ထွင်ထျန်းဟာ၏ လူသားများအပေါ် လေ့လာချက် ဒိုင်ယာရီ
Vol. 8 Ch. 107
မေလ ၂၁ ရက် ကြာသပတေးနေ့ စာသင်နှစ်ဝက်၏ စတုတ္ထပတ်အတွင်း ဖြစ်သည်။
နံနက်ပိုင်းတွင် ဝမ်လင်းက ထုံးစံအတိုင်း ကျောင်းသို့ ထွက်လာခဲ့သည်။
အိပ်ခန်းထဲတွင် အိပ်ငိုက်နေသော ထွင်ထျန်းဟာက မျက်လုံးများကို ဖွင့်လိုက်ပြီး ဝမ်လင်း၏ အိပ်ရာအောက်မှ သူ၏ ဒိုင်ယာရီလေးကို ထုတ်ယူလိုက်သည်။
ထွင်ထျန်းဟာက လျင်မြန်စွာ လေ့လာသင်ယူခဲ့သည်။
ဤသုံးရက်အတွင်း ပုံဆွဲခြင်းများအပြင် စာဖတ်ခြင်းနှင့် စာရေးနည်းများကိုပါ သင်ယူခဲ့သည်။
ဤလူသား ဘာသာစကားက သင်ယူရန် ခက်ခဲသည်ဟု သူမထင်ခဲ့ပေ။
အဆုံးသတ်တွင် သူက အဆင့်တူ နတ်ဆိုးဘုရင်များထက် ခွန်အားအရာတွင် များစွာ သာလွန် ကောင်းမွန်သည် မဟုတ်ပါလား။
ဆန့်ကျင်ဘက်အားဖြင့် နတ်ဆိုးမျိုးနွယ်စု၏ အမှောင်ကျမ်းစာများတွင် ရေးထားသော စာများမှာ အမှန်တကယ် သင်ယူရ ခက်ခဲသည်။
အက္ခရာ ရေးသားရာတွင်ဖြစ်စေ.. ဝါကျ တည်ဆောက်ရာတွင် ဖြစ်စေ အမှောင်စာများက လူသားများ ရေးသားသည့် စာများထက် များစွာ ခက်ခဲသည်။
လွန်ခဲ့သော ခြောက်နှစ်ခန့်က မကောင်းဆိုးဝါး သောင်းကျန်းခြင်းကာလ မရောက်မီ နတ်ဆိုးများက ကမ္ဘာခြား ဂိတ်တံခါးမှတဆင့် စုစုပေါင်း လေးဆယ့်ရှစ်ကြိမ် ကမ္ဘာမြေပေါ်သို့ ဆင်းသက်ခဲ့ကြသည်။
ထွင်ထျန်းဟာက လူ့လောကကြီးကို ဖျက်ဆီးရန်အတွက် လေးဆယ့်ကိုးကြိမ်မြောက် ကမ္ဘာမြေပေါ်ကို ဆင်းသက်လာသည့် နတ်ဆိုးကမ္ဘာမှ နတ်ဆိုးဘုရင် တစ်ပါး ဖြစ်၏။
၎င်းက ကမ္ဘာမြေပေါ်သို့ ဆင်းသက်ပြီး ဖျက်ဆီးမှု များစွာ မလုပ်ရသေးခင်မှာပင် ၎င်း၏မူလဝိညာဥ်ကို လက်သီးတစ်ချက်တည်းဖြင့် ဆုံးရှုံးခဲ့ရသည်။
သူက နတ်ဆိုးလောက၏ နတ်ဆိုးဘုရင်များ စွန့်ပစ်ခြင်းကို ခံရသည့် ပထမဆုံး နတ်ဆိုးဘုရင်လည်း ဖြစ်၏။
လူသားကမ္ဘာတွင် အကျဥ်းချခံထားရသော သူ၏ မူလဝိညာဥ်မှာ ခက်ခဲကြမ်းတမ်းမှုများကို ကြုံတွေ့ခဲ့ရသည်။
အဆုံးသတ်တွင် ခွေးတစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ အခြားဝိညာဥ်တစ်ခုနှင့် အတူ အတင်းအကျပ် ပေါင်းစည်းခြင်း ခံခဲ့ရ၏။
ဆိုရလျှင် ၎င်း၏ သနားစရာကောင်းသော ဘဝကို ဖော်ပြရန် စကားလုံးများပင် မရှိတော့ပေ။
အစောပိုင်းကာလတွင် သူက လူသားကမ္ဘာ၌ နေထိုင်ချင်စိတ် မရှိသော်လည်း အချိန်ကြာလာသည်နှင့် အမျှ ဤကမ္ဘာနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်တတ်လာသည်။
အမှတ်၆၀ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော အခြေခံ တည်ဆောက်ခြင်းအဆင့်သာ ရှိသေးသည့် ကျောင်းသားများမှာ အမှန်တကယ် ချစ်စရာကောင်းသည်ဟု သူခံစားခဲ့ရသည်။
ထို့ကြောင့် လူသားတို့ အသုံးပြုသော အက္ခရာစာလုံးများကို ရေးတတ်အောင် သင်ယူပြီးသည်နှင့် လူ့လောကတွင် မြင်တွေ့ခဲ့ရသည့် သင်ခန်းစာများကို ဒိုင်ယာရီပုံစံဖြင့် မှတ်တမ်းတင်ထားရန် ဆုံးဖြတ်ခဲ့သည်။
နောင်တစ်ချိန် နတ်ဆိုးလောကသို့ ပြန်ခွင့်ရခဲ့လျှင် ဤဒိုင်ယာရီက ကမ္ဘာမြေကြီးပေါ်ရှိ ၎င်း၏အချိန်ကို ပြန် အမှတ်ရစေမည့် ဒိုင်ယာရီ ဖြစ်လာမည် ဖြစ်သည်။
ဤဒိုင်ယာရီက တစ်နေ့တွင် နတ်ဆိုးကမ္ဘာနှင့် လူသားကမ္ဘာကြားရှိ နှစ်ပေါင်းများစွာ နားလည်မှု လွဲမှားမှုများကို ဖယ်ရှားပစ်နိုင်မည် ဖြစ်၏။
ခေါင်းစဉ်[ ကောင်းကင်ဝါးမျို ဖားပြုပ်ဘုရင်၏ ခွေးတစ်ကောင်ဖြစ်လာပြီးနောက် ပထမဆုံး လူသားလေ့လာရေးဒိုင်ယာရီ မှတ်တမ်း ]
ရက်စွဲ [မေလ 21 ရက်]
ရာသီဥတု [နေသာသည်]
စိတ်ခံစားချက် [ ရှုပ်ထွေးသည်]
လက်ရှိဆန္ဒ [အလုံအလောက်သာ ပြင်းပြင်းထန်ထန် ကျင့်ကြံလိုက်မယ်ဆိုရင် လူသားပုံစံကို ခံယူနိုင်မယ်လို့ မျှော်လင့်တယ်။ လူသားဖြစ်လာရင် ငါ့မျက်နှာက ဘဲဥပုံ ဖြစ်မယ်လို့ ငါထင်တယ်]
ဒိုင်ယာရီထဲမှ စာသားများမှာ အောက်ပါအတိုင်း ဖြစ်သည်။
[ဒီနေ့နံနက်စာက နယူးအောလန်း ပျံသန်းခြင်းအရသာ ခွေးစာပဲ.. မနေ့ညက သခင်လေးဝမ်လင်းနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးပြီးနောက်မှာ သခင်လေးက ကော်ဟောက်ကို အစပ်အရသာ ဗားရှင်းအတွက် အကူအညီတောင်းဖို့ ဆုံးဖြတ်ခဲ့တယ်]
[လူ့လောကကို ရောက်ကတည်းက အစပ်မစားရတာ တော်တော်ကြာနေပြီလေ။ မမျှော်လင့်ဘဲ အစပ်စာတွေ မကြာခင် စားနိုင်တော့မယ် ဆိုတဲ့ အတွေးကြောင့် အနည်းငယ် ပျော်ရွှင်သလို ခံစားခဲ့ရတယ်]
[လူ့လောကကို ကနဦး အကြမ်းဖျင်း လေ့လာပြီးနောက် ကျွန်တော့်အမြင်မှာ အောက်ပါအတိုင်း ဖြစ်တယ်]
[ပထမအချက်= လူဆိုး အနည်းငယ်မှလွဲ၍ လူသားအများစုမှာ သာမန် ကျင့်ကြံသူများနှင့် သာမန် ပြည်သူများသာ ဖြစ်ကြသည်။ ထို့ပြင် ငြိမ်းချမ်းရေးကိုလည်း အလွန် လိုလားကြသည်။ ကောလဟာလတွေနဲ့ မတူတာက သူတို့တွေက နတ်ဆိုးမျိုးနွယ် အတွက် တကယ့် ခြိမ်းခြောက်မှု မဟုတ်ဘူး]
[ဒုတိယ= ဟိုတုန်းက ဟုန်ယွီလို့ ခေါ်တဲ့ လူသား ကျင့်ကြံသူ သခင် တစ်ယောက်က နတ်ဆိုးဘုရင် ရွှေကျီးကန်းကို ပစ်သတ်ခဲ့တယ် ဆိုတဲ့ ကောလဟာလ တစ်ခု ရှိခဲ့တယ်။ ဟုန်ယွီက တရုတ်ဒဏ္ဍာရီထဲမှာ အကျော်ကြားဆုံး လေးသည်တော် ဖြစ်တယ်။ နေဆယ်စင်းရဲ့အပူရှိန်နဲ့ ကမ္ဘာကြီးကို မီးရှို့မယ်လို့ လူသားတွေ ခြိမ်းခြောက်ခံရတဲ့အခါ နေကိုးစင်းကို မြားနဲ့ ပစ်ချခဲ့တယ်.. ရှေးတရုတ်စကားမှာ "နေ"ကို ရွှေကျီးလို့ ဘာသာပြန်ဆိုထားတဲ့ အတွက် နတ်ဆိုးမျိုးနွယ် တစ်ခုလုံးကို ဒေါသတွေ ထွက်စေခဲ့တာပဲ.. တကယ်တော့ ဒါက လူသားကမ္ဘာရဲ့ ဒဏ္ဍာရီ တစ်ခုမျှသာဖြစ်တယ်.. ဟုန်ယွီလို ပုဂ္ဂိုလ်မျိုးလည်း မရှိခဲ့ဖူးဘူး]
[တတိယအချက်= နတ်ဆိုးမျိုးနွယ်မှာ ကမ္ဘာခြားဂိတ်ကို ကျူးကျော်လာပြီး နတ်ဆိုး ကင်းမြီးကောက်နဲ့ နတ်ဆိုးမြွေကို ဖမ်းဆီးခဲ့တဲ့ အနှိုင်းမဲ့ သူရဲကောင်း ၇ယောက်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတစ်ခု ရှိတယ်။ ဒီအရာတွေက လူသားကမ္ဘာမှာ ကာတွန်းမျှသာ ဖြစ်တယ်.. တကယ်လက်တွေ့မှာ မရှိဘူး]
[နိဂုံး= နတ်ဆိုးများကို ဆောင်းပါးများ၊ မှတ်ချက်များဖြင့် ရည်ရွယ်ချက် ရှိရှိ လွှမ်းမိုးရန် အင်တာနက်ကို နည်းဗျူဟာအဖြစ် အသုံးချသည့် ဆိုးယုတ်သော ရည်ရွယ်ချက် ရှိသူတွေကြောင့် နတ်ဆိုးမျိုးနွယ်က ဤနှစ်များ တစ်လျှောက်လုံး လူသားကမ္ဘာ အပေါ် နားလည်မှု အပိုင်းတွင် အလွန်တရာ လွဲမှားနေခဲ့တယ်။ နတ်ဆိုး မျိုးနွယ်စု အကြီးအကဲများ အားလုံး ဤဒိုင်ယာရီကို ဝင်ရောက် ကြည့်ရှုခွင့်ရရင် အလေးအနက် တွေးတောဆင်ခြင်ပြီး လူသားတွေနှင့် ကျနော်တို့နတ်ဆိုးတွေရဲ့ ဆက်ဆံရေး တိုးတက်လာမှာကို အလယ်ကနေ ကဖျက်ကယက် လုပ်နေတဲ့ ကီးဘုတ်နတ်ဆိုးကို ဖမ်းဆီးစေလိုတယ်"
..........................
ထွင်ထျန်းဟာ၏ ပထမဆုံး ဒိုင်ယာရီ မှတ်တမ်းက အရှည်ဆုံး ဒိုင်ယာရီ မှတ်တမ်းထဲက တစ်ခုဖြစ်မည်ဟု ထင်ရ၏။
သူက လူသား ကမ္ဘာတွင် လွန်ခဲ့သော ခြောက်နှစ်က ရရှိခဲ့သော ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံများကို အခြေခံ၍ ရေးသားခဲ့သည်။
လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ် ကြားတွင် ကြီးမားသော နားလည်မှု လွဲမှားခြင်းများ အမှန်တကယ် ရှိနေသည်ဟု သူအမြဲတမ်း ခံစားခဲ့ရသည်။
နှစ်ဖက်စလုံးသာ ထိုအကြောင်းကို အသေအချာ ဆွေးနွေးခဲ့မည် ဆိုလျှင် မျိုးနွယ်စုနှစ်ခု၏ ဆက်ဆံရေးက ယခုလောက်ထိ တင်းမာနေမည် မဟုတ်ပေ။
နှစ်ပေါင်းများစွာ ပဋိပက္ခများ ဖြစ်ပွားပြီးနောက် သူ၏ ဒိုင်ယာရီတစ်ခုတည်း အပေါ် မှီတည်၍ ငြိမ်းချမ်းရေး ဖြစ်လာမည်ဟု သူမမျှော်လင့်ခဲ့ပေ။
လူသား အများစုက ငြိမ်းချမ်းရေးကို လိုလားကြသော်လည်း လူဖြစ်စေ၊ နတ်ဆိုးဖြစ်စေ ၎င်းတို့၏ မျိုးနွယ်စု အတွက်သာ သမာသမတ်ကျသော အစွန်းရောက်များလည်း ရှိသည်။
နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်စုနှင့် လိုက်လျောညီထွေစွာ ရှိလိုလျှင် ဤအစွန်းရောက်များကို ဦးစွာ ကိုင်တွယ်ရန် အရေးကြီးသည်ဟု သူက ယူဆသည်။
ဤရှည်လျားသော ပထမဆုံးစာကို ရေးပြီးနောက်တွင် ဒိုင်ယာရီကို ပိတ်ကာ ကုတင်အောက်သို့ ပြန်ထားလိုက်သည်။
သူ့ကို ချန်ထားခဲ့သည့် အတွက် နတ်ဆိုးမျိုးနွယ်ကို အမြဲအငြိုးထားခဲ့သော်လည်း အဆုံးသတ်တွင် ထွင်ထျန်းဟာမှာ သူ၏ ဇာတိမြေကို လွမ်းဆွတ်နေဆဲ ဖြစ်သည်။
အမှန်တကယ်လည်း ထိုအချိန်က သူ့ကို ချန်ထားခဲ့ဖို့က လွဲ၍ နတ်ဆိုးများမှာ တခြား ရွေးချယ်စရာ မရှိခဲ့ချေ။
သခင်လေး ဝမ်လင်းက အလွန်တရာ သန်မာလွန်းနေသည် မဟုတ်ပါလား။
ထွင်ထျန်းဟာက ဝမ်လင်း၏ အိပ်ခန်းမျက်နှာကျက်ကို ဖြတ်ကျော်၍ တောက်ပနေသော နေရောင်ကို လှမ်းကြည့်လိုက်သည်။
သူတို့၏ နတ်ဆိုးလောကတွင် နေမှာ ခရမ်းနက်ရောင် ဖြစ်သည်။
ကောင်းကင်မှ နေရောင်ကို ငေးကြည့်ရင်း ထွင်ထျန်းဟာကသူ၏ ညီနောင် ကြက်ကလေးကို ရုတ်တရက် သတိရသွားသည်။
ကြက်ကလေးမှာ နတ်ဆိုးဘုရင်များ အသိုင်းအဝိုင်းတွင် ကြက်ဘုရင်ဟု ကျော်ကြားပြီး ပထမကြက်ဟု အမည်ပြောင်ရထားသည်။
ထိုကာလများတွင် သူတို့က တစ်ညလုံး အတူတကွ ကျင့်ကြံကြလေ့ရှိပြီး နံနက်သို့ ရောက်လျှင် ကြက်ကလေးက အမြဲတမ်း ကျယ်လောင် ပြတ်သားစွာ တွန်တတ်သည်။
အကယ်၍ ကမ္ဘာခြားဂိတ်တံခါးသာ ထိုအခါက တခဏအတွင်း မပိတ်သွားခဲ့လျှင်ကြက်ကလေးက သူ့ကို ကယ်တင်ရန် အပြေးအလွှား ထွက်လာခဲ့မည်မှာ သေချာသည်။
ပထမကြက်က ဘယ်လိုဖြစ်နေပြီလဲ သိချင်လိုက်တာ...
ထွင်ထျန်းဟာက ကြမ်းပြင်ပေါ်တွင် ဝမ်းလျားမှောက်လျက် ရှိနေသည်။
သူက တွေးရင်း စိတ်လှုပ်ရှားလာပြီး အစိမ်းရောင်အမြီးကို လှုပ်ယမ်းလိုက်သည်။
.....................
ထွင်ထျန်းဟာက သူ၏ လေ့လာတွေ့ရှိချက်များကို ဒိုင်ယာရီတွင် ရေးပြီးသွားခဲ့သည်။
ယင်းအချိန်တွင် အခြားတစ်နေရာ၌ ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု၏ ဒါရိုက်တာစုန့်က စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို လက်ခံရရှိခဲ့သည်။
ထိုနေ့နံနက် အစောပိုင်းတွင် သူ့လက်အောက်ငယ်သား နှစ်ယောက်က ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု၏ နိုင်ငံခြားဘာသာစကား သုတေသနရုံးသို့ ရောက်သည်နှင့် တပြိုင်နက် သတင်း အချက်အလက်များကို သူ့ထံ ပေးပို့ခဲ့သည်။
"ဒါရိုက်တာစုန့်.. ရလဒ်တွေကတော့ ထွက်လာပြီ"
"အရမ်းမြန်တယ်"
သူ အနည်းငယ် အံ့သြသွားသည်။
"ကျွန်တော်တို့မှာ သူ့မျက်နှာသွင်ပြင်ရဲ့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ ရှိတယ်လေ.. ဒါ့အပြင် ဒီလူက သူ့ရဲ့ လက္ခဏာကို ဖုံးကွယ်ဖို့ အသွင်ပြောင်း စွမ်းရည်ကို အသုံးမပြုထားဘူး.. နည်းပညာရှင်တွေက ကျင့်ကြံခြင်း ရဲစခန်းရဲ့ ဒေတာအချက်အလက်ကို ဖောက်ထွင်းပြီး သူ့အကြောင်းကို အမြန်ရှာတွေ့ခဲ့ပါတယ်"
အရပ်ရှည်သော လက်အောက်ငယ်သားက ပြောလိုက်သည်။
"ဒီလူက သူ့ကိုယ်သူ ယုံကြည်မှု အတော်လေး ရှိပုံရတယ်"
ဒါရိုက်တာစုန့်က မျက်မှောင်ကြုတ်လိုက်သည်။
အရပ်ပုပု အမျိုးသားက ချွေးများ စတင်ထွက်လာသည်။
"ဒါရိုက်တာ.. ဒီလူရဲ့ ကိုယ်ရေးအကျဉ်းကို အရင်ကြည့်သင့်တယ်.. ဒီလူက အန္တရာယ်များတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ အများက အသိအမှတ်ပြုထားကြတယ်"
အများက အသိအမှတ်ပြုရတဲ့ အန္တရာယ်များတဲ့ ပုဂ္ဂိုလ်လား..
ဤဖော်ပြချက်ကို နားထောင်လိုက်ရုံဖြင့် ဒါရိုက်တာစုန့်၏ နှလုံးသားက ချက်ချင်းပင် နစ်မွန်းသွားပြီး ဆိုးရွားသည့် ခံစားချက်ကို ခံစားခဲ့ရသည်။
စုံစမ်းစစ်ဆေးမှု ရလဒ်များကို လှန်ကြည့်လိုက်သည်နှင့် ထိုလူ၏ တာအို အမည်ကို ဦးစွာ တွေ့လိုက်ရသည်။
ထိုခဏတွင် သူ၏ ဦးခေါင်းမှာ ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။
"သောက်-ဖုတ်ပဲ.. ဒီလူက ဘာအကြောင်းနဲ့ ဒီလို နာမည်ပေးထားတာလဲ"
ဒါရိုက်တာစုန့်က ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။
ထိုလူက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း နယ်ပယ်တွင် သာမန်အဆင့်သာ ရှိလျှင် အဆင်ပြေလောက်သေးသည်။
သို့ရာတွင် ထိုလူက သာမန်လူတစ်ယောက် မဟုတ်ခဲ့ပေ။
ဗုံးပစ် စီနီယာအင်မော်တယ်၊ ကျင့်ကြံခြင်းဖိုရမ် ပိုင်ရှင်၊ ယနေ့ကျင့်ကြံခြင်း လောကတွင် အကျော်ကြားဆုံး အန္တရာယ်ကောင်၊ သမီးရည်းစား သေဆုံးခြင်းကို ဂုဏ်ယူမဆုံး ဖြစ်နေသည့် အပြုအမူက သူ၏ အဓိက ဥပမာ ဖြစ်သည်။
ဒဏ္ဍာရီလာ ကြီးမြတ်သော သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာ၊ နာမည်ကြီး ပြဿနာရှာသူ။