆင့်ခေါ်ထားသည့်စွမ်းအားမြင့်ပုဂ္ဂိုလ်များ၏ ကျင့်ကြံဆင့်များကိုပေါင်းစည်းနိုင်ပြီး ကျင့်ကြံဆင့် သို့မဟုတ် အနုပညာမြောက်စိတ်ကူးခံယူချက်များကိုလည်း မိမိနားလည်ထားသည်သို့ ပြောင်းလဲနိုင်ပေသည်။

“စနစ် လမ်းစဉ်တစ်သောင်းပေါင်းစည်းခြင်းကို ကောင်းချီးပါ။ လောကဖြိုခွင်းဓားကိုကောင်းချီးပါ”

ဝမ်ဖုန်း တုံ့ဆိုင်းမှုမရှိပြောလိုက်သည်။ သူ၏လမ်းစဉ်တစ်သောင်းပေါင်းစည်းခြင်းဖြင့် စောင့်ထိန်းနေရန်မလိုအပ်ဘဲ ထီလက်မှတ်ပေါင်းစည်းခြင်းကို ကံစမ်းနိုင်ပေသည်။

ဝမ်ဖုန်း၏စကားဆုံးသည်နှင့် သူ၏စိတ်တွင်းထဲ၌ ကြီးမားသည့်မှတ်ဉာဏ်ကြီးပေါ်ထွက်လာခဲ့၏။ သို့သော် ၎င်းမှတ်ဉာဏ်သည် ဝမ်ဖုန်းအား ခေါင်းကိုက်သည့်ဝေဒနာကို မခံစားရစေခဲ့ပါ။ အရာအားလုံး နေရာတကျ ကျရောက်သွားမည်ဟူသော ခံစားချက်ကိုသာ ဖြစ်စေခဲ့သည်။

ထိုအခိုက်အတန့်တွင် ဝမ်ဖုန်း၏မျက်လုံးများမှာ ကြယ်ပွင့်များကဲ့သို့ ကျယ်ပြောနက်နဲကာ ဖော်ပြ၍မရနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုတို့ တောက်ပနေခဲ့သည်။

“စနစ် ထီလက်မှတ်တစ်ခုအတွက် ဂိုဏ်းအမှတ်၅သောင်းသုံးမယ်”

လမ်းစဉ်တစ်သောင်းပေါင်းစည်းခြင်းနှင့် ဓားတစ်လက်ကို လက်ခံရရှိပြီးနောက်တွင် ဝမ်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်၏။

“ဒင်! ရန်ကော်၏ကျင့်ကြံမှု ၅ပုံတစ်ပုံကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“ဒင်! လီရွှမ်းဟွမ်၏ကျင့်ကြံမှု ၅ပုံတစ်ပုံကိုရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“ဒင်…..”

အဆ၅၀သော ထီလက်မှတ်ကံစမ်းမှုဖြစ်သော်ငြား စွမ်းအင်တစ်ခုတစ်လေပင် မရရှိခဲ့ဘဲ အားလုံးမှာ ကျင့်ကြံမှုများဖြစ်နေခဲ့သည်။

“စနစ် အဲဒီ့ကျင့်ကြံမှုအခြေခံတွေကို ကောင်းချီးပေးပါ”

ဝမ်ဖုန်း အံကိုတင်းတင်းကြိတ်၍ ပြောလိုက်သည်။

ရူးသွပ်မှုမရှိသူသည် ရှင်သန်နေခြင်းမဟုတ်!

ဘုန်း!

ဝမ်ဖုန်း၏အသံအဆုံးတွင် ကြောက်မက်ဖွယ်သောပြိုင်ဘက်ကင်းအင်အားကြီးတစ်ခု ရုတ်ချည်းဆင်းသက်လာခဲ့ပြီး ဝမ်ဖုန်း၏ကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အဆက်မပြတ်တုန်ယင်လျက် တောက်ပလင်းလက်သွားခဲ့သည်မှာ နေ့အလင်းဆောင်ကြဉ်းပေးသည့် နေတစ်စင်းအလားပင်။

ထိုပြောင်းလဲမှုကြောင့် ကြီးမြတ်သောလေဧကရာဇ်နှင့် အခြားသူများသည် ရပ်တန့်သွားကြကာ ဝမ်ဖုန်းအား မယုံကြည်နိုင်စွာကြည့်နေခဲ့ကြသည်။ ဝမ်ဖုန်း၏ပုံရိပ်မှာ ဧကရာဇ်လင်းချန်ကဲ့သို့ ဖြစ်နေ၏။ ဝမ်ဖုန်း၏ခန္ဓာကိုယ်မှဖြာထွက်နေသည့် အလင်းသည် သူတို့၏ဝိဉာဉ်ကိုပါ လောင်ကျွမ်းပြာကျစေတော့မည့်အလား ထင်မှတ်ရပေသည်။

ရန်ကော်နှင့်ရှောင်လုံနွီတို့နှစ်ဦး၏ မျက်နှာအမူအရာတို့မှာ သိသိသာသာပြောင်းလဲသွားကြလျက် လက်ကိုဝှေ့ယမ်း၍ ဝမ်ဖုန်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသည့်စွမ်းအင်ရပ်ဝန်းတစ်ခု ဖန်တီးလိုက်ကြသည်။ ရန်ကော်၏ပခုံးထက်ရှိ ရှန်းတောက်သည် ဝမ်ဖုန်းအပေါ် အလွန်မောက်မာတတ်သော်ငြား ယခုကဲ့သို့ အရေးကြီးသည့်အခိုက်အတန့်တွင်မူ ဧရာမခန္ဓာကိုယ်အဖြစ်ဖန်ဆင်း၍ ဝမ်ဖုန်းအား ထိုစွမ်းအင်ရပ်ဝန်ထဲ၌ စောင့်ကြပ်ပေးနေခဲ့သည်။

ရန်ကော်နှင့်ရှောင်လုံနွီတို့သည် ဝမ်ဖုန်းအား တည်ကြည်လေးနက်သည့် မျက်နှာအမူအရာတို့ဖြင့် ကြည့်နေကြသည်။ ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့်စွမ်းအင်တို့သည် သူတို့အား နှလုံးခုန်လှုပ်စေ၏။ ဝမ်ဖုန်းကို မည်သို့ကူညီပေးရမည်ကို သူတို့မသိပါ။ သူတို့ကြားဝင်လိုက်ပါက ပို၍ကြီးမားသည့်အပြောင်းအလဲကြီး ဖြစ်သွားနိုင်၏။ ထို့ကြောင့် ဝမ်ဖုန်းအနေဖြင့် ကိုယ့်ကိုယ်ကိုသာ အားကိုးနိုင်ပေမည်။

စွမ်းအင်များစီးဝင်လာချိန်၌ ဝမ်ဖုန်းသည် မိမိမှာ ပေါက်ကွဲထွက်၍သေဆုံးတော့မည်ဟု ခံစားလိုက်ရသည်။ ဝေဝါးဝါးအသိစိတ်ရှိနေချိန်၌ လမ်းစဉ်တစ်သောင်းပေါင်းစည်းခြင်းကို အသုံးပြုလိုက်သည်။

သို့ဖြင့် ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင်းရှိ ကြောက်မက်ဖွယ်စွမ်းအင်တို့ကို ထိန်းညှိ‌ဖြေလျှော့စေသည့်အတွက် ပုံမှန်ဖြစ်လာခဲ့သည်။ ဝမ်ဖုန်း၏ခန္ဓာကိုယ်ကို မူမမှန်စွာ ထိခိုက်စေမည့်အစား စည်းချက်ညီစွာ စီးဝင်‌နေခဲ့သည်။

ဝမ်ဖုန်း၏ကျင့်ကြံဆင့်သည် ကောင်းကင်ဘုံ၏ချို့ယွင်းချက်ကြီးငါးခုသို့ ရုတ်ချည်းဝင်ရောက်သွားခဲ့သည်။ လေဟာပြင်၌ မည်းနက်သောအမျှင်အတန်းများ ဖြေးညှင်းစွာထွက်ပေါ်လာနေလျက် ဝမ်ဖုန်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေခဲ့သည်။

ရန်ကော်နှင့်ရှောင်လုံနွီတို့သည် ထိုမကောင်းသည့်ချီတို့ကို မြင်‌တွေ့လိုက်သည်တွင် မျက်နှာအမူအရာများပြောင်းလဲသွား၏။ ဂိုဏ်းချုပ်သည် မကောင်းသည့်ချီကို အလွန်အကျူး ခံစားနေရပေသည်။ အနည်းဆုံးပမာဏသည်ပင် လူများစွာတို့၏ပမာဏရှိနိုင်၏။ ၎င်းမှာ သူတို့မှန်းဆစိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။ သူတို့ ဤဖြစ်ရပ်မျိုးကို မကြုံတွေ့ခဲ့ဖူးပေ။

သို့သော် ရန်ကော်နှင့်ရှောင်လုံနွီတို့အား ပို၍အံ့အားသင့်စေသည်မှာ ထိုမကောင်းသည့်ချီအမျှင်အတန်းတို့သည် ဝမ်ဖုန်း၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွားပြီးနောက် ပျောက်ကွယ်သွားခြင်း‌ပင်။

အချိန်ခဏလေးအတွင်း၌ပင် ဝမ်ဖုန်း၏ကျင့်ကြံဆင့်သည် ဆန်းကြယ်အဓိပတိအစောပိုင်းအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားတော့သည်။ ဆန်းကြယ်အဓိပတိအဆင့်တွင် နိယာမ၏စွမ်းအားကို နားလည်ရန်လိုအပ်၏။ ဝမ်ဖုန်းအကောင်းဆုံးနားလည်သည်မှာ ဓားသိုင်းပညာရပ်၏နိယာမ ဖြစ်သည်။

ချီမိန်ချွှေရွှယ်နှင့် အခြားသူများ၏ချီစွမ်းအင်တို့ကို ရယူပြီးချိန်၌ ဝမ်ဖုန်းသည် ဓားသိုင်းကို တကယ်တမ်းကျင့်ကြံဖူးခြင်း မရှိသော်ငြား သူ၏ဓားသိုင်းပညာရပ်အား သိမြင်နားလည်မှုသည် အမြင့်တစ်နေရာသို့ ရောက်ရှိနေပြီးဖြစ်သည်။ စနစ်၏ကောင်းချီးကြောင့် ဝမ်ဖုန်း၏ဓားသိုင်းပညာရပ်ကို သိမြင်နားလည်သည့်စွမ်းရည်သည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်ခဲ့သည်။

ဝမ်ဖုန်း၏ကျင့်ကြံဆင့်သည် အလွန်အံ့အားသင့်ဖွယ်သောအရှိန်နှုန်းဖြင့် အမြင့်သို့တက်လှမ်းသွားခဲ့သည်။ ၁၅မိနစ်ခန့်သောအချိန်အတွင်း၌ ဆန်းကြယ်သူတ်ေစင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွား၏။ သို့သော် ဝမ်ဖုန်းသည် ဆက်လက်‌အဆင့်ကျော်ဖြတ်ခြင်း မရှိတော့ပေ။ ထိုအစား သူ၏အင်အားအလုံးစုံကိုအသုံးပြု၍ ကျင့်ကြံမှုကို ဖိနှိပ်ခဲ့သည်။ ဆန်းကြယ်အဓိပတိသို့ ရောက်ရှိစတွင် ဝမ်ဖုန်းသည် ဓားသိုင်းပညာ၏နိယာမတို့ကို တစ်ဖန်ပြန်လည်နားလည်ခဲ့ရ၏။

နာရီဝက်ခန့်ကြာမြင့်ပြီးနောက်တွင် ဝမ်ဖုန်းသည် ဆန်းကြယ်သူတော်စင်အထွတ်အထိပ်အဆင့်သို့ တစ်ဖန်ရောက်ရှိခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင် ဝမ်ဖုန်းသည် အဆင့်ဆက်လက်ကျော်ဖြတ်ဝင်ရောက်ခြင်းကို ရပ်တန့်လိုက်၏။

“စနစ် ကျင့်ကြံမှုတွေကောင်းချီးပေးတာ ရပ်လိုက်တော့”

ကနဦးတွင် ဝမ်ဖုန်းသည် ဆန်းကြယ်နတ်မင်းအဆင့်အထိ တိုက်ရိုက်ကျော်ဖြတ်ဝင်ရောက်လိုခြင်း ဖြစ်၏။ သို့သော် ကျော်ဖြတ်ဝင်ရောက်လုဆဲဆဲတွင် အကယ်၍ ဤအဆင့်အား ယခုကျော်ဖြတ်ဝင်ရောက်လိုက်ပါလျှင် အရေးကြီးအရာတစ်ခုခုအား ဆုံးရှုံးရမည်ကဲ့သို့ ခံစားချက်တစ်မျိုး ဝင်‌လာခဲ့လေသည်။ ထိုခံစားချက်ကို ရှင်းပြရန်ခက်ခဲသော်ငြား ဝမ်ဖုန်းရပ်တန့်လိုက်သည်။

ဝမ်ဖုန်းမှ ကျော်ဖြတ်ဝင်ရောက်လိုပါလျှင် အချိန်မရွေး ပြုလုပ်နိုင်ပါ၏။ သို့သော် သူ၏စိတ်နှလုံးမှ ထိုခံစားချက်သည် ရှင်းပြရန်ခက်ခဲသော်ငြား ထိုခံစားချက်နောက် လိုက်ပါရမည်ဟူသော သဲလွန်စမျိုးရှိနေလေရာ ဝမ်ဖုန်း မလွဲချော်လိုပါချေ။

“ဒင်! ကောင်းချီးပေးခြင်း ရပ်တန့်သွားပါပြီ။ ကျင့်ကြံမှု၂၀ ကျန်ရှိပါတယ်”

“အဲ့ဒီ့ကျင့်ကြံမှု၂၀ကို ကျန်းစန်ဖုန်းနဲ့ ကောကျင့်ကို ကောင်းချီးပေးလိုက်ပါ”

ဝမ်ဖုန်း၏မျက်လုံးများ၌ အလင်းတစ်စဖြတ်ပြေးသွားကာ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။

“ဒင်! ဂုဏ်ပြုပါတယ်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းအစောင့်အရှောက်အကြီးအကဲကျန်းစန်ဖုန်းဟာ ကျင့်ကြံမှု၁၀ဖြင့် ဆန်းကြယ်သူတော်စင်အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပါပြီ”

စိတ်တွင်းမှထွက်ပေါ်လာသည့် အေးစက်သည့်အသံသည် ဝမ်ဖုန်းကို စိတ်ကျေနပ်စွာ ခေါင်းညိတ်မိစေသည်။ ဝမ်ဖုန်းသည် ရန်ကော်နှင့်အခြားသူများသို့ အကြည့်ပို့လိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းခြင်းဖြင့် သူအဆင်ပြေကြောင်း လက်ဟန်ပြလိုက်၏။

ဝမ်ဖုန်းပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် ရှန်းတောက်သည်လည်း ဝမ်ဖုန်းကိုတစ်ချက်ကြည့်လိုက်ကာ လင်းယုန်ငှက်အရွယ်အစားသို့ ပြန်လည်ပြောင်းလဲ၍ ရန်ကော်၏ပခုံးထက်တွင် ပျင်းရိစွာပြန်လည်လဲလျောင်းလိုက်လေသည်။

ဝမ်ဖုန်းသည် လင်းယုန်ငှက်အား နူးညံ့သိမ်မွေ့သည့်အကြည့်တို့ဖြင့်ကြည့်လျက် ရှန်းတောက်အတွက် လင်းယုန်ငှက်မလေးတစ်ကောင် ရှာပေးရမည်လားဟု စိတ်ထဲမှတွေးနေမိပေသည်။

“ဂိုဏ်းချုပ်ဝမ် မင်း…”

ဝမ်ဖုန်း ပြန်လည်ကောင်းမွန်လာသည်တွင် ကြီးမြတ်သောလေဧကရာဇ်သည် ထိတ်လန့်နေလျက် တစ်စုံတစ်ရာပြောချင်နေခဲ့သော်ငြား အဆုံးတွင်တော့ ပြောမထွက်နိုင်ခဲ့ချေ။ လက်ရှိဝမ်ဖုန်းထံမှ ခံစားနေရသောအရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ်ဖြစ်၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဝိဉာဉ်အား တုန်လှုပ်နိုင်စေပေသည်။

“အိုး ဘာမှမဖြစ်ပါဘူး။ ကျင့်ကြံမှုအခြေခံစည်း ကျိုးပျက်သွားတာပါ”

ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်း၍ အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။

ဝမ်ဖုန်း၏စကားကြောင့် ကြီးမြတ်သောလေဧကရာဇ်နှင့် အခြားသူများမှာ သူတို့၏နှလုံးအိမ်၌ ‌မုန်တိုင်းထန်သွားခဲ့သည့်အလား တစ်ဖန်အံ့ဩမင်သက်သွားရပြန်သည်။

သေချာပေါက်ပင် ဂိုဏ်းချုပ်ဝမ်သည် အပြင်ပန်းတွင် မြင်တွေ့ရသည်ကဲ့သို့ မရိုးရှင်းပါချေ။ ဂိုဏ်းချုပ်ဝမ်သည် ဤဆန်းကြယ်နက်နဲသည့် ရှန်ရှန့်ကျုံဂိုဏ်းကို ထိန်းချုပ်နိုင်၏။ ဂိုဏ်းချုပ်ဝမ်၏အင်အားသည် သူတို့မှန်းဆတွေးတောနိုင်သည်ထက် ပိုမိုသာလွန်ပေသည်။

All Chapters