← Chapters

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူပင်လျှင် အခြေခံဥပဒေများကို လိုက်နာသင့်သည်။

Vol. 8 Ch. 116

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူပင်လျှင် အခြေခံဥပဒေများကို လိုက်နာသင့်သည်။

Vol. 8 Ch. 116

အင်ပါယာအကြည့်ဟု အမှတ်၆၀ အထက်တန်းကျောင်း၏ ဆရာများကြားတွင် ကျော်ကြားခဲ့သော အကြည့်သည် ဝမ်လင်း၏ ကိုယ်ပိုင် သင်္ကေတ တစ်ခု ဖြစ်သည်။

အကယ်၍ ထွင်ထျန်းဟာသာ ဤနေရာတွင် ရှိနေခဲ့လျှင် ယခင်က ထိုအရာကို တွေ့ကြုံဖူးသော သတ္တဝါတစ်ဦး အနေဖြင့် ခြင်္သေ့ကြီးကို လေးလေးနက်နက် ကိုယ်ချင်းစာမိမည်မှာ သေချာသည်။

ဗုံးပစ်စီနီယာအင်မော်တယ်က တိုက်ပွဲဝင်ခြင်္သေ့နာခံမှု ရှိလာသည်ကို မြင်လျှင် ကူကယ်ရာမဲ့စွာဖြင့် အံ့အားသင့်နေခဲ့၏။

သူ့စိတ်ထဲတွင် ဝမ်လင်း၏ လျှို့ဝှက်ဆန်းကြယ်မှုကို တွေးကာမှင်တက်နေသည်။

ဝမ်လင်းကို ကမ္ဘာခြားဂိတ်မှ လွတ်မြောက်သွားသော နတ်ဆိုးများကို လိုက်လံဖမ်းဆီးရန် တောင်းဆိုခဲ့သည့် အချိန်ကို ပြန်အမှတ်ရမိသွားသည်။

ထိုအချိန်ကလည်း အချိန်တိုင်းလိုလိုပင် ဝမ်လင်း၏ အကြည့်တစ်ချက် အောက်၌ ဤကဲ့သို့ပင် နတ်ဆိုးများ အတုံးအရုံး လဲကျခဲ့ကြ၏။

ယင်းက အဆင့်မြင့်နည်းစနစ် သို့မဟုတ် ပြင်းထန်သော ဝိညာဉ်ရေးဖိအား မဟုတ်ကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ်က အသေအချာ သိသည်။

ယင်းက အကြည့်တစ်ချက်သာ လိုအပ်၏။

ကျင့်ကြံခြင်း နည်းစနစ်မရှိဘဲ တစ်ချက်ကြည့်ရုံဖြင့် တစ်ဖက်သားအပေါ် ဖိအား မည်မျှ အတိုင်းအတာ အထိ သက်ရောက်စေနိုင်မည်နည်း။

သို့သော် ဝမ်လင်း၏ အကြည့်က ခြင်္သေ့ပေါ်တွင် အပြည့်အဝ သက်ရောက်မှုရှိကြောင်း သူကောင်းစွာ ပြောနိုင်သည်။

ကျင့်ကြံခြင်း လောကတွင် နယ်ပယ်ခြင်း တူညီနေလျှင် ပိုမို အားကောင်း သန့်စင်သော ဝိညာဉ်ရေးရာ အနှစ်သာရ ရှိသူက အသာရနိုင်သည်။

၎င်းတို့က နက်ရှိုင်းသော အကြောက်တရားများကိုလည်း တွန်းလှန်နိုင်သည်။

သို့သော် ဤဖြစ်ရပ်တွင် ဝမ်လင်း၏ စစ်မှန်သော တန်ခိုးစွမ်းအားမှာ ခန့်မှန်း၍ပင် မရနိုင်လောက်အောင် မြင့်မားကြောင်း ညွှန်ပြနေ၏။

သေချာသောအချက်မှာ ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ရှေ့မှလူကို ဝမ်လင်း၏ ကိုယ်ပွားမှန်း မသိခဲ့ချေ။

အကယ်၍ ဗုံးပစ် စီနီယာ အင်မော်တယ်သာ အမှန်တရားကို သိလျှင် ဤသေလမ်းရှာ အန္တရာယ်ကောင်က ချုံးပွဲချ ငိုချလိမ့်မည်ဟု ဝမ်လင်း ခံစားမိသည်။

.............................

လွန်ခဲ့သည့် ခြောက်နှစ်ခန့်က နတ်ဆိုး သောင်းကျန်းမှု ဖြစ်ပွားခဲ့ချိန်တွင် ကျိုးရီ နှင့် အပေါင်းအပါများက ၎င်းတို့၏ လုပ်ရပ်အတွက် ဆုချီးမြှင့်ခြင်း ခံခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် နောက်ဆက်တွဲ ကိစ္စများကို တာဝန်ယူဖြေရှင်းရန် အစိုးရက ငှားရမ်းထားသော စွမ်းအားကြီး ကျင့်ကြံသူ တချို့ ရှိခဲ့၏။

ကမ္ဘာပေါ်တွင် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကြေးစားစစ်သည်များစွာ မရှိခဲ့ပေ။

ဟွာရှို့နိုင်ငံ၏ ကျင့်ကြံမှု အသိုင်းအဝိုင်းတွင် သူတော်စင်ဆယ်ပါးမှာ အကျော်ကြားဆုံး ဖြစ်သည်။

သူတော်စင်ဆယ်ပါး ဆိုသည်မှာ ကြေးစားဆယ်ဦး ပါဝင်သော အုပ်စုတစ်ခု ဖြစ်ပြီး အဖွဲ့ဝင် အားလုံးမှာ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်တွင် ရှိနေကြသည်။

သူတော်စင် ဆယ်ပါးတွင် ထူးခြားသော လက္ခဏာနှစ်ရပ် ရှိသည်။

ပထမလက္ခဏာမှာ သူတို့က သန်မာရုံသာမက အလွန်ရက်စက်ကြမ်းကြုတ်သည်။

အဖွဲ့ကို စတင် တည်ထောင်ချိန်မှ စ၍ သူတို့လက်ခံခဲ့သောတာဝန်များ အားလုံးမှာ ကိစ္စကြီးများသာ ဖြစ်ကြသည်။

၎င်းတို့က ၎င်းတို့၏ ပြိုင်ဘက်များနှင့် ရင်ဆိုင်ရာတွင် အသက်ရှင်ခွင့် ပေးလေ့ မရှိသည့် အလေ့အထ ရှိခဲ့သည်။

သူတော်စင် ဆယ်ပါး၏ စွမ်းရည်ကြောင့် အလုပ်အပ်လိုသော စီးပွားရေး လုပ်ငန်းရှင်များလည်း ပေါ်ပေါက်လာခဲ့သည်။

၎င်းတို့နှင့် ပတ်သက်သည့် ထူးခြားသော စကားတစ်ခွန်းလည်း ရှိသည်။

"သူတော်စင်ဆယ်ပါးသွားရာ လမ်းတစ်လျောက်တွင် မြက်တစ်ပင်တောင် ကျန်လေ့မရှိ"

ဒုတိယ လက္ခဏာမှာ ငွေကို ချစ်မြတ်နိုးခြင်း ဖြစ်သည်။

သူတော်စင်ဆယ်ပါးက ငွေဖြင့် ဝယ်နိုင်သော စိတ်ဝိညာဥ် အဆင့် ကျင့်ကြံသူများ ဖြစ်သည်။

စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်တွင် ထိုကဲ့သို့သော သူမျိုး ရှားပါးသည်။

သို့သော် ၎င်းတို့ကို ငှားရမ်းရန် တတ်နိုင်သည့် ဖောက်သည်များမှာလည်း ရှားပါသည်။

အဘယ်ကြောင့်ဆိုသော် သူတော်စင်ဆယ်ပါးတွင် တစ်ဦးစီ၏ သတ်မှတ်နှုန်းထားက တန်ဖိုးကြီးလှသောကြောင့် ဖြစ်သည်။

သူတော်စင်ဆယ်ပါး အတွက်မူ အမှန်တရားနှင့် ဖြောင့်မတ်ခြင်းဟူသည် မရှိပေ။

၎င်းတို့ကို အစိုးရမှ အလုပ်ခန့်ထားနိုင်သလို ဒုစရိုက်မှုများ ကျူးလွန်ရန်လည်း ငှားရမ်းခံရနိုင်သည်။

သူတို့အတွက် ငွေကသာ ဖြောင့်မတ်ခြင်း တရား ဖြစ်သည်။

သူတို့ကို လုံလောက်စွာ ပေးချေထားသရွေ့ သင်အလိုရှိလျှင်"အဖေ" ဟုပင် ခေါ်ဆိုပေးနိုင်သည်။

ထို့ကြောင့် ဒါရိုက်တာစုန့်က သူကွပ်ကဲရမည့်သူက သူတော်စင်ဆယ်ပါး ဖြစ်ကြောင်း သိလိုက်ရသောအခါတွင် သူ၏ စိတ်နှလုံး တုန်လှုပ်မှုက အမြင့်ဆုံး အကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည်။

သူက ရဲတိုက် သခင်၏ အစွမ်းအစကို လျှော့တွက်မိပြီဟု ပထမဆုံးအကြိမ် ခံစားမိလိုက်သည်။

ဤလူ၁၀ ဦးကို တစ်ကြိမ်တည်း ငှားရမ်းရန်မှာ မခန့်မှန်းနိုင်လောက်အောင် များပြားသည့် ငွေကြေးပမာဏ လိုအပ်လိမ့်မည် မဟုတ်ပါလား။

ဟွာရှို့ နိုင်ငံ၏ အကြီးဆုံး ဆေးဝါး လုပ်ငန်းစု ဖြစ်သည့် ဟွာကောရေတံခွန် လုပ်ငန်းစုပင် နှစ်ကြိမ်ခန့် ပြန်စဉ်းစားရမည် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူ့သခင်က ဤလူဆယ်ယောက်ကို သုံးနှစ်ကြာ လက်အောက်ခံ အဖြစ် အသုံးပြုရန် အမှန်တကယ် ဆွေးနွေးနိုင်ခဲ့သည်။

သူတို့အတွက် မည်သို့သော အဖိုးမဖြတ်နိုင်သည့် ရတနာမျိုးဖြင့် ညှိနှိုင်းခဲ့ပါသနည်း။

ဒါရိုက်တာစုန့်က သူ၏ အကန့်အသတ် ရှိသော အတွေ့အကြုံဖြင့် အတွေးနယ်ချဲ့နေမိသည်။

.......................

ဗုံးပစ်စီနီယာ အင်မော်တယ်က နေ့လည် လေးနာရီကျော်လောက်တွင် ဇိမ်ခံအိမ်ကနေ စတင်ထွက်ခွာမည် ဖြစ်သည်။

သူက ဓားပျံစီးရင်း သတိလက်လွတ်ဖြစ်ကာ အရှိန်မသတ်နိုင်ခဲ့၍ အမှတ်၂မှတ် လျော့ခံရပြီး ဓားပျံလိုင်စင် ရုတ်သိမ်းခံထားရသည်။

ဓားပျံလိုင်စင်က ဇွန်လမှသာ ပြန်လည်ရရှိမည် ဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် ဝမ်လင်း၏ ကျောင်းသို့ ဘတ်စ်ကားစီး၍သာ သွားခဲ့ရသည်။

လမ်းခရီးတွင် တစ်နာရီခန့် ကြာပြီးနောက် မိဘဆရာ အစည်းအဝေးပွဲ မစတင်မီ ကျောင်းသို့ အချိန်မီ သူရောက်ရှိခဲ့သည်။

ဟွာရှို့နိုင်ငံသား တစ်ယောက် အနေဖြင့် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် အခြေခံဥပဒေများကို လိုက်နာသင့်သည် မဟုတ်ပါလား။

ဗုံးပစ်စီနီယာ အင်မော်တယ်က နိုင်ငံသားကောင်း ဖြစ်ရန် အမြဲရည်ရွယ်ချက် ရှိခဲ့သည်။

အဆုံးသတ်တွင်ဤသိပ္ပံကျင့်ကြံခြင်းခေတ်မှာ ယခင်ခေတ်နှင့် မတူတော့ပေ။

ယခင်ကဆိုလျှင် ကျင့်ကြံခြင်းနယ်ပယ် မြင့်နေသ၍ ကောင်းကင်နှင့်ကမ္ဘာမြေကြီးတွင် လုပ်ချင်တာ မှန်သမျှ လုပ်ပိုင်ခွင့် ရှိသည်။

၎င်းကို ရှေးအကျဆုံးနှင့် အသုံးအများဆုံး ဖြစ်သည့် လေလံပွဲများတွင် ဥပမာအနေဖြင့် ကြည့်နိုင်သည်။

ယခင်ခေတ်က ဆိုလျှင် လေလံပွဲ၌ တစ်စုံတစ်ရာကို ငွေဖြင့် မှန်ကန်စွာ ဝယ်ယူခဲ့လျှင်ပင် ပိုင်ရှင်အသစ်က အချိန်မရွေး သတ်ဖြတ်ခံရနိုင်သည့် အန္တရာယ် ရှိနိုင်သည်။

ယခုခေတ်တွင်မူ ကျင့်ကြံခြင်းရဲများ အပြင် တရားဥပဒေ စိုးမိုးရေး စနစ်လည်း ရှိလာပြီ ဖြစ်သည်။

ကျင့်ကြံမှုမြင့်မားသည် ဆိုပြီး ယခင်လို စိတ်တိုင်းကျ ပြုမူနိုင်မည် မဟုတ်တော့ချေ။

သို့မဟုတ်လျှင် ဥပဒေကို ချိုးဖောက်သည့် ပြစ်မှုဖြင့် ထောင်ကျခံရကိန်း ရှိနိုင်ပေသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က သေလမ်းရှာခြင်းကို အလွန်နှစ်သက်ကြောင်း လူတိုင်းသိသည်။

သူ့ကိုယ်သူ "သေလမ်းရှာ အန္တရာယ်ကောင်"ဟူသောဘွဲ့ဖြင့် နှစ်အတော်ကြာ ရပ်တည်လာခဲ့သည်။

သို့သော် သူဘယ်တော့မှ မချိုးဖျက်ရဲသော အခြေခံ အချက် အချို့ သူ့တွင် ရှိနေဆဲပင်။

"ညီနောင်လင်း.. ငါမင်းနဲ့ပဲ လွှဲခဲ့တော့မယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က မသွားမီ အိမ်ရှေ့တံခါးတွင် ဝမ်လင်း နှင့် စကားပြောခဲ့သည်။

ဝမ်လင်းက လက်ပိုက်၍ အိမ်ရှေ့တံခါးကို မှီထားသည်။

သူ့ဘေးတွင် ရှောင်မိသားစုမှ ခြင်္သေ့တစ်ကောင်က နာခံမှုရှိစွာဖြင့် ဝပ်တွားနေသည်။

ဝမ်လင်း၏ အကြည့်တစ်ချက်ဖြင့် ယဉ်ပါးလာပြီးနောက် ခြင်္သေ့၏ ယခင်က ချဉ်းကပ်မရနိုင်သော အမူအရာများက ပြောင်းလဲသွားသည်။

ယခုအခါ ၎င်းက လည်ဆံကို လျှာဖြင့် လျက်ကာ ဖ-င်ကို နမ်းနေသည်။

သူ့အပြုအမူက လုံးဝ ကြောင်တစ်ကောင် အတိုင်းပင်။

ထိုမြင်ကွင်းကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က လုံးဝကို ဆွံ့အသွား၏။

ယင်းအချိန်မှာပင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အမူအရာက ရုတ်တရက် လေးနက်သွားသည်။

"ညီနောင်လင်း.. မင်းလည်း ခံစားရတယ် မဟုတ်လား"

ဗုံးပစ်စီနီယာ အင်မော်တယ်က တံခါးဘေးတွင် ရပ်ကာ ဝမ်လင်းကို ကြည့်၍ မေးလိုက်သည်။

ဝမ်လင်းက မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

သူတို့ကို ကြည့်ရှုနေသူ တစ်ဦးထက် မက ရှိနေသည်ကို သူ ကောင်းကောင်း သိသည်။

"ငါထင်တာမမှားဘူး.. ဒီလူတွေက ဒီလောက်လွယ်လွယ်နဲ့လက်လျော့မှာ မဟုတ်မှန်း ငါသိသားပဲ"

ဝမ်လင်း မျက်မှောင် ကြုတ်လိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ် "ဒါပေမယ့် ညီနောင်လင်း ဒီမှာ ရှိနေပြီ ဆိုမှတော့ ဒီကိစ္စကို ကိုင်တွယ်နိုင်မယ် ဆိုတာ သေချာပါတယ်လေ.. ဟုတ်တယ်မလား"

ဝမ်လင်း မျက်မှောင်ကြုတ်သွားပြန်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်လင်း.. ဒီလိုမျိုး မျက်မှောင် ခဏခဏ မကြုတ်ပါနဲ့.. အဲဒါက ငါ့ကို အရမ်းတုန်လှုပ်စေတယ်"

ဝမ်လင်း ".........."

{ငါ့ဘာသာ မျက်မှောင်လေး ကြုတ်တာတောင် မရဘူးလား}

.......................

ဝမ်လင်းကို မျက်မှောင်ကြုတ်သွားအောင် လုပ်နိုင်သည့် အရာတွေ အများကြီးရှိသည်။

ဥပမာ.. စာမေးပွဲ ရလဒ် ကောင်းလွန်းလျှင် ဖေဖေဝမ်က မုန့်ဖိုးဖြတ်သည့် အချိန် နှင့် အဆာပြေခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ကို အကန့်အသတ်ဖြင့် ထုတ်သောအခါတွင် မရလိုက်သည့် အခါမျိုးတွင် ဖြစ်သည်။

ဟုတ်ပါသည်။ သူ၏ လက်ရှိ အကြောက်တရားမှာ ထိုအထဲက တစ်ခုမှ မဟုတ်ခဲ့ပေ။

အပြင်မှာ စောင့်ကြည့်နေသည့် အမျိုးသားများက အလွန် သန်မာသည့် အသွင်အပြင် ရှိကြောင်း ဝမ်လင်းအနေဖြင့် ဝန်ခံရမည် ဖြစ်သည်။

၎င်းတို့မှာ ယခင်က သူကိုင်တွယ်ခဲ့ဖူးသည့် အရိပ်အဖွဲ့မှ လူသတ်သမားများနှင့် လုံးဝမတူပေ။

မည်သို့ပင်ဖြစ်စေ သူက အပြင်မှ လူများကို သိပ်အမှုမထားခဲ့ပေ။

ဤလူများက သူ၏ တိုက်ကွက်ကို နှစ်ကွက်သုံးကွက်လောက်ပင် ခံနိုင်ရည် ရှိနိုင်သည်ဟု ဝမ်လင်း ခံစားလိုက်ရသည်။

ဝမ်လင်း မျက်မှောင်ကြုတ်ရသည့် အကြောင်းရင်းမှာ လူအနည်းငယ် များလွန်းသည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။

ယင်းမှာ သူ့ကို အလွန် စိတ်အနှောင့်အယှက် ဖြစ်စေသည်။

ယနေ့ညတွင် ကျင့်ကြံခြင်း အမည်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တီဗီစီးရီး၏ အကြိုပြသပွဲ ရှိသည်။

ဝမ်လင်းက ထိုအစီအစဥ်ကို လက်လွတ်မခံချင်ပေ။

စီးရီးစတင် ပြသချိန် အတွင်း အကြီးစား စပွန်ဆာ ဖြစ်သည့် Small Raccoon သည် အနှစ်သုံးဆယ်စာ တန်ဖိုးရှိ အဆာပြေ ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ကို အခမဲ့လက်ဆောင် အဖြစ်ပေးရန် တီဗီပရိသတ် သုံးရာကို ကျပန်း ရွေးချယ်သွားမည် ဖြစ်သည်။

အပြင်က လူအုပ်သာ သူ၏ အချိန်ကို ဖြုန်းတီးလိုက်လျှင် ခေါက်ဆွဲခြောက် အခမဲ့အစီအစဥ်ကို ဆုံးရှုံးလိုက်ရမည် ဖြစ်၍ ဝမ်လင်း တစ်ယောက် သွေးအန်သွားမည်မှာ အသေအချာပင်။

All Chapters