← Chapters

ကျင့်ကြံခြင်းချက်ဂရုကို ဖွင့်ရန် သင့်လျော်သောနည်းလမ်း

Vol. 7 Ch. 91

ကျင့်ကြံခြင်းချက်ဂရုကို ဖွင့်ရန် သင့်လျော်သောနည်းလမ်း

Vol. 7 Ch. 91

ယခု သူ့တွင် အယူအဆတစ်ခု ရှိသဖြင့် ၎င်းကို အတည်ပြုရန် လိုအပ်နေပြီ ဖြစ်သည်။

သူက မည်သူပင် ဖြစ်လင့်ကစား သူ၏ အစွမ်းအစ အလုံးစုံသည် ကြီးကြီးငယ်ငယ် ကိစ္စ အမျိုးမျိုးတို့ကို အသုံးချနိုင်မှု၌သာ ထပ်ဟပ်နေကြောင်း ဝန်ခံရပေမည်။

သို့သော် အဆုံးသတ်တွင် သူက ငယ်ရွယ်လွန်းသည့် အတွက် အတွေ့အကြုံပိုင်းတွင် အားနည်းသည်။

ထို့ကြောင့်ဝမ်လင်းက သူ၏ အတွေ့အကြုံ နည်းပါးမှုကို ဖြည့်စွက်ရန်အတွက် ကျင့်ကြံခြင်း စွယ်စုံကျမ်းများ၊ နှစ်တစ်ထောင် ကျင့်ကြံမှု ဒဏ္ဍာရီများ၊ နှစ်တစ်သောင်း သက်တမ်းရှိ ကျင့်ကြံခြင်း ဆိုင်ရာ လျှို့ဝှက် ဆန်းကြယ်မှုများနှင့် စာကြည့်တိုက်ရှိ စာပေများစွာကို ငယ်ရွယ်စဉ်ကတည်းက အလွတ် ကျက်မှတ်ထားခဲ့သည်။

သို့ရာတွင် ဤကျမ်းစာအများစုမှာ သားစဉ်မြေးဆက် နှုတ်တိုက် လက်ဆင့်ကမ်းလာပြီးမှ ပြုစုသော ကျမ်းစာများ ဖြစ်သောကြောင့် ကျမ်းစာအုပ်ထဲရှိ သမိုင်းဝင်ဖြစ်ရပ် များစွာမှာ စစ်မှန်ခြင်း ရှိ၊ မရှိ မသေချာနိုင်ပေ။

ဝမ်လင်းက အခက်အခဲ တစ်စုံတစ်ရာနှင့် ကြုံလာရသောအခါ ဝါရင့်စီနီယာများထံမှ လမ်းညွှန်မှုကို ရယူရန် ကျင့်ကြံခြင်း ဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည်။

ခြောက်နှစ်သား အရွယ်တွင် သူ၏ ခွန်အားကို ချိုးနှိမ်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် ကျင့်ကြံခြင်း ဖိုရမ် အကောင့်တစ်ခုကို စာရင်းသွင်းခဲ့သည်။

ဤဖိုရမ်တွင် အရည်အချင်းရှိသူ များစွာ ရှိခဲ့ပြီး ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် သတင်း မျိုးစုံကို နေ့တိုင်း မျှဝေပေးသော ဖိုရမ် ဖြစ်သည်။

သို့သော် ဝမ်လင်းက အွန်လိုင်းကို သွားလေ့သွားထ မရှိဘဲ အချိန်အများစုတွင် ပုန်းလျှိုးကွယ်လျှိုးသာ နေထိုင်ခဲ့၏။

ကျင့်ကြံခြင်း ဖိုရမ်ပိုင်ရှင်၏ အွန်လိုင်း IDမှာ ကမ္ဘာအနှံ့ မကြာခဏ ခရီးသွားလာလေ့ရှိသည့် လျှို့ဝှက်ဆန်းကြယ်သည့် ရုန့်ရင်းသော ကျင့်ကြံသူ "ဗုံးပစ် စီနီယာအင်မော်တယ်" ဖြစ်သည်။

ဝမ်လင်းက ဤဖိုရမ်ပိုင်ရှင် ဗုံးပစ်စီနီယာအင်မော်တယ်နှင့်ပတ်သက်ပြီး များစွာ မကျေမချမ်း ခံစားခဲ့ရ၏။

အကြောင်းရင်းမှာ တစ်ချိန်က ကြယ်ခုနစ်ပွင့် ကျင့်ကြံခြင်း အထူးတပ်ဖွဲ့၏ အကြံပေးအဖြစ် ပါဝင်ရန် သူ့ကို ခေါ်ယူခဲ့သောသူမှာ ဤလူ ဖြစ်နေသောကြောင့်ပင်။

မကြာသေးမီက ဖိုရမ် အသုံးပြုသူဟောင်းများ၏ အဆက်အသွယ်များနှင့် ချိတ်ဆက်မှုများကို စုစည်းရန်အတွက် ဗုံးပစ် စီနီယာ အင်မော်တယ်က ချက်တင်ဂရုတစ်ခုကို ဖွဲ့စည်းခဲ့သည်။

ယင်းဂရုမှာ ပြင်ပလှုပ်ရှားမှုများကို စုစည်းရန် အတွက် အထူးချက်တင် ဂရု တစ်ခု ဆိုလည်းမမှားပေ။

ဝမ်လင်းက တစ်နည်းနည်းဖြင့် ပိုင်ရှင်၏ အထူးချက်တင် ဂရုထဲ အတင်းအကြပ် ထည့်သွင်းခြင်း ခံခဲ့ရသည်။

အစပိုင်းတွင် သူသည် ဖိုရမ်သို့ ခိုးဝင်ကာ ကျောက်သရဲ မျက်နှာဖုံး အကြောင်း မေးမြန်းသည့် ပို့စ်တစ်ခုကို အမည်ဝှက်ဖြင့် ပို့စ်တင်ရန် ပြင်လိုက်သည်။

သို့သော် သူ အွန်လိုင်းတက်သည်နှင့် ညစ်ညမ်း ဝဘ်ဆိုက်များကဲ့သို့ ဖန်သားပြင်ပေါ်တွင် ချက်တင် ဝင်းဒိုးတစ်ခု အလိုအလျောက် ပေါ်လာသည်။

"အသုံးပြုသူ လင်းကျန်းရန် ယခု အွန်လိုင်းပေါ် ရောက်နေပါပြီ"

ဝမ်လင်းက ပြန်လည် ထွက်ခွာရန် အချိန်နှောင်းသွားပြီဟု သိလိုက်သည်။

ထိုသတင်းက ချက်ဂရု ထဲတွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီးရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"သောက်-ချီး.. လင်းကျန်းရန်လား.. ငါများမှားပြီး ဖတ်မိတာလား.. ဒီလူက အနှစ်တစ်သောင်း ဇာတ်မြုပ် ဘုရင် မဟုတ်လား"

"မင်းစာဖတ်မမှားဘူး... ဒါက တကယ် လင်းကျန်ရန်.. ငါတို့ရဲ့အကြံပေးလင်းပဲ.. ဒဏ္ဍာရီထဲက ဂန္တဝင်ဆရာကြီးက နောက်ဆုံးတော့ အွန်လိုင်းပေါ် ရောက်လာခဲ့ပြီ.. ငါအခု အရမ်းစိတ်လှုပ်ရှားနေတယ်"

"ဟားဟား.. ဂရုပိုင်ရှင် လုပ်ထားတဲ့ အွန်လိုင်း သတိပေး လုပ်ဆောင်ချက်က တကယ် မိုက်တယ်ဟေ့.. လင်းကျန်းရန်လိုအနှစ်တစ်သောင်း ဇာတ်မြုပ်ဘုရင်တောင် သူ့ထောင်ချောက်ထဲ ကျသွားခဲ့တယ်"

ဝမ်လင်းက ဤလူများ၏ အိုင်ဒီကို ကြည့်လိုက်သည်။

အချို့က သူနှင့်ရင်းနှီးကြပြီး အချို့မှာ သူမသိသောသူများဖြစ်၏။

ထိုချက်ဂရုထဲတွင် လွန်ခဲ့သည့် ခြောက်နှစ်ခန့်က မကောင်းဆိုးဝါး သောင်းကျန်းမှု အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသူများလည်း ပါဝင်သည်။

ထိုအချိန်က ဝမ်လင်းကို သူမ၏ ရင်ခွင်ထဲတွင် ထည့်၍ နှစ်သိမ့်ခဲ့သော အမျိုးသမီး ကျင့်ကြံသူ ချိုက်လျန်မှာ ဤချက်တင်ဂရု၏ မန်နေဂျာ ဖြစ်လာသည်။

သို့သော် ချိုက်လျန်က ဝမ်လင်း၏ ဝိသေသ လက္ခဏာအမှန်ကို လုံးဝ မသိခဲ့ပေ။

ဤချက်ဂရုတွင် သူ့ကို အမှန်တကယ် မြင်ဖူးသူမှာ ပိုင်ရှင်ဖြစ်သည့် ဗုံးပစ်စီနီယာ အင်မော်တယ် တစ်ယောက်သာ ရှိသည်။

အကြံပေးလင်းက အလွန်ငယ်ရွယ်သည့် လူနေမှုပုံစံကို တွေ့ကြုံခံစားနိုင်ရန် အထက်တန်း ကျောင်းသားအဖြစ် အသွင်ယူထားသည့် အနှစ်တစ်သောင်း သက်တမ်းရှိ မွန်းစတား တစ်ကောင် ဖြစ်ကြောင်း သူတို့က ခံစားခဲ့ကြရသည်။

ဝမ်လင်းက ခဏမျှ တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် စာပို့လိုက်သည်။

"ဖိုရမ်ပိုင်ရှင် ဒီမှာရှိနေလား"

အင်မော်တယ် ထုန်ရာ"လင်းကျန်းရန်.. သူ့ကို ဂရုပိုင်ရှင်လို့ ခေါ်တာပိုကောင်းမယ်.. မင်းက အွန်လိုင်းမတက်တာ ကြာတော့ ငါတို့အရင်က အသုံးပြုတဲ့ ဖိုရမ် ဘယ်လိုတွေ ဖြစ်သွားလည်း ဆိုတာ မသိသေးဘူးနဲ့ တူတယ်"

အင်မော်တယ် ထုန်ရာက ဂရုထဲတွင် စီနီယာတစ်ဦး ဖြစ်ပြီး အဂ္ဂိရတ် ပညာရှင်လည်း ဖြစ်သည်။

သူက ဖိုရမ်တွင် ဆေးသန့်စင်ခြင်း အကြောင်းများ တင်လေ့ ရှိပြီး တစ်ခါတစ်ရံတွင် ဆေး သန့်စင်သည့် လုပ်ငန်းစဉ်ကို ဗီဒီယိုရိုက်၍ တင်လေ့ ရှိသည်။

သူ့ ဆေးမီးဖို ပေါက်ကွဲချိန်တိုင်းတွင် ဂရုထဲရှိ လူအများအပြားက သူ့အတွက် ပုံရိပ်ယောင် လက်ဆောင်များ ပေး၍ နှစ်သိမ့်ကြသည်။

ချိုက်လျန်က ပခုံးတွန့်ပြသည့် အီမိုဂျီတစ်ခု ပေးပို့ခဲ့သည်။

"ဒီကိစ္စကို ရိုးရိုးရှင်းရှင်းလေး ရှင်းပြပေးပါရစေ"

ဝမ်လင်းက မေးခွန်း အမှတ်အသား ပေးပို့လိုက်သည်။

"....???....."

ကျင့်ကြံခြင်း ဖိုရမ်သို့ သူဝင်ရောက်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း မည်သည့် အတိုင်းအတာ အထိ ပြောင်းလဲသွားမှန်း သူမသိခဲ့ပေ။

{ဒီလူတွေအားလုံးက ဘာလို့ ဒီလောက်တောင် သနားစရာကောင်းပုံ ပေါ်နေရတာလဲ}

ချိုက်လျန်က သက်ပြင်းချသည့် အီမိုဂျီကို ပေးပို့ခဲ့သည်။

"ဖိုရမ်က လောလောဆယ်မှာ ကောင်းကောင်းမွန်မွန် အလုပ်မလုပ်နေတာတော့ မဟုတ်ဘူး.. ဖိုရမ်က အရမ်း လူသိများလာတယ်လေ.. ဒါပေမယ့် လူသိများလာတာနဲ့အမျှ အလိုက်ကမ်းဆိုး နားမလည်တဲ့ ဂျူနီယာ ကျင့်ကြံသူတွေက ပွဲဆူစေတဲ့ပို့စ်တွေကို မကြာခဏ တင်လာတယ်.. အတိုချုပ်ပြောရရင် လေထုက အရမ်း သဟဇာတ မဖြစ်တော့ဘူး"

"အဲဒါအမှန်ပဲ"

အင်မော်တယ်ထုန်ရာကလည်း " မကြာသေးမီက ဖိုရမ်မှာ ပိုစ့်တစ်ခုကြောင့် ပွဲဆူသွားသေးတယ် ID ရှောင်ကလန် ရှောင်တင်းထျန်းကို အသုံးပြုတဲ့ တစ်စုံတစ်ယောက်က နာလန်ရှန်းနဲ့ စေ့စပ်ကြောင်း လမ်းတာကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ ပို့စ်တစ်ခု တင်ခဲ့လို့လေ.. နာလန်ကလန်ဘက်ကို ဝေဖန်ပေးတဲ့သူတွေကို ဆုချဖို့ ပိုက်ဆံ သောင်းချီကို အသုံးပြုခဲ့ပြီး ဖိုရမ်ကို အရှုပ်ထုပ်တွေနဲ့ ပြည့်စေခဲ့တယ်.. တကယ်ကို ဆိုးရွားတဲ့ အခြေအနေပဲ"

ထိုစာများကိုမြင်လျှင် ဝမ်လင်းက အခြေအနေကို အခြေခံအားဖြင့် နားလည်သွားခဲ့သည်။

ကျင့်ကြံခြင်းဖိုရမ်က ဆယ့်ငါးနှစ်ထက် မကြာသေးသော်လည်း သုံးစွဲသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

အကြောင်းရင်းမှာ အလွန် ကောင်းမွန်သည့် ကျင့်ကြံခြင်းနှင့် ပတ်သက်သော ဗဟုသုတ များကြောင့် ဖြစ်ပြီး အသိအမှတ်ပြုမှုကို နှစ်အနည်းငယ် အတွင်း စတင် ရရှိခဲ့သည်။

သို့သော် သုံးစွဲသူ အရေအတွက် များလာပြီး ပွဲဆူစေသည့် ပို့စ်များကြောင့် ဖိုရမ်သည် ယခင်ကထက် ညီညွတ်မှု လျော့နည်းသွားခဲ့သည်။

"ဒါတွေကြောင့် ဖိုရမ် အသုံးပြုသူဟောင်းတွေကို စုစည်းပြီး ချက်ဂရုတစ်ခု ဖွဲ့စည်းဖို့ ပိုင်ရှင်ကို ငါတို့တွေ တောင်းဆိုခဲ့ကြတယ်.. ဖိုရမ်က ဟိုမှာ သူ့ဘာသာသူ ဆက်လက် လည်ပတ်နေမယ်.. ငါတို့ကတော့ ဒီမှာ သီးသန့်ဂရု အဖြစ် ရှိနေကြမယ်.. စာကြောင်း တစ်ကြောင်းထဲနဲ့ ခြုံငုံပြီး ပြောရရင် ဖိုရမ်ကို ပိတ်ပြီး အာရုံနောက်တာကို ကာကွယ်ရမယ်"

ချိုက်လျန်က ထိုစကားများကို ဒေါသစိတ်ဖြင့် စာရိုက်၍ ပို့လိုက်သည်။

"အခုကစပြီး လင်းကျန်းရန်က တစ်စုံတစ်ရာ လိုအပ်ရင် ဒီဂရုကို တိုက်ရိုက်လာလို့ရတယ်.. ငါတို့အားလုံးက ဒီဂရုမှာ အတူတူ ရှိနေကြတယ်.."

ID တစ်ည ကိုးကြိမ်က ပြောလိုက်သည်။

ဝမ်လင်းက ဤလူကို မသိချေ။

တကယ်တမ်း ဤချက်ဂရုတွင် သူမသိသည့်လူတွေ အများကြီး ရှိနေသည်။

ဤချက်ဂရုတွင် အသုံးပြုသူဟောင်း စုစုပေါင်း တစ်ရာ့ရှစ်ယောက် ရှိပြီး ၎င်းတို့အနက်မှ ဆယ်ပုံတစ်ပုံကိုသာ သူသိသည်။

ဝမ်လင်းထံမှ တုံ့ပြန်မှုကို မတွေ့သဖြင့် ID တစ်ညကိုးကြိမ်က လက်သီးဆုပ်၍ ဂါရဝပြုသည့် အီမိုဂျီကို ပေးပို့ခဲ့သည်။

"တွေ့ရတာဝမ်းသာပါတယ် စီနီယာ လင်းကျန်းရန်.. စီနီယာလည်း ငါ့ကို တခြားလူတွေလို ကိုးဆလူသားလို့ ခေါ်နိုင်ပါတယ်.. ငါက စီနီယာ ပျောက်သွားပြီး သုံးနှစ်အကြာမှ ဖိုရမ်ထဲ စရောက်လာခဲ့တာပါ.. ဒီကိုရောက်တဲ့ ၇နှစ် အတွင်းမှာ အများကြီး သင်ယူခဲ့ရတယ်.. ဒါကြောင့် စီနီယာဆီမှာ အကြံဉာဏ် တောင်းဖို့ အခွင့်အရေးကို ငါအမြဲ မျှော်လင့်ခဲ့တယ်"

"ကိုးဆလူသား.. ဟာသလာမလုပ်နဲ့.. စီနီယာ လင်းကျန်းရန်က ဂရုပိုင်ရှင်ကတောင် သူ့ထက် သန်မာတယ်လို့ အသိအမှတ် ပြုထားရတဲ့ တည်ရှိမှုပဲ.. ဟာသလုပ်ချင်ရင်တောင် အကန့်အသတ် ရှိရတယ်ကွ.."

ID ပီလန်ဓား အင်မော်တယ်က ပြောလိုက်သည်။

"ငါ အလေးအနက် ပြောနေတာပါဟ.. ငါကျင့်ကြံနေတဲ့ နေကြာသိုင်းကျမ်းက ဘာလို့ ဟာသဖြစ်ရမှာလဲ"

ကိုးဆလူသားက ဓာတ်လိုက်သော အီမိုဂျီကို ပေးပို့ခဲ့သည်။

ဝမ်လင်း "............."

ယင်းအချိန်တွင် ID လျှပ်စီး ဓမ္မရာဂျာက ကူကယ်ရာမဲ့စွာဖြင့် ကိုးဆလူသားကို အပြစ်တင်လိုက်သည်။

"ကိုးဆလူသား.. နေကြာသိုင်းကျမ်းထဲက ကိုယ်ခံပညာတွေက ပျောက်နေတာကြာပြီလို့ ငါမင်းကို ဘယ်နှစ်ခါ ပြောရမလဲ.. မင်း အွန်လိုင်းကနေ ဝယ်ထားတဲ့ ဒီစာအုပ်က အတုပဲ.. မင်းက သိုင်းကျမ်းအတုတွေ ကျင့်ပြီး လင်းကျန်းရန်နဲ့ ရန်ဖြစ်ချင်လို့လား... ဟိုက မင်း နှာခေါင်းမွှေးကို နှုတ်ပြီး အဲဒီအမွေးနဲ့ပဲ မင်းကို ထိုးသတ်လိုက်လို့ရတယ်"

ဝမ်လင်း "............"

သူဝယ်ထားသည့် နေကြာပန်း ကျမ်းစာအုပ် အကြောင်းကိုကြားလျှင် ကိုးဆလူသားက မယုံကြည်နိုင် ဖြစ်သွားသည်။

"ငါ့စာအုပ်ကို အတုလို့ မင်းဘာအတွက် ပြောနိုင်တာလဲ"

လျှပ်စီး ဓမ္မရာဂျာက "ဟဟ"ပေးသည့် အီမိုဂျီတစ်ခု ပေးပို့လိုက်သည်။

"အဲဒီကျမ်းရဲ့ ပထမစာကြောင်းကို မင်းဖတ်ဝံ့လား.. အမှန်တော့ အဲဒီစာကြောင်းက ဂျင်းထည့်ထားတာပဲ"

ပီလန်ဓားအင်မော်တယ် "မင်းဒီကျင့်စဥ်ကို လေ့ကျင့်ချင်တယ်ဆိုရင် မင်းကိုယ်မင်း အရင်သင်းကွပ်ရမယ်.. ကိုးဆလူသား မင်းက ဖြတ်ပြီးပြီလို့ ငါ့ကို အတည်ကြီး မပြောနဲ့နော်..."

"ဟုတ်လို့လား.. နေကြာပန်း ကျင့်စဥ်ရဲ့ ပထမစာကြောင်းက...."

ကိုးဆလူသား၏ မျက်လုံးများက အမှန်တကယ် စိုစွတ်နေပြီ ဖြစ်သည်။

"ဒီမေမေလေးက နေကြာပန်းကျင့်စဥ်ကို စကျင့်ခဲ့မိပြီ"

ဝမ်လင်း၊ ချိုက်လျန်၊ ပီလန်ဓားအင်မော်တယ်၊ အင်မော်တယ်ထုန်ရာ၊ လျှပ်စီးဓမ္မရာဂျာ ".............."

"သောက်-ဖုတ်လို လူမိုက်ပဲ"

All Chapters