← Chapters

လေအင်ပါယာကြီး၏ ဘိုးဘေး ၅ ပါး။

Vol. 13 Ch. 180

လေအင်ပါယာကြီး၏ ဘိုးဘေး ၅ ပါး။

Vol. 13 Ch. 180

ယုရွှမ်းတစ်ယောက် အရာအားလုံးကြားသိပြီးသွားပြီဖြစ် ကြောင်း သိရှိလိုက်ရသော်လည်း ယောင်ရီဧကရာဇ်သည် ရှက်ရွံ့ခြင်းအလျင်းမရှိခဲ့ပေ။ သူဟာ အပြစ်ရှိတယ်လို့တောင် ခံစားရပုံမပေါ်ဘဲ သူ၏အမူအရာများက တည်ငြိမ်နေသေးဆဲပင်။

ယဲ့မုချင်ကိုတွေ့မြင်လိုက်ရသည့်အခါမှာတော့ သူ၏ မျက်နာအမူအရာများဟာ ပြောင်းလဲသွားသည်။ သူ ၏မောင်းမဆောင်ထဲတွင် အချောအလှပေါင်းထောင် ချီရှိသော်လည်း ဤအမျိုးသမီးလေးနှင့်တော့ မည်သူကမှ ယှဥ်ပြိုင်နိုင်ခြင်းမရှိပေ။ ရှန်ရှန်ကျုံဂိုဏ်းတွင် ဤကဲ့သို့သော အလှနတ်သမီးလေးတစ်ပါး ရှိနေလိမ့်မည်ဟု သူဘယ်တုန်းကမှ တွေးထင်ထားခဲ့ခြင်းမရှိ ပေ။

သူ၏ဘဝတွင် ဤကဲ့သို့သော မိန်းမပျိုလေးမျိုးကို တွေ့မြင်ခဲ့ဖူးခြင်းမရှိပါပေ။ ထျန်းလန်ဒေသရှိ သူ

တော်စင်မိန်းမပျိုလေးများဟု ခေါ်ဆိုသော အချောအလှလေးများကတောင် ဒီအမျိုးသမီးလေးနှင့် ယှဥ်ပြိုင်နိုင်မှာ မဟုတ်ပါချေ။

အကြည့်တစ်ချက်ဖြင့်ပင် ယောင်ရီဧကရာဇ်၏ ခန္ဓာ ကိုယ်တစ်ခုလုံးသည် တုန်ခါသွားခဲ့ရသည်။ သူသည် လက်ရှိမှာ အကျဥ်းသားဖြစ်နေခဲ့၍သာ မဟုတ်ပါက ဒီအမျိုးသမီးလေးကို သူ၏မောင်းမဆောင်အတွင်း ကျိန်းသေပေါက် သွတ်သွင်းလိုက်မှာပဲဖြစ်သည်။

"အစက နင့်ကိုငါ့ရဲ့ သွေးချင်းမောင်နှမတစ်ယောက်လို့ မှတ်ယူထားခဲ့တာ ၊ ဒါပေမယ့်လည်း နင်ကတော့ နင့်ရဲ့ကိုယ်ပိုင်လက်နဲ့ပဲ ငါ့ရဲ့ရင်ထဲက နောက်ဆုံးသော မျှော်လင့်ချက်ကိုဖျက်စီးပစ်ခဲ့ပြီ.."

ယုရွှမ်းသည် ယောင်ရီဧကရာဇ်အား စိတ်ခံစားချက်တစ်စုံတစ်ရာ မပါဝင်သောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်လျှက် အေးစက်စွာ ပြောဆိုလိုက်သည်။

ယောင်ရီဧကရာဇ်သည် လှောင်ပြုံးသာပြုံးလိုက်မိပြီး ဘာစကားကိုမှ ပြောဆိုခြင်းမရှိခဲ့ပေ။ သူလုပ်ခဲ့တာက လုပ်ခဲ့တာပဲပေါ့။ သူဟာ သေခြင်းတရားကို ကြောက်လန့်သော်လည်း ဒူးထောက်အသနားခံစရာမလိုသော နောက်ခံကျောရိုးကြီးတစ်ခု သူ့တွင်ရှိနေသေးသည် မဟုတ်ပါလော။

"ဒီနေ့လို ရက်မျိုးရောက်လာလိမ့်မယ်လို့ နင်တွေးခဲ့ဖူးလား" ယုရွှမ်းသည် အေးစက်စွာပြောဆိုလိုက်သည်။

"နိုင်ရင်နိုင် မနိုင်ရင်ရှုံးမှာဘဲ ၊ ဒီဧကရာဇ်မှာ ဘာမှပြောစရာမရှိဘူး.." ယောင်ရီဧကရာဇ်သည် အမူအရာ မဲ့စွာဖြင့် ပြောဆိုလိုက်သည်။

"မင်းတို့သာ ဒီဧကရာဇ်ကိုသတ်ရင် မင်းတို့ရဲ့ ရှန်ရှန်ကျုံဂိုဏ်းကိုလည်း ငါ့ရဲ့တောက်ပနေမင်းဂိုဏ်းက လာရောက်သတ်ဖြတ်မှာပဲ.. ၊ ကလဲ့စားချေ မခံချင်ဘူးဆိုရင် ဒီဧကရာဇ်ကိုလွှတ်ပေးလိုက်။ ဒီဧကရာဇ်က ရှေးဟောင်းနယ်မြေထဲကို နောက်တစ်ကြိမ်ခြေမချတော့ ဘူးလို့ကတိပေးတယ်.."

ယောင်ရီဧကရာဇ်သည် သေဆုံးရမည်ဆိုတာကို သိထားသော်လည်း သူဟာ နောက်ဆုံးအကြိမ်အနေဖြင့် တိုက်ခိုက်ချင်နေဆဲပင်။

ဝမ်ဖုန်းသည် လှောင်ပြုံးပြုံးလိုက်ပြီး ဘာစကားမှ ထပ်မဆိုခဲ့ပေ။

"နင့်ရဲ့တွက်ချက်မှုတွေ အားလုံးပြီးဆုံးသွားပြီ ၊ အဆုံးမှာတော့ နင်ဟာ အလကားကောင်ပါပဲ.." ယုရွှမ်းသည် ယောင်ရီဧကရာဇ်ကို ထူးမခြားနားအမူအရာဖြင့် စူးစိုက်ကြည့်လျက် ပြောဆိုလိုက်သည်။

ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး သူ၏လက်အား ခါယမ်းပြလိုက်သည်။

ကျန်းစန်ဖုန်းကလည်း နားလည်သိတတ်စွာဖြင့် ယောင်ရီဧကရာဇ်အား အဝေးကိုဆွဲခေါ်သွားလိုက်သည်။

"ဒီလိုတွေဖြစ်လာအောင်လုပ်ပေးတဲ့အတွက် ဂိုဏ်း ချုပ်ဝမ်ကို ကျေးဇူးတင်ပါတယ်"ယုရွှမ်းသည် ဝမ်ဖုန်းအား လှည့်ကြည့်ကာ လေးလေးစားစားဂါရဝ ပြုလိုက်ပြီး ပြောဆိုလိုက်သည်။

"သွားပါ..." ဝမ်ဖုန်းသည် သက်ပြင်းချလျက်ပြောလိုက်သည်။

ယုရွှမ်းက ထပ်မံဂါရဝပြုလိုက်ပြီး ကျန်းစန်ဖုန်း ထွက်ခွာသွားသည့် အရပ်ဆီသို့ လိုက်ပါထွက်ခွာသွားတော့သည်။

"ယောကျာ်း..."

ယုရွှမ်းထွက်ခွာသွားသည့်အချိန်တွင် ယဲ့မူချင်သည် ဝမ်ဖုန်း၏ ဘေးနားသို့ လျှောက်လာကာချိုမြိန်စွာ ပြုံးလျှက် ပြောဆိုလိုက်သည်။ သူမ၏ နူးညံ့သောအသံ လေးက ပျားသကာအလား ချိုမြိန်လှကာ ဝမ်ဖုန်း၏ရင်တွင်း၌ နွေဦးပန်းများ ပွင့်နေသကဲ့သို့ ခံစားလိုက်ရစေသည်။

ယဲ့မုချင်၏ လှပသောအပြုံးလေးက ပိုင်ဟွား လနတ်သမီးကိုတောင် အရှက်ရစေလိမ့်မည်ဟု ဝမ်ဖုန်း တစ်ယောက်တီးတိုးတွေးထင်မိလိုက်ပါတော့သည်။ အနှီလှပသော နတ်သူငယ်မလေးမှာ သူ၏ အသည်း နှလုံးပင် ဖြစ်ပါချေတော့သည်။

"ဟမျ့.."

ယဲ့မုချင်ကို အသက်ပြင်းပြင်းရှုရှိုက်လျှက် စူးစိုက်ကြည့်နေသော ဝမ်ဖုန်းသည် သူ၏ခါးထက်၌ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူအောက်ကို ငုံ့ကြည့်လိုက်သည့်အခါ ယဲ့မူချင်၏ ဖြူဖွေးလှပပြီး အပြစ်အနာအဆာကင်းသော ကျောက်စိမ်းလို လက်ကလေးက သူ၏ခါးအား ဆွဲလိမ်ဖျစ်ညစ်ထားသည်ကို တွေ့မြင်လိုက်ရသည်။

" ရှင် အချိန်အကြာကြီး လျှောက်သွားနေတယ်.. ဟုတ်လား... ၊ ကျွန်မကိုတောင် ခေါ်မသွားဘူး ၊ ဒီကမ္ဘာကြီးမှာ ကျွန်မသိတဲ့လူက ရှင့်အပြင် တခြားသူမရှိဘူးရှင့်..."

ဆက်တိုက်ဆိုသလိုဆူပူမာန်မဲသံများက ဝမ်ဖုန်း၏ နားစည်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ဝမ်ဖုန်း၏ နှလုံးသားအတွင်းမှာ လိပ်ပြာမလုံစိတ်တစ်ချို့ ဖြစ်ပေါ်လာရသည်။

ဝမ်ဖုန်းသည် ယဲ့မုချင် ထိခိုက်နာကျင်သွားမှာကို ကြောက်လန့်နေခဲ့သည်။ သို့သော်လည်း ယဲ့မုချင်က ရှန်းလင်ရှေးဟောင်းနယ်မြေမှ ရောက်လာခဲ့ခြင်းဆိုတာကိုတော့ ဝမ်ဖုန်းတစ်ယောက် မေ့နေခဲ့သည်။ သူမှတစ်ပါး ရှန်ရှန်ကျုံဂိုဏ်းအပါအဝင် ရှေးဟောင်းကမ္ဘာကြီးတစ်ခုလုံးတွင် ယဲ့မုချင် သိကျွမ်းသူဟူ၍ မရှိပါပေ။

" ယောကျာ်းမှားသွားပါတယ်ကွာ... နောက်တစ်ကြိမ်ကျရင် မင်းကိုပါခေါ်သွားပါ့မယ်.."

ဝမ်ဖုန်းသည် ယဲ့မုချင်၏ ကျောက်စိမ်းလို အချိုးအစားညီစွာ ပြေပြစ်လှပသော ခန္ဓာကိုယ်ကလေးအား သူ၏လက်မောင်းအတွင်း ဆွဲသွင်းလိုက်ပြီး ညင်သာနူးညံ့သော လေသံဖြင့် ပြောဆိုလိုက်သည်။

..........

တစ်ချိန်ထဲမှာပဲ ကြီးမြတ်သော လေအင်ပါယာတော်ဝင်နန်းဆောင်ကြီးအတွင်း၌ သေးငယ်သော တောင်ကုန်းလေးတစ်ခု ရှိနေခဲ့သည်။ တောင်ကုန်းလေး၏ အခြေတွင်ကျောက်တုံးဂိတ်တံခါးကြီးတစ်ခုရှိနေပြီးကြီးမြတ်သော လေဧကရာဇ်သည် ဤဂိတ်တံခါးကြီး၏ အရှေ့၌ ရိုသေလေးစားစွာ မတ်တပ်ရပ်နေခဲ့သည်။

ခရက်...

အသံတစ်သံထွက်ပေါ်လာခြင်းနှင့်အတူ ကျောက်တုံးတံခါးလေးဟာ တဖြည်းဖြည်းချင်း ပွင့်ဟသွားခဲ့သည်။

"မုပထျန်းက ဘိုးဘေးတွေကိုကြိုဆိုပါတယ်..."

မုပထျန်းသည် ကျောက်တုံးတံခါးလေးအတွင်းမှ ထွက်ပေါ်လာသော ပုံရိပ်များအား ကြည့်လျက် အလျှင်စလို ဂါရဝပြုကာ လေးလေးစားစားပြောဆိုလိုက်သည်။

လေဧကရာဇ်၏ စကားဆုံးသွားသည်နှင့် တစ်ပြိုင် နက် လူငါးယောက်ဟာ ကျောက်တုံးတံခါးလေးအတွင်းမှ ထွက်လာခဲ့ကြသည်။ ခေါင်းဆောင်လုပ်သူမှာ အနီရောင်ဝတ်ရုံရှည်က်ို ဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်ဖြစ်ပြီး အခြားလူလေးယောက်ကတော့ အနက်ရောင် ၊ အဖြူရောင်၊ အစိမ်းရောင်နှင့် အဝါရောင်ဝတ်စုံတို့ကို အသီးသီးဝတ်ဆင်ထားကြသည်။

ယောင်ရီဧကရာဇ်နှင့် အခြားလူများသာ ဒီလူငါးယောက်ကို တွေ့ရှိလိုက်ရပါက သူတို့ဟာ အလွန်အမင်း မနာလိုဖြစ်သွားကြမှာပဲ ဖြစ်သည်။ ဒီလူငါးယောက်ဟာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာက ရှေးဟောင်းနယ်မြေကြီး၏ နတ်ဘုရားကြီး ငါးပါးပင်ဖြစ်တော့သည်။

" ကြယ်တာရာတွေရဲ့ လက္ခဏာတွေကိုသိဖို့တော့ ငါတို့ဆက်ပြီးစောင့်ဆိုင်းရဦးမယ် ၊ ငါ ဆန်းကြယ်နထ္တိအဆင့်ကို ချိုးဖြတ်ဝင်ရောက်နေတဲ့ သေရေး ရှင်ရေးကာလမှာ ဟေးချူနဲ့တခြားလူတွေက ငါ့ကိုကာကွယ်မပေးခဲ့ကြဘူး..."

ခေါင်းဆောင်လုပ်သူ ဟုန်ကျူသည် မုပထျန်းအား စိုက်ကြည့်လျက် သက်ပြင်းဖွဖွချကာ ပြောဆိုလိုက်သည်။

" မင်းရော ဆန်းကြယ်နတ်မင်းအဆင့်ကို ရောက်သွားပြီလား..." ဟုန်ကျူ၏စကားများကို ကြားလိုက်ရသည်အခါ မုပထျန်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွား သည်။ သူသည် ခေါင်းကို မော့လျှက် ဟုန်ကျူအားကြည့်ရှုလိုက်ပြီး သူ၏မျက်လုံးများထဲ၌ အလင်းရောင် များ တလက်လက်တောက်ပလျက်ရှိသည်။

" မင်းသာ ရှေးဟောင်းမျိုးနွယ်စုက လူတွေကြောင့် ဒဏ်ရာပြင်းပြင်ထန်ထန်ရခဲ့လို့ မဟုတ်ရင် မင်းဒီအဆင့်ကို ရောက်နေတာ ကြာလှပြီပေါ့.." ဟုန်ကျူသည် မုပထျန်း၏ ပုခုံးအား ခပ်ဖွဖွပုတ်လျှက် သက်ပြင်းချကာ ပြောဆိုလိုက်သည်။

"ပထျန်းက ဒီကိစ္စကိုနောင်တမရပါဘူး ၊ ကျွန်နော်နောင်တရတာက ဘိုးဘေးတို့အားလုံးကို ဒီကိစ္စထဲကို ပါဝင်ပက်သက်စေခဲ့တာပါပဲ.... ၊ ဘိုးဘေးတို့သာ ကျွန်တော့် ရဲ့ အခြေခံကို ပြန်လည်တည်ဆောက်ဖို့ အရာအားလုံးကြိုးစားခဲ့ရလို့မဟုတ်ရင် ဒီအခြေအနေထိ ဘယ်မှာနိမ့်ကျသွားမှာလဲ ၊ ဒီလိုကမ္ဘာငယ်လေးထဲမှာ အချိန်အကြာကြီး ပုန်း အောင်း နေခဲ့ရမှာလည်း မဟုတ်ဘူး..."

"ဒီကိစ္စသာမဖြစ်ခဲ့ရင် ဘိုးဘေးဟုန်ကျူရဲ့ အရည် အချင်းနဲ့ဆို ဆန်းကြယ် နတ္ထိအဆင့်ကို အရင်ကတည်းက ရောက်နေလောက်ပြီ ၊ ခုချိန်ထိဘာလို့ စောင့်နေရမှာလဲ ၊ ဒါတွေအားလုံးက ကျွန်တော့်ရဲ့အမှား ကြောင့်ပါပဲဗျာ.."

မုပထျန်းသည် ခေါင်းငုံ့ကာတီးတိုးပြောဆိုလိုက်သည်။ လေအင်ပါယာကြီး၏ ဧကရာဇ်တည်း ဟူသော ဂုဏ်ပုဒ်ဟာ အလွန်အမင်းမြင့်မြတ်လှပါသည်။ သို့ပါသော်လည်း ယခုအချိန်တွင် မုပထျန်း သည် အမှားလုပ်၍ တောင်းပန်နေသော ကလေးတစ်ယောက်နှင့် တူနေပါတော့သည်။ သူသည် လေဧကရီ၏ အရှေ့တွင်တောင် ဒီလိုဘက်ခြမ်းမျိုးကို ထုတ်ဖော်ပြသခဲ့ဖူးခြင်း မရှိပါပေ။

" အားလုံးပြီးသွားပြီပဲ ၊ ပြန်တွေးပြီး ခံစားမနေနဲ့တော့..၊ ဒီဘိုးဘေးအိုကြီးရဲ့ အိုဟောင်းဆွေးမြေ့နေ တဲ့ အရိုးတွေက အသုံးမကျတော့ပါဘူးကွာ မင်းကပဲ ငါတို့မုမိသားစုရဲ့ နောက်ဆုံးမျှောလင့်ချက်ပဲ၊ စိတ်ဓာတ်မကျနဲ့.." ဟုန်ကျူ၏ မျက်နာထက်တွင် ကြင်နာသနားမှု အရိပ်အယောင်များ ဖြတ်သန်းသွား ပြီး မုပထျန်း၏ ပုခုံးကို ခပ်ဖွဖွပုတ်ကာ ပြောဆိုလိုက်သည်။

အခြားသော ဘိုးဘေးအကြီးအကဲ လေးယောက်က လည်း မုပထျန်းအား နူးညံ့စွာ စိုက်ကြည့်လိုက်ကြသည်။

"ဟုတ်ကဲ့..." မုပထျန်းသည် သူ၏မျက်ရည်များအား သုတ်လိုက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ကာ လေးနက်သော လေသံဖြင့် ပြန်လည်ဖြေကြား လိုက်ပါသည်။

" မင်းရဲ့ပုခုံးပေါ်မှာ ကိစ္စကြီးတစ်ခုကို သယ်ဆောင်ထားရတယ် ၊အနာဂတ်မှာ ငါတို့မုမိသားစုရဲ့ ဂုဏ်သရေ ပြန်လည်ထွန်းတောက်ဖို့က မင်းအပေါ်မူတည်သွားပြီ... ၊ ကံကောင်းတာက ယွင်ဖေးက မင်းကို ကူညီပေးလိမ့်မယ်.၊ ဒီလိုမှ မဟုတ်ပဲမင်းရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် ငါတို့ဘိုးဘေးအိုကြီးတွေ စိတ်ချမှာ မဟုတ်ဘူး..." ဟုန်ကျူသည် မုပထျန်းအား စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။

"ယွင်ဖေး... သူ.." ဟုန်ကျူ၏ စကားများကို ကြားလိုက်ရသည့်အခါ လေဧကရာဇ်၏ အမူအရာများသည် အေးခဲသွားသည်။ သူသည် ဟုန်ကျူနှင့် အခြားသူများကို မုယွင်ဖေး၏ လက်ရှိအခြေအနေအား ပြောပြရန် ပါးစပ်ဟလိုက်သည်။

"ယွင်ဖေးအကြောင်းကို ငါသိတယ် ၊ ယွင်ဖေးရဲ့အနာဂတ်က မင်းတွေးတောနိုင်တဲ့ အရာမဟုတ်ဘူး ၊ သူအမွေဆက်ခံရရှိထားတာက ငါတို့မုမိသားစုရဲ့ ပထမဆုံးဘိုးဘေးရဲ့ အမွေအနှစ်တွေပဲ... ဖြစ်နိုင်တာက ယွင်ဖေးကသာ ငါတို့မုမိသားစုရဲ့ ဂုဏ်သရေကို ပြန်လည်ယူဆောင်လာပေးမယ့် သူတစ်ယောက် ဖြစ်ရမယ် ၊ အစစ်အမှန်မျှော်လင့်ချက်ဖြစ်ရမယ်.."

ဟုန်ကျူ၏ နက်မှောင်သော မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ သူ၏လေသံမှာ တိုးညှင်းသော်လည်း မုပထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကတော့ တုန်ယင်သွားပါတော့ သည်။ သူသည် ဟုန်ကျူအား တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့် စူးစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။ "ဘိုးဘေးပြောတာ အမှန်ပဲလား..."

ဟုန်ကျူသည် ပြုံးလိုက်သည်။ သူကမုယွင်ဖေး အကြောင်းကို ဆက်လက်ပြောဆိုလိုခြင်းမရှိတော့သည့်ဟန် ပြုကာ ပြောဆိုလိုက်သည်။

"အဲ့ဒီ ယောင်ရီအင်ပါယာက လူတွေရော တစ်ဖက်လောက လျို့ယင်းအတွက် ပါဝင်ယှဥ်ပြိုင်ကြမှာလား.."

"ဟင့်အင်း တစ်ဖက်လောက်က လျို့ယင်းက ထွက်ပေါ်မလာသေးပါဘူး၊ ဒါပေမယ့် သူတို့က ရှန်ရှန်ကျုံဂိုဏ်းရဲ့ ဉာဏ်အလင်းပွင့်ခြင်းဇယားအတွက် သွားရောက် ယှဥ်ပြိုင်နေကြတယ်"

လေဧကရာဇ်သည် ခေါင်းခါကာ ပြောဆိုလိုက်သည်။

"နောက်ဆုံးတော့ မင်းရောက်လာတော့မှာလား "

လေဧကရာဇ်၏စကားကို ကြားလိုက်ရသည့်အခါ ဟုန်ကျူနှင့် ဘိုးဘေးလေးယောက်တို့သည် တစ်ယောက်မျက်နာ တစ်ယောက် လေးနက်သော အမူအရာများဖြင့် စိုက်ကြည့်လိုက်ကြသည်။

"ဟမ်... ဘာပြောလိုက်တာလဲ ဘိုးဘေး" လေဧကရာဇ်သည် သင်္ကါမကင်းဖြစ်နေသော အမူအရာဖြင့် မေးမြန်းလိုက်ပါသည်။

"အဆင်ပြေပါတယ် ငါရှန်ရှန်ကျုံဂိုဏ်းကို သွားလိုက်မယ် ၊ မင်းကတော့ ရှန်းလင်ရှေးဟောင်းနယ်မြေ အစွန်းအဖျားနားမှာ တော်ဝင်စစ်တပ်တွေကို လှုပ်ရှား ခိုင်းလိုက် ၊အခုချက်ချင်းစလုပ်လိုက်..." ဟုန်ကျူသည် လေဧကရာဇ်ကို စိုက်ကြည့်လျက် လေးနက်သောအမူအရာဖြင့် ပြောဆိုကာ ညွှန်ကြားလိုက်သည်။

"ဘိုးဘေး... ဘာဖြစ်နေတာလဲ..."လေဧကရာဇ်၏ မျက်နာအမူအရာသည် လေးနက်သွားကာ မေးမြန်းလိုက်သည်။ ဆန်းကြယ်နတ္ထိအဆင့်ကို ခုလေးတင် အဆင့်ချိုးဖြတ် ရောက်ရှိသွားသော ဟုန်ကျူဘိုးဘေးကတောင် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရသည်ဖြစ်ရာ ဒီကိစ္စမှာ အလွန်အမင်းထိတိလန့်ဖွယ်ကောင်းသော အဖြစ်အပျက်ပင် ဖြစ်ပေလိမ့်မည်။

All Chapters