အံ့သြစရာပဲ၊ ပိုင်ရှင်ပျောက်ဆုံးရခြင်း၏ အကြောင်းရင်းအမှန်မှာ..
Vol. 7 Ch. 92
ကျင့်ကြံခြင်း ဖိုရမ်၏ ပိုင်ရှင်ဖြစ်သည့် ဗုံးပစ် စီနီယာ အင်မော်တယ်က လျှို့ဝှက်နက်နဲသော လူသားဟု ဝမ်လင်း အမြဲလိုလို ခံစားခဲ့ရသည်။
ဤပိုင်ရှင်အပေါ် အဖွဲ့ဝင်ဟောင်းများက အထင်ကြီးစရာ နှစ်ချက် ရှိသည်။
ပထမတစ်ချက်၊ တစ်နှစ်ပတ်လုံး ခရီးသွားလာလေ့ရှိသည့် ဗုံးပစ် စီနီယာအင်မော်တယ်က ဗဟုသုတအရာတွင်သာ မကဘဲ ရယ်စရာ ပုံတိုပတ်စမျိုးစုံကိုလည်း သိသည်။
သူ့တွင် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် အားလုံးနီးပါး ရှိသည်။
မည်သူ၏ ဆေးမီးဖိုကဖြင့် ပေါက်ကွဲသွားပြီ... မည်သူ၏ ဒဏ္ဍာရီလာ သတ္တဝါကတော့ဖြင့် ပျောက်သွားပြီ.. ဘယ်သူ့ကလေးက အားလပ်ရက် တစ်ရက်မှာ မြေအောက်လှိုဏ်ဂူ ထဲ ပြုတ်ကျပြီး ရှေးဟောင်း မှော်လက်နက်ကို ရှာဖွေတွေ့ရှိခဲ့ပြီ.. စသည့် အရေမရ အဖတ်မရ သတင်းအားလုံးကို စကားစမြည် ပြောသောအခါတွင် အမြဲ ပြောပြလေ့ရှိသည်။
ဒုတိယအချက်၊ ဗုံးပစ် စီနီယာအင်မော်တယ်က ဒုက္ခရှာရတာကို အမှန်တကယ် နှစ်သက်သူ ဖြစ်သည်။
သူက အလွန် စပ်စုသောသူ တစ်ယောက်လည်း ဖြစ်ပြီး ဝမ်လင်းက ဗုံးပစ် စီနီယာအင်မော်တယ်တွင် အလွန်ခိုင်မာသော ညီအစ်ကို ရောင်းရင်း ခံယူချက်မျိုး ရှိသည်ဟု အမြဲခံစားခဲ့ရသည်။
မည်မျှ ကြီးသည့်ကိစ္စဖြစ်စေ သေးငယ်သည့် ကိစ္စဖြစ်စေ တစ်စုံတစ်ဦးမှ အကူအညီတောင်းပြီး ထိုက်သင့်သည့် အခကြေးငွေကို ပေးဆောင်နိုင်သရွေ့ ဗုံးပစ် စီနီယာအင်မော်တယ်က လက်ဌား၍ လုပ်ဆောင်ပေးမည် ဖြစ်သည်။
ဝမ်လင်းက သူ့ကို တရားမျှတမှု အပြည့်ရှိသည့် လူတစ်ယောက်ဟု သိထားသည်။
သူ့အပေါ် အနက်ရှိုင်းဆုံး စွဲထင် ကျန်ရစ်စေသော အဖြစ်အပျက်မှာ တစ်မိသားစုလုံး သတ်ဖြတ်ခံခဲ့ရသော ကလေးမလေး တစ်ဦးထံမှ အခကြေးငွေ တစ်ယွမ်သာ လက်ခံခဲ့ပြီး တုံ့ဆိုင်းမနေဘဲ ကျူးလွန်သူများ ဖြစ်သည့် မြေအောက် ရာဇ၀တ်ကောင်တွေ၏ အသိုက်ထဲသို့ ဝင်ကာ ဓါးတစ်လက်ထဲဖြင့် အားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။
ဝမ်လင်းက ယခုတစ်ကြိမ် ဗုံးပစ်စီနီယာ အင်မော်တယ်ကို ရှာနေရသည့် အကြောင်းရင်းမှာ ကျောက်သရဲ မျက်နှာဖုံးနှင့် ပတ်သက်ပြီး ဗုံးပစ် စီနီယာ အင်မော်တယ် ထံတွင် ရှိသည့် အချက်အလက် မှန်သမျှကို မေးမြန်းရန် ဖြစ်သည်။
ကျင့်ကြံခြင်း လောကထဲရှိ ဇာတ်လမ်း တစ်ခုခုကို သိချင်ပါက ဗုံးပစ် စီနီယာ အင်မော်တယ်မှာ အကောင်းဆုံး အလောင်းအစား ဖြစ်သည်။
အဖွဲ့က တက်ကြွစွာ စကားပြောဆိုနေစဉ် ချိုက်လျန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"လင်းကျန်းရန် အွန်လိုင်းပေါ်တက်လာဖို့က ရှားပါးဖြစ်ရပ်ပဲ.. ဒါပေမယ့် ဗုံးပစ် အင်မော်တယ်က အခုလောလောဆယ် ဒီမှာ မရှိဘူး.. သူ လိုင်းပေါ်တက်မလာတာ ရက်နည်းနည်းလောက် ရှိပြီ"
ဝမ်လင်း အံ့သြသွားသည်။
"..............."
သူ၏ နားလည်မှုအပေါ် အခြေခံပြီး ပြောရလျှင် သူတို့က ချက်ဂရုအသစ်ကို ပြောင်းထားသော်လည်း အသေးအဖွဲ ကိစ္စက အစ အချိန်ရတိုင်း ပို့စ်တင်ရတာကို နှစ်သက်သည့် ဤစီနီယာ ရက်အနည်းငယ် ဆက်တိုက် ပျောက်နေသည်မှာ တကယ်ကို မူမမှန်ပေ။
ဗုံးပစ် စီနီယာ အင်မော်တယ်က ဒုက္ခတစ်မျိုးမျိုး ကြုံနေပါသလော။
ဝမ်လင်းက နှလုံးသားထဲကနေ ထိုအကြောင်းကို တွေးနေချိန်တွင် ကိုးဆလူသားက သက်ပြင်းချလိုက်သည်။
"ဂရုပိုင်ရှင်ကို အွန်လိုင်းမှာ မတွေ့တာကြာပြီ.. သုံးလေးရက်လောက်တော့ ရှိနေပြီ"
ဝမ်လင်းက ဗုံးပစ် စီနီယာအင်မော်တယ် မည်မျှ သန်မာသည်ကို ရှင်းရှင်းလင်းလင်း သိသည်။
သူက ကျိုးရီထက် များစွာ ပိုသန်မာသည့် အတွက်ကြောင့် နှစ်သက်သလို လှည့်ပတ်သွားလာနိုင်ခဲ့သည်။
ထို့အပြင် သူ့တွင် ဘိုးစဥ်ဘောင်ဆက် မှော်လက်နက် တစ်ခုဖြစ်သည့် "ကောင်းကင်ဗုံး" လည်း ရှိသည်။
၎င်း၏ အာနိသင်က မီးလောင်ဗုံးထက် အဆငါးရာ ပိုမိုအားကောင်းပြီး မူးမေ့သတိလစ်သွားစေနိုင်သည့် အစွမ်းလည်း ရှိသည်။
ဆိုရလျှင် ဗုံးပစ် စီနီယာ အင်မော်တယ်ထံ၌ ရှုံးနိမ့်နေလျှင်ပင် ဗုံးပစ်၍ အောင်မြင်စွာ ထွက်ပြေးနိုင်သည့် အသက်ကယ် နည်းလမ်း အမြဲရှိနေမည် ဖြစ်သည်။
"ဂရုပိုင်ရှင်နဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ အချက်အလက်ရှိလဲ"
ချိုက်လျန်က ဂရုထဲရှိ လူများကို မေးလိုက်သည်။
လင်းကျန်းရန်းက အရေးတကြီးကိစ္စ မရှိလျှင် ပေါ်လာမည် မဟုတ်မှန်း သူမ ရှင်းရှင်းလင်းလင်း သိသည်။
သို့သော် ဂရုပိုင်ရှင်က ရပ်အတော်ကြာ ပေါ်မလာ၍ သူမက အနည်းငယ် စိုးရိမ်နေခဲ့သည်။
အင်မော်တယ်ထုန်ရာက ခဏလောက် စဉ်းစားပြီး ပြန်မေးလိုက်သည်။
"ဗုံးပစ်စီနီယာအင်မော်တယ် ပေးပို့တဲ့ နောက်ဆုံးစာကို မှတ်မိသေးလား"
ပီလန်ဓားအင်မော်တယ် " ဗုံးပစ် စီနီယာအင်မော်တယ်ရဲ့ သေအတူရှင်မကွာ ညီအကို တစ်ယောက်က ဓာတ်ခွဲခန်း ရုတ်တရက် ပျက်စီးသွားပြီး မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ အတွက် ဘယ်သူ့လက်ချက်လည်းဆိုတာ မမှတ်မိတော့ဘူးလို့ ကြားတယ်.. ဗုံးပစ် စီနီယာအင်မော်တယ်က သူ့ ညီနောင် အတွက် တရားမျှတမှုကို ရှာမယ်လို့ ပြောခဲ့ပေမယ့် အခုအချိန်အထိတော့ ဘာသတင်းမှ မရသေးဘူး"
"................"
ဝမ်လင်းက ထိုဖြစ်ရပ်ကို တစ်နည်းနည်းဖြင့် ရင်းနှီးနေသလို ခံစားနေရသည်။
သူ ဆက်၍ မတွေးရသေးခင် ပီလန်ဓား အင်မော်တယ်က
"ဒါက တကယ်ကို ရှက်စရာကောင်းတဲ့ ဖြစ်ရပ်ပဲ.. စီနီယာအင်မော်တယ်ရဲ့ ညီနောင်က ဆိုက်ဘာ ထောက်လှမ်းရေးမှာ အလုပ်လုပ်တာလေ"
"သူက ဟက်ကာလား"
လျှပ်စီးဓမ္မရာဂျာက မေးလိုက်၏။
သူက လူသားတို့၏ အွန်လိုင်းစွဲလန်းသည့် အလေ့အထကို ပုံမှန်မဟုတ်သော စိတ်ဝင်စားမှုတစ်ခု ရှိခဲ့သည်။
သူက အွန်လိုင်းဂိမ်းတွေကို စွဲလန်းနေသည့် လူငယ် တော်တော်များများကို ကုသဖို့အတွက် သူ၏ ကိုယ်ပိုင် လျှပ်စီးစွမ်းအင်ကို အသုံးပြုခဲ့သည်။
ထို့ကြောင့် ထိုလူငယ် အားလုံးက တန်ဖိုးမရှိသော အရှုံးသမားများအဖြစ်မှ အခြေခံ တည်ဆောက်ခြင်း အဆင့်အထိ တိုးတက် သွားကြသည်။
ထိုသို့ ပြောင်းလဲသွားကြခြင်းမှာ လျှပ်စီး ဓမ္မရာဂျာက သူတို့၏ စိတ်ကို တုန်လှုပ်သွားစေသည့် အတွက်ကြောင့်လည်း ဖြစ်သည်။
"ဟုတ်တယ်"
ပီလန်ဓား အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
"ဗုံးပစ်စီနီယာရဲ့ ဟက်ကာညီနောင်က စီနီယာဟောင်း တချို့ကို စုံစမ်းစစ်ဆေးနေပုံရတယ်.. အဲဒီနောက်မှာ သူစုံစမ်းနေတဲ့ စီနီယာက ဓာတ်ခွဲခန်းကို လက်တစ်ဖက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တယ်.. အမြှောက်တွေလည်း ပျက်သွားပြီလို့ ထင်တယ်.. အဲထဲကတစ်ခုက အမ်းစထရောင်း ဆိုင်ကလုန်း ဂျက်အမ်းစထရောင်း အမြှောက်လို့ ခေါ်တယ် ထင်တယ်"
ချက်တင်ခန်းမှ စကားများကို ကြည့်ရင်း ဝမ်လင်းက မျက်နှာပျက်သွားပြီး လုံးဝ တိတ်ဆိတ်သွားသည်။
"..............."
ဤကိစ္စနှင့်ပတ်သက်ပြီး ပီလန်ဓားအင်မော်တယ်က အထူးဗဟုသုတ ရှိပုံရသည်။
"ဒီအမြှောက်ကြီးက အံ့သြစရာ ကောင်းတယ်.. အဲဒါက နို့မှုန့်အတု ရာဇ၀တ်ဂိုဏ်းရဲ့ ဌာနချုပ်ကို ဖျက်ဆီးဖို့ အတွက် တီထွင်ခဲ့တာလို့ ဗုံးပစ် စီနီယာ အင်မော်တယ်က တစ်ခါပြောဖူးတယ်"
"နို့မှုန့်အတုဂိုဏ်းလား"
ယင်းအချိန်တွင် ချိုက်လျန်က တစ်စုံတစ်ခုကို သတိရသွားသည်။..
"ဗုံးပစ် စီနီယာ အင်မော်တယ် ဆီကနေ နို့မှုန့်အတု ရောင်းတဲ့ ရာဇဝတ်ဂိုဏ်း အကြောင်း အရင်က ကြားဖူးတယ်.. ဒီအဖွဲ့က သူတို့ရဲ့ နို့မှုန့်တွေကို သောက်ရင် အခြေခံ တည်ဆောက်ခြင်း အဆင့်ကို တိုက်ရိုက် ရောက်နိုင်တယ်လို့ ကျင့်ကြံနိုင်ခြင်း မရှိတဲ့သူတွေကို လိမ်ရောင်းတဲ့ အဖွဲ့ပဲ.. သူတို့ကို ဖမ်းဆီးဖို့ အတွက် မကြာသေးမီကပဲ ကျင့်ကြံခြင်း ရဲဌာနက လိမ္မော်ရောင့်အဆင့် သတ်မှတ်လိုက်တယ်"
ဤနို့မှုန့်အတုအဖွဲ့၏ အမည်အပြည့်အစုံမှာ သူတော်စင် မြင်းတပ် ဖြစ်ပြီး အဖွဲ့ဝင်များက နို့မှုန့် အတုဂိုဏ်းဟု ခေါ်ကြသည်။
ဝမ်လင်းက ကျောင်းသွားရာလမ်းတွင် ထိုဂိုဏ်း၏ အကြောင်းကို မကြာသေးမီက ကြားသိခဲ့ရသည်။
ဤအဖွဲ့က အလုံးစုံ သန်မာမှု မရှိသော်လည်း ၎င်းတို့၏ ကြောက်စရာကောင်းသော လက်နက်မှာ နို့မှုန့် ပိရမစ် ဗျူဟာ ဖြစ်သည်။
သုံးလဟူသည့် အတိုင်းအတာ အတွင်း ၎င်းတို့၏ အဖွဲ့ဝင် အရေအတွက်နှင့် တိုးတက်မှု အတိုင်းအတာက ဆယ်စုနှစ်များစွာ ကတည်းက ထူထောင်လာခဲ့သည့် ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်း အများအပြားကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
အရိပ်အဖွဲ့က လွဲလျှင် ကျင့်ကြံခြင်းရဲဌာနကို အလွန်အမင်း ခေါင်းစားစေသည့် တစ်ခုတည်းသော ရာဇ၀တ် အဖွဲ့အစည်းဖြစ်၏။
ယင်းကိစ္စနှင့် ပတ်သက်၍ ရဲဌာနက လိမ္မောရောင်အဆင့် အမိန့်ထုတ်ပြန်ပြီး ပြည်သူများအတွက် မည်မျှ အလေးအနက်ထားကြောင်း ပြသခဲ့သည်။
ထို့အပြင် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ခြင်း မရှိလျှင် လိမ္မော်ရောင်အဆင့်ကနေ အရိပ်အဖွဲ့အစည်းကဲ့သို့ အနီရောင်အဆင့်ကို မြှင့်တင်သွားဖွယ် ရှိသည်ဟု လူအများက ယုံကြည်ကြသည်။
နို့မှုန့်အတုတွေ ဝယ်ဖို့ လိမ်လည် လှည့်ဖြားခံရသည့် လူအရေအတွက်မှာ ကမ္ဘာမြေကို နှစ်ပတ်လောက် ဝိုင်းထားနိုင်သည်အထိ များပြား၏။
အဖွဲ့၏ စကားဝိုင်းကို နားထောင်ရင်း ဝမ်လင်းက အတွေးထဲတွင် နစ်မြောနေခဲ့သည်။
အန်ကယ်ဘလက်က ကျိုးမိသားစု သူ့အတွက် လုပ်ပေးခဲ့သမျှကို ပြန်လည် ပေးဆပ်ရန်သာ ရည်ရွယ်ခဲ့ပြီး မကောင်းသော ရည်ရွယ်ချက်များ မရှိခဲ့ပေ။
သို့သော် ဝမ်လင်းက ဓာတ်ခွဲခန်းကို ဖျက်ဆီးခဲ့ပြီး ရာဇ၀တ်ကောင်တွေကို အခွင့်အရေး ပေးမိခဲ့သည်။
သူက သက်ပြင်း ကျိတ်၍ ချလိုက်သည်။
နောက်ပိုင်းတွင် ဗုံးပစ် စီနီယာအင်မော်တယ် နှင့် အန်ကယ်ဘလက်တို့ကို ပြန်လည် ပေးဆပ်နိုင်မည့် နည်းလမ်းကို သူစဉ်းစားရလိမ့်မည်။
သူ့အနေဖြင့် တိုက်ရိုက်တောင်းပန်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
လက်ရှိတွင် နို့မှုန့်အတု အရှုပ်တော်ပုံထက် ရက်အနည်းငယ်ကြာနေပြီ ဖြစ်သော ဗုံးပစ် စီနီယာ အင်မော်တယ်၏ ဘေးကင်းမှုကို သဘာဝအတိုင်း စိတ်ပူစ ပြုလာကြသည်။
"ဂရုပိုင်ရှင်က နို့မှုန့်အတုဂိုဏ်းရဲ့ ပြန်ပေးဆွဲခြင်းကို ခံရတာ ဖြစ်နိုင်တယ်လို့ မင်းတို့ထင်လား.. ပိရမစ်ကောင်တွေရဲ့ အကြံအစည်တွေက ရူးလောက်တယ်နော်"
ကိုးဆလူသားက သူ့ထင်ကြေးကို ထုတ်ပစ်လိုက်သည်။
"ဒါဆိုရင် အခြေအနေက အရမ်း အန္တရာယ်များနေပြီ"
အင်မော်တယ်ထုန်ရာက
"ငါကတော့ အချိန်နည်းနည်း ထပ်စောင့်ပေးဖို့ အကြံပြုချင်တယ်.. အကယ်၍ ဗုံးပစ် စီနီယာ အင်မော်တယ်သာ နှစ်ဆယ့်လေးနာရီ ကြာပြီးနောက်မှာ အွန်လိုင်းပေါ် တက်မလာသေးရင် ရဲဌာနကို ဖုန်းဆက်ရတော့မယ်"
ချိုက်ချန်ကလည်း သဘောတူလိုက်သည်။
"ဟုတ်တယ်...ပြဿနာရှိရင် ဂရုပိုင်ရှင်ကို ရှာရမယ်.. ဂရုပိုင်ရှင် ပြဿနာရှိရင် ရဲကိုရှာရမယ်.. ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်စရာ မရှိဘူး"
ထိုအကြောင်းကို လူတိုင်း ဆွေးနွေးနေကြသည့် အချိန်တွင် ဂရုချက်တင်တွင် ပေါ်လာသည့် အကြောင်းကြားစာကြောင့် တုန်လှုပ်သွားကြသည်။
"ဂရုပိုင်ရှင်.. ဗုံးပစ် စီနီယာ အင်မော်တယ်က အွန်လိုင်းမှာ ယခု ရှိနေပါပြီ"
"သောက်-ချီး... ဂရုပိုင်ရှင်က အွန်လိုင်းကို တက်လာပြီလား.. ငါမှားဖတ်မိတာတော့ မဟုတ်လောက်ဘူး မလား"
ကိုးဆလူသားက အံ့အားသင့်ဖွယ် အီမိုဂျီကို ပေးပို့ခဲ့သည်။
"ဒါက တကယ်ကို စီနီယာအင်မော်တယ်ပဲ"
"ဗုံးပစ် စီနီယာအင်မော်တယ်.. မင်းက ရက်အတော်ကြာ လိုင်းပေါ်ကနေ ပျောက်နေတော့ မင်းကို မြေအောက်အဖွဲ့အစည်းတစ်ခုက ပြန်ပေးဆွဲသွားခြင်း ရှိ၊ မရှိ ငါတို့တွေ ဆွေးနွေးနေကြတယ်"
ပီလန်ဓားအင်မော်တယ်က ပြောလိုက်သည်။
ဗုံးပစ် စီနီယာအင်မော်တယ်၏ အဖြေကို လူတိုင်းက တိတ်တဆိတ် စောင့်မျှော်နေကြသည်။
ခဏအကြာတွင် ဗုံးပစ် စီနီယာ အင်မော်တယ်၏ နှုတ်မှထွက်လာသည့် ညစ်ညမ်းသော စကားများနှင့်အတူ ဂရုတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
"လခွမ်း.. ငါ့ညီနောင်ရဲ့ ဓာတ်ခွဲခန်းက ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ပျက်စီးသွားလည်း မင်းတို့ မသိဘူး မလား.. ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်သေးဘူး.. ကျူးကျော်လာတဲ့ကောင်က စက်ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့တဲ့အပြင် ဝိုင်ဖိုင်ကိုတောင် အလွှတ်မပေးခဲ့ဘူး.. အခုဟိုမှာ ဘာအချက်အလက်မှ မရှိတော့ဘူး.. ဝိုင်ဖိုင်လည်းမရှိတော့ဘူး.. သောက်-ဖုတ်ပဲ"
ဝမ်လင်း "................"