← Chapters

မုန်တိုင်းထန်သည့် တိုက်ပွဲမြေပြင်။

Vol. 13 Ch. 173

မုန်တိုင်းထန်သည့် တိုက်ပွဲမြေပြင်။

Vol. 13 Ch. 173

''ပြီးတော့ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ကြီးမြတ်သောလေအင်ပါယာတို့က မဟာမိတ်တွေဆိုတာလည်း မမေ့နဲ့အုံး။"

ချင်းယွင်ဧကရာဇ်သည် လူအုပ်ကြီးအား ဝေ့ဝဲကြည့်လိုက်ပြီး လေးနက်စွာပြောကြားလိုက်သည်။

ချင်းယွင် ဧကရာဇ်သည် ထိုစကားများကို ပြောကြားလိုက်သည့်အခါ ယောင်ရီဧကရာဇ်နှင့် အခြားသူများမှာ ငြိမ်ကျသွားကြသည်။ သူတို့၏မျက်ဝန်းများအတွင်း၌ အကြောက်တရားတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"ရှန်ရှန့်ကျုံဂိုဏ်းအတွက်နဲ့တော့ လေအင်ပါယာက အင်အားစုကြီးငါးစုနှင့် ရန်သူလုပ်မှာမဟုတ်လောက်ဘူးမို့လား။"

ယွမ်မင်ဓားဂိုဏ်း၊ ဂိုဏ်းချုပ်၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သွားကာ မေမြန်းလိုက်သည်။

"ဒါကပြောဖို့ခက်တယ်။ မုချင်းချန်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပဲလေ။ ပြီးတော့ ပြောကြတာက လေဧကရာဇ်ကို ကောင်းကင်ဘုံချို့ယွင်းချက်ကြီး ငါးချက်ကိုဖြတ်ကျော်နိုင်အောင် ရှန်ရှန့်ကျုံဂိုဏ်းချုပ်က ကူညီပေးခဲ့တာတဲ့။ လေဧကရာဇ်က ရှန်ရှန့်ကျုံဂိုဏ်းနဲ့ လေအင်ပါယာတို့က သေအတူရှင်မကွာ မဟာမိတ်တွေဖြစ်လာပြီလို့တောင် ကြေညာခဲ့တာ။"

ချင်းယွင်ဧကရာဇ်သည် ယွမ်မင်ဂိုဏ်းချုပ်အား စူးစိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောကြားလိုက်သည်။

"အဲဒီ ရှန်ရှန့်ကျုံဂိုဏ်းချုပ်က ဝင်ရောက်စွတ်ဖက်လို့သာ မဟုတ်ရင် မုပထျန်းက ကောင်းကင်ဘုံချို့ယွင်းချက်ကြီး ငါးချက်က ဒုတိယအဆင့်ကိုတောင် ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။"

နတ်ဆိုးဂိုဏ်းချုပ်ကလဲ အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောကြားလိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ အေးစက်မှု အရိပ်အယောင်များဖြစ်ပေါ်လျက်ရှိသည်။

"မုပထျန်းက ဒီအချိန်မှာ ငါ့အတွက်တော့ ခြိမ်းခြောက်မှုတစ်ခုမဟုတ်သေးဘူး။ အရေးကြီးတာက လေအင်ပါယာထဲက လူအိုကြီးတွေပဲ။"

ယောင်ရီဧကရာဇ်၏ မျက်လုံးများအတွင်း၌ အကြောက်တရားများဖြတ်သန်းသွားကာ မှောင်မဲနေသောမျက်နှာကြီးဖြင့် ပြောကြားလိုက်သည်။

"ကြီးမြတ်သောလေအင်ပါယာက ပါဝင်စွတ်ဖက်သည်ဖြစ်စေ မစွတ်ဖက်သည်ဖြစ်စေ အရင်ဦးဆုံးငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးပစ်ရမယ်။ အဖျက်စီးခံလိုက်ရတဲ့ အင်အားစုတစ်စုအတွက်နဲ့တော့ လေဧကရာဇ်က ငါတို့နဲ့ ရန်သူလုပ်မှာမဟုတ်ဘူးလို့ ငါထင်တယ်။"

ဧကရာဇ်ချင်းယွင်သည် သူ၏လက်အားဝေ့ရမ်းလိုက်ပြီး အမူအရာမဲ့စွာ ပြောကြားလိုက်သည်။

ဒုန်း

ဒီအချိန်မှာပဲ ပေါက်ကွဲသံကြီးတစ်ခုကြားလိုက်ရသည်။ ချင်းယွင်ဧကရာဇ်နှင့် အခြားသူများ အားလုံးသည်အလျင်အမြန်လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးသူငယ်အိမ်များသည် ရုတ်ချည်းပင် လှုပ်ရှားသွားပါတော့သည်။

နဥ်ချန်ကုန်းတို့ငါးယောက်၏တိုက်ကွက်များသည် ဧရာမလက်ဖဝါးကြီးနှင့် ထိတွေ့မိသွားကြသော်လည်း သူတို့၏တိုက်ခိုက်မှုများမှာ ဧရာမလက်ဖဝါးကြိီးကို အနည်းငယ်မျှတောင် မတုန်ခါစေခဲ့ပေ။ အဆိုပါ ဧရာမလက်ဖဝါးကြီးအား နဥ်ချန်ကုန်းတို့ငါးယောက်ကို တိုက်ရိုက်ပဲ ဖိချလိုက်သည်။ သူတို့ငါးယောက်ဟာလက်ဖဝါးကြီးရဲ့ အထက်အောက် အကြိမ်ကြိမ်အခါခါ

ပစ်တင်ပုတ်ချခြင်း ခံလိုက်ရပြီးမှ သူတို့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်မနည်းထိန်းသိမ်းလိုက်ကြရသည်။

"ဂိုဏ်းတူအကိုကြီး၊ သူဒအရမ်းမသန်မာလွန်းဘူးလား!?။"

ဤမြင်ကွင်းအား ရှန်ရှန့်ကျုံဂိုဏ်းရှိ လင်းဖေးဝူနဲ့ အခြားဂိုဏ်းတပည့်များအားလုံးအား ကြောင်အသွားစေခဲ့ပြီး မယုံကြည်နိုင်သော အမူအရာများဖြင့် ထုတ်ဖော်ပြောဆိုစေခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းကို ယခုမှဝင်လာသော ဂိုဏ်းတပည့်များသည် အမူအရာမဲ့သော၊ထိတ်လန့်သော၊ကြောက်လန့်သော စသည့်စသည့် စိတ်ခံစားချက်မျိုးစုံအား ဖော်ကြူးနေပါတော့သည်။

နဥ်ချန်ကုန်းသည် သူ၏ထုံကျင်နေသော လက်အား ခါရမ်းလိုက်ပြီး လီချင်းကို ထိတ်လန့်တကြား လှည့်ကြည့်လိုက်မိသည်။ ထိုလူ၏ ခံစစ်မှာ သူတို့မျှော်လင့်ထားတာထက် အများကြီးပို ခိုင်မာနေသည်။ သူ၏ခံစစ်မှာ ခိုင်မာရုံတင်မကသေးဘဲ သူထုတ်ဖော်လိုက်သောတိုက်ကွက်မှာလည်း အင်မတန်မှ ကြောက်စရာကောင်းလှသည်။

အခြားသော စွမ်းအားရှင်ကြီး လေးယောက်သည်လည်း ထိတ်လန့်နေကြပြီဖြစ်သည်။ သူတို့ဟာ ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့်ရှိ လီချင်း၏ ပြိုင်ဖက်မဟုတ်နိုင်ကြောင်း မူလကတည်းက သိထားပြီးသော်လည်း လီချင်းထံမှ တိုက်ကွက်တစ်ခုကိုတောင် ခုခံနိုင်လိမ့်မယ်မဟုတ်ကြောင်း တွေးထင်မထားခဲ့ကြပါ။

"သွားကြ၊ အပြင်းအထန်တိုက်ခိုက်ကြ၊ ထပ်ပြီးကြန့်ကြာမနေစေနဲ့တော့!'' ဤမြင်ကွင်းက်ို မြင်လိုက်ရသော ချင်းယွင်ဧကရာဇ်သည် ယောင်ရီဧကရာဇ်တို့လေးယောက်အား လှည့်ကြည့်လိုက်ပြီး အေးစက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"ကောင်းပြီ။ ရှန်ရှန့်ကျုံဂိုဏ်းက စွမ်းအားရှင်ကို ငါနဲ့တခြားငါးယောက်ပူးပေါင်းပြီး ရင်ဆိုင်လိုက်မယ်။ ကျန်တဲ့လူတွေကတော့ တခြာကျန်သေးတဲ့ ရှန်ရှန့်ကျုံဂိုဏ်းက စွမ်းအားရှင်တွေ ကို ရင်ဆိုင်လိုက်ကြ။"

ချင်းယွင်ဧကရာဇ်သည် အခြားသူများအားကြည့်ကာ ပြောဆိုလိုက်သည်။

ချင်းယွင်ဧကရာဇ်သည်ခေါင်းငြိမ့်လိုက်သည်။ စကားအနည်းငယ်ထပ်မံပြောဆ်ိုလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် ရုတ်ချည်းပျောက်ကွယ်သွားကာ

ရှန်ရှန့်ကျုံဂိုဏ်း အထက်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ယောင်ရီဧကရာဇ်နှင့် အခြားသူများကလည်း စကားအနည်းငယ်ထပ်မံပြောကြားလိုက်ပြီးနော် ချင်းယွင်ဧကရာဇ်နောက်သို့ လိုက်ပါသွားကြတော့သည်။

တချိန်တည်းမှာပဲ ဒါဇင်ချီသောပုံရိပ်များလည်း

ထွက်ပေါ်လာကြသည်။ အဆိုပါပုံရိပ်များအားလုံးမှာ ဆန်းကြယ်သူတော်စင်အဆင့်စွမ်းအားရှင်များဖြစ်ကြပြီး

သူတို့အားလုံးသည် ရှန်ရှန့်ကျုံဂိုဏ်းရှိရာသို့ ပြေးလာနေကြခြင်းဖြစ်သည်။

လီချင်းသည် နဥ်ချန်ကုန်းနှင့် အခြားသူများကို လှောင်ရယ်ဖို့ ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ၏မျက်ဝန်းများမှာ ရုတ်ချည်းကျဥ်းမြောင်းသွားပြီး

နန်ချန်ကုန်းနှင့် အခြားသူများအရှေ့၌ ရုတ်တရက်ထွက်ပေါ်လာသော ချင်းယွင်ဧကရာဇ်အား စူးစိုက်ကြည့်လိုက်လေသည်။

"မှန်တယ်၊ ရှန်ရှန့်ကျုံဂိုဏ်း နဲ့ မင်းလိုစွမ်းအားရှင်မျိုးဟာ ငါတို့အင်အားစုကြီးငါးခု ပူးပေါင်းတိုက်ခိုက်တာနဲ့ ထိုက်တန်ပါပေတယ်။ မင်း ဒီဧကရာဇ်နှင့် အခြားသူငါးယောက်ရဲ့ လက်ထဲမှာ သေဆုံးရတာကို ဂုဏ်ယူလိုက်သင့်တယ်!"

ချင်းယွင်ဧကရာဇ်သည် လီချင်းအား စိုက်ကြည့်လိုက်ပြီး မှင်သေသေမျက်နှာဖြင့် ပြောကြားလိုက်သည်။ သူ၏လေသံမှာ အမှန်တရားအား ထုတ်ဖော်ပြောကြားနေသည့်အလား တည်ကြည်နေပေသည်။

ယောင်ရီဧကရာဇ်နှင့် အခြားသူများအားလုံးသည်လည်း စကားမပြောကြပဲ လီချင်းကိုသာ ထူးမခြားနားအမူအရာဖြင့် စိုက်ကြည့်လိုက်ကြသည်။

" ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကလူကို ဘယ်ကောင်သတ်နိုင်လဲဆိုတာ ငါကြည့်ရသေးတာပေါ့ကွာ။"

ချင်းယွင်ဧကရာဇ်၏ အသံဆုံးသွားသည်နှင့်တပြိုင်နက် လွှမ်းမိုးချုပ်ကိုင်နိုင်သော လေသံကြီးတစ်ခုကလည်း ထွက်ပေါ်လာခဲ့ပေသည်။

ချက်ချင်းဆိုသလိုပဲ လီချင်း၏အရှေ့ရှိ လေထု၌ ပုံရိပ်အချို့ထွက်ပေါ်လာကြသည်။

"ဂိုဏ်းချုပ်!"

ရှေ့ဆုံးကပုံရိပ်ကိုတွေ့မြင်လိုက်ရသည့်အခါ လီချင်းသည် လက်သီးစုပ်ဂါရဝပြုလိုက်ပြီး လင်းဖေးဝူနှင့် အောက်ဘက်က အခြားသူများအားလုံးသည်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုလိုက်ကြသည်။

"အဲတာက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဒဏ္ဍာရီလာဂိုဏ်းချုပ်ကြီးလား။"

ရှန်ရှန့်ကျုံဂိုဏ်းကို အသစ်ဝင်ရောက်လာကြသော တပည့်လေးများသည် သူတို့၏ ဦးခေါင်းအား မြင့်မြင့်မော့လျှက် ဝမ်ဖုန်းနှင့်အခြားသူများအား စိတ်အားထက်သန်မှု ပြည့်ဝနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။

ဝမ်ဖုန်းသည် လီချင်းအားလှည့်ကြည့်ကာ အပြုံးတစ်ပွင့်နှင့်အတူပြောကြားလိုက်သည်။ သူ၏လေသံမှာ လေးစားမှု အရိပ်အယောင်များပါဝင်နေပေသည်။

"အင်း၊ မင်းကို ဒီဂိုဏ်းချုပ်လေ့ကျင့်ပေးခဲ့တာ အလဟဿမဖြစ်ခဲ့ဘူးပဲ။"

လီချင်းသည် ပြုံးသာပြုံး၍ ဘာစကားတစ်ခွန်းမှ မပြောခဲ့သော်လည်း သူ၏မျက်နှာအထက်တွင်တော့ ပျော်ရွှင်မှုအရိပ်အယောင်များဖြစ်ပေါ်နေပါသည်။ ဝမ်ဖုန်းကြောင့်သာ သူသည်ပြိုင်ဘက်ကင်းသော ဤကျင့်ကြံမှုအဆင့်သို့ ရောက်ရှိလာခဲ့ခြင်းမဟုတ်ပါလော။

"အယုတ်တမာကြီးဝမ်ဖုန်း၊ ရှင်အခုမှဘာလို့ပြန်လာရတာလဲ!?'' ရှန်ရှန့်ကျုံဂိုဏ်းခန်းမအတွင်းရှိနေသော ယဲ့မုချင်သည် ဝမ်ဖုန်း၏ နောက်ကျောအား စူးစိုက်ကြည့်ပြီး နှုတ်ခမ်းကလေးစူကာ ပြောဆိုလိုက်သည်။

သို့သော် သူမ၏မျက်ဝန်းများအတွင်း ဖြစ်ပေါ်နေသော

ပျော်ရွှင်မှူအရိပ်အယောင်များကတော့ သူမ၏စကားလုံးများအား သစ္စာဖောက်နေပေသည်။

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်တဲ့လား။ အမှိုက်ကောင်တစ်ကောင်ပါပဲကွာ။"

ချင်းယွင်ဧကရာဇ်သည် ဝမ်ဖုန်းနှင့်အခြားသူများ ရောက်လာသည်ကို တွေ့မြင်လိုက်ရသောအခါ လုံးဝအံ့သြမသွားပေ။ ချင်းယွင်ဧကရာဇ်သည် ဝမ်ဖုန်းအား လှည့်ကြည့်လိုက်ပြီး ထူးမခြားနားအမူအရာဖြင့်ပြောဆ်ိုလိုက်သည်။

"ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးချင်တယ်ဆိုရင် မင်းမှာ အဲလိုလုပ်ဆောင်နိုင်စွမ်းရှိမရှိကို အရင်ကြည့်ရမှာပဲ။"

ချင်းယွင်ဧကရာဇ်၏ စကားများကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် လှောင်ရယ်လိုက်ပြီး လက်ဝေ့ရမ်းလိုက်သည်။

ဘုန်း..

သူ၏ဘေးနားရှိ ရန်ကောနှင့် ရှောင်လုံနွီတို့၏ ခန္ဓာကိုယ်မှဆန်းကြယ်နတ်မင်းအဆင့် ကြောက်လန့်ဖွယ်အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ သိမ်းငှက်ကြီးသည်လည်း သူ၏မူလပုံစံအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာ နဥ်ချန်ကုန်းနှင့် အခြားသူများအားလုံးကို ကြောက်လန့်တကြား တုန်ယင်လာစေခဲ့သည်။

ဒါတင်မကသေးဘဲ တုကူချိုးပိုင်နှင့် ရှဲ့ရှောင်ဖုန်း တို့ကလည်း ရှန်ရှန့်ကျုံဂိုဏ်းခန်းမအတွင်းကနေထွက်လာခဲ့ကြပြီး ဝမ်ဖုန်း၏ဘေးနားသို့ ရောက်ရှိလာခဲ့ကြပေသည်။ သူတို့၏ ကျင့်ကြံမှုစွမ်းအားတို့သည် ပေါက်ကွဲထွက်လာတာ

ရုတ်တရက်လေထုထဲကြီးတစ်ခုလုံးကို သိမ့်သိမ့်တုန်ခါသွားစေခဲ့သည်။ ဝမ်ဖုန်းအားဗဟိုထားလျက် မီတာရာချီအကွာအဝေးရှိ လေထုတစ်ခုလုံးက ပကတိမျက်စိဖြင့် တွေ့မြင်နိုင်သည်အထိ ပုံပျက်သွားခဲ့လေသည်။

အဆိုပါပြိုင်ဘက်ကင်းသော စွမ်းအားများမှာ လေထုကို တိုက်ရိုက်ပင် အက်ကွဲစေခဲ့သည်!

ရှန်ရှန့်ကျုံဂိုဏ်၏ စွမ်းအားကိုတွေ့ကြုံခံစားလိုက်ရသည့်အခါ ချင်းယွင်ဧကရာဇ်နှင့် သူ့လူများအားလုံးသည် မျက်မှောင်ကြီးကျုံလိုက်ကြပြီး သူတို့၏မျက်နှာထက်၌ အံ့သြသင့်နေသောအမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။သို့သော်လည်း သူတို့သည်ကြောက်လန့်ခြင်း အလျဥ်းမရှိခဲ့ပေ။

"မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းက ဒီလောက်ထိ ပိပိရိရိဖုန်းကွယ်ထားလိမ့်မယ်လို့ ဒီဧကရာဇ်က ထင်မထားခဲ့ဘူး။ ဒါပေမယ့်လဲ ဒါလေးကတော့ ငါကို ရပ်တန့်စေမှာ မဟုတ်ဘူးကွ! "

ချင်းယွင်ဧကရာဇ်သည် ထူးမခြားနားအမူအရာဖြင့် ပြောဆိုခဲ့သည်။

ဘုန်း..

ချင်းယွင်ဧကရာဇ်၏ စကားဆုံးသွားသည့်အခါ ချင်းယွင်ဧကရာဇ်နှင့် သူတို့ငါးယောက်၏ ခန္ဓာကိုယ်မှ ကြောက်လန့်ဖွယ်ရာ စွမ်းအားကြီးများ ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့သည်။

ဆန်းကြယ်နတ်မင်းအထွတ်အထိပ် ပုဂ္ဂိုလ်ကြီးငါးယောက်၊ နဥ်ချန်ကုန်းနှင်အခြားသူများကိုထည့်သွင်းတွက်ချက်ပါက ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအာရှင်ဆယ်ယောက် အဆိုပါအင်အားစုသည် ကမ္ဘာတစ်ခုလုံးကိုတောင် တုန်ခါသွားစေရန် လုံလောက်ပေသည်။

အခြားတစ်ဖက်မှာတော့ ရှန်ရှန့်ကျုံဂိုဏ်းတွင် တုကူချိုးပိုင်နှင် လီချင်းတို့ကသာ ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့်သို့ရောက်ရှိနေကြပြီး ရှဲ့ရှောင်ဖုန်းကတော့ ဆန်းကြယ်နတ်မင်းနှောင်းပိုင်းအဆင့်ဖြစ်သည်။

ရန်ကောနှင် ရှန်းတောက်တို့ကတော့ ဆန်းကြယ်နတ်မင်းအလယ်အလတ်အဆင့်သာဖြစ်ပါ၏။ သို့သော်လည်း ရှောင်လုံနွီကတော့ ဆန်းကြယ်နတ်မင်း အစောပိုင်းအဆင့်၌သာ ရှိသေးသည်။

ကျင့်စဥ်အနိမ့်အမြင့်နှင် လူအရေအတွက်ကို ကြည့်ပါက ရှန်ရှန့်ကျုံဂိုဏ်းသည် သံသယဝင်စရာမလိုဘဲ ရှုံးနိမ့်မှာဖြစ်သည်။ သို့သော်လည်း ခွန်အားခြင်းနှိုင်းယှဥ်ကြည့်ပါက ရှန်ရှန့်ကျုံဂိုဏ်းသည် မရှုံးနိမ့်နိုင်ပေ။

တုကူချိုးပိုင်၏ တိုက်ပွဲဝင်စွမ်းရည်မှာ ဆန်းကြယ်နတ္ထိအဆင့်စွမ်းအားရှင်များနှင့်တောင် ရင်ဆိုင်နိုင်ပြီး သူတစ်ယောက်တည်းကတင် ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်သုံးယောက်အား တပြိုင်နက်ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ ဒါ့အပြင် လီချင်း၏ အသန်မာဆုံးသော ခံစစ်အင်အားကလည်း ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားရှင်ငါးယောက်အား

တပြိုင်နက် ခုခံကာကွယ်ရန်လုံလောက်ပေသည်။

သို့ပါသော်လည်း ဝမ်ဖုန်းသည်စိတ်ချရစေရန်အတွက် နောက်ထပ် ဆင့်ခေါ်ခွင့်များကိုလည်း ထပ်မံသုံးစွဲရန်ကြံစည်နေပါသေး၏။

All Chapters