← Chapters

သောက်-ချီး ဒီလိုနည်းလမ်းတောင် ရှိတယ်လား

Vol. 7 Ch. 102

သောက်-ချီး ဒီလိုနည်းလမ်းတောင် ရှိတယ်လား

Vol. 7 Ch. 102

စာသင်ကာလ စတုတ္ထပတ် မေလ ၂၀ ရက် ဗုဒ္ဓဟူးနေ့ဖြစ်သည်။

နံနက်ခင်း လေထုက အနည်းငယ် တင်းမာနေ၏။

ဆရာမဖန်က ထုံးစံအတိုင်း စာသင်ခန်း ထဲသို့ အချိန်မှန် ရောက်လာခဲ့သည်။

လမ်းလျှောက်လာသော သူမ၏ လက်ထဲ၌ စာရွက်တစ်ထပ် ကိုင်ဆောင်လာသည်ကို မြင်လျှင် အတန်းရှိ ကျောင်းသားများမှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

ယင်းမှာ နံနက်ပိုင်း ကိုယ်တိုင် လေ့လာချိန် အပြင် သင်ခန်းစာများကို ဉာဏ်စမ်းမေးခွန်း မေးမည်မှာ အလွန် ထင်ရှားနေသည်။

ဆရာမဖန်၏ သင်ကြားမှုတွင် ဉာဏ်စမ်းမေးခွန်းမှာ အမြဲလိုလို ပါဝင်နေကြ ဖြစ်သည်။

ကျောင်းသားများ အဖို့ ရင်နာစရာ အကောင်းဆုံးမှာ သူမကဉာဏ်စမ်းမေးခွန်း နှင့် ပတ်သက်ပြီး ကျောင်းသားများကို ကြိုတင် အရိပ်အမြွက် မပြောပြခြင်းပင်။

အဆုံးသတ်တွင် ထိုလုပ်ငန်းစဥ်က ကျောင်းသားများ၏ အရည်အချင်း အစစ်အမှန်ကို စမ်းသပ်သည့် လုပ်ငန်းစဥ် တစ်ခုပင် ဖြစ်သည် မဟုတ်လော။

သာမန် ဉာဏ်စမ်းမေးခွန်းမှာ အမှတ်၆၀ အထက်တန်းကျောင်း၏ လက်ရွေးစင် အတန်းမှ ကျောင်းသားများကို ပဟေဠိ မေးခွန်းအဖြစ် မေးဖို့ပင် မထိုက်တန်ပေ။

သို့သော် ဆရာမဖန်၏ ပဟေဠိမှာမူ အလွန်ထူးခြားသည်။

ပဟေဠိမေးခွန်းတွင် သင်ကြားမှု၏ နှစ်ဆယ် ရာခိုင်နှုန်းသော အကြောင်းအရာများသာ အခြေခံအဖြစ် ပါဝင်သည်။

ကျန်80%ကိုမူ အပိုင်းလေးပိုင်း အဖြစ် အညီအမျှ ခွဲထားသည်။

၎င်းတို့မှာ တက်ကြွမှုကို စစ်ဆေးသော မေးခွန်းများ၊ တိုးချဲ့မေးခွန်းများ၊ ပြိုင်ပွဲဝင် မေးခွန်းများနှင့် သင်ရိုးညွှန်းတမ်းတွင် မဖော်ပြထားသော မေးခွန်းများ ဖြစ်ကြ၏။

ထို့ကြောင့် ဤကဲ့သို့ ခက်ခဲသော အခြေအနေ အောက်တွင် ဉာဏ်ပညာနှင့် သတ္တိ ပြိုင်ပွဲက စတင်လာခဲ့သည်။

ဤအရာက Grade 1 အခန်း၃မှ ကျောင်းသားများ အတွက် ပဟေဠိ တစ်ခုမျှသာ မဟုတ်တော့ဘဲ ၎င်းတို့၏ အဖွဲ့လိုက် စိတ်ဓာတ်(အတန်းတစ်ခုလုံး၏ စိတ်ဓာတ်)ကို စမ်းသပ်သည့် "စစ်ပွဲ"လည်း ဖြစ်သည်။

သို့သော် အဆုံးသတ်တွင် ဆရာမဖန်မှာ အမှတ်၆၀ အထက်တန်းကျောင်း၏ လက်တစ်ဆုပ်စာ ဝါရင့်ဆရာများထဲမှ တစ်ဦး ဖြစ်သည်။

သူမက စာသင်ခန်းထဲ ရောက်သည်နှင့် သူမကို ကူညီရန်အတွက် သရဲတစ္ဆေပေါင်း များစွာကို ချက်ချင်း ခေါ်ယူလိုက်ပြီး စာသင်ခန်း၏ ထောင့်တိုင်းသို့ လူစုခွဲ၍ ထားကာ စောင့်ကြည့်စေခဲ့သည်။

ဆရာမဖန်က သရဲတစ္ဆေများကို စည်းစနစ်ကျစွာ နေရာချထားသောကြောင့် ၎င်းတို့၏ အမြင်အာရုံများက စာသင်ခန်း၏ လက်မတိုင်းကို ဖုံးလွှမ်းသွားမည် ဖြစ်သည်။

"ငါ အခု နံနက် အစည်းအဝေး သွားရဦးမယ်.. စာမေးပွဲ စာရွက်တွေကို တစ်နာရီခွဲအတွင်း ကောက်ယူမယ်"

ဆရာမဖန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"ကျောင်းသားတို့ စိတ်မပူပါနဲ့.. ဒီသရဲတစ္ဆေတွေက ငါကိုယ်တိုင် လေ့ကျင့်ပေးထားတာပါ.. လှည့်ဖြားတဲ့သူကို တွေ့တာနဲ့ သူတို့က တစ္ဆေမီးနဲ့ အဲဒီလူရဲ့အဖြေစာရွက်ကို မီးရှို့ပစ်မယ်.. လူတိုင်းမှာ စာမေး ပွဲအဖြေစာရွက် တစ်ရွက်စီပဲ ရှိတယ်.. စာရွက် မီးလောင်သွားရင်တော့ ဇီရိုးပိတ် လိမ့်မယ်.. မင်းတို့အားလုံး ဒီစာမေးပွဲမှာ ရိုးသားကြလိမ့်မယ်လို့ ဆရာမ မျှော်လင့်ပါတယ်"

ဆရာမဖန်က စာမေးပွဲ ဖြေဆိုရန် စည်းကမ်းများကို ပြောပြပြီးနောက် နံနက်ခင်း ကျင်းပသည့် ဆရာ အစည်းအဝေး ဆီသို့ ထွက်ခွာသွားခဲ့သည်။

မြေပဲလေးက စာမေးပွဲ စာရွက်များကို ထုတ်ပေးလိုက်သည်နှင့် အတန်းထဲမှ လူတချို့မှာ ချက်ချင်းပင် ညည်းညူလိုက်ကြ၏။

"ဒီမေးခွန်းတွေက ခက်ခဲလွန်းတယ်.. ဒေါသဘုရား မီးကြာပန်း အတွက် ပေါင်းစပ် ဖော်မြူလာနဲ့ မီးတောက် စမ်းသပ်မှုရဲ့ တုံ့ပြန်မှုတွေက နောက်ထပ် စာသင်နှစ်ဝက်မှ သင်ရမဲ့ သင်ခန်းစာတွေ မဟုတ်လား"

ဆွေးနွေးမှု အများအပြားကို ဝမ်လင်းက ကြားနေရသည်။

မေးခွန်းတွေက သူ့အတွက် သိပ်အခက်အခဲကြီး မဟုတ်သော်လည်း စာမေးပွဲစာရွက်ကို လက်ထဲတွင် ကိုင်ရင်း သေသွားသလို ခံစားလိုက်ရသည်။

သာမန်စာမေးပွဲ တစ်ခုသာ ဖြစ်ခဲ့လျှင် သူ့အတွက် ပိုကောင်းပေလိမ့်မည်။

သို့သော် ဆရာမဖန် ကိုယ်တိုင် ဖန်တီး ရေးသားခဲ့သော ဤမေးခွန်းလွှာမှာ အတန်းထဲရှိ ပျမ်းမျှရမှတ်ကို ခန့်မှန်းရန် ဝမ်လင်း အတွက် လုံးဝ မဖြစ်နိုင်ပေ။

သူက ပျမ်းမျှရမှတ်ကို ခန့်မှန်းနိုင်မှသာ အတန်းထဲတွင်အလယ်အလတ် အဆင့်ကို ရအောင် လုပ်နိုင်မည် မဟုတ်လော။

ဤအခြေအနေတွင် ဝမ်လင်း လုပ်ရမည့်အရာမှာ စွန်းရုံ၊မြေပဲလေးနှင့် မြေပဲလေးတို့၏ အဖြေများ ပြီးလုနီးပါး ဖြစ်သည်အထိ စောင့်ဆိုင်းရန် ဖြစ်သည်။

ဆိုရလျှင် ဝမ်လင်းအနေဖြင့် ဤထိပ်တန်းကျောင်းသူသုံးဦး၏ ရမှတ်များကို ခန့်မှန်း၍ အတန်းတစ်ခုလုံး၏ အဖြေစာရွက်များကို အခြေခံပြီးမှ ၎င်း၏အဖြေများကို ရေးချရမည် ဖြစ်၏။

သို့မဟုတ်လျှင် သူ၏ ရမှတ်က အလယ်အလတ်တွင် ရှိနေလိမ့်မည် မဟုတ်ချေ။

ယခု သူလုပ်ရမည့် အရာမှာ ဘောပင်ကို ကိုင်ထားပြီး စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရန်သာ ဖြစ်သည်။

စာမေးပွဲစာရွက် ထုတ်ပေးသည်က ဆယ်မိနစ်ပင် ကြာမြင့်သွားပြီ ဖြစ်သည်။

Grade 1 အခန်းသုံး တစ်ခန်းလုံးမှာ လုံးဝ တိတ်ဆိတ်သွားသည်။

သို့သော် တစ်ခန်းလုံးက အပေါ်ယံသာ ငြိမ်သက်နေခြင်း ဖြစ်နေသည်ကို ဝမ်လင်းက အလျင်အမြန် ရှာဖွေ တွေ့ရှိခဲ့သည်။

ဆရာမဖန်က ကြုံရာကျပန်း ပဟေဠိ မေးခွန်းများကို ထုတ်ခဲ့သော်လည်း လူအတော်များများမှာ ထိုကဲ့သို့ အရေးပေါ် အခြေအနေ အတွက် ကြိုတင် စီစဉ်ထားခဲ့မှန်း ထင်ရှားနေ၏။

မည်သို့သော အခြေအနေမျိုးမှာပဲ ဖြစ်ပါစေ.. ကြိုတင် ပြင်ဆင်ထားမှုက အမြဲတမ်း ကောင်းမွန်သည် မဟုတ်လော။

ချန်းချောင်က ကူးချဖို့ ရည်ရွယ်ထားသည့် စာရွက်ကို ခြေအိတ်တွင် ဝှက်ထားခဲ့သည်။

သူက တစ်စုံတစ်ရာ ကုန်းကောက်ချင်ဟန် ဆောင်ပြီး ကူးချမည့် စာရွက်ကို ခြေအိတ်မှ ထုတ်ယူလိုက်သည်။

သို့သော် သူ့ခြေဖဝါးကို လက်ဖြင့် ထိလိုက်ချိန်တွင် တစ္ဆေမီးတောက်နှစ်ခုက သူ့ဆီသို့ လွင့်ပျံလာခဲ့သည်။

ချန်းချောင် အတွက်က ပြီးသွားခဲ့လေပြီ။

လူအတော်များများက ဤမြင်ကွင်းကို သူတို့၏ မျက်လုံးထောင့်ကနေ မြင်လိုက်ရ၍ စိတ်ထဲကနေ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

ဆရာမဖန်၏ ပင်ကိုယ်စရိုက် အရ မရိုးမသားလုပ်သူ၏ မိဘများကို သေချာပေါက် ဖုန်းဆက်မည် မဟုတ်ပါလား။

ထို့နောက် လာမည့် တနင်္လာနေ့ မိဘဆရာ အစည်းအဝေတွင် ထိုသူကို အပြစ်တင်မှာ သေချာသလောက် ဖြစ်၏။

သို့သော် လူတိုင်း အတွက် အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။

တစ္ဆေမီးတောက်ဖြင့် အဖြေစာရွက် လောင်ကျွမ်းရမည့် ကြေကွဲစရာ ဖြစ်ရပ်က ဖြစ်မလာခဲ့ပေ။

ချန်းချောင်က သူ့ခြေအိတ်ထဲကို လက်ထိုးထည့်၍ စာရွက်ကို အေးအေးလူလူ ဆွဲထုတ်လိုက်သည်။

ထိုအချိန်တွင် ဝမ်လင်းက ချန်းချောင်၏ လက်ဖဝါးမှ စိမ့်ထွက်လာသော အနံ့ဆိုး တစ်ခုကို သိသိသာသာ အနံ့ခံမိလိုက်သည်။

ယင်းနောက်တွင် တစ္ဆေတစ်ကောင်က နှာခေါင်းကို အုပ်ကာ ဝေးဝေးသို့ ထွက်ခွာသွားခဲ့သည်။

လူတိုင်း "သောက်ချီးဟ.."

"ဒီတစ္ဆေက အပုပ်နံ့ကြောင့် ထွက်သွားတာတဲ့လား"

"ဒီစာရွက်က ဘယ်လောက်တောင် နံစော်နေမလဲ စဥ်းစားကြည့်တော့"

"သူ့ခြေနံ့က ပုပ်စော်နံနေလို့ စာရွက်ဆီ အနံ့ကူးသွားတာပဲ ဖြစ်ရမယ်"

ဤမြင်ကွင်းကို ကြည့်ကာ ဝမ်လင်းက အနည်းငယ် ထိတ်လန့်သွားသည်။

သို့သော် ဤလုပ်ရပ်က အံ့အားသင့်စရာ အကောင်းဆုံး မဟုတ်သေးပေ။

ဝမ်လင်းက ခေါင်းကို တစ်ချိန်လုံးကုတ်ကာ ဗောက်တွေခြစ်ချနေသည့် ကော်ဟောက်ကို သတိပြုမိလိုက်၏။

သို့သော် ဗောက်ဖတ်က အဖြူရောင် ဖြစ်ရမည့် အစား အနက်ရောင် ဖြစ်နေသည်။

ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးကို အသုံးပြု၍ အနီးကပ် အသေအချာ ကြည့်လိုက်ရာ နှလုံးသား တစ်ခုလုံး လုံးဝကို အေးခဲသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကော်ဟောက်က သူ၏ ခိုးချမည့်စာများကို ဗောက်ဖတ်ပေါ်တွင် အမှန်တကယ် ရိုက်နှိပ်ထားချင်း ဖြစ်သောကြောင့်ပင်။

"သောက်-ချီး.. ဒီလိုနည်းလမ်းတောင် ရှိတယ်လား"

ခေါင်းမှ ဗောက်တွေ တစ်ဖြုတ်ဖြုတ် ကျဆင်းနေသော ကော်ဟောက်ကို ကြည့်ကာ ဝမ်လင်း၏ နှလုံးသား အတွင်းမှ တုန်လှုပ် ချောက်ချားမှုက အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

........................

နေ့လည်ခင်းမှ စွဲမက်ဖွယ် ကောင်းသော နေဝင်ရီတရောရောင်နီ အဖြစ်သို့ ပြောင်းလဲသွားသော အချိန်တွင် မြို့စွန်ရှိ ဝမ်မိသားစု အိမ်ငယ်လေး အနီးသို့ အမျိုးသား တစ်ဦး ရောက်လာသည်။

ထိုသူက ပတ်ဝန်းကျင် တစ်ခုလုံးကို လုံးဝ နေရာလပ် မကျန်အောင် အကဲခတ် ကြည့်ရှုလိုက်သည်။

ထိုသူက အလွန် အရပ်ရှည်သည့် အပြင် ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားသည်။

ရင်အုပ်ကြွက်သားများကို ပေါ်လွင်စေသည့် သူ၏အဖြူရောင် အဝတ်အစားက လေပြေညှင်းကြောင့် တဖျပ်ဖျပ် လူးလွင့်နေ၏။

အဖြူရောင်အဝတ်အစား.. ဓားရှည်တစ်လက်.. လှပသောဆံပင်..

ဤသူက လဲ့မျိုးရိုးဖြစ်သည့် ဗုံးပစ် စီနီယာ အင်မော်တယ် ဖြစ်သည်။

ဖေဖေဝမ်နှင့် မေမေဝမ်က ဗုံးပစ်စီနီယာ အင်မော်တယ်လာမည်ကို ကြိုတင် သိထားခဲ့သည်။

ထို့အပြင် သူက ကျင့်ကြံခြင်း လောကထဲရှိ ဝမ်လင်း၏ သူငယ်ချင်း အနည်းစုထဲမှ တစ်ဦး ဖြစ်သည်။

ထို့အပြင် ဝမ်မိသားစုအပေါ် ဗုံးပစ်စီနီယာ အင်မော်တယ်၏ မှားယွင်းသော အထင်အမြင်ကြောင့် ဖေဖေဝမ်နှင့် မေမေဝမ်က ဗုံးပစ် စီနီယာ အင်မော်တယ်ကို အလွန် စိတ်ဝင်စားဖို့ ကောင်းသော လူတစ်ဦးဟု အမြဲ ထင်ခဲ့သည်။

ဝမ်မိသားစုအိမ်သို့ သူနောက်ဆုံး ရောက်ခဲ့သည့် အချိန်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ် အလည်လာမည်ဟု ဝမ်လင်းက မနေ့က ကြိုပြောထားခဲ့၍ မေမေဝမ်က အစားအစာတွေ ဝယ်ရန် လတ်ဆတ်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက် များကိုသာ ရောင်းချသည့် စျေးသို့ အလျင်အမြန် စျေးဝယ်ထွက်ခဲ့သည်။

သူမက ဝမ်လင်း ကောင်းချီးပေးထားသော ကုန်တင် သုံးဘီးဆိုင်ကယ်ကို စီးပြီး စျေးမှ ပြန်လာသောအခါ အဖြူရောင် ၀တ်စုံဖြင့် လူတစ်ယောက်က အိမ်တံခါးဝတွင် အိတ်ကြီးအိတ်ငယ် အများအပြားကို ကိုင်၍ ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမက အစပိုင်းတွင် လန့်ဖျပ်သွားခဲ့သည်။

ထို့နောက် သူမ၏ မျက်လုံးများဖြင့် ထိုအမျိုးသား၏ ခန္ဓာကိုယ်ကို အတန်ကြာအောင် အကဲခတ်ကြည့်လိုက်၏။

"လဲ့လေး.. မင်းလား"

ဝမ်မိသားစုအိမ်ကို သူနောက်ဆုံးတစ်ခေါက် ရောက်ခဲ့သည်က အတော်လေး ကြာနေပြီမို့ မေမေဝမ်က သူ့နာမည်ကို ရုတ်တရက် ခေါ်လိုက်သောအခါ ထိုအမျိုးသားက အနည်းငယ် အံ့အားသင့် တုန်လှုပ်သွားပြီး စကားပင် ထစ်သွားသည်။

"စီ... စီနီယာ မင်္ဂလာပါ"

မေမေဝမ်ကမူ ဒီကောင်လေး အိမ်မရောက်တာ ဒီလောက် ကြာနေတာတောင်မှ အဘယ်ကြောင့် စကားထစ်နေလဲဟု တွေးနေမိသည်။

သို့သော် စီနီယာ ဟူသော နှုတ်ဆက်ခြင်းမှ တဆင့် သူမက ဧည့်သည်၏ အထောက်အထားကို အတည်ပြုနိုင်ခဲ့သည်။

မေမေဝမ်က ထိုကဲ့သို့ ခေါ်ဝေါ်ခံရသည်ကို ကျင့်သားရမနေသော်လည်း ကျင့်ကြံခြင်း လောက၏ ဓလေ့ကို ပြန်လည်အမှတ်ရသွားပြီး ထိုသို့ နှုတ်ဆက်ခြင်းမှာ ကျင့်ကြံခြင်းလောက၏ ယဉ်ကျေး သိမ်မွေ့မှု တစ်ခု ဖြစ်သည်ဟု သူမ ယူဆခဲ့သည်။

ဝမ်လင်းနှင့် ပတ်သက်ပြီး ဝမ်မောင်နှံက ကျင့်ကြံခြင်းလောက၏ နာမည်ကျော် တချို့ကို တွေ့ကြုံခွင့် ရခဲ့သော်လည်း အဆုံးသတ်တွင် ဗုံးပစ် စီနီယာ အင်မော်တယ် ကဲ့သို့ အသက်ကြီးသူများကို ယဥ်ယဥ်ကျေးကျေး ပြောဆိုတတ်သူမှာ လူနည်းစုသာ ရှိသည်။

ယနေ့ခေတ် ကျင့်ကြံခြင်း နယ်ပယ်တွင် အစွမ်းထက်ပြီး ယဉ်ကျေးသိမ်မွေ့သူ တစ်ဦးကို ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။

ယင်းက ဖေဖေဝမ်နှင့် မေမေဝမ် ဗုံးပစ် စီနီယာ အင်မော်တယ်ကို အသိအမှတ်ပြုရသည့် အကြီးမားဆုံး အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။

ယခု သူက လက်ထဲတွင် အိတ်များစွာကို ကိုင်ထားခဲ့သည်။

"ဒီဂျူနီယာက စီနီယာနှစ်ယောက်ဆီ မရောက်တာ ကြာပြီလေ.. ဒါကြောင့် အင်မော်တယ် ဝိုင်ပုလင်းတွေ အများကြီး ယူလာခဲ့တယ်.. စီနီယာ နှစ်ယောက် သဘောကျမယ်လို့ မျှော်လင့်ပါတယ်"

မေမေဝမ်က ဗုံးပစ် စီနီယာ အင်မော်တယ် ထံမှ အိတ်များကို လှမ်းယူလိုက်သည်။

နေရောင်အောက်တွင် နီရဲနေသည့် သူမ မျက်နှာပေါ်၌ အားနာသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

"လဲ့လေး.. လက်ဗလာနဲ့ လာခဲ့လည်း ရပါတယ်ကွယ်.. ဘာမှ ယူလာစရာ မလိုပါဘူး.. ဒါတွေက မင်းအတွက် တကယ် အဆင်မပြေစေဘူးလေ"

ဗုံးပစ် စီနီယာ အင်မော်တယ်က ခေါင်းကို ငုံ့ကာ ရှက်ပြုံး ပြုံးလိုက်သည်။

"စီနီယာ.. ဒါက ဘာမှ မဟုတ်ပါဘူး.. ဒါက စီနီယာတို့ အတွက် လိုအပ်တဲ့ သိက္ခာတစ်ခုပါ"

"နောက်တစ်ခါ ဒီလောက် ယဉ်ကျေးနေစရာ မလိုဘူး.. ဒီနေ့ စားစရာတွေ အများကြီးဝယ်ပြီး မင်းနဲ့အတူ စားဖို့ ငါတို့တွေ စောင့်နေတာ.. မင်းဦးလေးဝမ်နှင့် ဖိုးဖိုးဝမ်က အထဲမှာ ရှိတယ်.. ဒီနေ့ မင်းတို့ သုံးယောက် စကား အေးဆေး ပြောလို့ ရတာပေါ့"

မေမေဝမ်က ပြောလိုက်၏။

ထိုစကားကို ကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က အံ့အားသင့်သွားခဲ့သည်။

"အို ဘုရားရေ.."

"ဖိုးဖိုးဝမ်လည်း ဒီကို ရောက်နေတာလား.. ညီနောင်လင်းရဲ့အဖိုး.. ဒါ.. ဒါဆို ဒီနေ့ ဘော့စ်ကို တွေ့ရမှာလား"

ဗုံးပစ် စီနီယာ အင်မော်တယ်မှာ အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

All Chapters