← Chapters

တစ်ဖက်လောကရွှမ်ယင်းရုပ်ခန္ဓာ။

Vol. 13 Ch. 179

တစ်ဖက်လောကရွှမ်ယင်းရုပ်ခန္ဓာ။

Vol. 13 Ch. 179

ဝုန်း !

ယောင်ရီဧကရာဇ်၏စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် ကနာမငြိမ်ဖြစ်သွားပြီး မတ်တပ်ထရပ်လိုက်မိသည်။

တစ်‌ဖက်လောကလျို့ယင်း ၊ ထိုအရာမှာ သူ၏နှလုံးသားထဲတွင်ရှိနေသည် မဟုတ်ပါလော?

ဘာတွေများဖြစ်နေတာပါလိမ့်?

သို့သော်လည်း ဝမ်ဖုန်း၏ရုတ်တရက်မတ်တပ်ထရပ်လိုက်သောအပြုအမူက ဝမ်ဖုန်းသည် သူ၏တတိယခြေထောက်အား ဖြတ်ပစ်တော့မည်ဟု ယောင်ရီဧကရာဇ်အား တွေးထင်လာမိစေသည်။ ယောင်ရီဧကရာဇ်သည် အလျင်အမြန်ထပ်မံပြောဆိုလိုက်သည်။

" ဒီကမ္ဘာကြီးကလူတွေက တစ်ဖက်လောကလျို့ယင်းအကြောင်းကိုသာသိကြတယ်။တစ်ဖက်လောကလျို့ယင်းဆိုတာ ဒဏ္ဍာရီလာကြောက်မက်ဖွယ်ရာသတ္တဝါဆိုတာကိုသိကြပေမယ့် တစ်ဖက်လောကလျို့ယင်းရဲ့ အစစ်အမှန်စွမ်းရည်ကိုတော့ မသိကြဘူး! "

" အိုး ၊ တစ်ဖက်လောကလျို့ယင်း၏အစစ်အမှန်စွမ်းရည်က ဘာများလဲ ။ " ဝမ်ဖုန်း၏အမူအယာများကပြောင်းလဲသွားကာမေးမြန်းလိုက်သည်။ ဝမ်ဖုန်းသည် တစ်ဖက်လောကလျို့ယင်းအကြောင်းသိထားသော်လည်း သူသည် တစ်ဖက်လောကလျို့ယင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်းကိုသာ သိထားလေသည်။ထိုအရာမှာရှေးဦးသားရဲကြီးထက်တောင်ပိုမိုသန်မာသော ဒဏ္ဍာရီလာသားရဲကြီးဖြစ်ကြောင်းကို ဝမ်ဖုန်းက သိထားသော်လည်း ၎င်းတွင်ရှိနေသည့်စွမ်းအားကိုတော့ သိရှိမထားပါပေ။

" တစ်ဖက်လောကလျို့ယင်းကို မထိန်းချုပ်နိုင်‌ရင်တော့ အဲ့အရာက ကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးကြီးပင် ။ ဒါပေမယ့် ထိန်းချုပ်နိုင်ရင်တော့ အဲ့ဒါကပြိုင်ဘက်ကင်းရတနာပဲ။ "

" တစ်ဖက်လောကလျို့ယင်းကိုထိန်းချုပ်နိုင်သွားရင် အဲ့ဒါကသခင်ရဲ့နှလုံးသားထဲမှာနေထိုင်ပြီး သခင်နဲ့အပြည့်အဝပေါင်းစပ်သွားလိမ့်မယ် ။ သခင်ရှင်သန်ရင် တစ်ဖက်လောကလျို့ယင်းလည်းရှင်သန်မည်။ သခင်သေဆုံးရင်တစ်ဖက်လောကလျို့ယင်းလည်း သေဆုံးလိမ့်မယ်။"

" ဒါ့အပြင် တစ်ဖက်လောကလျို့ယင်းကိုပိုင်ဆိုင်ထားတဲ့လူကသာ တစ်ဖက်လောကနွေဦးဝါပန်းကို ရရှိသွားရင် ကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံးရုပ်ခန္ဓာကြီးဖြစ်တဲ့ တစ်ဖက်လောကရွှမ်ယင်းရုပ်ခန္ဓာကို ဖန်တီးနိုင်လိမ့်မယ်။ "

" တစ်ဖက်လောကလျို့ယင်းနှင့်နွေဦးဝါပန်းကို ရရှိခြင်းကသာ တစ်ဖက်လောကရွှမ်ရင်းရုပ်ခန္ဓာကို ဖန်တီးနိုင်တဲ့တစ်ခုတည်းသောနည်းလမ်းပဲ ။ အဲ့ဒီ့အပြင် ရွှမ်ယင်းရုပ်ခန္ဓာကိုရဖို့ တခြား နည်းမရှိဘူး။ "

ယောင်ရီဧကရာဇ်၏စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏အမူအယာများက ပြောင်းလဲသွားပြီးမေးမြန်းလိုက်သည်။ " တစ်ဖက်လောကရွှမ်ရင်းရုပ်ခန္ဓာလား ။ ဒီကမ္ဘာကြီးထဲမှာရုပ်ခန္ဓာအများကြီးရှိတာ ။ ဘာဖြစ်လို့တစ်ဖက်လောကရွှမ်ယင်းရုပ်ခန္ဓာက ကြောက်စရာအကောင်းဆုံးလို့ပြောရတာလဲ ။ "

" ဟ ဟ ~ ဟား ဟား " ။

ဝမ်ဖုန်း၏စကားများကိုကြားလိုက်ရသည့်အခါ ယောင်ရီဧကရာဇ်သည် လှောင်ရယ်ရယ်လိုက်သည်။သူသည် ဝမ်ဖုန်းအားလှောင်ပြောင်နေလိုက်မိသည်။

"ပြောစမ်း ။ "

ဝမ်ဖုန်း၏မျက်ဝန်းများမှာကျဉ်းမြောင်းသွားပြီး အော်ဟစ်ပြောဆိုလိုက်သည်။

ဤအော်ဟစ်သံက ယောင်ရီဧကရာဇ်ခန္ဓာကိုယ်တစ်ခုလုံးအား တုန်ယင်သွားစေခဲ့သည်။ယောင်ရီဧကရာဇ်မှာ အလျင်အမြန်ထပ်မံပြောဆိုလိုက်ရသည်။

" ရှင်သန်ခြင်း၊သေဆုံးခြင်းဟာ အရမ်းကိုမြန်ဆန်၏ ။ ဝိညာဉ်အဖြစ်သို့ပြန်ပြောင်းမသွားနဲ့ဦး။ ရွှမ်ရင်းသည်မွေးဖွားလာပြီး အရပ်မျက်နှာအသီးသီး၌မြုပ်နှံခံခဲ့ရသည်။ ဒီစာကြောင်းက တစ်ဖက်လောကအကြောင်းကို‌ ပြောနေတာပဲမဟုတ်ဘူး ။ တစ်ဖက်လောကရွှမ်ယင်းရုပ်ခန္ဓာအကြောင်းကို ဖော်ပြနေတာပဲ။ "

" တစ်ဖက်လောကရွှမ်ယင်းရုပ်ခန္ဓာက ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ထိန်းချုပ်နိုင်တယ်လို့ ဒဏ္ဍာရီတွေကပြောကြတယ်။ အဲ့ဒါအပြင် ဒီရုပ်ခန္ဓာက တစ်ဖက်လောက နွေဦးဝါကိုလည်း အမိန့်ပေး‌နိုင်စွမ်းရှိ‌တယ်လို့ပြောကြတယ်။ ရွှမ်ရင်းထွက်ပေါ်လာတဲ့အခါ ကမ္ဘာကြီးကပျက်စီးလိမ့်မယ်။ ရွမ်ရင်းဟာ ပြိုင်ဘက်ကင်းတယ် ! "

ယောင်ရီဧကရာဇ် ၏စကားဆုံးသွားသည့်အခါ ဝမ်ဖုန်းနှင့်ကျန်းစန်ဖုန်းတို့သည် ထိတ်လန့်နေသောအမူအယာများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် လှည့်ကြည့်မိလ်ုက်ကြသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းစွမ်းအားများသည် ကမ္ဘာပေါ်တွင် လျို့ဝှက်ဆန်းပြားဆုံးသော စွမ်းအားဖြစ်ပါသည်။ ဒီရုပ်ခန္ဓာကတော့ ရှင်သန်ခြင်း၊သေဆုံးခြင်းစွမ်းအားကို လူသားတွေထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးတယ်တဲ့လား?

အချိန်တစ်ခုထိကြာအောင် ဝမ်ဖုန်း၏နှလုံးသားသည် တလှပ်လှပ်ခုန်လှုပ်နေခဲ့သည်။ တစ်ဖက်လောက လျို့ယင်းသည် ဤကမ္ဘာပေါ်တွင်အမှန်တကယ်ရှိပါ၏။ ထိုအရာသည် သူနှင့်အတူရှိနေခြင်းဖြစ်သည်။

" တစ်ဖက်လောက လျို့ယင်းက တစ်ဖက်လောကနွေဦးဝါပန်းမှာနေထိုင်တာမဟုတ်လား။ အဲ့ဒါက ဒီကမ္ဘာကြီးထဲမှာဆိုတာ မင်းဘယ်လိုသိလဲ ။ " သူ့နှလုံးသားအတွင်းမှထိတ်လန့်မှုများကိုဖိနှိပ်လိုက်ရင်း ဝမ်ဖုန်းသည် ယောင်ရီဧကရာဇ်အားစိုက်ကြည့်ကာ အေးတိအေးစက်မေးမြန်းလိုက်သည်။

" လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာကပေါ့ ။ နှစ်ဘယ်လောက်ထိကြာလဲဆိုတာ ငါလဲမသိတော့ဘူး။ ငါ့ဆရာနဲ့ချင်းယွင်ဧကရာဇ်တို့ ဆန်းကြယ်နတ်မင်းအဆင့်ကိုရောက်စက ဒီကမ္ဘာကြီးထဲကိုရောက်လာပြီး လေ့ကျင့်ခဲ့ကြတယ်။ အဲ့ဒီ့အချိန်တုန်းက ဒီကမ္ဘာကြီးထဲမှာ နားမလည်နိုင်တဲ့ ပျက်စီးထိခိုက်မှုကြီးတစ်ခုဖြစ်ပေါ်ခဲ့ပြီး ထူးခြားဆန်းပြားတဲ့နေရာတစ်ခုကိုမွေးထုတ်ပေးခဲ့တယ်။ "

" ဒါက ငါ့ဆရာနဲ့အခြားသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိသွားခဲ့တယ်တဲ့လေ။ သူတို့က နတ်ဘုရားနယ်မြေ ( ရှန်းလင်ရှေ့ဟောင်းနယ်မြေ ) ကို သွားရောက်စုံစမ်းကြတယ်။ အဲ့ဒီ့မှာ တစ်ဖက်လောကလျို့ယင်းရဲ့ ခြေရာလက်ရာကိုတွေ့လိုက်ရတာပဲ။ ဒါပေမယ့်အဲ့ဒီ့အချိန်တုန်းက ဘာကိုမှမရှာနိုင်ခဲ့ဘူး ။ ဒါကြောင့်မလို့သူတို့က တစ်ဖက်လောက လျို့ယင်းက အခုမှစတင်ဖြစ်တည်ခါစဖြစ်ပြီး ဥမပေါက်သေးဘူးလို့ ကောက်ချက်ချခဲ့ကြတယ်''

" တစ်ဖက်လောက နွေဦးဝါပန်းမှာမွေးဖွားခြင်းမရှိတဲ့ တစ်ဖက်လောက လျို့ယင်းက ထိန်းချုပ်ဖို့အလွယ်ကူဆုံးပဲ ။ ငါ့ဆရာနဲ့ တခြားဆရာသခင်တွေက ဒီကမ္ဘာကြီးထဲကိုတပည့်တွေလွှတ်၊ တစ်ဖက်လောက လျို့ယင်းမွေးဖွားလာတာကိုစောင့်ဆိုင်းစေပြီး ရတဲ့နည်းနဲ့ လုယူခိုင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ "

" တစ်ဖက်လောက နွေဦးဝါပန်းမှာမွေးဖွားခြင်းမရှိတဲ့ တစ်ဖက်လောက လျို့ယင်းကသူမွေးဖွားရာနေရာမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ချီစွမ်းအင်တွေကို အဆက်မပြတ်စုပ်ယူလိမ့်မယ်။ အတိအကျပြောရရင် အရင်ကအရမ်းကောင်းမွန်ခဲ့တဲ့ဒီရှေးဟောင်းနယ်မြေကြီး ခုလိုဆုတ်ယုတ်ပျက်စီးသွားရတာက တစ်ဖက်လောက လျို့ယင်းက ဆန်းကြယ်ချီတွေကိုစုပ်ယူလိုက်မှုကြောင့်ပဲ ''

ယောင်ရီဧကရာဇ်စကားများကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏နှလုံးသားထဲတွင် သံသယများမွေးဖွားလာရုံသာမက သူသည် ပဟေဠိဖြစ်လာခဲ့သည်။ တစ်ဖက်လောက လျို့ယင်းသည် နတ်ဘုရားနယ်မြေဖြစ်လာပြီးသည့်နောက်တွင် အမှန်တကယ်ပဲ ထွက်ပေါ်လာခဲ့သည်။ ဒါဆိုရင် တစ်ဖက်လောက လျို့ယင်းက နတ်ဘုရားယူဆောင် လာတယ်လို့ပြောကြတဲ့ အရာများလား?

ပြီးတော့ ယဲ့မုချင်ကလည်း ရှန်းလင်ရှေးဟောင်းနယ်မြေမှာ ထွက်ပေါ်လာခဲ့သည်။ ရှေးဟောင်းဂူသင်္ချိုင်းကြီးကလည်း ရှန်းလင်ရှေးဟောင်းနယ်မြေမှာပဲ ထွက်ပေါ်လာခဲ့သည်။ အဲ့ဒီ့အရာတွေကြားမှာ ဘယ်လိုပက်သက်ဆက်နွယ်မှုမျိုးတွေ ရှိနေတာလဲ ?

ထိုအကြောင်းကို ဝမ်ဖုန်းသည် တွေးတောကြည့်သော်လည်း တိကျသောအ‌ဖြေမရရှိတာကြောင့် ဆက်လက်တွေးတောခြင်းမရှိတော့ပေ။ သူသည် မျက်မှောင်ခပ်တင်းတင်းကြုံကာ ယောင်ရီဧကရာဇ်အားစူးစိုက်ကြည့်လျက် ပြောလိုက်သည်။

" လင်းမိသားစုက ဘာဖြစ်သွားတာလဲ ။ "

တစ်ဖက်လောက လျို့ယင်းအကြောင်းကိုတောင် ထုတ်ဖော်ပြောဆိုပြီးဖြစ်တာကြောင့် ယောင်ရီကရာဇ်သည် လင်းမိသားစုအကြောင်းများကိုလည်း ထိမ်ချန်မထားတော့ပဲ တည့်တိုးပဲပြောဆိုလိုက်သည်။

" လင်းမိသားစုရဲ့ဘိုးဘေး လင်းဝူကျိက တစ်ကြိမ်မှာ ‌တစ်ဖက်လောက နွေဦးဝါအရပ်ကို ကံကောင်းထောက်မလို့ဝင်နိုင်သွားတယ်။ တစ်ဖက်လောက နွေဦးဝါပန်းတစ်ပွင့်ကိုလည်း ရလာခဲ့တယ်။ အဲ့ဒီ့ပန်းကိုသူတို့က ဘိုးစဉ်ဘောင်ဆက် အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းခဲ့ကြတယ်။ "

" တစ်ဖက်လောက နွေဦးဝါပန်းကိုပိုင်ဆိုင်ထားတဲ့သူက တစ်ဖက်လောက လျို့ယင်းကိုအရှုံးပေးလာအောင် ဆွဲဆောင်နိုင်ရုံသာမက တစ်ဖက်လောက ရွှမ်ယင်းရုပ်ခန္ဓာကိုယ်ကိုလည်း ရရှိပိုင်ဆိုင်န်ုင်လိမ့်မယ်။ "

''ဒီအကြောင်းကို ငါအချိန်တွေအများကြီးသုံးပြီးတော့ သဲလွန်စအများကြီးရရှိပြီးမှ ရှာဖွေတွေ့ရှိခဲ့တာပဲ။''

" ဘာလဲ ။ မင်းက ချီးကျူးခံချင်သေးတာလား။ " ဝမ်ဖုန်းသည် ယောင်ရီဧကရာဇ်အား စူးစိုက်ကြည့်လျက် အေးတိပေးစက်ပြောဆိုလိုက်သည်။

ဝမ်ဖုန်းသည် သူ၏နှလုံးသားတွင်းမှ သက်ပြင်းပုန်းချလိုက်မိပါသည်။ လင်းမိသားစု၏ပျက်စီးခြင်းမှာ ကံကြမ္မာအရဟုပင် ပြောနိုင်လေသည်။ ယောင်ရီဧကရာဇ်ကလင်းမိသားစုကို မဖျက်စီးဘူးဆ်ိုလျှင်တောင်မှ တစ်ဖက်လောကနွေဦးဝါပန်း၏သတင်းပျံ့နှံ့သွားပြီးသည့်နောက်တွင် လင်းမိသားစုက ကျိန်းသေပေါက်ပျက်စီးရမှာပဲဖြစ်သည်။ တစ်ဖက်လောက နွေဦးဝါပန်းသည် ရတနာတစ်ခုဖြစ်သည်။ ထိုရတနာကိုပိုင်ဆိုင်ထားသူမှာ လုံလောက်အောင်သန်မာခြင်းမရှိပါက ၎င်းမှာကပ်ဘေးကြီးကို ကိုင်ဆောင်ထားသည်နှင့်တူပေသည်။

ယခုချိန်တွင် လင်းမိသားစု၌ လင်းဖေးဝူတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ တစ်ဖက်လောက နွေဦးဝါပန်းကို လင်းဖေးဝူ၏ခန္ဓာကိုယ်ထဲ၌ ဖုံးကွယ်ထားခြင်းဖြစ်နိုင်ပေသည်။ ဝမ်ဖုန်းသည် တစ်ဖက်လောက ရွှမ်ယင်းရုပ်ခန္ဓာ၏စွမ်းအားများကို တွေ့မြင်ခံစားလိုခြင်းရှိသော်လည်း သူသည် သူ့ကိုယ်ပိုင်တပည့်၏ မိသားစုအမွေအနှစ်ကိုတော့ လုယူမည်မဟုတ်ပေ။

စနစ်ပိုင်ရှင်တစ်ယောက်အနေနဲ့ လင်းဖေးဝူခန္ဓာကိုယ်ထဲမှ တစ်ဖက်လောကနွေဦးဝါပန်းမှလွဲ၍ နောက်ထပ်တစ်ဖက်လောကနွေဦးဝါပန်းတွေကို မရနိုင်တော့ဘူးဆိုတာ ဝမ်ဖုန်းကတော့ အယုံအကြည်မရှိပါပေ။

" ယောင်ရီဧကရာဇ် ၊ မင်းက မင်းရဲ့သွေးချင်းအစ်မကိုတောင်တိုက်ခိုက်ရဲတာပဲ ။ တကယ့်ကို ရက်စက်တာပါပဲလား။ " ဝမ်ဖုန်းသည် ယောင်ရီဧကရာဇ်အား အေးစက်စက်စိုက်ကြည့်လျက် လှောင်ပြောင်ပြောဆိုလိုက်သည်။

ဝမ်ဖုန်း၏စကားများကို ကြားလိုက်ရသည့်အခါ ယောင်ရီဧကရာဇ်သည် တဒင်္ဂကြာအောင် ကြောင်အသွားခဲ့သည် ။ ယင်းနောက်မှသူသည် တစ်စုံတစ်ခုကိုတွေးမိသွားပုံပေါ်ပြီး သူ၏မျက်ဝန်းများအတွင်း၌အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

''ယောင်ရီတော်ဝင်မျိုးနွယ်က ရှေးဟောင်းယောင်ရီမျိုးနွယ်စုမှ ဆင်းသက်လာတာပဲ ။ မင်းက မိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး။ ''ဝမ်ဖုန်းသည် ယောင်ရီဧကရာဇ်အား စူးစိုက်ကြည့်လျက် ထူးမခြားနားအမူအယာဖြင့်ပြောဆိုလိုက််သည်။

" သူမအရာအားလုံးကို ထုတ်ပြောရဲတယ်ပေါ့ !။ "

ယောင်ရီဧကရာဇ်သည် လှောင်ပြောင်နေသောမျက်နှာအမူအယာဖြင့် ဝမ်ဖုန်းအား စူးစိုက်ကြည့်ရှုလိုက်သည်။ သူသည်ဝမ်ဖုန်းကိုပဲလှောင်ပြောင်နေသလား သို့တည်းမဟုတ် ယုရွှမ်းကိုပဲလှောင်ပြောင်နေသလားဆိုတာကိုတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မည်။

" ပိုသန်မာလာဖို့ဆိုရင် ဆွေမျိုးတွေကရော ဘာအရေးလဲ ။ ဒီဧကရာဇ်က အဲ့ဒီ့အစီအစဉ်ကို စောစောစီးစီးအကောင်အထည်မဖော်မိတာကိုပဲ နှမြောမိတယ်။ ဒီဧကရာဇ်သာ စောစောစီးစီး လုပ်ဆောင်ခဲ့ရင် မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းက ဒီဧကရာဇ်ရဲ့ပြိုင်ဘက် ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ဘူး။ "

ယောင်ရီဧကရာဇ်သည် စိတ်ခံစားမှုတစ်စုံတစ်ရာမပါဝင်ပဲပြောဆိုလိုက်သည်။

" မင်းတို့ထွက်လာလို့ရပြီ။ "

ဝမ်ဖုန်းသည် ယောင်ရီဧကရာဇ်အား ထူးမခြားနားအမူအယာဖြင့်စိုက်ကြည့်လိုက်ပြီးနောက် ခန်းမအနောက်ဘက်ရှိ နေရာတစ်နေရာကိုလှည့်ကြည့်လျက် ပြောဆိုလိုက်သည်။

ထိုစကားများကိုကြားလိုက်ရသည့်အခါ ယောင်ရီဧကရာဇ်သည် တဒင်္ဂကြာအောင်ကြောင်အသွားခဲ့သည်။ သူသည် ဝမ်ဖုန်းကြည့်နေသည့်နေရာကိုလှည့်ကြည့်လိုက်သည့်အခါ ပုံရိပ်၂ခုက အမှောင်ရိပ်အတွင်းမှ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ထိုပုံရိပ်များ၏ မျက်နှာအသွင်အပြင်များကိုတွေ့မြင်လိုက်ရသည့်အခါ ယောင်ရီဧကရာဇ်သည် အေးခဲသွားလေသည်။

ထိုလူများမှာ ယဲ့မုချင်နှင့် ယုရွှမ်းတို့ပဲဖြစ်ကြသည်!

(ဘာသာပြန်မှတ်ချက်: လျို့ယင်း-ပိုးစုန်းကြူး၊

ရွှမ်ယင်း-ဆန်းကြယ်သော ပိုးစုန်းကြူး)

All Chapters