ကွမ်ရှန်းဒီ၊ ရှန်းချိုက်ရှန်း (ကွမ်နတ်မင်း၊ ရှန်း နတ်ဘုရား)။
Vol. 13 Ch. 181
"အချိန်မရှိတော့ဘူး.. မင်းလုပ်စရာရှိတာကိုပဲ လုပ်နေလိုက် ၊ ရှန်ရှန်ကျုံဂိုဏ်းက အင်အားစုကြီးငါးစုကို တိုက်ခိုက်ပြီး ချေမှုန်းပစ်လိုက်ပြီ ၊ ဒီခွန်အားက သာမန်မဟုတ်ဘူး ငါသွားကြည့်လိုက်ဦးမယ်..."
ဟုန်ကျူသည် လေဧကရာဇ်ကို စူးစိုက်ကြည့်ကာ လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
စကားဆုံးသွားပြီးနောက် ဟုန်ကျူနှင့် အကြီးအကဲလေးယောက်တို့၏ ပုံရိပ်များမှာ ရုတ်ချည်းပျောက် ကွယ်သွားပြီး ကြောင်အနေသော လေဧကရာဇ်တစ် ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
လေဧကရာဇ်သည် ရှန်ရှန်ကျုံဂိုဏ်းမှာ အလွန်သန်မာကြောင်း သိထားပါသည်။ သို့သော်လည်း ယောင်ရီအင်ပါယာအပါအဝင် အင်အားစုကြီးငါးစုစလုံးကို သတ်ဖြတ်ပစ်နိုင်လောက်သည်အထိ သန်မာနေလိမ့်မည်ဟုတော့ တွေးထင်မထားခဲ့ပေ။ အဲ့ဒါက ထျန်းလန်ဒေသက တည်ရှိမှုကြီးတွေလေ။
ဘိုးဘေးများမှာ ဆန်းကြယ်နတ္ထိအဆင့်ကိုရောက်ရှိသွား ပြီဖြစ်ရာ ရှန်ရှန်ကျုံဂိုဏ်း၏ သတင်းကိုသိရဖို့မှာ သူတို့အတွက် မခက်ခဲတော့ပေ။ ဘိုးဘေးက ဒီလိုပြောခဲ့မှတော့ ရှန်ရှန်ကျုံဂိုဏ်းတို့ တိုက်ပွဲမှာ ပြီးဆုံးသွားပြီဟု ဆိုလိုသည်။
ရှန်ရှန်ကျုံဂိုဏ်း၏ ခွန်အားမှာ သာမန်မဟုတ်သော်လည်း လေဧကရာဇ်ကို ထိတ်လန့်သွားစေခဲ့သည်ကား အခုလေးတင်မှ ဆန်းကြယ်နတ္ထိအဆင့်ကို အဆင့်တတ်ရောက်သွားသော ဘိုးဘေးများကိုတောင် သတိပြုမိလာစေသည့် အရေးကြီးသောကိစ္စရပ်ကြီးပဲ ဖြစ်သည်။
လေဧကရာဇ်၏မျက်နာမှာ အလွန်အမင်းလေးနက်လာပြီး သူဟာ ဆက်လက်ကြန့်ကြာမနေရဲတော့ဘဲ ကျောက်တုံးတံခါးလေးထဲသို့ အလျင်အမြန်ဝင်ရောက်သွားသည်။ သူဟာ ကမ္ဘာငယ်လေးအတွင်း အိပ်ပျော်နေသော ကြီးမြတ်သော လေအင်ပါယာကြီး၏ စွမ်းအားရှင်အား နှိုးထဖို့အဆင်သင့် ဖြစ်နေလေပြီ။ သူ၏ အခြေခံကိုပြန်လည်ပြုပြင် တည် ဆောက်ရန်အတွက် လေအင်ပါယာကြီး၏ ငါးဆက်မြောက် ဧကရာဇ်အပြင် ဆန်းကြယ်သူတော်စင်အဆင့်ရှိ စွမ်းအားရှင်များအားလုံးက အတူတကွကြိုးစား လုပ်ဆောင်ခဲ့သော်လည်း အရာမထင်ခဲ့ချေ။ လေအင်ပါယာကြီး၏ စွမ်းအားရှင်များမှာ ဤအဖြစ်အပျက်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခြင်းပဲဖြစ်သည်။
.........
ရှန်ရှန်ကျုံဂိုဏ်း ဂိိုဏ်းချုပ်ခန်းမကြီးထဲတွင် ဝမ်ဖုန်းသည် သူ့နှဖူးပေါ်မှ ချွေးအေးများကို မသိမသာလေး သုတ်လိုက်မိသည်။ သူ၏ဇနီးချောလေးအား ချော့မော့ရသည့်ဖြစ်စဥ်မှာ မလွယ်ကူခဲ့ပေ။
"စနစ်... ဂိုဏ်းနဲ့စနစ်အဆင့်ကို အဆင့်လေးကို မြှင့်တင်မယ် " ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး လျှို့ဝှက်စွာပြောဆိုလိုက်သည်။
"ဒင်... ဂိုဏ်းအမှတ်တစ်သန်းကို အသုံးပြု၍ စနစ်ကို အဆင့်လေးကို မြှင့်တင်လိုက်ပါပြီ ၊ ဒင်... ဂိုဏ်းအမှတ်တစ်သန်းကို အသုံးပြု၍ ဂိုဏ်းကို အဆင့်လေး ကို မြှင့်တင်လိုက်ပါပြီ..."
မြည်ဟည်းထွက်ပေါ်လာသော စနစ်၏အသံကြောင့် ဝမ်ဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများသည် တွန့်ကွေးသွားခဲ့သည်။ နောက်ဆုံးမှာတော့ သူဟာဂိုဏ်းအမှတ် နှစ်သန်းကို ဤသို့ဤပုံပဲ အသုံးချလိုက်ရပေသည်။ သူ၏ အိတ်မှာ သည့်မတိုင်ခင်က ဖောင်းကားနေခဲ့သော်လည်း ယခုအချိန်မှာတော့ ပြန်လည်ချောင်ချိသွားပေသည်။
"စနစ်... စနစ်နဲ့ ဂိုဏ်းအဆင့်ကို အဆင့်လေးကို မြှင့်တင်ပြီးပြီဆိုတော့ နောက်ထပ်အသစ်ပွင့်တဲ့ လုပ် ဆောင်ချက်တွေက ဘာတွေများလဲ..." ဂိုဏ်းအမှတ်များ ကုန်ဆုံးသွားရသည်မှာ နာကျင်သော်လည်း ဝမ်ဖုန်းသည် စိတ်အားထက်သန်သော အကြည့်များဖြင့် မေးမြန်းလိုက်ပါသည်။
တတိယအဆင့်နှင့် စတုတ္ထအဆင့်စနစ်တို့မှာ တကယ့်ကို ငွေကုန်ကြေးကျ များလှပေသည်။ သူသည် ယခုလေးတင် စနစ်ကို အဆင့်လေးသို့ မြှင့်တင်ပြီးပြီဖြစ်ရာ မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို သိချင်နေမိသည်။
"ဒင်... စနစ်ကို အဆင့်လေးကို မြှင့်တင်ပြီးပါပြီ ၊ဒင်...စနစ်ကို အဆင့်လေးကို မြှင့်တင်ပြီးတဲ့အတွက် မြင့်မြတ်သောနိုးထမှု လုပ်ဆောင်ချက်ကို ဖွင့်လှစ်လိုက်ပါပြီ ၊ ဒါ့အပြင် ဆန်းကြယ်အဆင့် ကျပန်းဆင့် ခေါ်မှုနှင့် ဆန်းကြယ်နှောင်ကြိုးအဆင့် ကျပန်းဆင့်ခေါ်ခွင့်တွေကိုလည်း ဖွင့်လှစ်လိုက်ပါပြီ ၊ ဆန်းကြယ်အဆင့် ကျပန်းဆင့်ခေါ်ခွင့်နဲ့ ဆန်းကြယ်နှောင်ကြိုးအဆင့် ကျပန်းဆင့်ခေါ်ခွင့်တွေကို အသုံးပြုလိုက်ပါက အနည်းဆုံး ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားရှင်များကို ဆင့်ခေါ်နိုင်မှာဖြစ်ပါတယ်..."
"ဒင်... အထူးကျပန်းဆင့်ခေါ်ခွင့် ငါးကြိမ်ကို အသုံးပြုပြီး ဆန်းကြယ်ကျပန်းဆင့်ခေါ်ခွင့် တစ်ကြိမ်အဖြစ် အဆင့်မြှင့်တင်ပြောင်းလဲနိုင်ပါတယ် ၊ ဆန်းကြယ်ကျပန်း ဆင့်ခေါ်ခွင့် နှစ်ကြိမ်ကို အသုံးပြုပြီး ဆန်းကြယ်နှောင်ကြိုး ကျပန်းဆင့်ခေါ်ခွင့် တစ်ကြိမ်ကို ပြောင်းလဲနိုင်ပါတယ်..."
သူ့စိတ်အာရုံအတွင်း မြည်ဟည်းလာသော အေးစက် စက်အသံက ဝမ်ဖုန်းကို ပျော်ရွှင်သွားစေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံဟာ စိတ်လှုပ်ရှားမှုများဖြင့် တုန်ယင်သွားပြီး အလျှင်အမြန်မေးမြန်းလိုက်သည်။ "မြင့်မြတ်သော နိုးထမှုဆိုတာဘာလဲ.."
"မြင့်မြတ်သော နိုးထမှုကို အသုံးပြုပြီး ဆင့်ခေါ်ထားတဲ့ ဇာတ်ကောင်တွေရဲ့ စွမ်းရည်တွေကို နိုးထအောင်ပြုလုပ်လို့ရပါတယ်။ ဆင့်ခေါ်ခံတစ်ယောက်ပေါ်မှာ မြင့်မြတ်သော နိုးထမှုကို အသုံးပြုလိုက်ပါက ဆင့်ခေါ်ခံရဲ့ အသန်မာဆုံး အခြေနေထိရောက်အောင် အဆင့်မြှင့်တင်ပေးသွားမှာပါ ၊ ဆင့်ခေါ်ခံရဲ့ အသန်မာဆုံး အခြေအနေက စနစ်ရဲ့လုပ်နိုင်စွမ်းထက် ကျော်လွန်နေမယ်ဆိုရင်တော့ စနစ်လုပ်ဆောင်ပေးနိုင်မယ့် အမြင့်ဆုံးအခြေအနေထိရောက်အောင် လုပ်ဆောင်ပေးသွားမှာပါ..."
"ဒင်... စနစ်ကို အဆင့်လေးသို့ မြှင့်တင်လိုက်သည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုသည့်အနေဖြင့် မြင့်မြတ်သော နိုးထမှုအခွင့်အရေးတစ်ကြိမ်ကို ဆုချလိုက်သည် ၊ အနာဂတ်မှာ မြင့်မြတ်သော နိုးထမှု အခွင့်အရေးတွေကို စနစ်ကချမှတ်ပေးထားတဲ့ တာဝန်တွေကို အောင်မြင်မှသာ ရရှိနိုင်တော့မှာပါ.."
သူ၏ စိတ်အာရုံအတွင်းထပ်မံထွက်ပေါ်လာသော အေးစက်စက်လေသံကြောင့် ဝမ်ဖုန်းသည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်လုမတက် ဖြစ်သွားလေသည်။ သေချာပါပြီ။ စနစ်ဟာ သူသန်မာလာသည်နှင့်အမျှ ပိုမိုသန်မာလာခဲ့ပေသည်။
မြင့်မြတ်သောနိုးထမှု လုပ်ဆောင်ချက်ဖြင့်ဆိုပါက သူသည် သူဆင့်ခေါ်ထားသော ဇာတ်ကောင်များမှာ သူ့နောက်သို့ အမှီလိုက်မလာနိုင်မှာကို စိုးရိမ်စရာမလိုတော့ပေ။ အထူးသဖြင့် ချီမိန်ချွှေရွယ် နှင့်အခြားသူများကို ကြည့်ပါလေ။ သူတို့ကိုဆင့်ခေါ်ခဲ့စဥ်က ယခင်စနစ်၏ ကန့်သတ်ချက်များကြောင့်သာ သူတို့၏ ကျင့်ကြံဆင့်မှာ ထိုနေရာ၌ ရပ်တန့်နေရခြင်းဖြစ်သည်။ ဒီလိုမှမဟုတ်ပါက သူတို့၏ ကျင့်ကြံဆင့်မှာ ထိုနေရာ၌သာ ရပ်တန့်နေမည်မဟုတ်ပါချေ။
"ဂိုဏ်းကိုအဆင့်မြှင့်တင်လိုက်လို့ အသစ်ပွင့်ထားတဲ့ လုပ်ဆောင်ချက်တွေကရော " ဝမ်ဖုန်းသည် သူကိုယ့်တွင်းမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်ပြီး ထပ်မံမေးမြန်းလိုက်သည်။
" ဒင်... ဂိုဏ်းကိုအဆင့်လေးကို မြှင့်တင်ပြီးပါပြီ ၊ အပြင်စည်းဂိုဏ်း တပည့်အရေအတွက်ကို တစ်သောင်းထိ မြှင့်တင်ပေးလိုက်ပြီး အတွင်းစည်းဂိုဏ်း အမြင့်ဆုံးလက်ခံနိုင်သည့် တပည့်အရေအတွက်မှာ တစ်ထောင်အထိဖြစ်သွားပါပြီ ၊ အပြင်စည်းဂိုဏ်း ကန့်သတ်အကြီးအကဲအရေအတွက်မှာ နှစ်ရာ ၊ အတွင်းစည်းဂိုဏ်း ကန့်သတ်အကြီးအကဲအရေအတွက်မှာ တစ်ရာဖြစ်သွားပါပြီ ၊ ဂိုဏ်းအစောင့်အရှောက်အကြီးအကဲတွေရဲ့ အမြင့်ဆုံးလက်ခံနိုင်တဲ့အရေအတွက်ကိုလည်း ငါးဆယ် ၊ ကောင်းကင်ဘုံအကြီးအကဲတွေရဲ့ အမြင့်ဆုံးလက်ခံနိုင်တဲ့အရေ အတွက်ကိုလည်း နှစ်ဆယ်အထိ တိုးမြှင့်ပေးလိုက်ပါပြီ..."
"ဒါ့အပြင် ပိုင်ရှင်အနေနဲ့ ရာထူးသစ်တစ်ခုကို ဖွင့်လှစ်နိုင်မှာဖြစ်ပြီး ထိုရာထူးသစ်အတွက် အမြင့်ဆုံး လူငါးယောက်ကို သတ်မှတ်ပေးနိုင်ပါတယ်..."
စနစ်၏အသံကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် ခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။
"စနစ်... အဆင့်မြင့်ဆင့်ခေါ်ခွင့်ငါးကြိမ်ကို အသုံးပြုပြီး အထူးဆင့်ခေါ်ခွင့် တစ်ကြိမ်အဖြစ် အဆင့်မြင့်တင်မယ် ၊ ပြီးတော့ အထူးဆင့်ခေါ်ခွင့် ဆယ်ကြိမ်ကိုအသုံးပြုပြီး ဆန်းကြယ်ဆင်ခေါ်ခွင့် နှစ်ကြိမ်အဖြစ်ပြောင်းလဲမယ်"
ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး လေးလေးနက်နက်ပြောလ်ုက်သည်။ ဤသည်မှာ သူပိုင်သမျှ အရာအားလုံးဘဲဖြစ်တော့သည်။
"ဒင်... ဆန်းကြယ်အဆင့်ဆင့်ခေါ်ခွင့်နှစ်ကြိမ်ကိုရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ပိုင်ရှင်အသုံးပြုပါမည်လား..."
"သုံးမယ် " ဝမ်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြေညလိုက်သည်။
"ဒင်... ရှန်းဝမ်စန်းနှင့် ကွမ်ယုကို ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ၊ သူတို့ရဲ့ စွမ်းရည်ဇယားများကို စစ်ဆေးကြည့်ပါမည်လား..."
???
စနစ်၏ အေးစက်စက်လေသံကြောင့် ဝမ်ဖုန်းတစ်ယောက် ကြောင်အသွားသည်။ သူသည် အလျင်စလို မေးမြန်းလိုက်သည်။ " စနစ်... ရှန်းဝမ်စန်းနဲ့ ကွမ်ယုတို့ကို ဆင့်ခေါ်လို့ရလို့လား?"
ရှန်းဝမ်စန်းသည် ယွမ်မင်းဆက် နှောင်းပိုင်းခေတ် ကာလနှင့် မင်မင်းဆက် အစောပိုင်းခေတ်ကာလတို့တွင် အချမ်းသာဆုံး အမျိုးသားတစ်ယောက်ဖြစ် သည်။ ပြီးတော့ ကွမ်ယုမှာတော့ တရုတ်ပြည်တွင် ပိုလို့တောင် ကျော်ကြားလေသည်။ သူဟာ တရုတ်ပြည်တွင် ရာစုနှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော လူဖြစ်ပေသည်။
"ဒင်... စနစ်ရဲ့ဆင့်ခေါ်ခွင့်တွေက ဇာတ်ကောင်မှန်သမျှကို ဆင့်ခေါ်လို့ရပါတယ် ၊ ရှန်းဝမ်စန်းနှင့် ကွမ်ယုမှာ အထူးအရည်အချင်းတွေရှိတာကြောင့် သူတို့ကို မရေမတွက်နိုင်တဲ့ အမွှေးတိုင်တွေနဲ့ ပူဇော်ပသလာခဲ့ပြီး သူတို့ဟာ ဒဏ္ဍာရီလာဇာတ်ကောင်တွေ ဖြစ်သွားကြပါတယ် ၊ ဒါ့ကြောင့်မလို့ ဒီစနစ်ရဲ့ ဆင့်ခေါ်ခြင်းကိုခံလို့ရပါတယ်..."
"ငါသိပြီ"
ဝမ်ဖုန်းသည် ခေါင်းညိမ့်ကာ စိတ်အားထက်သန်သော လေသံဖြင့် ပြောဆိုလိုက်သည် " စနစ်... သူတို့ရဲ့ စွမ်းရည်ဇယားကို စစ်ဆေးမယ်.."
"ကွမ်ယု၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်...
အမည် - ကွမ်ယု
ဘွဲ့ - ကွမ်းရှန်းဒီ၊ ကွမ်းကုံးဝူချန်
ကျင့်ကြံဆင့် - ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်
ရုပ်ခန္ဓာ - ချင်းလုံဆင့်ခေါ်ခြင်း (ဤရုပ်ခန္ဓာအား အသက်သွင်းလိုက်ပါက ပုံရိပ်ယောင် နဂါးစိမ်းတစ်ကောင် ဆင့်ခေါ်နိုင်မှာဖြစ်ပြီး ဒီနဂါးစိမ်းက တိုက် ခိုက်နိုင်သလို တစ်ချိန် တည်းမှာဘဲ ခုခံနိုင်ပါတယ်၊အလွန်အမင်း စွမ်းအားကြီးပါတယ်)
(ဘာသာပြန်မှတ်ချက်: ချင်းလုံ- နဂါးစိမ်း)
သွေးမျိုးဆက် - ချင်းလုံသွေးမျိုးဆက် ( ဤသွေးမျိုးဆက်ကို အသုံးပြုလိုက်ပါက အစိမ်းရောင်နဂါး၏ အရှိန်အဝါများမှာ ခန္ဓာကိုယ်အတွင်း ကိန်း ဝပ်စီးဆင်းသွားမှာဖြစ်ပြီး နဂါးစိမ်းအကာအကွယ်ကို ဖန်တီးနိုင်ပါတယ် ၊ ယင်းနောက် ဇာတ်ကောင်ဟာ မိမိထက် တစ်ဆင့်မြင့်တဲ့ရန်သူရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာဖြစ်ပါတယ်)
နိယာမ - ဓါးကြီးနိယာမ
ဆန်းကြယ်သိုင်းကွက်များ - နဂါးချီသိုင်းကွက် ၊ မိုးပြာနဂါးဓားခုတ်ချက် ၊ တစ်ချက်ပိုင်းဓါး ၊ ကန့်လန့်ဖြတ်ဓါးသွား။
အထူးစွမ်းအားများ - ဖီးနစ်မျက်ဝန်း ထိုးခွင်း ခြင်း ( အတုအယောင်များအားလုံးကို ချေမှုန်းဖျက်စီးနိုင်သည် )
စီးတော်သားရဲ - ပတ္တမြားရောင်နီ နဂါးမြင်း ( လူသားအသွင် မပြောင်းလဲနိုင်ပါဘူး ၊ ဆန်းကြယ်နတ်မင်းအဆင့်ထိ ကျင့်ကြံပြီး၍ အထူးအားဖြင့် အလျင်နှုန်း၌ သာလွန်သည်)
လက်နက် - ချင်းလုံရန်ယွဲ့ဓါး ( ဆန်းကြယ်နတ္ထိအဆင့်)''
" ဒင်... ရှန်းဝမ်စန်း၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်...
အမည် - ရှန်းဝမ်စန်း
ဘွဲ့ - ချမ်းသာခြင်းနတ်ဘုရား ၊ သိုင်းလောကတွင် အချမ်းသာဆုံးလူသား
ကျင့်ကြံဆင့် - ဆန်းကြယ်နတ္ထိအစောပိုင်းအဆင့်
ရုပ်ခန္ဓာ - ချမ်းသာခြင်းနတ်ဘုရားရုပ်ခန္ဓာ( ဤရုပ်ခန္ဓာအားအသုံးပြုပါက ချမ်းသာခြင်းကို အသုံးပြု၍ စွမ်းအားကို ထိန်းချုပ်ပါသည် ၊ ပိုမိုချမ်းသာလေလေ ပိုမိုစွမ်းအားကြီးမားလေလေဖြစ်သည်)
သွေးမျိုးဆက် - ချမ်းသာခြင်းနတ်ဘုရားသွေးမျိုးဆက် ( ဤသွေးမျိုးဆက်အားအသုံးပြုလိုက်ပါက ရွှေပန်းကန်ပြားများဖြင့် ပြုလုပ်ထားသော ချပ်ဝတ် တန်ဆာကြီးတစ်ခုဖြစ်ပေါ်လာမည်ဖြစ်သည် ၊ ရွှေပန်းကန်ပြား တစ်ချပ်ချင်းစီတိုင်းက ရန်သူ့တိုက်ခိုက်မှုကို တစ်ကြိမ်စုပ်ယူနိုင်ပါတယ် ၊ ရွှေပန်းကန်ပြားများ ပိုမိုများပြားလေလေ စုပ်ယူခြင်းစွမ်း အားမှာ သန်မာလေလေဖြစ်သည်)
နိယာမ - ချမ်းသာခြင်းနိယာမ ( အစစ်အမှန်မှ အတုအယောင်သို့)
ဆန်းကြယ်သိုင်းကွက်များ - ကြေးမုံအလား ရတနာများ ၊ ချမ်းသာသုခမှ နဂါးများအဖြစ်သို့ ၊ ဘိုးဘေးတို့ထံ ချမ်းသာမှု အပ်နှံခြင်း ၊ မြင့်မြတ်သော ဓနစည်းစိမ်ဓါး ၊ ချမ်းသာသုခအား အစိုးရခြင်း။
မှော်စွမ်းအားများ - ဧကရာဇ်ငါးပါး ဒင်္ဂါးပြားများ ( ရှေးဟောင်းဧကရာဇ်ကြီးငါးပါး၏ ပုံရိပ်ယောင်အား ဆင့်ခေါ်နိုင်သည် ၊ မိမိကိုယ်ကို ကောင်းချီးပေးနိုင်လေသည်)
လက်နက် - ရွှေရောင်ဓါး''
ကွမ်ယုနှင့် ရှန်းဝမ်စန်းတို့၏ စွမ်းရည်ဇယားအား တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းတစ်ယောက် အနည်း ငယ် ထိတ်လန့်သွားပေသည်။ ဒါကြီးက မသန်မာလွန်းဘူးလား။
သူတို့ဟာ လူအများ၏ပူဇော်ပသခြင်းနှင့် ထိုက်တန်ပါပေသည်။ ဖြစ်နိုင်တာက ဤသည်မှာ ကွမ်ယုနှင့် ရှန်းဝမ်စန်းတို့၏ အထွတ်အထိပ်အခြေအနေ မဟုတ်နိုင်သေးပေ။ တရုတ်ဒဏ္ဍာရီ များအရ ကွမ်ယုသည် ကောင်းကင်ဘုံခုံရုံးက စစ်ဗိုလ်ချုပ်လေးဦးအနက် တစ်ဦးဖြစ်ပြီး ရှန်းဝမ်စန်းကတော့ ချမ်းသာခြင်းနတ်ဘုရားဖြစ်ပေသည် ။ သူတို့၏ ဖြစ်တည်မှုမှာ အင်မတန်ကြီးမြတ်လှပေသည်။