← Chapters

ညီနောင်လင်း ခဏလောက် လာစောင့်ပေးပါ

Vol. 8 Ch. 114

ညီနောင်လင်း ခဏလောက် လာစောင့်ပေးပါ

Vol. 8 Ch. 114

ရှောင်မျိုးနွယ်စုတွင် တိုက်ပွဲဝင်ခြင်္သေ့မှာ ဝိညာဉ်စွမ်းအင်ခေတ်ကတည်းကပင် ရှိခဲ့သည်။

၎င်းက လေနှင့်မီး စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် မျိုးစပ်ဝိညာဉ်သားရဲ ဖြစ်သည်။

ဤတိုက်ပွဲဝင် ခြင်္သေ့အများစုသည် မီးဂုဏ်သတ္တိကို ပိုင်ဆိုင်ကြပြီး လေဂုဏ်သတ္တိလည်း ရှိကြသည်။

ခြင်္သေ့အနည်းစုသာ ဤကဲ့သို့ အဖိုးမဖြတ်နိုင်သော စွမ်းအားနှစ်ခုလုံးကို ပိုင်ဆိုင်ထားသည်။

တိုက်ပွဲဝင်ခြင်္သေ့၏ ခွန်အားသည် ရွှေအမြူတေ အဆင့်ရှိ လူသားတစ်ဦးနှင့် ညီမျှသည်။

သူတို့က အားကောင်းမောင်းသန် လျင်မြန်ပြီး စမတ်ကျရုံသာမက သင်ယူနိုင်စွမ်းလည်း အလွန်မြင့်မား၏။

၎င်းတို့က ဉာဏ်ရည်ဉာဏ်သွေးနှင့် ပတ်သက်၍လည်း ဝိညာဉ်သားရဲ အားလုံးတွင် ပထမအဆင့် ချိတ်သည်။

ခြင်္သေ့တွေ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ဤဝိညာဥ်သားရဲမွေးမြူမှုကို ဟွာရှို့ နိုင်ငံ၏ ဝိညာဉ်သားရဲ အိမ်မွေးတိရစ္ဆာန်များ ဆိုင်ရာ ကွပ်ကဲရေးရုံးက အကန့်အသတ်ဖြင့်သာ မွေးခွင့်ပြုခဲ့သည်။

ထို့ကြောင့် တိုက်ပွဲဝင် ခြင်္သေ့မှာ အလွန်ရှားပါးသည်။

၎င်းတို့အနက် ရှောင်မျိုးနွယ်စုတွင် အကောင် ငါးရာခန့်သာ ရှိသည်။

ထိုဝိညာဥ်သားရဲများကို မျိုးနွယ်စု နယ်မြေပိုင် သစ်တောထဲတွင် လွတ်လပ်စွာ မွေးမြူခဲ့ကြသည်။

အင်မော်တယ်ထုန်ရာမှာ ယခင်က ဆေးဝါး ပြိုင်ပွဲတစ်ခုတွင် အနိုင်ရရှိခဲ့ဖူးသည်။

သူက ရှောင်မျိုးနွယ်စု အဂ္ဂိရတ် အဖွဲ့အစည်း၏ အကြံပေးလည်း ဖြစ်သည်။

သူနှင့် ရှောင်မျိုးနွယ်စုက အလွန် ထူးခြားသော ဆက်ဆံရေးရှိ၏။

အင်မော်တယ်ထုန်ရာ "ဒီကိစ္စက ကိုင်တွယ်ရ အရမ်းခက်တယ်.. ပထမဆုံး စရတုန်းကတော့ ခြင်္သေ့လေးက ဘတ်စကတ်ဘော အရွယ်အစားပဲ ရှိတယ်.. ဒါပေမယ့် အခုတော့ ငါ့ရဲ့ ဆေးပြားတွေကိုတောင် ခိုးစားတတ်နေပြီ ... မင်းက ဘာလို့ ငါ့ဆီက ခြင်္သေ့ဌားချင်တာလဲလို့ မေးလို့ရမလား ညီနောင်လဲ့"

"ငါ့အတွက် တစ်ခုခုကို စောင့်ရှောက်ခိုင်းချင်လို့ပါ.. ဒီအကောင်က မင်းအတွက် ဥယျာဉ်ခြံကို စောင့်ကြပ်ပေးနေတယ် မဟုတ်လား.. သူက မင်းရဲ့နတ်ဆေးဝါးတွေကို ခိုးစားတတ်နေပြီဆိုတော့ အသိဉာဏ်က မဆိုးလောက်ပါဘူး.. အခုက သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို စမ်းသပ်ဖို့ အချိန်တန်လောက်ပါပြီ"

အင်မော်တယ်ထုန်ရာက ပုခုံးတွန့်ပြလိုက်သည်။

"ဒါဆို မင်းဘယ်လောက် ကြာကြာ ဌားရမ်းမှာလဲ"

"တစ်လခွဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က အလျင်အမြန် ဖြေလိုက်သည်။

အင်မော်တယ်ထုန်ရာ "မင်းရဲ့ကိစ္စက အန္တရာယ်ရှိလို့လား"

ဗုံးပစ် စီနီယာ အင်မော်တယ် "အခန့်မသင့်ရင် ခြင်္သေ့ သေနိုင်တယ်"

အင်မော်တယ်ထုန်ရာ"............"

"ဒါပေမယ့် စိတ်မပူပါနဲ့ အစ်ကို ထုန်ရာ.. သေသွားရင် ဒီထက်ပိုကောင်းတဲ့ တစ်ခုခုကို ငါအစား ပြန်ပေးမှာပါ.. တိုက်ပွဲဝင် ဖီးနစ်ကို မင်းသိတယ်မလား.. ရှောင်မျိုးနွယ်စုက နောက်ဆုံး ဖန်တီးထားတဲ့ မျိုးစပ်ငှက်တစ်ကောင်လေ.. အဲဒီဌက်ကအရမ်း သန်မာလွန်းတယ်. နောက်တစ်ခါ ငါ မင်းအတွက် တစ်ကောင် ခိုးလိုက်ပါ့မယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က လေးနက် တည်ကြည်စွာ ပြောလိုက်သည်။

အင်မော်တယ်ထုန်ရာ"............"

သူက တိုက်ပွဲဝင် ခြင်္သေ့၏ ဌားရမ်းခကို မပြောဘဲ နေခဲ့သည်။

အကယ်၍ အခြားသူတစ်ယောက်သာ သူ့ဆီက ချေးငှားလိုလျှင် သူက ချက်ချင်း ငြင်းဆိုပစ်မည်မှာ သေချာသည်။

သို့သော် ဤတစ်ခေါက်မှာ ဗုံးပစ်စီနီယာ အင်မော်တယ် ဖြစ်နေ၏။

သူတို့၏ ခင်မင်ရင်းနှီးမှုကို ထောက်၍ အင်မော်တယ်ထုန်ရာက ဗုံးပစ်စီနီယာ အင်မော်တယ်ကို ခြင်္သေ့ငှားရန်မှ လွဲ၍ ရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်သည်။

.........................

ညဘက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က မိဘဆရာ အစည်းအဝေးနှင့် စပ်လျဉ်း၍ အာရုံစိုက်ရမည့် အချက်များပါဝင်သော စာတိုတစ်စောင်ကို ဝမ်လင်းထံမှ လက်ခံရရှိခဲ့သည်။

၎င်းကို စကားလုံးနှစ်လုံးဖြင့် အကျဉ်းချုပ်ပြောရလျှင် "အထောက်အထားကို နှိမ့်ချထားရမည်" ဖြစ်သည်။

သူက ညီနောင် လင်း၏ ပင်ကိုစရိုက်ကို ကောင်းကောင်းသိ၏။

ညီနောင်လင်းက သူ၏ ပင်ကိုယ်စွမ်းရည် သို့မဟုတ် အစွမ်းအစများကို လူရှေ့သူရှေ့တွင် မပြသလိုသူ ဖြစ်သည်။

သို့သော် ရိုးရိုးသားသား ပြောရလျှင် မိဘဆရာ အစည်းအဝေးမှာ သူ့ကို အနည်းငယ် စိတ်ပျက်သွားစေခဲ့၏။

သူက ကလေးပင် မရှိသော်လည်း အုပ်ထိန်းသူအဖြစ် ဤအစည်းအဝေးပွဲကို တက်ရောက်ရမည် မဟုတ်လော။

ယင်းမှာ တွေးကြည့်ရုံဖြင့်ပင် သူ့ကို ခေါင်းကိုက်သွားစေသည်။

သူ့ဦးနှောက်တွေ တုန်ခါသွားပြီးနောက် ကျောင်းသား လဲ့မို့ရမ်က ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိကာ ဘလက်လေးဆီ နောက်တစ်ကြိမ် ဖုန်းခေါ်လိုက်သည်။

"ဟယ်လို ဘလက်လေး..ငါ့ကို တစ်ခု ထပ်စုံစမ်းပေးပါဦး.. အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ ဆရာတွေ အပြင် ကျောင်းသားမိဘတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ကျေးဇူးပြုပြီး ရှာကြည့်ပေးပါ"

ထိုသို့ပြောပြီးနောက် ကျေနပ်စွာဖြင့် ဖုန်းချလိုက်သည်။

စကားပုံ တစ်ခုရှိသည်။

"သင့်ရန်သူ အကြောင်းကို နားလည်ထားမှ စစ်ပွဲတိုင်းကို အောင်နိုင်လိမ့်မည်"

.......................

တစ်ချိန်တည်းမှာပင် ရှုမျှော်ခင်းနယ်မြေ၏ နိုင်ငံခြားဘာသာစကား သုတေသနရုံးတွင် အရပ်ရှည်ရှည်နှင့် အရပ်ပုပု အမျိုးသားနှစ်ဦးသည် ဒါရိုက်တာစုန့်၏ စားပွဲရှေ့တွင် ၎င်းတို့၏ အစီရင်ခံစာကို တင်ပြနေကြသည်။

အရပ်ရှည်ရှည် အမျိုးသားက ဗုံးပစ် စီနီယာ အင်မော်တယ်ကို ယနေ့တစ်နေ့လုံး စောင့်ကြည့်ထားသည့် ရလဒ်များကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည့် အစီရင်ခံစာ တစ်စောင်ကို တင်ပြလိုက်၏။

နံနက်လေးနာရီတွင် ပစ်မှတ်က အိပ်ယာမှထကာ နောက်ဖေးဥယျာဉ်သို့ သွား၍ ဘရိုကိုလီ တစ်ပိုင်းကို အာရုံစူးစိုက်စွာ ကြည့်နေခဲ့သည်။

ငါးနာရီတွင် ၎င်းက ခေါင်းကို ငုံ့၍ ဘရိုကိုလီကို အာရုံစူးစိုက်စွာ စိုက်ကြည့်နေဆဲ ဖြစ်သည်။

ခြောက်နာရီတွင်လည်း ပစ်မှတ်က ဘရိုကိုလီကို စိုက်ကြည့်နေဆဲ ဖြစ်၏။

ခုနစ်နာရီတွင် ဘရိုကိုလီကို စိုက်ကြည့်နေသည့် ပစ်မှတ်က ရုတ်တရက် ထရပ်လိုက်သည်။

...................

အစီရင်ခံစာကို စိုက်ကြည့်ရင်း ဒါရိုက်တာစုန့်၏ မျက်နှာတွင် အံ့ဩသွားသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

"............ "

"ဒီလူ ဘာတွေ လုပ်နေတာလဲ"

ဤအကြောင်းကို သူထပ်မတွေးခင် သူ့လက်ပတ်နာရီမှ ဖုန်းသံ မြည်လာသည်။

ဖုန်းခေါ်ဆိုသူ ID ကိုကြည့်လိုက်ရာ သူက ထိတ်လန့်သွားပြီး လက်ကောက်ဝတ်ပင် တုန်ယင်သွား၏။

ခေါ်ဆိုသူက သူ၏ သခင်ဖြစ်သည့် မော့အင်မော်တယ် ရဲတိုက် ပိုင်ရှင် ဖြစ်သည်။

"ဘယ်လိုအခြေအနေရှိလဲ"

ဖုန်းထဲတွင် မော့အင်မော်တယ် ရဲတိုက်သခင်၏ ယောကျာ်းပီသသော အသံ ထွက်ပေါ်လာသည်။

"သခင်.. ဒီနေ့တစ်နေ့လုံး ကျွန်တော်တို့ ပစ်မှတ်ကို စောင့်ကြည့်နေခဲ့တယ်.. သူ့ရဲ့ အပြုအမူက အတော်လေး သံသယဖြစ်ဖို့ကောင်းတယ်.. သူက ဘရိုကိုလီကို သုံးနာရီလုံးလုံး ထိုင်ကြည့်နေခဲ့တယ်"

"............."

ဖုန်းလိုင်း၏ အခြားတစ်ဖက်မှ လူက စက္ကန့်အတော်ကြာအောင် အံ့သြသွားသည်။

သူက အချိန်အတော်ကြာအောင် မှင်တက်သွားခဲ့၏။

"ဒီဗုံးပစ်စီနီယာ အင်မော်တယ်ဆိုတဲ့လူက ကျင့်ကြံခြင်းလောကမှာ အရမ်းနာမည်ကြီးတဲ့သူလေ.. စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်က လူတစ်ယောက်ရဲ့ အတွေးတွေကို မင်းလိုကောင်က နားလည်နိုင်မယ်လို့ ထင်နေတာလား"

"သခင်ပြောတာ မှန်ပါတယ်"

"ဒီဗုံးပစ် စီနီယာ အင်မော်တယ်ဆိုတဲ့လူ ဘယ်လိုပဲတွေးနေပါစေ.. သေချာတာ တစ်ခုတော့ရှိတယ်... ဒီစီနီယာရဲ့ တွေးခေါ်ပုံနဲ့ သူ့အပြုအမူအရ မျက်နှာဖုံးနဲ့ ပတ်သက်ပြီး အချိန်မဆွဲဘဲ တစ်ခုခု လုပ်တော့မယ်လို့ ငါခန့်မှန်းမိတယ်"

"ဒါဆို ကျနော်တို့က မျက်နှာဖုံးကို အတင်းလုယူရမှာလား"

ဒါရိုက်တာစုန့် အနည်းငယ် စိုးရိမ်လာသည်။

ဤကိစ္စက အဆုံးသတ်တွင် ဤအခြေအနေသို့ ရောက်လာသည်။

သို့ရာတွင် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ လက်ထဲမှ မျက်နှာဖုံးကို လုယူရန်မှာ လွယ်ကူမည်တော့ မဟုတ်ပေ။

"မင်းဘာတွေ စိတ်ပူနေတာလဲ ငါသိတယ်.. ဒီမျက်နှာဖုံးကြီးကို အဲဒီလူဆီကနေ လုယူဖို့ ဆိုတာ မလွယ်ပါဘူး.. ဒီစီနီယာက ကျောက်သရဲ မျက်နှာဖုံးပေါ်က အလွန် ပြင်းထန်တဲ့ ကျိန်စာတွေကို သေချာပေါက် နားလည်ထားမှာပဲ.. ဒါကြောင့် မျက်နှာဖုံးကို သူနဲ့အတူ နေရာတကာ သယ်သွားနိုင်မှာ မဟုတ်ဘူး.. မျက်နှာဖုံးက ဇိမ်ခံအိမ်ထဲမှာ ရှိနေဆဲ ဆိုတာ သေချာတယ်.. ဒါပေမဲ့ ဒီစီနီယာက မျက်နှာဖုံးကို စည်းတံဆိပ် တစ်ခုခုတော့ ခတ်ထားလောက်တယ်"

"သခင်ပြောတာ ဖြစ်နိုင်ပါတယ်"

ဒါရိုက်တာစုန့်က ခေါင်းညိတ်လိုက်သည်။

"ကျနော်တို့ ဇိမ်ခံအိမ်ထဲကို ဖောက်ဝင်နိုင်ရင်တောင် စည်းတံဆိပ်ကို ချိုးဖျက်ဖို့ အချိန်တစ်ခုတော့ ယူရလိမ့်မယ်"

"ဟားဟား... မလိုပါဘူး"

ဖုန်းလိုင်း၏ အခြားတစ်ဖက်မှ လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဒီသမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာက တကယ်ပဲ အန္တရာယ် ရှိတယ် ဆိုတာ ဝန်ခံပါတယ်.. စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့်က လူနဲ့ ရင်ဆိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာလေ.. ခွန်အားအဆင့်တူ လူတွေကို စေလွှတ်ရင်တောင် ရလဒ်က ကွာခြားမှာ မဟုတ်ဘူး"

"သခင်.. ဆိုလိုတာက.."

"စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူ ငါးယောက် ဆိုရင်ရော ဘယ်လိုလဲ"

ဖုန်းလိုင်းတစ်ဖက်မှ လူက ရယ်မော၍ ပြောလိုက်သည်။

"ငါ မင်းကို ဒီမစ်ရှင်မှာ ဦးစီးစေချင်တယ်.. ဇိမ်ခံအိမ်ကို ကျူးကျော်ပြီး ကျောက်သရဲ မျက်နှာဖုံးကို ငါ့ဆီ ယူလာပေးပါ"

"စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူငါးယောက်လား"

ဒါရိုက်တာစုန့်၏ လက်များ တုန်ရီလာသည်။

"ငါးယောက်က မလုံလောက်သေးလို့လား

"............."

"မလုံလောက်တာတော့ မဟုတ်ပါဘူး.."

ဖုန်းလိုင်းပေါ်မှ အသံက လေးနက်စွာ ထွက်ပေါ်လာသည်။

"ဒါဆိုလည်း ဆယ်ယောက်ပေါ့"

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူ ဆယ်ယောက်..

ဒါရိုက်တာစုန့်က လုံးလုံးလျားလျား စိတ်ကယောက်ကယက်ပင် ဖြစ်ချင်လာသည်။

သူ့ရှေ့မှ ရွှေအမြူတေအဆင့် အမျိုးသား နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အသက်မဲ့သော အကြည့်များ ရှိနေသည်။

ဒါရိုက်တာစုန့်က စိတ်ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်သာ ရှိသော်လည်း သူ့ထက် သာလွန်သော နယ်ပယ် ဖြစ်သည့် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ဆယ်ဦးကို ဦးစီးကာ မစ်ရှင်ပြီးမြောက်သည် အထိ ညွှန်ကြားရမည် ဖြစ်သည်။

"မကြာသေးမီကပဲ ငါက စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုကို အသုံးချခဲ့တယ်.. သူတို့က ငါတို့ မော့အင်မော်တယ်ရဲတိုက်ထံမှာ သုံးနှစ်တိတိ အစေခံလုပ်ဖို့ စာချုပ် ချုပ်ဆိုခဲ့တယ်.. မင်းက နှစ်ပေါင်းများစွာ ငါနဲ့ အတူရှိနေခဲ့ပြီး မင်းကို ငါတာဝန်ပေးခဲ့တဲ့ အလုပ်တွေမှာ ကျရှုံးခဲ့တာလည်း ခပ်ရှားရှားပဲ.. ဒီတစ်ခါတော့ အရာအားလုံး ချောချောမွေ့မွေ့ ပြီးမြောက်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်.. ကျောက်သရဲမျက်နှာဖုံးက ငါ့ရဲ့ မော့အင်မော်တယ် ရဲတိုက်မှာ ရှိသင့်တဲ့ အရာပဲ.. တခြားဘယ်သူ့လက်ထဲမှ ရောက်သွားလို့ မဖြစ်ဘူး"

ဒါရိုက်တာ စုန့် "စိတ်ချပါ သခင်.. မင်းရဲ့ လက်အောက်ငယ်သားက ဒီမစ်ရှင်ကို အောင်မြင်စွာ အကောင်အထည် ဖော်မယ်လို့ ကတိပြုပါတယ်.. ငါ မင်းကို စိတ်မပျက်စေရပါဘူး"

......................

ဒါရိုက်တာစုန့်နှင့် ရဲတိုက်သခင်တို့ ဖုန်းပြောနေသော အချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က အတွေးတစ်ခု ရလာပြန်သည်။

သူက Virgo ရာသီခွင်ဖြစ်၍ တစ်ခါတရံတွင် မိန်းမတစ်ယောက်လို တွေးပူတတ်သော သဘောထားရှိသည်။

မနက်ဖြန် သူမရှိချိန်၌ ကျောက်သရဲ မျက်နှာဖုံးကို ဇိမ်ခံအိမ်၌ လုံးဝ ဘေးကင်းကြောင်း သေချာအောင် လုပ်ရပေမည်။

ဇိမ်ခံအိမ်ကို စောင့်ကြပ်နေသည့် တိုက်ပွဲဝင် ခြင်္သေ့ ရှိနေပြီ ဖြစ်သော်လည်း သူက အနည်းငယ် စိတ်ပူနေဆဲပင်။

သူက မျက်နှာဖုံး ထားသော အခန်း၏ အဝေးသို့ ရောက်သည်နှင့် ငါးမိနစ်မပြည့်ခင်မှာပင် အခန်းကို သော့ခတ် ထားမထား တွေးပူလာသည်။

ထို့သို့ တွေးပူပြီး စိတ်ကယောက်ကယက် ဖြစ်ပြီးနောက်တွင် သူက နောက်ထပ် ဖုန်းတစ်ကောလ်ကို ဆက်လိုက်သည်။

"ဟယ်လို ညီနောင်လင်း.. ငါပါ.. ဗုံးပစ်စီနီယာ အင်မော်တယ်.. မနက်ဖြန် ငါ မင်းအတွက် မိဘဆရာ အစည်းအဝေးကို တက်ရမှာ ဆိုတော့ ကျောက်သရဲ မျက်နှာဖုံးကို စောင့်ကြည့်ဖို့ ငါ့အိမ်ကို လာခဲ့လို့ရမလား"

All Chapters