← Chapters

လင်းရှောင်စုန့်၏ ငါးသတ်ဓား

Vol. 8 Ch. 109

လင်းရှောင်စုန့်၏ ငါးသတ်ဓား

Vol. 8 Ch. 109

မေလ ၂၂ရက်၊ သောကြာနေ့ နံနက်စောစောတွင် ဗုံးပစ်စီနီယာအင်မော်တယ်က Bullet screen ပေါ်နေသည့် ဝဘ်ဆိုက်တစ်ခုပေါ်တွင် guichu ဗီဒီယိုများကို ကြည့်ရှုနေခဲ့သည်။

(Bullet screen= အချိန်နှင့်တစ်ပြေးညီ မှတ်ချက်ပေးလို့ရသော မျက်နှာပြင်၊ Pubgလို ဂိမ်းတွေမှာ အတွေ့များသည်)

(guichu video= ပုံရိပ်အဖြတ်အတောက် များစွာဖြင့် ဖန်တီးထားသော ဗီဒီယိုအမျိုးအစား)

အထောက်အကူ ပစ္စည်းများ မပါဘဲ သာမန်မျက်စိဖြင့် guichu ဗီဒီယိုမှ ပုံရိပ် လှုပ်ရှားမှုကို အကြိမ်အရေအတွက် ခွဲခြားသတ်မှတ်ခြင်းသည် အလွန်ထိရောက်သော ကျင့်ကြံခြင်း နည်းစနစ် ဖြစ်သည်ဟု သူခံစားခဲ့ရသည်။

ယင်းက မျက်လုံး လေ့ကျင့်ခန်း အနေဖြင့် သာမက အာရုံစူးစိုက်နိုင်စွမ်းကိုလည်း စမ်းသပ်ပြီးသား ဖြစ်သည်။

ယခု အင်တာနက်ပေါ်တွင် ဝက်ဝက်ကွဲ ပေါက်နေသော guichu ဗီဒီယိုသည် တစ်စက္ကန့်လျှင် အကြိမ် ခြောက်ဆယ်ကျော် ပုံရိပ် လှုပ်ခတ်မှု ရှိ၏။

သူ၏ မျက်ဝန်းက ထိုပုံရိပ် အားလုံးကို မလွတ်စေဘဲ ဖမ်းထားနိုင်ခဲ့သည်။

သူက အလွန် ဂရုတစိုက် ကျင့်ကြံနေစဥ် အချိန်အခါ မဟုတ် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

ခေါ်ဆိုသူ ID ကို "အမည်မသိ ဧရိယာ" အဖြစ် စာရင်းသွင်းထားသည်ကို တွေ့သည်နှင့် ၎င်းမှာ ဘလက်လေး ဖြစ်ရမည်ဟု တန်းသိလိုက်သည်။

"မင်္ဂလာပါ ညီနောင် ဘလက်လေး သဲလွန်စတွေ ရှာတွေ့ပြီလား"

အမှန်တကယ်လည်း ဖုန်းလိုင်း၏ အခြားတစ်ဖက်တွင် ရှိနေသူမှာ ဘလက်လေး ဖြစ်သည်။

"အင်း.. အခြေခံအားဖြင့်တော့ ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုမှာ ရှိတဲ့ အချက်အလက် အားလုံးကို ရှာဖွေပြီးပါပြီ.."

ဘလက်လေးက အလွန် အံ့သြစရာ ကောင်းသောသူဟု ဆိုရမည်။

ဓာတ်ခွဲခန်းက ပြန်လည်ထူထောင်ရေး အခြေအနေတွင်သာ ရှိနေသေးသော်လည်း အခြေခံကိရိယာများကို အသုံးပြုရုံဖြင့် ရလဒ်များကို ထုတ်ပေးနိုင်ဆဲ ဖြစ်သည်။

ဆိုရလျှင် ဘလက်လေးမှာ တကယ်ကို သောက်ထာကျလွန်းသည်။

၎င်းက ကွန်ပြူတာ တစ်လုံးဖြင့်ပင် ကမ္ဘာမြေကို ကိုင်လှုပ်နိုင်စွမ်းရှိမှန်း ဗုံးပစ်စီနီယာ အင်မော်တယ်က သံသယမရှိခဲ့ပေ။

ဘလက်လေး၏ ရှင်းပြမှုကို နားထောင်ပြီးနောက် သူက မျက်ကြောများ တွန့်လိမ်သွားသည် အထိ တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်။

"မင်းဆိုလိုတာက ဒီရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုက လုပ်ငန်းအခွဲတစ်ခုတဲ့လား.. ဒါဆို သူ့ရဲ့ နောက်ကွယ်က တကယ့် သူဌေးက မော့အင်မော်တယ် ရဲတိုက်ပေါ့.. အဲဒါက ပညာရေး နယ်ပယ်ထဲမှာ ရှိတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေထဲက တစ်ခုပဲ"

ရှုမျှော်ခင်းနယ်မြေက မော့အင်မော်တယ်ရဲတိုက် နှင့် ဆက်နွယ်နေမည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

သို့သော် တကယ်ပဲ ထိုအတိုင်းသာ ဖြစ်ခဲ့လျှင် အခြေအနေက သူမျှော်လင့်ထားသည်ထက် ပိုဆိုးရွားသွားနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ကျောက်သရဲ မျက်နှာဖုံးမှာ လူတစ်ဦးနှင့် ပေါင်းစည်းလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ ဆက်ခံသူအပေါ်ကြီးမားသော စွမ်းအားကို ပေးစွမ်းနိုင်ရုံ သာမက ထူးခြားသော ဖျက်ဆီးနိုင်စွမ်းကိုလည်း ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။

မိစ္ဆာအင်ပါယာကွာဖီက လူပြိန်းကြိုက် စကားလုံးများဖြင့် ကြီးမားလှသည့် ဖရဲသီး အင်ပါယာကို ဖန်တီးနိုင်ခဲ့သည်။

အကယ်၍ ဤကျောက်သရဲ မျက်နှာဖုံးသာ မော့အင်မော်တယ်ရဲတိုက်၏ လက်ထဲသို့ ကျရောက်သွားခဲ့လျှင် ကျောင်းသားများကို ထိန်းချုပ်ရန် အတွက် ၎င်းတို့၏ ပညာရေး အရင်းအမြစ်များနှင့် ပေါင်းစပ်၍ မျက်နှာဖုံးကို အသုံးပြုရန် ဖြစ်နိုင်ချေ မြင့်မားသည်ဟု သူ ခံစားမိသည်။

သူ အနည်းငယ် အံ့သြသွားခဲ့သည်။

ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု၏ နောက်ကွယ်တွင် ယခုလို ကြီးကျယ်ခမ်းနားသည့် ပူးပေါင်းကြံစည်မှုမျိုး ရှိနေမည်ဟု မည်သူက ထင်မည်နည်း။

တစ်ခုတည်းသော သတင်းကောင်းမှာ ကျောက်သရဲ မျက်နှာဖုံးကို ၎င်းတို့ လက်ဝယ် မရရှိသေးသော အချက်ပင်။

သို့သော် ဘလက်လေး၏ အစီရင်ခံချက်အရ ၎င်းတို့ကမျက်နှာဖုံးကို လက်မလွှတ်တော့မှန်း ထင်ရှားနေသည်။

"မော့အင်မော်တယ် ရဲတိုက်သခင်ရဲ့ တကယ့် ဝိသေသ လက္ခဏာက ဘာများလဲ"

ဗုံးပစ်စီနီယာအင်မော်တယ်၏ မျက်နှာက သုန်မှုန်လာသည်။

သူက ခေါင်းပါ ကိုက်ချင်ချင် ဖြစ်လာ၏။

ဘလက်လေးက ခဏလောက် နှုတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်သည်။

"ဒါက အခုလောလောဆယ် ငါ မဖြေနိုင်သေးတဲ့ တစ်ခုတည်းသော အရာပါ.. သူတို့ဘက်မှာလည်း သတင်းအချက်အလက် နည်းပညာ ကျွမ်းကျင်သူ ရှိတဲ့အတွက် စုံစမ်းဖော်ထုတ်ဖို့ အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်.."

ထိုစကားကို ကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။

ဘလက်လေးက ဟက်ကင်းလုပ်ပြီးသည့် နောက်တွင် သူ့လမ်းကြောင်းများကို အမြဲ ဖုံးကွယ် ထားတတ်သည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် သူထံ သို့မဟုတ် ဓာတ်ခွဲခန်း၏ တည်နေရာကို ခြေရာခံ၍ မရနိုင်တော့ပေ။

သတိမထားမိဘဲ တစ်ဖက်သားကို အမှတ်မထင် အခွင့်အရေးပေးမိလျှင် သူ့အတွက် မကောင်းသော အရာများ ဖြစ်လာလိမ့်မည် မဟုတ်လော။

"ဘယ်နှစ်ရက်လောက်ဆို အဖြေပြန်ပေးမှာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်၏။

ဘလက်လေးက အံကြိတ်၍ ပြောလိုက်သည်။

"နှစ်ဆယ့်လေးနာရီ.. အနည်းဆုံး နှစ်ဆယ့်လေးနာရီ.. ငါ သိရတာနဲ့ မင်းကို သေချာပေါက် အသိပေးမယ်"

"ကောင်းပြီ.. ငါ့ရဲ့ ညီနောင်ဘလက်.. မင်းကိုပဲ ဒုက္ခပေးရတော့မယ်"

ထို့နောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ဖုန်းခေါ်ဆိုမှုကို တိုက်ရိုက် အဆုံးသတ်ခဲ့သည်။

ဘလက်လေးက သူ၏ ဓာတ်ခွဲခန်းကို ဝေ့ကြည့်လိုက်သည်။

ယခုအခါ အခြေခံသုံးပစ္စည်းများ၏ ငါးဆယ်မှ ခြောက်ဆယ်ရာခိုင်နှုန်းထိ ဓာတ်ခွဲခန်းထဲတွင် ပြန်လည် ရောက်ရှိနေပြီ ဖြစ်သော်လည်း ဘလက်လေးက အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။

သူက သူ့ကိုယ်သူ အလွန်ဂရုစိုက်ပြီး သတင်း အချက်အလက်အတွက် ဟက်ခ်လုပ်တိုင်း သဲလွန်စ နည်းနည်းလေးမှ မကျန်ခဲ့အောင် သတိထားခဲ့သည်။

သူ့အတွက် ယနေ့အထိ ပဟေဠိ ဖြစ်နေသည့် မေးခွန်းမှာ သူ့ဓာတ်ခွဲခန်းကို ဖျက်ဆီးခဲ့တဲ့ ကောင်လေးက ဤနေရာကို မည်ကဲ့သို့ ရှာတွေ့ခဲ့လည်း ဆိုခြင်းပင်။

သူမည်မျှပင် စဥ်းစားပါစေ.. ဤအချက်ကို သူမဖြေရှင်းနိုင်ခဲ့ပေ။

......................

ကျောင်းခေါင်းလောင်းသံက ကျောင်းထဲတွင် မြည်လာသည်။

အပတ်စဥ် သင်ကြားရေး၏ တင်းမာသော ပတ်ဝန်းကျင်တွင် နစ်မြုပ်နေခဲ့သော ကျောင်းသားများအဖို့ သောကြာနေ့မှာ အမြဲလိုလို အပျော်ဆုံးနေ့ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နောက်တစ်နေ့က ကျောင်းပိတ်ရက်ဖြစ်သောကြောင့်ပင်။

ဝမ်လင်း ဤနံနက် စာသင်ခန်းထဲ ဝင်လိုက်သည်နှင့် တစ်ခန်းလုံးက ဒုတိယ အကြိမ် အမျိုးသား ကောလိပ်ဝင်ခွင့် စာမေးပွဲအကြောင်း ပြောနေကြသည်။

စာမေးပွဲမဖြေမီ ကျောင်းသားတစ်ဦး ခံစားရမည့် စိတ်ဖိစီးမှု သို့မဟုတ် အာရုံကြော တင်းမာမှုများကို အမှန်တကယ် မတွေ့ကြုံရသေးသော Grade 1 ကျောင်းသားများ အတွက် အမျိုးသား ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ အတင်းအဖျင်း စကားဝိုင်းအတွက် ပြီးပြည့်စုံသော အကြောင်းအရာ တစ်ခု ဖြစ်လာသည်။

ကောလိပ်ဝင်ခွင့် စာမေးပွဲမတိုင်မီ သုံးနှစ်တာ သင်ယူခဲ့သည့် တန်ဖိုးကို အပြည့်အဝ အကောင်အထည် ဖော်နိုင်မလား ဆိုသည်ကို မည်သူမှ မသိခဲ့ကြပေ။

အမှတ်၆၀ အထက်တန်းကျောင်း၏ ရွှေအမြူတေ ကောလိပ်ဝင်ခွင့်နှုန်းသည် မြို့၏ ပျမ်းမျှအဆင့် အတွင်းတွင်သာ ရှိသည်။

အဆုံးသတ်တွင် ကျောင်းသားမည်မျှက ကောလိပ်ဝင်ခွင့်ရမှတ်များ အမှန်တကယ် အောင်မြင်နိုင်မည်ကို မည်သူမျှ မသိနိုင်ပေ။

အမျိုးသား ကောလိပ် ဝင်ခွင့် စာမေးပွဲကို ဖြတ်ကျော် အောင်မြင်သော ကျောင်းသားများမှာ ၎င်းတို့၏ ရမှတ် အနည်း အများကို အခြေခံ၍ ၎င်းတို့၏ တက္ကသိုလ်ကို ရွေးချယ်နိုင်သည်။

ထို့ပြင် ၎င်းတို့၏ စုစုပေါင်း ရလဒ်ပေါ် မူတည်၍ အစိုးရမှ ထောက်ပံ့သော စူပါဆေးဝါးကိုလည်း ရရှိမည် ဖြစ်သည်။

လက်ရှိ ကျင့်ကြံခြင်း ပညာရေးစနစ်တွင် ကျောင်းသား တစ်ဦးက ကောလိပ်ဝင်ခွင့် စာမေးပွဲပြီးဆုံးလျှင် စူပါဆေးဝါး၏ ဆေးဖက်ဝင် အာနိသင်ကို ၂နှစ်ကြာအောင် စုပ်ယူလေ့ ရှိကြသည်။

စူပါဆေးဝါးမှာ အချိန်တိုအတွင်း ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်စွမ်းအင် အများအပြားကို စုဆောင်းပေးနိုင်သည့် ဆေးပြား တစ်မျိုးဖြစ်ပြီး အခြေခံ တည်ဆောက်ခြင်း အဆင့် နှောင်းပိုင်းမှ ကျောင်းသားများကို အနာဂတ်တွင် ရွှေအမြူတေ အဆင့်သို့ အမြန် ဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်သည်။

၎င်းတို့က ရွှေအမြူတေ တက္ကသိုလ်များတွင် ပညာ ဆက်လက် သင်ယူနိုင်ကြသည်။

ဟုတ်ပါသည်။ ထိုကိစ္စကို ဝမ်လင်းလည်း နောက်ပိုင်းတွင် ကြုံလာရပေမည်။

ယနေ့နံနက်တွင် Grade 1 အခန်းသုံးမှ ကျောင်းသားများ အမျိုးသားကောလိပ် ဝင်ခွင့်စာမေးပွဲနှင့် ပတ်သက်၍ ဆွေးနွေးရသည့် အကြောင်းရင်းမှာ မြို့တော်၏ ဒုတိယအကြိမ် ကောလိပ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းကို မကြာသေးမီက ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ယခုတစ်ကြိမ်တွင် အမှတ်၆၀ အထက်တန်းကျောင်း၏ မျိုးနွယ်စု ခေါင်းဆောင် ယွီဟမ်မှာ ဖေးယန်ခရိုင်၏ ထိပ်တန်းကျောင်းသားတစ်ရာတွင် မမျှော်လင့်ဘဲ အဆင့် သတ်မှတ်ခံခဲ့ရသည်။

ဤအရာက အမှတ်၆၀ ကျောင်းတွင် ဆွေးနွေးစရာ ခေါင်းစဥ်တစ်ခု ချက်ချင်း ဖြစ်လာခဲ့သည်။

ကော်ဟောက်က နံနက်မိုးလင်း ကတည်းကပင် ဆူညံပွက်လောရိုက်နေသည့် ဤသတင်းကို ရရှိထားပြီ ဖြစ်သည်။

"ဒုတိယ အကြိမ် စာမေးပွဲမှာ သူ့ရဲ့ စုစုပေါင်းရမှတ်က အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်း စီနီယာကျိုးရီရဲ့ ရမှတ်ကိုမီဖို့ ဆယ်မှတ်ပဲ လိုတော့တယ်လို့ ကြားတယ်.. သူက စီနီယာကျိုးရဲ့ စံချိန်ကိုတောင် ချိုးလုနီးပါးပဲ"

"ဆယ်မှတ်ပဲ လိုတာလား.. တကယ့် ကောလိပ်ဝင်ခွင့် စာမေးပွဲမှာဆို သေချာပေါက် ကွဲပြားသွားနိုင်တယ်.. ကောလိပ်ဝင်ခွင့် စာမေးပွဲက ယေဘုယျအားဖြင့် ဒုတိယမြောက် စာမေးပွဲထက် ပိုပြီး ရိုးရှင်း လွယ်ကူတယ် မဟုတ်လား"

"သေချာပေါက် မလွယ်ဘူး"

ချန်းချောင်က ခေါင်းခါယမ်းလိုက်သည်။

"ငါသိသလောက်တော့ မျိုးနွယ်စု ခေါင်းဆောင်ယွီက အရေးအသားပိုင်းမှာ ပိုပြီးတော့ အားသန်တယ်.. သူသာ ထပ်ကြိုးစားရင် နောက်တစ်ခေါက်မှာ ဒီထက်ပိုပြီး လုပ်နိုင်မယ်လို့ငါယုံတယ်.. ဒါပေမယ့် သူ့ရဲ့ ဝိညာဥ်ဓား အမှတ်က မကောင်းဘူး.. စီနီယာကျိုးရီ ကျောင်းပြီးတဲ့ အချိန်တုန်းကဆို ဝိညာဉ်ဓား အပိုင်းမှာ အမှတ်ပြည့်နီးပါး ရခဲ့တယ်.."

"ဒါပေမယ့် မျိုးနွယ်စု ခေါင်းဆောင်ယွီက စာမေးပွဲ ဖြေဆိုနေတဲ့ အတွင်းမှာ ဝိညာဉ်ဓားနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှားယွင်းသွားတယ် ဆိုတဲ့ ကောလဟာလတွေလည်း ရှိတယ်.. ဒါကြောင့် သူကောင်းကောင်း မစွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်နိုင်တာပဲ"

လင်းရှောင်ယုက ဖြည့်စွက် ပြောကြားလိုက်သည်။

"ဒါနဲ့ စကားမစပ် ဒီ ဒုတိယမြောက် စာမေးပွဲမှာ ဘယ်သူက နံပါတ်တစ်လဲ ဆိုတာ သိတဲ့သူရှိလား"

"နောက်ထပ် ဘယ်သူဖြစ်နိုင်ဦးမှာလဲ.. လင်းရှောင်စုန့်ပဲပေါ့.."

"ငါ့အဖေက လင်းစစ်စုန့်လို့ အမြဲအော်တတ်တဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေး မဟုတ်လား"

"သူကလွဲရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ"

ကော်ဟောက်က ပခုံးတွန့်ကာ ပြောလိုက်သည်။

"သူ့ရဲ့ငါးသတ်ဓားကို သူ့အဖေ လင်းစစ်စုန့်နဲ့ သိကျွမ်းတဲ့ နိုင်ငံခြားက ပညာရှင် တစ်ဦးက သီးသန့် ပြုလုပ်ပေးထားတာလေ.. အဲဒီဓားက မတရား သန်မာလွန်းတယ်.. နောက်ပြီး ဓားရဲ့ အထူး အသုံးဝင်မှုက ပင်လယ်စာတွေကို ထိုးခွဲနိုင်တာပဲ.. ကြားဖူးသလောက် အဲဒီ ငါးသတ်ဓားကို ပင်လယ်ထဲ ပစ်ပေါက် လိုက်ရင်တောင် အဲဒီဓားက ပင်လယ်ရေထဲမှာ ရှိတဲ့ အသားစား ပုဇွန်တွေကို ထုတ်ချင်းပေါက်အောင် ထိုးဖောက်ပစ်နိုင်တယ်ဆိုပဲ"

ဝမ်လင်း "..............."

All Chapters