← Chapters

ကူညီထောက်ပံ့ရေး စီမံကိန်း

Vol. 8 Ch. 108

ကူညီထောက်ပံ့ရေး စီမံကိန်း

Vol. 8 Ch. 108

ကျိုးရီက ဤနှစ်ရက်တွင် မြို့ပြရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားများ အတွက် အစိုးရ ပရဟိတ ရန်ပုံငွေ ထောက်ပံ့ရေး အစီအစဉ်ကို အာရုံစိုက်ပြီး အလုပ်များနေသည်။

ပရဟိတရံပုံငွေမှာ လုပ်ငန်းစုကြီး များစွာနှင့် ဟွာကောရေတံခွန် လုပ်ငန်းစုတို့ အကြား ဖက်စပ်လုပ်ငန်း တစ်ခုဖြစ်သည်။

ဤထောက်ပံ့ ကူညီရေး ပရောဂျက်ကို အကောင်အထည်ဖော်ရန် ဖေးယန်ခရိုင်တွင် လျှောက်လွှာများ ကောက်ခံနေသည်။

ထို့ကြောင့် ထောက်ပံ့ကူညီရေး စာရင်းထဲတွင် ဝမ်လင်း၏ အမည်ပါနေသည်ကို တွေ့လိုက်ရလျှင် သူ လုံးဝကို အံ့အားသင့်သွားခဲ့သည်။

ဆရာမဖန်က ဝမ်လင်း၏ကိုယ်စား ဒါရိုက်တာရှီး ထံတွင် လျှောက်လွှာတင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကျောင်းအုပ်ကြီးချန်းကလည်း ဝမ်လင်းကို ထောက်ခံပေးထား၏။

အဆုံးသတ်ပြောရလျှင် တစ်ကျောင်းလုံးက ဝမ်လင်း၏ မိသားစု အခြေအနေ မည်မျှ ဆိုးရွားမှန်း သိရှိထားကြသည်။

အိမ်စျေးတွေ သက်သာသော ဤခေတ်တွင် မြို့တွင်း ကျောင်းခရိုင်ဇုန်ထဲမှာ နေထိုင်ဖို့ပင် မတတ်နိုင်ကြပေ။

ကျောင်းသား ဝမ်လင်းက ကျောင်းသို့လာရန် စိတ်ဝိညာဥ်ဘတ်စ်ကားကို၂နာရီကြာ စီးရသည့် အတွက် နေ့စဥ်နေ့တိုင်း စောစောထရသည်။

ထို့အပြင် ဝိညာဥ်ဓား ဖလှယ်ပွဲတွင်လည်း ဝိညာဥ်ဓားကိုပင်ယူဆောင်လာနိုင်ခြင်း မရှိဘဲ သစ်သားဓားကိုသာ ယူလာခဲ့၏။

ယခင်က တင်ပြခဲ့သော ဆင်းရဲနွမ်းပါးသော ကျောင်းသားများ၏ အစီရင်ခံစာမှ ဆရာမဖန်၏ စကားလုံးခြောက်လုံးကို အကျဉ်းချုပ် ဖော်ပြရလျှင် အလွန် စိတ်မချမ်းမြေ့စရာ၊ အလွန် ဝမ်းနည်း ပူဆွေးစရာ၊ အလွန် ပူပန်သောက ရောက်စရာ..

ကျိုးရီက သူ၏ဆရာလေး ဝမ်လင်းအတွက် လေးနက်သောခံစားချက်များကို ရင်ထဲတွင် အမြဲတမ်း သိမ်းဆည်းထားသောကြောင့် ဤကိစ္စကို အထူး အာရုံစိုက်မိခဲ့သည်။

ဆရာ ဒုက္ခရောက်ခဲ့လျှင် တပည့်ဖြစ်သူက လျစ်လျူရှုနိုင်ပါမည်လော။

အစိုးရက ယခုတစ်ကြိမ်တွင် ပရဟိတ ရံပုံငွေ အမြောက်အမြား ခွဲဝေချထားပေးခဲ့သော်လည်း အကန့်အသတ်တော့ ရှိနေသည်။

ထောက်ပံ့ကူညီမှု ရရှိရေးအတွက် ကျောင်းသား အရေအတွက် အများအပြား လျှောက်ထားခဲ့ကြသည်။

ကျိုးရီ၏ လက်ရှိတာဝန်မှာ မိမိတို့ကိုယ်ကို အလွန်ဆင်းရဲသည်ဟု မြင်နေသော လူလတ်တန်းစား မိသားစုများမှ ကျောင်းသားများကို ဖယ်ရှားရန် နှင့် အပျော်သဘောဖြင့် တမင်တကာ ဖင်-ယားပြီး လျှောက်ထားခဲ့သော လူချမ်းသာ မိသားစုများမှ ကျောင်းသားများကို ဖယ်ရှားရန် ဖြစ်သည်။

သူက ဖေးယန်ခရိုင်ရှိ ကျောင်းသား လျှောက်လွှာ အရေအတွက်ကို သုံးသန်းမှ သုံးထောင်အထိ လျှော့ချရန် နှစ်ရက်တာလုံး အချိန်ယူခဲ့ရသည်။

အကြီးမားဆုံး အတုအယောင်များထဲမှ တစ်ဦးမှာ လင်းရှောင်စုန့် ဖြစ်သည်။

သူက နိုင်ငံတစ်ဝှမ်းတွင် ထင်ရှား ကျော်ကြားသည့် ချမ်းသာသော မိသားစုမှ ဒုတိယမျိုးဆက်လည်း ဖြစ်သည်။

စကား ကြီးကြီးကျယ်ကျယ် ပြောတတ်ပြီး အနည်းငယ် ဗိုလ်ကျတတ်သော သောက်ကျင့် ရှိ၏။

ကံမကောင်းစွာပဲ သူ့အဖေက လင်းစစ်စုန့် ဖြစ်နေ၍ မည်သူမှ သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ပေ။

"ငါ့အဖေက လင်းစစ်စုန့်"

ထိုစကားက ကြွယ်ဝသော ဒုတိယမျိုးဆက် သူဌေးသားလေး လင်းရှောင်စုန့်၏ လက်သုံးစကား ဖြစ်သည်။

ကျိုးရီက လက်ဆောင်များ သို့မဟုတ် ပိုက်ဆံများကို ဘယ်သောအခါမှ လက်မခံခဲ့ဖူးချေ။

ထို့ကြောင့် သူ့ကိုယ်သူ ရိုးသားသော အရာရှိတစ်ဦးဖြစ်ကြောင်း အမြဲတမ်း ခံစားမိခဲ့သည်။

သူ၏ ဝန်ထမ်းတိုက်ခန်းသို့ ရောက်လာတတ်သည့် အမည်မသိ ပို့ဆောင်မှုမှန်သမျှကို အမြဲတမ်း ပြန်ပို့ပေးတတ်သည်။

ဤတစ်ကြိမ်တွင်မူ ကျိုးရီက သူ့ကိုယ်ပိုင်မူများကို ချိုးဖောက်ရန် ပြင်းပြင်းထန်ထန် စိတ်ပိုင်းဖြတ်ထားလိုက်၏။

ဆရာကိစ္စက သူ့ကိစ္စ ဖြစ်သည်။

လျှောက်လွှာတင်ထားသူ စုစုပေါင်း သုံးထောင်ရှိပြီး အောင်မြင်ရန် အခွင့်အလမ်းမှာ အလွန်နည်းပါးသည်။

ထို့ကြောင့် သေချာစဉ်းစားပြီးနောက် ကျိုးရီက ဝမ်လင်းကို နောက်ကွယ်မှ ဝင်ရောက်ကူညီပေးရန် ဆုံးဖြတ်ခဲ့သည်။

ဆရာ၏ အနေအထားကို လုံခြုံအောင် ကူညီပေးနိုင်လျှင် သူနှင့် ဆရာ၏ ဆက်ဆံရေးကို ရှေ့တစ်လှမ်း တိုးနိုင်မည် မဟုတ်ပါလော။

သူက ထိုသို့ တွေးမိပြီး ကျောင်း တစ်သောင်း မဟာမိတ် ရုံးချုပ်သို့ ဖုန်းဆက်လိုက်သည်။

အချိန်အကြာကြီး စောင့်စရာမလိုလိုက်ဘဲ အတွင်းရေးမှူးစွန်း၏ လေသံက ချက်ချင်း ထွက်ပေါ်လာသည်။

"ဟယ်လို ကျိုးရီလေးလား"

"ဟုတ်ပါတယ်.. ကျနော်ပါ.. အတွင်းရေးမှုးစွန်း"

ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်ရှိ အတွင်းရေးမှူးစွန်းက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းကို ကျောင်းပေါင်း ၁၀၀ ရဲ့ အထွေထွေ အုပ်ချုပ်ရေး ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်လိုက်ပြီးတဲ့နောက်မှာ ခဏလောက် အနားယူခွင့်ပြုဖို့ HR ဌာနကို ငါပြောခဲ့တယ်လေ.. မင်းဘာလို့ အလုပ် လာလုပ်နေတာလဲ"

"ဒီနှစ်ရက်လုံးလုံး ပရဟိတရန်ပုံငွေ အစီအစဉ်နဲ့ အလုပ်ရှုပ်နေတော့ ခွင့်မယူနိုင်သေးပါဘူး.. အဲဒါ ပြီးရင်တော့ အနားယူမှာပါ"

ကျိုးရီက ရိုးရိုးသားသား ဖြေကြားလိုက်သည်။

"အင်း ကလေးတွေနဲ့ ပတ်သက်တဲ့ကိစ္စဆို အမြဲတမ်း ပထမနေရာ ထားရမှာပဲ.. ကျိုးရီလေး.. မင်းနဲ့ပတ်သက်ပြီး

ငါ့ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့ပြီ ထင်တယ်"

အတွင်းရေးမှူးစွန်းက ကျေနပ်စွာ ခေါင်းညိတ်သည်။

"ဒါနဲ့ ဒီတခေါက် ငါ့ကို ဘာလို့ ဖုန်းခေါ်တာလဲ"

"အကြောင်းပြချက်မရှိဘဲ ဘုရားကျောင်းကို ဘယ်တော့မှ မလာဘူး" ဟူသည့် စကားတစ်ခွန်းရှိသည်။

နိုင်ငံရေးတွင် အချိန်အတော်ကြာ ကျင်လည်နေသူ တစ်ဦးအနေဖြင့် အတွင်းရေးမှူးစွန်းက လုပ်ငန်းတွင်း အဝင်အထွက်ဖုန်းများနှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။

သူက ဤကဲ့သို့ ဖုန်းခေါ်ဆိုမှုကို တိုက်ရိုက် ငြင်းပယ်လေ့ရှိသည်။

သို့သော် ဖုန်းဆက်လာသူက ကျိုးရီ ဖြစ်နေ၍ အတွင်းရေးမှူးစွန်းက သဘာဝအတိုင်း ကွဲပြားစွာ ဆက်ဆံခဲ့၏။

၎င်းက အထွေထွေ ရွေးကောက်ပွဲတွင် ပထမအဆင့် ရရှိခဲ့သော ရလဒ် အကောင်းဆုံး ခေါင်းဆောင် ဖြစ်သည်။

ဤကဲ့သို့သောလူက ဖုန်းခေါ်လျှင် အမှန်တကယ် အခက်တွေ့နေလို့သာ ဖြစ်ရမည် မဟုတ်လော။

"ဒီလိုပါ အတွင်းရေးမှူးစွန်း.. အခုကိစ္စက ထောက်ပံ့ရေးနဲ့ ပတ်သက်တဲ့ ပရဟိတ ရန်ပုံငွေကိစ္စပါ.. အထူးသဖြင့် ကျောင်းသား တစ်ယောက်ကို ကျနော် ထောက်ခံပေးချင်ပါတယ်"

ကျိုးရီက ပြောကြားလိုက်သည်။

"ဘယ်ကျောင်းသားလဲ"

အတွင်းရေးမှူးစွန်းက မျက်မှောင်ကြုတ်လိုက်သည်။

ဤကိစ္စက အင်ပါယာ ကြေငြာချက် တစ်ခုလို ထင်မှတ်မထားဘဲ ရုတ်တရက် ထွက်ပေါ်လာရသနည်း။

"အမှတ် ၅၉ အထက်တန်းကျောင်းနဲ့ အမှတ် ၆၀ အထက်တန်းကျောင်းတို့ တွေ့ဆုံပွဲမှာ သစ်သားဓား သုံးတဲ့ ကျောင်းသားကို အတွင်းရေးမှူးစွန်း မှတ်မိသေးလား"

အတွင်းရေးမှုးစွန်းက ခေါင်းကို ပုတ်၍ ခဏမျှ စဥ်းစားပြီးနောက် ပြောလိုက်သည်။

"အိုး..ဒါဆို သူ့ကိစ္စပေါ့.. ဒီကျောင်းသားလေးရဲ့ မိသားစု အခြေအနေက သိပ်မကောင်းဘူး.. မြို့ထဲက ကျောင်းခရိုင်ဇုန်မှာ အိမ်တစ်လုံး ဝယ်ဖို့တောင် မတတ်နိုင်ဘူးလို့ မင်းတို့အားလုံး ပြောနေကြတာ ငါမှတ်မိသေးတယ်"

"ဟုတ်တယ် ဟုတ်တယ်.. အဲဒီကျောင်းသားပဲ.. အတွင်းရေးမှူးစွန်းက သူ့ကို အမှတ်ရသားပဲ"

"အင်း.. ဒီကျောင်းသားက အရမ်းထူးခြားတယ်.. သူ့အကြောင်းနဲ့ ပတ်သက်ပြီး သုံးသပ်ရရင် သူက အများနဲ့မတူဘဲ ချို့တဲ့တဲ့ ပတ်ဝန်းကျင်ကနေ ကြီးပျင်းလာတာကို သတိရမိတယ်.. တွေးကြည့်လေ.. ဝိညာဥ်ဓားချင်း ဖလှယ်ပွဲမှာတောင် လူအတော်များများရဲ့ ကဲ့ရဲ့မှုကို ဂရုမစိုက်နိုင်ဘဲ သူက သစ်သားဓားနဲ့ ဝင်ပြိုင်ခဲ့ရတယ်"

"ဒါဆို အတွင်းရေးမှူးစွန်း.. ဒီကျောင်းသားဝမ်လင်းကို ဘယ်လိုမြင်ပါသလဲ"

အတွင်းရေးမှူးစွန်းက စကားမပြောခင် ခဏလောက် စဉ်းစားလိုက်သည်။

"ဆင်းရဲခြင်းကနေ ပေါက်ဖွားလာတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ မျိုးစေ့ကောင်း တစ်ခုလို့ ခံစားရတယ်"

ကျိုးရီ "............."

"မင်းရဲ့စိုးရိမ်မှုတွေကို ငါနားလည်ပါတယ်.. ဒါပေမယ့် အခု မင်းက ကျောင်းပေါင်း ၁၀၀ ရဲ့ အထွေထွေအုပ်ချုပ်ရေး ညွှန်ကြားရေးမှူး ဖြစ်နေပြီ.. နောက်ဆုံး ပြောချင်တာက စုန့်ဟိုင်မြို့မှာ ဘာကိစ္စပဲ ဖြစ်ဖြစ် မင်းငါ့ကို သတင်းပို့စရာ မလိုဘူး.. မင်းမှာ ကိုင်တွယ် ဖြေရှင်းပိုင်ခွင့် အပြည့်အဝ ရှိတယ်.. မင်းသိတဲ့အတိုင်းပဲ ငါတို့က ဆင်းရဲပေမယ့် ပညာရေးမှာတော့ မညံ့ခဲ့ကြဘူး.. ဒီလို ဖြောင့်မတ်တဲ့ ကျောင်းသား တစ်ယောက် အတွက် ငါတို့က သူ့ကို အနာဂတ်မှာ နိုင်ငံတော်ရဲ့ မဏ္ဍိုင်ဖြစ်လာဖို့ သေချာပေါက် ပြုစုပျိုးထောင်ဖို့ လိုအပ်တယ်.. ငါတို့တွေက ဒီလိုကိစ္စမျိုးမှာ ပိုပြီးတော့ လုံ့လဝီရိယ ရှိသင့်တယ်”

"အင်း.. နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်.. အတွင်းရေးမှူးစွန်း"

အတွင်းရေးမှူးစွန်းကို တင်ပြပြီးနောက် ကျိုးရီက ဖုန်းကိုချ၍ သက်ပြင်းရှည်ကို ချလိုက်သည်။

အဆုံးသတ်တွင် သူ အပြင်ထွက်ဖို့ အချိန်တန်လေပြီ။

အမှတ်၆၀ အထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီးရုံးတွင် ကျောင်းအုပ်ကြီးချန်း နှင့် ဒါရိုက်တာရှီးတို့က အစီရင်ခံစာကို အထက်မှအောက်သို့ စေ့စေ့စပ်စပ် ဖတ်ရှုနေခဲ့သည်။

အဆိုပါ အစီရင်ခံစာကို ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးရုံးမှ ပေးပို့ထားခြင်း ဖြစ်ပြီး အကူအညီ လျှောက်ထားသည့် မြို့တွင်းရှိ ကျောင်းသား အားလုံး၏ အမည်များကို ဖော်ပြထားသည်။

"ငါတို့ အမှတ် ၆၀ အထက်တန်းကျောင်းက တင်သွင်းတဲ့ ကျောင်းသား လျှောက်လွှာ ၁၀ စောင်လုံးကို အတည်ပြုပေးလိုက်တာလား"

အစီရင်ခံစာထဲမှ စာများကိုဖတ်ကာ ဒါရိုက်တာရှီးက အံ့အားသင့်သွားခဲ့သည်။

"ကျောင်းသားဟောင်း ကျိုးရီက ငါတို့ အမှတ် ၆၀ အထက်တန်းကျောင်း အပေါ်မှာ အလွန် လေးနက်တဲ့ ခံစားချက်တွေ ရှိနေပုံရတယ်"

ကျောင်းအုပ်ကြီးချန်းက နာမည်တစ်ခုကို ညွှန်ပြလိုက်သည်။

"ကြည့်စမ်း.. နာမည်ဆယ်ခုထဲမှာ ဦးစားပေး အကူအညီအတွက် ခရေပွင့် တစ်ပွင့် ပေးထားတာတောင် ရှိတယ်"

"ဦးစားပေး ကူညီဖို့အတွက် ခရေပွင့် အမှတ်အသားလား"

ဒါရိုက်တာရှီးက ယခင်က သတိမထားမိသော်လည်း ကျောင်းအုပ်ကြီး၏ စကားကြောင့် စာရင်းကို ထပ်မံကြည့်ရှုလိုက်ရာ ကျောင်းသား တစ်ယောက်၏ နာမည်ဘေးတွင် အလွန်သေးငယ်သော ခရေပွင့် အမှတ်အသား တစ်ခုကို တွေ့လိုက်ရသည်။

"ဝမ်လင်းလား"

သူမက နာမည်ကို ကျယ်လောင်စွာ ရွတ်ဆိုလိုက်သည်။

ထို့နောက် နှစ်ယောက်စလုံးက ဤကျောင်းသား အကြောင်းကို စဥ်းစားမိပြီး သတိတရဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဝိညာဥ်ဓားဖလှယ်ပွဲတွင် ထိုကျောင်းသား၏ စွမ်းဆောင်မှုက သာမန်မျှသာ ဖြစ်သော်လည်း သူအသုံးပြုခဲ့သော မက်မွန် သစ်သားဓားမှာ ဆရာများကြားတွင် အုပ်စုဖွဲ့ ဆွေးနွေးမှုကို ဖြစ်ပေါ်စေခဲ့သည်။

ဝိညာဥ်ဓားဖလှယ်ပွဲ ပြီးသောအခါတွင် ဤကျောင်းသား၏ အတန်းပိုင် ဆရာမ ဖြစ်သော ဆရာမဖန်က ကျောင်းသားကို အကူအညီပေးရန် အခွင့်အရေးကို ရှာဖွေခဲ့သည်။

ကျောင်းအုပ်ကြီးချန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဆရာမဖန်ရဲ့ ဆန္ဒကို ဘုရားသခင်က ဖြည့်ဆည်းပေးလိုက်ပုံရတယ်.. ဒါက ဒီကျောင်းသား ဝမ်လင်း အတွက် တကယ်ကို အထောက်အကူ ဖြစ်စေမှာပါ"

"ဦးစားပေး ကူညီမှု အကျိုးခံစားခွင့်ရှိသူက လိုအပ်ချက် အများအပြား အတွက် လျှောက်ထားနိုင်တယ်.. ကျောင်းသား ဝမ်လင်းက ဘယ်လိုမျိုး ထောက်ပံ့ရေး ပစ္စည်းတွေ တောင်းခံထားမလဲ ဆိုတာ အံ့သြစရာပဲ.. သူ့ရဲ့ တောင်းဆိုမှုက ကျိုးကြောင်း ဆီလျော်မှု ရှိနေသ၍ ကျမတို့တွေက ထောက်ပံ့ရေးအစီအစဉ်အရ ထောက်ပံ့ပေးရမှာပဲ"

ဒါရိုက်တာရှီးက ပြောကြားလိုက်သည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာမဖန်က ကျောင်းသားဝမ်လင်း ဘာတွေ လိုအပ်လဲ ဆိုတာကို မေးထားပြီးသားပါ.. အခြေခံ အထူး ထောက်ပံ့ရေး ပက်ကေ့က လွဲပြီး တခြား တစ်စုံတစ်ခုကိုပဲ တောင်းဆိုထားပါတယ်.."

ဆရာမဖန်က အကူအညီ လျှောက်လွှာကို အတည်ပြုပြီးပြီ ဖြစ်ကြောင်း သတင်းရသည်နှင့် ဝမ်လင်း၏ လိုအပ်ချက်များကို အစောကြီးကတည်းက မေးမြန်းခဲ့သည်။

ထို့နောက် ဝမ်လင်း အထူး တောင်းဆိုသည့် လိုအပ်ချက် စာရင်းကို ကျောင်းအုပ်ကြီး ရုံးခန်းသို့ ပို့ပေးခဲ့သည်။

အခြေခံ အထူး အကူအညီ ပက်ကေ့ဂျ်တွင် "ကောလိပ်စာမေးပွဲ သုံးနှစ်နှင့် ငါးနှစ်တာ အတွင်း လိုအပ်ချက် မှန်သမျှကို ထောက်ပံ့ရန်" ပါဝင်သည်။

ကျောင်းအုပ်ကြီးချန်း နှင့် ဒါရိုက်တာရှီးတို့ နှစ်ဦးစလုံးက စာရင်း၏ အောက်ဆုံးတွင် ဝမ်လင်း တောင်းဆိုထားသည့် ခေါက်ဆွဲခြောက် သေတ္တာ ငါးဆယ် ဆိုသည့်စာကို ကြည့်ကာ အံ့အားသင့်သွားကြ၏။

ထို့နောက်တွင် ၎င်းတို့မှာ လေးနက်သော တွေးတောမှုများတွင် ပျောက်ဆုံးသွားခဲ့သည်။

All Chapters