မြှပ်နှံခြင်း ကြယ်ဟာပျောက်ကွယ်သွားပြီး အလောင်းများထွက်ပေါ်လာတော့မည်။
Vol. 13 Ch. 182
တည်ငြိမ်သွားပြီးတဲ့နောက်မှာ ဝမ်ဖုန်းသည် တိုးတိတ်စွာတွေးတောလိုက်မိသည်။ ယခုသူ့တွင်မြင့်မြတ်သောနိုးထမှု အခွင့်အရေးတစ်ကြိမ်ရှိသည်ဖြစ်ရာ သူမည်သူ့ကိုပေးအပ်ရမည်နည်း။
" ဒင်၊ ပိုင်ရှင်ကိုသတိပေးပါတယ်။ လက်ရှိစနစ်ရဲ့လုပ်ဆောင်နိုင်စွမ်းက ဆန်းကြယ်နတ္ထိ အထွတ်အထိပ်အဆင့်သို့သာ ရောက်နေပါသေးတယ် ။ မြင့်မြတ်သောနိုးထမှုအခွင့်အရေးကို အသုံးပြုလိုက်မယ်ဆိုရင် ဆင့်ခေါ်ခံကို ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်သို့ကျော်ဖြတ်သွားစေနိုင်ပါတယ် ။ "
" ဆန်းကြယ်နတ္ထိအဆင့်ကိုကျော်လွန်သွားပြီဆိုရင်တော့ ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့် စွမ်းအားရှင်ကြီးတစ်ယောက်အနေဖြင့် ယူဆနိုင်ပါတယ်။ ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့် စွမ်းအားရှင်တွေဟာ ရှေးဟောင်းနယ်မြေမှာ အထွတ်အထိပ်တည်ရှိမှုကြီးတွေဖြစ်ပါတယ်။ ဆန်းကြယ်ကပ်ဘေးစွမ်းအားရှင်ကြီးတစ်ယောက် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ရှေးဟောင်းနယ်မြေကြီးမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ့ခါ ရှေးဟောင်းနယ်မြေကြီးနှင့်အနီးအနားမှာရှိတဲ့ ထျန်းလန်ဒေသက စွမ်းအားရှင်တွေကလည်း သတိပြုမိသွားပါလိမ့်မယ်။ "
ဝမ်ဖုန်းတစ်ယောက်တွေးတောနေစဉ်မှာပဲ ထွက်ပေါ်လာသော စနစ်၏သတိပေးသံက သူ၏အမူအယာများကိုပြောင်းလဲသွားစေခဲ့သည်။ သူသည်အံကိုတင်းတင်းကြိတ်၍ မြင့်မြတ်သောနိုးထမှုအခွင့်အရေးကို အသုံးပြုမည့်အကြံအစည်အား လွှတ်ချလိုက်တော့သည်။
သူသာမြင့်မြတ်သောနိုးထမှုအခွင့်အရေးကို ယခုအသုံပြုမည်ဆိုပါက အကျိုးမဲ့အသုံးပြုခြင်းသာဖြစ်ပေလိမ့်မည်။ သူသည်မြင့်မြတ်သောနိုးထမှုအခွင့်အရေးကို အကျိုးအမြတ်များများရရှိရန်အတွက် အကျိုးအမြတ်များများရရှိစေသည့် အခြေအနေအချိန်အခါရောက်မှသာ အသုံးပြုရမည်ဖြစ်သည်။
" စနစ် ၊ ကောင်းကင်ဘုံအစောင့်အရှောက်အကြီးအကဲဆိုတဲ့ ရာထူးတစ်နေရာကိုဖွင့်လှစ်မယ်။ ကွမ်ယုနှင့် ရှန်းဝမ်စန်းတို့ကို ကောင်းကင်ဘုံအစောင့်အရှောက်အကြီးအကဲအဖြစ်ခန့်အပ်မယ်။ "
" ဒင် ၊ ကွမ်ယုနှင့် ရှန်းဝမ်စန်းတို့ကို ကောင်းကင်ဘုံအစောင့်အရှောက်အကြီးအကဲအဖြစ် အောင်မြင်စွာခန့်အပ်ပြီးပါပြီ ။ "
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ စနစ်၏အေးစက်စက်အသံက ထမ်မံထွက်ပေါ်လာခဲ့သည်။
" ကြီးမြတ်သောလေအင်ပါယာကြီးက ဟုန်ကျူး၊ ဟဲကျူး ၊ ပိုင်ကျူး ၊ လုကျူးနှင့်ဟွမ်ကျူးတို့က လာရောက်လည်ပတ်ပါတယ်။ ဂိုဏ်းချုပ်ဝမ်နဲ့တွေ့ခွင့်ပေးဖို့တောင်းဆိုပါရစေ။ "
ဒီအချိန်မှာပဲ ဝမ်ဖုန်း၏နားအတွင်းမှ အသံတစ်ကြားလိုက်ရသည်။ ထိုအသံသည် ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားသော်လည်း ဝမ်ဖုန်းတစ်ယောက်မှလွဲ၍ ကျန်သောသူများမှာမကြားရပေ။
ဝမ်ဖုန်းသည် မျက်မှောင်ဖွဖွကျုံ့လိုက်ပြီး သူ၏ပုံရိပ်ဟာရုတ်တရက်ပျောက်ကွယ်သွားပြီး ရှန်ရှန့်ကျုံဂိုဏ်းအထက်၌ထွက်ပေါ်လာခဲ့သည်။ သူသည် သူ့အေရှ့၌မတ်တပ်ရပ်နေကြသည့် လူအိုကြီးငါးယောက်ကို စူးစိုက်ကြည့်လိုက်သည်။
" ဂိုဏ်းချုပ်ဝမ်ကို နှုတ်ခွန်းဆက်သပါတယ်။ ကျုပ်တို့က လေအင်ပါကြီးရဲ့ဘိုးဘေးငါးယောက်ပါ။ ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုရဲ့တိုက်ခိုက်မှုကို ပထျန်းခံလိုက်ရတော့ သူ့ရဲ့အခြေခံပြန်လည်တည်ဆောက်ဖို့ ကျုပ်တို့အစွမ်းကုန်ကြိုးစားလိုက်ရတဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားခဲ့ပြီး မကြာသေးခင်ကမှ ပြန်လည်နိုးထလာတာပါ။ "
ဝမ်ဖုန်းထွက်ပေါ်လာသည်ကိုမြင်တော့ ဟုန်ကျူသည် လက်သီးဆုပ်ဂါဝရပြုလိုက်ပြီးပြောဆိုလိုက်သည်။
သည်စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်နှာထက်၌ အံ့အားသင့်သောအမူအယာတစ်ခုဖြစ်ပေါ်လာပြီး သူဟာလည်း ပြန်လည်ဂါဝရပြုပြောဆိုလိုက်သည်။ " ဘိုးဘေး ငါးယောက်ကိုကြိုဆိုပါတယ် ။ ကျေးဇူးပြုပြီးကျွန်ုပ်နဲ့လိုက်ခဲ့ပါ ။ "
ဟုန်ကျူးနှင့်အခြားသူများဟာခေါင်းညိတ်လိုက်ကြပြီး ဝမ်ဖုန်းနှင့်အတူ ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမကြီးထဲသို့ ဝင်သွားကြသည်။
ဝမ်ဖုန်းသည် ပလ္လင်ပေါ်ထိုင်လိုက်ကာ အောက်ဘက်ရှိဟုန်ကျူးတို့တစ်တွေကို ဝေ့ဝဲကြည့်ရှုရင်း သံသယဝင်စွာမေးမြန်းလိုက်သည်။ " ဘိုးဘေးငါးယောက်က ကျုပ်ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို ဘာလို့ရောက်လာကြလဲဆိုတာ သိချင်မိတယ်။ "
" ကျုပ်တို့အလျင်စလိုရောက်လာရတာက ဒီကမ္ဘာကြီးထဲမှာ ပြင်းထန်တဲ့ပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်လာတော့မှာမလို့ပဲ။ ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ကြီးမြတ်သောလေအင်ပါတို့က မဟာမိတ်တွေဖြစ်သွားပြီဆိုတော့ ဂိုဏ်းချုပ်ဝမ်နဲ့ဆွေးနွေးသင့်တယ်လို့ ကျုပ်ထင်တယ်လေ ။ "ဟုန်ကျူးသည် ဝမ်ဖုန်းအားကြည့်ကာ လေးလေးနက်နက်ပြောဆိုလိုက်သည်။
ဟုန်ကျူး၏စကားများကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏အမူအယာများသည်ပြောင်းလဲသွားခဲ့သည်။ ဘိုးဘေးငါးယောက်ရောက်ရှိလာသည့်အခါ ဝမ်ဖုန်းသည် စနစ်ကိုအသုံးပြု၍ သူတို့ကိုစစ်ဆေးခဲ့သည်။ သူတို့ငါးယောက်အနက် ၂ယောက်မှာ ဆန်းကြယ်နတ်မင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဆန်းကြယ်နတ်မင်း အလယ်အလတ်အဆင့်ကျင့်ကြံသူဖြစ်သည်။
မုပထျန်းကြောင့်သာမဟုတ်ပါက ကြီးမြတ်သောလေအင်ပါကြီး၏ခွန်အားမှာ အခြားသောလေအင်ပါကြီး၂ခုထက်အပြတ်အသတ်သာလွန်သွားမည်သာဖြစ်သည်။
ဒီလိုတည်ရှိမူကြီးကတောင် သတိထားဆောင်ရွက်နေရတယ်ဆိုတော့ ဘယ်အရာကများ အရေးကြီးနေတာပါလိမ့်။
" ကျေးဇူးပြုပြီးပိုပြောပြပေးပါဦး အကြီးအကဲဟုန်ကျူ။ " ဝမ်ဖုန်းသည်ဟုန်ကျူးအားစိုက်ကြည့်ကာ လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
''ဂိုဏ်းချုပ်ဝမ်အနေနဲ့ ရှန်းလင်ရှေးဟောင်းနယ်မြေကို သိမယ်လို့ထင်ပါတယ် ။ ဟုတ်တယ်မလား ။ " ဟုန်ကျူသည် ဝမ်ဖုန်းအားကြည့်ကာ ပြောဆိုလိုက်သည်။
ဝမ်ဖုန်းသည်ခေါင်းညိမ့်ပြလိုက်သည်။ သူဟာရှန်းလင်ရှေးဟောင်းနယ်မြေကို အကြိမ်အနည်းငယ်ရောက်ရှိခဲ့ဖူးပြီး အကြိမ်တိုင်းလိုလိုတွင် များစွာသောအကျိုးအမြတ်များ ရရှိခဲ့ဖူးသည်။
" ဒီကမ္ဘာကြီးထဲမှာ ကျုပ်တို့ဘိုးဘေးငါးယောက်ကလွဲပြီးတော့ နတ်ဘုရားတွေက ရှေးဟောင်းဧကရာဇ်တောင်တန်းကို ဖျက်ဆီးလိုက်ပြမှ တစ်ဖက်လောက လျို့ယင်းကိုယူဆောင်လာခဲ့တယ်ဆိုတာကို လူအနည်းစုကပဲသိကြတယ်။ ဒါပေမယ့် အဲ့ဒီ့အပြင်ကို အလောင်းကောင်တစ်ကောင်ကိုလည်း ယူဆောင်လာခဲ့တယ်ဆိုတာ မည်သူမှမသိကြဘူး။ " ဟုန်ကျူသည် အလေးအနက် ပြောကြားလိုက်သည်။
ဤစကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်လုံးများထံ၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားသော်လည်း သူဘာမှပြန်မပြောခဲ့ပေ။
ဤသည်ကိုမြင်တော့ ဟုန်ကျူက စကားဆက်ပြောခဲ့သည်။
" အလောင်းကောင်ဆင့်ခေါ်ခြင်းသွေးမျိုးဆက်ကို ရှေးဟောင်းဧကရာဇ်တောင်တန်းနဲ့အတူ နတ်ဘုရားတွေကမြုပ်နှံထားခဲ့တာ ။ တစ်ဖက်လောကလျို့ယင်းကတော့ မြှပ်နှံခြင်းကြယ်ပွင့်ပေါ့ ။ အခုတစ်ဖက်လောကလျို့ယင်းပျောက်ကွယ်သွားပြီဆိုတော့ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်ကလည်း ချိတ်ပိတ်ထားတာ ပျောက်ကွယ်သွားပြီး ကောင်းကင်နဲ့မြေပြင်အကြားကို တစ်ဖန်ပြန်လည်ထွက်ပေါ်လာတော့မယ် ။ "
" ဘာ ! "
ဟုန်ကျူး၏စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏အမူအယာများမှာ ပြောင်းလဲသွားခဲ့ပြီး အံ့အားတသင့် ရေရွတ်လိုက်မိသည်။
အလောင်းဆင့်ခေါ်ခြင်းအစီအရင်မှာ ဘယ်လိုကြောက်မက်ဖွယ်စွမ်းအားများရှိနေကြောင်းကို ဝမ်ဖုန်းမသိပါပေ။ သို့ပါသော်လည်း သူနားလည်ထားသည်က လက်ရှိ ကွမ်ယုတောင်မှ အလောင်းဆင့်ခေါ်ခြင်း သွေးမျိုးဆက်၏ ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုတာကိုပင်။
" အစက အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်က လျင်လျင်မြန်မြန်နိုးထလာမှာမဟုတ်ဘူး ။ဒါပေမယ့်ဂိုဏ်းချုပ်ဝမ်က ရှေးဟောင်းမှော်သချိုင်းထဲကိုဝင်သွားပြီးတော့ အဲ့ဒီ့မှော်ဆေးပင်တွေကို အသုံးပြုခဲ့တယ် ။ ဟုတ်တယ်မလား။ " ဟုန်ကျူကဆက်လက်မေးမြန်းလိုက်သည်။
ဤမေးခွန်းကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်လုံးများသည်ကျဉ်းမြောင်းသွားပြီး ဟုန်ကျူကို လေးလေးနက်နက်စိုက်ကြည့်လိုက်မိသည်။
" ဂိုဏ်းချုပ်ဝမ် ၊ အရမ်းလည်းအံ့အားသင့်မသွားပါနဲ့ ။ ကျုပ်အရင်က အဲ့ဒီ့ရှေးဟောင်းသချိုင်းကြီးထဲကို ဝင်ရောက်ဖူးတယ်။ မုပထျန်းက ကောင်းကင်ဘုံဆုတ်ယုတ်မှုကြီးငါးချက်ကိုရင်ဆိုင်နေရစဉ်မှာ ကျုပ်နိုးထမလာသေးပေမယ့် အဲ့ဒီ့မှော်ဆေးဝါးပင်တွေကိုအသုံးပြုပြီး ဂိုဏ်းချုပ်ဝမ်ကုသပေးလိုက်တယ်ဆိုတာ ကျုပ်သိတယ် ။ ဒီရှေးဟောင်းနယ်မြေကြီးထဲမှာ အဲ့ဒီ့နေရာကလွဲပြီး မှော်ဝင်ဆေးဝါးတွေ ဘယ်မှာမှမရှိနိုင်ဘူး ။ "
ဝမ်ဖုန်းသည် ခေါင်းညှိတ်ကာ ပြောဆိုလိုက်သည်။
" အခုအလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်က နိုးထလာပြီဆိုတော့ ဘိုးဘေးက ဘာကိုဆိုလိုချင်တာလဲ ..... "
" အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်ရဲ့ ကြောက်စရာအကောင်းဆုံးအချက် ၊ အဲ့ဒါကသန်မာသူတို့၏ရုပ်အလောင်းကို ကြိုးကိုင်ချယ်လှယ်နိုင်တာပဲ ။ ဒီကမ္ဘာကြီးထဲမှာ အသန်မာဆုံးသူတွေက ဆန်းကြယ်နတ္ထိအဆင့်ထက် မမြင့်ကြဘူး။ ဒါကြောင့်မလို့ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်ကကြောက်စရာကောင်းပေမယ့် အသန်မာဆုံးကတော့ ဆန်းကြယ်နတ္ထိအဆင့်ပဲရှိနိုင်တယ် ။ ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်ကိုတော့ ကျုပ်တို့တွေ အားသွန်ခွန်စိုက် ခုခံကာကွယ်၍ရနိုင်သေးတယ် ။ "
ဟုန်ကျူ၏မျက်ဝန်းများအတွင်း အလင်းရောင်တစ်ခုဖြတ်သန်းသွားပြီး သူဟာလေးလေးနက်နက်ပြောကြားလိုက်သည်။
ဟုန်ကျူ၏စကားများကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ကံကောင်းထောက်မလို့ ထိုအရာ၏ခွန်အားက သူ၏လက်ရှိခွန်အားထက် သာလွန်မနေပေ။ ဒီလိုမှမဟုတ်ရင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းကတောင် ထိုအရာကို ရပ်တန့်နိုင်မှာမဟုတ်တော့ပေ။
"ဒါပေမယ့် ဂိုဏ်းချုပ်ဝမ်အနေနဲ့ အဆိုးရွားဆုံးတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်။ ပြောကြတာကတော့ မေသုရှားရဲ့ ရုပ်အလောင်းက ရှန့်လင်ရှေ့ဟောင်းနယ်မြေမှာရှိနေတယ်တဲ့။ သူတို့သာ မေသုရှားရဲ့ ရုပ်အလောင်းကို စည်းမဲ့ကမ်းမဲ့အသုံးပြု အသုံးပြုလိုက်ရင် ကျုပ်တို့တင်မကဘူး ၊ ထျန်းလန်ဒေသက ဘယ်သူကမှတောင် ရပ်တန့်နိုင်မှာမဟုတ်တော့ဘူး! "
ဒီအချိန်မှာပဲ ထပ်မံထွက်ပေါ်လာသောဟုန်ကျူ၏စကားက ဝမ်ဖုန်းတစ်ကိုယ်လုံးကို တုန်ယင်သွားစေခဲ့သည်။ သူသည် ထိုထူးခြားသော ရုပ်ထုကြီးအားမှတ်မိနေသေးသည်။ ထိုရုပ်ထုကြီးက မေသုရှားရဲ့ ရုပ်အလောင်းဖြစ်နေခဲ့တာလား။
(ဘာသာပြန်မှတ်ချက်: မေသုရှား=မယ်ဒူဆာ)
" အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်က နိုးထလာပြီဆိုပေမယ့် ငါကတော့ ရန်သူတစ်ယောက်ကိုမှ မတွေ့ရသေးဘူး ။ ဘာလို့လဲ ။ " ဝမ်ဖုန်းသည် ဟုန်ကျူးအားစိုက်ကြည့်ကာ စိတ်ရှုပ်ထွေးစွာမေးမြန်းလိုက်သည်။
" အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်က အရမ်းကိုဆိုးယုတ်လွန်းတာကြောင့် ကမ္ဘာပေါ်က ဘယ်သူကမှ လက်သင့်မခံကြဘူး။ နတ်ဘုရားရဲ့ကောင်းချီးပေးခြင်းကြောင့်သာမဟုတ်ရင် သူတို့မျိုးနွယ်စုတစ်ခုလုံးက စွမ်းအားရှင်တွေ ရဲ့ ဝိုင်းဝန်းသုတ်သင်ရှင်းလင်းဖျက်ဆီးခံလိုက်ရတာ ကြာပေါ့ ။ ဒါပေမယ့်စွမ်းအားရှင်တွေက သူတို့ကို
ချိတ်ပိတ်ခဲ့တယ်။ သူတို့က အခုအားအနည်းဆုံး အခြေအနေမှာရှိနေကြတယ်။ သူတို့သာ ဒီကမ္ဘာကြီးထဲကို နောက်တစ်ကြိမ်ပြန်လည်ထွက်ပေါ်လာချင်တယ်ဆိုရင် သူတို့၏အထွတ်အထိပ်အခြေအနေကို ပြန်လည်ရောက်ရှိအောင် လုပ်မှရမယ်!''
" ပြီးတော့ သူတို့၏အထွတ်အထိပ်အခြေအနေကိုပြန်လည်ရောက်ရှိဖို့ အလျှင်မြန်ဆုံးနည်းလမ်းကတော့ မရေမတွက်နိုင်တဲ့အသက်တွေကိုစတေးပြီးယစ်ပူဇော်တာပဲ ။ "
ဤစကားများသည် ဝမ်ဖုန်း၏နားစည်အတွင်းပဲ့တင်ထပ်သွားပြီး သူ၏မျက်နှာကြီးတစ်ခုလုဲးသည် မဲမှောင်လာခဲ့သည်။
" အင်အားစုကြီးငါးစုသာဒီမှာရှိနေဦးမယ်ဆိုရင်တော့ သူတို့၏စွမ်းအားကိုအသုံးပြုပြီး ဒီကိစ္စကိုပူးပေါင်းတားဆီးလို့ရသေးတယ်။ ဒါေပမယ့်ဂိုဏ်းချုပ်ဝမ်က အင်အားစုကြီးငါးစုကိုဖျက်ဆီးပစ်လိုက်ပြီဆိုတော့ ဂိုဏ်းချုပ်ဝမ်အနေနဲ့ ကိုယ့်ကိုကိုယ်ပဲ အားကိုးရတော့မှာပဲ ။ "
" ဘာပဲဖြစ်ဖြစ်ပါလေ။ ကျုပ်တို့ကတော့ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်။ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုရင်လည်း ဂိုဏ်းချုပ်ဝမ်အနေနဲ့ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ကြီးမြတ်သောလေအင်ပါကြီးကလူတွေကိုခေါ်ဆောင်ပြီး ကျိုးပျက်ကောင်းကင်မြို့ကြီးကို ထွက်ပြေးဖို့ အကူအညီတောင်းပါရစေ။ ဂိုဏ်းချုပ်ဝမ် ၊ အချိန်ကိုလေးစားတန်ဖိုးထားပါလေ ။ " ဟုန်ကျူသည်ဝမ်ဖုန်းအားစိုက်ကြည့်ကာ လေးလေးနက်နက်ပြောကြားလိုက်သည်။
အခြားသောဘိုးဘေးအကြီးအကဲ၏မျက်လုံးများထဲတွင်လည်း ခေါင်းမာသောအကြည့်များထွက်ပေါ်လာကြသည်။ သူတို့သည် နှစ်ကာလရှည်ကြာစွာအသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်သည်။ သူတို့သည်အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်ကို အောင်မြင်စွာတားဆီး မပိတ်ပင်နိုင်ဘူးဆိုပါက သူတို့ကိုယ်သူတို့ စတေး၍ လေအင်ပါယာနှင့်ရှန်ရှန့်ကျုံဂိုဏ်းသားများစွာကို ကယ်တင်နိုင်ခဲ့လျှင် ထိုအရာသည် ထိုက်တန်သည်ဟု သတ်မှတ်နိုင်ပေသည်။