← Chapters

မိဘဆရာ ဆွေးနွေးပွဲသည် ကျောင်းသားများ၏ အခြေအနေ တိုးတက်စေမည့် အကြောင်းရင်း ဖြစ်သည်။

Vol. 7 Ch. 98

မိဘဆရာ ဆွေးနွေးပွဲသည် ကျောင်းသားများ၏ အခြေအနေ တိုးတက်စေမည့် အကြောင်းရင်း ဖြစ်သည်။

Vol. 7 Ch. 98

ကော်ဟောက်က ကျောင်းဆင်းခါနီးတွင် ဝမ်လင်းဆီသို့ လာပြီး အရည်အသွေး ကောင်းမွန်သည့် ခွေးစာအိတ် နှစ်အိတ်ကို စားပွဲပေါ်မှာ တင်လိုက်သည်။

ခွေးစာအိတ် ပေါ်တွင် ထုတ်လုပ်သူအား ဖော်ပြထားသည့် "ဝိညာဥ် အစေခံ အရောင်းဆိုင်" ဟူသော စာလုံးကြီး သုံးလုံး ပါရှိပြီး ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက် တို့ကို ဖော်ပြထားခဲ့သည်။

ဤခွေးစာထုပ်ကို ကော်ဟောက်၏ မိသားစုက ထုတ်လုပ်ခဲ့ခြင်း ဖြစ်၏။

ဝမ်လင်းက ထုတ်လုပ်သည့် ရက်စွဲကို တစ်ချက် ကြည့်လိုက်ရာ မနေ့က ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အိမ်မွေးတိရစ္ဆာန်များ အတွက် အစားအစာများကို စိတ်ကြိုက်ပြင်ဆင်ရန် အိမ်မွေးတိရစ္ဆာန်ဆိုင် တစ်ဆိုင်ကို တောင်းဆိုခြင်းမှာ အမှန်တကယ်တွင် သာမန် အလေ့အထ တစ်ခုသာ ဖြစ်သည်။

အတန်းဖော် ကော်ဟောက်နှင့် ပတ်သက်၍ ဝမ်လင်း၏ လေ့လာမှုအရ ကော်ဟောက်က စွမ်းဆောင်ရည်က လွဲလျှင် သစ္စာရှိပြီး ယုံကြည် စိတ်ချရသောသူ ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။

"ဒီနှစ်ရက်မှာ ထွင်ထျန်းဟာလေးကို အရမ်းလွမ်းတာပဲ"

ကော်ဟောက်က သူ့အကျင့်အတိုင်း မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်သည်။

"ဒီခွေးစာအိတ်ကို ထွင်ထျန်းဟာလေး နဲ့ အံဝင်ခွင်ကျ စီမံ ထုတ်လုပ်ထားတယ်.. မလုံလောက်ဘူး ဆိုရင် ငါ့ဆီမှာထပ်လာယူပါ.. အိုး.. အရသာကိုတော့ အိတ်ရဲ့ ဘယ်ဘက်အောက်ခြေထောင့်မှာ ကပ်ထားတဲ့ တံဆိပ်မှာပဲ ကြည့်လိုက်တော့"

ကော်ဟောက်၏ စကားကိုကြားလျှင် ဝမ်လင်းက သူ၏ အကြည့်ကို ချက်ချင်း နေရာပြောင်းလိုက်သည်။

အဖြူရောင် ခွေးစာအိတ်၏ ဘယ်ဘက် အောက်ခြေထောင့်တွင် "နယူးအောလန်း ပျံသန်းခြင်း အရသာ" ဟု ရေးထားသည့် ထင်ရှားသော စကားလုံးများ ရှိနေသည်။

(New orleans= မက္ကဆီကိုပင်လယ်ကွေ့အနီး မစ္စစ္စပီမြစ်ပေါ်ရှိ လူဝီစီယားနားမြို့၊သာယာလှပသည့် ခရီးသွားမြို့တော်)

….........................

ဝမ်လင်း အိမ်ပြန်ရောက်သောအခါ ဖေဖေဝမ်က ဆိုဖာပေါ်တွင် ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရသည်။

ဖိုးဖိုးဝမ်၏ အချစ်ဦးကို ရှာဖွေတွေ့ရှိခဲ့တာ နှစ်ဆယ့်လေးနာရီပင် ပြည့်ခဲ့ပြီ ဖြစ်သည်။

ယခုအချိန်အထိ ဖေဖေဝမ်က ထို ထိတ်လန့် တုန်လှုပ်ဖွယ် ဖြစ်ရပ်ကြောင့် သူ၏အာရုံများ ပြန်လည်ရရှိပုံ မပေါ်သေးပေ။

ဤကိစ္စတွင် အခက်ခဲဆုံးသော အစိတ်အပိုင်းမှာ အဘိုးအို၏ တစ်ဖက်သတ် အချစ်သက်သက်သာ ဖြစ်သောကြောင့် ဝမ်လင်း အနေဖြင့် ဆရာမဖန်ကို ခေါ်ထုတ်လာရန် အခွင့်အရေး သို့မဟုတ် ဆင်ခြေကို လုံးဝ မရှာဖွေနိုင်ခဲ့ပေ။

အရေးကြီးသော အချက်မှာ သူမက သူ၏ဆရာမ ဖြစ်နေ၏။

ဤအရာက မဖြစ်နိုင်သည့် မစ်ရှင်တစ်ခုဟု သူထင်ပြီး ဘယ်ကနေစရမှန်း မသိတော့ချေ။

ဖေဖေဝမ်က မေမေဝမ်နှင့်အတူ မီးဖိုချောင်ထဲတွင် တစ်ချိန်လုံး အလုပ်ရှုပ်နေသည့် ဖိုးဖိူးဝမ်ကို စိုက်ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"လင်းလင်း.. မင်းအဖိုးကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့စဥ်းစားပါဦး.. ဒါနဲ့စကားမစပ်.. မိဘဆရာ ဂရုချက်ကနေ မင်းတို့ကျောင်းက မက်ဆေ့ချ်တစ်စောင် ပို့လိုက်တယ်.. လာမယ့် တနင်္လာနေ့ ညနေ ခြောက်နာရီမှာ မိဘဆရာ အစည်းအဝေး ရှိတယ်.. ဒီအကြောင်း မင်းသိပြီးပြီလား"

ထိုစကားကိုကြားလျှင်ဝမ်လင်း မျက်မှောင်ကြုတ်လိုက်သည်။

ယင်းမတိုင်မီ အတန်းထဲတွင် ဆရာမဖန် ပြောသည်ကို ကြားဖူးသော်လည်း မကြာမီ ကျင်းပလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

လာမည့် တနင်္လာနေ့….

ကျောင်းစတက်ကတည်းက ပထမဆုံး မှောင်မိုက်သော တနင်္လာနေ့ ဖြစ်လာတော့မည်လော။

ဝမ်လင်းက စိတ်ထဲကနေ ငြီးတွားလိုက်သည်။

မိဘဆရာ အစည်းအဝေးက ကလေးတစ်ယောက် မှန်ကန်စွာ ကြီးပြင်းလာဖို့ အတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အတန်းပိုင်ဆရာများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်းဖြင့် မိဘများက ကျောင်းသားများ၏ အခြေအနေ တိုးတက်အောင် မည်သို့ ပြုလုပ်ရမည်ကို အလွယ်တကူ သင်ယူနိုင်သည်။

ဟုတ်ပါသည်။ တခြားသူတွေနှင့် ယှဉ်လျှင် ဝမ်လင်းက မိဘဆရာ ဆွေးနွေးပွဲ၏ အပေါ်ယံပြကွက်ကို ဘယ်တုန်းကမှ မကြောက်ခဲ့ပေ။

ပထမအနေဖြင့် သူ့အဆင့်များက အလွန်အမင်း သာမညောင်ည မဟုတ်ပေ။

ဖေဖေဝမ်နှင့် မေမေဝမ်၏ တောင်းဆိုချက်အရသာ အလယ်အလတ်တွင် ရပ်တန့်နေခြင်း ဖြစ်၏။

ထို့ကြောင့် ယခင်က ကျင်းပသော မိဘဆရာ အစည်းအဝေးပွဲများတွင် ဝမ်လင်းက သူ၏ ဆရာများထံမှ သီးခြား ဝေဖန် အကဲဖြတ်မှုမျိုး လုံးဝမရခဲ့ပေ။

ဒုတိယအနေဖြင့် သူ့ကို ဝေဖန်မှု သီးသန့်လုပ်ပေးသည့် ဆရာတွေ ရှိလျှင်ပင် ဖေဖေဝမ်နှင့် မေမေဝမ်က ဤကိစ္စတွင် ဘာမှ အရေးယူနိုင်ခြင်း မရှိချေ။

အကြောင်းမှာ သူ့ကို ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေး၍ မရသောကြောင့် ဖြစ်သည်။

အရိပ်အဖွဲ့အစည်း၏ ဖဲပြားနီလုပ်ကြံသူ ခေါင်းဆောင် ရှယင်း၏ ဖြစ်ရပ်မှာ အကောင်းဆုံး ဥပမာတစ်ခု ဖြစ်သည်။

နောက်ဆုံးအချက်.....

တကယ်တမ်းတွင် ဝမ်လင်းအတွက် ဖေဖေဝမ်နှင့် မေမေဝမ် မိဘဆရာ အစည်းအဝေးကို တက်ရောက်ခဲ့သည့် အကြိမ်အရေအတွက်မှာ လက်ချိုး၍ပင် ရေတွက်နိုင်ခဲ့သည်။

အများစုမှာ သူတို့၏နေရာတွင် အခြားလူများဖြင့် လူစားထိုးခဲ့ခြင်းပင်။

မျှော်လင့်ထားသည့်အတိုင်း ဝမ်လင်း ဘာမှမပြောရသေးခင် ဖေဖေဝမ်က ကော်ဖီစားပွဲပေါ်မှ သတင်းစာကို ကောက်ကိုင်၍ မျက်မှန်ကို ပင့်တင်ကာ ပြောလိုက်သည်။

"ငါ့ရဲ့စာအုပ်အသစ်နဲ့ ပတ်သက်ပြီး အခုတလော ငါအရမ်း အလုပ်ရှုပ်နေတယ်.. မင်းရဲ့ အန်ကယ်စုန့်က ငါ့ကိုစာမူအတွက် လာလောနေပြီ.. မင်းအမေကလည်း မင်းအဖိုးကို ပြုစုရမှာ ဆိုတော့ အားမှာမဟုတ်ဘူး..ဒီတော့ မိဘဆရာ အစည်းအဝေးအတွက် ထုံးစံအတိုင်းပဲ ငါတို့နေရာကို လူစားထိုးလိုက်တော့"

ဝမ်လင်း"............."

မိဘဆရာ အစည်းအဝေး အတွက် ကျောင်းသားတချို့က လူစားထိုးလေ့ ရှိသော်လည်း မိဘတွေ ကိုယ်တိုင် လူစားထိုးဖို့ တောင်းဆိုနေသည်က တကယ်ပင် အံ့အားသင့်လောက်သည့် ဖြစ်ရပ် မဟုတ်ပါလား။

…..........

ဝမ်မိသားစု ထမင်းစားချိန် မရောက်သေးသောကြောင့် ဝမ်လင်း အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားရပြီး သူ့အိပ်ခန်းဆီသို့ ပြန်သွားခဲ့သည်။

အိပ်ခန်းထဲကို ဝင်လိုက်သည်နှင့် ထွင်ထျန်းဟာက မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း ခြေသည်းဖြင့် ဘောပင်ကိုကိုင်ကာ တစ်စုံတစ်ရာ ရေးခြစ်နေသည်ကို တွေ့လိုက်ရသည်။

ထွင်ထျန်းဟာက ခွေးဘဝသို့ ရောက်ပြီးနောက် ၎င်း၏ ယခင်ပုံစံများကို စွန့်လွှတ်လိုက်ပြီး အရှိတရားကို တဖြည်းဖြည်း လက်ခံလာခဲ့သည်။

သေချာသောအချက်မှာ သူ၏စိတ်က ပြောင်းလဲသွားခဲ့ခြင်းပင်။

သိသာထင်ရှားစွာပင် သူက လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

ဘောပင်ကို ခြေသည်းဖြင့် ကိုင်ရသည်က တကယ်တမ်းတွင် အဆင်မပြေချေ။

ထွင်ထျန်းဟာက ၎င်း၏ခြေသည်းများ ပိုမို ပျော့ပြောင်းလာစေရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုထားသော်လည်း ၎င်း၏ ဇီဝကမ္မ အရ ခန္ဓာကိုယ်က အကန့်အသတ် ရှိနေဆဲ ဖြစ်သည်။

အစက သူ၏ ဒိုင်ယာရီပေါ်တွင် စာရေး လေ့ကျင့်ချင်ခဲ့သော်လည်း အသေအချာ စဉ်းစားပြီးနောက်တွင် ဘောပင်ကိုအသုံးပြုရာ၌ ကျွမ်းကျင်မှု တိုးတက်လာစေရန် အတွက် ရိုးရှင်းသည့်ပုံတွေနှင့် စတင်ဖို့သာ ဆုံးဖြတ်လိုက်သည်။

ထွင်ထျန်းဟာက နေ့ခင်းကတည်းက လေ့ကျင့်နေရာ မပြီးဆုံးသေးသော အကြမ်းထည်ပုံများက တစ်ခန်းလုံး ပွထနေသည်။

ဝမ်လင်းက နာရီပေါင်းများစွာ ပင်ပန်းတကြီး လေ့ကျင့်ခဲ့ရသည့် ထွင်ထျန်းဟာ၏ နောက်ဆုံးပုံကို ကြည့်လိုက်သည်။

မျဉ်းကြောင်းများက မသေသပ်သေးသော်လည်း ရုပ်ပုံတစ်ခုလုံး၏ အကြမ်းဖျင်း ပုံသဏ္ဍာန်က ရှိနေဆဲ ဖြစ်၏။

စက်ဝိုင်းနှစ်ခုနှင့် တြိဂံများစွာ ဖွဲ့စည်းမှုမှ ၎င်းရေးဆွဲထားသည့်အရာမှာ စာငှက်တစ်ကောင် ဖြစ်နိုင်သည်ဟု ဝမ်လင်းက သိလိုက်သည်။

ပုံဆွဲနိုင်သည့် ခွေးတစ်ကောင်.....

ဤအရာက ရိုးရှင်းတဲ့ ကိစ္စတစ်ခု မဟုတ်တော့ပေ။

ထွင်ထျန်းဟာ၏ ခေါင်းကို ပွတ်သပ်ပေးရင်း ဆယ်ကပ်မှာ ဖျော်ဖြေခွင့်မရသည်က ထွင်ထျန်းဟူ၏ အရည်အချင်းကို အလဟဿ ဖြစ်စေသည်ဟု ဝမ်လင်းက တွေးမိလိုက်သည်။

ထွင်ထျန်းဟာ ".............."

"ဒီပုံကို ကြည့်တာနဲ့ မေ-ငိုး ကြက်တူရွေးဆိုတာ ရှင်းနေတာပဲလေ.. နေ့တိုင်း ငါ့ကို အနိုင်ကျင့်တဲ့ ဒိုပီ ဆိုတဲ့ သောက်ရမ်း မိုက်မဲတဲ့ ငှက်ကလေး"

ဝမ်လင်း "................"

"ကြက်တူရွေးလား...မင်းဖင်-ထဲသာ ထိုးထည့်လိုက်.. သူမက မင်းကို နေ့တိုင်း အနိုင်ကျင့်နေတာတောင် မင်းက သတိရနေတုန်းပဲလား.. မင်းက နာကျင်မှုတပ်မက်သူ ဆိုတာ သိသာ လွန်းမနေဘူးလား"

လူတစ်ဦးနှင့် ခွေးတစ်ကောင်က ဤငှက်ရုပ်ပုံသဏ္ဍာန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။

ဝမ်လင်းအနေဖြင့် ဤပုံကြမ်းကို ဖော်ပြရန် စကားလုံး မရှိတော့ပေ။

ဤအခိုက်တွင် သူ၏ အီလက်ထရွန်းနစ် လက်ပတ်နာရီမှ အနည်းငယ် တုန်ခါမှုကို ခံစားလိုက်ရသည်။

အံ့သြစရာကောင်းသည်မှာ တစ်စုံတစ်ယောက်က ဤအချိန်တွင် သူ့ကို မက်ဆေ့ခ်ျ ပို့ခဲ့ခြင်းပင်။

သူ၏နံပါတ်က လူအနည်းငယ်တွင်သာ ရှိသောကြောင့် ဝမ်လင်းက သံသယစိတ်ဖြင့် မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်သည်။

မက်ဆေ့ချ်တွင် စကားလုံး တိုတိုတုတ်တုတ် ရေးထားသည်ကိုတွေ့ရ၏။

"ညီနောင်လင်း.. QQ မှာ ငါ့ကို ဆက်သွယ်ပါ"

ID ကို ကြည့်လိုက်ရုံဖြင့် နံပါတ်စစ်စရာ မလိုတော့ဘဲ မည်သူက ဤမက်ဆေ့ခ်ျကို ပို့စ်လိုက်မှန်း သိသွားခဲ့သည်။

"သေချာတယ်.. ဒါက ဗုံးပစ် စီနီယာ အင်မော်တယ်ပဲ.."

QQသို့ သူဝင်ရောက်ပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်ထံမှ ချက်တင်ဝင်းဒိုး တစ်ခု ချက်ချင်း ပေါ်လာသည်။

"ညီနောင်လင်း မင်းငါ့ကို လိုက်ရှာနေတယ်လို့ အဖွဲ့ထဲက ရဲဘော်ရဲဘက်တွေ ဆီက ငါကြားရတယ်.. ငါတကယ် စိတ်မကောင်းပါဘူး.. ငါ့ရဲ့ ဂျူနီယာ ညီနောင် တစ်ဦးကို ကူညီဖို့ အတွက် တစ်ခုခုလုပ်ဖို့ ထွက်သွားလို့ မင်းနဲ့ လွဲသွားခဲ့ရတာပါ.. ငါ့ရဲ့ အဲဒီညီနောင်မှာ လူယုတ်မာတွေရဲ့ ဖျက်ဆီးခံခဲ့ရတဲ့ ဓာတ်ခွဲခန်း တစ်ခု ရှိတယ်.. ငါနဲ့ပေါင်းပြီး ဓာတ်ခွဲခန်း ဖျက်ဆီးသွားတဲ့သူကို သမရအောင်လား"

"..........."

ဝမ်လင်းက သူ၏ ဖြစ်တည်မှုကို အတည်ပြုရန် စာချန်ပြ အမှတ်အသားကို ပို့လိုက်သည်။

ယင်းနောက် စာတန်းလေးကို ကြည့်ရင်း သူ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းနှင့် ဆက်ဆံရာတွင် သူ၏ ရင့်ကျက်သော အပြုအမူကို အမှန်တကယ် အသုံးပြုခဲ့သည်။

"ဓာတ်ခွဲခန်း ဖျက်စီးလိုက်တဲ့ ငနဲကို သင်ခန်းစာ ပေးတာနဲ့ ပတ်သက်ပြီး နောက်မှ ဆွေးနွေးကြရအောင်.. ဒါနဲ့ စကားမစပ်.. ညီနောင်လင်းက ဘာလို့ ငါ့ကိုရှာနေတာလဲ"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်လင်းက သူ့ဖုန်းထဲမှ "ကျောက်သရဲမျက်နှာဖုံး"၏ ဓာတ်ပုံတစ်ပုံကို ရွေးချယ် ပေးပို့လိုက်သည်။

ထို့နောက် ဝမ်လင်းက ဓာတ်ပုံနှင့်အတူ မက်ဆေ့ခ်ျတစ်စောင်ကိုပါ ပို့လိုက်၏။

"ဒီမျက်နှာဖုံးကို မင်းအရင်က မြင်ဖူးလား"

All Chapters