← Chapters

ထိတ်လန့်စရာအကောင်းဆုံးအရာ

Vol. 7 Ch. 94

ထိတ်လန့်စရာအကောင်းဆုံးအရာ

Vol. 7 Ch. 94

လဲ့မုန့်မုန့် ထွက်သွားပြီးနောက် ဖေဖေဝမ်က အိမ်ရှိ စတိုးခန်းထဲတွင် လှည့်ပတ်ကြည့်ရှုပြီး ခေတ်ဟောင်း သစ်သားသေတ္တာတစ်လုံးကို တွေ့ရှိခဲ့သည်။

ဤအရာက အဘိုးကြီး ကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားသည့် ပစ္စည်းတစ်ခု ဖြစ်သည်။

ဖိုးဖိုးဝမ်က သူသေဆုံးလျှင် ထိုသေတ္တာကိုပါ တစ်ပါတည်း မြုပ်နှံရန် ဖေဖေဝမ်ကို တောင်းဆိုခဲ့သည်။

ထိုသေတ္တာထဲတွင် ဖိုးဖိုးဝမ်၏ လျှို့ဝှက်ချက်တွေ အများကြီးရှိနေတာကို ဖေဖေဝမ်က သိသည်။

မှတ်ဉာဏ် ချို့ယွင်းသည့် ရောဂါကို စတင် ခံစားလာရပြီး နောက်ပိုင်း ဖေဖေဝမ်နှင့် အတူ ထားခဲ့သော နှင်းဆီသေတ္တာကို မေ့သွားသော တစ်နေ့နေ့တွင် လုံးဝ ဖွင့်မကြည့်ရန် ထပ်ခါတစ်လဲလဲ သတိပေးခဲ့သည်။

ယခုတော့ ဖိုးဖိုးဝမ်၏ ရောဂါကိုကုသရန် အတွက် ဖေဖေဝမ်ထံတွင် အခြား ရွေးချယ်စရာ သိပ်မရှိတော့ချေ။

"မင်းလေးက မိုးစက်တစ်ပေါက်လို ကိုယ့်စိတ်နှလုံးကို အားဖြစ်ပေးပါ.. သက်တန့်နဲ့ သိပ်တူတဲ့ မင်းလေးက ကိုယ့်အကြည့်ကို ဆွဲဆောင်နိုင်တယ်.. မင်းလေးက တောက်ပတဲ့ လစန္ဒာလိုပဲ ကိုယ့်ရဲ့နှလုံးသားကို ဝင်းဝင်းပပ ယိုစိမ့်သွားတယ်.. ကိုယ့်ရဲ့စိတ်တွေက သာယာလှပတဲ့ ရေတံခွန်ထဲကို တစ်ဟုန်ထိုး စီးကျသွားတဲ့ ရေစီးကြောင်းလိုပဲ၊ နေရောင်အောက်မှာ မင်းလက်ကလေးကို ကိုင်ပြီး ပြေးလွှားခုန်ပေါက်ဖို့ ဆိုရင် တင့်တယ်တဲ့ စက်ဘီးကို ကိုယ် ကန်ထုတ်ပစ်လိုက်မယ်"

"ဟော.. ကိုယ်မင်းကို သဘောကျတယ်.. ကိုယ့်ရဲ့ လှည့်ကွက်လေးတွေအပေါ် မင်းရဲ့အေးစက်စက် သဘောထားကို ကိုယ်သဘောကျတယ်.. မင်းလေးရဲ့ စကားသွက်တာလေးကို ကိုယ်သဘောကျတယ်.. မင်းလေးနဲ့ အတူ အဝတ်အစား သွားဝယ်တဲ့အခါ မင်း အနည်းလေး စိတ်ရှုပ်နေတာကို ကိုယ်သဘောကျတယ်.. မင်းလေးနဲ့ လက်ချင်းတွဲပြီး လမ်းဖြတ်ကူးလိုက်တာနဲ့ နောက်တစ်မှတ်တိုင်က စိတ်ချမ်းမြေ့စရာ ဆိုတာ သိကတည်းက ကိုယ်တို့တွေ ခပ်ဝေးဝေးသွားဖို့ မလိုတော့ဘူး"

ဖေဖေဝမ်က ဖိုးဖိုးဝမ်၏ ရီးစားစာကို ကျယ်လောင်စွာ ဖတ်လိုက်သည်။

အဘိုးအို ငယ်စဥ်က ဆီစိမ်စက္ကူပေါ်တွင် ရေးခဲ့ဖူးသည်။

ဖိုးဖိုးဝမ်၏ မရင့်ကျက်သေးသော အရွယ်က လက်ရေးမူကို ၎င်းပေါ်တွင်သာ ပြုလုပ်နိုင်မည် ဖြစ်သည်။

ရီးစားစာကို ဖတ်ရင်း ဖေဖေဝမ်နှင့် ဝမ်လင်းတို့ နှစ်ယောက်လုံးက တညီတညွတ်တည်း တုန်လှုပ်သွားကြသည်။

ထွင်ထျန်းဟာ၏ အမွေးများပင် အစွမ်းကုန် ထောင်ထနေ၏။

"သောက်-ဖုတ်.."

မူလတန်း ကျောင်းသားများ သီကုံးထားသည့် စာကြောင်းများနှင့် လူကြိုက်များသော သီချင်းစာသားများကို ရောနှောထားသည့် ရီးစားစာ အမျိုးအစား....

ဤအရာက တစ်စုံတစ်ယောက်ကို အမှန်တကယ် ကြွေဆင်းလာအောင် လုပ်နိုင်ပါမည်လော။

ထွင်ထျန်းဟာက ဤရီးစားစာ၏ ထိရောက်မှုကို သံသယ ဖြစ်မိနေ၏။

ဖေဖေဝမ်က သေတ္တာအတွင်းရှိ စာများကို စူးစိုက်ကြည့်လိုက်သည်။

ဖိုးဖိုးဝမ်က သူ၏ ရီးစား တစ်ယောက်ချင်းစီကို ရည်ရွယ်၍ ပုံစံအမျိုးမျိုးဖြင့် ရေးခဲ့ပုံရသည်။

ဖိုးဖိုးဝမ် ငယ်စဉ်က ဖေဖေဝမ်၏ အချစ်ရေး သမိုင်းကြောင်းထက် များစွာ စော်ကြည်ခဲ့သော အချစ် သူတော်စင် ဖြစ်ခဲ့သည်ကို လူတိုင်း သိကြသည်။

ထို့အပြင် ဖိုးဖိုးဝမ်က အချစ်ပုစ္ဆာများ ဖြေရှင်းရာတွင် လိုက်လျောညီထွေ ရှိသည်။

သူ့ ချစ်သူများ၏ ပင်ကိုယ်စရိုက်နှင့် အကြိုက်များကို လိုက်ကာ ရီးစားစာ ရေးသားသည့် ပုံစံကို လိုအပ်သလို ပြောင်းလဲခဲ့သည်။

ရီးစားစာ များစွာကို ဖတ်ပြီးနောက်တွင် ဖေဖေဝမ်က ဆန်းသစ်သော ပုံစံမျိုးဖြင့် ရေးသားထားသည့် အချစ်ဦး အတွက် ရည်ရွယ်သောစာကို တွေ့ရှိခဲ့သည်။

ထိုစာထဲတွင် သိမ်ငယ်စိတ်နှင့် လွမ်းဆွတ်သော ပုံစံဖြင့် ရေးထားသော စာများ ပါရှိသည်။

"မင်းလေးက တိမ်တိုက် အဖြူရောင်တွေလို သန့်စင်ပြီး ကိုယ်က အနက်ရောင် အညစ်အကြေးပါ.. မင်းလေးက အသက် ၇၁ပဲဖြစ်ဖြစ် ၇၅ပဲဖြစ်ဖြစ် ကိုယ် မင်းလေးရဲ့ လက်ကလေးကို ကိုင်ပြီး မင်းလေးနဲ့ အတူ အသက်ကြီးမယ်.. ကိုယ်အသက်ရလာတဲ့အခါ ကိုယ့်ရဲ့ သင်္ဘော လက်မှတ် အဟောင်းလေးကို ကိုင်ပြီး ဟောင်းနွမ်းနေတဲ့ မင်းလေးရဲ့ သင်္ဘောပေါ်ကို ကိုယ်တက်ခဲ့မယ်"

ဖိုးဖိုးဝမ်က ဤရီးစားစာကို စိတ်အားထက်သန်စွာဖြင့် ရေးသားထားပုံ ရသည်။

"အထီးကျန်တဲ့ နှစ်ထပ်ကိန်းရင်းက သုံးဖြစ်တယ် ဆိုပေမဲ့ သုံးဂဏန်းက လှပတဲ့ ကိန်းဂဏန်း တစ်ခုပဲ.. ဒါပေမယ့် အကျည်းတန်တဲ့ နှစ်ထပ်ကိန်း အောက်မှာ ကိုယ်က ကိုးဂဏန်း ဖြစ်ချင်တယ်.. ဂဏန်းသင်္ချာအရ ကိုးက မကောင်းတဲ့ လှည့်ကွက်ကို တားဆီးနိုင်တယ်လေ.. ဒါပေမယ့် ဒီနှစ်ထပ်ကိန်းရင်းက မင်း ဖြစ်ပြီး ကိုယ်က နှစ်ဂဏန်း ဖြစ်မယ် ဆိုရင်တော့ မင်းလေးက ကိုယ့်ကို အဆုံးမသတ်နိုင်အောင် အစိတ်စိတ်ပိုင်းသွားလိမ့်မယ်.."

အဆုံးသတ်တွင် ဖိုးဖိုးဝမ်ထံ၌ နှာဘူးကျပြီး အားမာန်ပါသော ပုံစံဖြင့် ရေးထားသော ရီးစားစာများလည်း ရှိပါသေးသည်။

"တစ်နေ့မှာ မင်းရဲ့ နူးညံ့တဲ့ လက်လေးတွေနဲ့ ကိုယ့်အောက်ပိုင်းကို သင်ခန်းစာ တစ်ခု သင်ပေးနိုင်မယ်လို့ ကိုယ် မျှော်လင့်ပါတယ်.. မင်းရဲ့ ဆက်စီ ဖြစ်တဲ့ အနီရောင် နှုတ်ခမ်းလေးတွေနဲ့ ကိုယ့်ရဲ့ ဖုထစ်နေတဲ့ ခေါင်းတိုလေးကို နမ်းနိုင်မယ်လို့ ကိုယ်မျှော်လင့်ပါတယ်"

…................

ဤရီးစာစာများကို ဖတ်ပြီးနောက် အဘိုးအိုက သေတ္တာကို ၎င်း၏ အုတ်ဂူထဲတွင် အဘယ်ကြောင့် ထည့်မြုပ်ခိုင်းသည်ကို ဖေဖေဝမ်က နားလည် သဘောပေါက်သွားသည်။

အဆုံးသတ်တွင် ဤအရာတွေက တကယ်ကို ရှက်စရာကောင်းသည်။

အဘိုးအိုက သူ၏ အမှောင် သမိုင်းကြောင်းကို သူနှင့် အတူ မမြှုပ်နှံမီ သူ့သားနှင့် မြေးများက စိမ်ပြေနပြေ တစ်စောင်ပြီးတစ်စောင် ဖတ်နေလိမ့်မည်ဟု စိတ်ကူးပင် ယဥ်မိမည် မဟုတ်ချေ။

သေတ္တာကို ပိတ်ပြီးနောက် ဖေဖေဝမ်က ဝမ်လင်းထံ အချစ်ဦးထံရေးထားသည့် စာတစ်စောင်ကို ပေးလိုက်သည်။

"မင်းဆီမှာ မင်းအဘိုးရဲ့ အချစ်ဦးကို ခြေရာခံနိုင်ဖို့ နည်းလမ်းရှိလား"

ဝမ်လင်းက ခဏမျှ တုံ့ဆိုင်းသွားကာ မျက်မှောင်ကြုတ်လိုက်သည်။

ဤစာနှင့် ထိတွေ့ထားသည့် သူတွေက ဖေဖေဝမ်၊ ဖိုးဖိုးဝမ်၊ သူကိုယ်တိုင်နှင့် မရင့်ကျက်သေးသည့် ကောင်မလေးတို့သာ ရှိ၏။

မဟာတာအို သုံးထောင်ထဲမှ "ကြီးမြတ်သော အမှတ်ရခြင်း မန္တန်"သည် တစ်စုံတစ်ယောက်၏ တည်နေရာကို ခြေရာခံရန်အတွက် ထိုသူ ယခင်က ထိတွေ့ဖူးသည့် အရာဝတ္ထု တစ်ခုခုကို အသုံးပြုနိုင်သည်။

သို့သော် အခြေအနေ နှစ်ရပ် ရှိသည်။

ပထမတစ်ရပ်က ထိုပစ္စည်းကို ထိတွေ့ဖူးသည့် ကာယကံရှင်ကအသက်ရှင်နေရမည်။

ဒုတိယတစ်ရပ်မှာ ဝမ်လင်းက ထိုလူကို ယခင်က မြင်ဖူးပြီးသား ဖြစ်ရမည်။

ပထမ အခြေအနေကို ဘေးဖယ် ထားလိုက်လျှင်ပင် ဒုတိယအခြေအနေက ကြီးမားသည့် ပြဿနာတစ်ရပ် ဖြစ်သည်။

အကယ်၍သာ ဤအခြေအနေမျိုး ဖြစ်ခဲ့လျှင် ဝမ်လင်းက အတွေ့အကြုံ မရင့်ကျက်သည့် ကောင်မလေး၏ အသွင်အပြင်နှင့် လက်ရှိ တည်နေရာကို ခြေရာခံရန် အတွက် ဖိုးဖိုးဝမ်၏ မှတ်ဉာဏ်ကို ရှာဖွေရန် ၎င်း၏ မှတ်ဉာဏ် ပြန်လည် ရယူနိုင်စွမ်းကို ကျိန်းသေပေါက် အသုံးပြုရမည် ဖြစ်သည်။

သို့သော် ဖိုးဖိုးဝမ်၏ မှတ်ဉာဏ်က ယခုအချိန်တွင် မှတ်ဉာဏ်ချို့ယွင်းမှုကြောင့် ရှုပ်ထွေးနေသည်။

ဝမ်လင်းသာ မှတ်ဉာဏ် ပြန်လည် ရယူခြင်း စွမ်းရည်ကို အသုံးပြုလိုက်လျှင် တီဗီတွင် လိုင်းမကောင်းသည့်အခါ ဖြစ်တတ်သည့် အဖြူရောင် ဆူညံသံနှင့် ဆင်တူသည့် အရာတစ်ခုကိုသာ မြင်တွေ့ရမည် ဖြစ်သည်။

သဲလွန်စတွေက တဆင့် ရှာဖွေဖို့ ကြိုးစားလျှင်ပင် နှစ်ပေါင်းများစွာ ကြာပြီးနောက် ဖိုးဖိုးဝမ်၏ မှတ်ဉာဏ်ထဲတွင် ထိုမိန်းကလေးနှင့် ပတ်သက်သည့် အတိတ်ပုံရိပ်များ မည်မျှ ကျန်နေဦးမည်ဟု မည်သူမှ အတိအကျ မပြောနိုင်ပေ။

ဆန့်ကျင်ဘက်အားဖြင့် ထိုသို့ လုပ်ဆောင်ခြင်းက ဖိုးဖိုးဝမ်၏ မှတ်ဉာဏ် ချို့ယွင်းသော ရောဂါကို ပိုမို ဆိုးရွားစေမည့် အန္တရာယ်လည်း ရှိသည်။

ဖေဖေဝမ်က ဝမ်လင်း၏ နှာခေါင်းအောက်သို့ စာတစ်စောင်ကို ထိုးထည့်လိုက်သည်။

"ဘယ်လိုအနံ့ရလည်း ရှုကြည့်စမ်း.. အတွေ့အကြုံ မရင့်ကျက်တဲ့ ကောင်မလေးရဲ့ ရနံ့တချို့က ဒီစာထဲမှာ ရှိနေနိုင်သေးတယ်"

ဝမ်လင်း ".............."

{သောက်ခွေးတစ်ကောင်လုံး ဒီမှာရှိနေတာကို.. ဘာကြောင့် ငါ့ကို အနံ့ခံဖို့ ပြောနေတာလဲ}

ဝမ်လင်း၏ ပါးစပ်ထောင့်များက ရွဲ့စောင်းသွားသော်လည်း ဖေဖေဝမ်က မတရားသဖြင့် မုန့်ဖိုးဖြတ်မည်ကို စိုးရိမ်သောကြောင့် ဖေဖေဝမ်နှင့် ငြင်းခုံမည့် အကြံကို တားမြစ်လိုက်သည်။

ထိုအစား သူက စာကို ထွင်ထျန်းဟာကို အနံ့ခံ ခိုင်းလိုက်သည်။

ထွင်ထျန်းဟာက ခွေးတစ်ကောင်ဖြစ်ရန် အချိန်အတော်ကြာ သင်ယူခဲ့သည်။

ဝမ်လင်းက ထွင်ထျန်းဟာ၏ လေ့ကျင့်မှု ရလဒ်များကို စမ်းသပ်ရန် လိုအပ်နေပြီဟု ခံစားခဲ့ရသည်။

ယခင် ဖားတစ်ကောင်ဖြစ်စဥ် အချိန်ကပင် ၎င်းက ပါးစပ်နည်းစနစ်ကို လေ့ကျင့်ခဲ့ပြီး လျှာစွမ်းရည်တွင် အကောင်းဆုံး ဖြစ်ခဲ့သည်။

ယခု ခွေးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသောအခါ ထွင်ထျန်းဟာ၏ ကျင့်ကြံမှု လမ်းစဥ်က သဘာဝအတိုင်း ပြောင်းလဲသွားခဲ့သည်။

ခွေးက နှာခေါင်းဖြင့် အနံ့ခံရာတွင် အလွန် ထူးချွန်သည်ကို လူတိုင်း သိကြသည်။

မကောင်းဆိုးဝါး ဘုရင် တစ်ဦး အနေဖြင့် ထွင်ထျန်းဟာက ၎င်း၏ လက်ရှိ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားနေခဲ့သည်။

ထွင်ထျန်းဟာက စာကို ဂရုတစိုက် ရှူလိုက်သည်နှင့် ဤရနံ့ကို တစ်နည်းနည်းဖြင့် ရင်းနှီးနေသလို ခံစားလိုက်ရ၏။

"ရလဒ်က တကယ် ရှိနေပြီလား"

"အံ့သြစရာ ကောင်းလွန်းတယ်"

ထွင်ထျန်းဟာ၏ တုံ့ပြန်မှုကို မြင်လျှင် ဖေဖေဝမ်က စိတ်ရင်းမှန်ဖြင့် တုန်လှုပ်သွားခဲ့သည်။

ထွင်ထျန်းဟာက လူ့ဘာသာ စကားကို နားလည်သော်လည်း အဆုံးသတ်တွင် ဤလက်ရှိ ခန္ဓာကိုယ်က အတားအဆီး ဖြစ်နေသည်။

၎င်းက စကား ပြောဆိုနိုင်သည့် အထိ ဖွံ့ဖြိုးမလာတတ်ပေ။

ဝမ်လင်းက သူ၏ စိတ်ဖတ်စွမ်းရည်မှ တဆင့် အရာအားလုံးကိုသိရှိခဲ့သည်။

ထွင်ထျန်းဟာ၏ အဖြေကို ကြားပြီးနောက် ဝမ်လင်း၏ မျက်နှာတွင် အံ့သြသော အရိပ်အယောင် အနည်းငယ် ပေါ်ပေါက်လာသည်။

ဝမ်လင်းကို ကြည့်ရင်း ဖေဖေဝမ်က မျက်မှောင်ကြုတ်သွားသည်။

"မင်းပြောတာက.. ထွင်ထျန်းဟာက အမှတ်၆၀ အထက်တန်းကျောင်းမှာ စာထဲက ရနံ့ကို ရတယ်လို့ ပြောခဲ့တာလား"

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။

ဖေဖေဝမ်က ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။

သူ၏ အမူအရာက ချက်ချင်းပင် ကြည်လင်သွား၏။

"မင်းအဘိုး ပြောဖူးတာက အဲဒီမိန်းကလေးက သင်ကြားရေးမေဂျာနဲ့ ဘွဲ့ရခဲ့တယ်တဲ့.. ဖြစ်နိုင်တာပေါ့.. အမှတ်၆၀ အထက်တန်းကျောင်းမှာ ဆက်လက် သင်ကြားနိုင်တဲ့ အခွင့်အရေး သူမမှာ ရှိနေတာပဲ.. ဒါပေမဲ့ ဒီအမျိုးသမီး ဆရာမက ဘယ်သူများလဲ"

ဖေဖေဝမ်၏ စူးစမ်းလိုစိတ်က လုံး၀ အုံကြွလာခဲ့သည်။

ဖိုးဖိုးဝမ်၏ အချစ်ဦးက မမျှော်လင့်ဘဲ သူ့သား တက်နေသည့် ကျောင်းတွင် ဆရာမတစ်ဦး ဖြစ်နေပါသလော။

အဘိုးကြီး၏ မျက်လုံးကို ဖမ်းစားနိုင်ဖို့ ဆိုလျှင် ဤအမျိုးသမီးမှာ ငယ်စဥ်က စွဲမက်ဖွယ် အလှတရားပိုင်ရှင် ဖြစ်ရပေမည်။

ဖိုးဖိုးဝမ်၏ ရီးစားစာထဲမှ ရှည်လျားကြော့ရှင်းသော ဆံနွှယ်များနှင့် ဖြူစင်ပြီး ချစ်စရာကောင်းသော အပျိုဖြန်းမလေးကို ဖေဖေဝမ်က သူ့စိတ်ထဲတွင် ချက်ချင်းပင် ပုံဖော်နိုင်ခဲ့သည်။

သူမက အသက်ကြီးလာလျှင်ပင် အနည်းဆုံးတော့ သူမ၏ အသက်အရွယ်တွင် ကျက်သရေရှိသော အလှမျိုး ရှိနေလောက်သည်။

ယင်းမှာ ဖေဖေဝမ်၏ ယူဆချက်သာ ဖြစ်သည်။

ဝမ်လင်းက အမှတ်၆၀ အထက်တန်းကျောင်းမှ ဆရာမ အားလုံး နီးပါးကို တွေ့ဖူးသည်။

ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသည့် ဆရာမကို ရှာနေသည်ဆိုလျှင်...

ဆရာမများထဲတွင် ထိုကဲ့သို့သော လူမျိုးက ရှေးဟောင်းပစ္စည်းလို ရှားပါး၍ ရေတွက်၍ပင် ရသည်။

သူက မရည်ရွယ်ဘဲ တွေးမိလိုက်ရာ ထိတ်လန့် တုန်လှုပ်သွားပြီး ထိုအတွေးကို ဆက်မတွေးရဲတော့ပေ။

သူ ဘယ်လိုပဲ တွေးနေပါစေ.. ယင်းက သူ့ကို ရှင်းမပြနိုင်လောက်အောင် တုန်လှုပ်သွားစေသည်။

......................

ညဉ့်နက်သည်နှင့် ည၏ အကာအကွယ်အောက်တွင် ဝမ်လင်းနှင့် ထွင်ထျန်းဟာက အမှတ်၆၀ အထက်တန်းကျောင်းသို့ ချက်ချင်း တည်နေရာ ရွှေ့ပြောင်းခဲ့သည်။

ထွင်ထျန်းဟာ၏ ဦးဆောင်မှုအောက်တွင် သူက ထွင်ထျန်းဟာနှင့်အတူ လက်ရွေးစင်အတန်းကို သင်ကြားသော ဆရာများ ရုံးခန်း ထဲသို့ တည်နေရာ ရွှေ့ပြောင်း၍ ဝင်ရောက်လိုက်သည်။

ဝမ်လင်းက ဆရာမ အများစုကို မြင်ဖူးသည်။

ဆရာမတွေ အများကြီး ရှိသော်လည်း ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသည့် သူက မည်သူ ဖြစ်နိုင်မလည်း ဆိုသည်ကို သူတွေးတောနေမိသည်။

ရုံးခန်းထဲကို ရောက်သည်နှင့် ထွင်ထျန်းဟာက တရှုံ့ရှုံ့ အနံ့ခံလိုက်သည်။

"ဟိုမှာ ရနံ့ရှိနေတယ်"

ထွင်ထျန်းဟာက ဝမ်လင်းကို ရုံးစားပွဲ တစ်ခုဆီသို့ ညွှန်ပြလိုက်၏။

ထို့နောက်တွင် ဝမ်လင်းက သူ့ဘဝ၏ ထိတ်လန့်စရာ အကောင်းဆုံး အရာတစ်ခုကို ကြုံတွေ့ခဲ့ရသလို ခံစားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ဤရုံးစားပွဲက ဆရာမဖန်နှင့် အမှန်တကယ် သက်ဆိုင်နေသောကြောင့် ဖြစ်၏။

All Chapters