ပြိုင်ဘက်ကင်း ဓါးနတ်ဆိုး။
Vol. 13 Ch. 175
လီရွှမ်းဟွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သိပ်သည်းသည့် ဓါးချီများသည် ဆန်းကြယ်သူတော်စင် အဆင့် စွမ်းအားရှင်အုပ်စုကြီးတစ်ခု လုံးအား ဖုံးအုပ်သွားခဲ့သည်။ ဆန်းကြယ်သူတော်စင် အစောပိုင်းအဆင့်သာ ရှိသေးသော စွမ်းအားရှင်များကတော့ ဤကြောက်လန့်ဖွယ်ကောင်းသော ဓါးအရိပ်များကြောင့် ချက်ချင်းပင် လွင့်ထွက်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များပေါ်၌ အရွယ်အစားမတူညီသော ဓါးဒဏ်ရာများစွာ ရှိနေလေသည်။
သိပ်သည်းသော ဓါးအရိပ်များကို ခုခံနိုင်ခဲ့သော စွမ်းအားရှင်များ သက်ပြင်းသက်မ ချလိုက်စဥ်မှာဘဲ ကောကျင့်၏ နဂါးလက်ဝါး၁၈ချက်က ထွက်ပေါ်လာပြီး သူတို့အား ထိခိုက်မိသွားသည်။
"သောက်ကျိုးနည်း!''
အစောပိုင်းက ကံကောင်းထောက်မခဲ့လို့ သက်ပြင်းချခဲ့ ကြသော စွမ်းအားရှင်များသည် ချက်ချင်းဘဲ ကျိန်ဆဲလိုက်မိကြသည်။ သူတို့တစ်ယောက်ချင်းဆီတိုင်းဟာ ခွန်အားများကို ထုတ်ဖော်လျှက် ကြောက်မက်ဖွယ် နဂါးလက်ဝါးချက်ကြီးကို ခုခံကာကွယ်ရန် အလျှင်အမြန်ပြုမူလိုက်ကြသည်။
ဤနဂါးအရိပ်ကြီးသည် စွမ်းအားရှင်များအား အနှောက်အယှက် တစ်စုံတစ်ရာမရှိဘဲ ထိတိုက်မိသွားသည်။ နဂါးလက်ဝါးတိုက်ကွက်ကို ဆန်းကြယ်သူတော်စင်အဆင့် ဆယ်ပါးသည် ထိခိုက်ခံလိုက်ရပြီး သူတို့ရင်ဘတ်ပေါ်ရှိ အဝတ်အစားများမှာ စုတ်ပြဲ သွားကာ သွေးရောင်ချင်းချင်းနီမြန်းသွားတော့သည်။
ရွမ်...
နဂါးလက်ဝါးကို အောင်မြင်စွာ ခုခံနိုင်ခဲ့၍ သက်ပြင်း ချနေကြစဥ်မှာဘဲ ပျံသန်းနေသော နတ်မိမယ်လေးတစ်ယောက်အလား အေးစက်သော ဓါးအလင်းတန်းတစ်ခုသည် ကောင်းကင်ယံ၌ ထွက်ပေါ်လာခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံးတွင် အဆိုပါဓါးအလင်းတန်းတစ်ခုသာ ကျန်ရစ်ခဲ့ပုံပေါ်သည်။ ပြင်းထန်သော ဓါးအလင်းတန်းက ဤသန်မာသော လူတစ်စုအား သေမင်း ချဥ်းကပ်လာသကဲ့သို့ ခံစားလိုက်ရစေသည်။
သူတိူ့သည် ဓါးကိုင်၍မတ်တပ်ကပ်နေသော ဝမ်ဖုန်းအား စူးစိုက်ကြည့်မိလိုက်ပြီး ကျိန်ဆဲပြောဆိုမိလိုက်ကြသည်။
"မိုးမေလင်း! ငါတို့အားလုံးက ဆန်းကြယ်သူတော်စင် တွေပဲလေကွာ မင်းတို့က ဘာလို့ဒီလောက်တောင် သန်မာနေရတာလဲ!?"
သိုင်းတစ်ကွက်ပြီးတစ်ကွက် ထုတ်ချနေတာ ငါတို့ကို အသက်ရှုခွင့်တောင် မပေးတော့ဘူးလား!?
သူတို့သည် ဝမ်ဖုန်းနှင့် သူ့လူများကို တစ်စဆီ စုတ်ဖြဲချင်နေကြသည် ဖြစ်သော်လည်း ယခုအချိန်မှာတော့ အသက်ကို ပြင်းပြင်းရှုကာ ဝမ်ဖုန်း၏ ဓါးချက်အား အစွမ်းကုန် ကြိုးစား၍ ခုခံကာကွယ်နိုင်ကြရုံသာ တတ်နိုင်ပါတော့သည်။
အကြိမ်ပေါင်းများစွာ ချီစွမ်းအင်များကို ဖိနှိပ်သိပ်သည်းခြင်း ခံလိုက်ရပြီး ဆန်းကြယ်သူတော်စင် အဆင့်သို့ တတ်လှမ်းသွားပြီဖြစ်သော ဝမ်ဖုန်းသည် ကောင်းကင်ယံအပြင်ဘက် ပျံသန်းနေသော အမတအရှင်သိုင်းကွက်အား အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။ သူ၏သိုင်းကွက်ကို ဆန်းကြယ်သူတော်စင်အဆင့် အထွတ်အထိပ်ကိုတောင် မရောက်သေး သော ဤလူတစ်စုက အဘယ်မှာလျှင် ခုခံနိုင်မည်နည်း။
ဝမ်ဖုန်း၏ တိုက်ကွက်ကြောင့် ဆန်းကြယ်နတ်မင်းအစောပိုင်းအဆင့် စွမ်းအားရှင်များ၏ မျက်နာထက်တွင်တောင် ထိတ်လန့်သွားသော အမူအရာများ ထုတ်ဖော်ပြသလာကြသည်။ လီရွှမ်းဟွမ်နှင့် ကောကျင့်တို့၏ တိုက်ခိုက်မှုကြီးနှစ်ခုကို ခုခံတားဆီးခဲ့ရသော ဒီလူတစ်စုဆိုလျှင်တော့ ပြောဖွယ်ရာမရှိတော့လေပြီ။
အံ့ဩစရာမရှိတော့လေပြီ။ ဝမ်ဖုန်း၏ ဓါးချက်သည် ကျန်ရှိနေသေးသော ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်များအား ထိမှန်သွားပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရစေသည်။ အဆိုပါဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်များမှာ ဓါးချက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း သေမသွားခဲ့ဘဲ ဒဏ်ရာအပြင်းအထန်သာ ရရှိသွားခဲ့ကြသည်။ ဝမ်ဖုန်းနှင့်သူ့လူများ၏ တိုက်ကွက်များမှာ အလွန်အမင်းစွမ်းအားကြီးမားသော်လည်း ဆန်း ကြယ်သူတော်စင်အဆင့် စွမ်းအားရှင် ၂၅ ယောက်ကို အလွယ်တကူသတ်ဖြတ်ဖို့ဆ်ိုသည်က အဘယ်မှာ ဖြစ်နိုင်မည်နည်း။
"နဂါးလက်ဝါး ၁၈ ချက်.."
"ပျံသန်းနေသောဓါးများ"
"ကောင်းကင်ယံအပြင်ဘက် ပျံသန်းနေသော အမတအရှင်"
ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်ကြီးများ မြေကြီးပေါ် ခြေထောက်မတ်မတ် ရပ်နိုင်လိုက်သည့် အချိန်မှာဘဲ နောက်ထပ် ပူပေါင်းတိုက်ကွက်သုံးကွက်က ထပ်မံထွက်ပေါ်လာပြန်သည်။ ထုတ်လွှတ်နေသော စွမ်းအားကြီးအရှိန်အဝါကြီးများက ဆန်းကြယ် သူတော်စင်အဆင့် စွမ်းအားရှင်လူစု၏ မျက်နာများအား ဖြူဖျော့သွားစေခဲ့သည်။
ဘာလဲဟ... မင်းတို့ကောင်တွေ ဖြည်းဖြည်းတိုက်လို့မရဘူးလား....ကွာ....
ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်လူစုသည် အလွန်အမင်းစိတ်ဓာတ်ကျနေပြီ ဖြစ်သော်လည်း သူတို့သည် သူတို့၏ ခွန်အားများအား နောက်တဖန်ထုတ်ဖော်လိုက်ရပြီး ပူးပေါင်းတိုက်ကွက်သုံးကွက်အား ခုခံလိုက်ရပြန်သည်။ တူညီသောမြင်ကွင်းများ ထပ်မံထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ဓါးပျံများက ရေပြင်ညီအတိုင်းတိုက်ခတ်လိုက်သည်။ ယင်းနောက်မှာ ကြောက်မက်ဖွယ် နဂါးလက်ဝါးချက်ကြီး ထွက်ပေါ်လာသည်။ အဲ့ဒီနောက်မှာ စူးရှသော ဓါးအလင်းတန်းကြီးထွက်ပေါ်လာပြန်သည်။
ဆန်းကြယ်သူတော်စင်အစောပိုင်းအဆင့် စွမ်းအားရှင်တစ်ယောက် အရင်ဆုံးသေဆုံးသွားခဲ့သည်။ ယင်းနောက် ဒုတိယတစ်ယောက် ..
တတိယတစ်ယောက်...
ဟင့်...မဟုတ်ဘူး...
ဤဒုတိအကြိမ်မြောက် တရစပ်တိုက်ကွက်သုံးကွက် တိုက်ခိုက်ခဲ့ရာတွင် ဆန်းကြယ်သူတော်စင်အစောပိုင်း အဆင့်စွမ်းအားရှင် ခုနှစ်ယောက်လုံးသေဆုံးသွား ခဲ့သည်။ ကောင်းကင်နှင့်မြေပြင်ကြားတွင် ပြင်းထန်သော သွေးရနံ့တို့ လှိုင်လှိုင်ကြွယ်ထွက်ပေါ်လာသည်။
ရှန်ရှန်ကျုံဂိုဏ်းပေါ်တွင် သွေးမိုးကြီးတစ်ခု ရွာသွန်းလာခဲ့သည်။ သို့သော်လည်း အဆိုပါသွေးများမှာ ရှန်ရှန်ကျုံဂိုဏ်းသားတစ်ယောက်၏သွေးမှ မပါဝင်ခဲ့ပေ။ ထိုသွေးစက်များက မြေပြင်ပေါ်မကျရောက်ခင်မှာဘဲ ရှန်ရှန်ကျုံဂိုဏ်း အကာအရံကြီး၏ ခုခံခြင်းကိုခံလ်ိုက်ရကာ ချက်ချင်းဘဲ အငွေ့ပျံသွားခဲ့တော့သည်။
ပြောရပါလျှင် ဆန်းကြယ်သူတော်စင် အစောပိုင်းအဆင့် စွမ်းအားရှင်ခုနှစ်ယောက်၏ သေဆုံးသွားမှုက ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်တစ်အုပ်စု ကြီးအား စတင်ထိတ်လန့်လာစေခဲ့သည်။ ဝမ်ဖုန်းနှင့် သူ့လူများ၏ တိုက်ကွက်များမှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသော်လည်း သူတို့ဟာ ပထမ တစ်ကြိမ်မှာတော့ ခုခံနိုင်ခဲ့ကြသည်။ သို့ သော်လည်းယခုအချိန်မှာတော့ လူခုနှစ်ယောက်သေဆုံး သွားလေသည်။
ဤသည်ကသူတို့၏ ခန္ဓာကိုယ်များအား တုန်ယင်လာစေခဲ့သည်။
"နဂါးလက်ဝါး၁၈ချက်"
"ပျံသန်းနေသော ဓါးများ"
"ကောင်ကင်ယံအပြင်ဘက် ပျံသန်းနေသော အမတအရှင်"သို့သော်လည်း သူတို့သက်ပြင်းခပ်ကောင်း ကောင်း မချနိုင်ခင်မှာဘဲ နောက်ထပ် တိုက်ခိုက်မှု တွဲလုံးသုံးခုက ထပ်မံထွက်ပေါ်လာပြန်သည်။
အမေရေ!
ဒီလိုမျိုး အနိုင်မကျင့်ပါနဲ့လားဟ...
ဤဆန်းကြယ်သူတော်စင်အဆင့်စွမ်းအားရှင် အုပ်စုကြီးသည် ချက်ချင်းဘဲ တုံ့ပြန်ခဲ့ကြသည်။ သူတို့အားလုံးသည် မျက်ရည်မကျဘဲ ငိုချင်နေကြပါပြီ။သူတို့သည် သူတို့၏ခွန်အားများအား ဖော်ထုတ်လိုက်ကြပြီး ခုခံရန်အကောင်းဆုံး ထပ်မံကြိုးစားလိုက်ရပြန်သည်။ သူတို့ထဲတွင် ဆန်းကြယ်သူတော်စင်အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်သာ ပါဝင်နေပါက သူတို့သည် ဤမျှအခြေအနေထိတိုင် အောင် စုတ်စုတ်ပြတ်ပြတ် ရှုံးနိမ့်ရမည်မဟုတ်ပေ။ သိုသော်လည်း သနားစရာမှာ သူတို့အုပ်စုထဲတွင် ဆန်းကြယ်သူတော်စင် နှောင်းပိုင်းအဆင့်စွမ်းအားရှင် များသာပါဝင်ပေသည်။
ဤသည်မှာ ဝမ်ဖုန်းနှင့်သူ့လူများ၏ တိုက်ခိုက်မှုများကို ထိထိရောက်ရောက်ကာကွယ်ရန် မဖြစ်နိုင်ခဲ့ပေ။သူတို့သည် လူအင်အားတောင့်တင်းနေ၍သာမဟုတ်ပါက ဝမ်ဖုန်းနှင့် သူ့လူများ၏ သတ်ဖြတ်ခြင်းကို အစောကတည်းကပင် ခံခဲ့ရပြီး ဖြစ်နေလောက်သည်။
သူတို့သည် ကြောက်လန့်နေဖို့တောင် အချိန်မရှိပါဘဲ သူတို့၏ မျက်နာများက အလွန်အမင်းလေးနက်နေကြသည်။ သူတို့သည် သူတို့၏စွမ်းရည်များ အားလုံးကို ထုတ်ဖော်လိုက်သည့်အခါ ကျင့်ကြံဆင့်ထက်တောင်ပိုမိုသာလွန်သော စွမ်းအားကြီးတစ်ရပ် ပေါက်ကွဲ ထွက်ပေါ်လာလေသည်။
ဤအချိန်တွင် ရှန်ရှနိကျုံဂိုဏ်းပေါ်ရှိ ကောင်းကင်တစ်ခွင်လုံး၌ ကမ္ဘာမြေတုန်ဟီးစေလောက်သော စွမ်းအားကြီးတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ လေထုတွင် ကြီးမားသော အက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာပြီး အထူးသဖြင့် ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားရှင်များ တိုက်ခိုက်နေသည့်နေရာ၌ အက်ကွဲကြောင်းကြီးများမှာ ပိုမိုများပြားလေသည်။
ဆနိးကြယ်သူတော်စင်အဆင့် တိုက်ပွဲမြေပြင်တွင်တော့ ဝမ်ဖုန်း ၊ ကောကျင့်နှင့် လီရွှမ်းဟွမ်တို့သည် ဆက်တိုက်ဆိုသလို ပူးပေါင်းတိုက်ခိုက်နေကြသည်။ သူတို့ထုတ်ဖော်ပြသလိုက်သော တိုက်ပွဲဝင်စွမ်းရည်များမှာ သူတို့၏ ကျင့်ကြံဆင့်ထက်တောင်မှ ပိုမိုသာလွန်နေပြီး သူတို့သည် အင်အားစုကြီး ငါးစုရှိ ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်များအား အပြတ်အသတ်ဖိနှိပ်ထားသည်။
ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားရှင်များတိုက်ပွဲတွင်တော့ ချင်းယွင်ဧကရာဇ်သည် တုကူချိုးပိုင်၏ တိုက်ခိုက်မှုများ လွှမ်းမိုးမှုအောက်တွင် ရောက်ရှိနေခဲ့သည်။
ချင်းယွင်အင်ပါယာကြီး၏ ဧကရာဇ်မင်းဖြစ်သည့်အလျှောက် ချင်းယွင်ဧကရာဇ်သည် အလွန်အမင်းနာမည်ကျော်ကြားပြီး မောက်မာသော လူတစ်ယောက်ဖြစ်သည်။ ထျန်းလန်ဒေသတွင် သူသည် သူ၏ကိုယ် ပိုင်အင်အားကို အသုံးပြုခဲ့ပြီး ဒေါသထွက်နေသော ဆန်းကြယ်နတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားရှင်ကြီးနှစ်ယောက်နှင့်တောင် ရင်ဆိုင်ယှဥ်ပြိုင်ရဲခဲ့သည်။
သို့သော်လည်း ချင်းယွင်ဧကရာဇ်အနေဖြင့် သူ့ထက်ပို၍ ပါရမီကောင်းပြီး သူ့ထက်ပို၍ တိုက်ခိုက်ရေး.စွမ်းရည်ပြည့်ဝသော တုကူချိုးပိုင်နှင့် လက်ရှိရင်ဆိုင် တိုက်ခိုက်နေရသည်ကတော့ ဝမ်းနည်းစရာပင် ။
တုကူချိုးပိုင်၏ အကန့်အသတ်မဲ့ ပျက်စီးခြင်းစွမ်း အင် များကို သယ်ဆောင်ထားသော ဓါးကိုးလက် သည် ချင်းယွင်ဧကရာဇ်အား ဇောချွေးပြန်လာစေခဲ့သည်။ ယခင်ဓါးတစ်ချောင်းထက် နောက်ဓါးတစ်ချောင်းက ပိုမိုအစွမ်းထက်ကာ ကြောက်မက်ဖွယ်ကောင်း လေသည်။ ချင်းယွင်ဧကရာဇ်၏ ဓါးပညာမှာ မည်မျှပင်သန်မာပါစေ ဓါးနှင့်အတူယှဥ်တွဲ၍ အသက်ရှင် နေထိုင်ခဲ့ရသော တုကူချိုးပိုင်ကိုတော့ အဘယ်မှာလျှင် ရင်ဆိုင်နိုင်မည်နည်း။
ချင်းယွင်ဧကရာဇ်၏ ဓါးချီများသည် အထီးကျန်ခြောက်ကပ်နေသော တုကူချိုးပိုင်၏ ဓါးချီများအောက်တွင် တစ်ခုပြီးတစ်ခု ဖျက်စီးခံနေရကာ ခုခံကာကွယ်ဖို့ရန် အစွမ်းအစမရှိခဲ့ပါပေ။
တုကူချိုးပိုင်သည် ချင်းယွင်ဧကရာဇ်အား အထင် အမြင်သေးသော အကြည့်များဖြင့် ကြည့်လျှက် တစ်လှမ်းချင်းတစ်လှမ်းချင်း ချဥ်းကပ်သွားခဲ့သည်။ အစကနေအဆုံးထိ တူကူချိုးပိုင်သည် ဓါးအစစ်အမှန်တစ်ချောင်းကို အသုံးမပြုခဲ့ပေ။ သူသည်သူ၏ ချီစွမ်းအင်များကိုသာ ဓါးပုံသဏ္ဍာန်အဖြစ် ပြောင်းလဲအသုံးပြုခဲ့ပြီး ချင်းယွင်ဧကရာဇ်မှာ အသက်ပင်ဝဝမရှုခဲ့ရပေ။
ဤအချိန်တွင် တုကူချိုးပိုင်သည် သူ၏လက်ချောင်းများကို သူ၏လက်ဖဝါးထဲသို့ လှည့်ကာ ကုတ်ဆွဲသော ပုံသဏ္ဍာန်ပြုလုပ်လိုက်သည်။ ကောင်းကင်နှင့်မြေပြင်ကြားရှိ ဆန်းကြယ်သော ချီစွမ်းအင်များသည် တစ်စုံတစ်ခု၏ ဆွဲစုခြင်းကို ခံလိုက်ရသလိုမျိုး အရူးအမူးသိပ်သည်း စုဝေးသွားကြပြီး ကြီးမားပြီး ကြောက်လန့်ဖွယ်ကောင်းသော ဓါးအလင်းတန်းကြီးတစ်ခု မွေးဖွားလာခဲ့သည်။ အဆိုပါဓါးအလင်းတန်းကြီးဟာ ကြယ်တစ်လုံး၏ အလင်းရောင်အလား လင်း လက်တောက်ပလွန်းလှပြီး ထက်မြသော ဓါးအလင်းတန်းသည် တောင်းများကို အပိုင်းပိုင်းအစစ ဖြတ်တောက်နိုင်မည်ဟုတောင် ထင်မှတ်ရပေသည်။
ချင်းယွင်ဧကရာဇ်သည် သန်မာသော ဖိအားကြီးတစ်ခုကို ရုတ်ချည်းခံစားလိုက်ရကာ အရပ်မျက်နာအသီးသီးမှ ထက်မြသော ဓါးချီတိုက်ခိုက်မှုများက သူ့အား ဖုံးလွှမ်းထားခဲ့သည်။ သူသည် တွေးတောရန်အချိန်ပင်မရှိဘဲ သူ့လက်ထဲက ဓါးရှည်သည် ရုတ်တရက်ပျံသန်းသွားပြီး သူ့ဘက်ညိုးမှ သွေးတစက်ကို ဖြတ်တောက်ထုတ်လိုက်သည်။ အဆိုပါသွေးစက်သည် ဓါးရှည်၏ကိုယ်ထည်ပေါ်သို့ သက်ဆင်းသွားခဲ့ပြီး ရှည်လျားသော ရွှေအိုရောင် ဓါးရှည်ကြီးသည် ချက်ချင်းဆိုသလိုပင် သွေးနီရောင်ပြောင်းလဲသွားခဲ့သည်။
ဓါးရှည်၏ပတ်ပတ်လည်တွင် သွေးနီရောင်စွမ်းအားကြီးတစ်ခု ရစ်ပတ်သွားခဲ့သည်။ သွေးနီရောင်ဓါး အလင်းတန်းကြီးတစ်ခုသည် ရုတ်ချည်းထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကို ထက်ခြမ်းပိုင်းတော့မည် ကဲ့သို့သောခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။
" ချင်းယွင် သွေးစွန်းဓါးစီရင်ချက်..."
သို့သော်လည်း ချင်းယွင်ဧကရာဇ်တစ်ယောက် သွေးစွန်းဓါး ပညာရပ်က်ို အပြည့်ကဝမထုတ်ဖော်နိုင် ခင်မှာဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ခါသွား ခဲ့သည်။ ကြီးမားသော ဓါးအလင်းတန်းကြီးတစ်ခုက ချင်းယွင်ဧကရာဇ်၏ ခေါင်းထက်မှာ ပေါ်ထွက်လာခဲ့သည်။ အဆိုပါဓါးအလင်းတန်းကြီးမှာ ခမ်းနားကြီးကျယ်သော စွမ်းအားများကို ထုတ်ဖော်နေပြီး ချင်းယွင်ဧကရာဇ်ကိုတောင် ကြက်သီးမွှေးညှင်းများ ထသွားစေခဲ့သည်။
ကြီးမားသော ဓါးအလင်းတန်းကြီးသည် ချင်းယွင်ဧကရာဇ်အား မြေပြင်ပေါ်သို့ ဖိချလိုက်သည်။ ရှန်ရှန်ကျုံတောင်ကြား အပြင်ဘက်ရှိ မြေကြီးသည် ရုတ်တရက်ဆိုသလို တုန်ခါလာခဲ့ကာ တောင်ထိပ်တစ်ခုလုံး၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ချင်းယွင်ဧကရာဇ်သည် ဧရာမဓါးအလင်းတန်းကြီး၏ ဖိနှိပ်မှုကို ခံနေရကာ ချင်းယွင်ဧကရာဇ်အား ဗဟိုထားလျှက် အချင်းဝက် တစ်ကီလိုမီတာအကွာ အဝေးရှိသော မြေပြင်သည် ဧရာမချိုင့်ဝှမ်းကြီးအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။
"ဖူး...."
မြေပြင်ပေါ် ဖိသိပ်ခြင်းခံလိုက်ရသော ချင်းယွင်ဧကရာဇ်၏ ပါးစပ်မှ သွေးတစ်လုတ်အပြည့် အန်ထွက်လာခဲ့သည်။ သူ၏မျက်နာထက်၌ ထိတ်လန့်ခြောက်ခြားမှု အမူအရာများ ဖြစ်ပေါ်လျှက်ရှိသည်။ သူဒီကမ္ဘာကြီးကို ရောက်လာခဲ့ပြီးကတည်းက ပြင်းပြင်းထန်ထန်ဒဏ်ရာ မရခဲ့ဖူးပေ။ သို့သော်လည်း အခုချိန်မှာတော့ သူသည် ပြင်းထန်သော ဒဏ်ရာရခြင်း၏ ခံစားချက်ကို ထပ်ဖန်တစ်ခါသိရှိလိုက်ရပေသည်။