← Chapters

ကျောင်းသားတစ်ဦး၏ အိပ်မက်ဆိုးသည် အိမ်သို့ ဆရာမ လာရောက်လည်ပတ်ခြင်း ဖြစ်သည်

Vol. 8 Ch. 110

ကျောင်းသားတစ်ဦး၏ အိပ်မက်ဆိုးသည် အိမ်သို့ ဆရာမ လာရောက်လည်ပတ်ခြင်း ဖြစ်သည်

Vol. 8 Ch. 110

သောကြာနေ့ ကျောင်းဆင်းသောအခါ ဆရာမဖန်က နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။

ဝမ်လင်းက ချက်ချင်းပင် ဆိုးရွားသော ခံစားချက်ကို ရရှိခဲ့သည်။

ဆရာမဖန်က ဤ သီတင်းပတ် အကုန်တွင် ချို့တဲ့ ကျောင်းသား အများစု၏ အိမ်ကို လာရောက် လည်ပတ်မည်ဟု ကြေညာခဲ့သည်။

ထို့ပြင် ဤတစ်ခေါက် အိမ်လည်ပတ်ခြင်း၏ အဓိက အရေးကြီးဆုံး ဇာတ်ကောင်မှာ ဝမ်လင်း ဖြစ်သည်။

"အိမ်အလည်လာဖို့ အကြောင်းကြားစာ လက်ခံရရှိတဲ့ ကျောင်းသားတွေက ဘာမှ စိုးရိမ်နေဖို့ မလိုဘူးနော်.. ဒါက ကျောင်းရဲ့ စံလုပ်ထုံးလုပ်နည်းတွေပါပဲ"

ဆရာမဖန်က စင်မြင်ထက်ကနေ ပြုံး၍ ပြောလိုက်သည်။

သူမ၏ လက်ထဲတွင် သတ်ပုံလေ့ကျင့်ခန်း စာအုပ်တစ်ထပ်ကို ကိုင်ထား၏။

သူမ ထွက်ခွာသွားသည်နှင့် တစ်တန်းလုံးက အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်ကြသည်။

"ချီးပဲ.. အိမ်အလည်လာမှာလား.. စာရင်းထဲ ပါတဲ့သူတွေ အားလုံးက ယောက်ျားလေး ကျောင်းသားတွေပဲ"

ကော်ဟောက်က ဝမ်လင်း၏ ပုခုံးကို တစ်ချက် ပုတ်လိုက်သည်။

"ညီနောင်.. ဒီတစ်ပတ်တော့ သတိထားနေတော့.. ဖ-င်ကို အညစ်အကြေး ကင်းစင်အောင် ပြောင်ပြောင်လေး ဆေးကြောဖို့လည်း မမေ့နဲ့"

လင်းရှောင်ယု "ဘာလို့ အညစ်အကြေးမရှိအောင် ဆေးကြောရမှာလဲ"

ကော်ဟောက်က သက်ပြင်းချလိုက်သည်။

"မင်းရဲ့ ဖ-င်တွေက အညစ်အကြေးကင်းတယ် ဆိုရင် ဆရာမဖန် အိမ်လည်လာပြီးတဲ့အခါ သူ့လက်ချက်နဲ့ ထင်ရှားတဲ့အမှတ်အသားတွေ ထွက်လာလိမ့်မယ်.. ပြီးရင် မင်းက ဓာတ်ပုံရိုက်ပြီး weiboပေါ်တင်လိုက်.. အိမ်တွင်း အကြမ်းဖက်မှု အတွက်တောင် တရားစွဲလို့ရတယ်.. ညီနောင်ဝမ်လင်းရဲ့ ဖ-င်က သပ်ရပ်ပြီး ပုံကျတယ်.. နည်းနည်းလောက် effect တွေနဲ့ အလှဆင်လိုက်မယ်ဆိုရင် ဖင်မှာကျန်နေတဲ့ လက်ဗွေရာက မော်ဒန်လက်ရာတစ်ခု အဖြစ် အချိန်တိုအတွင်း အင်တာနက်မှာ နာမည်ကြီးလာလိမ့်မယ်"

ဝမ်လင်း ".............."

.............................

ဝမ်လင်းက ဆရာမဖန် လာရောက် လည်ပတ်မည်ကို စိတ်ထဲကနေ ကြိုတင် ပြင်ဆင်ထားခဲ့သည်။

အစောပိုင်းတွင် မည်ကဲ့သို့ တုံ့ပြန်ရမည်မှန်း သူမသိသော်လည်း ယင်းမှာ ယခုအချိန်တွင် ဘိုးဘိုးဝမ်အတွက် အခွင့်အရေးတစ်ခုဟု သူထင်ခဲ့သည်။

ဤသဘာဝ တွေ့ဆုံမှုမျိုးက တမင်တကာ စီစဉ်ထားသည့် မည်သည့် ပေါ့ပေါ့ပါးပါး တွေ့ဆုံမှုမျိုးထက် မဆို ပို၍ စိတ်ချယုံကြည်ရသည်။

အရေးကြီးဆုံးမှာ အိမ်တွင် တွေ့ဆုံဖို့ အကြောင်းဖန်လာခြင်း ဖြစ်၏။

အဘိုးအိုက အပြင်မှာ တစ်ယောက်တည်း ဦးတည်ချက်မဲ့ လမ်းလျှောက်နေစရာ မလိုတော့ပေ။

ယင်းက ဝမ်မောင်နှံကို စိတ်သက်သာရာ ရစေသည်။

ညနေ ဝမ်လင်း အိမ်ပြန်ရောက်သောအခါ မေမေဝမ်ကိုမီးဖိုချောင်ထဲတွင် ပထမဆုံး အကြိမ်အဖြစ် ကိုယ်တိုင်တွေ့လိုက်ရလျှင် အံ့သြသွားသည်။

ပုံမှန်အားဖြင့် ဖိုးဖိုးဝမ်ကသာ ချက်ပြုတ်မှု အားလုံးနီးပါးကို ပြုလုပ်လေ့ရှိ၏။

မေမေဝမ်ကမူ ဟင်းသီးဟင်းရွက်များကို ဆေးကြောပြီး အကူတစ်ဦးအဖြစ်သာ လုပ်ဆောင်ရန် လိုအပ်သည်။

သို့သော် ဤတစ်ကြိမ်တွင် အဘိုးအိုက ဟင်းလုံးဝ မချက်ခဲ့ပေ။

ဤသည်ကို ကြည့်ခြင်းဖြင့် ဝမ်မိသားစု အိမ်ငယ်လေး၏ လေထုက အနည်းငယ် ထူးခြားနေကြောင်း သိသာနေသည်။

ဝမ်လင်းက နာရီကိုကြည့်လိုက်သည်။

ညနေ ခြောက်နာရီ ခွဲနေပြီကို တွေ့လိုက်သည်။

ယခုအချိန်တွင် အဘိုးအို၏ အကြိုက်ဆုံး ဇာတ်လမ်းတွဲဖြစ်သော "အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး" ဇာတ်လမ်းကို ပြသနေပြီ ဖြစ်သည်။

၎င်းမှာ ယောက္ခမနှင့် ချွေးမကြားရှိ ခါးသီးသောစစ်ပွဲအကြောင်း ရိုက်ကူးထားသည့် Mary Sue တီဗီ စီးရီး တစ်ခုဖြစ်သည်။

(Mary sue= ချို့ယွင်းချက်မဲ့ အမျိုးသမီးဇာတ်ကောင်၊ ထိုဇာတ်ကောင် ပုံစံမျိုးကို ဆယ်ကျော်သက် အမျိုးသမီး စာရေးဆရာတွေ ရေးဖွဲ့လေ့ရှိသည်)

သို့သော် ဤနေ့တွင် ဖိုးဖိုးဝမ်က တီဗွီကို ကြိုဖွင့်မထားခဲ့ပေ။

ဝမ်လင်း ဧည့်ခန်းထဲသို့ ဝင်သွားသောအခါတွင် ဖိုးဖိုးဝမ်က ဆိုဖာပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး တစ်စုံတစ်ရာကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရသည်။

ဖိုးဖိုးဝမ်၏ ဘေးတွင် ဖေဖေဝမ်က ထိုင်နေသည်။

ဝမ်လင်း ပြန်ရောက်လာသည်ကို မြင်သည်နှင့် ဖေဖေဝမ်က ဖြစ်ပျက်ခဲ့သမျှကို စိတ်ထဲကနေ ချက်ချင်း ရှင်းပြလိုက်၏။

ဝမ်လင်းက သူ၏ စိတ်ဖတ်စွမ်းရည်ဖြင့် အရာအားလုံးကို ဖေဖေဝမ်ထံမှ သိရှိသွားခဲ့သည်။

အဘိုးအိုက နေ့ခင်းဘက်တွင် ငြီးငွေ့လာပြီး ဖေဖေဝမ်၏ စာကြည့်ခန်း ထဲသို့ သွားခဲ့သည်။

ဖေဖေဝမ်က သတင်းစာဟောင်းများကို စုဆောင်းလေ့ ရှိသည်။

ဖိုးဖိုးဝမ်က ထိုသတင်းစာများတွင် အရသာရှိသော အစားအစာ ချက်ပြုတ်နည်းများကို လှန်လှောကြည့်သည့် အလေ့အထရှိသည်။

အကယ်၍ အဘိုးအိုက သတင်းစာများ၏ ကော်လံများတွင် တီထွင်ဖန်တီးမှု ရှိသော ဟင်းချက်နည်း အချို့ကို တွေ့လျှင် ချက်ပြုတ်နည်း အသစ်များကို ဖန်တီးရန် ၎င်း၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ပေါင်းစပ်၍ ဖန်တီးသွားမည် ဖြစ်သည်။

အငြိမ်းစား ယူထားသော်လည်း ဖိုးဖိုးဝမ်က အစားအသောက်ကို ချစ်မြတ်နိုး၍ စားဖိုမှူးဘဝကို ဘယ်တော့မှ လက်မလွတ်နိုင်ဟု ခံစားခဲ့ရသည်။

အားလပ်ချိန်များတွင် ဖိုးဖိုးဝမ်က သူဖန်တီးခဲ့သော ဟင်းချက်နည်း အသစ်များကို မိတ္တူကူး၍ ယခင်က သူလုပ်ခဲ့ဖူးသော စားသောက်ဆိုင်ကို ပို့ပေးလေ့ ရှိသည်။

ဖိုးဖိုးဝမ်က ဤနေ့တွင် သတင်းစာဟောင်းများကို လှန်လှောကြည့်ရင်း တစ်စုံတစ်ခု ဖြစ်သွားခဲ့၏။

လွန်ခဲ့သည့် ရက်အနည်းငယ်တွင် ဝမ်လင်းက သူ၏ ပုံကြမ်းရေးဆွဲခြင်း စွမ်းရည်ဖြင့် ဆရာမဖန်၏ ပုံတူကို ရေးဆွဲခဲ့ပြီး သတင်းစာ အဟောင်းများ ကြားတွင် သေသေသပ်သပ် ညှပ်ထားခဲ့သည်။

အဆုံးသတ်တွင် အဘိုးအိုက မထင်မှတ်ဘဲ ထိုပုံတူကို တွေ့ရှိသွားခဲ့သည်။

ထိုအချိန်မှစ၍ အဘိုးအိုက တစ်နေကုန် ရေတစ်ငုံပင် မသောက်တော့ဘဲ ပန်းချီကားကိုသာ စေ့စေ့ပေါက်ပေါက် ကြည့်နေခဲ့သည်။

"လင်းလင်း.. မင်းအဖိုးရဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါက ပိုဆိုးလာတယ်လို့ မင်းထင်လား.. ဒါမှမဟုတ် နည်းနည်း သက်သာသွားတယ်လို့ ထင်လား.. သူ့မှာ လှုံ့ဆော်မှုတွေ အရမ်းများနေပြီလို့ ငါထင်တယ်"

ဖေဖေဝမ်က အနည်းငယ် အပြစ်ရှိသလို ခံစားရပြီး စိတ်ထဲကနေ ညည်းညူလိုက်သည်။

ဝမ်လင်း "............."

အဘိုးအို၏ မှတ်ဉာဏ် ချို့ယွင်းသော ရောဂါက ဝမ်လင်း အတွက် ဆန်းကျယ်သော ပြဿနာ တစ်ခုလည်း ဖြစ်သည်။

အဘိုးအို၏ အသိစိတ်ထဲသို့ သူ၏ စိတ်စွမ်းအားများကို အသုံးချလိုက်လျှင် ဖြစ်နိုင်ခြေ အနည်းဆုံး သုံးခု ရှိသည်။

ပထမအချက်= အဘိုးအိုက နေရာမှာပင် တိုက်ရိုက်ပေါက်ကွဲသွားမည်။

ဒုတိယအချက်= အဘိုးအိုက တိုက်ရိုက် အနက်ရောင် ဖြစ်သွားမည်။

တတိယအချက်= အဘိုးအို၏ ရောဂါကို သက်သာ ပျောက်ကင်းစေမည်။

ဟုတ်ပါသည်။ နောက်ဆုံးရလဒ်က ဖြစ်နိုင်ခြေ အနည်းဆုံး ဖြစ်သည်။

သို့သော် ကာယကံရှင်က သူ့အဖိုးမို့ ဓာတ်ခွဲခန်း ကြွက်တစ်ကောင်လို အန္တရာယ်များသော စမ်းသပ်မှုလုပ်ဖို့ မဖြစ်နိုင်ပေ။

ဖိုးဖိုးဝမ်ကို သားအဖနှစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် စိုက်ကြည့်နေသော အချိန်တွင် ဝမ်လင်းက မီးဖိုချောင်သုံး ညှော်နံ့စုပ်ယူသည့် စက်ပိတ်သံကို ကြားလိုက်ရသည်။

မေမေဝမ်က မီးဖိုချောင်တံခါးကို လက်တစ်ဖက်ဖြင့် တွန်းဖွင့်ကာ နောက်လက်တစ်ဖက်ဖြင့် သူမ၏ ခါးရှေ့ဖုံး အဝတ်ကို ချွတ်လိုက်သည်။

သူမက ဟင်းလျာများကို ချက်ပြုတ်ပြီးနောက် မီးဖိုချောင်ထဲမှ ထွက်လာပြီး ဧည့်ခန်းထဲမှ မြင်ကွင်းကို ကြည့်လိုက်၏။

အဆုံးသတ်တွင် သူမက သက်ပြင်းချလိုက်ပြီး ဖေဖေဝမ်ကဲ့သို့ဖိုးဖိုးဝမ် ဘေးတွင် ဝင်ထိုင်လိုက်သည်။

လင်မယားနှစ်ယောက်နှင့် အဘိုးအိုက ဤပုံတူကို အတူတူ စိုက်ကြည့်နေခဲ့သည်။

"............."

ဝမ်လင်းက မျက်ခုံးမွှေးကြားမှ အရေပြားကို ပွတ်သပ်လိုက်ပြီး ဝမ်မောင်နှံကို ဆရာမဖန် မနက်ဖြန် အိမ်ကို လာလည်မည့် အကြောင်း ဖြည်းညင်းစွာ ပြောပြလိုက်သည်။

ဆိုဖာပေါ်ရှိ လူသုံးယောက်က ပျော်မြူးသော မျက်နှာများဖြင့် ရုတ်တရက် မော့ကြည့်လိုက်ကြသည်။

"အိမ်အလည်လာမှာလား.. ဘာလို့စောစောက မပြောတာလဲ"

ဝမ်လင်း"............"

ဖေဖေဝမ်က အဘိုးအိုကို ဖက်ကာ ကျောကို ပွတ်သပ်လိုက်သည်။

"အဖေ အရမ်းကောင်းတာပဲ.. နောက်ဆုံးတော့ အဖေ့ ဆန္ဒတွေ ပြည့်ရတော့မယ်"

သူ့ခန္ဓာကိုယ်ရှိ အပ်စိုက်ကုထုံး အမှတ်တွေ အပေါ်မှ ဖိအားများကို ဖြည်ချလိုက်သကဲ့သို့ အဘိုးအို၏ အာရုံကြောက ချက်ချင်း ဆိုသလို တက်ကြွ လန်းဆန်းလာခဲ့သည်။

"ဖန်လေး.. ငါ့ရဲ့ ဖန်လေးကို ပြန်တွေ့ခွင့် ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး"

ဖိုးဖိုးဝမ်က အလွန် စိတ်လှုပ်ရှားနေသဖြင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင် ဖြစ်လာသည်။

သူ့ မျက်လုံးတွေက အလွန် နီရဲနေပြီး မျက်ရည်စများ တွဲလဲခိုနေသည်။

ဝမ်လင်းက သူ့အဖိုး အတော်လေး စိတ်လှုပ်ရှားနေသည်ကို မမြင်ရသည်မှာ ကြာပြီ ဖြစ်သည်။

သူ့အဖိုး ဤကဲ့သို့ ခံစားချက်တွေကို မထိန်းချုပ်နိုင်ခဲ့သည့် နောက်ဆုံးအချိန်မှာ ဝမ်လင်း မွေးပြီး သိပ်မကြာခင် အဖိုးအိုက သူ့ကို ချင်းမင်မှာ ရှိသည့် သူ့အဖွား သင်္ချိုင်းဂူဆီသို့ ခေါ်ဆောင်လာခဲ့စဥ်က ဖြစ်ကြောင်း သူအမှတ်ရမိသည်။

ထိုစဥ်က အဘိုးအို၏ စိတ်လှုပ်ရှားမှုက ဝမ်းနည်းပူဆွေးမှုများရှိနေသော်လည်း ဤတစ်ကြိမ် စိတ်လှုပ်ရှားမှုကမူ ဝမ်းသာလွန်း၍ မျက်ရည်ကျနေပုံ ရသည်။

ဝမ်မောင်နှံ၏ စိတ်နှလုံးက ရွှင်လန်းသွားခဲ့သည်။

အဘိုးအို၏ ရောဂါမှာ အဆုံးသတ်တွင် ပျောက်ကင်းသွားတော့မည်ဟု ထင်ရသည်။

ထို့နောက်တွင် သူတို့ ဇနီးမောင်နှံက မနက်ဖြန် အိမ်သို့ ဆရာမဖန် ရောက်လာလျှင် မည်သို့ ပြောဆိုရမည်ကို အဘိုးဝမ်အား တစ်ညလုံး လေ့ကျင့်ပေးခဲ့သည်။

အဆုံးသတ်တွင် ဆွေးနွေးမှုအချို့ လုပ်ဆောင်ပြီးနောက် လင်မယား နှစ်ယောက်က ရှောင်နေရန် ဆုံးဖြတ်လိုက်ပြီး အဘိုးအိုနှင့် ဝမ်လင်းတို့ စိတ်ကြိုက် လုပ်ဆောင်စေရန် ဆုံးဖြတ်ခဲ့သည်။

ယင်းက အဘိုးအိုနှင့် ဆရာမဖန် အတွက် အချိန်ပိုရဖို့ သွယ်ဝိုက် အကူအညီ ဖြစ်စေသည် မဟုတ်လော။

ဝမ်လင်းဟုခေါ်သော တည်ရှိမှုကမူ သူတို့လို ရှောင်ပေးစရာ မလိုအပ်ပေ။

အကြောင်းရင်းမှာ ဝမ်လင်းက သူတို့ဇနီးမောင်နှံလို သူများစုံတွဲကြား အလိုက်ကန်းဆိုးမသိ စကားများသောသူ မဟုတ်သောကြောင့် ဖြစ်သည်။

.................

နောက်တစ်နေ့ မေလ ၂၃ ရက်၊

စနေနေ့ နံနက် ကိုးနာရီခန့်တွင် ဝမ်မိသားစု၏ အိမ်ရှေ့၌ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"ဒေါက် ဒေါက်..."

ဝမ်လင်းက တံခါးကို ဖွင့်ပေးလိုက်သောအခါ အလွန်လှပသော အမျိုးသမီး တစ်ဦးက သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမက အစိမ်းရောင် ဖျော့ဖျော့ ဇာဂါဝန်ကို ၀တ်ဆင်ထားပြီး ဆံပင်ကို နောက်စေ့နားတွင် စုချည်၍ စည်းနှောင်ထားကာ လှပသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။

ထို့နောက် မိန်းမလှလေး၏ ပါးစပ်မှ ရင်းနှီးသော အသံ ထွက်ပေါ်လာသည်။

"ကျောင်းသား ဝမ်လင်း.. မင်္ဂလာနံနက်ခင်းပါ.. မင်းအိမ်က အဝေးကြီးပဲ... ဒီနေရာကို ရှာတွေ့ဖို့ အချိန်အတော်ယူလိုက်ရတယ်"

ဝမ်လင်းက ဓာတ်လိုက်ခံရသလို ခံစားလိုက်ရသည်။

"............"

"သောက်-ဖုတ်ပဲ.. မိန်းမလှလေး.. မင်းက ဘယ်သူလဲ.. မင်းရဲ့အသံက ဘယ်လို အကုသိုလ်ကြောင့် ဆရာမဖန်နဲ့ တူနေရတာလဲ"

All Chapters