← Chapters

ရှန်ရှန့်ကျုံဂိုဏ်း၏ အခိုင်မာဆုံး ဒိုင်းကာကြီး။

Vol. 13 Ch. 171

ရှန်ရှန့်ကျုံဂိုဏ်း၏ အခိုင်မာဆုံး ဒိုင်းကာကြီး။

Vol. 13 Ch. 171

ကြောက်လန့်ဖွယ်လက်ဖဝါးကြီး၏ ဖိအားများနှင့်ရင်ဆိုင်လိုက်ရသောအခါ ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်၁၅ယောက်၏ မျက်နှာအမူအယာများသည် ပြောင်းလဲသွားသည်။ သူတို့သည် ထိုလက်ဖဝါးချက်ကြီးမှ လွတ်မြောက်စေရန် အကောင်းဆုံးကြိုးစားကြသော်လည်း မလွတ်မြောက်နိုင်ကြပေ။

သူတို့ပိုမိုရုန်းကန်လေလေ လက်ဖဝါးကြီးထံမှပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာလေလေဖြစ်သည်။ သူတို့သည် အချိန်မရွေးအပိုင်းပိုင်းအစစ ဖိခြေခံရတော့မည့်အလား ခံစားလိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်နေကြသည်။ ဆန်းကြယ်သူတော်စင်အဆင့်သို့ ရောက်ရှိလာပြီးသည့်နောက်တွင် သူတို့သည် အကြောက်တရားများကို မခံစားရတော့သည်မှာ ကြာမြင့်ခဲ့လေပြီဖြစ်သည်။ သို့ပေတည်း လက်ရှိအချိန်မှာတော့ သူတို့သည် သေမင်းနှင့် ရင်ဆိုင်လိုက်ရသည့်အလား အလွန်အမင်း ထိတ်လန့်သွားကြပါတော့သည်။

" ဗုန်း ! "

ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ ဆန်းကြယ်သူတော်စင်၁၅ယောက်သည် ကြီးမားသောလက်ဖဝါးကြီး၏ ဖိချေခြင်းကိုခံလိုက်ရပြီး လေထုအတွင်း သွေးမြူထုကြီး အဖြစ် ပေါက်ကွဲထွက်သွားပါတော့သည်။ကောင်းကင်ထက်မှ သွေးမိုးကြီးရွာကျလာပြီး စူးရှသော သွေးရနံ့က လှိုင်လှိုင်ကြွယ်သွားလေရာ အောက်ဘက်ရှိ ရှန်ရှန့်ကျုံဂိုဏ်းသားများမှာ ပျို့အန်လုမတတ် ခံစားလိုက်ကြရသည် ။

" မိုက်လိုက်တာ !"

" သေစမ်း ၊ ဒီနတ်ဆိုးအိုကြီးကို အရှက်ရအောင်လုပ်နေတာပဲ။ ဒီနတ်ဆိုးအိုကြီးက တပည့်တစ်ယောက်ရဲ့ခွန်အားနဲ့တောင် မယှဉ်နိုင်တော့ပါလား။ " စင်မြင့်ပေါ်တွင် ခြေချိတ်လျက်ထိုင်နေသော မဟာနတ်ဆိုးရွှမ်ရှသည် သူ၏ပေါင်အားထုရိုက်လိုက်ကာ ကောင်းကင်ရှိပုံရိပ်အားမော့ကြည့်လျက် တီးတိုးပြောလိုက်သည်။

"ကံကောင်းတာက ဒီနတ်ဆိုးအိုကြီးက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းကိုပဲ အုပ်ချုပ်ရလို့ပေါ့။ "

မဟာနတ်ဆိုးရွှမ်ရှသည် စင်မြင့်အောက်ရှိ မြောက်များစွာသော တပည့်သစ်လေးများအား ဝေ့ဝဲကြည့်ရှုလျက် အပျော်များပြည့်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။

" မဟုတ်သေးဘူး ။ ငါဆိုတဲ့နတ်ဆိုးအိုကြီးက ဒီအဆင့်နဲ့ရပ်တန့်လို့မဖြစ်သေးဘူး ။ တစ်နေ့နေ့မှာ ငါဆိုတဲ့မဟာနတ်ဆိုးရွှမ်ရှက ရှန်ရှန့်ကျုံဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ စီမံအုပ်ချုပ်သူကြီးဖြစ်လာစေရမယ်ကွ !"

ဤအချိန်တွင် မဟာနတ်ဆိုးရွှမ်ရှသည် ခိုင်မာသောသန္ဒိဠာန်ဖြင့် ပြောဆိုလိုက်သည်။ သူသည် အနာဂတ်ရာထူးတိုးရေးအတွက် အစီအစဉ်များကိုတောင် စဉ်းစားတွေးခေါ်နေပြီဖြစ်သည်။

သာမန်လူအိုကြီးတစ်ယောက်အနေဖြင့် ခပ်လှမ်းလှမ်းမှ တံမြက်စည်းလှဲနေသော ကောင်းကင်ခွဲဖြာအရှင်သည် ကောင်းကင်ထက်သို့မော့ကြည့်ပြီး ခပ်ယောင်ယောင်ပြုံးလိုက်ကာ တံမြက်စည်းကိုသာ ဆက်လက်လှည်းနေခဲ့သည်။ သင်သာသေချာကြည့်ရှုမည်ဆိုပါက ထိုလူအိုကြီးတံမြက်စည်းလှဲလိုက်သည့်အခါတိုင်းတွင် ဆန်းကြယ်သောနိယာမများက လေထုအတွင်းလှုပ်ရှားနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

" ရဲတင်းလိုက်တာ ! "

ဒီအချိန်မှာပဲထိတ်လန့်ဖွယ်ကောင်းသောဟိန်းဟောက်သံကြီးက ကမ္ဘာတစ်ခုလုံးကိုပဲ့တင်ထပ်သွားပြီး ရှန်ရှန့်ကျုံဂိုဏ်း၏အထက်၌ ကြောက်လန့်ဖွယ်အရှိန်အဝါကြီးငါးခု ထွက်ပေါ်လာသည်။လေထုတွင်အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်ဟာ ဖျက်ဆီးခံရတော့မည့်အလား ဖြစ်လာတော့သည်။

ဤကြောက်လန့်ဖွယ်မြင်ကွင်းကြီးက ရှန်ရှန့်ကျုံဂိုဏ်းမှ တပည့်သစ်လေးများ၏ ခန္ဓာကိုယ်များအား တုန်ယင်သွားစေခဲ့သည်။ သူတို့သည် လေထုအတွင်းရုတ်ချည်းထွက်ပေါ်လာသော ပုံရိပ်အနည်းငယ်ကို ‌အကြောက်တရားများပြည့်နှက်နေသောမျက်ဝန်းများဖြင့် မော့ကြည့်မိလိုက်ပါတော့သည်။

အကြည့်တစ်ချက်ဖြင့်ပင်သူတို့သည် သေမင်းနှင့်ရင်ဆိုင်တွေ့မြင်လိုက်ရသလို ခံစားလိုက်ကြရသည်။ သူတို့သည် ခပ်ကြာကြာစူးစိုက်မကြည့်ရဲတော့ပေ။ ထပ်မံ၍ကြာကြာကြည့်ရှုဦးမည်ဆိုပါက သူတို၏စိတ်ဝိညာဉ်များပင် လွင့်ပျံ့သွားတော့မည့်အလား ခံစားလိုက်ရတော့သည်။

" ငါတို့အဓိကအင်အားစုကြီးငါးစု ကို သတ်ဖြတ်တဲ့သူကို ရှန်ရှန့်ကျုံဂိုဏ်းနဲ့အတူ မြုပ်နှံပစ်မယ်ကွ! "

လီချင်း၏ရှေ့၌လူငါးယောက်ထွက်ပေါ်လာပြီး ဒေါသတကြီး အော်ဟစ်ပြောဆိုသံကြီးကိုကြားလိုက်ရသည်။ထိုသို့ပြောဆိုလိုက်သူမှာ ယောင်ရီ အင်ပါယာ၏လက်ဝဲအမတ် နဥ်းချန်ကုန်းပင်ဖြစ်သည်။

ဤအချိန်တွင် လက်ဝဲအမတ်မင်းချန်ကုန်း၏ခန္ဓာကိုယ်မှ ဆန်းကြယ်နတ်မင်းအထွတ်အထိပ်ရှိ ကြောက်မက်ဖွယ်စွမ်းအားလှိုင်းများ ထွက်ပေါ်လျက်ရှိသည်။ သူ၏ဘေးတွင်ရှိနေသော ပုဂ္ဂိုလ်ကြီးလေးယောက်စလုံးမှာလည်း ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားရှင်ကြီးများဖြစ်သည်။ ဤသည်မှာ ကမ္ဘာကြီးကိုတုန်ခါသွားစေသည်အထိ ခွန်အားကြီးမားသည့်စွမ်းအားရှင်ကြီးများပင်ဖြစ်သည်။

လီချင်းသည်တော့ သူ့အရှေ့၌ထွက်ပေါ်လာသောလူငါးယောက်အား မှင်သေသေအမူအရာဖြင့် စူးစိုက်ကြည့်နေသည်။ သူ၏မျက်ဝန်းများထဲ၌ အထင်အမြင်သေးမှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။

လီချင်းသည် အင်အားစုကြီးငါးစု၏စွမ်းအားများကို အထင်အမြင်သေးခဲ့သော်လည်း ထိုအင်အားစုကြီးများ၏ ခွန်အားမှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်ကြောင်းကိုတော့ လီချင်းတစ်ယောက်ဝန်ခံရမည်ဖြစ်သည်။ အထူးသဖြင့်ယောင်ရီ အင်ပါယာဖြစ်သည် ။ အစက ပုရွတ်ဆိတ်လေးတစ်ကောင်လို ရှန်ရှန့်ကျုံဂိုဏ်း၏ အနိုင်ကျင့်ခြင်းကို သည်းခံခဲ့သော ယောင်ရီအင်ပါယာမှာ ယခုချိန်မှာတော့ ထိတ်လန့်ဖွယ်ခွန်အားဖြင့် ရုန်းကြွလာခဲ့ချေပြီ!

" ဆန်းကြယ်နတ်မင်းငါးပါး ၊ မင်းတို့တွေလီချင်းကို ကူညီချင်ကြသလား ။ " ရှန်ရှန့်ကျုံဂိုဏ်းခန်းမကြီးထဲတွင် လီရွှမ်ဟွမ်သည် ဆန်းကြယ်နတ်မင်းအဆင့် ပုဂ္ဂိုလ်ကြီးငါးယောက်အား စူးစိုက်ကြည့်လျက်ပြောဆိုလိုက်သည်။ သူ့ထံမှမျှော်လင့်စောင့်စားမှုအရိပ်အယောင်များ ထွက်ပေါ်နေပါသည်။

" ဟင်အင်း။ ဒီလိုစွမ်းအားမျိုးက အနေတော်ပဲ။ ဒါက လီချင်းကိုအနည်းငယ်ဖိအားပေးနိုင်တယ်ဆိုပေမယ့်လည်း သူ့ကိုနာကျင်စေမှာတော့မဟုတ်ပါဘူး ။ " ရှဲ့ရှောင်ဖုန်းသည် ပြုံးလ်ိုက်ပြီး ခေါင်းရမ်းလိုက်သည်။

ရှဲ့ရှောင်ဖုန်း၏စကားဆုံးသွားသည့်အခါ တုကုချီဖုန်းမှတစ်ပါး ခန်းမအတွင်းရှိ ရှိရှိသမျှလူတိုင်းသည် ထိတ်လန့်သွားကြသည်။လီချင်းသည် သူ၏ရုပ်ခန္ဓာကိုယ်အား အပြည့်အဝနှိုးဆွလိုက်ပြီးနောက် သူ၏ကျင့်ကြံအဆင့်မှာ ဆန်းကြယ်နတ်မင်းအဆင့်သို့ရောက်ရှိသွားပြီဖြစ်ကြောင်း သူတို့အားလုံးသိထားကြသည်။ သို့သော်လည်း လီချင်း၏ခွန်အားမှာ ဆန်းကြယ်နတ်မင်းအဆင့် ပုဂ္ဂိုလ်ကြီးငါးယောက်နှင့် ရင်ဆိုင်သည်အထိ ကြောက်လန့်ဖွယ်ကောင်းနေလိမ့်မည်ဟု သူတို့တွေးထင်ထားခဲ့ခြင်းလုံးဝမရှိပါ။

............

" ဒင် ၊ အတွင်းစည်းဂိုဏ်း၏အကြီးဆုံးဂိုဏ်းတူအစ်ကိုကြီးလီချင်းမှာ ဆန်းကြယ်သူတော်စင်အဆင့်၁၅ယောက်ကိုသတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် 150,000 နှင့် အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်ငါးကြိမ်ကို ဆုချလိုက်ပါတယ်! "

ရှန်ရှန့်ကျုံဂိုဏ်းရှိရာဆီသို့ အားကုန်ပြေးလာနေသောဝမ်ဖုန်းသည် စနစ်၏အသံကိုကြားလိုက်ရသည့်အခါ လေပေါ်မှပြုတ်ကျလုမတတ်ထိတ်လန့်သွားခဲ့ရသည်။

" သေစမ်း ၊ ဘာတွေဖြစ်နေတာလဲဟ ။ "

ဝမ်ဖုန်းသည် ကြောင်အနေပြီဖြစ်သည်။ သူတို့ဂိုဏ်း၏အကြီးဆုံး ဂိုဏ်းတူအစ်ကိုကြီးက ဆန်းကြယ်သူတော်စင်အဆင့်၁၅ယောက်ကို သတ်ဖြတ်ခဲ့တယ်တဲ့လား။ ဒါကအရမ်းကိုလွန်လွန်းမနေဘူးလား။

" စနစ် ၊ လီချင်းရဲ့စွမ်းရည်ဇယားကို စစ်ဆေးကြည့်ပေးလို့ရမလား။ " ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားပြီး တိုးတိတ်စွာမေးမြန်းလိုက်သည်။

စနစ်ကို အဆင့်သုံးအထိမြင့်တင်ပြီးပြီဖြစ်တာကြောင့် သူလိုအပ်သည့်အခါတိုင်းတွင် ရှန်ရှန့်ကျုံဂိုဏ်းရှိ ဂိုဏ်းသားတိုင်း၏စွမ်းရည်ဇယားများကို စစ်ဆေးကြည့်နိုင်ပေသည်။

" ဒင် ၊ လီချင်း၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည် - လီချင်း

အဆင့်အတန်း - ရှန်ရှန့်ကျုံဂိုဏ်းအတွင်းစည်းဂိုဏ်းသားများ၏ အကြီးဆုံး အစ်ကိုကြီး

ကျင့်ကြံဆင့် - ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ - ရွှမ်လင်းလိပ်မသေမျိုးရုပ်ခန္ဓာ ( ၁၀၀ ရာခိုင်နှုန်းနိုးထ အသက်သွင်းပြီး )

သွေးမျိုးဆက် - အင်မော်တယ်လိပ်သွေးမျိုးဆက် ( အဆုံးမဲ့သက်တမ်းနှင့် ထာဝရရှင်သန်ခြင်း၏လက္ခဏာများကို ပိုင်ဆိုင်ထားသည် )

နိယာမ - ခုခံခြင်းတာအိုနိယာမ ( စားသုံးခြင်း ) ၊ ရှင်သန်ခြင်းနိယာမ ( သေးငယ်သော အောင်မြင်မှုရရှိပြီး )

ဆန်းကြယ်သောနည်းစနစ်များ - ရွှမ်းဝူဒိုင်းကာ ၊ ဆန်းပြားမှုတစ်ထောင်ဒိုင်းကာ ၊ ရွှမ်ရှင်းဒိုင်းကာ ၊ဝမ်လင်းဒိုင်းကာ ၊ ဖျက်ဆီး၍မရနိုင်သော ရွှေရောင်လိပ်ကိုယ်ထည်

မှော်စွမ်းအားများ - တွန်းကန်ခြင်း ( အသုံးပြုလိုက်ပြီးပါက မိမိအဆင့်ထက် တစ်ဆင့်မြင့်သော စွမ်းအားကြီးရန်သူများ၏စွမ်းအင်များကို ပြန်လည်တွန်းကန်စေနိုင်သည် )

အထူးမှော်ဝင်စွမ်းအားများ - ရွှမ်းဝူချင်ရွှမ်ဒိုင်း !

" မှတ်ချက် _ ရွှမ်ဝူချင်ရွှမ်ဒိုင်းသည် ရွှမ်ဝူဒိုင်းနှင့် ချင်ရွှမ်ဒိုင်းကာ၂ခုအား ပေါင်းစပ်၍ဖြစ်ပေါ်လာသော ဒိုင်းကာဖြစ်သည်။"

" ရွှမ်းဝူချင်ရွှမ်ဒိုင်းကာအား အသုံးပြုပြီးပါက လီချင်းသည် အခြားရန်သူများ၏စွမ်းအားများကိုစုပ်ယူနိုင်သည်။ ရွှမ်းဝူချင်ရွှမ်ဒိုင်းကာကို ထုတ်ဖော်အသုံးပြုရန်အတွက် အနည်းဆုံးလူငါးယောက်ထံမှစွမ်းအင်များကိုလိုအပ်သည်။ ရွှမ်းဝူချင်ရွှမ်ဒိုင်းကာအား ထုတ်ဖော်လိုက်ပြီးပါက လီချင်းသည် သူ့ထက်အဆင့်ကြီး၂ဆင့်မြင့်သော ရန်သူများ၏တိုက်ခိုက်မှုများကို ခုခံတိုက်ခိုက်နိုင်မည်ဖြစ်သည်။

လီချင်း၏စွမ်းရည်ဇယားကိုတွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းသည် လုံးဝထိတ်လန့်သွားခဲ့သည်။ ဘုရားရေ ၊ သူက ရှန်ရှန့်ကျုံဂိုဏ်း၏ အသန်မာဆုံး ဒိုင်းကာကြီးတစ်ခုမဟုတ်လား။

သူ၏အကြီးဆုံးတပည့်ကြီးတော့ကျော်ကြားတော့မှာပဲ ! ။

ထိတ်လန့်မှုကြီးပြီးသွားပြီးနောက် ဝမ်ဖုန်းသည် စိတ်သက်သာရာရသွားသည်။ ယောင်ယွဲ့နှင့်အခြားသူများကို လီချင်းအားဂရုစိုက်ပေးခဲ့ပါရန် သူပန်ကြားခဲ့ခြင်းမှာ အချည်းနှီးမဖြစ်တော့ပေ။ အခုတော့ လီချင်းတစ်ယောက် နာကျင်မှုများနှင့်ထိုက်တန်သည့်အောင်မြင်မှုများကို ရရှိသွားပြီဖြစ်သည်။

နဥ်းချန်ကုန်းသည် ဖမ်းဆုပ်သည့်သဏ္ဍာန်ပြုလုပ်လိုက်သည့်အခါ သူ၏လက်ထဲ၌ ရှည်လျားသည့်လှံတံတစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။ ယင်းမှာဆန်းပြားသောသင်ကေတများရေးထွင်းထားသည့် နတ်မှောင်နေသော လှံတံရှည်ကြီးတစ်ခုဖြစ်သည်။ နဥ်ချန်ကုန်းက လှံရှည်အားကိုင်ဆောင်ထားသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်မှ ထက်မြသောလှံအရှိန်အဝါများ ထုတ်လွှတ်လျက်ရှိသည်။ ထိုလှံအရှိန်အဝါများမှာ ကောင်းကင်ကို ထက်ခြမ်းခွဲတော့လုမတတ် ထက်မြလှသည်။

နဥ်ချန်ကုန်းသာမက အင်အားစုကြီးငါးစု ရှိ စွမ်းအားရှင်များသည်လည်း သူတို့၏လက်နက်များအား တစ်ယောက်ပြီးတစ်ယောက် ထုတ်ယူလိုက်ကြသည်။ ကမ္ဘာကြီးတစ်ခုလုံးတွင် အဆုံးမဲ့သတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်သွားပါသည်။ ၎င်းအရှိန်အဝါများမှာ အလွန်အမင်းပြင်းထန်လွန်းသောကြောင့် ကောင်ကင်နှင့်မြေပြင်ကတောင် တုန်ခါလာတော့မယောင် ထင်မှတ်ရပေသည်။

လီချင်း ၊ နဥ်ချန်ကုန်းနှင့် အခြားသူများ၏တိုက်ပွဲကြားသို့ ဆန်းကြယ်အဓိပတိစွမ်းအားရှင်များ ပါဝင်ရဲမည်မဟုတ်ပါပေ။

" သေစမ်း ! "

နဥ်ချန်ကုန်းသည် ဟစ်ကြွေးလိုက်ပြီး လှံတံအားထိုးသွင်းလိုက်သည်။ နဂါးတစ်ကောင်ပျံသန်းနေသလိုမျိုးလှံတံ၏ထိပ်ဖျားသည် အဆုံးအစမဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါများအား သယ်ဆောင်လျက် လီချင်းရှိရာဆီ တိုးဝင်သွားလေသည်။

အခြားသောသူလေးယောက်ကလည်း သူတို့၏တိုက်ကွက်များအား ထုတ်ဖော်လိုက်ကြသည်။ ထိုတိုက်ကွက်များမှ ထွက်ပေါ်လာသော ဓားအလင်းများသည် အလွန်ကြောက်စရာကောင်းလှသည်။

All Chapters