← Chapters

သင်သွားရာလမ်းမှာ ကျရှုံးမှုတွေစောင့်ကြိုနေတယ်

Vol. 8 Ch. 120

သင်သွားရာလမ်းမှာ ကျရှုံးမှုတွေစောင့်ကြိုနေတယ်

Vol. 8 Ch. 120

ဝမ်လင်းကို တစ္ဆေသရဲ ကဲ့သို့ လန့်ဖျပ်ပြီး ထွက်ပြေးရန် လှည့်မသွားမီတွင် ဝမ်လင်းက ရက်စက်ကြမ်းကြုတ်သော တစ္ဆေဗိုလ်ချုပ်ကို စိုက်ကြည့်လိုက်သည်။

အရှေ့ဟွမ်လမ်းရှိ ဝမ်မိသားစု အိမ်ငယ်လေးသည် အထီးကျန် စိတ်ဝိညာဉ်များနှင့် သရဲတစ္ဆေများစွာ ရှိခဲ့ဖူးသော မြို့စွန်တွင် တည်ရှိသည်။

အဆုံးသတ်တွင် ဝမ်လင်းက သူတို့အားလုံးကို ကြောက်လန့်စေခဲ့၏။

တစ္ဆေဗိုလ်ချုပ်လို တစ္ဆေတစ်ကောင်က သူ့ဆီ ပြေးလာပြီး ပြာဖြစ်ကာ ပျောက်ကွယ်သွားသည့် အချိန်ကိုပင် သူအမှတ်ရမိသွားသည်။

ထို့ကြောင့် ဤတစ္ဆေဗိုလ်ချုပ်မှာ ကံကောင်းသည်ဟု ဆိုနိုင်သည်။

ဝမ်လင်းက တစ္ဆေဗိုလ်ချုပ်ကို မကြောက်သော်လည်း သူ့ဘေးမှ တိုက်ပွဲဝင် ခြင်္သေ့ကမူ ကြမ်းပြင်နှင့် ထိကပ်လုမတတ် ဝပ်နေခဲ့၏။

ဆယ်မိနစ်ခန့် ရေးဆွဲပြီးသောအခါ သူက အားဖြည့်အစီအရင်အမျိုးမျိုးကို ရေးဆွဲပြီးခဲ့သည်။

ထို့နောက် အစီအရင်ကို တိုက်ပွဲဝင် ခြင်္သေ့၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အတိုးချီးစားသည့် အန်တီကြီးဆံပင်ထဲမှ ဆူးလိပ်ကဲ့သို့ ရစ်ပတ်ပေးလိုက်၏။

ဤခြင်္သေ့က ဝမ်လင်း၏ ကျေးဇူးကြောင့် နတ်ဘုရား အဆင့်သို့ အဆင့်တက်သွားခဲ့သည်။

တိုက်ပွဲဝင် ခြင်္သေ့ ကိုယ်ပေါ်ရှိ ခွန်အားဖြည့် ဂါထာနှစ်ဆယ်က အလင်းရောင်ဖြင့် တောက်ပနေသည်။

ယင်းက ခြင်္သေ့၏ ပတ်ပတ်လည်တွင် လွှမ်းမိုးနိုင်သော သက်ရောက်မှု ဖြစ်ပေါ်စေ၏။

တစ္ဆေဗိုလ်ချုပ်က ဗီလာထဲသို့ ပြေးဝင်လာသည်နှင့် တစ်ပြိုင်နက် ဤပြိုးပြိုးပြက်ပြက် တောက်ပသော အလင်းရောင်ကြောင့် မျက်စိကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။

"................"

ရလဒ်အနေဖြင့် သုံးစက္ကန့်ပြည့်အောင် ငြိမ်သက်သွားပြီးနောက် တစ္ဆေဗိုလ်ချုပ်က ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်သည်။

"သောက်ချီး"

{အဆ နှစ်ဆယ်လောက် စွမ်းအားမြှင့်ထားတဲ့ တိုက်ပွဲဝင် ခြင်္သေ့တစ်ကောင်ပါလား}

{ငါက ဘာလို့ စိတ်ရှုပ်ခံပြီး တိုက်ပွဲဝင်ရမှာလဲ}

.......................

ကားအတွင်းတွင် တတိယသူတော်စင်က ဝမ်းနည်းပူဆွေးစွာဖြင့် ဒုတိယ သူတော်စင်၏ ခန္ဓာကိုယ်ကို ထိန်းကူပေးထားသည်။

အစ်ကို အကြီးဆုံး ကဲ့သို့ပင် ဒုတိယသူတော်စင် သည်လည်း တုံ့ပြန်ခြင်း ခံခဲ့ရသည်။

သို့သော် နတ်ဆိုးလမ်းစဥ် စွမ်းအားမှ တန်ပြန်ခြင်းက ဝိညာဉ်ရေးဖိအားမှ တန်ပြန်ခြင်းထက် သိသိသာသာ ပြင်းထန်သဖြင့် အဆင့်ငါး ဒဏ်ရာ အမျိုးအစားကို ရရှိစေခဲ့၏။

ဒုတိယသူတော်စင်က သွေးအရိပ်စွမ်းရည်ကို ထုတ်ဖော်ဖို့ နေနေသာသာ လှုပ်ပင် မလှုပ်ရှားနိုင်ခဲ့ပေ။

နောက်ဆုံးတွင် ချောင်းတဟွတ်ဟွတ် ဆိုးပြီး သွေးများ အန်ထုတ်ကာ သေဆုံးသွားခဲ့သည်။

တတိယသူတော်စင်၏ မျက်နှာတစ်ခုလုံးမှာ သွေးစိမ်းများ ဖြန်းခနဲ စင်သွား၏။

မော်နီတာစခရင်ကို ကြည့်နေသည့် ဒါရိုက်တာစုန့်က သွားများကို အံကြိတ်၍ ရေရွတ်လိုက်သည်။

"ဒီနေ့ မစ်ရှင်က မအောင်မြင်ဘူး.. ဒီမှာတင် ပြီးဆုံးသွားပြီ"

ယင်းက ထူးဆန်းလွန်းသည်။

မော်နီတာစခရင်တွင် မြင်နေရသည့် တစ်ဖက်လူမှာ ဆယ်ကျော်သက်လေးသာ ဖြစ်သည်။

ဒါရိုက်တာစုန့်က လက်ရှိ ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို နားမလည်နိုင်ခဲ့ပေ။

၎င်းတို့၏ တိုက်ခိုက်မှုကို စတင်ပြီးနောက် ဆယ်မိနစ်အကြာမှာပင် ကြီးကျယ်ခမ်းနားသော သူတော်စင်ဆယ်ဦးမှ ထိပ်ဆုံး နှစ်ဦးမှာ သေပွဲဝင်ခဲ့ရသည်။

ထိုလူငယ်နှင့် ပတ်သက်သည့် သတင်း အချက်အလက် လုံးဝမရှိဘဲ မျက်စိစုံမှိတ် တိုက်ခိုက်ခြင်းသည် ထိရောက်မှု မရှိကြောင်း ထင်ရှားနေသည်။

ဒါရိုက်တာစုန့် ချမှတ်နိုင်သည့် အကောင်းဆုံး ဗျူဟာမှာ ရှေ့တစ်လှမ်းတိုးရန် အတွက် နောက်သို့ တစ်လှမ်းဆုတ်ခြင်း ဖြစ်၏။

"စတုတ္ထ ညီနောင်..."

တတိယ သူတော်စင်က ပန်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော စတုတ္ထ သူတော်စင်ထံသို့ ညနတ်ဆိုး၏ လက်နက်ကို ကမ်းပေးလိုက်သည်။

"ဒီဗုဒ္ဓတောင်ဝှေးကို ယူလိုက်ပါ.. အခုကစပြီး ကျန်တဲ့ ညီနောင်၆ယောက်ကို မင်း ဦးဆောင်ရမယ်"

လူတိုင်းက တတိယသူတော်စင်ကို စိုက်ကြည့်လိုက်ကြသည်။

သူတို့က တတိယ သူတော်စင်၏ နှလုံးသားထဲမှ ဆုံးဖြတ်ချက်ကို မြင်နိုင်ကြသည်။

ပန်းရောင်ဝတ်စုံဝတ် စတုတ္ထသူတော်စင်က ဗုဒ္ဓတောင်ဝှေးကို လက်ခံလိုက်သည်။

"တတိယ အကိုတော်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ့မယ်"

တတိယ သူတော်စင်က ကားရှေ့ခန်းရှိ ဒါရိုက်တာစုန့်ကို လုံခြုံရေး ကင်မရာမှ တဆင့် စိုက်ကြည့်လိုက်သည်။

"ဒါရိုက်တာစုန့်.. ဒီကျရှုံးမှုအတွက် မင်းကို ငါတို့ အပြစ်မတင်ဘူး.. ငါတို့ကိုက ရန်သူကို လျှော့တွက်ခဲ့မိတာပါ.. နောက်တစ်ချက်က ငါတို့က ကိုယ့်ဘာကိုယ် ကျေကျေနပ်နပ်ကြီး စိတ်တိုင်းကျ လုပ်ဆောင်ခဲ့တာပဲ.. မင်းပြန်ရောက်တဲ့အခါကျရင် ကျေးဇူးပြုပြီး ရဲတိုက် သခင်ကို အမှန်အတိုင်း သတင်းပို့လိုက်ပါ.. ငါတို့ သူတော်စင်ဆယ်ပါး အနေနဲ့ ဒီတာဝန်ကို ကျရှုံးခဲ့လို့ စိတ်မကောင်းပါဘူး.."

ဒါရိုက်တာစုန့်က ခဏတာ တိတ်ဆိတ်သွားသည်။

"စီနီယာ တတိယ သူတော်စင်.. မင်းသေချာ ဆုံးဖြတ်ပြီးပြီလား"

"အကိုကြီးနဲ့ ဒုတိယအစ်ကို သေဆုံးသွားတဲ့အတွက် သူတို့အတွက် ငါလက်စားချေရမယ်"

တတိယ သူတော်စင်က ခေါင်းညိတ်သည်။

"ငါ့ရဲ့လက်စားချေမှု အောင်မြင်ရင် ကျောက်သရဲ မျက်နှာဖုံးနဲ့ အတူ မင်းဆီ ပြန်လာမယ်.. မအောင်မြင်ရင်တော့ ငါ့အလောင်းကို ရှာပြီး ငါ့အကိုနှစ်ယောက်နဲ့ အတူ ကျန်းနန်မှာ သင်္ဂြိုဟ်ပေးပါ.. အဲဒါက ငါတို့ ညီအကိုတွေရဲ့ မွေးရပ်မြေ.. ငါတို့တွေ အဲဒီကနေ အတူတူ ကျင့်ကြံခဲ့ကြတယ်"

"ကောင်းပြီ ငါနားလည်ပါတယ်"

ဒါရိုက်တာစုန့် သက်ပြင်းချလိုက်သည်။

တတိယ သူတော်စင်က ကားတံခါးကို ဖွင့်ပြီး ထွက်သွားခဲ့သည်။

သူက သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အင်မော်တယ်ဓားကို ကိုင်ထားသည်။

သူ၏ အဖြူရောင် တာအိုဝတ်စုံက လေတိုက်ခတ်မှုကြောင့် တဖျပ်ဖျပ်လွင့်နေ၏။

တတိယသူတော်စင်က မထွက်ခွာမီတွင် တစ်ခုခုကို တွေးတောနေပုံရသည်။

သူက ခေါင်းကိုလှည့်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

"အခုကစပြီး ခုနစ်ယောက်ပဲ ကျန်တော့တယ်...သူတော်စင် ဆယ်ယောက်လည်း မရှိတော့ဘူး... ညီအကိုတို့.. အခုကစပြီး ထင်ရှားတဲ့ နာမည်တစ်ခုကို ရွေးချယ်သင့်တယ်"

ဂျူနီယာ သူတော်စင်များက လေးလေးနက်နက် ဖြစ်သွားပြီး ချက်ချင်းပင် အတွေးထဲ နစ်မွန်းသွားကြသည်။

"စီနီယာ တတိယသူတော်စင်.. ဒီနာမည်ဆိုရင်ရော ဘယ်လိုလဲ.. ကျန်းနန်ရဲ့ မွန်းစတား ခုနစ်ပါး"

တတိယသူတော်စင် ".........."

...........................

သင်သွားရာလမ်းမှာ ကျရှုံးမှုတွေ စောင့်ကြိုနေတယ်..

ဤစကားက သူတော်စင်ဆယ်ပါး အတွက် အမှန်တကယ် သင့်လျော်သည်ဟု ဝမ်လင်းက ထင်မြင်ခဲ့သည်။

အမြင့်တွင်ရှိလေ ဆုံးရှုံးရန် ပိုမိုလွယ်ကူလေ ဖြစ်သည်။

ဤနှစ်များ တစ်လျှောက်လုံးတွင် သူတော်စင်ဆယ်ပါးက သူတို့ လုပ်ဆောင်ခဲ့သော မစ်ရှင်တိုင်းတွင် ပြီးပြည့်စုံစွာ အောင်မြင်ခဲ့ပြီး ကြေးစားလောကတွင် သူတို့ကိုယ်သူတို့ နာမည်ကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းတို့၏ မှတ်တမ်းကောင်းက ပျက်စီးသွားပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့က မည်ကဲ့သို့ သံပြား အမျိုးအစားကို သွားကန်မိမှန်း မသိကြ၍ ဖြစ်၏။

တတိယ သူတော်စင်က သူ့အကိုနှစ်ယောက် အတွက် လက်စားချေရန် ဆုံးဖြတ်လိုက်သည်။

တဖြည်းဖြည်း မှောင်စပြုလာပြီ ဖြစ်သည်။

တတိယ သူတော်စင် တစ်ဦးတည်းသာ ဇိမ်ခံအိမ် အပြင်ဘက်တွင် ရှိနေခဲ့သည်။

သူက အင်မော်တယ် ဓားကိုကိုင်လျက် ဝမ်ရှန်းဥယျာဥ်အိမ်ရာရှိ ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်ဆီသို့ ဦးတည်သွားခဲ့သည်။

သူ၏ အဖြူရောင်ဝတ်စုံက လေထဲတွင် တဖျပ်ဖျပ်လွင့်နေ၏။

တတိယသူတော်စင်က အိမ်ရာဝင်ပေါက်သို့ ရောက်လျှင် တာဝန်ကျ လုံခြုံရေး အကြီးအကဲနှင့် ထိပ်တိုက်တွေ့ခဲ့သည်။

လုံခြုံရေး အကြီးအကဲက တတိယ သူတော်စင်၏ မျက်နှာပေါ်ရှိ "ဖော်ရွေသော" အမူအရာအား စိုက်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။

"ဆရာ.. ဒီမှာနေတာလား ဒါမှမဟုတ် တစ်ယောက်ယောက််ဆီလာလည်တာလား"

တတိယသူတော်စင် "ငါ့မိတ်ဆွေဟောင်းကို လာရှာတာပါ"

လုံခြုံရေးအကြီးအကဲ "............."

{ဘယ်သူက ဓားကိုင်ထားပြီး မိတ်ဆွေဟောင်းကို ရှာမှာလဲ}

လုံခြုံရေးအကြီးအကဲက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ဝမ်ရှန်း ဥယျာဥ်အိမ်ရာတွင် တာဝန်ကျသော လုံခြုံရေးအစောင့်များမှာ မြင့်မားသော နယ်ပယ်များ မရှိသော်လည်း အတွေ့အကြုံ ရှိသူများ ဖြစ်ကြသည်။

တတိယ သူတော်စင်၏ အေးစက်စက် အရှိန်အဝါက သိသာထင်ရှားလွန်းသဖြင့် လုံခြုံရေးခေါင်းဆောင်က အန္တရာယ်၏ အငွေ့အသက်ကို ရရှိနေပြီ ဖြစ်သည်။

"ဆရာ.. တစ်စုံတစ်ယောက်ဆီ အလည်လာတယ် ဆိုရင်လည်း ပိုင်ရှင်နဲ့ အတည်ပြုနိုင်ဖို့ ဇိမ်ခံအိမ် နံပါတ်ကို ကျေးဇူးပြုပြီး ပြောပြပေးပါ"

တတိယ သူတော်စင်က အဝေးမှ အိမ်ကြီးတစ်လုံးကို လှမ်းကြည့်လိုက်သည်။

"ဒီအိမ်ကြီးမှာ တစ်ခုခု ထူးခြားနေတာ သတိထားမိလား"

လုံခြုံရေး အကြီးအကဲက တတိယသူတော်စင် အကြည့်ရောက်သွားသော နေရာကို ကြည့်လိုက်ရာ ချက်ချင်းပင် ထိတ်လန့်သွားသည်။

"လခွမ်း.. ဒါက သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာရဲ့ အိမ်ကြီး မဟုတ်လား"

သူက အဖြူရောင်အင်္ကျီ ဝတ်ထားသည့် ကျင့်ကြံသူကို တစ်ဖန် ပြန်ကြည့်လိုက်သည်။

ဤလူက ရန်လိုမှု ရှိနေနိုင်သည်ကို သဘောမပေါက်နိုင်လောက်သည် အထိ သူမမိုက်မဲခဲ့ပေ။

လုံခြုံရေးအကြီးအကဲက စိတ်လှုပ်ရှားလွန်းသဖြင့် ချွေးစေးများပင် ထွက်လာသည်။

"ဆရာ.. ဟန်ဆောင်မနေပါနဲ့"

တတိယသူတော်စင် "ဒီအိမ်ကြီးက အဆောက်အဦး စည်းမျဥ်းတွေကို ချိုးဖောက်ထားတာ ရှင်းနေတယ်.. အိမ်ကြီးကို ဖြိုဖျက်ပြီး အိမ်ရှင်ကို မျက်ရည်ကျအောင် လုပ်ရမယ်.. အဲဒါက ပိုပြီး ကြည်နူးစရာ ကောင်းတဲ့ မြင်ကွင်းကို ဖြစ်စေလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

လုံခြုံရေးအကြီးအကဲ "ဆရာ.. မင်းက ဘယ်သူလဲ.."

တတိယသူတော်စင်က လုံခြုံရေး အကြီးအကဲကို စိုက်ကြည့်၍ ပြောလိုက်သည်။

"ကျေးဇူးရှင်"

"..........."

.........................

လုံခြုံရေး အကြီးအကဲက သူ့ကိုတားဖို့ ကြိုးစားသော်လည်း တတိယသူတော်စင်က ဝိညာဉ်ရေးဖိအားဖြင့် တိုက်ခိုက်လိုက်ရာ လုံခြုံရေးအကြီးအကဲက သွေးအန်၍ မြေပြင်ပေါ် လဲကျသွားသည်။

ထို့နောက် တတိယသူတော်စင်က မှုန်ကုပ်ကုပ်ဖြင့် ဇိမ်ခံအိမ်သို့ ထွက်လာခဲ့သည်။

လုံခြုံရေး အကြီးအကဲက တတိယသူတော်စင်၏ ဓားအောက်တွင် တစ္ဆေ မဖြစ်လိုက်သည့် အတွက် အလွန် ကံကောင်းသည်ဟု ဆိုရမည်။

လက်ရှိတွင် သူ့နှလုံးသားက ဒေါသကြောင့် ပူလောင်နေသဖြင့် လုံခြုံရေးအကြီးအကဲ၏ အသက်ကို သတ်ဖြတ်ရန် သတိမရတော့ပေ။

အကယ်၍ လုံခြုံရေး အကြီးအကဲသာ လက်နက်ကို ဆွဲထုတ်၍ ခုခံခဲ့လျှင် ကြေကွဲဖွယ် ကောင်းသော အဆုံးသတ် တစ်ခု ဖြစ်လာနိုင်ပေသည်။

ဇိမ်ခံအိမ်၏ အိမ်ရှေ့သို့ ရောက်သောအခါ အိမ်ရှေ့တံခါးက ပွင့်နေကြောင်း သူသိလိုက်သည်။

ထို့နောက်တွင် အစောပိုင်းက နိုးထခြင်း အစီအရင်ဖြင့် သူတို့ စောင့်ကြည့်နေသည့် လူငယ်လေးက ဖြည်းညင်းစွာ ထွက်လာခဲ့သည်။

ဝမ်လင်ကို မြင်လိုက်ရသည့် အခိုက်တွင် တတိယ သူတော်စင် အံ့အားသင့်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဤဆယ်ကျော်သက်က အပြာရောင် ကျောင်းဝတ်စုံကို ဝတ်ဆင်ထား၍ ဖြစ်သည်။

"ဒီချာတိတ်က တကယ်ပဲ ကျောင်းသားလား"

တတိယသူတော်စင် အံ့အားသင့်သွားသည်။

All Chapters