← Chapters

နယ်မြေဓါးတစ်လက်။ထိုက်ကျိယင်ယန်။

Vol. 13 Ch. 176

နယ်မြေဓါးတစ်လက်။ထိုက်ကျိယင်ယန်။

Vol. 13 Ch. 176

တုကူချိုးပိုင်သည် ကောင်းကင်ပေါ်တွင် ခြေတစ်လှမ်းချင်း လှမ်းလာပြီး ချင်းယွင် ဧကရာဇ် ပြုတ်ကျသွားသော နေရာ၏ အထက်၌ ရပ်တန့်လိုက်သည်။သူသည် မြေကြီးအောက်ရှိ ချင်းယွင် ဧကရာဇ်အား အထင်မြင်သေးသော မျက်ဝန်းဖြင့် စူးစိုက် ငုံ့ကြည့်လိုက်သည်။

ဤအချိန်တွင် တုကူချိုးပိုင်ဟာ အလွန်အမင်း စိတ်ပျက်နေပါပြီ။ သူသည် ဆန်းကြယ်နတ်မင်း အထွတ်အထိပ်အဆင့်‌တွင် ရှိသော ချင်းယွင်ဧကရာဇ်သည် သူ့အား ဖိအား အနည်းငယ် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။သို့သော်လည်း ချင်းယွင် ဧကရာဇ်မှာ အရမ်း အားနည်း နေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

ပြိုင်ဖက် တစ်ယောက် ရှာရတာလည်း ခက်ခဲလိုက်တာ...

တုကူချိုးပိုင်သည် သက်ပြင်း ဖွဖွ ချလိုက်သည်။သူ အလိုရှိသည့်အရာမှာ ရန်သူ တစ်ယောက်ပဲ ဖြစ်သည်။သူ့အား အဆုံးစွန် ဖိအားပေး၍ တိုက်ကွက်မျိုးစုံကို ထုတ်ဖော်စေနိုင်သော ရန်သူတစ်ယောက်ပင် ဖြစ်သည်။သို့သော်လည်း ယခု ကြုံတွေ့နေရသည့် ရန်သူများကတော့ သူ၏ ဓားနှစ်ချောင်းကိုတောင် မခုခံနိုင်ခဲ့ပေ။

ဘုန်း...

ဤအချိန်မှာပဲ ချင်းယွင် ဧကရာဇ်သည် မြေပြင်ပေါ်မှ ပြန်ထလာခဲ့သည်။ထိတ်လန့်ဖွယ် စွမ်းအားကြီး တစ်ခုကသူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာသည်။သူသည် တုကူချိုးပိုင်ကြောင့် ဒဏ်ရာ အပြင်းအထန် ရခဲ့သာ်လည်း တစ်ခဏကြာသာ ထိတ်လန့်သွားပြီးနောက် အလွန်အမင်း ဒေါသထွက်လာခဲ့သည်။

သူက ဘယ်သူများလဲ...

သူသည် ဤကမ္ဘာပေါ်ရှိ အင်ပါယာကြီး သုံးခုအနက် ချင်းယွင် အင်ပါယာကြီး၏ ဧကရာဇ်မင်းမြတ် ဖြစ်သည်။သူ၏နောက်တွင်တော့ ထျန်းလန်ဒေသမှ ထိပ်တန်းဂိုဏ်းကြီး တစ်ခု ရှိနေခဲ့သည်။

ဒီနေရာ ကျဉ်းကျဉ်းလေးထဲက တစ်ယောက်က သူ့ကို ဘယ်လိုများ အနိုင်ယူနိုင်ရတာလဲ?

"ကြည်လင်နေသော ကောင်းကင်မှာ တိမ်အပြည့် ဖုံးလွှမ်းသွားတယ် ချင်းယွင်ရဲ့ ဓားသွား ထွက်ပေါ်လာပြီ"

ကြီးမြတ်သော ချင်းယွင် ဧကရာဇ်၏ နဖူးထက်၌ အပြာရောင် သွေးကြောများ အမြောင်းလိုက် အမြောင်းလိုက် ထွက်ပေါ်လာသည်။သူ၏ မျက်ဝန်းများမှ တုကူချိုးပိုင် အား အေးတိအေးစက် စူးစိုက်ကြည့်နေပြီး သူသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။သူသည် သူ၏ လက်ညိုးအား သွေးထွက်စေလျက် သူ၏ နဖူးတည့်တည့် ဗဟိုနေရာသို့ ဖိနှိပ်လိုက်သည်။စိမ်းပြာရောင် အလင်းတန်းကြီးတစ်ခုက သူ၏ နဖူးထက်မှ ထွက်ပေါ်လာခဲ့သည်။

သူ၏ မျက်ခုံးနှစ်ခု အလယ်ဗဟို နေရာမှ နေ၍ စိမ်းပြာရောင် ဓားရှည်ကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။၎င်းကို ဓားရှည်ဟုသာ ပြောရသော်လည်း အဆိုပါ ဓားရှည်၏ ပုံသဏ္ဌာန်မှာ ထူးဆန်းလှပါသည်။ယင်းမှာ ခရင်းခွ တစ်ခုနှင့် တူနေပြီး ဓားရှည်၏ ထိပ်သည် နှစ်ခွ ဖြစ်နေသည်။

ဤဓားကို ချင်းယွင် ဧကရာဇ် ထုတ်ဖော်လိုက်သည်ကို တွေ့မြင်ရသော အခါ ယောင်ရီ ဧကရာဇ်နှင့် အခြားသူများ အားလုံးသည် ချင်းယွင် ဧကရာဇ်ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။သူတို့၏ မျက်ဝန်း သူငယ်အိမ်များက တုန်ခါသွားခဲ့ကြကာ သူတို့၏ အမူအရာများကလည်း ကြောက်ရွံ့ထိတ်လန့်မှုများကို ဖော်ဆောင်နေသည်။

သို့သော်လည်း သူတို့သည် ထိတ်လန့် အံ့ဩနေဖို့ အချိန်ပင် မရှိလိုက်ပဲ သူတို့ ရန်သူများ၏ ဖိနှိပ်ခြင်းကို ခံလိုက်ကြရကာ ထပ်မံ၍ စိတ်အာရုံ မပျံ့လွင့် ရဲတော့ပေ။

သို့‌ပါသော်လည်း ယောင်ရီ ဧကရာဇ်နှင့် အခြားသူများ၏ နှလုံးသားထဲတွင်တော့ မုန်တိုင်း ထန်နေပြီ ဖြစ်သည်။ချင်းယွင် ဧကရာဇ်၏ အမွေအနှစ်များသည် ထျန်းလန်ဒေသ ချင်းယွင်ဓားဂိုဏ်းမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

ဒါ့အပြင် ဤမိုးပြာရောင် တိမ်တိုက် ဓားကွက်သည် ချင်းယွင်ဓားဂိုဏ်းမှ ဂိုဏ်းသားတိုင်း မဖြစ်မနေ သင်ယူရသော သိုင်းကွက် တစ်ခုပဲ ဖြစ်သည်။

ချင်းယွင်ဓားဆိုသည်မှာ ကိုင်‌ေဆာင်သူတို့၏ ကိုယ်ပိုင်သွေး၊ ကိုယ်ပိုင်စိတ်ဆန္ဒတို့မှ ဖန်တီးလာခဲ့သော ဓားတစ်ချောင်းပင် ဖြစ်သည်။ချင်းယွင်ဓားကို လူတစ်ယောက်၏ ဘဝတွင် တစ်ချောင်းသာ ပြုလုပ်၍ ရနိုင်သည်။ချင်းယွင်ဓား ထွက်ပေါ်လာသည့် အခါမှာ မုန်တိုင်းကြီးတစ်ခု အစပျိုးရပေလိမ့်မည်။

ချင်းယွင်ဓားသာ ပျက်စီးသွားပါက နောက်ထပ် ချင်းယွင်ဓား တစ်ချောင်းကို ထပ်မံ ဖန်တီး၍ ရတော့မည် မဟုတ်ပါ။

ယင်းသည် အလွန်အမင်း မြင့်မြတ်သော ဓားတစ်ချောင်း ဖြစ်ပြီး ချင်းယွင်ဓားဂိုဏ်း တပည့်များ အားလုံး၏ ဝှက်ဖဲကြီး တစ်ခုလည်း ဖြစ်ပေသည်။အခု အချိန်မှာတော့ ချင်းယွင် ဇကရာဇ်သည် ဤဝှက်ဖဲအား ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ရာ ရှန်ရှန်ကျုံ့ဂိုဏ်းမှ လူများသည် အလွန်အမင်း သန်မာနေလေသလော?

"သတ်..."

ချင်းယွင် ဇကရာဇ်သည် ဟိန်းဟောက် ပြောဆိုလိုက်သည်။ချင်းယွင်ဓားသိုင်းကို ကိုင်ဆောင်ထားသော ချင်းယွင် ဧကရာဇ်မှာ ချင်းယွင်ဓားနှင့် တစ်သားတည်း ပေါင်းစည်းသွားပုံရသည်။ဧကရာဇ်၏ လက်ထဲရှိ ချင်းယွင်ဓားမှာ တုနှိုင်းမရအောင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။မျက်စိကျိန်းလောက်အောင် စူးရှလှသော အပြာရောင် အလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာကာ ကမ္ဘာကြီး တစ်ခုလုံးဟာ မိုးပြာရောင် ပြောင်းလဲသွားသည့်အလား ထင်မှတ်လိုက်ရပေသည်။

ရုတ်တရက်ဆိုသလိုပဲ ချင်းယွင် ဧကရာဇ်ရော သူ့လက်ထဲက ဓားကပါ ပျောက်ကွယ်သွားခဲ့ပြီး နောက်တစ်ကြိမ်တစ်ခါတွင် သူသည် တုကူချိုးပိုင်၏ အရှေ့၌ ရုတ်ချည်းထွက်ပေါ်လာခဲ့လေသည်။

ဤဓား၏ ရန်လိုသော စွမ်းအင်များက တုကူချိုးပိုင်၏ အမူအရာများအား ပြောင်းလဲသွားစေခဲ့သည်။ထူးဆန်းသော အလင်းရောင် တစ်ခုသည် သူ၏ မျက်ဝန်းအိမ်များ အတွင်း၌ ထွက်ပေါ်လာခဲ့သည်။

"လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓားကို အသုံးပြုပြီးတော့လား ?ဒါက ထူးခြားတဲ့ လမ်းစဉ်တစ်ခုပဲ? သနားစရာ ကောင်းတာက ဓားက ဘယ်လောက်ပဲ သန်မာ သန်မာ ဓားကိုင်တဲ့ လူက အားနည်းနေရင်တော့ အသုံးဝင်မှာ မဟုတ်ဘူး"

ဤစကား ဆုံးသည်နှင့် တစ်ပြိုင်နက် တုကူချိုးပိုင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ဓားချီများ ပေါက်ကွဲထွက်လာပြီး ထက်မြသော ဓားရှည် စွမ်းရည်များက ရုတ်ချည်းဆိုသလို ဓားကမ္ဘာငယ်လေး တစ်ခုအား ဖန်တီးလိုက်ကာ ကမ္ဘာကြီး တစ်ခုလုံးအား တုန်ယင်သွားစေခဲ့သည်။တုကူချိုးပိုင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ရုတ်တရက်ဆိုသလို သိပ်သည်းသော ဓားစွမ်းရည်များ အကြား၌ မိန်ဖျော့ ပျောက်ကွယ်သွားသည်။

သိပ်သည်းသော ဓားစွမ်းအင် မုန်တိုင်းကြီး တစ်ခုသည် ကောင်းကင်ယံထက် ရှန်ရှန်ကျုံ့ဂိုဏ်း၏ အ‌ေပါ်၌ ဖြစ်ပေါ်လာခဲ့သည်။ဓားလမ်းစဉ်ကို ကျင့်ကြံသည့် မည်သူမဆို တုကူချိုးပိုင် ကဲ့သို့သော သိမြင်နားလည်မှု အဆင့်ကို မရောက်သေးပါက သူတို့သည် ဓားနယ်မြေကြီးအား ဝပ်သွား ခစားလိုသော ခံစားချက်များ ခံစားလိုက်ကြရသည်။

ဝမ်ဖုန်းသည်တောင်မှ သိပ်သည်းသော ဓားနယ် မြေကြီးအား အံ့အားသင့်နေသော အမူအရာဖြင့် လှည့်ကြည့်မိလိုက်သည်။

နောက် တဒင်္ဂမှာပဲ ဓားချီမုန်တိုင်းကြီးအဖြစ် အသွင်ပြောင်းလဲထားသော သိပ်သည်းသည့် ဓားချီစွမ်းအင်များသည် ကြီးမားသော ဓားအလင်းတန်းကြီး တစ်ခုအဖြစ် သိပ်သည်းစုစည်းသွားပြီး တုကူချိုးပိုင်၏ ပုံရိပ်ကလည်း တဖြေးဖြေး ပြန်လည် ထွက်ပေါ်လာခဲ့သည်။ဤ အချိန်မှာတော့ သူသည် ကြီးမားသော ဓားအလင်းတန်းကြီး၏ အနောက်၌ မတ်တပ်ရပ်နေပြီး ချင်းယွင် ဧကရာဇ်အား ထူးမခြားနားသော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

''ဓားတစ်ချောင်းဆိုတာက ဘာကိုပြောတာလဲဆိုတော့ မင်းကိုငါ ပြသ ပေးမယ်!''

တုကူချိုးပိုင်သည် တိတ်ဆိတ်စွာ ရေရွတ်လိုက်ပြီး သူ၏လက်အား ဝေ့ရမ်းလိုက်သည့်အခါ သူ၏ရှေ့ရှိ ဓားအလင်းတန်းကြီးသည် ကောင်းကင်ယံ၌ ကန့်လန့်ဖြတ် ခုတ်ပိုင်း ဖြတ်သန်းသွားလေသည်။

ဤသည်မှာ ဓားအလင်းတန်း ဖြစ်သော်လည်း စင်စစ်မှာတော့ ဓားအလင်းတန်း တစ်ခု မဟုတ်ပေ။ဤသည်မှာ ဓားမုန်တိုင်း တစ်ခုလုံး၏ စွမ်းရည်များကို ပေါင်းစပ် သိပ်သည်းထားသော ဓားနယိမြေ တစ်မြေ ပင်ဖြစ်သည်။အဆိုပါ ဓားနယ်မြေကြီးသည် သူတော်စင်များနှင့် နတ်ဆိုးများကိုတောင် သတ်ဖြတ်နိုင်စွမ်း ရှိ‌ေပသည်။

ဤဓား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီး တစ်ခုလုံးတွင် ဤဓား တ‌စ်ချောင်းထဲသာကျန်နေခဲ့သည့်ပုံ ပေါ်၏။

ဤဓားချက် ထွက်ပေါ်လာသည့် အခါ လေထုသည် ဆက်တိုက် ဆိုသလို အက်ကွဲလာခဲ့သည်။ ဤဓားတွင် ကောင်းကင်နှင့် မြေပြင်ကို ဖျက်စီးနိုင်သော စွမ်းအင်များ ပာဝင်နေပေသည်။

လူတိုင်း လူတိုင်းသည် ရပ်တန့်လိုက်ကြပြီး ကောင်းကင်ပေါ်ရှိ ဧရာမ ဓားအလင်းတန်းကြီးအား အံ့အားတစ်သင့် စိုက်ကြည့်လိုက်မိကြသည်။ဤ အချိန်တွင် တည်ငြိမ်‌နေသေးသည့် သူများဟူ၍ ရှန်ရှန်ကျုံ့ဂိုဏ်းရှိ ကောင်းကင်ဘုံ အကြီးအကဲများသာ ရှိပေတော့သည်။

လူတိုင်းလူတိုင်း၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် အဆိုပါ ဓားအလင်းတန်းသည် အနှောက်ယှက် တစ်စုံတစ်ရာအား မတွေ့ကြုံလိုက်ရပါပဲ ချင်းယွင် ဧကရာဇ်နှင့် သူ့လက်ထဲရှိ ဓားရှည်ကြီးအား အပိုင်းပိုင်း ချိုးဖျက်သွားခဲ့သည်။ဓားနှင့်လူသည် အပိုင်းပိုင်း အစစ ဖြတ်တောက်ခြင်းအား ခံလိုက်ရသည်!

ချင်းယွင် ဧကရာဇ်အား အပိုင်းပိုင်း အစစ ဖြတ်တောက်ပြီးသွားတာတောင်မှ ဓားအလင်းတန်းကြီးသည် ရပ်တန့် သွားခြင်းမရှိပဲ အဝေးတစ်နေရာသို့ ဆက်လက် ပြေးဝင်သွားခဲ့သည်။ အဆိုပါ ဓားအလင်းတန်းကြီးသည် တောင်ထိပ်ကြီးဆယ်ခုကို တိုက်ရိုက် ဖြတ်တောက်ချလိုက်ပါသည်။

ရှန်ရှန်ကျုံ့ဂိုဏ်းမှ အဆိုပါ တောင်တန်းကြီးများ တည်ရှိရာတစ်လျှောက်ရှိ မြေပြင်၌ ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အဆုံးစွန်တိုင်အောင် တိတ်ဆိတ်ငြိမ်သက်ခြင်း!

တုကူချိုးပိုင်၏ တိုက်ကွက်အား တွေ့မြင်လိုက်ရသည့်အခါ ယောင်ရီဧကရာဇ်နှင့် သူ့လူများ အားလုံးသည် ထိတ်လန့်သွားခဲ့ကြသည်။သူတို့၏ အကြီးဆုံး အကိုကြီး ချင်းယွင်ဧကရာဇ်က ဒီလိုပဲ သတ်ဖြတ် ခံလိုက်ရပြီလား?

ပထမဆုံးအကြိမ် အနေဖြင့် ယောင်ရီ ဧကရာဇ်နှင့် သူ့လူများအားလုံးသည် အကြောက်တရားအား ခံစား သိရှိလိုက်ရပေသည်။ နှစ်ပေါင်းမည်မျှကြာပြီ မသိ။ သူတို့သည် အကြောက်တရားကို မခံစားခဲ့ရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

တုကူချိုးပိုင်၏ ဓားများသည် သူတို့၏ ခန္ဒာကိုယ်များအား ဆက်တိုက် ဆိုသလို တုန်ယင်သွားစေခဲ့သည်။

"ပြေးကြ..."

တုံ့ဆိုင်းနေခြင်းအလျှင်းမရှိပဲ ယောင်ရီဧကရာဇ်နှင့် အခြားသူများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပျံသန်း ထွက်ပြေးကြတော့သည်။ရှန်ရှန်ကျုံ့ဂိုဏ်းမှာ တစ်ကယ်ပဲ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။သူတို့သည် ရှန်ရှန်ကျုံ့ဂိုဏ်းနှင့် ဆက်လက် တိုက်ပွဲဝင်လိုခြင်း အလျှင်းမရှိတော့‌ပြီ။အသက်ထက် မည်သည့်အရာကများ အရေးပါလိမ့်မည်နည်း။

သို့ပါသော်လည်း သူတို့ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရှန်ရှန်ကျုံ့ဂိုဏ်းမှ စွမ်းအားရှင်များကလည်း လိုက်လံ လှုပ်ရှားလိုက်ကြသည်။ကျန်းစန်ဖုန်းသည် ယောင်ရီ ဧကရာဇ်နှင့် ယွမ်မင်ဓားဂိုဏ်း ဂိုဏ်းချုပ်တို့၏ ရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။သူ၏ နောက်ကျောဖက်တွင်တော့ ကြီးမားသော ထိုက်ကျိ သင်္ကေတကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။အဆိုပါ ထိုက်ကျိ သင်္ကေတကြီးပေါ်ရှိ ယင်နှင့် ယန်အမှတ်တံဆိပ်များမှာ အလွန်အမင်း ထူးခြားဆန်းပြားလှပြီး အနက်ရောင် တွင်းနက်ကြီး တစ်ခု၊ အဖြူရောင်တွင်းနက်ကြီးတစ်ခု နှင့် တူညီနေတော့သည်။

'' ဂိုဏ်းချုပ်က မင်းတို့ကို အသက်ရှင်သန်ခွင့် ပေးခဲ့ပြီးပြီ အခုကတော့ မင်းတို့ သေရမယ့် အချိန်ပဲ!''

ကျန်းစန်ဖုန်းသည် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး သူ၏ လက်ဝါးအား ဖိချလိုက်သည်။သူ၏နောက်ကျောဖက်ရှိ ထိုက်ကျိ သင်္ကေတကြီးမှာ ပျံထွက်သွားပြီး ယောင်ရီ ဧကရာဇ်နှင့် ချန်းမင် ဂိုဏ်းချုပ်တို့ထံတွင် ဆင်းသက်သွားသည်။ ထိုက်ကျိ သင်္ကေတ၏ ယင်မျက်လုံးမှာ ချန်းမင်ဂိုဏ်းချုပ်ထံ သက်ဆင်းသွားပြီး ယန် မျက်လုံးမှာ ယောင်ရီ ဧကရာဇ်ထံသို့ သက်ဆင်းသွားခဲ့သည်။

ကျန်းစန်ဖုန်း၏ တိုက်ကွက်အား ရင်ဆိုင်လိုက်ရသည့်အခါ ယောင်ရီဧကရာဇ်နှင့် ချန်းမင် ဂိုဏ်းချုပ်တို့၏ အမူအရာများသည် ရုတ်ချည်း ပြောင်းလဲသွားကြသည်။သူတို့သည် သူတို့ ကိုယ်တွင်းရှိ ချီစွမ်းအင်များအား အရူးအမူး လှည့်ပတ်လိုက်ကြပြီး ခမ်းနားကြီးကျယ်သော စွမ်းအင်များက သူတို့ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာခဲ့ကြသည်။

ယောင်ရီ ဧကရာဇ်၏ နောက်ကျောဖက်တွင် မျက်စိကျိန်းလောက်အောင် စူးရှသော နေမင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။နေမင်းကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြီးနှင့် မြေပြင်ကြားရှိ အပူချိန်သည်လည်း ရုတ်ချည်း မြင့်တက်လာခဲ့သည်။

"ဒီဧကရာဇ်က သေတဲ့အထိ တိုက်ခိုက်မယ်ကွ ..."

ယောင်ရီ ဧကရာဇ်သည် ဟိန်းဟောက်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို တွန်းလိုက်သည်။သူ့နောက်ကျောဖက်ရှိ တောက်လောင်နေသော မီးတောက်များမှာ ကြီးမားသော ဘောလုံးကြီး တစ်ခုအလား.....ကျန်းစန်ဖုန်း၏ တိုက်ကျိ သင်္ကေတထံသို့ အရှိန်ဖြင့် ပြေးဝင်သွားခဲ့သည်။

နေမင်းကြီး ထွက်ပေါ်လာသည့်အခါ လေထုတစ်ခုလုံးသည် လောင်ကျွမ်းသွားပုံပေါ်ပြီး အက်ကွဲကြောင်းများထွက်ပေါ်လာခဲ့သည်။ဤနေမင်းကြီး၏ ထိတ်လန့်ဖွယ်ကောင်းသော အပူရှိန်ကြောင့် သူတို့ အောက်ဖက်ရှိ မြေပြင်သည်ပင် နီရဲလောင်ကျွမ်းလာပေသည်။အနီးနားရှိ သစ်ပင်ကြီးများ အားလုံးမှာ ပြာအတိ လောင်ကျွမ်းသွားခဲ့ရသည်။

ထို့အပြင် ယွမ်မင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည်လည်း ထူးဆန်းသော ဓားတစ်ချောင်းအား ထုတ်ယူလိုက်သည်။ယင်းမှာ ပိန်းပိတ်အောင် နက်မှောင်နေသော မဟူရာ ဓားဖြစ်သည်။ ဤဓားသွား ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် နှစ်တထောင်ရေခဲကဲ့သို့ အေးစက်မှုကြီး ထွက်ပေါ်လာခဲ့သည်။

All Chapters