← Chapters

ထျန်းလန်၊ရှန်းရွှမ်။

Vol. 13 Ch. 177

ထျန်းလန်၊ရှန်းရွှမ်။

Vol. 13 Ch. 177

"ယွမ်မင်ဓါး!"

ယွမ်မင်ဓါးဂိုဏ်း၊ ဂိုဏ်းချုပ်၏ နောက်ကျောဘက်ရှိ စွမ်းအင်များမှ စုစည်းထုတ်ဖော်လာသော ဓါးကြီးတွင် ပြိုင်ဘက်ကင်းကြောက်မက်ဖွယ်စွမ်းအားများ ပါရှိနေသည်။

ယွမ်မင်ဓါးဂိုဏ်း ဂိုဏ်းချုပ်သည် အဆိုပါဓါးအား ဆွဲယူလိုက်ပြီး လေထုအတွင်းဖြတ်ပိုင်းတိုက်ခိုက်လိုက် သည်။ ပြိုင်ဘက်ကင်းစွမ်းအားကြီးတစ်ခုသည် ကမ္ဘာမြေကြီးအား အပိုင်းပိုင်းအစစဖြတ်တောက်တော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။ သာမန် ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်ဆိုပါက ယွမ်မင်ဓါးဂိုဏ်း ဂိုဏ်းချုပ်နှင့် ယောင်ရီဧကရာဇ်တို့ အား ရင်ဆိုင်ရမည်ဆိုပါက ဤဓါးချက်၏ လက် အောက်တွင်ပင် အပိုင်းပိုင်းအစစပြတ်တောက် သေ ဆုံးသွားမှာ ဖြစ်သည်။

သို့ပါသော်လည်း ကျန်းစန်ဖုန်းကတော့ တည်ငြိမ်နေဆဲပင်။ သူသည် သူ၏ခွန်အားကို ထပ်မံတိုးမြှင့်ခြင်း တောင်မရှိခဲ့ပေ။ သို့သော်လည်း ထိုက်ကျိရုပ်ပုံကားချပ်ကြီး၏ လည်ပတ်နေသည့် အမြန်နှုန်းမှာ ပို၍မြန်ဆန်လာခဲ့သည်။

ဘုန်း...

ထိုက်ကျိရုပ်ပုံကားချပ်ကြီး ၊ လောင်ကျွမ်းနေသော နေမင်းတစ်စင်းနှင့် ယွမ်မင်ဓါးအလင်းတန်းတို့သည် လေထုတစ်နေရာ၌ အတူတကွ တွေ့ဆုံထိမိသွားကြ သည်။

ထိတ်လန့်ခြောက်ခြားဖွယ်ရာ စွမ်းအင်လှိုင်းကြီးတစ်ခု သည် အရပ်မျက်နာအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။ အဆိုပါစွမ်းအင်လှိုင်းပျံ့နှံ့သွားသည့် နေရာတိုင်းရှိ အရာအားလုံးမှာ ပျက်စီးသွားသည်။ ကျန်းစန်ဖုန်းတို့သုံးယောက် ရှိနေသော ကောင်းကင်ယံထက်တွင် မီးခိုးလုံးကြီးများနှင့် မြူခိုးမြူငွေ့ကြီးများ ထွက်ပေါ်လာခဲ့သည်။ ဤစွမ်းအင်လှိုင်း အပြည့်အဝ ဖြတ်သန်းသွားသည့်အခါ မိုင်ပေါင်းများစွာ အကွာအဝေးရှိ အဆင့်နိမ့်စွမ်းအားရှင် မည်မျှလောက်သေဆုံးသွားသည်ကို မည်သူကမှ မတွက်ဆနိုင်ခဲ့ပေ။ ကောင်းကင်ယံတစ်ခွင်လုံးသည် သွေးလွှမ်းသော နယ်မြေကြီးအလား ဖြစ်ပေါ်သွားခဲ့သည်။ ပြိုင်ဘက်ကင်းစွမ်းအင်လှိုင်းကြီး ဖြတ်သန်းသွားသည့် အခါတိုင်းတွင် အင်အားစုကြီးငါးစုရှိ စွမ်းအားရှင်များစွာသည် သွေးအလိမ်းလိမ်းဖြင့် သေဆုံးသွားခဲ့ကြသည်။

"ဟာ..."

ရှန်ရှန်ကျုံဂိုဏ်းအထက်ကောင်းကင်ယံရှိ မိုးခိုးလုံးများနှင့် မြူခိုးမြူငွေများ ရှင်းလင်းသွားသည့်အခါတွင် လူတိုင်းလူတိုင်းသည် တိုက်ပွဲမြေပြင်၏ အခြေအနေကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ကြရသည်။ သူတို့အားလုံးသည် သက်ပြင်းသက်မ ချလိုက်မိကြ၏။

သူတို့သည် ယောင်ရီဧကရာဇ်မှာလေထုအတွင်း ဒူးထောက်လျှက်သား လဲကျနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးများလိမ်းကပ်နေသည်ကို တွေ့မြင်ခဲ့ကြရသည်။ သူ့ခန္ဓာကိုယ်တဝက်ကျော်ကျော်လောက်မှာ စုတ်ပြဲသွားခဲ့ပြီး ခန္ဓာကိုယ်မှ သွေးများကလည်း ရေတံခွန်မှ ရေစီးသည့်နှယ်တရစပ် စီးဆင်းထွက်ကျနေခဲ့သည်။ ဓါးကြီးသည်လည်း အဝေးတစ်နေရာရှိ တောင်နံရံတွင် ထိုးစိုက်လျှက်ရှိနေခဲ့သည်။ ဤမြင်ကွင်းကိုတွေ့မြင်လိုက်ကြရသည့်အခါ ကျန်ရှိနေသေးသော တန်းမိုရှန်ကျုံ ဂိုဏ်းချုပ် ၊ တစ္စေဝိညာဥ် နတ်ဆိုးဂိုဏ်းချုပ်နှင့် အင်အားစုကြီးငါးစုရှိ စွမ်းအာရှင်များအားလုံး၏ ဦးရေပြားများသည် ထုံကျဥ်သွားခဲ့ကြသည်။ သူတို့ခန္ဓာကိုယ်များသည်လည်း ထိန်းချုပ်မရအောင် တုန်လှုပ်သွားခဲ့ကြသည်။

သူတို့လာရောက်ခဲ့ကြစဥ်က သူတို့အားလုံးသည် ထောင်လွှားမောက်မာခဲ့ကြပြီး ရှန်ရှန်ကျုံဂိုဏ်းကို ပုရွက်ဆိတ်များအလား သတ်မှတ်ခဲ့ကြသည်။ ခုချိန်မှာတော့ ရှန်ရှန်ကျုံဂိုဏ်းသည် သူတို့အတွက် နတ်ဆိုးကြီးတစ်ကောင်ဖြစ်လာလေပြီ!

သူတို့သည် ဤခြောက်ခြားတုန်လှုပ်ဖွယ်ရာ ခံစားချက်များ ပေးနေသော အိမ်မက်ဆိုးနယ်မြေမှ ထွက်ပြေးလွတ်မြောက်ရန် မစောင့်ဆိုင်းနိုင်ကြတော့ပေ။

ဒီရှန်ရှန်ကျုံဂိုဏ်းက သိပ်ကိုကြောက်စရာကောင်းလွန်းတယ်!

သူတို့ထွက်ပြေးလွတ်မြောက်ချင်ကြသော်လည်း တတ်နိုင်စွမ်းက မရှိကြပေ။ ဝမ်ချုံးယန်နှင့် ရှောင်းယောင်ဇီတို့သည် ဆက်လက်ကစားရန် ရည်ရွယ်ချက်မရှိတော့ဘဲ ကြီးမြတ်သော ဂိုဏ်းချုပ်နှစ်ယောက်အား ဓါးတစ်ချောင်းတည်းဖြင့် သတ်ဖြတ်ပစ်လိုက်ကြတော့သည်။

ဤတစ်ကြိမ်တွင် ရှန်ရှန်ကျုံဂိုဏ်းကို လာရောက်တိုက်ခိုက်ခဲ့ကြသော အင်အားစုကြီးငါးစုအနက်တွင် မသေဆုံးသေးသော ယောင်ရီဧကရာဇ်မှတစ်ပါး အခြားအင်အားစုကြီး လေးစု၏ ဂိုဏ်းချုပ်များအားလုံးသည် ကြွေလွင့်ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

တခြားတစ်ဖက်မှာတော့ ဝမ်ဖုန်းနှင့်အခြားသူများက အင်အားစုကြီးငါးစု၏ ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်များကို သတ်ဖြတ်ပစ်ခဲ့ကြပြီး လီချင်းနှင့် တခြားသောသူများကတော့ နဥ်ချန်ကုန်းနှင့် အခြားသူများကို သတ်ဖြတ်ပစ်ခဲ့ကြသည်။

လက်ရှိအချိနိတွင် ရှန်ရှန်ကျုံဂိုဏ်းမှာ ထပ်ဖန်တခါ တည်ငြိမ် ငြိမ်းချမ်းသွားပြီဖြစ်သော်လည်း ရှန်ရှန်ကျုံတောင်ကြား တည်ရှိရာနေရာမှလွဲ၍ ကျန်မိုင်ပေါင်းတစ်သောင်း ပတ်ပတ်လည်ရှိ နေရာများအားလုံးသည် အပျက်အစီးလွင်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ကာ ဖြစ်ပွားခဲ့သော ခြောက်ခြားဖွယ်တိုက်ပွဲကြီးအကြောင်းကို ကမ္ဘာအား လှစ်ဟပြသနေပေသည်။

"ဒင်... ရှန်ရှန်ကျုံဂိုဏ်း ကောင်းကင်ဘုံအကြီးအကဲတုကူချိုးပိုင်မှ ချင်းယွင်ဧကရာဇ်အား သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ အထူးဆင့်ခေါ်ခွင့်သုံးကြိမ်နှင့် ဂိုဏ်းအမှတ် ၂သိန်း ဆုချလိုက်သည်။ "

"ဒင်... ရှန်ရှန်ကျုံဂိုဏ်း ကောင်ကင်ဘုံအကြီးအကဲ ကျန်းစန်ဖုန်းမှ ယွမ်မင်ဓါးဂိုဏ်း ဂိုဏ်းချုပ်ကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်၊ အထူးဆင့်ခေါ်ခွင့် သုံးကြိမ်နှင့် ဂိုဏ်းအမှတ် ၂သိန်း ဆုချလိုက်သည်"

"ဒင်...."

ဒီအချိန်မှာဘဲ အေးစက်စက်စနစ်၏လေသံက ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း မြည်ဟည်းထွက်ပေါ်လာခဲ့သည်။ စနစ်ထံမှ ဆက်တိုက်ဆိုသလို ကြေညာသံများက ဝမ်ဖုန်းအား စိတ်လှုပ်ရှားလာစေခဲ့သည်။

ဤသွေးလွှမ်းသော တိုက်ပွဲမှ အကျိုးအမြတ်များကို ရိတ်သိမ်းရရှိခဲ့ပေပြီ။ နောက်ထပ် တစ်ဆယ့်ငါးမိနစ်လောက် အကြာတွင် ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း ဆက်တိုက်မြည်ဟည်းထွက်ပေါ်လာခဲ့သော စနစ်၏ အသံက ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ သူတို့သတ်ဖြတ်ခဲ့သော ရန်သူများက ဝမ်ဖုန်းအား အထူးဆင့်ခေါ်ခွင့် ၂၅ ကြိမ်နှင့်တကွ ဂိုဏ်းအမှတ် ၁၇ သိန်းအား ပေးအပ်ခဲ့လေသည်။

ဘယ်လိုတောင်ကောင်းရက်လိုက်လေခြင်း..!

ဤအချိန်တွင် ဂိုဏ်းချုပ်ဝမ်မှာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့လေသည်။

" ဒင်... စနစ်ကိုအဆင့်မြှင့်တင်ဖို့ လိုအပ်သည့် အခြေအနေများ အားလုံးကိုက်ညီသွားသည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ် ၊ စနစ်ကို အဆင့်မြှင့်တင်ပါမည်လား"

ဤအချိန်မှာဘဲ ထပ်မံထွက်ပေါ်လာသော စနစ်၏ အတည်ပြုသံက ဝမ်ဖုန်း၏ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။ သို့သော်လည်းသူသည် ချက်ချင်းအဆင့်မြှင့်တင်ခြင်း မပြုလုပ်ဘဲ ဝမ်ချုံးယန်နှင့် အခြားသူများကိုကြည့်ကာ ပြောဆိုလိုက်သည် "နေဦး... ဒီအင်အားစုကြီးငါးစု ပြိုကွဲသွားပြီ ဆိုပေမယ့်လည်း ကျူပင်ခုတ်ရင် ကျူငုတ်ပါမကျန်စေနဲ့ ၊ တော်ဝင်မင်းသားအဆင့်အထက်က လူမှန်သမျှကို သတ်ပစ်လိုက်ကြ..."

ရန်သူကိုသနားညှာတာခြင်းက မိမိကိုယ်အား ရက်စက်ခြင်းပင်။

ဤကဲ့သို့သော အမှားမျိုးကို သူဆိုသည့်ဝမ်ဖုန်းက နောက်တစ်ကြိမ်ထပ်လုပ်တော့မည် မဟုတ်ပါချေ။

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

ဝမ်ဖုန်း၏ စကားများကိုကြားလိုက်ရသည့်အခါ ဝမ်ချုံးယန်နှင့် အခြားသူများသည် သဘောပေါက်နားလည်သည့်ဟန် ခေါင်းညိမ့်လိုက်ကြပြီး ချက်ချင်းဆိုသလိုဘဲ လေထုအတွင်းပျောက်ကွယ်သွားခဲ့ကြသည်။ ကျန်းစန်ဖုန်းကသာ တစ်ဝက်သေနေပြီဖြစ်သော ယောင်ရီဧကရာဇ်အား သယ်မလာခဲ့ပြီး ဝမ်ဖုန်း၏ ဘေးနားသို့ လျှောက်လာခဲ့သည်။

ဝမ်ဖုန်းသည် ယောင်ရီဧကရာဇ်အား ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူ၏မျက်လုံးများမှာ ထူးမခြားနားရှိနေဆဲပင်။ သူသည် ကျန်းစန်ဖုန်းကို တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ ကျန်းစန်ဖုန်း ၊ လီချင်းနှင့် အခြားသူများ အားလုံးသည်လည်း ပျောက်ကွယ်သွားကြသည်။

" ဒါ...ဒါက ရှန်ရှန်ကျုံဂိုဏ်းရဲ့ စွမ်းအားတဲ့လား.."

"ငါ...ငါ ဒီလောက်ကြောက်စရာကောင်းတဲ့ ဂိုဏ်းကြီးထဲကို ဝင်ခဲ့မိတာလား....!?''

"သေစမ်း.."

"ဂိုဏ်းချုပ်က ပြိုင်ဘက်ကင်းဘဲဟေ့.. ၊ ပြီးတော့ ရှန်ရှန်ကျုံဂိုဏ်းကလည်း တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းဘဲကွ.."

ဝမ်ဖုန်းနှင့် အခြားသူများ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ရှန်ရှန်ကျုံဂိုဏ်း အထက်ကောင်းကင်ယံ၌ ပြန်လည်ငြိမ်သက် အေးဆေးသွားပြီဖြစ်သည်။ ကွင်းပြင်ကျယ်ကြီးထဲရှိ ရှန်ရှန်ကျုံဂိုဏ်းသားများသည် တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လာခဲ့ကြကာ တက်တက်ကြွကြွအော်ဟစ်ဆွေးနွေးနေခဲ့ကြသည်။ သူတို့၏ မျက်နာများထက်၌ အဆုံးအစမဲ့ ဂုဏ်ယူမှူများနှင့် လေးစားအားကျမှုများ ဖြစ်ပေါ်နေခဲ့သည်။

သူတို့သည် အခုလေးတင် ရှန်ရှန်ကျုံဂိုဏ်းကြီးထဲ ဝင်ရောက်လာခဲ့ကြပြီး ရှန်ရှန်ကျုံဂိုဏ်းနှင့်အတူ မြှုပ်နှံခံရတော့မည်ဟု တွေးတောခဲ့ကြသည်။ သို့သော်လည်း သူတို့ဝင်ရောက်ခဲ့သည့် ဂိုဏ်းကြီးမှာ ဤမျှလောက်ထိ သန်မာနေလိမ့်မည်ဟုတော့ တွေးထင်မထားခဲ့ကြပါ။ ဤအချိန်တွင်သူတို့သည် လေဧကရာဇ်အား အလွန်အမင်းကျေးဇူးတင်နေကြပါပြီ။ လေဧကရာဇ်သာ သူတို့ကိုအတင်းအကြပ် မခေါ်ယူခဲ့ဘူး ၊ သူတို့ရဲ့သက်ဆိုင်ရာကိိုယ်ပိုင်ဂိုဏ်းတွေကလည်း သူတို့ကို အလေးထားဆက်ဆံခဲ့မည်ဆိုပါက သူတိူ့အဘယ်မှာလျှင်ဤမျှလောက် ကြောက်မက်ဖွယ်ဂိုဏ်းကြီးထဲကို ဝင်ရောက်ခွင့်ရကြလိမ့်မည်နည်း။

ယခုအချိန်တွင်သူတို့၌ သန်မာသော နောက်ခံအင်အားကြီးတစ်ခု ရရှိလာပြီဖြစ်သည်။ နောင်အနာဂတ်သူတို့ အပြင်ထွက်သည့်အခါ ခေါင်းမော့ရင်ကော့၍ ထွက်နိုင်လိမ့်ပေတော့မည်!

ဂိုဏ်းသားအသစ်လေးများသာ စိတ်လှုပ်ရှားနေကြသည်မဟုတ်ဘဲ မဟာနတ်ဆိုးရွှမ်ရှ ၊ လင်းဖေးဟူနှင့် အခြားသူများ အားလုံးတို့သည်လည်း ထိတ်လန့်အံ့ဩကာ ဂုဏ်ယူနေမိကြသည်။

ရှန်ရှန်ကျုံဂိုဏ်းမှာ အလွန်အမင်းအစွမ်းထက်လွန်းလှသည်။ ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားများအနေဖြင့် သူတို့အဘယ်မှာလျှင်ဂုဏ်မယူဘဲ နေနိုင်ကြမည်နည်း။

ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့် လူဝင်စား တစ်ယောက်အနေဖြင့် လီဟေးသည် သူ၏မျက်လုံးများအတွင်းရှိ ထိတ်လန့်မှုများကို ဒီတကြိမ်မှာတော့ မဖုံးကွယ်ထားနိုင်တော့ပေ။ တုကူချိုးပိုင် ၊ ကျန်းစန်ဖုန်း ၊ ဝမ်ချုံးယန်နှင့် အခြားသူများ၏ သန်မာမှုများက သူ၏နှလုံးသားကို လှိုင်းဂယက်ထန်စေခဲ့သည်။

သူ၏အတိတ်ဘဝတွင် ဆိုလျှင်တောင် သူ၏ခွန်အားမှာ ထိုမျှလောက်အားမကောင်းခဲ့ဘဲ သူသာ ကျန်းစန်ဖုန်းနှင့် အခြားသူများကို ရင်ဆိုင်တိုက်ခိုက်ရပါက သေချာပေါက်ရှုံးနိမ်မှာဘဲ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ရှန်ရှန်ကျုံဂိုဏ်းအတွင်းဝင်ရောက်ခွင့်ရခဲ့သည်။ ဤသို့ကြောက်လန့်ဖွယ်ဂိုဏ်းကြီး၏ အထောက်အပံ့ကိုရနေပါက သူလက်စားမချေနိုင်မှာ ရတနာပစ္စည်းများ လုံလောက်အောင်မရရှိမှာကို ထပ်မံစိုးရိမ်နေစရာမလိုတော့ပေ။

အခြားတစ်ဖက်မှာတော့ ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမအတွင်းသို့ ပြန်ရောက်လာပြီး ယုရွှမ်းအား အသံပို့ခေါ်ဆိုလိုက်သည်။ ယင်းနောက် ကျန်းစန်ဖုန်းသည်လည်း အဓိကခန်းမကြီးအတွင်းသို့ ရောက်ရှိလာ၍ တစ်ဝက်သေနေသော ယောင်ရီဧကရာဇ်အား မြေပြင်ပေါ် ပစ်ချလိုက်ပြီး တိတ်တဆိတ်မတ်တက်ရပ်နေကာ မျက်ဝန်းများအား မှိတ်ထားလိုက်လေသည်။

"သေချင်ယောင်ဆောင်မနေနဲ့... ၊ မင်းနောက်ကွယ်က အင်အားစုတွေက ဘာလဲဆိုတာ ငါ့ကိုပြောစမ်း ပြီးတော့ လင်းမိသားစုနဲ့ ပက်သက်ပြီး ဘာတွေဖြစ်နေတာလဲ ၊ မင်းတို့ခိုးယူချင်နေတဲ့ အဲ့ဒီအရာကရော ဘာလဲ.."

ဝမ်ဖုန်းသည် ယောင်ရီဧကရာဇ်အားစူးစိုက်ကြည့်လိုက်ပြီး ထူးမခြားနားဟန်ဖြင့် ပြောဆိုလိုက်သည်။

သို့ပါသော်လည်း ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါမှာတောင် ယောင်ရီဧကရာဇ်သည် မြေပြင်ပေါ် လဲလျောင်းနေသေးဆဲရှိကာ သေချင်ယောင်ဆောင်နေခဲ့သည်။

"မင်းမှာ အခွင့်အရေးတစ်ကြိမ်ပဲရှိတယ်၊ အခုမပြာဘူးဆိုရင် နောက်ထပ်ပြောခွင့်မရတော့ဘူး"ဝမ်ဖုန်းသည် လှောင်ရယ်ပြောဆိုလိုက်သည်။ ဝမ်ဖုန်း၏ ရက်စက်သော စကားများကို ကြားလိုက်ရသည့်အခါမှာတောင် ယောင်ရီဧကရာဇ်ကတော့ မလှုပ်ရှားသေးပေ။ ဤမြင်ကွင်းကို တွေမြင်လိုက်ရသည့်အခါ ဝမ်ဖုန်းတစ်ယောက် ပြုံးလိုက်မိသည်။ ဒီအချိန်မှာတောင်ခေါင်းမာနေသေးတာ ဘာအသုံးဝင်ဦးမည်နည်း။

"သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်လိုက်.. သူရဲ့တတိယခြေထောက်ကိုလည်း ဖြတ်ထုတ်ပစ်လိုက်...၊ အကြီးအကဲ ရှောင်းယောင်ဇီပြန်ရောက်လာတဲ့အခါကျရင် သူ့အပေါ် ရှင်နေလျက်နဲ့ သေနေတဲ့အေဆောင်လက်ဖွဲ့တစ်ခုသုံးခိုင်းလိုက်!''

ဝမ်ဖုန်းသည် စိတ်ခံစားမှုတစ်စုံတစ်ရာမပါဝင်ဘဲ ပြောဆိုလိုက်သည်။ သူ၏လေသံက နတ်ဆိုးတစ်ကောင်၏ အသံအလား ခန်းမကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

All Chapters