← Chapters

သတ်ဖြတ်သူခုနစ်ဖော်ခန်းမ။

Vol. 12 Ch. 164

သတ်ဖြတ်သူခုနစ်ဖော်ခန်းမ။

Vol. 12 Ch. 164

“သွားရအောင်”

ဝမ်ဖုန်းမှ လက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူတို့အုပ်စုသည် ကြီးမြတ်သောလေအင်ပါယာသို့ လျင်မြန်လှစွာသောအရှိန်နှုန်းဖြင့် ဦးတည်သွားခဲ့ကြသည်။

တစ်ချိန်တည်း၌…

ရှန်ရှန့်ကျုံဂိုဏ်းတောင်ကြား၏ စံအိမ်တော်ထဲတွင် ပုံရိပ်နှစ်ခု ထိုင်နေကြသည်။

ပုံရိပ်တစ်ခုမှာ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားလျက် ချောမောခန့်ညား၍ ချေငံသောအသွင်အပြင်ဖြင့် မျက်ခုံးနှစ်ဖြာအကြားတွင် အထီးကျန်မှုများတည်ရှိနေကာ သူ၏မျက်လုံးများမှာ ကမ္ဘာလောကကြီး၏ဖုန်မှုန့်နီနီတို့ကို ဖောက်ထွင်း‌မြင်တွေ့နိုင်သည့်အလား လောကဓံတရား၏အရိပ်တို့ ထင်ဟပ်နေပေသည်။

တစ်ဖက်တွင်ရှိနေသူမှာ… ဂိုဏ်း၏ အတွင်းဂိုဏ်းသားများ၏အကြီးဆုံးအစ်ကိုကြီးဖြစ်သူ လီချင်းဖြစ်သည်။

“ဒီတစ်ကြိမ်မှာ အဲဒီ့လူတွေ အချိန်ကောင်းကို ဖမ်းဆုပ်မိသွားတယ်။ မင်းသူတို့ကို တစ်စုတစ်စည်းတည်းပေါင်းစည်းဖို့ သုံးလိုက်”

ရှဲ့ရှောင်ဖုန်းမှ မျက်နှာချင်းဆိုင်ရှိလီချင်းအား အပြုံးဖြင့်ပြော၏။

“လီချင်းကို နိုးထစေခဲ့တာအတွက် အကြီးအကဲရှဲ့ကို ကျေးဇူးတင်ပါတယ်”

လီချင်းသည် လက်နှစ်ဖက်ကိုယှက်၍ ရှဲ့ရှောင်ဖုန်းအား အရိုအသေပြုလျက် တည်ကြည်လေးနက်စွာဖြင့်ပြောသည်။

“ဒီအကြီးအကဲက တွန်းအားလေးပေးလိုက်ရုံပါပဲ။ မင်းကို တကယ်တမ်း နိုးထစေခဲ့တာက ဉာဏ်အလင်းပွင့်ဇယားနဲ့ ယောင်ယွဲ့ကြောင့်ပါ”

ရှဲ့ရှောင်ဖုန်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ယံတွင် ရွှေရောင်တောက်ပနေသော ဇယားကိုမော့ကြည့်လျက် အရေးမထားဟန်ပြော၏။

ထိုစကားကိုကြားသည်တွင် လီချင်း၏နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။ လက်ရှိတွင် နိုးထခဲ့ပြီးခဲ့ပြီဖြစ်သော်ငြား အတိတ်နေ့ရက်များကို ပြန်လည်တွေးတောမိလျှင် မထိန်းချုပ်နိုင်စွာ တုန်ရီလာရမြဲပင်။

ဂိုဏ်းချုပ်ထွက်သွားခဲ့သည့်ကာလများတွင် ဂိုဏ်းချုပ်ကတော်၏လှုံ့ဆော်မှုဖြင့် ဆရာယောင်ယွဲ့သာမက ကျန်းစန်ဖုန်းနှင့် အခြားအကြီးအကဲများပါ သူ့အား ဒေါသတကြီး ရိုက်နှက်ခဲ့ကြသည်။

နေ့ရက်တိုင်းကို သေရေးရှင်ရေးကြားတွင်ရှင်သန်ခဲ့ရလေရာ ထိူအချိန်ကာလများသည် လီချင်းအတွက် အိပ်မက်ဆိုးသဖွယ်ဖြစ်ပေသည်။

ဉာဏ်အလင်းပွင့်ဇယားသည် လီချင်းကို ကယ်တင်ပေးခဲ့ရုံမျှမက ဖြည့်ဆည်းပေးခဲ့သေး၏။ သေချာပေါက်ပင် အရေးကြီးအချိန်များ၌ ရှဲ့ရှောင်ဖုန်း၏အကူအညီသည်လည်း အရေးပါလှ၏။

လီချင်း၏အောင်မြင်မှုသည် မတော်တဆဖြစ်ရပ်ဖြစ်ပြီး မုချဖြစ်လာမည့်အရာလည်းဖြစ်၏။

“ရှန်ရှန့်ကျုံဂိုဏ်းမှာ ဆန်းကြယ်သူတော်စင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူ၂ယောက်တောင် ထပ်တိုးလာပြီပဲ”

ရှဲ့ရှောင်ဖုန်းသည် တောင်ကြားသို့ ကြည့်လျက် ရုတ်တရက်ပြုံးရယ်လာခဲ့သည်။

လီချင်းသည်လည်း ခပ်သာသာပြုံးရယ်‌ခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူတို့၏ရှန်ရှန့်ကျုံဂိုဏ်းသည် လောကတစ်ခွင်ကို အမှန်တကယ် လှုပ်ကိုင်ပေတော့မည်။

“ထွက်လာစမ်း”

ထိုအခိုက်တွင် ရှဲ့ရှောင်ဖုန်းနှင့်လီချင်းတို့သည် ဦးတည်ရာတစ်ခုတည်းသို့ အကြည့်ကျရောက်သွားကြလျက် သူတို့၏မျက်လုံးများတွင် အလင်းတစ်စဖြတ်ပြေးသွားကာ ရှဲ့ရှောင်ဖုန်းမှ တိုက်ရိုက်ပင် ပြောလိုက်လေသည်။

ရှဲ့ရှောင်ဖုန်း၏စကားအဆုံးတွင် လေဟာပြင်မှ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုလူသည် အနက်ရောင်ဝတ်ရုံဖြင့် မျက်လုံးတို့မှာ ဘဝ၏လောကဓံတရားတို့ ထင်ဟပ်နေကာ အလွန်သာမန်ဆန်လှသော်ငြား တစ်ချက်ကြည့်ရုံဖြင့် မေ့ဖျောက်မရနိုင်စေသော အထူးစွမ်းရည်မျိုး ရှိပေသည်။ ထိုလူသည် ရှဲ့ရှောင်ဖုန်းနှင့်လီချင်းအား ခပ်သာသာကြည့်လျက် လက်နှစ်ဖက်ကိုနောက်ပစ်၍ ရပ်နေခဲ့သည်။

“ရှန်ရှန့်ကျူံဂိုဏ်းရဲ့အကြီးအကဲ ရှဲ့ရှောင်ဖုန်းပါ”

“ရှန်ရှန့်ကျုံဂိုဏ်းအတွင်းဂိုဏ်းသားတွေရဲ့ အစ်ကိုအကြီးဆုံးလီချင်းပါ”

ထိုလူပေါ်‌ထွက်လာပြီးနောက်တွင် ရှဲ့ရှောင်ဖုန်းနှင့် လီချင်းတို့သည် မျက်လုံးများကိုဖိမှိတ်၍ တည်ကြည်လေးနက်စွာဖြင့် စကားဆိုကြသည်။

“ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲ တုကူချိုးပိုင်ပါ”

ထိုပုံရိပ်ထံမှ အထီးကျန်အက်ကွဲစွာသောအသံ ထွက်ပေါ်လာခဲ့သည်။

“ဒီကိစ္စ‌ပြီးသွားရင် ခင်ဗျားနဲ့ကျုပ် လက်ရည်ယှဉ်ကြတာပေါ့”

တုကူချိုးပိုင်အား ကြည့်နေသည့် ရှဲ့ရှောင်ဖုန်း၏မျက်လုံးအစုံ၌ စူးရှသည့်အလင်းတစ်စ ဖြတ်ပြေးသွားကာ ပြောလာခဲ့သည်။

“မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး”

တုကူချိုးပိုင်မှ ရှဲ့ရှောင်ဖုန်းအားကြည့်လျက် ပြန်ပြောခဲ့သည်။

“ငါသိတယ်။ ဒါပေမဲ့ ပြိုင်ဘက်က အားကောင်းလေလေ ငါ့ရဲ့ဓားလည်း ပိုအားကောင်းလေလေပဲ”

ရှဲ့ရှောင်ဖုန်းမှ ဖြေးညင်းစွာပြော၏။

တုကူချိုးပိုင်သည် စကားမဆိုတော့ဘဲ ခေါင်းညိတ်လေသည်။

ထို့နောက် လီချင်းအားကြည့်၍ ပြော၏။

“မင်းရဲ့အခြေခံက အရမ်းမတည်ငြိမ်သေးဘူး။ ဒီတစ်ကြိမ် အဲဒီ့လူတွေက မင်းရဲ့စွမ်းရည်ကို လေ့ကျင့်ပေးလိမ့်မယ်။ ငါနဲ့ အကြီးအကဲရှဲ့ မင်းအတွက် တိုက်ပေးမယ်”

“အကြီးအကဲတုကူကို ကျေးဇူးတင်ပါတယ်”

လီချင်းသည် ခေါင်းညိတ်၍ လက်နှစ်ဖက်ယှက်လျက် အရိုအသေပေးလိုက်သည်။

ထို့နောက်တွင် သုံးဦးသားသည် အတူတကွ ရေနွေးကြမ်းသောက်သုံးရင်းဖြင့် ကျင့်ကြံရေးလမ်းစဉ်များအကြောင်းကို ဆွေးနွေးပြောဆိုကြလေသည်။ အကြောင်းတိုက်ဆိုင်စွာဖြင့် သူတို့သည် အကွာအဝေးတစ်ခုသို့ ကြည့်လိုက်ကြ၏။ သူတို့၏မျက်လုံးအစုံတို့မှာ အတားအဆီးပေါင်းများစွာတို့ကို ကျော်ဖြတ်ထိုးဖောက်၍ ရှန်ရှန့်ကျုံဂိုဏ်း၏ မိုင်ထောင်ချီအကွာအဝေးမှ ပုံရိပ်တို့အား မြင်တွေ့ကြသည့်အလားပင်။

…..

ကြီးမြတ်သောလေနန်းတော်ကြီးအတွင်း၌ မုရှင်းချန်သည် ခမ်းနားထည်ဝါသော ရာဇပလ္လင်ထက်တွင် ထိုင်နေခဲ့ပြီး သူ၏‌နံဘေးတွင် အနက်ရောင်ဝတ်ရုံဖြင့် မျက်နှာဖုံးဝတ်ဆင်ထားသည့် လူတစ်ဦးထိုင်နေခဲ့သည်။

အောက်ဘက်တွင်တော့ အနက်ရောင်ဝတ်ရုံဖြင့် စွမ်းအားမြင့်ကျင့်ကြံသူ ဒါဇင်ခန့်မျှ ရပ်နေကြသည်။ ကြီးမြတ်သောလေအင်ပါယာ၏ တရားရေးရာ၊ စစ်ဘက်ရေးရာမှူးမတ်များတွင်လည်း မုရှင်းချန်ထံ အညံ့ခံခဲ့သည့် မှူးမတ်များမှလွဲ၍ အခြားသူများမှာ ပျောက်ကွယ်သွားလေပြီ။

မုရှင်းချန်အား အညံ့ခံခဲ့သည့်တ ရားရေးနှင့်စစ်ဘက်ရေးရာမှူးမတ်မှာ မုရှင်းချန်၏ဦးရီးတော်စုမုဖြစ်သည်။ စုမုဟူသောထိုလူမှာ တိပသောနှာခေါင်းနှင့် လင်းယုန်ငှက်ကဲ့သို့မျက်လုံးတို့ရှိပြီး ရံဖန်ရံခါထွက်ပေါ်လာသော အေးစက်သည့်အလင်းကြောင့် ခန္ဓာကိုယ်မှာတုန်ရီနေပေသည်။

“သတ်ဖြတ်သူတွေရဲ့ကျေးဇူးနဲ့ ငါကိုယ်တော် ဒီတစ်ကြိမ် ရာဇပလ္လင်ထက်မှာ ထိုင်နိုင်ခဲ့တယ်။ အခုကစပြီး သတ်ဖြတ်သူခုနစ်ဖော်ခန်းမဟာ ကြီးမြတ်သောလေအင်ပါယာရဲ့ နိုင်ငံတော်ကိုးကွယ်ရာပဲ။ ပြီးတော့ သတ်ဖြတ်သူတွေရဲ့အရှင်သခင်ဖြစ်တဲ့ အသင်ဟာ ကြီးမြတ်သောလေအင်ပါယာရဲ့ နိုင်ငံတော်‌ဆရာသခင်ပဲ”

မုရှင်းချန်မှ သူ၏ဘေးရှိ အနက်ရောင်ဝတ်ရုံ၊ မျက်နှာဖုံးဖြင့် အမျိုးသားကိုကြည့်၍ လေးစားမှုဖြင့်ပေး၏။

အနက်ရောင်ဝတ်ရုံ၊မျက်နှာဖုံးဖြင့်အမျိုးသားသည် စကားမဆိုဘဲ ခေါင်းညိတ်၏။

“ဦးရီးတော် ငါကိုယ်တော် အခု ရာဇပလ္လင်ပေါ်မှာရှိနေပေမယ့် လူအိုကြီးက အသက်ရှင်နေသေးတယ်။ ပြီးတော့ ဦးရီးတော်.. ဘာဖြစ်လို့ မုယွင်ဖေးတို့သားအမိကို မသတ်ခိုင်းရတာလဲ”

မုရှင်းချန်မှ အောက်ဘက်ရှိစုမုကိုကြည့်၍ တည်ကြည်လေးနက်စွာပြော၏။

“အရှင်မင်းကြီး မုယွင်ဖေးတို့သားအမိနဲ့ မုပထျန်းကို ဆွဲချနိုင်ပါတယ်။ မုပထျန်းကို ဆွဲချနိုင်ပြီး သတ်ဖြတ်သူအရှင်သခင်လည်းရှိနေမယ်ဆိုမှတော့ သေဖို့တစ်လမ်းပဲရှိတော့မှာ မဟုတ်ဘူးလား။ ကြီးမြတ်သောလေဧကရာဇ်က မုယွင်ဖေးကို နှစ်သက်တယ်မဟုတ်ပါလား။ သူတို့မိသားစုကို စည်းစည်းလုံးလုံးဖြစ်စေရမှာပေါ့”

မုရှင်းချန်၏စကားအဆုံးတွင် စုမုမှ ရှေ့တစ်လှမ်းတိုး၍ လျှောက်တင်၏။

“ဟားဟား ကောင်းတယ်! ဦး‌ရီးတော်က တကယ့်ကို ကြီးမြတ်သောလေအင်ပါယာရဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ထိုက်တန်ပါတယ်။ သတ်ဖြတ်သူခုနစ်ဖော်ခန်းမနဲ့ ဦးရီးတော်ရှိနေမှတော့ ငါကိုယ်တော်ရဲ့ကြီးမြတ်သောလေအင်ပါယာကြီးက တခြားအင်ပါယာနှစ်ခုထက် သေချာပေါက် သာလွန်မှာပါပဲ။ ငါကိုယ်တော် မုရှင်းချန်က ဒီလောကကြီးရဲ့ တစ်ပါးတည်းသောဧကရာဇ် ဖြစ်လာရမယ်!”

မုရှင်းချန်သည် မတ်တပ်ထရပ်လျက် ရယ်မောလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ လွှမ်းမိုးမှုအာဏာအရှိန်အဝါတို့ လွှမ်းခြုံလျက် ကမ္ဘာလောကကြီးတစ်ခုလုံးအား သူ၏လက်ဖြင့်ကိုင်ဆောင်ထားသည့်အလား လက်နှစ်ဖက်ကိုဘေးနှစ်ဖက်သို့ ဆန့်တန်းလျက် ရယ်မောနေခဲ့သည်။

ထိုသို့သော မုရှင်းချန်၏ပုံစံအား စုမုနှင့် ဝတ်ရုံနက်ဖြင့်လူတို့သည် အထင်မြင်သေးဟန် ကြည့်နေခဲ့ကြသည်ကိုတော့ မုရှင်းချန် သတိမထားမိခဲ့ပါချေ။ သူတို့မျက်လုံးများမှာ လူပြက်တစ်ယောက်အား ကြည့်ရှုနေကြသည့်အလား ထ့ငေါ့လှောင်ပြောင်ရိပ်များ ယှက်သန်းနေကြပေသည်။

“ကျေးဇူးကန်းတဲ့ကောင်! ငါ့ရဲ့အင်ပါယာထဲက ထွက်သွားစမ်း!”

ထိုအခိုက်တွင် ကြောက်ခမန်းလိလိသောဒေါသမာန်ဟုန်ဖြင့် ဟိန်းဟောက်သံကြီးတစ်ခုသည် နန်းတော်တစ်ခွင်၌ မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားခဲ့သည်။

ထိုဟိန်းဟောက်သံပေါ်ထွက်လာသည်တွင် ကနဦး၌ စိတ်အားတက်ကြွထက်သန်နေခဲ့သော မုရှင်းချန်သည် ရုတ်ချည်းမှုန်မှိုင်းသွားကာ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထင်ဟပ်လာခဲ့လျက် သူ၏ဘေးရှိသတ်ဖြတ်သူအား လက်ချင်းထပ်အရိုအသေပြုဟန်ဖြင့် ပြော‌၏။

“ဒီတစ်ကြိမ်လည်း သတ်ဖြတ်သူအရှင်သခင်ကိုပဲ ဒုက္ခများစေရပါဦးမယ်”

“ကန်းရှား မုပထျန်းကို သွားပြီးပြန်ခေါ်လာခဲ့”

သတ်ဖြတ်သူအရှင်မှ ခေါင်းညိတ်၍ အောက်ဘက်ရှိဝတ်ရုံနက်ဖြင့်လူအား ကြည့်၍ ကွဲအက်သောအသံဖြင့်ပြောလိုက်၏။

သတ်ဖြတ်သူခုနစ်ဖော်ခန်းမနှင့် သတ်ဖြတ်သူခုနစ်ဖော်သူတော်စင်တို့၏ အဆုံးသတ်ဖြစ်သော ကန်းရှားသည် သတ်ဖြတ်သူဆယ့်နှစ်ဖော်သူမြတ်တို့ထက် သာလွန်၏။

ဝတ်ရုံနက်ဖြင့်အမျိုးသားသည် ခေါင်းညိတ်လိုက်ပြီးနောက် လှုပ်ရှားမှုတစ်ခုဖြင့် နန်းတေယ်ခန်းမထဲမှ ပျောက်ကွယ်သွားတော့သည်။

မုရှင်းချန်သည် ဝတ်ရုံနက်ဖြင့်အမျိုးသား ပျောက်ကွယ်သွားသည်ကိုကြည့်၍ မျက်နှာထက်တွင် ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။ ထိုလူအိုကြီး သူ၏ရှေ့မှောက်၌ ဒူးထောက်ရသည့်မြင်ကွင်းကိုရှုစားရန် မစောင့်ဆိုင်းနိုင်တော့ပေ။ ထိုလူအိုကြီးကြောင့် မဟုတ်ခဲ့ပါလျှင် သူ၏မယ်တော်သည် အဘယ်ကြောင့်များ သေဆုံးသွားခဲ့ရပါမည်နည်း။

ထိုအချိန်၌…

နန်းတော်၏အတွင်းပိုင်းတစ်နေရာ ဝတ်ရုံနက်ဖြင့်အစောင့်များစွာ စောင့်ကြပ်နေသည့်အခန်းတစ်ခန်းတွင် မုယွင်ဖေးနှင့် ကြီးမြတ်သောလေမိဖုရားကြီးတို့ ရှိနေခဲ့သည်။ ကျယ်လောင်စွာသော ဟိန်းဟောက်သံကို ကြားလိုက်ရသည်တွင် မုယွင်ဖေးမှာ ‌ဝမ်းမြောက်ပျော်ရွှင်သွားရလျက် ကြီးမြတ်သောလေမိဖုရားကြီးကိုကြည့်၍ ပြော၏

“မယ်တော် ခမည်းတော်က ကျွန်တော်တို့ကို ကယ်ဖို့လာနေပြီ”

“မယ်တော်တော့ သူ မလာခဲ့ဖို့မျှော်လင့်တယ်။ ဒီလူတွေက အရမ်းအင်အားကြီးလွန်းတယ်”

ကြီးမြတ်သောလေမိဖုရားကြီး၏မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းမြောက်ခြင်းတို့ ရှိမနေပါ။ ထိုအစား စိုးရိမ်ပူပန်စွာဖြင့် သက်ပြင်းချနေမိပေသည်။

မိဖုရားကြီးထံမှ စကားများအဆုံးတွင် မုယွင်ဖေး၏မျက်နှာထက်ရှိအပြုံးသည်လည်း ကွယ်ပျောက်သွားရ‌သည်။

“မယ်တော်နဲ့ ခမည်းတော်တို့ သေဆုံးသွားရလည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ သားလေး မင်းကတော့ ဒီမယ်တော်နဲ့ ခမည်းတော်ရဲ့ မျှော်လင့်ချက်ပဲ။ ဘာတွေပဲဖြစ်လာပါစေ သား‌လေး သေလို့မဖြစ်ဘူး။ သားလေး လွတ်မြောက်နိုင်ဖို့အတွက် မယ်တော် ဘာမဆိုလုပ်ပေးမယ်”

မိဖုရားကြီးသည် မုယွင်ဖေး၏ခေါင်းလေးအား ညင်သာစွာပွတ်သပ်လျက် မုယွင်ဖေး၏မျက်လုံးတို့အား ဝန်လေးစွာဖြင့်ငေးစိုက်ကြည့်လျက် ပြောခဲ့သည်။

All Chapters