← Chapters

ကယ်ဆယ်ဖို့ အချိန်ရှိဦးမယ် ထင်တယ်

Vol. 7 Ch. 104

ကယ်ဆယ်ဖို့ အချိန်ရှိဦးမယ် ထင်တယ်

Vol. 7 Ch. 104

နာရီဝက်အကြာတွင် မေမေဝမ်က စားပွဲပေါ်ရှိ ပန်းကန်များကို ရှင်းထုတ်လိုက်ပြီး ဝမ်လင်း နှစ်သက်သည့် ဟင်းအနည်းငယ်ကိုသာ မီးဖိုချောင်ရှိ နေ့လည်စာ ထမင်းဘူးထဲသို့ ထည့်သိမ်းလိုက်သည်။

ဖိုးဖိုးဝမ်နှင့် ဖေဖေဝမ်ကမူ ကျောင်းသား လဲ့မို့ရမ် နှင့် ခဏကြာ စကားစမြည် ပြောပြီးနောက် နှစ်ယောက်စလုံး အပေါ်ထပ်သို့ တက်သွားခဲ့သည်။

ဖေဖေဝမ်က သူ့စာမူကို ဆက်ရေးရန် စာကြည့်ခန်းထဲသို့ ဝင်သွားခဲ့၏။

ဖိုးဖိုးဝမ်ကမူ သူ့အသက်အရွယ် အရ ကူကယ်ရာမဲ့စွာဖြင့် ငိုက်မြည်းနေသည်။

အထူးသဖြင့် ထမင်းစားပြီးသော အချိန်တွင် ပျင်းရိသလို အမြဲခံစားနေရ၏။

အဘိုးဝမ်က အငြိမ်းစားယူပြီး ကတည်းက မည်သည့် ကျင့်ကြံသူနှင့် မဆို တွေ့ဆုံခွင့် ရရန် အခွင့်အရေး အနည်းငယ်သာ ရှိတော့သည်။

သူက ဤလူအုပ်စု(ကျင့်ကြံသူအုပ်စု) အကြောင်းကို အမြဲလိုလို သိချင်နေခဲ့သည်။

ဉာဏ်အလင်းရရှိရန် ကံတရား အနည်းငယ် လိုအပ်သည်ဟု ကျင့်ကြံသူများ မကြာခဏ ပြောဆိုသည်ကို သူကြားဖူးသည်။

ကျင့်ကြံခြင်း နယ်ပယ်များတွင် အဆင့်မြင့်လာစေရန် ဉာဏ်အလင်းကို စေ့ဆော်နိုင်သည့် ဖန်တီးမှု အနည်းငယ်၏ အကူအညီကို ယူရသည့် အချိန်များလည်း ရှိ၏။

သို့သော် အဘိုးဝမ် အနေဖြင့် သူချက်ထားသော ဘရိုကိုလီနှင့် ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ်က တူညီသော အာနိသင်ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်ကူးယဉ်မိမည် မဟုတ်ပေ။

အဘိုးဝမ်က ထွက်မသွားခင် ကျောင်းသား လဲ့မို့ရမ်၏ ပုခုံးကို သုံးကြိမ် ပုတ်လိုက်ရာ လဲ့မို့ရမ်၏ မျက်နှာပေါ်၌ ရှက်ရွံ့နေသော အမူအရာများ ဖြစ်ပေါ်လာသည်။

လဲ့မို့ရမ်ကဲ့သို့ အခြေအနေကို သူအရင်က မြင်ဖူးသည်။

သူ စားဖိုမှူးဖြစ်ခဲ့စဥ်က ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ပုံပြင်အများအပြားကို ကြားသိခဲ့ရသည်။

ထိုအထဲမှ တချို့မှာ ဉာဏ်အလင်း ရရှိရန် ကြိုးပမ်းရင်း အာရုံမစိုက်မိဘဲ ခန္ဓာကိုယ်ကို နတ်ဆိုးများ သိမ်းပိုက်ခံခဲ့ရသည့် ကျင့်ကြံသူများ အကြောင်း နှင့် ကျင့်ကြံခြင်း နယ်ပယ် ဆုံးရှုံးသွားခဲ့သူများ အကြောင်း ဖြစ်၏။

သူက လဲ့မို့ရမ်အား အလွန်အကျွံ အတွေးနက်ပြီး အတွင်းစိတ်သွေဖည်မှု မကြုံတွေ့စေရန် ပုခုံးကို သုံးချက်ပုတ်ကာ သတိပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် လဲ့မို့ရမ်မှာ ဓာတ်လိုက်ခံရသကဲ့သို့ တုန်ယင်သွားပြီး ရုတ်တရက် မတ်တပ် ထရပ်လိုက်သည်။

"စီနီယာကြီးရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်.. ဒီဂျူနီယာက စီနီယာကြီးရဲ့ လမ်းညွှန်မှုကို သေချာပေါက် လာရောက် နည်းနာခံဦးမှာပါ"

အဘိုးဝမ် "................"

ထွင်ထျန်းဟာ "ဘာသောက်-ဖုတ် လမ်းညွှန်မှုလဲ.. သူက ဗုဒ္ဓမှ မဟုတ်တာ"

ဝမ်လင်း အိမ်ပြန်ရောက်လာသောအခါ အဖြူရောင် ဝတ်စုံဝတ် အမျိုးသားတစ်ဦးက ဘရိုကိုလီနှင့် အအေးခံထားသော ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ် တစ်ပန်းကန်အား ခေါင်းငုံ့၍ လေးနက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဤအနေအထားဖြင့် တစ်နာရီ ကြာနေပြီဟု ထွင်ထျန်းဟာက ဝမ်လင်းကို ပြောပြလိုက်၏။

ဖေဖေဝမ်နှင့် ဖိုးဖိုးဝမ်က အပေါ်ထပ်သို့ တက်သွားခံပြီး လဲ့မို့ရမ်ကို မေမေဝမ်နှင့် ထားပစ်ခဲ့သည်။

နောက်ပိုင်းတွင် လဲ့မို့ရမ်က မေမေဝမ်နှင့် ဘာစကား တစ်ခွန်းမှမပြောတော့ဘဲ ဘရိုကိုလီနှင့် ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ်ကိုသာ တချိန်လုံး စိုက်ကြည့်နေသဖြင့် သူမက အလွန်အမင်း စိတ်ပျက်သွားခဲ့သည်။

အဆုံးသတ်တွင် ဝမ်လင်း ပြန်ရောက်လာသည်ကို မေမေဝမ်က မြင်လိုက်ရသည်။

သူမ၏ အမူအရာက တစ်စုံတစ်ယောက်၏ ကယ်တင်ခြင်းကို ခံရရန် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသည့်သူနှင့် တူနေသည်။

"လင်းလင်း.. လဲ့လေးက စိတ်ဓာတ်ကျနေတယ်လို့ သား ထင်လား"

ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်ကို ခဏမျှ ငြိမ်သက်စွာ စိုက်ကြည့်လိုက်သည်။

"..............."

"ဒါက.. ဝက်ရူးပြန်ရောဂါ ဖြစ်နေတာ ထင်ရှားနေတယ်လေ"

ထို့နောက် သူက စကားတစ်ခွန်းမှ မပြောဘဲ ကျောင်းသား လဲ့မို့ရမ်၏ ကော်လာကို ဆွဲ၍ အပေါ်ထပ်သို့ ချက်ချင်း ဆွဲခေါ်သွားခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်ကို အပေါ်ထပ်သို့ ဆွဲခေါ်သွားသည်ကို တွေ့လိုက်ရသောအခါမှ မေမေဝမ်က စိတ်သက်သာရာ ရသွားခဲ့သည်။

သူမက စားပွဲပေါ်မှ စားကြွင်းစားကျန်များကို ရှင်းထုတ်လိုက်တော့သည်။

ဝမ်လင်း၏ ဆွဲခေါ်သွားခြင်းကို ခံရသော လဲ့မို့ရမ်မှာ မေမေဝမ်က ခရမ်းချဉ်သီးကြက်ဥ စွပ်ပြုတ် ဟင်းချိုကို အမှိုက်ပုံးထဲ လောင်းချနေသည်အား ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့သည်။

{မဟုတ်ဘူး.. အီး.. ငါ့ရဲ့ခရမ်းချဉ်သီး ကြက်ဥ စွပ်ပြုတ် ဟင်းချိုလေး.. ဒါကဘယ်လိုတောင် သေဖို့ကောင်းတဲ့ လုပ်ရပ်လဲ}

"ညီနောင်လင်း.. ငါ့ခရမ်းချဉ်သီးကြက်ဥ စွပ်ပြုတ် ဟင်းချိုကို ကယ်ဆယ်ဖို့အချိန် ရှိသေးမယ် ထင်တယ်... မင်းသာ ငါနဲ့အတူရှိနေမယ်ဆိုရင် အေးခဲတဲ့ ပင်လယ်ထဲကို မစီးဆင်းခင် မိလ္လာသန့်စင်စက်ရုံမှာ ငါတို့တွေ အဲဒါကို ကြားဖြတ်ယူနိုင်လိမ့်မယ်"

ဝမ်လင်း "..........."

"ကောင်းပြီ ညီနောင်လင်း.. ငါ ချဲ့ကား ပြောနေတာ မဟုတ်ဘူးဆိုတာ ငါတိုင်တည်ရဲတယ်.. အနည်းဆုံးတော့ ငါ့အတွက် စီနီယာကြီးရဲ့ ဘရိုကိုလီကို ထားခဲ့ပေးပါ... ငါအဲဒါကို အမှတ်တရအဖြစ် စုဆောင်းထားချင်တယ်"

ဝမ်လင်း "............"

...................

ဝမ်လင်းက လဲ့မို့ရမ်နှင့် မတွေ့တာကြာပြီ ဖြစ်သော်လည်း ထိုလူ၏ စရိုက်က အမှန်တကယ် ပြောင်းလဲခြင်း မရှိကြောင်း ခံစားခဲ့ရသည်။

လဲ့မို့ရမ်၏ စကားမှ တဆင့် လဲ့မို့ရမ်က အတော်လေး စိတ်ဓာတ် ကျနေပုံရသည်ဟု ဝမ်လင်းက သိလိုက်၏။

ဝမ်လင်းက သူ့အိပ်ခန်းထဲရှိ အိပ်ရာအောက်မှ လေးထောင့်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။

သူ့လက်မောင်းတွင် အသုံးပြုသည့် တာအို အစီအရင်၏ ယခင်ဗားရှင်း အဟောင်းများကို သိမ်းဆည်းရန် ဤသေတ္တာကို အသုံးပြုလေ့ ရှိသည်။

အစားထိုးထားသော တာအိုအဆောင် အပါအဝင် ဆိုလျှင် တာအိုအစီအရင် စုစုပေါင်း ငါးခု ရှိပြီ ဖြစ်သည်။

ဝမ်လင်း အတွက် အသုံးမဝင်လောက်အောင် စွမ်းအား လျော့နည်းသွားသော်လည်း ၎င်းအစီအရင်များမှာ အခြားနေရာများတွင် ထိရောက်ဆဲ ဖြစ်သည်။

သူက ကျောက်သရဲမျက်နှာဖုံးကို ဤတာအို အစီအရင်ဟောင်းများနှင့်အတူ သေတ္တာထဲတွင် သိမ်းထားခဲ့၏။

ယင်းက မျက်နှာဖုံး၏ ကျိန်စာ အစွမ်းသတ္တိကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ခဲ့သည်။

"ဒါက ကျောက်သရဲမျက်နှာဖုံးလား"

ဝမ်လင်းနံဘေးမှ လဲ့မို့ရမ်က အံ့အားသင့်သွားသည်။

ကောလဟာလ သတင်းတွေ အရ ကျောက်သရဲ မျက်နှာဖုံး၏ အရွယ်အစားက သူထင်ထားသည်ထက် ပိုကြီးနေသည်။

မျက်နှာဖုံးတွင် လျှို့ဝှက်ဆန်းကြယ်ပြီး အရောင်အသွေးရှိသည့် မျက်ဝန်း၊ အေးစက်ပြီး ဆိုးသွမ်းသည့် ချိတ်များ၊ သက်တမ်း ဘယ်လောက် ရှိနေပြီလည်း ဆိုတာ ပြသနေသည့် ဟောင်းနွမ်းပြီး ကျွတ်နေသော အရောင်။

အင်တာနက်ပေါ်ရှိ အရာဝတ္တု၏ ပုံများကို အားကိုးနေရုံဖြင့် ဤမျှသော အသေးစိတ် အချက်အလက် များစွာကို သူတကယ် မြင်နိုင်လိမ့်မည် မဟုတ်ပေ။

လဲ့မို့ရမ်က မျက်နှာဖုံးကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ရုတ်တရက် ဆိုးရွားသော ပြဿနာ တစ်ခုကို သိလိုက်ရပြီး ဝမ်လင်း ထံသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

"ညီနောင်လင်း.. မင်း အဲဒါကို မျက်နှာမှာ တပ်ခဲ့သေးလား.."

လဲ့မို့ရမ်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။

သူ့ထံမှ စူးရှသည့် အသက်ရှူသံ ထွက်ပေါ်လာသည်။

"ဒီကျောက်သရဲ မျက်နှာဖုံးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်တွေက ငါ့ရဲ့စုံစမ်းမှုရလဒ်ကို ထည့်သွင်း စဥ်းစားလိုက်ရင် ဒီမျက်နှာဖုံးက အစစ်ဆိုတာ ငါအကြမ်းဖျင်း အတည်ပြုနိုင််ပါတယ်..အခု ငါတစ်စုံတစ်ရာကို သဘောပေါက်လိုက်ပြီ"

"ကျောက်သရဲ မျက်နှာဖုံးရဲ့ ဘေးနှစ်ဖက်စလုံးမှာ အနည်းငယ်ကောက်နေတဲ့ အရာတွေကို ချိတ်လို့ ထင်ခဲ့တာ..... အစက အတုလား ဒါမှမဟုတ် လက်ရာ ချို့ယွင်းချက်ကြောင့်လားလို့ ထင်နေခဲ့ပေမဲ့ ညီနောင်လင်း ပြောတာကို ကြည့်ပြီး ဆုံးဖြတ်လိုက်တယ်"

"မင်းဘာအကြောင်း ပြောနေတာလဲ"

ဝမ်လင်းက လဲ့မို့ရမ်ကို ကြည့်ရင်း အနည်းငယ် အံ့ဩသွားသည်။

"ရှင်းရှင်းပြောရရင် ကျောက်သရဲ မျက်နှာဖုံးကို ဝတ်တာကအရမ်း အန္တရာယ်များတယ်.. ဝတ်ဆင်လိုက်တာနဲ့ မင်းရဲ့ခန္ဓာကိုယ်ကို တကယ် အပိုင်စီးသွားလိမ့်မယ်.. နောက်ပြီး အကောင့်တချို့ရဲ့ ရေးသားချက် အရ တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လုယူတဲ့ နည်းလမ်းက မျက်နှာကို ချိတ်နဲ့ဖောက်လိုက်တာပဲ.."

"............"

"ဒါပေမယ့် ဒီကျောက်သရဲ မျက်နှာဖုံးက အဲဒီ လုပ်ငန်းစဥ်ကို မအောင်မြင်ခဲ့ဘူး ဆိုတာ သိသာတယ်.."

"............"

ဤအချက်ကို ပြောရလျှင် လဲ့မို့ရမ်က သက်ပြင်းကိုပင် မချနိုင်တော့ပေ။

"ညီနောင်လင်းရဲ့ အသားအရည်က ထူတဲ့ပုံပဲ... ဒီအညတရက သိမ်ငယ်စိတ်တောင် ဝင်မိလာပြီ"

".............."

"မင်း-မေ-သောက်-ဖုတ်"

"ဘယ်လိုပဲဖြစ်ဖြစ် ဒီကျောက်သရဲမျက်နှာဖုံးက ညီနောင်လင်းနှင့် အတူရှိနေရင် ညီနောင်လင်း အတွက် အရမ်းဒုက္ခ ဖြစ်စေလိမ့်မယ်.. ငါ့ကို ဘာလို့ မပေးတာလဲ ညီနောင်လင်း.. ဒီမျက်နှာဖုံး ပြဿနာကို ငါ သေချာပေါက် ကိုင်တွယ်ဖြေရှင်းပေးမှာပါ"

လဲ့မို့ရမ်က ရင်ဘတ်ကို ပုတ်၍ ကတိပေးလိုက်သည်။

ထိုစကားကိုကြားလျှင် ဝမ်လင်းက နက်ရှိုင်းသော အတွေးထဲတွင် ခဏမျှ နစ်မြောသွားခဲ့၏။

ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုနှင့် လဲ့မို့ရမ်ကို နှိုင်းယှဉ်မည်ဆိုလျှင် ဝမ်လင်းက သူနှင့် အင်မော်တယ် ကံကြမ္မာ ခုနစ်ဆယ်ရာခိုင်နှုန်း အထိ ရေစက်ရှိသော လဲ့မို့ရမ်ကို ယုံကြည်မည်မှာ သေချာသည်။

သို့သော် ယခုအချိန်တွင်မူ အရာအားလုံးဟာ အပေးအယူ တစ်ခုလို ဖြစ်လာသည်။

ဝမ်လင်းက ဘာမှမတတ်နိုင်ဟု ခံစားခဲ့ရ၏။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လဲ့မို့ရမ်က ဝမ်လင်းဆီမှ ဝိညာဥ်ရေး အာရုံဖြင့် ပြောလိုက်သော စကားကို လက်ခံရရှိကာ အံ့အားသင့်သွားခဲ့သည်။

"ဘာ.. အစည်းအဝေး တက်ပေးရမယ် ဟုတ်လား.. ညီနောင်လင်း.. မင်းအတွက် အစည်းအဝေး မတက်ပေးသ၍ မင်းငါ့ကို မျက်နှာဖုံး မပေးဘူးလို့ ဆိုလိုချင်တာလား"

ဝမ်လင်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ညီနောင်လင်း မင်းက သိပ်သဘောကောင်းတာပဲ.. အဲဒါက အသေးအဖွဲ ကိစ္စပဲလေ.. ဒီအခြေအနေလေး အတွက်နဲ့ ကျောက်သရဲ မျက်နှာဖုံးကို သုံးစရာတောင် မလိုပါဘူး.. မင်းဒီလိုတွေ တောင်းဆိုနေသရွေ့ ငါသေချာပေါက် လာကူညီမှာပါ.. ဒါနဲ့ မင်းငါ့ကို ပြောမပြရသေးဘူးနော်.. ဒီအစည်းအဝေးက ဘာအတွက် စည်းဝေးမှာလဲ"

ဝမ်လင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အမှတ်၆၀ အထက်တန်း ကျောင်းရှိ မိဘဆရာ အစည်းအဝေးပွဲနှင့် ပတ်သက်သည့် အကြောင်းကြားစာကို ကမ်းပေးလိုက်သည်။

လဲ့မို့ရမ် "............."

All Chapters