← Chapters

နတ်ဘုရားများနှင့်နတ်ဆိုးများကခုန်ခြင်း။

Vol. 13 Ch. 174

နတ်ဘုရားများနှင့်နတ်ဆိုးများကခုန်ခြင်း။

Vol. 13 Ch. 174

" စနစ် ၊ အထူးဆင့်ခေါ်ခွင့်၃ကြိမ်ကို အသုံးပြုလိုက်ပါ ။ " တိုက်ပွဲမစခင်မှာပဲဝမ်ဖုန်းသည် ချက်ချင်းပြောဆိုလိုက်သည်။

" ဒင် ၊ ဝမ်ချုံးယန် ၊ ကျန်းစန်ဖုန်းနှင့် ရှောင်းယောင်ဇီတို့ကိုဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ သူတို့၏စွမ်းရည်ဇယားများကို စစ်ဆေးကြည့်ပါမည်လား ။ "

? ? ?

သူ၏စိတ်အာရုံအတွင်းမြည်ဟည်းလာသော စနစ်၏အသံကိုကြားလ်ုက်ရသည့်အခါ ဝမ်ဖုန်းသည် လုံးဝကြောင်အသွားပြီး‌မေးမြန်းလိုက်သည်။

" စနစ် ၊ ဘာတွေဖြစ်နေတာလဲ ။ ဝမ်ချုံးယန်နဲ့ကျန်းစန်ဖုန်ကို အစကတည်းက ဆင့်ခေါ်မိပြီးပြီ မဟုတ်ဘူးလား။ "

" ဒင် ၊ ယခုဆင့်ခေါ်လိုက်မိသည့် ဝမ်ချုံးယန်နှင့်ကျန်းစန်ဖုန်းတို့က သူတို့ရဲ့အထွတ်အထိပ်အခြေအနေမှာရှိကြတဲ့ ဝမ်ဖုန်းယန်နှင့် ကျန်စန်ဖုန်းပါ။ ပိုင်ရှင်ဟာ နဂိုကတည်းက ဝမ်ဖုန်းယန်နှင့်ကျန်းစန်ဖုန်းတို့ကိုဆင့်ခေါ်ပြီးဖြစ်တာကြောင့် သူတို့ကို အထွတ်အထိပ်အ‌ခြေအနေမှာရှိတဲ့ ဝမ်ဖုန်းယန်နှင့်ကျန်းစန်ဖုန်းတို့အဖြစ် အဆင့်မြှင့်တင်ပေးသွားမှာပါ ။ "

" ဟမ် ၊ ဒီလိုလည်းရတာပဲလားဟ ? "

ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်စွန်းများသည် တွန့်ချိုးသွားသည်။ သူသည် ကျန်းစန်ဖုန်း၏ကျင့်ကြံဆင့်ကို ဆန်းကြယ်သူတော်စင်အထွတ်အထိပ်အဆင့်ထိရောက်အောင် ခုလေးတင်မြှင့်တင်ပေးခဲ့တာဖြစ်သည်။ သို့သော်ယခုတွင်မူ စနစ်က သူ့ကို အထွတ်အထိပ်အဆင့်ကျန်းစန်ဖုန်းအား လာရောက်ချီးမြှင့်ပေးနေပြီဖြစ်သည်။ ဒါက သူ့အနေနှင့် အထူးဆင့်ခေါ်ခွင့်ကြီး၂ကြိမ်ကို ဆုံရှုံးသွားရတာပဲမဟုတ်ဘူးလား ။

ဒါပေမယ့်လည်းစနစ်ဆိုတာဟာ ကောင်းကင်နှင့်မြေပြင်ရဲ့ထူးမြတ်တဲ့အရာကြီးတစ်ခုပဲလေ။ဘာများလုပ်နိုင်ဦးမှာလဲ?

" စစ်ဆေးလိုက် " ။ ဝမ်ဖုန်းသည်ကူကယ်ရာမဲ့စွာပြောလိုက်သည်။

" ဒင် ၊ ကျန်းစန်ဖုန်း၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည် - ကျန်းစန်ဖုန်း

ဘွဲ့ - တာအိုပညာဆရာသခင်

ကျင့်ကြံဆင့် - ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ - ပြိုင်ဘက်ကင်းထိုက်ကျိခန္ဓာကိုယ် ( ပြိုင်ဘက်ကင်းသော ထိုက်ကျိစွမ်းအားများကိုပြိုင်ဆိုင်ထားသည် ။ ကြမ်းတမ်းခက်ထန်မှုကို နူးညံ့မှုနှင့်အနိုင်ယူသည်။ မာကြောမှုနှင့်ပျော့ပြောင်းမှုအား ပူးပေါင်းတိုက်စစ်ဆင်သည်။ )

သွေးမျိုးဆက် - ထိုက်ကျိသွေးမျိုးဆက် ( အဆုံးစွန်သောယင် ၊ အဆုံးစွန်သောယန် ဟူ၍ပုံစံနှစ်မျိုးရှိသည် ။ အဆုံးစွန်သောယန်သည် ကြမ်းတမ်းခက်ထန်ပြီး အဆုံးစွန်သောယင်သည် ပျော့ပြောင်းနူးညံ့သည်။)

နိယာမ - ထိုက်ကျိနိယာမ ( ပြီးပြည့်စုံခြင်း ) ၊ ဓားလမ်းစဉ်နိယာမ ( ပြီးပြည့်စုံခြင်း ) ၊ အစီအရင်နိယာမ ( ဝါးမျိုခြင်း )

ထူးခြားသိုင်းကွက်များ - ဝူတန်ကျို့ယန်သိုင်းပညာ ၊ ချန်းယန်သိုင်းပညာ ၊ ထိုက်ယွမ် သိုင်းပညာ ၊ မြန်ကျန့် ၊ ကျန်းထန်းသံလက်ဝါး ၊ ယီထျန်း နဂါးသတ်သိုင်းကွက် ၊ ဝူကျိရွှမ်းသိုင်းကွက် ၊ ၇၂သွယ်သောစက်ဝိုင်းသဏ္ဍာန်ဓားပျော့သိုင်းကွက် ၊ ရှန်းမန်ဓားဆယ့်သုံးကွက် ၊ဓား၂လက်သိုင်းပညာ ၊ ရွှမ်ရှုဓားပညာ ၊ ကျန်းဝူ ခုနှစ်ထောင့်အစီအရင် ။

အထူးစွမ်းအားများ - ထိုက်ကျိဓားသိုင်း ၊ ထိုကျိလက်သီးသိုင်း

လက်နက် - ကျန်းဝူဓား (ဆန်းကြယ်နတ်မင်းအဆင့်လက်နက် ) ။

အထူးကျွမ်းကျင်မှု - အဂ္ဂရိတ်ပညာ ( အဆင့်ကိုး အဂ္ဂရိတ်ဆရာသခင် )။ "

မှတ်ချက် _ အဆုံးစွန်သောယင် သို့မဟုတ် အဆုံးစွန်သောယန်ပုံစံဖြင့် ပြောင်းလဲထားသောကျန်းစန်ဖုန်းသည် ဆန်းကြယ်နတ္ထိအဆင့် စွမ်းအားရှင်များနှင့်ယှဉ်နိုင်သော တိုက်ပွဲဝင်စွမ်းအင်ကိုပိုင်ဆိုင်ထားသည်။ ပြီးပြည့်စုံသောခွန်အားများသည် တုကုချိုးပိုင်ထက် သာလွန်သည်။

" ဒင် ၊ ဝမ်ချုံးယန်၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည် ။

အမည် - ဝမ်ချုံးယန်

ဘွဲ့ -ကျုံးရှန့်ထုံ၊ ချွမ်ကျန်းကျောင်းတော်၏တည်ထောင်သူ။

ကျင့်ကြံဆင့် - ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ - တောက်ယွမ်ခန္ဓာကိုယ် ( တာအို၏မူလအရင်းအမြစ်နှင့် ထာဝရရှင်သန်ခြင်း၏ မူလဇစ်မြစ်ဖြစ်သည် ။ ဤရုပ်ခန္ဓာကိုအသက်သွင်းလိုက်ပါက လှုပ်ရှားရွေ့လျားမှုများကို ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။ )

သွေးမျိုးဆက် - သန့်စင်အေးမြသောသွေးမျိုးဆက် ( ဤသွေးမျိုးဆက်အား အသက်သွင်းလိုက်ပါက မကောင်းဆိုးဝါးဝိညာဉ်တို့၏ နှောင့်ယှက်ခြင်းကို ခံရတော့မည်မဟုတ်ဘဲ အတွင်းနတ်ဆိုး၏တိုက်စားခြင်းကိုလည်း ခံရတော့မည်မဟုတ်ချေ ။ )

ဆန်းကြယ်သိုင်းကွက်များ - မွေးရာပါကျင့်စဉ် ၊ ကျန်းယန်ကျင့်စဉ်၊ ရေခဲဖြိုခွဲခြင်းလက်ဝါး ၊ ယိယန်လက်ချောင်း

အထူးသိုင်းကွက်များ - ပကတိချီဖြင့်သန့်စင်ခြင်းသုံးပါး ၊ ယင်ကိုးသွယ်ကျင့်စဉ်

လက်နက် - ရွှမ်ကျန်းဓား ( ဆန်းကြယ်နတ်မင်းအဆင့် )

အထူးကျွမ်းကျင်မှုများ - အစီအရင်တာအို ( ကိုယ်တိုင်တီထွင်ထားသော ထျန်ကန်းပေသို အစီအရင်ဖွဲ့စည်းခြင်း။

အစီရင်တာအိုဖွဲ့စည်းခြင်းအဆင့် - အဆင့်ငါးအစီအရင်ဧကရာဇ်)။ "

မှတ်ချက် _ တောက်ယွမ်ရုပ်ခန္ဓာကို အသက်သွင်းပြီးနောက် ဝမ်ချုံးယန်သည် ဆန်းကြယ်နတ္ထိအဆင့် စွမ်းအားရှင်များနှင့်ရင်ဆိုင်ယှဉ်ပြိုင်နိုင်ပါသည် ။ ခွန်အားတစ်ခုတည်းအရာတွင်သူသည် ကျန်းစန်ဖုန်းနှင့် တုကူတို့ထက် အားနည်းပါသည်။ "

ဝမ်ချုံးယန်နှင့် ကျန်းစန်ဖုန်းတို့၏ စွမ်ရည်ဇယားများကိုစစ်ဆေးကြည့်လိုက်ပြီး ဝမ်ဖုန်းသည် ခေါင်းတဆက်ဆက် ညိတ်လိုက်မိသည်။ သူသည်စွမ်းအားရှင်အသစ်များကို ဆင့်ခေါ်ရရှိခြင်းမရှိခဲ့သော်လည်း ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားရှင်၂ယောက်ကိုတော့ ရရှိခဲ့ပါသည်။ ထို့အပြင် ၎င်းဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားရှင်၂ယောက်မှာလည်း ဆန်းကြယ်နတ္ထိအဆင့်များနှင့်ယှဉ်ပြိုင်နိုင်သည်မှာ တကယ့်ကို မိမိုက်လှသည်။

တစ်ချိန်တည်းမှာပဲ ရှန်ရှန့်ကျုံဂိုဏ်းခန်းမကြီးတွင်ရှိနေသော ကျန်းစန်ဖုန်းနှင့် ဝမ်ချုံးယန်တို့သည် လေထုအတွင်းရုတ်ချည်းအေးခဲသွားပြီး တင်ပုလ္လင်ချိတ်ထိုင်လိုက်ကြသည်။ ခန်းနားကြီးကျယ်သောစွမ်းအားကြီးတစ်ခုသည် လေထုထဲမှထွက်ပေါ်လာပြီး သူတို့၏ခန္ဓာကိုယ်များနှင့်ပေါင်းစပ်သွားကာ စွမ်းရည်များကိုမြှင့်တင်ပေးနေသည်။

ဤမြင်ကွင်းကိုသတိပြုမိလိုက်သောလီရွှမ်းဟွမ်သည် ကျန်းစန်ဖုန်း ၊ဝမ်ချုံးယန်၏ရှေ့၌ရုတ်ချည်းထွက်ပေါ်လာပြီး သူတို့ကို ကာကွယ်ပေးနေခဲ့သည်။

" ဒင် ၊ ရှောင်းယောင်ဇီ၏ စွမ်းရည်ဇယားမှာအောက်ပါအတိုင်းဖြစ်သည်။

အမည် - ရှောင်းယောင်ဇီ

ဘွဲ့ - နှောင်ကြိုးမဲ့ဂိုဏ်း၏ ဒဏ္ဍာရီလာဂိုဏ်းချုပ်

ကျင့်ကြံခြင်း - ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ - နှောင်ကြိုးမဲ့ရှေးဦးရုပ်ခန္ဓာ ( ဤရုပ်ခန္ဓာအား အသက်သွင်းပြီးပါက အလျင်နှုန်းသည် ဆယ်ဆတိတိ တိုးတက်လာမည်ဖြစ်သည်။ )

သွေးမျိုးဆက် - မြောက်ပိုင်းမြေအောက်ကမ္ဘာသွေးမျိုးဆက် ( စွမ်းအားအားလုံးကိုချေဖျက်နိုင်သော အစွမ်းသတ္တိရှိသည် ။ )

ထူးခြားသိုင်းကွက်များ - လင်းပို အဏုမြူခြေလှမ်း ၊ရှောင်းဝူရှန်းသိုင်းပညာ၊ ထန်ရှန်းလက်သီး ၊ ထန်ရှန်းလျို့ယန်လက်ဝါး ၊ ပိုင်ဟုန်လက်ဝါး ၊ လန်တောက်ဒန်တျန် ၊ အသံကူးပြောင်းခြင်း ၊ စိတ်ဝိညာဉ်ရှာဖွေခြင်း ၊ ရွှမ်ကုန်းလိပ်အသက်ရူနည်းစနစ်

မှော်စွမ်းအားများ - ပိုင်မင်းမှော်ပညာ ၊ ထာဝရရှင်သန်ခြင်းနှင့်အဆုံးမဲ့ဖူးပွင့်ခြင်း ၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းအဆောင်လက်ဖွဲ့

လက်နက် - ပိုင်မင်းဖူချန် ( ဆန်းကြယ်နတ်မင်းအဆင့် ) "

" မှတ်ချက် _ ရှောင်းယောင်ဇီ၏တိုက်ပွဲဝင်စွမ်းရည်မှာ ဆန်းကြယ်နတ္ထိအဆင့် စွမ်းအားရှင်များနှင့်ယှဉ်ပြိုက်တိုက်ခိုက်နိုင်ပါသည်။သူ၏ခွန်အားမှာ ကျန်းစန်ဖုန်း ၊ တုကုချိုးပိုင်တို့၏ခွန်အားနှင့် တူညီပါသည်။ "

ရှောင်းယောင်ဇီ၏စွမ်းရည်ဇယားကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းသည်ပြုံးလိုက်မိသည်။ သူသည် ချင်းယွင်ဧကရာဇ်နှင့်အခြားသူများအား မှင်သေသေအမူအယာဖြင့် စိုက်ကြည့်လိုက်မိသည်။ ထပ်ပေါင်းတိုးတက်လာသော စွမ်းအားများဖြင့်ဆိုပါက ဤရန်သူများမှာ အမှန်တကယ်သေရပေလိမ့်မည်။

" သတ်ကြ ! "

ချင်းယွင်ဧကရာဇ်သည်လည်း ရှန်ရှန့်ကျုံဂိုဏ်အား ထူးမခြားနားအမူအယာဖြင့်စိုက်ကြည့်ကာ အေးစက်သောလေသံဖြင့်ပြောဆိုလိုက်သည်။ သတ်ဖြတ်လိုသောအရှိန်အဝါများ သူ၏ခန္ဓာကိုယ်မှထုတ်လွှတ်နေခဲ့သည်။ ရွှေရောင်အလင်းတန်များထုတ်လွှတ်နေသောဓားတစ်ချာင်းက သူ၏လက်ထဲ၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်ပြီးကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကြီးသည်လည်း ကောင်းကင်ယံထိတိုင်ထွက်ပေါ်နေခဲ့သည်။

ယောင်ရီဧကရာဇ်နှင့်အခြားသူများသည်လည်း ကြောက်မက်ဖွယ်ခွန်အားများကိုထုတ်ဖော်လိုက်ကြပြီး ကမ္ဘာကြီးတစ်ခုလုံးကို တုန်ယင်စေခဲ့သည်။

သို့ပါသော်လည်းသူတို့သည် ဝမ်ဖုန်းနှင့်အခြားသူများကို သတ်ဖြတ်တော့မည့်အချိန်တွင် ပုံရိပ်ကြီးသုံးခုသည် ဝမ်ဖုန်း၏ဘေး၌ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် ကြိုတင်သတိပေးထားခြင်းမရှိပဲ ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့် အရှိန်အဝါများကား လေထုအတွင်းထွက်ပေါ်လာခဲ့သည်။ ချင်းယွင်ဧကရာဇ်နှင့် သူ၏လူများအားလုံးသည် တုန်လှုပ်သွားကြပြီး မယုံကြည်နိုင်လောက်သောအမူအရာများ ဖြစ်ပေါ်လာကြသည်။

ထိုသူသုံးယောက်မှာ ဝမ်ချုံးယန် ၊ ကျန်းစန်ဖုန်း ၊ ရှောင်းယောင်ဇီတို့ပဲဖြစ်ကြသည်။

ရှောင်းယောင်ဇီသည် ကွန်ဖြူးရှပ်ပုံသဏ္ဍာန်ရိုးရာဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏အသွင်အပြင်မှာ သပ်ရပ်ကြော့ရှင်းသော သက်လတ်ပိုင်းအမျိုးသားကြီးတစ်ယောက်ဖြစ်သည်။

သူ၏လက်ထဲတွင် ယပ်တောင်တစ်ချောင်းကိုကိုင်ဆောင်ထားပြီး သူ၏လှုပ်ရှားမှုများအားလုံးမှာ သဘာဝနှင့်တစ်သားတည်းကျနေပြီး ထူးခြားဆန်းပြားမှုကိုပေးစွမ်းနေသည်။

" ရှောင်းယောင်ဇီက ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ် ။ "

ထွက်ပေါ်လာပြီးသည်နှင့်တပြိုင်နက် ရှောင်းယောင်ဇီသည် ဝမ်ဖုန်းကိုလေးလေးစားစားဂါဝရပြုလိုက်ပြီး ပြောဆိုလိုက်သည်။

" အရမ်းကြီးယဉ်ကျေးနေစရာမလိုပါဘူး ။ " ဝမ်ဖုန်းသည်လည်းပြုံးလိုက်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။

" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ မင်းရဲ့ရှန်ရှန့်ကျုံဂိုဏ်းက ဘာလို့ဒီလောက်ထိသန်မာနေရတာလဲ ။"

ချင်းယွင်ဧကရာဇ် ၊ ယောင်ရီဧကရာဇ်နှင့်အခြားသူများအားလုံး၏ မျက်ဝန်းများသည် ပြူးကျယ်သွားကြပြီး ထိတ်လန့်တကြားအော်ဟစ်ပြောဆိုလိုက်ကြကာ ကျန်းစန်ဖုန်းနှင့် အခြားသူများအား မယုံကြည်နိုင်သောအမူအယာဖြင့် စိုက်ကြည့်နေလိုက်ကြသည်။

ထိုအရာကြီးက ကောင်းကင်နှင့်မြေပြင်၏စွမ်းအားများကို စုပ်ယူလိုက်ပြီးသည့်နောက်တွင် ဤကောင်းကင်နှင့်မြေပြင်အကြားတွင် ဆန်းကြယ်နတ်မင်းအဆင့်ပုဂ္ဂိုလ် အသာထား ၊ ဆန်းကြယ်သူတော်စင်အဆင့်ပုဂ္ဂိုလ်များကိုတောင် မမွေးဖွားနိုင်တော့ပေ။ သူတို့အရမ်းအစွမ်းထက်နေရသည့်အကြောင်းအရင်းမှာ သူတို့သည်ဤကမ္ဘာကြီးထဲကမဟုတ်သောကြောင့်ပင်ဖြစ်သည်။ သူတို့သည် ထိုအရာတွက်သာ ဒီကမ္ဘာကြီးဆီသို့ အရောက်လာခဲ့ကြခြင်းဖြစ်သည်။

ဒီကမ္ဘာကြီးထဲရှိ ဒေသခံအင်အားစုမှာ ကြီးမြတ်သောလေအင်ပါယာတစ်ခုတည်းသာရှိသည်။ သို့သော်လည်း လေအင်ပါယာကြီး၏အမွေအနှစ်များမှာ အလွန်အမင်းရှုပ်ထွေးလှပါသည်။ ထို့ကြောင့်လေအင်ပါယာကြီးသည် ကမ္ဘာကြီးဆုတ်ယုတ်သွားပြီးသည့်နောက်တွင်တောင် သူတို့နှင့်ရင်ဆိုင်ယှဉ်ပြိုင်နိုင်စွမ်းရှိနေကြသည်။ဒီရှန်ရှန့်ကျုံဂိုဏ်းကရော သူတို့ဘယ်ကရောက်လာကြတာလဲ ။ သူတို့မှာ ဘယ်လိုလုပ် ဒီလောက်စွမ်းအားကြီးမားနေကြတာလဲ။

"မင်းတို့က ငါတို့ရှန်ရှန့်ကျုံးဂိုဏ်းရဲ့ခွန်အားကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲ။ " ဝမ်ဖုန်းသည် ချင်းယွင်ဧကရာဇ်နှင့် အခြားသူများကိုကြည့်ကာ ထူးမခြားနားအမူအယာဖြင့် ပြောဆိုလိုက်သည်။

" တိုက်ခိုက်ကြ ! "

ယင်းနောက်ဝမ်ဖုန်းသည် ချင်းယွင်ဧကရာဇ်နှင့်အခြားသူများကိုစကားပြောဆိုလိုစိတ်မရှိတော့ပဲ သူ၏လက်ကိုဝှေ့ယမ်းလျက် ပြောဆိုလိုက်သည်။

ဝမ်ဖုန်း၏စကားဆုံးသွားသည်နှင့်တပြိုင်နက် ကျန်းစန်ဖုန်း ၊ ဝမ်ချုံးယန် ‌၊ ရှောင်းယောင်ဇီနှင့် တုကုချိုးပိုင်တို့သည် ချင်းယွင်ဧကရာဇ်နှင့် အခြားသောသူများ‌ဆီ ပြေးဝင်သွားကြသည်။ လီချင်း ၊ ယန်ကောနှင့် အခြားသူများကတော့ နဥ်ချန်ကုန်းနှင့်အခြားသူများရှိရာဆီသို့ ပြေးဝင်သွားခဲ့ကြသည်။

ကျန်းစန်ဖုန်းတို့အုပ်စု အပြေးဝင်ရောက်လာသည်ကိုတွေ့လိုက်ရသောအခါ ချင်းယွင်ဧကရာဇ်သည် ဘာစကားတစ်ခွန်းကိုမျှ ဆက်မပြောတော့ပဲ သူ၏လက်ထဲရှိ ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကြီးတစ်ခုလုံးသည် ကောင်းကင်အရှိန်အဝါများကိုဖြန့်ကျက်လျက် ရှန်ရှန့်ကျုံ့ဂိုဏ်းကြီးတစ်ခုလုံးကို အုပ်ကာထားလေသည်။

၎င်းသည် ကမ္ဘာကြီးအား ထက်ခြမ်းခြမ်းချင်သကဲ့သို့ ဖြစ်နေခဲ့သည်။

ဤဓားစွမ်းအင်နှင့်ရင်ဆိုင်လိုက်ရသည့်အခါ တုကုချိုးပိုင်၏မျက်နှာသည် ထူးမခြားနားအမူအယာဖြင့်သာရှိနေဆဲဖြစ်သည်။ သူ၏လက်ချောင်းများကို ဖမ်းဆုပ်သည့်ပုံသဏ္ဍာန် ပြုလုပ်လိုက်ကာ ဓားတစ်ချောင်းအား ဖန်တီးလိုက်သည်။

ဤလူနှစ်ယောက်၏ တိုက်ပွဲအစဖွင့်လှစ်လိုက်ခြင်းနှင့်အတူ ကျန်းစန်ဖုန်း ၊ ယောင်ရီဧကရာဇ်နှင့် ယွမ်မင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်တို့မှာလည်းတိုက်ခိုက်လိုက်ကြသည်။ ကျန်းစန်ဖုန်းသည် ဓားကိုလက်တစ်ဖက်နှင့်ဆုပ်ကိုင်ထားပြီး နောက်လက်တစ်ထက်ကတော့လက်သီးတစ်ခုသဏ္ဍာန်ဖော်ဆောင်ထားသည်။ သူ့၏ဝဲဘက်လက်တွင် ထိုက်ကျိဓားတစ်ချောင်းကိုကိုင်ဆောင်ထားပြီး သူ၏ယာဘက်လက်ကတော့ ထိုက်ကျိလက်သီးသိုင်းကို ထုတ်ဖော်ပြသနေပေသည်။ သူသည်ယောင်ရီဧကရာဇ်အား အသာအယာခုခံပိတ်ဆို့လိုက်သည်။ သူသည်ယောင်ရီဧကရာဇ်နှင့် ယွမ်မင်ဓားဂိုဏ်းချုပ်တို့အား ပေါ့ပါးစွာခုခံလိုက်လေသည်။

ကျန်းစန်ဖုန်း၏ လှုပ်ရှားမှု တစ်ခုတည်းက ယောင်ရီဧကရာဇ်နှင့် ယွမ်မင်ဂိုဏ်းချုပ်တို့အား ထိတ်လန့်သွားစေခဲ့သည်။ သူတို့သည် ကျန်းစန်ဖုန်းအား‌ေလျာ့မတွက်ရဲတော့ပဲ တတ်စွမ်းသမျှခွန်အားတို့ကိုအသုံးပြုကာ တိုက်ခိုက်လိုက်ကြသည်။

ဒီမြင်ကွင်းကိုတွေ့မြင်လိုက်ရသည့်အခါ ချင်းယွင်ဧကရာဇ်နှင့် အခြားဂိုဏ်းချုပ်၂ယောက်တို့၏ နှလုံးသားများအားလုံးသည် တုန်လှုပ်သွားကြသည်။ သူတို့သည် ယောင်ရီဧကရာဇ်နှင့် ယွမ်မင်ဓားဂိုဏ်းချုပ်တို့၏ခွန်အားများကို ရှင်းရှင်းလင်းလင်းသိထားကြပါသည်။ သူတို့အားလုံးသည် အဆင့်တူတွင်ရှိနေကြသည်မဟုတ်ပါလော။ ယောင်ရီဧကရာဇ်နှင့်ယွမ်မင်ဂိုဏ်းချုပ်တို့ နှစ်‌ေယာက်စလုံးကို တပြိုင်တည်းပေါ့ပေါ့ပါးပါးရင်ဆိုင်တိုက်ခိုက်ဖို့ဆိုသည်ကား .. ထိုကဲ့သို့သောခွန်အားကြီးသည် သူတို့အားလုံးဝတုပ်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

တစ်ဖက်မှာတော့ တစ္ဆေဝိညာဉ်ဂိုဏ်းချုပ်နှင့် ဝမ်ချုံးယန်တို့သည် အပြင်းအထန် တိုက်ခိုက်နေကြသည်။

တစ္ဆေဝိညာဉ်နတ်ဆိုးဂိုဏ်းချုပ်သည် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်၌ တစ္ဆေချီများကိုဝန်းရံထားပြီး ထူးခြားဆန်းပြားသောအရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။ သူသည်ခက်ထန်ကြမ်းကြုတ်သော မကောင်းဆိုးဝါးချီများကိုအသုံးပြုလျက် ဝမ်ချုံးယန်အား ဆက်တိုက်ဆိုသလို တိုက်ခိုက်နေခဲ့သည်။ သို့ပါသော်လည်း ဝမ်ချုံးယန်၏ အထူးသွေးမျိုးဆက်လက်အောက်တွင် သူ၏ မကောင်းဆိုးဝါးချီစွမ်းအင်များကလည်း ဘာကိုမှမလုပ်နိုင်ဖြစ်နေခဲ့သည်။

နောက်တစ်ခဏအကြာတွင်မှာတော့ တစ္ဆေဝိညာဉ်၏ နတ်ဆိုးဂိုဏ်းချုပ်သည် ဖိနှပ်ခြင်းကို တဖြည်းဖြည်းခံလာရသည်။ သန့်စင်အေးမြသောသွေးမျိုးဆက်ပိုင်ရှင် ဝမ်ချုံးယန်သည်ကား မကောင်းဆိုးဝါးဝိညာဥ်များ၏ သဘာဝရန်သူကြီးပင်ဖြစ်ချေတော့သည်။

ရှောင်းယောင်ဇီကတော့ တန်းမိုရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်နှင့်တိုက်ခိုက်နေခဲ့သည်။ သူတို့နှစ်ယောက်သည် အလင်းတန်းကြီး၂ခုအဖြစ် ပြောင်းလဲသွားပုံပေါ်ပြီး လေထုထဲ၌ဆက်တိုက်ဆိုသလိုတိုက်ခိုက်နေကြသည်။ သူတို့တိုက်ခိုက်လိုက်သည့်အခါတိုင်းတွင် လေထုထဲ၌ အက်ကွဲကြောင်းကြီးတစ်ခုနှင့်အတူ ကြောက်လန့်ဖွယ်ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ကျန်းစန်ဖုန်းနှင့်အခြားသူများက ရှန်ရှန့်ကျုံဂိုဏ်းအပေါ်တွင်အကာအရံအလွှာကြီးတစ်ခု ဖန်တီးပေးထားခဲ့ခြင်းမဟုတ်လျှင် ဤစွမ်းအားရှင်ကြီးများက တိုက်ခိုက်ရာမှဖြစ်ပေါ်လာသော စွမ်းအားလှိုင်းလုံးကြီးများက ရှန်ရှန့်ကျုံဂိုဏ်းကို မြေကြီးပေါ်ပြိုကျပျက်စီးသွားစေလိမ့်မည်ဖြစ်သည်!။

ဆန်းကြယ်နတ်မင်းအဆင့်စွမ်းအာရှင်ကြီးများ အသီးသီးတိုက်ခိုက်နေကြချိန်တွင် အင်အားစုကြီး၅စုမှ ဆန်းကြယ်သူတော်စင်အဆင့်၂၅ယောက်တို့ကလည်း ရှန်ရှန့်ကျုံဂိုဏ်ဆီသို့ပြေးဝင်လာခဲ့ကြသည်။ထိုဆန်းကြယ်သူတော်စင်အဆင့် ၂၅ယောက် တို့ပြေးဝင်လာကြသည်ကိုတွေ့မြင်လိုက်ရသည့်အခါ ကောကျင့်ကလည်းထပ်မံစောင့်ဆိုင်းနေခြင်းမရှိတော့ပဲ ပြေးထွက်သွားခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းတွင် ဆန်းကြယ်သူတော်စင်အဆင့်ဟူ၍ ကောကျင့်နှင့်လီရွှမ်းဟွမ်တို့၂ယောက်သာရှိကြသည်။လူအင်အားချင်းမှာ အတော်အသင့်ကွာခြားသော်လည်း သူတို့၂ယောက်သည် လုံးဝထိတ်လန့်နေခြင်းမရှိကြပေ။

" နဂါးလက်ဝါး ၁၈ချက် ! "

ပြေးထွက်လာပြီးသည်နှင့်တပြိုင်နက် ကောကျင့်သည် သူ၏အထူးစွမ်းအားကို ချက်ခြင်းအသုံးပြုလိုက်သည်။ ‌ေရွှဝါရောင်ရှေးဦးနဂါးသားရဲကြီးသည် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်ကို ရစ်ပတ်လိုက်သည်။ ထိုနဂါးကြီး၏ ကြီးမားသောမျက်လုံးကြီးများက ရှန်ရှန့်ကျုံဂိုဏ်းဆီပြေးဝင်လာသော ဆန်းကြယ်သူတော်စင် ၂၅ယောက်အား ထိတ်လန့်တုန်ယင်သွားစေခဲ့သည်။

ဝေါင်း !

ရွှေရောင်နဂါးပုံရိပ်ဆီမှ နဂါးဟိန်းသံထွက်ပေါ်လာခဲ့သည်။ ကောကျင့်သည် လေထုထဲမှတစ်ဆင့် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။ လေထုသည် ကွဲကြေသွားသော ကြေးမုံပြင် အက်ကွဲကြောင်းများအလား ဖြစ်ပေါ်လာလေသည်။

ကောကျင့်လက်ရှိထုတ်ဖော်လိုက်သောစွမ်းအားကား အင်အားစုကြီး၅စုမှ ဆန်းကြယ်သူတော်စင်အဆင့်စွမ်းအားရှင်များကို ထိတ်လန့်သွားစေခဲ့သည်။

ကောကျင့်၏တိုက်ကွက်ပြီးသွားပြီးနောက် တဆက်တည်းမှာပဲ လီရွှမ်းဟွမ်ကလည်း ‌ပြေးဝင်လာခဲ့သည်။ သူသည် သူ၏လက်ထဲတွင် သေးငယ်သောဓားတစ်ချောင်းကို ဆုပ်ကိုင်ထားပြီး ထိုဓား၏အစွန်းသည် အေးစက်စက်အရှိန်အဝါများ ထုတ်ဖော်လျက်ရှိသည်။ ယင်းနောက်အနန္တဓားပျံများသိုင်းကွက်ကို ထုတ်ဖော်လိုက်လေသည်။

မရေမတွက်နိုင်သောဓားအရိပ်များသည် ကြောက်လန့်ဖွယ်အရှိန်နှုန်းဖြင့်ပြေးထွက်လာခဲ့သည်။ မူလအစက ကောကျင့်ထုတ်ဖော်ခဲ့သောလက်ဝါးချက်အပြင် လီရွှမ်းဟွမ်၏ဓားပျံများကလည်း ဆန်းကြယ်သူတော်စင်တစ်အုပ်စုလုံးအား တပြိုင်တည်းတိုက်ခိုက်လိုက်ကြသည်။

ကောကျင့်နှင့်လီရွှမ်းဟွမ်တို့လို ထိတ်လန့်ဖွယ်တည်ရှိမှုကြီး၂ခုနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ဆန်းကြယ်သူတော်စင်အဆင့် ၂၅ယောက်သည် လျော့မတွက်ရဲတော့ပဲ ခွန်အားကုန်သုံး၍ခုခံတိုက်ခိုက်လိုက်ကြပါတော့သည်။

သောက်ကျိုးနည်း ။ သူတို့ဟာ လူအများကြီးရှိသော်လည်း ကောကျင့်နှင့်လီရွှမ်းဟွမ်တို့တိုက်ခိုက်လိုက်သည့်အခါ သူတို့သည် သူတို့အုပ်စုထဲ၌ ဒီထက်ပို၍လူများများရှိနေလျှင်ကောင်းမည်ဟု တွေးတောလိုက်ကြသည်!

All Chapters