ခြိမ်းခြောက် ငွေညှစ်မှု ဖြစ်နေလျှင်ပင် သိမ်သိမ်မွေ့မွေ့ လုပ်ဆောင်သင့်သည်
Vol. 7 Ch. 101
ကြမ်းပြင်ပေါ်မှ လူးလဲထလိုက်ချိန်တွင် အရပ်ပုပုနှင့်လူက ရှက်လွန်း၍ ငါးရှင့်လို တွင်းတူးပြီး တွင်းထဲကနေ ထပ်မထွက်လာချင်တော့ပေ။
ဆိုရလျှင် ရွှေအမြူတေ အဆင့် ကျင့်ကြံသူ နှစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာ ဖိအားများကြောင့် ကြောက်လန့်နေ၏။
ဤလူက အနည်းဆုံး စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွင် ရှိနေမည်မှာ သေချာနေသည် မဟုတ်လော။
"ဟူး တကယ် သေချင်လိုက်တာကွာ"
ဝတ်စုံဝတ်ထားသော လူနှစ်ယောက်က နောင်တရစွာဖြင့် စိတ်ထဲကနေ တညီတညွတ်တည်း သက်ပြင်းချလိုက်ကြသည်။
ကံကောင်း ထောက်မစွာပင် ဖေဖေဝမ်က နွေးထွေးသော အမျိုးသားတစ်ဦး ဖြစ်နေခဲ့သည်။
အရပ်ပုပု အမျိုးသားက သူ့ဘောင်းဘီ ကွဲထွက်သွား၍ ရှက်ရွံ့နေသည်ကို မြင်ပြီးနောက် ဟောင်းနွမ်းနေသော ဘောင်းဘီစုတ် တစ်ထည်ကို မေမေဝမ်အား အလျင်အမြန်ယူခဲ့ရန် ဖေဖေဝမ်က အမိန့်ပေးလိုက်၏။
"ညီနောင် အခုကစပြီး အပြင်ထွက် အလုပ်လုပ်တဲ့အခါ မင်းရဲ့အပြောအဆိုနဲ့ အပြုအမူကို နည်းနည်းတော့ ဂရုစိုက်ပါ.. ရော့ မင်းကို ဘောင်းဘီ တစ်ထည်တော့ ပေးလိုက်မယ်"
"............."
အမျိုးသားနှစ်ဦးက ဖေဖေဝမ် လက်ထဲရှိ ဟောင်းနွမ်းပြီး ထူထဲပုံရသော ဘောင်းဘီကို စိုက်ကြည့်ကာ ချွေးစေးများထွက်လာသည်။
သူတို့က မည်သည့်စကားမှ မပြောနိုင်ခဲ့ကြချေ။
သူတို့ ထွက်ခွာ မသွားခင် အိမ်ကြမ်းပြင်တွင် ပြန့်ကျဲနေသည့် ပိုက်ဆံတွေကို စုဆောင်းခဲ့ရာ ဖေဖေဝမ်က ကူညီပေးခဲ့သည်။
ဖေဖေဝမ်က သူ့ကိုယ်သူလည်း အိတ်တစ်လုံး ယူလိုက်ပြီး ယွမ်တစ်သောင်းတန် ပိုက်ဆံတစ်အုပ်ကို ကောက်ယူကာ ထိုအိတ်ထဲသို့ ကောက်ထည့်လိုက်သည်။
ထိုမြင်ကွင်းကြောင့် အမျိုးသား နှစ်ယောက်မှာ ချွေးများပင် ပြန်ထွက်လာ၏။
"မစ္စတာဝမ်.. ငါတို့ သဘောတူညီမှု မရခဲ့ဘူးလေ.. မင်း ဒီပိုက်ဆံကို ယူလို့မရဘူး"
"အိုး.. ဟုတ်လား"
ဖေဖေဝမ်၏ ပါးစပ်ထဲတွင် စီးကရက်တစ်လိပ် ရှိနေသည်။
အိမ်ငယ်လေးရှိ မီးရောင်များမှာ သူ၏ အနက်ရောင် မျက်မှန်ကို ရောင်ပြန်ဟပ်နေ၏။
သူက ခေါင်းကို လှည့်၍ ဘုကြည့်ကြည့်လိုက်ရာ အမျိုးသားနှစ်ယောက်က အထက်လူကြီးနှင့် ဆက်ဆံနေရသော ခံစားချက်မျိုးကို ခံစားမိလိုက်သည်။
သူတို့ နှစ်ယောက်လုံးက မသိစိတ်ကနေ နောက်ပြန်ဆုတ်မိပြီး ခပ်ခွာခွာ နေလိုက်ကြသည်။
သူတို့အနေဖြင့် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် အကြီးအကဲတစ်ဦးကို အနှောင့်အယှက် သွားပေး၍ မဖြစ်ချေ။
ဖေဖေဝမ်က သူတို့နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး ပိုက်ဆံလေးငါးအုပ်ကို အိတ်ထဲသို့ ထပ်မံ ကောက်ထည့်လိုက်သည်။
"ဒီအိတ်ထဲက ငါးသောင်းက ငါတို့ ကော်ဇောအတွက်ပဲ.. ကြည့်စမ်း.. မင်းတို့ကြောင့် ညစ်ပတ်သွားရပြီ...ဘယ်လိုပဲကြည့်ကြည့် ငါ့ကို လျော်ကြေး နည်းနည်းပါးပါးတော့ ပေးသင့်တယ် မထင်ဘူးလား"
ဝတ်စုံဝတ်ထားသည့် အမျိုးသားနှစ်ယောက်က ဘာမှ မပြောရဲချေ။
"............."
စကားမဆုံးခင် ဖေဖေဝမ်က အိတ်ထဲကို နောက်ထပ် ပိုက်ဆံလေးငါးအုပ် ထည့်လိုက်ပြန်သည်
"ဒီငါးသောင်းက သန့်ရှင်းရေး အတွက်ပဲ.. ခုနတုန်းက ဟိုကောင်က ဆီးထွက်ကျတော့မယ်လို့ ပြောတယ်.. အခုထွက်ကျသွားပြီလားတော့ ငါမသိဘူး.. ဘာပဲဖြစ်ဖြစ် လူတွေရဲ့ ဆီးထဲမှာ ဘက်တီးရီးယားတွေ အများကြီး ရှိနေတဲ့ အတွက် မင်းထွက်သွားပြီးတဲ့ နောက်မှာ ငါတို့ အိမ်ငယ်လေးကို ပိုးသတ်ဖို့ ဆုံးဖြတ်လိုက်ပြီ.. ဒီပမာဏက သိပ်တော့ မများဘူး မဟုတ်လား"
".............."
ထို့နောက် အတွေးတစ်ခု ထပ်မံ ရခဲ့ပြီး ဖေဖေဝမ်က နောက်ထပ် ပိုက်ဆံ ၅အုပ်ကို အိတ်ထဲ ထည့်လိုက်ပြန်သည်။
အမျိုးသား နှစ်ယောက်က စိုးရိမ်လာသည်။
"မစ္စတာဝမ်.. မင်းအဲလိုလုပ်လို့ မရဘူးလေ.. မင်း ယူလိုက်တဲ့ငွေတွေအားလုံးက ကုမ္ပဏီပိုင်ငွေတွေပဲ.. ငါတို့ စိုက်လျော်နေရလိမ့်မယ်.."
ဖေဖေဝမ်က ဆေးလိပ်ငွေ့များကို အေးဆေးစွာ မှုတ်ထုတ်လိုက်သည်။
"ဒီငါးသောင်းက Long john အတွက်တော့ သိပ်မများပါဘူး ဟုတ်တယ်မလား"
(long john= ခြေကျင်းဝတ်ထိ ရှည်လျားသော အဝတ်အစား အတွင်းတွင် ခံဝတ်သည့် ဘောင်းဘီ၊အတွင်းခံ ဘောင်းဘီရှည် တစ်မျိုး)
ထိုစကားကြောင့် အမျိုးသား နှစ်ဦးက စိတ်ထဲကနေ ရေရွတ်မိလိုက်ကြသည်။
"ဘုရားရေ long john တစ်စုံကို ငါးသောင်းတောင်တဲ့လား.. ငါ့အထင် ဒါက ဘေထုပ်ကြီး မဟုတ်ဘူးလား"
အကယ်၍ ဖေဖေဝမ်သာ စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် နယ်ပယ်တွင် မဟုတ်လျှင် သူတို့ နှစ်ယောက်က ရန်ပွဲစတင်ရန် နှလုံးသားထဲမှ တွန်းအားကို လုံးဝ ထိန်းချုပ်ထားမည် မဟုတ်ပေ။
သို့သော် ယခုတွင်မူ သူတို့နှစ်ယောက်က မဝံ့မရဲ ဖြစ်နေကြသည်။
သို့သော်လည်း အရပ်ပုပုလူက ကန့်ကွက်သောအမူအရာဖြင့် သူ၏ Long johnကို ချွတ်လိုက်သည်။
အောက်ပိုင်းက ဟာလာဟင်းလင်း ဖြစ်သွား၍ ဂွေး-ကျိမှာ တွဲလောင်းလေး ဖြစ်နေသည်။
အရပ်ပုပုနှင့်လူက မထူးဇာတ် ခင်းနေပြီ ဖြစ်ကြောင်း ထင်ရှားနေ၏။
သူက အဆိုးဆုံး ဖြစ်ရပ်များကို ဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ရသည်။။
ဆိုရလျှင် သူတို့အားလုံးက ယောက်ျားသားများ ဖြစ်သည်။
ထို့အပြင် ဤကဲ့သို့ မြို့ပြကျေးလက် အစွန်အဖျားတွင် လန်ကွတ်တီ ဖြစ်နေသည့် သူတို့ကို မည်သူမျှ တွေ့ရမည် မဟုတ်ချေ။
ထိုမြင်ကွင်းကိုမြင်လျှင် ဖေဖေဝမ်က မျက်မှောင်ကြုတ်သွားပြီး နောက်ထပ် ပိုက်ဆံ ၅အုပ်ကို အိတ်ထဲသို့ ကောက်ထည့်လိုက်၏။
"မစ္စတာဝမ်.. မင်း..."
"ဘောင်းဘီရှည်တွေက မင်းဝတ်ပြီးသားလေ.. မင်းရဲ့ဆီးတွေကပ်ကျန်နေမယ်လို့ ဘယ်သူက သိမှာလဲ.. ငါမလိုချင်တော့ဘူး.. မင်းချွတ်လိုက်ရင်တောင် အသုံးမဝင်တော့ဘူး.. ငါအခု ယွမ်ငါးသောင်း ယူလိုက်တာက ငါ့မျက်လုံး အတွက် လျော်ကြေးပဲ.. ဒါက သိပ်အများကြီးလည်း မဟုတ်ပါဘူး.. ဟုတ်တယ်မလား"
"..............."
အနက်ရောင် ဝတ်စုံဝတ် လူနှစ်ယောက်မှာ လုံးဝ မလှုပ်ရှားရဲတော့ချေ။
သူတို့ဘာပဲလုပ်လုပ် ဖေဖေဝမ်၏ လျော်ကြေးငွေ ထပ်တောင်းဖို့ နောက်ထပ် အကြောင်းပြချက်များ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
နောက်ဆုံးတွင် ဖေဖေဝမ်က အိတ်ထဲမှ နှစ်သိန်းအား ကျေနပ်စွာကြည့်ကာ လူနှစ်ယောက်ကို အိမ်ရှေ့တံခါးဝထိ ပြန်ပို့လိုက်သည်။
ထိုနှစ်ယောက်က သူတို့ကိုယ်သူတို့ အားတင်းကာ ဖေဖေဝမ်ကို ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြသည်။
"မစ္စတာဝမ်... ငါတို့ပြန်လာခဲ့မယ်"
ဖေဖေဝမ်က လက်နှစ်ဖက် နောက်ပစ်ကာ တံခါးကို မှီ၍ မေးလိုက်သည်။
"နောက်တစ်ခါလာရင် မင်းတို့နှစ်ယောက်ပဲ လာဦးမှာလား"
ဝတ်စုံဝတ်ထားသော အမျိုးသားနှစ်ယောက်က ချွေးစေးများ ထွက်ကျလာသည်။
"ဒါ...ဒါကတော့ အခြေအနေပေါ် မူတည်ပါတယ်"
ဖေဖေဝမ်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
"ညီလေး.. မင်းကို စော်ကားတာ မဟုတ်ဘူးနော်.. မင်းရဲ့ ဂွေး-ကျိက တကယ် သေးလွန်းတယ်.. ငါ့ရဲ့ တစ်ဝက်လောက်တောင် မရှိဘူး.. အဲဒါက ပဲမြစ်ပဲ.. တကယ်ကို ရှက်စရာ ကောင်းတယ်.. နောက်တစ်ခါ လာလည်ဖို့ ညီအစ်ကိုတွေ ခေါ်လာရင် ပိုကြီးတဲ့ သူတွေကို ရှာလာဖို့ မမေ့နဲ့"
အနက်ရောင် ဝတ်စုံဝတ် အမျိုးသားနှစ်ဦး "............"
ထို့နောက်တွင် ဖေဖေဝမ်က တံခါးကို ဂျိန်းခနဲ ဆောင့်ပိတ်လိုက်သည်။
အိပ်ခန်းထဲမှ ဝမ်လင်းမှာ ဖေဖေဝမ်၏ အဆိပ်ပြင်းသောစကားလုံးများကြောင့် ဘောင်းဘီရှည် ဝတ်ဆင်ထားသော အမျိုးသား၏ နှလုံးသားများ ကွဲအက်သွားသော အသံကို ကြားလိုက်ရသလိုပင်။
.................
တကယ်တမ်း ဝမ်သားအဖနှစ်ယောက် ဤကဲ့သို့ ပညာပြခဲ့သည်မှာ ဤသည်က ပထမဆုံး အကြိမ် မဟုတ်ပေ။
လူတွေက ဝမ်မိသားစုအိမ်ကို ပြဿနာလာရှာသည့် အခါမျိုးတွင် သားအဖနှစ်ယောက်က ဤလှည့်ကွက်ကို အသုံးပြုနေကြ ဖြစ်သည်။
ဤဝမ်မိသားစု အိမ်ငယ်လေး၏ သခင်က ကြောက်စရာကောင်းသည့် စွမ်းအားတွေ ရှိသည်ဟု ထင်ယောင်ထင်မှား ဖန်တီးပြီး သူတို့ကို ဝေးဝေးက ရှောင်ရှားစေရန် မကြာခဏ လှည့်စားခဲ့သည်။
တစ်ချိန်က ဗုံးပစ်စီနီယာ အင်မော်တယ် လာခဲ့စဥ်ကလည်း ဝမ်သားအဖ နှစ်ယောက်က သူ့ကို ကြောက်လန့်အောင် ဤလှည့်ကွက်ကို အသုံးပြုခဲ့၏။
ထို့ကြောင့် ဖေဖေဝမ်နှင့် မေမေဝမ်တို့က ဗုံးပစ် စီနီယာအင်မော်တယ်၏ တည်ရှိမှုကို သိရှိခဲ့ကြသည်။
ထို့အပြင် ဤပုဂ္ဂိုလ်က ဖေဖေဝမ်နှင့် မေမေဝမ်ကို အလွန် လေးစားသည်။
ဝမ်မောင်နှံက ဝမ်လင်းလို တည်ရှိမှုမျိုး မဟုတ်သော်လည်း အဆုံးသတ်တွင် ဝမ်လင်း၏ စွမ်းအားမှာ ဝမ်မောင်နှံဆီမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည် မဟုတ်လော။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ စိတ်နှလုံးထဲတွင် ဝမ်လင်းမှာ နှစ်ပေါင်းထောင်ချီ ရှိနေပြီ ဖြစ်သော အလွန် ကြောက်စရာကောင်းသည့် မွန်းစတား တစ်ကောင် ဖြစ်သည်။
ထို့ကြောင့် သူ့နှလုံးသားထဲတွင် ဖေဖေဝမ်၏ တည်ရှိမှုမှာ နှစ်သောင်းချီ သက်တမ်းရှိသော ရှေးခေတ်လူနေမှု ရုပ်ကြွင်း မဟာ အကြီးအကဲ တစ်ဦးလို ဖြစ်နေ၏။
ထို့ကြောင့် ဗုံးပစ် စီနီယာအင်မော်တယ်က ဤနှစ်များတစ်လျှောက်လုံးတွင် ဝမ်မိသားစု အိမ်ငယ်လေးကို မြင့်မြတ်သော နေရာတစ်ခု အဖြစ် အမြဲလိုလို သဘောထားခဲ့သည်။
ဤတစ်သီးတစ်သန့် ဆန်သော ကျေးလက်အိမ်ကြီးတွင် သာမန် ဘဝတစ်ခုကို မျှော်လင့်တောင့်တသည့် ကျင့်ကြံခြင်း မိသားစုတစ်စု နေထိုင်နေသည်ဟုသာ သတ်မှတ်ခဲ့၏။
ဤသည်မှာ သူ၏ ဝမ်မိသားစုအပေါ် အလုံးစုံ နားလည်မှုပင်ဖြစ်သည်။
...........................
အနက်ရောင် ဝတ်စုံဝတ် အမျိုးသား နှစ်ဦးမှာ နေအိမ်မှ ထွက်ခွာလာပြီးနောက် အနက်ရောင် ဆလွန်းကား တစ်စီးပေါ်သို့ တက်လိုက်ကြသည်။
အရပ်ရှည်သောလူက တစ်စုံတစ်ခုသော အန္တရာယ်မှ ပြေးလာသကဲ့သို့ အလွန်လျင်မြန်စွာ မောင်းထွက်သွားခဲ့သည်။
သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပင် သူတို့၏ လက်ပတ်နာရီက မြည်လာသည်။
"ဘယ်လိုလဲ.. မစ်ရှင် အောင်မြင်ရဲ့လား"
"တောင်းပန်ပါတယ် သခင်လေး.. မစ်ရှင်က မအောင်မြင်ခဲ့ပါဘူး.."
"သန်းလေးဆယ်တောင် ညှိနှိုင်းလို့ မရဘူးတဲ့လား.. သာမန်မိသားစုက ဒီလိုသွေးဆောင်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလေ"
ထိုစကားကြောင့် အရပ်ပုပုနှင့်လူက ငိုချင်လာသည်။
"ဒါရိုက်တာ ပြဿနာက.. ဒီမိသားစုက သာမန် မိသားစု မဟုတ်တာပဲ.. ဒီ ဝမ်ကျောင်းက ကျနော်တို့ထင်သလို ချီဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ မဟုတ်ဘူး.. သူက တစ်ချိန်လုံး ဟန်ဆောင်နေခဲ့တာ.. တကယ်တော့ သူက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် သခင်တစ်ယောက်ပဲ.. သူက ဝိညာဥ်ရေးဖိအားတွေနဲ့ ကျနော်တို့ကို တိုက်ခိုက်ခဲ့တယ်.. ကျနော်တို့ လုံးဝ မလှုပ်ရှားနိုင်ခဲ့ဘူး"
"စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်လား.."
တစ်ဖက်မှ ဒါရိုက်တာက အံ့အားသင့်သွားသည်။
"သေချာရဲ့လား"
သူတို့၏ အတွင်းပိုင်း အချက်အလက်တွေ အရ ဤကျေးလက် အိမ်ငယ်လေးတွင် နေထိုင်ကြသည်မှာ သာမန်မိသားစု တစ်ခုသာ ဖြစ်သည်။
သို့သော် ဤအိမ်ငယ်လေး၏ သခင်မှာ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့သည်။
"သိပ်သေချာတာပေါ့"
အရပ်ပုပုနှင့်လူက ပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားလျှင် ဒါရိုက်တာက သူ့လက်အောက်ငယ်သားတွေ သူ့ကို မလိမ်ဝံ့ဟု သိသဖြင့် စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
လက်ရှိ အခြေအနေအရ ကျောက်သရဲမျက်နှာဖုံးကို ရဖို့ဆိုသည်မှာ လွယ်ကူသော ကိစ္စ မဟုတ်တော့ပေ။
"အခြေအနေတွေက ဒီလိုတွေ ဖြစ်လာပြီ ဆိုမှတော့ ဒီကျင့်ကြံသူကို ငါကိုယ်တိုင် သွားတွေ့မယ်.. ဒါနဲ့ ဒီတစ်ခေါက် မင်းတို့ သွားတာ တခြား တစ်စုံတစ်ရာ ဘာမှ မရခဲ့ဘူးလို့ ဆိုလိုတာပေါ့.. ဟုတ်လား"
အမျိုးသားနှစ်ယောက်က တစ်စက္ကန့်မျှ မှင်တက်သွားခဲ့သည်။
ထို့နောက် အားနည်းသော လေသံဖြင့် ပြန်ဖြေလိုက်၏။
"အဲဒါ.. Long johnကို ထည့်တွက်လို့ရလား"
ဒါရိုက်တာ "............"