← Chapters

တစ္ဆေဝိဉာဉ်များလည်း မနုတ်ယူနိုင်။

Vol. 12 Ch. 167

တစ္ဆေဝိဉာဉ်များလည်း မနုတ်ယူနိုင်။

Vol. 12 Ch. 167

သတ်ဖြတ်သူအရှင်မှ ကြောက်ရွံ့ထိတ်လန့်သွားခဲ့ရုံသာမက မုရှင်းချန်နှင့် စုမုသည်လည်း ရူးသွပ်သွားသည့်အလား တစ်ကိုယ်လုံးတုန်ရီနေကြလျက် ဒူးထောက်ကြလေသည်။

ကြီးမြတ်သောလေအင်ပါယာ၏ အကြီးအကဲများစွာတို့သည်လည်း မုယွင်ဖေးအား မယုံကြည်နိုင်စွာကြည့်နေကြ၏။ မုယွင်ဖေး၏အသွင်အပြင်မှာ အိပ်မက်ဆိုးကြီးထဲမှ သတ်ဖြတ်ခြင်းနတ်ဘုရားအလား အံ့ဩမင်‌တက်စေခဲ့သည်။ မုယွင်ဖေးသည် ရန်သူများကို သတ်ဖြတ်နေခြင်းသာဖြစ်ကြောင်း သိနေခဲ့ပါသော်ငြား အကြီးအကဲများမှာ မထိန်းချုပ်နိုင်စွာ ကြက်သီးမွေးညင်းများ ထလာရသည်။

၎င်းမှာ လောကတစ်ခွင်လုံး၌ ကြောက်မက်ဖွယ်အကောင်းဆုံးသော ညှဉ်းပန်းနှိပ်စက်မှုကြီးဖြစ်ပေမည်။ မိမိ၏ပတ်ဝန်းကျင်ရှိ လူများအားလုံး အပိုင်းပိုင်းခုတ်ထစ်ခံနေရသည်ကို ကြည့်နေခဲ့ရ၏။ မိမိမှာ မည်သို့မျှ လုပ်ဆောင်ခြင်းငှာ မတတ်နိုင်ချေ။

တစ်ဖက်ရှိ ကြီးမြတ်သောလေဧကရာဇ်နှင့် ဝမ်ဖုန်းတို့သည်လည်း ပျော်ရွှင်ဝမ်းမြောက်မနေပါ။ နှလုံးအိမ်များ နာကျင်နေရ၏။

မုယွင်ဖေးသည် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်လေးဖြစ်သည်။ မုယွင်ဖေးအနေဖြင့် ပူပင်ကြောင့်ကြကင်းမဲ့စွာ ကျင့်ကြံနေသင့်ပြီး လူကြီးသူမများ၏ ဂရုစိုက်မှုများနှ့င် မျှော်လင့်ချက်များကို ထမ်းပိုးထားသင့်သည့် အရွယ်ဖြစ်၏။ သို့သော်ငြား မုယွင်ဖေးမှာ သူ၏အသက်အရွယ်နှင့်မမျှသည့် တန်ကြေးကိုပေးဆပ်၍ ဒုက္ခခံစားနေရလေသည်။

သူတို့နှစ်ဦး၌ တစ်ဦးမှာ သူ၏ဖခင်အရင်းအချာဖြစ်ပြီး တစ်ဦးမှာ သူ၏ဆရာသခင်ဂိုဏ်းချုပ်ဖြစ်သည်။ မုယွင်ဖေးကို ဤသို့အခြေအနေမျိုးဖြင့် မြင‌်တွေ့နေရသည်ကို အဘယ်သို့များ နှလုံးအိမ် မနာကျင်ရဘဲ ရှိပါမည်နည်း။

သတ်ဖြတ်သူအရှင်မှ မည်မျှတန်ပြန်ဒုက္ခခံစားရ‌သည်ဖြစ်စေ ပူပန်ကြောင့်ကြကင်းမဲ့သော မုယွင်ဖေးကို ပြန်လည်ရယူနိုင်ခြင်း မရှိတော့ပေ။

၁၅မိနစ်ကြာမြင့်သွားခဲ့လေပြီ!

သတ်ဖြတ်သူခု‌နစ်ဖော်ခန်းမ၏ သတ်ဖြတ်သူမြတ်၁၂ဦး၊ သတ်ဖြတ်သူကောင်း၆ဦးမှာ မုယွင်ဖေး၏လက်တွင် သေဆုံးသွားခဲ့လေသည်။

ထိုအချိန်တွင် သတ်ဖြတ်သူအရှင်မှာ မုယွင်ဖေးကို ငေးစိုက်ကြည့်လျက်ဖြင့် တစ်ကိုယ်လုံးတုန်ယင်နေပေသည်။ ထိုထူးဆန်းသည့်အပြုံးကြီး၊ လူကိုအပိုင်းပိုင်းခုတ်ထစ်နေသောမြင်ကွင်းများသည် သူ၏စိတ်ထဲတွင် ထပ်ခါတလဲလဲ မြင်ယောင်နေမိလေသည်။ သတ်ဖြတ်သူအရှင်သည် သတ်ဖြတ်ခြင်းအရာကို အထူးလေ့ကျင့်ထားခဲ့သူဖြစ်သော်ငြား ဤကဲ့သို့သော ညှဉ်းပန်းနှိပ်စက်ခြင်းကိုမူ ခံနိုင်ရည်မရှိပါ။

ထိုအခိုက်တွင် သတ်ဖြတ်သူအရှင်မှာ မိမိကိုယ်ပေါ်သို့ အကြည့်ကျရောက်လာသည်ကို ခံစားလိုက်ရရာ တစ်ကိုယ်လုံးတောင့်ခဲသွားရသည်။ ၎င်းမှာ သေခြင်းတရား၏အကြည့်ဖြစ်၏။ သတ်ဖြတ်သူအရှင်သည် တောင့်တင်းစွာဖြင့် ကိုယ်ကိုလှည့်ကြည့်လိုက်ရာ မုယွင်ဖေး၏ ထူးဆန်းသောအပြုံးကြီးနှင့် မျက်လုံးဆုံသွား၏။

သတ်ဖြတ်သူအရှင်မှာ မလှုပ်ရှားနိုင်တော့ပေ။ မုယွင်ဖေးမှ ရယ်မောလိုက်သောအခါ အရပ်လေးမျက်နှာမှ ဖိအားများဖြစ်ပေါ်လာခဲ့၍ သူ့အား တင်းကြပ်စွာ ထိုးနှက်နေတော့သည်။ ထိုဖိအားကို ဖျက်ဆီးခြင်းငှာလည်း မတတ်နိုင်ပေ။

“မင်း… မင်းမသတ်နိုင်… ငါ ငါအရှင်က ဝါရင့်သတ်ဖြတ်သူပဲ။ ငါ့ကိုထိပါးရင် မင်းတို့ကြီးမြတ်သောလေအင်ပါယာကြီးတစ်ခုလုံး ပျက်စီးသွားရလိမ့်မယ်!”

“ငါ့ကိုခွင့်လွှတ်ပါ။ အခုကစပြီး ငါ ကြီးမြတ်သောလေအင်ပါယာကို ခြေမချတော့ပါဘူး”

မုယွင်ဖေး၏ အရေးမထားဟန်အကြည့်များဖြင့် ရင်ဆိုင်ရသည်တွင် သတ်ဖြတ်သူအရှင်မှာ နောက်ဆုံးတွင်တော့ အဆုံးစွန်ကြောက်ရွံ့ထိတ်လန့်သွားရလျက် တုန်ရီနေသည့်အသံဖြင့် အသနားခံလေတော့သည်။

၎င်းလုပ်ရပ်သည် မုယွင်ဖေး၏ မကောင်းဆိုးဝါးသဖွယ်အပြုံးနှင့် ဓားရောင်ခြည်ကို ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ပေးလိုက်လေသည်။ ဓားရောင်ခြည်သည် သတ်ဖြတ်သူအရှင်၏လ က်ချောင်းတစ်ချောင်းကို ဖြတ်တောက်လိုက်၏။ ထို့နောက် ထိုလက်ချောင်းသည် လေဟာပြင်ထက်တွင် သွေးစသွေးမှုန်များအဖြစ် ပေါက်ကွဲသွားလေသည်။ ပြင်းလှစွာသောနာကျင်မှုသည် နှလုံးသည်းပွတ်ထိတိုင် စူးရှလှစွာ၏။

သတ်ဖြတ်သူအရှင်သည် ဤကဲ့သို့ပြင်းထန်သည့်နာကျင်မှုကို မခံစားခဲ့ရသည်မှာ မည်မျှကြာမြင့်ခဲ့ပြီမသိချေ။ သို့သော် ယခုတွင်တော့ နာကျင်မှုမှာ ရှင်းလင်းပြတ်သားစွာ စူးရှပြင်းထန်လှ၏။

“ခွင့်လွှတ်ပါ!”

သတ်ဖြတ်သူအရှင်၏မျက်လုံးများမှာ အသနားခံနေခဲ့လျက် ထိုစကားတစ်ခွန်းကို ထပ်ခါတလဲလဲ ရေရွတ်နေခဲ့သည်။

သို့သော်ငြား ပြန်ရလာခဲ့သည်မှာ မုယွင်ဖေး၏ အရေးမထားဟန်အကြည့်များနှင့် ထက်ရှသည့်ဓားရောင်ခြည်သာ ဖြစ်သည်။ ဓားရောင်ခြည်တစ်ကြိမ် ကျရောက်လာတိုင်းတွင် သူ၏လက်တစ်ချောင်းမှာ သွေးစသွေးမှုန်များအဖြစ် ပေါက်ကွဲသွားရသည်။ အချိန်တစ်ခဏလေးအတွင်း၌ ဂုဏ်သရေတင့်တယ်လှစွာသော သတ်ဖြတ်သူခုနစ်ဖော်ခန်းမ၏အရှင်သခင်သည် မုယွင်ဖေး၏ အသားတုတ်ချောင်းအဖြစ် လှီးဖြတ်ခြင်းကို ခံလိုက်ရလေသည်။

“ခွင့်လွှတ်ပေးပါ”

သတ်ဖြတ်သူအရှင်သည် အသက်ရှိနေဆဲဖြစ်၏။ ထိုစကားတစ်ခွန်းကို ပါးစပ်မှ ရေရွတ်နေဆဲပင်..။

အချိန်ခဏကြာပြီးနောက်တွင် သတ်ဖြတ်သူအရှင်မှာ စကားထပ်မပြောနိုင်တော့ပေ။ ဓားရောင်ခြည်တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး လေဟာပြင်တွင် သွေးတိမ်ထုကြီးဖြစ်တည်သွား၏။ ကောင်းကင်ထက်မှ သွေးမိုးရွာသွန်းသွားခဲ့ကာ ကမ္ဘာလောကတစ်ခုလုံးမှာ လှုပ်ယိမ်းတုန်ခါလျက် သေအံ့ဆဲဆဲသော ညည်းတွားသံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

စုမုနှင့် မုရှင်းချန်တို့မှာ လေဟာပြင်ထက်တွင် ဒူးထောက်လျက်သားဖြင့် ရေခဲတမျှအေးစိမ့်မှုကို ခံစားနေရပေသည်။ မုယွင်ဖေးအား အလွန်အကျွံ ခယနေကြလျက် ယခင်ကဲ့သို့ ပြိုင်ဘက်ကင်းမောက်မာထောင်လွှားနေသည့် အသွင်အပြင်၊ အမူအရာများ မရှိတော့ချေ။

မု‌ယွင်ဖေးသည် သူတို့နှစ်ဦး၏ ခယနေမှုကို အရေးမစိုက်ပေ။ မည်းနက်တောက်ပစွာသောဓားရှည်ကို ကိုင်ဆောင်လျက် စုမုသို့ တစ်လှမ်းချင်း ဦးတည်လျှောက်လှမ်းနေခဲ့သည်။ လေဟာပြင်တွင်ဒူးထောက်နေသည့် စုမုသည် ‌ခေါင်းမော့လာခဲ့၍ မုယွင်ဖေး၏ခံစားချက်ကင်းမဲ့သည့် မျက်လုံးများကိုစုံကြည့်၍ အသနားခံတောင်းပန်ရန် ကြိုးပမ်းလိုခဲ့သည်။

သို့သော် စုမုမှ ပါးစပ်မဟနိုင်မီ၌ပင် မုယွင်ဖေး၏ဓားရှည်သည် သူ၏နှလုံးအိမ်ကို ထိုးစိုက်သွားခဲ့၏။ မုယွင်ဖေးသည် ဓားထိုးစိုက်လျက်ဖြင့် ပြင်းထန်စွာမွှေနှောက်လေရာ စုမု၏နှလုံးမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။

မုယွင်ဖေးမှ မည်းနက်တောက်ပစွာသောဓားရှည်ကို ပြန်လည်ဆွဲထုတ်လိုက်ရာ စုမု၏ခန္ဓာကိုယ်ကြီးမှာ ‌တည့်တည့်မတ်မတ်ပြုတ်ကျသွားလျက် အသံကျယ်ကြီးနှင့်အတူ မြေပြင်ထက်တွင် တွင်းနက်ကြီးဖြစ်သွားခဲ့သည်။

ထို့နောက်တွင် မုယွင်ဖေးသည် မုရှင်းချန်သို့ အေးစက်စွာကြည့်လိုက်၏။ သို့သော် အဆုံးတွင်မူ ဘာမှမလုပ်ခဲ့ချေ။ မုယွင်ဖေးသည် ဝမ်ဖုန်းတို့ရှိရာသို့ ပြန်လှည့်လျှောက်လာခဲ့၏။

“အသက်ချမ်းသာပေးတဲ့အတွက် ညီ၅ကိုကျေးဇူးတင်ပါတယ်!”

မုရှင်းချန်သည် လေဟာပြင်တွင် ဒူးထောက်လျက် အဆက်မပြတ်အရိုအသေပေးကာ ကျယ်လောင်စွာအော်ပြော၏။

ကြီးမြတ်သောလေဧကရာဇ်သည် သူတို့ထံ ဦးတည်လျှောက်လာနေသည့် မုယွင်ဖေးအား ချစ်ခင်မြတ်နိုးစွာ ငေးစိုက်ကြည့်နေလျက် ထို့နောက်တွင် ဘေးရှိရွှမ်ယိအား ကြည့်လိုက်သည်။ ဧကရာဇ်ကြီး၏ထိုအကြည့်တို့တွင် ရှင်းပြရန်ခက်ခဲသော အဓိပ္ပာယ်များထင်ဟပ်နေခဲ့သည်။

ရွှမ်ယိ ချက်ချင်းနားလည်သွားခဲ့၍ ခေါင်းညိတ်လိုက်သည်။ ရွှမ်ယိသည် ရုတ်ချည်း နေရာမှပျောက်ကွယ်သွားခဲ့ပြီး မုရှင်းချန်၏ရှေ့တွင် ‌ပြန်ထွက်ပေါ်လာ၏။ လက်တစ်ဖက်ဖြင့် မုရှင်းချန်၏ကျင့်ကြံမှုအခြေခံကို ဖျက်ဆီးလိုက်သည်။ ထို့နောက် မုရှင်းချန်အား အဝေးသို့ဆွဲခေါ်သွားလိုက်သည်။ ကြီးမြတ်သောလေဧကရာဇ်မှ မည်သို့ရှင်းပြချက်ပေးမည်ကို သူမသိပါ။ အဘယ်သို့ဆက်ဖြစ်လာမည်ကိုလည်း သူမသိပါ။ သို့သော် ယခုအချိန်မှစ၍ ကြီးမြတ်သောလေအင်ပါယာတွင် မုရှင်းချန်ဟူသည် မရှိတော့ပြီ။

“သားလေး!”

မုပထျန်းသည် တဖြေးဖြေးနီးကပ်လာနေသည့် မုယွင်ဖေးအား ကြည့်ရင်းဖြင့် မျက်လုံးများမှာ မျက်ရည်များပြည့်နှက်လာခဲ့ကာ ကွဲအက်‌စွာခေါ်ခဲ့သည်။ အထူးသဖြင့် မုယွင်ဖေး၏ ဦးခါင်းထက်ရှိဆံဖြူများကို မြင်တွေ့ရသည်တွင် သူ၏နှလုံးအိမ်မှာ ပို၍နာကျင်လာခဲ့ရသည်။

ဖခင်ဖြစ်သူသည်ပင် ဆံပင်မဖြူသေး။ သားဖြစ်သူသည်တော့ ဆံဖြူတို့ဖြင့် တစ်ခေါင်းလုံးပြည့်နှက်သွားခဲ့လေပြီ။

မုယွင်ဖေး မုပထျန်းအား ပြုံးရယ်ပြလာ၏။ သတ်ဖြတ်သူအရှင်နှင့် အခြားသူများအတွက် မကောင်းဆိုးဝါးအပြုံးကဲ့သို့သော အပြုံးဖြစ်ခဲ့သော်ငြား မုပထျန်းအတွက်တော့ ချစ်စဖွယ်ကောင်းလှပေသည်။

ထို့နောက်တွင် မုယွင်ဖေးသည် ဝမ်ဖုန်းကို ကြည့်လာခဲ့၏။ မုယွင်ဖေးမှာ တစ်စုံတစ်ရာ ပြောချင်နေခဲ့ဟန်ရှိသော်ငြား ခန္ဓာကိုယ်မှာ ပြိုလဲကျသွားခဲ့ကာ သူ၏ခန္ဓာကိုယ်ရှိ အရှိန်အဝါတို့မှာ ရုတ်ချည်းမှေးမှိန်အားနည်းသွား‌ခဲ့လေသည်။

“ယွင်ဖေး!”

ထိုမြင်ကွင်းကိုမြင်လိုက်ရသည်တွင် ဧကရာဇ်ကြီးသည် ထိတ်လန့်သွားခဲ့ပြီး မုယွင်ဖေးကို ဖမ်းကိုင်ထိန်းနိုင်ရန် ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်သည်။ သို့သော် ဝမ်ဖုန်းမှ ပို၍လျင်မြန်ခဲ့‌သောကြောင့် မုယွင်ဖေး အလုံးစုံပြိုလဲကျမသွားမီ၌ ဝမ်ဖုန်းမှ ဖမ်းကိုင်ထားနိုင်ခဲ့သည်။

“ဂိုဏ်း… ဂိုဏ်းချုပ် ယွင်ဖေးရဲ့ဒီတစ်ကြိမ်လုပ်ဆောင်ချက်က အရမ်းကောင်းတယ်မလားဟင်”

ဝမ်ဖုန်း၏လက်မောင်းထဲတွင် လဲလျောင်းနေသည့်မုယွင်ဖေးသည် ဟန်ဆောင်အပြုံးဖြင့် ‌ဝမ်ဖုန်းကိုကြည့်နေခဲ့၏။

ထိုမြင်ကွင်းသည် ဝမ်ဖုန်း၏မျက်လုံးများထဲသို့ ဖုန်မှုန့်ဝင်သွားသည်ကဲ့သို့ ခံစားရစေကာ မျက်လုံးများ စိုစွတ်လာခဲ့ရသည်။ ဝမ်ဖုန်း ပြုံးလျက် ခေါင်းညိတ်လိုက်၏။

“အင်း ယွင်ဖေး မင်းရဲ့ဒီတစ်ကြိမ်လုပ်ဆောင်ချက်က ငါဂိုဏ်းချုပ်ကို မင်းအပေါ် အသိအမှတ်ပြုလေးစားမှုတွေနဲ့ ကြည့်မြင်စေခဲ့တယ်။ ရှန့်ရှန့်ကျုံဂိုဏ်းမှာ မင်းရှိနေလို့ ဒီဂိုဏ်းချုပ် အရမ်းဂုဏ်ယူရပါတယ်”

“နောက်ဆုံးတော့ ဂိုဏ်းချုပ်ရဲ့ချီးကျူးစကားကို ရယူနိုင်ခဲ့ပြီ။ ဒီတပည့်က ရှန်ရှန့်ကျုံဂိုဏ်းကိုဝင်ခွင့်ရခဲ့လို့ အရမ်းပျော်ရွှင်ခဲ့ရပါတယ်”

ဝမ်ဖုန်း၏စကားအဆုံးတွင် မုယွင်ဖေးသည် ရယ်မောလျက် နူးညံ့စွာပြောလာခဲ့သည်။ ဤတစ်ကြိမ်‌တွင်တော့ မုယွင်ဖေးမှာ အလွန်အားနည်းနေခဲ့လေပြီ။ စကားတစ်လုံးချင်းစီတိုင်းကို အလွန်အားစိုက်ထုတ်၍ ပြောထုတ်နေရပေသည်။

“မစိုးရိမ်နဲ့။ မင်းအဆင်ပြေသွားမှာ! မင်းက အေးငြိမ်းမှုကိုးသွယ်နွေဦးဝါအရပ်ကို ဖြတ်ကျော်သွားရင်တောင်မှ ဒီဂိုဏ်းချုပ်က မင်းရဲ့အသက်ကို ပြန်ရအောင်ယူမှာ။ ရှန်ရှန့်ကျုံဂိုဏ်းတပည့်ရဲ့အသက်ကို ဘယ်သူမှ မနုတ်ယူနိုင်ဘူး။ နတ်ဘုရားဆိုရင်တောင် မရဘူး။ တစ္ဆေဝိဉာဉ်လည်း မရနိုင်ဘူး”

ဝမ်ဖုန်းသည် မုယွင်‌ဖေးအားကြည့်လျက် ကျမ်းကျိန်ဆိုနေသည့်အလား တည်ကြည်လေးနက်စွာ ပြောနေခဲ့သည်။

“ဂိုဏ်းချုပ်က ဩဇာအာဏာကြီးမားပါတယ်။ ယွင်ဖေး ဂိုဏ်းချုပ်ကိုယုံကြည်ပါတယ်”

မုယွင်ဖေးသည် ပြုံးလျက်ဖြင့် အားနည်းဖျော့တော့စွာပြော၏။

“ယွင်ဖေး ဘယ်လိုနေလဲ? ဘာလို့ ဒီလောက်ရူးမိုက်ရတာလဲ? ဘာလို့ မစောင့်ရတာလဲ? မင်းရဲ့ဂိုဏ်းချုပ် ရောက်လာပြီလေ!”

မုပထျန်းသည်လည်း ဝမ်ဖုန်း၏ဘေးသို့ရောက်လာခဲ့ပြီး မုယွင်ဖေးအား နာကျင်စွာကြည့်လျက် သူ၏လက်ဖဝါးကြီးဖြင့် မုယွင်ဖေး၏မျက်နှာလေးအား ကြင်နာယုယစွာပွတ်သပ်ရင်းဖြင့် နောင်တကြီးစွာပြောလေသည်။

All Chapters