← Chapters

အိမ်မက်ဆိုးကြီးကဲ့သို့သော သတ်ဖြတ်ခြင်းနတ်ဘုရား။

Vol. 12 Ch. 166

အိမ်မက်ဆိုးကြီးကဲ့သို့သော သတ်ဖြတ်ခြင်းနတ်ဘုရား။

Vol. 12 Ch. 166

“စနစ် မုယွင်ဖေး ဘာဖြစ်သွားခဲ့တာလဲ စစ်ဆေးလိုက်”

ဝမ်ဖုန်းသည် မည်းနက်တောက်ပသည့်ရောင်ခြည်တန်းအတွင်းရှိ မုယွင်ဖေးအား လေးနက်စွာကြည့်လျက် စိတ်တွင်းမှ မေးလိုက်သည်။

မုယွင်ဖေး၏ဆံပင်ရှည်တို့မှာ နှင်းဖြူရောင်သို့ ပြောင်းလဲသွားခဲ့ပြီး မျက်နှာမှာ မည်းမှောင်သိပ်သည်းသောအမျှင်တန်းတို့ ဖုံးလွှမ်းနေခဲ့ရာ ရက်စက်ကြမ်းကြုတ်၍ ကြောက်မက်ဖွယ်သော အသွင်အပြင်ဖြစ်နေတော့သည်။

ယခုလက်ရှိ၏ မုယွင်ဖေးသည် လူသားတစ်ဦးနှင့် လားလားမျှမတူတော့ဘဲ နတ်ဆိုးမိစ္ဆာတစ်ကောင်နှင့် တူနေလေသည်။

ပို‌၍ကြောက်မက်ဖွယ်ကောင်းသည်မှာ မုယွင်ဖေးမှ အသက်ရှူရာတွင် ရှူထုတ်‌လိုက်သော လေသည် ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူဖြစ်သော ဝမ်ဖုန်းကို နှလုံးတုန်လှုပ်စေနိုင်ခြင်းဖြစ်သည်။

‌ချောက်ကမ်းပါနက်ကြီးထဲမှ နတ်ဆိုးမိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အလား ကြမ်းကြုတ်ခက်ထန်၍ ကြောက်မက်ဖွယ်ကောင်းလှသည်။

လှောင်ရယ်နေကြသော သတ်ဖြတ်သူအရှင်နှင့် သတ်ဖြတ်သူခုနစ်ဖော်ခန်းမတို့မှလူများသည် မုယွင်ဖေးအား ထိတ်လန့်စွာ ကြည့်နေကြလျက် မုရှင်းချန်မှာမူ ပို၍တုန်လှုပ်ချောက်ချားနေတော့သည်။

ဆန်းကြယ်နတ်မင်းနှောင်းပိုင်းအဆင့်တိုင် လျှို့ဝှက်စွာကျင့်ကြံထားခဲ့သည့် မုရှင်းချန်သည် မိမိမှာ ကြီးမြတ်သောလေအင်ပါယာ၌ ပထမဦးဆုံးသော အထက်စီးတွင်ရှိနေသူဟု တွေးထင်ခဲ့သည်။ သို့သော် ယခုအချိန်၌ သန္ဓေပြောင်းလဲသွားသည့် မုယွင်ဖေးသည် မိမိအား အရူးအမူးဖိနှိပ်နေသည့်အလား ‌‌ေလးစားကိုးကွယ်လိုစိတ်များ ဖြစ်ပေါ်လာရသည်။ ထိုသို့အတွေးတွင် ‌ခြေထောက်များမှာ သူ၏အမိန့်ကို မနာခံတော့ပါဘဲ ဒူးထောက်ချရန် အဆက်မပြတ် ‌‌ကြိုးစားနေ၏။

“ဒင်! မုယွင်ဖေးကို စုံစမ်းစစ်ဆေးရန် ဂိုဏ်းအမှတ်တစ်သောင်းကို အလိုအလျောက် အသုံးပြုလိုက်ပါတယ်”

“ဒင်! မုယွင်ဖေးဟာ ယခင်က ကျိုးပျက်ကောင်းကင်ဘုံရဲ့ နတ်ဆိုးမိစ္ဆာအရှင်သခင်ရဲ့အမွေကို ဆက်ခံရရှိထားသူဖြစ်ပါတယ်။ ကျိုးပျက်ကောင်းကင်ဘုံရဲ့ နတ်ဆိုးမိစ္ဆာအရှင်သခင်ဟာ ကောင်းခြင်းဆိုးခြင်းရောယှက်နေပြီး အမတနတ်ဘုရားလည်းဖြစ်သလို နတ်ဆိုးမိစ္ဆာလည်း ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ မုယွင်ဖေးဟာ သူ့ရဲ့သက်တမ်းရဲ့ ၉၉ရာခိုင်နှုန်းနဲ့အထက်ကို ကျိုးပျက်ကောင်းကင်ဘုံဆီ စွန့်လွှတ်ခဲ့ပြီးပါပြီ။ နတ်ဆိုးမိစ္ဆာအရှင်သခင်ဟာ ဆန်းကြယ်နတ်မင်းအဆင့်စွမ်းအားကို အချိန်ကာလတို ရရှိပိုင်ဆိုင်ပါတယ်”

-ြီး!

သူ၏စိတ်တွင်းမှ စနစ်၏အသံကြောင့် ဝမ်ဖုန်းမှာ ‌ဆဲရေးမိသွားရသည်။ ဝမ်ဖုန်း မုယွင်ဖေးကို အပြစ်မတင်ပါ။ ဤသို့သောအခြေအနေမျိုးကို ကြုံတွေ့ရပါလျှင် မည်သူမဆို ပေါက်ကွဲနိုင်ပါက ပေါက်ကွဲသွားမည်ဖြစ်၏။

“စနစ် မုယွင်ဖေးကိုကယ်တင်ဖို့ နည်းလမ်းရှိလား”

ဝမ်ဖုန်းမှ ဂုဏ်သရေတင့်တယ်သော မျက်နှာအမူအရာဖြင့်မေး၏။

သက်တမ်း၏၉၉ရာခိုင်နှုန်း… မုယွင်ဖေးမှ ထိုးဖောက်ကျော်ဖြတ်၍ သတ်ဖြတ်သူအရှင်နှင့် အခြားသူများကို သတ်ဖြတ်နိုင်ခဲ့လျှင်သော်မှ မုယွင်ဖေးအတွက် နှစ်အနည်းငယ်မျှ ကောင်းမွန်သည့်ဘဝ ရရှိနိုင်တော့မည်မဟုတ်ချေ။

ဝမ်ဖုန်း၏အမြင်အရ ထိုပေးဆပ်မှုသည် မထိုက်တန်ပေ။ သတ်ဖြတ်သူခုနစ်ဖော်ခန်းမအနေဖြင့် အဘယ်သို့များ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသားကို ထိခိုက်နိုင်ပါမည်နည်း။ သို့သော် မုယွင်ဖေးမှာ ပေါက်ကွဲသွားခဲ့ပြီးလေပြီ။ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဂိုဏ်းတပည့်၏အသက်ကို ကယ်တင်နိုင်ရန် အကောင်းဆုံးကြိုးစားရန်သာ တတ်နိုင်ပေတော့မည်။

“ဒင်! ကယ်တင်ရန်အကောင်းဆုံးနည်းလမ်းကတော့ကျိုးပျက်ကောင်းကင်ဘုံရဲ့နတ်ဆိုးမိစ္ဆာအရှင်သခင်ကို ရှာဖွေပြီး အမွေဆက်ခံခြင်းစွမ်းအင်ကို အသုံးပြုစေပြီးတော့ မုယွင်ဖေး စွန့်လွှတ်ခဲ့တဲ့သက်တမ်းကို‌ ထေတာပဲဖြစ်ပါတယ်။ အဲ့လိုနည်းနဲ့ မုယွင်ဖေးဟာ ပြန်လည်မွေးဖွားလာနိုင်ပြီး လက်ရှိထက် ပိုမိုကောင်းမွန်နိုင်ပါမယ်”

စနစ်၏အသံကြောင့် ဝမ်ဖုန်း၏မျက်နှာမှာ ပို၍ပျက်ယွင်းသွားရသည်။

‘အဲဒီ့ကျိုးပျက်ကောင်းကင်ဘုံရဲ့ နတ်ဆိုးမိစ္ဆာအရှင်သခင် သေလား၊ရှင်လားကို ဘယ်သူသိမှာလဲ? ပြီးတော့ နတ်ဆိုးမိစ္ဆာအရှင်သခင်ဆိုတဲ့ အခေါ်အဝေါ်ကြီးကိုက သူတို့သွားထိဖို့ မသင့်တဲ့အရာဆိုတာ ထင်ရှားနေတာပဲမဟုတ်ဘူးလား?’

“တခြားနည်းလမ်းရှိသေးလား”

ဝမ်ဖုန်း ထပ်မေးလိုက်သည်။

“ဒင်! ရှိပါတယ်။ မုယွင်ဖေးက ပြီးပြည့်စုံခြင်းနိယာမကို နားလည်သွားနိုင်ပြီး အခြားဘဝတစ်ခုနဲ့ ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ မုယွင်ဖေး စွန့်လွှတ်ခဲ့တာက သက်တမ်း၉၉ရာခိုင်နှုန်းပဲ မဟုတ်ပါဘူး။ သူ့ရဲ့ကျင့်ကြံမှုတစ်ခုလုံးပါ။ တစ်နည်းပြောရရင် ဒီထိုးဖောက်မှုကြီးအပြီးမှာ မုယွင်ဖေးက သေမျိုးတစ်ယောက်ဖြစ်သွားမှာပါ”

“သခင့်ကို သတိပေးပါတယ်။ မုယွင်ဖေးက သေမျိုးဖြစ်သွားပြီးတဲ့နောက်မှာ သခင်ကောင်းချီးပေးတဲ့ ကျင့်ကြံမှုအခြေခံတွေကို ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး။ ဒါမှမဟုတ် သခင့်အနေနဲ့ ကျိုးပျက်ကောင်းကင်ဘုံရဲ့ နတ်ဆိုးမိစ္ဆာအရှင်သခင်ကို ရှာဖွေပြီး အမွေဆက်ခံခြင်းစွမ်းအင်ကို အသုံးပြုစေပြီး မုယွင်‌ဖေးရဲ့အသက်ကို ပြန်လည်ထိန်းသိမ်းနိုင်ပါတယ်။ ပြီးပြည့်စုံခြင်းနိယာမကို နားလည်သဘောပေါက်စေခြင်း နည်းလမ်းလည်းရှိပါတယ်။ အဲဒါကလွဲရင် တခြားနည်းလမ်းမရှိပါဘူး”

ရှန်ရှန့်ကျုံဂိုဏ်းတပည့်ဟူသည် သေမျိုးတပည့်ပင် ဖြစ်စေဦးတော့ အမတအရှင်များပင် နှိုင်းယှဉ်နိုင်စွမ်းမရှိကြ!

“သတ်!”

ဝမ်ဖုန်းမှ ‌အမျက်ဒေါသထွက်နေစဉ်တွင် မည်းနက်တောက်ပသောလင်းရောင်ခြည်တန်းအတွင်းရှိ မုယွင်ဖေးသည် မျက်လုံးပွင့်လာခဲ့၏။ ၎င်းမျက်လုံးများသည် အဘယ်သို့သောမျက်လုံးများ ဖြစ်သနည်း။

သေခြင်းတရား! သွေးရည်ဖုံးလွှမ်းသော! ကြောက်ရွံ့ထိတ်လန့်ဖွယ်သော!

ထိုမျက်လုံးများ ပွင့်ဟလာသည်တွင် သတ်ဖြတ်ခြင်းကိုသာ လေ့ကျင့်ခဲ့ကြသည့် သတ်ဖြတ်သူများမှာ မထိန်းချုပ်နိုင်စွာ တုန်ရီသွားကြလေသည်။ ထိုအခိုက်အတန့်တွင် မိမိတို့မှာ သတ်ဖြတ်ခြင်းကို လေ့ကျင့်ခဲ့သူများ မဟုတ်ကြဘဲ မုယွင်ဖေးသည်သာ သတ်ဖြတ်ခြင်းကို လေ့ကျင့်ခဲ့သူဟု ခံစားကြရပေသည်။ မုယွင်ဖေးမှာ သတ်ဖြတ်ခြင်းနတ်ဘုရားအလား!

မုယွင်ဖေးမှ လက်ကိုဆန့်ထုတ်၍ တစ်စုံတစ်ရာကို ဆုပ်ကိုင်ဟန်ပြုလိုက်ရာ မည်းနက်တောက်ပသော ဓားရှည်တစ်လက် ရုတ်ချည်းပေါ်ထွက်လာခဲ့ပြီး လက်မှ ထိုဓားရှည်ကို တင်းကြပ်စွာ ကိုင်ဆောင်ထား၏။ ထိုဓားရှည်ကို မြင်တွေ့လိုက်ရသည်တွင် သတ်ဖြတ်သူအုပ်စုမှာ တုန်ရီလျက်မှ တောင့်တင်းသွားကြရလေသည်။

ထိုအခိုက်အတန့်တွင် သတ်ဖြတ်ခြင်းနတ်ဘုရားမှ သူတို့ထံသို့ ဦးတည်လျှောက်လာနေသည့်အလား လည်တိုင်မှလည်း ကြက်သီးမွေးညင်းများ ထနေခဲ့လေသည်။ မုယွင်ဖေးမှ မလှုပ်ရှားရသေးသော်ငြား သူတို့၏လည်တိုင်ထက်တွင် ဓားသွားချိန်ရွယ်ထားရှိပြီး၍ အချိန်မရွေး ခန္ဒာကိုယ်နှင့်ဦးခေါင်းကို တသီးတခြားစီ ခုတ်ပိုင်းလိုက်နိုင်သည်ဟု ခံစားနေရ၏။

“ယွင်ဖေး!”

ဝမ်ဖုန်းဘေးတွင် ရပ်နေခဲ့သည့် ကြီးမြတ်သောလေဧကရာဇ်သည် မုယွင်ဖေးအား ထိုသို့သောအခြေအနေတွင် မြင်တွေ့လိုက်ရရာ သူ၏နှလုံးအိမ်မှာ ဓားဖြင့်အမွှန်းခံနေရသည့်အလား နာကျင်နေခဲ့ရသည်။ ဧကရာဇ်ကြီးသည် တုံးအသူ မဟုတ်ပါ။ မုယွင်ဖေး၏ အခြေအနေမှာ တစ်စုံတစ်ရာမှားယွင်းနေသည်ကို သတိထားမိပါ၏။ မုယွင်‌ဖေးအား ပေါက်ကွဲစေနိုင်သော ထိုစွမ်းအင်သည် မည်သို့သောစွမ်းအင်မျိုး ဖြစ်ပါသနည်း။

အလွန်တရာ ကြီးမားသောတန်ကြေးကို မပေးဆပ်ခဲ့ပါလျှင် မုယွင်ဖေးမှာ ဤသို့သောစွမ်းအင်မျိုးကို အဘယ်သို့များ ရရှိနိုင်ပါမည်နည်း။

ကြီးမြတ်သောလေဧကရာဇ်သာမက နန်းတော်အတွင်းရှိ မိဖုရားကြီးသည်လည်း မျက်ရည်ရွှဲစိုနေခဲ့လေပြီ။ သူမ၏လှပသောမျက်ဝန်းအစုံတို့မှာ ကောင်းကင်ထက်ရှိ အနက်ရောင်ပုံရိပ်အား ငေးစိုက်ကြည့်နေရင်းဖြင့် နှလုံးအိမ်မှာလည်း နာကျင်လွန်းသောကြောင့် မေ့လဲကျလုမတတ် ခံစားနေရသည်။

ထိုအခိုက်တွင် မုယွင်ဖေးသည် ပျံသန်းလာခဲ့ပြီး သတ်ဖြတ်သူအရှင်နှင့်အခြားသူများ၏ ရှေ့တွင် ရုတ်ချည်းပေါ်‌ထွက်လာခဲ့သည်။ အရှိန်နှုန်းမှာ လျင်မြန်လွန်းသောကြောင့် ဆန်းကြယ်သူတော်စင်အလယ်အလတ်အဆင့်ရှိ သတ်ဖြတ်သူအရှင်သည်ပင် တုံ့ပြန်ခြင်း မပြုနိုင်လိုက်ပေ။

သတ်ဖြတ်သူအရှင်မှ တုံ့ပြန်လာချိန်တွင် မည်းနက်သည့်အမျှင်အတန်းများ ပြည့်နှက်နေသည့် ထူးဆန်းသောမျက်နှာကြီးသည် သူ့အား ပြုံးပြလာခဲ့လျက် ဖြူဖွေးသောသွားတန်းကြီးမှ အလင်းတစ်စ တောက်ပသွားလေသည်။

ထို့နောက် ချက်ချင်းပင် သတ်ဖြတ်သူအရှင်၏ဘေးရှိ ‌သတ်ဖြတ်သူခုနစ်ဖော်ခန်းမမှ စွမ်းအားမြင့်ကျင့်ကြံသူတစ်ဦးသည် မုယွင်ဖေး၏ အပိုင်းပိုင်းခုတ်ထစ်ခြင်းကို ခံလိုက်ရလေသည်။ သတ်ဖြတ်သူအရှင်မှာ တုန်ယင်သွားရ၏။ ထိုဖြစ်စဉ်အတွင်း၌ မုယွင်ဖေး၏လှုပ်ရှားမှုကိုပင် သူမမြင်လိုက်ရချေ။ တိုက်ခိုက်မှုမှာ ဖြတ်ခနဲသော လှုပ်ရှားမှုတစ်ခုသာဖြစ်ပြီး သူ၏ဘေးရှိလူသည်တော့ အပိုင်းပိုင်းခုတ်ထစ်ခံလိုက်ရလေသည်။

မုယွင်ဖေးမှာ သတ်ဖြတ်ခြင်းနတ်ဘုရားအဖြစ် ပြောင်းလဲသွားခဲ့ပုံရ၏။ သတ်ဖြတ်သူခုနစ်ဖော်ခန်းမ၏ ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်သည့်အချိန်တိုင်းတွင် မုယွင်ဖေးသည် သတ်ဖြတ်သူအရှင်အား ပြုံးပြခဲ့၏။

မုယွင်ဖေး တစ်ကြိမ်ပြုံးလိုက်တိုင်းတွင် သတ်ဖြတ်သူခုနစ်ဖော်ခန်းမ၏ ကျင့်ကြံသူတစ်ဦးမှာ အပိုင်းပိုင်းခုတ်ထစ်ခံလိုက်ရလေသည်။ ဆန်းကြယ်အဓိပတိအဆင့်ဖြစ်စေ ဆန်းကြယ်သူတော်စင်အဆင့်ဖြစ်စေ မုယွင်ဖေး၏ဓားချက်ကို ခံနိုင်ရည် မရှိကြချေ။

ထိုအချိန်၌ သတ်ဖြတ်သူအရှင်မှာ ရူးသွပ်သွားတော့မည့်အလား ခံစားနေရတော့သည်။ သူ၏စိတ်နှလုံးမှာ မုယွင်ဖေး၏ ထူးဆန်းသောအပြုံးကြီးဖြင့် ပြည့်နှက်နေရပြီး ထို့အပြင် သတ်ဖြတ်သူခုနစ်ဖော်ခန်းမ၏ ကျင့်ကြံသူများ၏ အပိုင်းပိုင်းခုတ်ထစ်ခံထားရသောအလောင်းများ၏ မြင်ကွင်းများသည်ပါ အိပ်မက်ဆိုးကြီးအလား ဖြစ်တည်လာခဲ့သည်။ သူ၏စိတ်အတွင်း၌ ထိုမြင်ကွင်းများ ထပ်ခါထပ်ခါ မြင်ယောင်နေ၏။

သတ်ဖြတ်သူအရှင်အား ပို၍ကြောက်ရွံ့ချောက်ချားစေသည်မှာ သတ်ဖြတ်သူခုနစ်ဖော်ခန်းမ၏ ကျင့်ကြံသူတစ်ဦးကို သူကယ်တင်လိုတိုင်းတွင် အနှိုင်းမဲ့သတ်ဖြတ်လိုခြင်းအငွေ့အသက်ကြီးသည် သူ၏အပေါ်သို့ကျရောက်လာခြင်းဖြင့် ရေခဲပြင်အတွင်းသို့ ကျရောက်သွားသည့်အလား ခံစားရ‌ေစခြင်းဖြစ်သည်။ သူတစ်ချက် လှုပ်ရှားမိလိုက်ရုံဖြင့် သေဆုံးသွားမည်ဟု ခံစားနေရ၏။ သို့ဖြင့် သူ၏သတ်ဖြတ်သူခုနစ်ဖော်ခန်းမမှ ကျင့်ကြံသူများကို မုယွင်ဖေးမှ အပိုင်းပိုင်းခုတ်ထစ်နေသည်ကိုသာ ကြည့်နေခဲ့ရလေသည်။

သတ်ဖြတ်နေသည့်မုယွင်ဖေးသည် အမျက်ဒေါသ တောက်လောင်နေရုံမျှမက ကြောက်မက်ဖွယ်ကောင်း၏။ သတ်ဖြတ်သူအရှင်သည် သတ်ဖြတ်သူလောက၌ ဂုဏ်သရေတင့်တယ်သူဖြစ်၏။ သို့သော် မုယွင်ဖေးသည် အလွန်တရာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ဖြစ်လေရာ သတ်ဖြတ်သူအရှင်မှာ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

All Chapters