← Chapters

ဖေဖေဝမ်၏ သေခြင်းတရားအပေါ် နက်နဲသော အမြင်ဖြင့် ထိုးထွင်းသိမြင်မှု

Vol. 7 Ch. 100

ဖေဖေဝမ်၏ သေခြင်းတရားအပေါ် နက်နဲသော အမြင်ဖြင့် ထိုးထွင်းသိမြင်မှု

Vol. 7 Ch. 100

ဝမ်လင်းက မိမိနှင့် သဘောထားချင်း မတိုက်ဆိုင်သောသူကို မိတ်ဆွေဖွဲ့လေ့ မရှိပေ။

ဗုံးပစ် စီနီယာ အင်မော်တယ်မှာ အသက်၁၆နှစ်အရွယ်တွင် သူလုပ်ခဲ့သော သူငယ်ချင်း အနည်းငယ်ထဲမှ တစ်ဦးဟု ယူဆနိုင်သည်။

ထိုသို့ သူငယ်ချင်း ဖွဲ့ဖြစ်ခြင်းမှာ ဗုံးပစ် စီနီယာအင်မော်တယ်၏ ခေါင်းမာသော အကျင့်စရိုက် ၊ကောင်းမွန်သော အထင်အမြင်များနှင့် သက်ဆိုင်သည်။

ဥပမာပြရင်လျှင် ဤဗုံးပစ်စီနီယာ အင်မော်တယ်မှာ တစ်နှစ်ပတ်လုံး တရားမျှတမှု ကိစ္စရပ်များဖြင့် ပြည့်နှက်နေသော လူစားမျိုး ဖြစ်၏။

သူက ဓားတစ်ချောင်းနှင့်အတူ တစ်စုံတစ်ယောက်၏ အိမ်တံခါးဝတွင် ရုတ်ခြည်း ပေါ်လာတတ်ပြီး ဒုစရိုက်သမားများကို ဝပ်စင်းနေအောင် နှိမ်နင်း၍ ရုတ်ရုတ်သဲသဲ ကိစ္စရပ်များကို ဖန်တီးတတ်သည်။

ဒုတိယတစ်ချက်မှာ ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် သူနှင့်ကြားရှိ ချစ်ကြည်ရင်းနှီးမှုနှင့် ပတ်သက်ပြီး အနည်းငယ် ဆန်းကြယ်သော အရာတစ်ခု ရှိနေသည်ဟု သူခံစားမိသည်။

ယင်းမှာ ကျင့်ကြံသူများ မကြာခဏ ပြောလေ့ရှိသည့် အင်မော်တယ် ကံကြမ္မာကဲ့သို့ပင်။

သူ၏ တစ်ချိန်က တွက်ချက်မှုအရ ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် သူနှင့်ကြားရှိ အင်မော်တယ် ကံကြမ္မာရေစက်မှာ ၇၀%ထိ မြင့်မားသည်။

ယင်းအချက်က ဝမ်လင်းအနေဖြင့် ဗုံးပစ်စီနီယာအင်မော်တယ်ကို မိတ်ဆွေရင်းအဖြစ် အသိအမှတ်ပြုရသည့် အဓိက အကြောင်းအရင်းတွေထဲက တစ်ခုလည်း ဖြစ်သည်။

သို့သော် သူတို့၏ ကံကြမ္မာရေစက်က ၇၀%အထိ မြင့်မားသောကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ လှည့်စားမှုကနေ မလွတ်မြောက်နိုင်ခဲ့ပေ။

မိတ်ဆွေကောင်းများမှာ လှည့်စားရန် အတွက် ဖြစ်ပြီး ညီအစ်ကိုကောင်းများမှာ သစ္စာဖောက်ရန် အတွက် ဖြစ်သည်ဟု ဆိုရိုး ရှိသည်။

ဤစကားက ရာနှုန်းပြည့် မှန်ကန်သည်ဟု သူခံစားမိသည်။

ဗုံးပစ် စီနီယာအင်မော်တယ်မှာ လွန်ခဲ့သည့် သုံးနှစ်ခန့်က ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်းအဖွဲ့၏ အကြံပေးအဖြစ် သူ့ကို လှည့်စားခဲ့သေးသည် မဟုတ်လော။

အကြံပေးရာထူးဟု ဆိုသော်လည်း အကြံပေးရုံတင် မကဘဲ နတ်ဆိုးများ၏ လက်ထဲကနေပါ လူကြီးမင်းလီတို့ကို ကယ်ခဲ့ရသည်။

ထိုကိစ္စပြီးနောက်တွင် သူက ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် အဆက်အသွယ် နည်းပါးသွားခဲ့၏။

ယခုတစ်ကြိမ်တွင်မူ ဝမ်လင်းက ကျောက်သရဲမျက်နှာဖုံးနှင့် ပတ်သက်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ရှောင်လွှဲမရဘဲ ချိတ်ဆက်မိခဲ့ပြန်သည်။

ယင်းမှာ အလုပ်နှင့် ပတ်သက်ပြီး ဒဏ္ဍာရီ ဆန်သော ကံကြမ္မာဖြစ်သည်ဟု သူခံစားမိသည်။

သို့မဟုတ် ကံကြမ္မာဆိုးဟု ပြော၍လည်း ရ၏။

…...................

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် သဘောတူညီမှုရပြီး သိပ်မကြာခင်မှာပင် ဝမ်မိသားစု အိမ်ငယ်လေး၌ စည်းချက်မကျသည့် တံခါးခေါက်သံများ ထွက်ပေါ်လာသည်။

ဝမ်လင်းက သူ၏ ဝိညာဥ်ရေးအာရုံကို အသုံးပြုလိုက်ရာ ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု ဝတ်စုံနှင့် လူနှစ်ယောက်က ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။

ဤတစ်ကြိမ်တွင် ထိုအမျိုးသားနှစ်ယောက်က ၎င်းတို့၏ ရိုးသားမှုကို ပြသသည့် အနေဖြင့် သားရေသေတ္တာလေး မဟုတ်တော့ဘဲ ဘီးတပ် ခရီးဆောင်အိတ်ကြီးကို တစ်ပါတည်း ယူချလာသည်။

ဖေဖေဝမ်က တံခါးဖွင့်ပေးလိုက်ရာ ထိုနှစ်ယောက်က သူတို့၏ ဖိနပ်ကို သပ်သပ်ရပ်ရပ် ချွတ်လိုက်ပြီး ဖေဖေဝမ်ကို ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ မစ္စတာဝမ်"

ယင်းအချိန်တွင်ဖေဖေဝမ်က သူ့အရှေ့ရှိ ခရီးဆောင်အိတ်ကို ကြည့်ကာ လုံးလုံးလျားလျား တုန်လှုပ်သွားခဲ့သည်။

"............."

သူ၏ ကနဦး ခန့်မှန်းချက်အရ ဤခရီးဆောင်အိတ်တွင် ငွေသား အပြည့်ရှိနေသည် ဆိုလျှင် ထိုအိတ်ထဲ၌ အနည်းဆုံး ယွမ်သန်းသုံးဆယ် ရှိရပေမည်။

"မစ္စတာဝမ်နဲ့ ကျတော်တို့ရဲ့ ရင်းရင်းနှီးနှီး ညှိနှိုင်းမှု အပြီးမှာ ရဲတိုက် သခင်က ကျနော်တို့ကို ပြင်းပြင်းထန်ထန် ဆုံးမခဲ့တယ်.. ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ အရင်ကထက် ပိုရိုးသားမှုကို ပြပြီး မစ္စတာဝမ်နဲ့ ပြန်လည် ညှိနှိုင်းချင်ပါတယ်"

ဝတ်စုံဝတ်ထားသော လူနှစ်ယောက်က ပရိုပီသစွာဖြင့် အလွန် ရိုးသားသော အပြုံးများကို ပေးစွမ်းပြီး ဖေဖေဝမ်ကို တုန်လှုပ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖေဖေဝမ်က ပြဿနာတစ်ခုကိုလည်း သတိပြုမိခဲ့သည်။

ထိုနှစ်ယောက်က ယခုတစ်ခေါက်တွင် ခါး၌ ဓားရှည်များကို ချိတ်ဆွဲလာခဲ့ခြင်းပင်။

ထို့ကြောင့် ဖေဖေဝမ်က အနည်းငယ် သတိထားနေရသည်။

သူက ဝမ်လင်း၏ အိပ်ခန်းဘက်ကို လှည့်ကြည်လိုက်သည်နှင့် သားအဖနှစ်ယောက်က အတွေးကနေ တဆင့် အခြေအနေကို တိတ်တဆိတ် နားလည်လိုက်ကြသည်။

ဝမ်လင်းက ယခု ဖြစ်ပျက်နေသည်များကို သတိပြုမိမည်ဟု သူကောင်းစွာ သိရှိထားသည်။

ဖေဖေဝမ်က ဝတ်စုံဝတ်ထားသည့် ဤဓားသမားနှစ်ဦး သူ့အပေါ် တစ်စုံတစ်ရာ လုပ်ဆောင်မည်ကို လုံးဝမစိုးရိမ်ပေ။

"မစ္စတာဝမ်.. ငါတို့အထဲဝင်ပြီး စကားပြောလို့ရမလား"

"အင်း.. လာခဲ့ပါ"

ဖေဖေဝမ်က ယဥ်ယဥ်ကျေးကျေးပင် ဖိတ်ခေါ်လိုက်သည်။

အရင် တစ်ခေါက် လာရောက် လည်ပတ်ပြီးနောက် သူတို့နှစ်ဦးက ဝမ်မိသားစု အိမ်ငယ်လေး၏ အပြင်အဆင်နှင့် ရင်းနှီးနေပြီ ဖြစ်သည်။

သူတို့က ဧည့်ခန်းထဲကို ရောက်သည်နှင့် ခရီးဆောင်အိတ်ကို ၎င်းတို့ထိုင်နေသည့် ဆိုဖာဘေးတွင် ထားလိုက်သည်။

၎င်းတို့လုပ်ရပ်ကို ကြိုမြင်နေသည့် ဖေဖေဝမ်က တီဗီနှင့် အဝေးသို့ ဖိုးဖိုးဝမ်အား အလျင်အမြန် ခေါ်ထုတ်သွားပြီး အပေါ်ထပ်သို့ သွားရန် မေမေဝမ်ကို မျက်ရိပ်ပြလိုက်၏။

ဖိုးဖိုးဝမ်က သူစိတ်ကူးစိတ်သန်းများကို အထိန်းအကွပ်မဲ့စွာ လွှတ်ထုတ်လေ့ ရှိသည်။

ဖေဖေဝမ် ကိုယ်တိုင်ပင် ပိုက်ဆံများကိုမြင်ပြီး ကူကယ်ရာမဲ့စွာ တုန်လှုပ်နေလျှင် မှတ်ဉာဏ် ချို့ယွင်းနေသော ဖိုးဖိုးဝမ်မှာ နှလုံးဖောက်သွားနိုင်ပေသည်။

အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူနှစ်ယောက်မှာ အလွန်ပါးနပ်မှု ရှိကြသည်။

မေမေဝမ်က ဖိုးဖိုးဝမ်ကိုခေါ်၍ လှေကားပေါ် တက်မပြီးမချင်း ခရီးဆောင်အိတ်ကို မဖွင့်ခဲ့ပေ။

ခရီးဆောင်အိတ်ကို သွန်ချလိုက်သောအခါ ယွမ်တစ်သောင်းတန် ပိုက်ဆံထုပ်များ အုပ်လိုက် ထွက်ကျလာသည်။

ဖေဖေဝမ်က အနီရောင် တောက်တောက် ငွေစက္ကူများကို မြင်သောအခါ မျက်လုံးများ ကူကယ်ရာမဲ့စွာ တဖျပ်ဖျပ် တောက်ပလာသည်။

ရိုးသားစွာပြောရလျှင် တီဗီစီးရီးထဲမှ ကျောက်သဲဟန်၏ သီးသန့်ဇိမ်ခံအိမ် အတွင်းမှလွဲလျှင် ဤကဲ့သို့ များပြားသောပိုက်ဆံကို ဖေဖေဝမ်က ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

(ကျောက်သဲဟန်= ယွမ်သန်း၂၃၀ လာဘ်စားသည့် ဟန်တုံပြည်နယ်မှ အကျင့်ပျက် ဝန်ကြီးတစ်ဦး၊ တရုတ်ဝါရင့်မင်းသား ဟို့ယုံက သူ့အကြောင်း ရုပ်ရှင်ရိုက်ခဲ့ဖူး)

ယင်းမှာ ကမ္ဘာကြီးအပေါ်မြင်သည့် သူ၏ အမြင်ကို ပြင်းပြင်းထန်ထန် ထိုးနှက်နေသည်။

"ဒီမှာ သန်းလေးဆယ်"

အမျိုးသား တစ်ဦးက ဖေဖေဝမ်ကို ကြည့်လိုက်သည်။

"ဒီတစ်ခေါက်ရော ငါတို့ရဲ့ရိုးသားမှုကို မင်းဘယ်လိုထင်လဲ မစ္စတာဝမ်"

ဖေဖေဝမ်က နှုတ်ခမ်းကို စူလိုက်ပြီး သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

တကယ်တမ်းတွင် သူ့စိတ်ထဲ၌ အနည်းငယ်သွေးဆောင်ခံနေရ၏။

သူ့အတွက်တော့ ဒါက ပြဿနာကို ဖိတ်ခေါ်နေသည့် မျက်နှာဖုံး တစ်ခုထက် မပိုပေ။

သူ့အပိုင်သာဆိုလျှင် ချက်ချင်း ရောင်းပေးလိမ့်မည် ဖြစ်သည်။

သို့သော် ဝမ်လင်းက မျက်နှာဖုံးကို မရောင်းဘဲ သိမ်းထားလိုသောကြောင့် မျက်နှာဖုံးက တစ်စုံတစ်ရာ ထူးခြားနေကြောင်း သူကောင်းစွာ ရိပ်စားမိသည်။

သူ့သားလို တည်ရှိမှုတောင်မှ ဤမျက်နှာဖုံးကို ဂရုစိုက်နေသည်ဆိုလျှင်..

ဖေဖေဝမ်က ဆိုဖာပေါ်မှီလိုက်ပြီး ခြေနှစ်ဖက်ချိတ်၍ ဟန်ပါပါ ထိုင်လိုက်သည်။

သူက စီးကရက်ကို တစ်ရှိုက်မက်မက် ရှူသွင်းလိုက်ပြီး ငွေပုံပေါ်ကို နဂါးတစ်ကောင် နှာမှုတ်သလို မှုတ်ထုတ်လိုက်၏။

"ဒါက ငါ့သားရဲ့ မျက်နှာဖုံးပါ.. သူ အခု အနားယူနေတယ်.. ငါသူ့ကိုယ်စား ဆုံးဖြတ်ချက် မချနိုင်ဘူး"

ထိုစကားကြောင့် အနက်ရောင် ဝတ်စုံဝတ်ထားသည့် လူနှစ်ယောက်က အခြေအနေကို နားလည်သွားသည်။

ဖေဖေဝမ်က လိမ္မာပါးနပ်စွာ ငြင်းဆိုရန် အကြောင်းပြချက်အဖြစ် ဝမ်လင်း၏အမည်ကို အသုံးချလိုက်သည်။

ဖေဖေဝမ် ဆိုလိုချင်သည့် အဓိပ္ပါယ်မှာ အလွန် ရှင်းလင်းနေပြီ ဖြစ်သည်။

သူ၏ အဓိပ္ပါယ်က ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုကို လုံးဝ မရောင်းနိုင်ဟု ဆိုလိုနေသည် မဟုတ်လော။

ယင်းနောက်တွင် လူနှစ်ယောက်က လက်သီးတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်တော့သည်။

အရပ်ရှည်သည့်လူက ဖေဖေဝမ်ကို စေ့စေ့ကြည့်ရင်း ကော်ဖီစားပွဲကို သူ့လက်နှစ်ဖက်ဖြင့် ရုတ်တရက် ရိုက်ချလိုက်၏။

"မစ္စတာဝမ်.. မင်း သေချာပြန်စဉ်းစားမယ်လို့ ငါမျှော်လင့်တယ်.. တကယ်တော့ မင်းတို့က သာမန်မိသားစု တစ်ခုပဲလေ.. မင်းရဲ့ ဇနီးသည်ကလည်း အိမ်ရှင်မတစ်ယောက် ဖြစ်ပြီး ဝင်ငွေ မရှိဘူးလေ.. မင်းအဖေကလည်း မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါရှိနေတာ မမေ့လိုက်နဲ့ဦး.. မင်းတို့ အနေအထားနဲ့ သူ့ဘဝရဲ့ လက်ကျန် အခြေအနေတွေကို အာမခံဖို့ ခက်ခဲပါတယ်.. ဒါ့အပြင် မင်းရဲ့တစ်ဦးတည်းသောသားက အခြေခံတည်ဆောက်ခြင်း အဆင့်မှာပဲ ရှိသေးတာလေ.. မင်းက နာမည်ကြီး ဝဘ်ဝတ္ထု စာရေးဆရာ တစ်ယောက် ဆိုရင်တောင် မင်းတစ်သက်လုံး အလုပ်လုပ်ပြီး ဒီလောက် ငွေအများကြီး မရှာနိုင်မှာ သေချာတယ်"

ထိုလူပြောသည့်စကားက ခြိမ်းခြောက်မှုများနှင့် ပြည့်နှက်နေသည်။

ထိုစကားလုံးတိုင်းကို အိပ်ခန်းထဲမှာ ရှိနေသည့် ဝမ်လင်းက ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ဟွာကောရေတံခွန် အုပ်စုနှင့် တန်းတူ အဆင့်ရှိသော ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုလို အကြီးစားလုပ်ငန်းစု တစ်ခုအတွက် ဝမ်မိသားစု၏ နောက်ခံကို စုံစမ်းရန်မှာ လုံးဝ မခက်ခဲပေ။

ထို့ကြောင့် ဝမ်လင်းတို့ သားအဖ နှစ်ယောက်လုံးက ထိိုကိစ္စ အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်သည်။

ဖေဖေဝမ်က အနက်ရောင် အနားကွပ်မျက်မှန်ကို ပင့်တင်၍ ပြောလိုက်သည်။

"ဒါကို ခြိမ်းခြောက်တယ်လို့ ယူဆလို့ ရမလား"

"ဒီကျောက်သရဲမျက်နှာဖုံးက ငါတို့သခင်မှာပဲ ရှိသင့်တဲ့အရာပါ.. ဒါကြောင့် မစ္စတာဝမ်က ဒီကိစ္စကို နားလည်မယ်လို့ မျှော်လင့်ပါတယ်.. ငါတို့ ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုက လွဲရင် ဒီလောက် မြင့်မားတဲ့စျေးနှုန်းကို ဘယ်သူမှ ပေးမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်"

အရပ်ရှည်ရှည်နှင့်လူက ပြန်ဖြေလိုက်သည်။

ယင်းနောက် ထိုလူက ပြုံးပြီး သူ့ခါးတွင် ချိတ်ထားသည့် ဓားရှည်ကို ဆုပ်ကိုင်လိုက်သည်။

"သေချာပါတယ်.. မစ္စတာဝမ်သာ ခေါင်းမာနေမယ်ဆိုရင် ငါတို့က တခြားနည်းလမ်းတွေကို အသုံးချဖို့ ဝန်မလေးဘူး..."

ထိုလူက သူ့ဓားကို ဆုပ်ကိုင်လိုက်သည့် အခိုက်တွင် ဖေဖေဝမ်က သူ၏ ပခုံးပေါ်သို့ ဝိညာဉ်ရေးဆိုင်ရာ ဖိအားတစ်ခု ကျရောက်လာသလို ခံစားလိုက်ရသည်။

သို့သော် ထိုဖိအားက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ဖေဖေဝမ်မှာလည်း ထိုဖိအားကနေ လွတ်မြောက်သွားခဲ့၏။

အကြောင်းရင်းမှာ ဝမ်လင်းက အိပ်ခန်းထဲကနေ ဖေဖေဝမ်ကို ကူညီလိုက်သောကြောင့် ဖြစ်သည်။

ဆိုရလျှင် ဝမ်လင်းက ဖေဖေဝမ်ဆီသို့ သူ၏ စွမ်းအားတချို့ ကို လွှဲပြောင်းပေးလိုက်သည်။

ထို့နောက်တွင် ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုမှ အမျိုးသားနှစ်ဦး၏ ချွေးကို ပုံးလိုက်ထုတ်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

မစ္စတာဝမ်က ချီဖွဲ့စည်းခြင်း အဆင့် လူလတ်ပိုင်း တစ်ဦးမျှသာ ဖြစ်ကြောင်း ထင်ရှားသော်လည်း မထင်မှတ်ဘဲ အရှိန်အဝါ တိုးမြင့်လာခဲ့သည်။

ထိုကဲ့သို့ ဖြစ်လာမည်ဟု မထင်ထားသည့် အမျိုးသားနှစ်ဦးမှာ သူတို့ကိုယ်ပေါ်သို့ အဆောက်အဦး ပိကျလာသကဲ့သို့ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။

"လခွမ်း ဒါကဘာလဲဟ"

အမျိုးသားနှစ်ဦးက ဖိအားဒဏ်ကို မခံနိုင်တော့သဖြင့် ဒူးကွေးညွတ်သွားပြီး မတ်တပ်မရပ်နိုင် ဖြစ်သွားသည်။

"ဒါ.. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

အဖွဲ့၏စုံစမ်းစစ်ဆေးမှုမှ ရရှိသော အချက်အလက်များ အရ ဝမ်ကျောင်းမှာ ချီဖွဲ့တည်ခြင်း အဆင့်တွင်သာ ရှိသေးသည်။

ထိုအဆင့်လောက်က ရွှေအမြူတေအဆင့်မှာ ရှိနေသည့် သူတို့နှစ်ယောက်လုံးကို မည်ကဲ့သို့ ချက်ချင်း နှိမ်နင်းနိုင်ပါမည်နည်း။

"သောက်ချီးပဲ.. ငါတို့တော့ လှည့်စားခံထိပြီ.. ဒီလူကသေချာပေါက် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် သခင်တစ်ယောက်ပဲ"

အမျိုးသားနှစ်ဦးမှာ သူတို့တစ်ခါမှ မခံစားဖူးသော ဖိအားကို ဖေဖေဝမ်ထံမှ ခံစားလိုက်ရသည်။

အနက်ရောင် မျက်မှန်နောက်ကွယ်မှ ဖေဖေဝမ်၏ အကြည့်များက သေခြင်းတရားအပေါ် နက်နဲသော အမြင်ဖြင့် ထိုးထွင်းသိမြင်နေသလို တစ်လက်လက် တောက်ပနေသည်။

အမျိုးသားနှစ်ဦးက ခြေထောက်များ တစ်လက်မပြီး တစ်လက်မ တဖြည်းဖြည်း အားနည်းလာပြီး ကြမ်းပြင်ပေါ်တွင် မှောက်လျက်လေး လှဲနေခဲ့ရသည်။

သူတို့၏ နေကာမျက်မှန်များပင် ဖိအားဒဏ်ကြောင့် တိုက်ရိုက် ကြေမွသွားခဲ့သည်။

ဆယ်စက္ကန့်အကြာတွင် အရပ်ရှည်သောလူက ခက်ခက်ခဲခဲ အားယူ၍ ပြောလိုက်သည်။

"အကိုကြီး ငါတို့မှားသွားပါတယ်.. မင်းငါ့ကို ဒီလိုပဲ ဆက်ကြည့်နေမယ်ဆိုရင် မင်းရဲ့စွမ်းအားကြောင့် ငါဘောင်းဘီပေါ်မှာ သေးပေါက်ချမိလိမ့်မယ်"

သူ့ဘေးနားမှ အရပ်ပုပုနဲ့လူကလည်း ငိုချင်သလို ခံစားနေရ၏။

သို့သော် ချုံးပွဲချငို ခြင်းတော့ မရှိပေ။

"သောက်-ဖုတ်ပဲ.. ငါ ဘောင်းဘီ ကွဲထွက်သွားပြီ.. ငါ ဘယ်လိုလုပ်ရမလဲ"

ဖေဖေဝမ် ".............."

ဝမ်လင်း "................"

All Chapters