← Chapters

မုန်တိုင်းပြီးရင် သက်တန့်ကို မမေ့ပါနဲ့

Vol. 8 Ch. 112

မုန်တိုင်းပြီးရင် သက်တန့်ကို မမေ့ပါနဲ့

Vol. 8 Ch. 112

"ကျောင်းသား ဝမ်လင်းက အရမ်းတော်တဲ့ ကလေးပဲလို့ အမြဲတွေးဖူးတယ်.. သူက ကျောင်းမှာ ပြဿနာ မရှာတတ်သလို အကျင့်စာရိတ္တလည်း ကောင်းမွန်တယ်.. ဆင်းရဲပေမယ့်လည်း ပညာရေးမှာ ဘယ်တော့မှ မညံ့ခဲ့ဘူး.. ထောက်ပံ့ကြေးက ကျောင်းသားဝမ်လင်း အတွက် တကယ် အကူအညီ ဖြစ်ပါလိမ့်မယ်.. သူ့ရဲ့ အရည်အချင်းအရ သူ့မှာ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိနေသရွေ့ ရွှေအမြူတေ အဆင့်ကို ရောက်ဖို့ သူ့အတွက် ပြဿနာမရှိဘူးလို့ ကျမ ယုံကြည်တယ်"

ဆရာမဖန်က ထိုစကားကိုပြောရင်း ဝမ်လင်း၏ ခေါင်းကို ပွတ်သပ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။

သူမ၏ အမူအရာမှာ ဝမ်လင်းအပေါ် ပို၍ပင် သနားလာပုံရသည်။

အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။

"ဆရာမဖန် မင်းပြောတာမှန်တယ်.. ငါတို့က ဆင်းရဲပေမယ့် ဘယ်တော့မှ ပညာရေးမှာ မညံ့ခဲ့ဘူး.. လင်းလင်းက ငါတို့ဝမ်မိသားစုရဲ့ ဂုဏ်ယူစရာပါပဲ"

ဆရာမဖန်က ခေါင်းညိတ်ပြကာ ပြုံးလိုက်သည်။

ထို့နောက်တွင် အဘိုးအိုက သူမကို အပေါ်ထပ်ကို လိုက်လံကြည့်ရှုရန် စိတ်ရင်းမှန်ဖြင့် ဖိတ်ကြားခဲ့သည်။

နှစ်ယောက်သား ရယ်ရယ်မောမော စကားတွေပြောရင်း အပေါ်ထပ်သို့ တက်သွားခဲ့ရာ ဝမ်လင်းက သူတို့နောက်ကနေ အေးအေးဆေးဆေး လိုက်လာခဲ့သည်။

စာကြည့်ခန်းနားသို့ သူတို့ ရောက်လာသောအခါ စာကြည့်ခန်းတွင် ပုန်းအောင်းနေသော ဝမ်မောင်နှံ နှစ်ယောက်စလုံး အသက်ရှုကြပ်သွားကြသည်။

"ဆရာမဖန် ဘာဖြစ်နေတာလဲ.."

အဘိုးကြီးက မေးလိုက်သည်။

ဆရာမဖန်က အရှိန်အဝါကို ခံစားလိုက်ရသဖြင့် စာကြည့်ခန်းကို ညွှန်ပြလိုက်သည်။

"အထဲမှာ တစ်ယောက်ယောက် ရှိနေပုံရတယ်"

ထိုစကားကြောင့် ပုန်းအောင်နေသည့် ဝမ်မောင်နှံမှာ ချွေးပင်ထွက်လာသည်။

ဝမ်လင်းက သူမိဘနှစ်ပါး၏ အရှိန်အဝါကို ဖုံးကွယ်ရန် သူ့ခွန်အား တစ်စိတ်တစ်ပိုင်းကို အမြန်ထုတ်လွှတ်လိုက်၏။

ဆရာမဖန်က သူမ၏ ဝိညာဉ်အာရုံများကို ထပ်မံ ဖြန့်ကျက်လိုက်သော်လည်း အစောပိုင်းက အရှိန်အဝါ ပျောက်ကွယ်သွားသည်ကို မြင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။

"အင်း ထူးဆန်းတယ်"

အဘိုးကြီးက ရှက်ရွံ့စွာ ပြုံး၍ ပြောလိုက်သည်။

"ဒါက ကြွက်တွေဖြစ်မှာပါ.."

ဆရာမဖန်က အံ့သြသွားသည်။

"ဒီအိမ်ကြီးမှာ ကြွက်တွေရှိတယ်လား"

အဘိုးအိုက သက်ပြင်းချ၍ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ဒီလို မြို့အစွန်အဖျား နေရာမှာ ကြွက်တွေရှိတာ မထူးဆန်းပါဘူး.. သူတို့က ပရိုတင်းဓာတ်တွေ ကြွယ်ဝတယ်လေ.. ခေါင်းနဲ့ အမြီးတွေကို ဖယ်ပြီးရင် စားလို့ရပါတယ်.. အရင်ကဆို ငတ်မွတ်တဲ့ အချိန်ကျရင် ဝမ်လင်းအဖေက ကြွက်တွေကို မကြာခဏ ဖမ်းပြီး ကင်ကျွေးခဲ့တယ်လေ"

ဆရာမဖန် "..........."

ဝမ်လင်း "..........."

{ငါ့အဘိုးက လျော့တွက်လို့မရဘူးပဲ}

အဘိုးအို၏ ဉာဏ်ရည်ဉာဏ်သွေးက အံ့သြဖွယ်ကောင်းသည်ဟု ဝမ်လင်း ရုတ်တရက် ခံစားလိုက်ရသည်။

.........................

အတူတူ ရယ်ရယ်မောမော စကားပြောကြရင်း ဆရာမဖန်က အဘိုးအိုနှင့် အတူ အောက်ထပ်သို့ ဆင်းလာချိန်တွင် နေ့လယ်ပင် ရောက်လုနီးနီး ဖြစ်နေခဲ့သည်။

"မစ္စတာဝမ်.. ငါနေ့လည်ကျရင် တခြားကျောင်းသား နှစ်ယောက်ဆီ သွားလည်ဖို့ ရှိသေးတယ်.. ဒါကြောင့် ငါ ဒီကနေ ထွက်သွားတော့မယ်"

သူမက အဘိုးအိုကို ပြုံး၍ ပြောလိုက်သည်။

ဤအပြုံးက ဖိုးဖိုးဝမ်ကို အနည်းငယ် မှင်သက်စေခဲ့သည်။

အိမ်ရှေ့တံခါးဆီသို့ သူမ ထွက်သွားတော့မည်ကို မြင်လျှင် အဘိုးအိုက သူမ လက်ကို အလျင်အမြန် ဖမ်းဆွဲလိုက်သည်။

"ဆရာမဖန်.. နေ့လည်စာ မစားရသေးဘူး မဟုတ်လား.. ဟင်းနည်းနည်းလောက် ချက်လိုက်မယ်လေ.. ခဏလောက် စောင့်လိုက်ပါလား"

"ဒါက ရှင့်ကို ဒုက္ခပေးသလို ဖြစ်နေလိမ့်မယ်.."

အဘိုးအိုက ရှေ့ဖုံးခါးစည်းကို အဝတ်ပေါ် ထပ်ဝတ်လိုက်သည်။

"ဒါက သာမန် ရိုးရိုး ဟင်းလျာပဲလေ.. ငါ့အတွက် အပန်းမကြီးပါဘူး.. ဝက်နံရိုး ချိုချဉ် ဆိုရင်ရော ဘယ်လိုလဲ"

အဘိုးအိုက ပြောလိုက်သည်။

ဆရာမဖန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

အဘိုးအို၏ စကားများက သူမ၏ အမှတ်တရတွေဖြင့် ပြည့်နှက်နေသည့် ဓာတ်ပုံအယ်လ်ဘမ်ဟောင်းကို ထိမိသော မြှားတစ်စင်းလိုပင်။

ဤအယ်လ်ဘမ်က သူမ အသက်ကြီးလာသည်နှင့်အမျှ ပျက်စီးလာပြီး အဝါရောင် ပြောင်းသွားကာ အတွင်းမှ ဓာတ်ပုံများက မှုန်ဝါးဝါး ဖြစ်နေ၍ မျက်နှာများ မကြည်လင်တော့ပေ။

အဆုံးသတ်တွင် ဝမ်မိသားစု အိမ်တံခါးမှ အစောပိုင်းက ထွက်ခွာရန် ပြင်နေသည့် သူမ၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။

ဝက်နံရိုးချိုချဥ်..

ယင်းက သူမ ငယ်ငယ်တုန်းက အကြိုက်ဆုံး အစားအစာဖြစ်၏။

"ဒီလူက ဘယ်လိုသိတာလဲ"

"တိုက်ဆိုင်မှုလား"

ဆရာမဖန်က ဧည့်ခန်းထဲတွင် ထိုင်စောင့်နေရင်း တိတ်ဆိတ်နေသည်။

သူမက ဝမ်လင်း နှင့် စကားမပြောဘဲ မီးဖိုချောင်ထဲရှိ အဘိုးအို၏ အလုပ်များနေသော အသွင်အပြင်ကို ငေးမောကြည့်နေမိသည်။

အဘိုးအို၏ အရေပြား ရှုံ့တွနေသော လက်က ထင်ရှားသော အမာရွတ်များနှင့် ဒဏ်ရာဟောင်းများဖြင့် ပြည့်နှက်နေသည်။

စဥ်းနှီးတုံးပေါ်တွင် စည်းချက်ကျစွာ လှုပ်ရှားနေသော အဘိုးအို၏ ဖျတ်လတ်မှုကို ကြည့်၍ အဘိုးအိုက အနည်းဆုံး ဆယ်စုနှစ်များစွာ ကြာအောင် အလုပ်လုပ်ခဲ့သည့် ဝါရင့်စားဖိုမှူးတစ်ဦး ဖြစ်ကြောင်း ဆရာမဖန် အတွက် မှန်းဆရန် လွယ်ကူစေခဲ့သည်။

သူမက အမှတ်တရ ပုံရိပ်ဟောင်းများကို ပြန်သတိရရန် တိတ်တဆိတ် ကြိုးစားသော်လည်း ခပ်ရေးရေးသာ ပေါ်လာခဲ့သည်။

ယင်းအချိန်တွင် အဘိုးအို၏ ချက်ပြုတ်ခြင်းကဏ္ဍက ပြီးဆုံးသွားပြီ ဖြစ်၏။

ဖိုးဖိုးဝမ်က ဝက်နံရိုးချိုချဥ် နှင့် ဟင်းသီးဟင်းရွက်ကြော် များဖြင့် ဆရာမဖန်ကို ကျွေးမွေးလိုက်သည်။

ဝက်နံရိုးချိုချဥ် ဟင်းလျာတွင် အနီရောင်နံရိုးများကို ပြောင်လက်တောက်ပသော ရွှေရောင် ဆော့စ်များဖြင့် ဖုံးအုပ်ထားသည်။

ဤရနံ့က စိတ်နှလုံးရွှင်လန်းစေသည့် အပြင် လူကို ထိန်းမနိုင်သိမ်းမရ သွားရည်ယိုစေလောက်သည် အထိပင်။

ဆရာမဖန်က တစ်စုံတစ်ရာ ခံစားနေရသော အမူအရာဖြင့် နံရိုးဟင်းကို ရှင်းရှင်းလင်းလင်း စိုက်ကြည့်နေသည်။

"ဒီဟင်းက ငါ့ရဲ့ အထူးဟင်းပွဲ တစ်ခု ဖြစ်ခဲ့ဖူးတယ်.. ငါ မချက်တာ အတော်ကြာခဲ့ပြီ.. အရသာက အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်"

အဘိုးအိုက ခါးစည်းကို ချွတ်ကာ ဆရာမဖန်နှင့် ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။

"ဆရာမဖန်.. မြည်းစမ်းကြည့်ပါဦး"

"ကောင်းပါပြီ.. ကျေးဇူးတင်ပါတယ် မစ္စတာဝမ်"

သူမက ထမင်းတစ်လုတ်ကို စားပြီး နံရိုးပျော့ကို တစ်ကိုက်ကိုက်လိုက်သည်။

နံရိုးက နူးညံ့လွန်း၍ ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။

၎င်းက အထူးပင် အရသာရှိ၏။

နံရိုးမှထွက်သည့် အနှစ်က အေးမြ လန်းဆန်းသော ခံစားမှုကိုပေးစွမ်းပြီး အစာစားချင်စိတ်ကို အလိုအလျောက် လှုံ့ဆော်ပေးနေသည်။

"ဒါက တကယ်ကို အရသာရှိတာပဲ"

ဆရာမဖန်က ချီးမွမ်းတာကို မရပ်တန့်နိုင်တော့ပေ။

"နံရိုးချိုချဥ်ဟင်းက ဘာလို့ ဒီလို အေးမြလန်းဆန်းတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်ရတာလဲ

ဖိုးဖိုးဝမ် "အိမ်မှာသကြားမရှိဘူး ဆိုတာ အခုမှသိတယ်လေ.. ဒါကြောင့် ဆေးသကြားကိုပဲ အစားထိုး သုံးလိုက်ရတော့တယ်"

ဆရာမဖန် "............."

ဝမ်လင်း ".............."

ထွက်သွားချိန် တန်သောအခါ ဆရာမဖန်က တံခါးဝတွင် ရပ်ကာ အဘိုးအိုအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"ကျမကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာဝမ်.. ရှင့်ရဲ့ ဟင်းချက်လက်ရာက အရမ်းကောင်းပါတယ်"

အဘိုးအို အနည်းငယ် ဝမ်းနည်းသွားသည်။

"ဆရာမဖန်.. မင်း ငါတို့ဆီကို ထပ်လာလည်ဖို့ ကြိုဆိုပါတယ်"

"အင်း"

ဝမ်မိသားစု အိမ်ငယ်လေး၏ အဝင်ဝရှိ သူမ၏မျက်နှာကို နေ့လည်ခင်း နေရောင်က လာဟပ်သဖြင့် သူမ မျက်နှာက တောက်ပနေသည်။

သူမ ခပ်ယဲ့ယဲ့ ပြုံးနေမိသည်။

သူမ၏ ရှုံ့နေသော မျက်ခုံးများက တဖြည်းဖြည်း ပြေလျော့လာပြီး သူမ၏ မျက်ဝန်းများက တလက်လက် ဖြစ်နေသည်။

သူမက အဘိုးအိုအား အနှိုင်းမဲ့ နူးညံ့သော လေသံဖြင့် လေးနက်စွာ နှုတ်ဆက်လိုက်ပြီး အိမ်ကလေးကို ဖြည်းညှင်းစွာ ကျောခိုင်းကာ ထွက်ခွာလာခဲ့သည်။

ဤမြင်ကွင်းကို ကြည့်နေသော ဝမ်လင်းက နှစ်ပေါင်းများစွာ ကြာလာခဲ့သည့် ဖိုးဖိုးဝမ်၏ အချစ်ဦးဇာတ်လမ်းက ဤအခိုက်အတန့်တွင် ရပ်တန့်သွားသည်ကို သူသိလိုက်သည်။

အဘိုးအိုက တံခါးဝတွင် ရပ်ကာ ကားမှတ်တိုင်ဆီသို့ အရှေ့ဟွမ်လမ်းအတိုင်း လမ်းလျှောက်သွားသည့် ဆရာမဖန်ကို ဆွေးမြေ့စွာ ကြည့်နေခဲ့၏။

ဇာတ်လမ်း၏ အဆုံးတွင် သူမက သူ့ကို မမှတ်မိနိုင်ခဲ့ပေ။

သို့သော် ယင်းက သူ့အတွက် အရေးမကြီးတော့ချေ။

...........................

ညသန်းခေါင်ယံတွင် အဘိုးအိုက ဧည့်ခန်းထဲမှာ ထိုင်ပြီး တစ်ချိန်က အချစ်ဦး အတွက် ရေးထားသော သူ့စာတစ်စောင်ကို ထုတ်ယူလိုက်သည်။

စာရွက်၏ နောက်ကျောဘက်တွင် ဘောပင်ဖြင့် သူ၏ အချစ်ဦး အတွက် နောက်ဆုံး နှုတ်ဆက်စာကို ရေးခဲ့သည်။

ယင်းက ပထမဆုံးနဲ့ နောက်ဆုံးအနေဖြင့် အသည်းနင့်အောင် ချစ်ခဲ့ရသူကို ဂုဏ်ပြုခြင်းလည်း ဖြစ်သည်။

မင်းကိုစတွေ့ကတည်းက ငါ့နှလုံးသားတွေ တဒိန်းဒိန်း ခုန်နေခဲ့တယ်

ဒါက အချစ်ရဲ့အစပျိုးခြင်းလား ဒါမှမဟုတ် တစ်ဖက်သတ် အချစ်အတွက် နိဂုံးချုပ်ခြင်းလား.. ကိုယ်မသိခဲ့ဘူး

ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အနှစ်သုံးဆယ်ကျော် တွယ်တာမှု ခရီးလမ်းကို အဆုံးသတ်လိုက်ပါပြီ..

ထို့နောက် ဖိုးဖိုးဝမ်က ဆက်ရေးလိုက်သည်။

................

မင်းကို ပိုးပန်းခဲ့တာတွေကို ကိုယ် ရုတ်တရက် မေ့လာတယ်..

ဒါပေမယ့် မင်းရဲ့နုပျိုတဲ့ မျက်နှာကိုတော့ မေ့ဖို့ ခက်တာအမှန်ပဲ..

အသက်သုံးဆယ်အရွယ်မှာ ကံကြမ္မာကြောင့် ကိုယ်အပြည့်အဝ ရပ်တန့်ခဲ့ရတယ်..

ဘာပဲဖြစ်ဖြစ် တို့တွေကြားမှာရှိတဲ့ အရာအားလုံးက လှပလွန်းပါတယ်

.............

ပျိုမျစ်တဲ့အချိန်က အချစ်ဦးရယ်..

သူက ဤစာလုံးများကို စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ရေးထားပုံရသည်။

ကံအားလျော်စွာဖြင့် နောက်ထပ်စာနှစ်ကြောင်း ရေးအပြီးတွင် သူ၏လက်က ရပ်တန့်သွားခဲ့သည်။

သို့မဟုတ်လျှင် အဘိုးကြီးက စိတ်လှုပ်ရှားလွန်း၍ အသက်ထွက်သွားမည်လား မပြောနိုင်ချေ။

သက်တံရောင် တိမ်တိုက်ထဲမှာ သက်တံလေးလိုပဲ ပျော်ရွှင်ပါစေနော်

မင်းသာအဆင်ပြေရင် ကိုယ့်ရဲ့နေ့တိုင်းက တောက်ပနေမှာပါ..

သူ့အိပ်ခန်းထဲကနေ ဝမ်လင်းက သူ့အဖိုး ရေးထားသည့် နောက်ဆုံး အချစ်စာတမ်းကို တိတ်တဆိတ် ကြည့်နေခဲ့သည်။

ထိုအချိန်တွင် သူရုတ်တရက် နားလည်သွားခဲ့သည်။

အလှပဆုံး အချစ်ဇာတ်လမ်း ဆိုသည်မှာ ချစ်ရသူနှင့်အသက်ကြီးသည်အထိ အတူတကွ ရှိနေရန် မလိုအပ်ပေ။

အချစ်မုန်တိုင်းကို ကျော်လွန်ပြီးနောက်မှာ ကိုယ်ချစ်ရတဲ့သူကို ရောင်စဥ်ခုနှစ်သွယ် ဖြာနေတဲ့ သက်တံ့ပေါ် ပို့ပေးပြီး ကြည်နူးစွာ ကြည့်နေလိုက်သည်ကသာ အကောင်းဆုံးပင် မဟုတ်ပါလား။

All Chapters