← Chapters

ကင်မရာရဲ့လျော့စျေးက တကယ်ကို အံ့မခန်းပဲ

Vol. 8 Ch. 106

ကင်မရာရဲ့လျော့စျေးက တကယ်ကို အံ့မခန်းပဲ

Vol. 8 Ch. 106

လက်တစ်ဆုပ်စာ စက္ကန့်ပိုင်းအတွင်း အဖြူရောင်ဝတ် ဆံရှည် အမျိုးသား၏ မျက်လုံးများထံမှ အခိုးအငွေ့များ စိမ့်ဝင်သွားသောအခါတွင် တစ်ယောက်ချင်းစီ၏ အချိန်ခံယူချက်က ပုံပျက်သွားပြီး ယာယီ ထင်ယောင်ထင်မှား ဖြစ်သွားခဲ့သည်။

အချိန်က နှေးကွေးသွားပုံရပြီး စက္ကန့်အနည်းငယ်ကပင် နာရီအနည်းငယ် ကြာသလို ခံစားလိုက်ရသည်။

ထိုအကြည့်မှ ထွက်ပေါ်လာသည့် အမြင့်မြတ်ဆုံး ဝိညာဉ်ရေး ဖိနှိပ်မှု စွမ်းအားမှာ လူတိုင်း၏ စိတ်ဝိညာဉ်ကို လွှသွားနှင့် တစ်လက်မချင်း တိုက်စားနေသလိုပင်။

သူတိုင်း၏ အဝတ်အစားက ချွေး တစ်လုံးလုံး စိုရွှဲနေပြီး ရေနစ်နေသည့် ကြွက်စုတ်တွေလို ဖြစ်နေသည်။

ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုမှ ဒါရိုက်တာနှင့် သူ၏ အရပ်ရှည်ရှည်နှင့် ပုပု လက်အောက်ငယ်သား နှစ်ယောက်က စိတ်ရှုပ်ထွေးမှုမှ ရုန်းထလာနိုင်သောအခါ အဖြူရောင် ၀တ်ထားသော အမျိုးသားက ပျောက်ကွယ်သွားပြီကို တွေ့လိုက်ရသည်။

"ဒါရိုက်တာ စုန့်.."

ဤအသက်ကြီးပြီး ပိုရင့်ကျက်သည့်လူ သတိပြန်မဝင်ခင်

လက်အောက်ငယ်သား နှစ်ယောက်က သူ့နာမည်ကို အကြိမ်ပေါင်းများစွာ ခေါ်ဝေါ်ခဲ့ကြသည်။

"လူက ဘယ်မှာလဲ"

"သွားပြီ.."

"သူဘယ်ကိုသွားတာလဲ"

"ကျတော်တို့လည်း လုံးဝမသိဘူး.. စိတ်ထဲမှာတောင် စဥ်းစားမရတော့ဘူး"

အရာအားလုံးက တခဏအတွင်း ဖြစ်ပျက်သွားခဲ့သည်။

ထိုလူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူ ဖြစ်သည်။

ယင်းအချိန်တွင် ဒါရိုက်တာစုန့်၏ နှလုံးသားတွင် ထိတ်လန့်စရာများ ပြည့်နှက်နေသည်။

သူက နွမ်းလျသော အမူအရာဖြင့် ကားမှန်ပေါ်မှ မိုးစက်များကို ရှင်းထုတ်သည့် ရေယက် ကဲ့သို့ သူ့မျက်နှာပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူများက ကောင်းကင်နှင့်မြေကြီး၏ နိယာမများကို အထိုက်အလျောက် အသုံးချနိုင်ကြသည်။

ထိုသို့သော လူမျိုးနှင့် ရင်ဆိုင်ရလျှင်.. အထူးသဖြင့် အင်အားချင်း အဆမတန် ကွာဟမှုရှိသူ၏ ရှေ့တွင် သင်၏ အရှိန်အဝါကို အနည်းငယ်သာ ဖုံးကွယ်ထားနိုင်မည် ဖြစ်၏။

ထိုသူ၏ အကြွင်းမဲ့အာဏာနဲ့ အကြွင်းမဲ့ဖိနှိပ်မှု အောက်တွင် သင်၏ အချိန်ခံယူချက်ပင် လွဲချော်သွားလိမ့်မည် မဟုတ်ပါလား။

"မင်းတို့ ဒီမိသားစုနဲ့ မညှိနှိုင်းနိုင်ခဲ့တာ အံ့သြစရာ မဟုတ်ဘူး.. အစကတည်းက ငါတို့က သူတို့ရဲ့ ခွန်အားကို လျှော့တွက်မိခဲ့တာပဲ.."

ဒါရိုက်တာစုန့်က လက်သီးများ တင်းကျပ်စွာ ဆုပ်လိုက်ပြီး ဝမ်မိသားစု အိမ်ငယ်လေး ဆီသို့ ခါးသီးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ့အမြင် ဤမိသားစုက လုံးဝမရိုးရှင်းပေ။

သို့သော် ယခုအချိန်က ဤအရာများဖြင့် စိတ်ရှုပ်နေရမည့် အချိန်မဟုတ်ပေ။

ဤမိသားစုက ကျောက်သရဲ မျက်နှာဖုံးကို ပေါ်ပေါ်ထင်ထင် စွန့်လွှတ်လိုက်သောကြောင့် ဤနက်နဲသော ပြဿနာတွင် အားစိုက်၍ မဖြတ်သန်းချင်မှန်း ထင်ရှားနေသည်။

ထို့ကြောင့် ယခုအခါတွင် ၎င်းတို့၏ ဦးစားပေးမှာ အဖြူရောင် ၀တ်စုံဝတ် လူ၏ အထောက်အထားကို စုံစမ်းပြီး အခြားမည်သည့်အရာမှ မလုပ်ရသေးမီ ကျောက်သရဲမျက်နှာဖုံးကို လုယူရန် ဖြစ်သည်။

ဒါရိုက်တာစုန့်က မေးစေ့ကို ပွတ်သပ်ပြီး အခြေအနေကို လေးလေးနက်နက် တွေးတောနေသော အချိန်တွင် သူ့ဘေးမှ လက်အောက်ငယ်သား နှစ်ယောက်က ရုတ်တရက် မေးလိုက်သည်။

"ဒါရိုက်တာကြီး.. အခု ဘယ်လိုလုပ်ကြမလဲ"

"အဖြူရောင်ဝတ်စုံ ဝတ်ထားတဲ့ ဒီစီနီယာက ငါတို့ကို ခြိမ်းခြောက်ဖို့ ဝိညာဉ်ရေး ဖိအားကိုပဲ သုံးခဲ့တယ်.. သူက ငါတို့ကို ရန်လုပ်ချင်စိတ် မရှိတာ သိသာထင်ရှားတယ်.. သူ့ရဲ့ အစွမ်းအစ အရ အခုချိန်ဆို အဝေးကို ရောက်သွားလောက်ပြီ.. ဒါပေမယ့် စစ်ဆေးသင့်တဲ့ အရာကတော့ စစ်ဆေးရမှာပဲ.."

ဒါရိုက်တာစုန့်က သူ့ရွှေရောင်မျက်မှန်ကို ချွတ်လိုက်ပြီး ဘောင်ဘေးက မထင်မရှား ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

မျက်မှန်၏ မှန်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဗီဒီယိုတစ်ခုကို လေထဲတွင် တိုက်ရိုက်ပြသလိုက်သည်။

"ဒါက.."

လက်အောက်ငယ်သားနှစ်ယောက် အံ့သြသွားကြသည်။

အဖြူရောင်ဝတ်စုံဝတ်အမျိုးသား ဝမ်မိသားစုအိမ်ငယ်လေးမှ ထွက်လာပြီး အရှေ့ဟွမ်လမ်းကြားထဲ လမ်းလျှောက်လာစဉ် ရိုက်ကူးထားသည့် ဗီဒီယိုဖြစ်သည်။

ထိုဗီဒီယိုက အဖြူရောင်ဝတ် အမျိုးသားက ခေါင်းကို အနောက်သို့ လှည့်ကြည့်လိုက်သော အချိန်တွင် ဖြတ်ချသွားသည်။

"သခင်တစ်ယောက်နဲ့ ရင်ဆိုင်နေရတာ ဆိုတော့ အရာရာမှာ ဆင်ခြင်ဖို့လိုတယ်"

ဒါရိုက်တာစုန့်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

အဖြူရောင်ဝတ် အမျိုးသား၏ ပြင်းထန်သော ဝိညာဉ်ရေးရာ ဖိအားကြောင့် ဗီဒီယိုက ဖြတ်တောက်သွားသော်လည်း ရိုက်ကူးမှုတွင် သူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲ ဖြစ်သည်။

ဒါရိုက်တာက ဗီဒီယိုပိတ်လိုက်ပြီး မျက်မှန်ကို သေချာခေါက်လိုက်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဒီပစ္စည်းက မဆိုးပါဘူး.. အလွန်ပြင်းထန်တဲ့ ဝိညာဥ်ရေး ဖိအားကို အထိုက်အလျောက် ခံနိုင်ရည် ရှိခဲ့တယ်.. နောက်ပိုင်းမှာ သခင်အတွက် အစီရင်ခံစာ ရေးတဲ့အခါ ဒီမျက်မှန်ကို လူကြိုက်များတဲ့အကြောင်း လျောက်တင်ရမယ်"

"ဒါရိုက်တာစုန့်.. ဒီမျက်မှန်တစ်စုံက ဒဏ္ဍာရီလာ ခရီးဆောင်ပရိုဂျက်တာ ကင်မရာမျက်မှန်လား"

လက်အောက်ငယ်သားက ထူးခြားသော ပစ္စည်းများကိုသာ တီထွင်သည့် ရီတာလီ သုတေသန ဌာနမှ တီထွင်ထားသော နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာကို အသုံးပြုထားသည့် မျက်မှန် အကြောင်းကို ပြောလိုက်သည်။

"အင်း.. ငါ့လစာနဲ့ ရီတာလီ သုတေသနဌာနက အကန့်အသတ်နဲ့ ထုတ်ထားတဲ့ တန်ဖိုးကြီး ဗားရှင်းကို ဘယ်လိုလုပ် တတ်နိုင်မှာလဲ.. အခုချိန်က အဖွဲ့ရဲ့ အတွေးအခေါ်ကို မင်းလေ့လာရမဲ့ အချိန်ပဲ.. ပထမဆုံးအနေနဲ့ မင်း မှတ်ထားရမှာက ပေါချောင်ကောင်းမျိုးကို ရွေးချယ်တတ်ရတယ်"

ဒါရိုက်တာစုန့်က သူ့မျက်မှန်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ဒါက အထူးသဖြင့် ပါပါရာဇီတွေ အဓိက အသုံးပြုတဲ့ ရေစိုခံ အိတ်ဆောင်ပရိုဂျက်တာ ကင်မရာမျက်မှန်ပဲ.. ကင်မရာရဲ့ လျော့စျေးက တကယ်ကို အံ့မခန်းပဲလေ

".............."

"အခုတော့ ဒီလူကိုရှာဖို့ ဒီမှတ်တမ်းကို အသုံးပြုရတော့မယ်.. ဒါပေမယ့် အဲဒီမတိုင်ခင်မှာ အရေးကြီးတဲ့ အချက်တစ်ခု ရှိသေးတယ်"

ဒါရိုက်တာစုန့်၏ အမူအရာက ရုတ်တရက် အနည်းငယ် ဆိုးရွားသွားသည်။

"ဒါရိုက်တာ မင်းအမိန့်နဲ့.."

"မင်း မနေ့က ဝမ်မိသားစုဆီကနေ ဝယ်လာတဲ့ Long john တွေ ရှိသေးတယ် မဟုတ်လား.. ငါ့ကို ခဏဌားစမ်းပါဦး.."

"............."

..............................

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်မိသားစု အိမ်ငယ်လေးမှ ထွက်လာပြီး နာရီဝက်ခန့်အကြာတွင် ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုမှ လူများကို မျက်ခြေ ဖြတ်လိုက်သည်။

သူ့အိမ်က ဤနေရာနှင့် အတော်အတန် ဝေးကွာနေသေးသော်လည်း သူ့တွင် ဓားပျံ လိုင်စင်ရထားသောကြောင့် အေးအေးလူလူ ခရီးဆက်ရုံပင်။

ဗုံးပစ်စီနီယာ အင်မော်တယ်က လူကုံထံများ လူကြီးလူကောင်းများသာ နေထိုင်သည့် ဝေ့ရှန်းဥယျာဥ်အိမ်ရာတွင် နေထိုင်သည်။

မှန်၏။ သူကိုယ်တိုင်က လူချမ်းသာ တစ်ယောက် မဟုတ်ပေ။

လင်းစစ်စုန့် ဟုခေါ်သော အိမ်ခြံမြေ သူဌေးကြီးအား သတ္တိရှိရှိ ကူညီပေးပြီးနောက် ဤအိမ်ရာထဲရှိ ဇိမ်ခံအိမ် တစ်လုံးကို သူဌေးကြီးထံမှ လက်ဆောင်အဖြစ် ရရှိခဲ့ခြင်း ဖြစ်သည်။

ဝေ့ရှန်း ဥယျာဥ်အိမ်ရာမှာ ဤသူဌေးကြီး ပိုင်သည့် ဥယျာဥ် အိမ်ရာလည်း ဖြစ်၏။

သူဌေးကြီးထံမှ ဇိမ်ခံအိမ်ကို လက်ခံပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ၎င်းစိတ်ကြိုက် ပြုပြင်ခဲ့သည်။

ဝေ့ရှန်း ဥယျာဥ်အိမ်ရာရှိ လုံခြုံရေး အကြီးအကဲက ဤပထမတန်းစား ဇိမ်ခံအိမ်ကြီး ပိုင်ရှင် လက်လွှဲသွားသော အခိုက်ကို ဘယ်သောအခါမှ မမေ့နိုင်ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က နောက်ထပ် တိုးချဲ့ တည်ဆောက်မှု လုပ်၍ရသည့် အိမ်အနောက်ဘက်ကို ပြားချပ်ချပ် ဖြစ်ရန် မြေတူးစက်ကို ကိုယ်တိုင် မောင်းနှင်ခဲ့၏။

သူက ဇိမ်ခံအိမ်ရှိ အဆင့်မြင့် ပရိဘောဂများ အားလုံးကိုလည်း ရောင်းချခဲ့သည်။

အကယ်၍ ဤအိမ်ကြီးသာ လက်ဆောင်တစ်ခု မဟုတ်ခဲ့လျှင်သူက ရောင်းချလိုက်မည် ဖြစ်သည်။

သူ့အနေဖြင့် ဆိုလျှင် ဤမျှ တောက်ပြောင်လွန်းသော ဇိမ်ခံအိမ်ကို ပိုက်ဆံများစွာ အကုန်အကျခံကာ ဘယ်သောအခါမှ ဝယ်ယူဖြစ်မည် မဟုတ်ကြောင်း သူ ခံစားခဲ့ရသည်။

ကျောင်းသား လဲ့မို့ရမ်က ဤရှုထောင့်တွင် ဝမ်လင်း နှင့် အတော်လေး ဆင်တူသည်ဟု ခံစားမိသည်။

၎င်းတို့က မိမိကိုယ်ကို သိုသိုသိပ်သိပ် နေတတ်ရုံမက နိမ့်ကျသော ကိုယ်ရေးအကျဉ်းကိုလည်း ထိန်းသိမ်း ထားတတ်ကြသည်။

သူက စည်းစိမ်ခံစား၍ ပျော်ပါးတတ်သူမျိုး မဟုတ်ခဲ့ပေ။

ထို့ကြောင့် ဇိမ်ခံအိမ်ရှိ ပရိဘောဂ အားလုံးက သူ့အတွက် နည်းနည်းလေးမှ အသုံးမဝင်သဖြင့် စျေးသက်သက်သာသာ ဖြင့်ပင် ရောင်းချလိုက်သည်။

ယခုအချိန်တွင် သူ၏ အင်မော်တယ်ဓားကို ထိန်းသိမ်းရန်အတွက် ဆီက အဓိပ္ပါယ်မရှိ လောက်အောင် ဈေးကြီးနေပြီ ဖြစ်သည်။

ထို့ပြင် ကျင့်ကြံခြင်း ဖိုရမ်ကို ဆက်လက် လည်ပတ်ရန် ရန်ပုံငွေများစွာလည်း လိုအပ်နေပြီ ဖြစ်၏။

သူက ဝဘ်ဆိုက် "သူဌေး" တစ်ဦး အနေဖြင့် ဖိအားများအောက်တွင် ရှိနေသည်ဟု ခံစားခဲ့ရသည်။

လဲ့မို့ရမ်က အိမ်ပြန်ရောက်သည်နှင့် ချက်ချင်း ဖုန်းဆက်လိုက်သည်။

ဖုန်းလိုင်းက အခြားတစ်ဖက်ရှိ တောင်တန်းနှင့် ပင်လယ်ပြင်များ ရှိရာ ဟွာရှို့နိုင်ငံ နယ်စပ်ရှိ မြေအောက် ဓာတ်ခွဲခန်းသို့ ချက်ချင်း ရောက်ရှိသွားသည်။

"ဟယ်လို.. ဘလက်လေး.. ဟုတ်တယ်.. ငါပါ.. ဗုံးပစ် စီနီယာ အင်မော်တယ်"

ဘလက်လေး၏ ဓာတ်ခွဲခန်း ဖျက်ဆီးခံရသည်မှာ တစ်ပတ်နီးပါး ရှိနေပြီ ဖြစ်၍ အနည်းဆုံးတော့ အခြေခံပစ္စည်းများကို ပြန်လည် ဖြည့်တင်း ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် ဓာတ်ခွဲခန်းက အတော်လေးကို ပြန်၍ လည်ပတ်နေပြီ ဖြစ်၏။

ဓာတ်ခွဲခန်းကို ပြန်လည် ထိန်းသိမ်းခဲ့ရသည့် ဘလက်လေး၏ ညီးညူမှုများကို သူနားထောင်ခဲ့ရသည်။

၎င်း၏ ခါးသီးသော အားထုတ်မှုများကို ကြားပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချခဲ့သည်။

"အင်း.. မင်းအလုပ်များနေမှန်း ငါသိပါတယ်.. ဒါပေမယ့် အမြှောက်ပြင်ဖို့က စောင့်လို့ရတယ်လေ.. ဒီနေ့ ငါ့ညီနောင် တစ်ယောက်နဲ့ သွားတွေ့တယ်.. ဓါတ်ခွဲခန်းကို ဖျက်ဆီးတဲ့လူကို ရှာပေးမယ်လို့ သူက ကတိပေးထားတယ်.. ပြီးရင် ငါ့ညီနောင်နဲ့ အတူ ငါတို့တွေ အဲဒီအဖျက်ကောင်ကို သွားရိုက်ခွဲကြမယ်.. ဒါပေမယ့် အဲဒီ မတိုင်ခင်က အဖွဲ့အစည်း တစ်ခုကို စုံစမ်းဖော်ထုတ်ဖို့ မင်း အကူအညီကို လိုချင်တယ်.. ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု အကြောင်း မင်းကြားဖူးလား"

All Chapters