← Chapters

ဆရာကြီးက စီနီယာ လူသတ်သမား ကျင့်ကြံသူလား

Vol. 9 Ch. 121

ဆရာကြီးက စီနီယာ လူသတ်သမား ကျင့်ကြံသူလား

Vol. 9 Ch. 121

ဤအပြာရောင်ဝတ်စုံကို တတိယ သူတော်စင်က ယခင်က တစ်နေရာရာတွင် မြင်ဖူးသလို ခံစားနေရသည်။

အချိန်အတော်ကြာအောင် သူ့မျက်လုံးများဖြင့် ဝမ်လင်း၏ နုနယ်သော မျက်နှာကို စိုက်ကြည့်လိုက်သည်။

ထိုချာတိတ် ဝတ်ထားသည့် ယူနီဖောင်းကို ကြည့်ရင်း သိပ်မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုကို ရုတ်တရက် အမှတ်ရမိသွားသည်။

ယင်းမှာ ဦးနှောက်ထဲမှ ပြဿနာ တစ်ခုကို ဖြေရှင်းနိုင်ခဲ့သလိုပင်။

ဆိုရလျှင် ဤယူနီဖောင်းမှာ ဖေးယန်ခရိုင် အမှတ်၆၀ အထက်တန်းကျောင်း၏ ယူနီဖောင်း ဖြစ်သည်။

ထိုကျောင်းမှာ ယခင်က လူသိပ်မသိသည့် သာမန်အထက်တန်းကျောင်းသာ ဖြစ်သည်။

အကယ်၍ အရိပ်အဖွဲ့၏ ပထမတန်းစား ဖဲပြားနီလူသတ်သမားများသာ ဤကျောင်းတွင် သုတ်သင်မခံခဲ့ရလျှင် တတိယ သူတော်စင်က ၎င်းကို လုံးဝ အာရုံစိုက်မိမည် မဟုတ်ပေ။

ယခင်က အွန်လိုင်း သတင်းတွေမှာ ဖတ်ဖူးတာကို အမှတ်ရမိသွားသည်။

အသေးစိတ် အချက်အလက်များကို သေချာ ပြန်မှတ်မိလာပြီးနောက် ဤကျောင်းက မကြာသေးမီကမှ နာမည်ကြီးလာသည်ကို သိလိုက်ရလျှင် အနည်းငယ် အံ့ဩသွားခဲ့သည်။

အရိပ်လူသတ်သမားများကို အပြီးအပြတ် ရှင်းထုတ်ခြင်းနှင့်ရွှေရောင်ဖဲပြားအဆင့် အမှုဆောင် အမျိုးသမီး တစ်ဦးကို ဖမ်းဆီးခြင်းမှာ ဤကျောင်းနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေပုံရသည်။

ယခုလည်း သူ့ရှေ့တွင် ရပ်နေသည့် ဆယ်ကျော်သက် ချာတိတ်မှာ ထိုကျောင်း၏ ယူနီဖောင်းကို ၀တ်ထားသည်။

တတိယ သူတော်စင်က ရုတ်တရက် ကြောက်လန့်သွားသလို ခံစားလိုက်ရ၏။

သို့သော် နောက်ဆုံးတွင် ဤလူငယ်နှင့် သူတော်စင်နှစ်ဦး၏ သေဆုံးမှုက ဆက်စပ်နေကြောင်း သက်သေ အထောက်အထား မရှိခဲ့ပေ။

ဗီလာထဲတွင် နိုးထခြင်း အစီအရင်ကို အံတုနိုင်သည့် ကျွမ်းကျင်သူ တချို့ ပုန်းအောင်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သူက ဤချာတိတ်ကို ကြောက်နေပါသလော။

ယင်းက မဖြစ်နိုင်ပါချေ။

ဤနှစ်များ တစ်လျောက်လုံး လေဒဏ်နှင့် လှိုင်းဒဏ်ကဲ့သို့ ရာသီဥတု မဖောက်ပြန်သော နေ့ရက်များ တစ်ရက်မှ မရှိခဲ့ပေ။

တတိယသူတော်စင်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တွင်တာအို၏ အဓိပ္ပါယ်ကို နားလည်ရန် အတွက် နတ်ဆိုးအိုဝမ်၏ နည်းလမ်းများကို အတုယူခဲ့ရသည်။

ထိုအချိန်က ဤကလေး မမွေးသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။

၎င်းက ဆယ်ကျော်သက်သာ ရှိသေးသည်။

သာမန် အထက်တန်းကျောင်းဝတ်စုံ ဝတ်ထားသည့် ဆယ်ကျော်သက်..

သူ့အတွက် ကြောက်စရာ ဘာမှ မရှိခဲ့ပေ။

တတိယသူတော်စင်က စိတ်ထဲတွင် သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့သည်။

တံခါးဝမှာ ရပ်နေသည့် ဝမ်လင်းက တတိယသူတော်စင်၏ တုန်လှုပ် ချောက်ခြားစရာ အတွေးတွေကို နားထောင်ရင်း ပြောစရာ စကားလုံး ပျောက်ရှသွားခဲ့သည်။

ထိုလူ အဘယ်ကြောင့် မလှုပ်ရှားသေးတာလဲဟု တွေးနေသော အချိန်မှာပင် တစ်ဖက်လူ၏ လက်ထဲ၌ ဝိညာဉ် အလင်းတန်း တစ်ခုကို တွေ့လိုက်ရသည်။

ထို့နောက် လက်ထဲတွင် ဘူးသီးခြောက် အရက်ဘူး ပေါ်လာ၏။

တတိယ သူတော်စင်က အရက်တစ်ငုံကို စတင်သောက်လိုက်သည်။

ဝမ်လင်း အံ့ဩသွားသည်။

ယင်းက ဒဏ္ဍာရီလာ"ရဲဆေးတင်တဲ့ အရည်" များလား။

တစ်ဖက်လူက သူ့ကို ရင်ဆိုင်ရမှာ ကြောက်နေပါသလော။

တတိယသူတော်စင်နှင့် ပတ်သက်ပြီး စကားလုံးများဖြင့် တိကျစွာ ဖော်ပြရန် ခက်ခဲနေသည်။

တစ်ဖက်လူက ဝိညာဉ်ရေးဖိအား သို့မဟုတ် အခြားနည်းစနစ်ကို အသုံးမပြုသဖြင့် သူ၏ ဝိညာဉ်ရေးအာရုံများကို အသုံးပြုကာ ဆယ်ကျော်သက်၏ အထောက်အထားကို ရှာမတွေ့နိုင်ခဲ့ပေ။

ယခုတော့ သူတို့က မျက်နှာချင်းဆိုင် တွေ့နေကြပြီ ဖြစ်သည်။

သို့သော် တတိယသူတော်စင် ရောက်ရှိ လာရသည့် သတ်ဖြတ်ရန် ရည်ရွယ်ချက်ကမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယင်းအစား ဖိအားများ အလွန်အမင်း ဝင်ရောက်လာသဖြင့် တတိယ သူတော်စင်မှာ အရက်ဖြင့် မိမိကိုယ်ကို ရဲတင်းအောင် အတင်းအကျပ် ရဲဆေးတင်ခဲ့ရ၏။

ဝမ်လင်းက တတိယသူတော်စင် လက်ထဲမှ အရက်ဘူးကို တစ်ချက်ကြည့်လိုက်သည်။

သတ္တိကို မြှင့်တင်ပေးသည့် ဤ ခေတ်ဟောင်း အရက်မှာ ကျင့်ကြံခြင်း လောကတွင် အလွန် ရေပန်းစားခဲ့သည်။

စီနီယာ ကျင့်ကြံသူများက ကမ္ဘာခြားဂိတ်ကို ကျူးကျော်လာသော နတ်ဆိုးများနှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် ၎င်းကို သောက်သုံးခဲ့ကြသည်။

ထိုအရက်က အလွန်ပင် အရသာ ရှိသည်။

တိုက်ပွဲမဖြစ်မီ ကမ္ဘာခြားဂိတ်ပေါက် မပွင့်လာခင် ဤပြင်းထန်သော အရက်ကို သောက်ခြင်းမှာ အစဉ်အလာ တစ်ခုလို ဖြစ်လာခဲ့သည်။

ပုံမှန်အားဖြင့် တတိယသူတော်စင်မှာ ကြောက်စရာကောင်းသော ရန်သူများကို တိုက်ခိုက်ရာတွင် ဤအရက်ကို သောက်လေ့ရှိသည်။

သို့သော် စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထားသည့်အေးစက်စက် မျက်နှာထားရှိသော ဆယ်ကျော်သက်က သူ့ကို ဤကဲ့သို့ ထိတ်လန့်စေမည်ဟု မထင်ထားခဲ့ပေ။

သူက ဘူးသီးခြောက်ထဲမှ အရက်တွေ အကုန်လုံးကို မော့ချလိုက်ရာ သူ့မျက်နှာက အရက်ခိုးများဝေကာ နီမြန်းနေခဲ့သည်။

"သေလိုက်စမ်း"

သူက သူ့ရှေ့မှ ဆယ်ကျော်သက်ကို ဓားဖြင့် ထိုးလိုက်ရာ ငွေရောင်ဓားချီက လေထဲတွင် တိုက်ရိုက် ဖြတ်သန်းသွားသည်။

သူ၏ စွမ်းအားက အလွန် လွှမ်းမိုးမှု ရှိသဖြင့် စိတ်ဝိညာဉ်ဖွဲ့စည်းမှု နယ်ပယ်အောက်ရှိ မည်သူမဆို ဓားဖျားက ၎င်းတို့ကို မထိမီ ဓားချီဖြင့်ပင် အသတ်ခံရမည် ဖြစ်သည်။

အကယ်၍ ဤဆယ်ကျော်သက်သာ အခြေခံ တည်ဆောက်ခြင်း အဆင့် အထက်တန်းကျောင်းသား ဖြစ်ခဲ့လျှင် သူ၏ ဓားကို ရှောင်ရှားရန် အရည်အချင်း မမီသဖြင့် ချက်ချင်းပင် အပိုင်းပိုင်း ပြတ်တောက်သွားမည် ဖြစ်သည်။

သူတော်စင်ဆယ်ပါးက နတ်ဆိုးလမ်းစဥ်ကို ကျင့်ကြံခဲ့ကြသော်လည်း ၎င်းတို့ တစ်ဦးစီတွင် ကိုယ်ပိုင် မှော်လက်နက်တစ်ခုစီ ရှိကြသည်။

အချို့က တူဖြင့် ကျင့်ကြံကြပြီး အချို့က ပုဆိန်ဖြင့် ကျင့်ကြံကြသည်။

အချို့ကမူ ခန္ဓာကိုယ် သန့်စင်သော ဆေးရည်များတွင် စိမ်၍ ကျင့်ကြံကြသည်။

အဖြူရောင်ဝတ်စုံဝတ် တတိယ သူတော်စင် ကျင့်ကြံသည့်အရာမှာ ဓား ဖြစ်သည်။

တတိယသူတော်စင် အသုံးပြုသော တိုက်ကွက်က နိုင်ငံ တည်ထောင်သူ ဗိုလ်ချုပ်ကြီး ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည့် ဓားသခင် ဗိုလ်ချုပ်ကြီးရီမှ တီထွင်ထားသော "ဓားသုံးစင်း ပညာရပ်" ဖြစ်ကြောင်း ဝမ်လင်း ချက်ချင်း ပြောနိုင်သည်။

ဤဓားပညာတွင် အပိုင်းသုံးပိုင်း ပါရှိသည်။

ခံစစ်အတွက် ကြေးဝါဓား ပညာရပ်၊ တိုက်စစ် အတွက် ရွှေဓားပညာရပ်နှင့် ခံစစ်တိုက်စစ် နှစ်မျိုးလုံး အသုံးပြုနိုင်သည့် ငွေဓား ပညာရပ် ဟူ၍ အပိုင်းသုံးပိုင်းရှိသည်။

တတိယ သူတော်စင် ကျင့်ကြံခဲ့သည်မှာ ရွှေဓား၊ ကြေးဓားမဟုတ်ပဲ ငွေဓားပညာရပ် ဖြစ်ကြောင်း အလွန် ထင်ရှားနေ၏။

ဝမ်လင်းက သူရပ်နေသည့် နေရာမှ မရွေ့ဘဲ မျက်လုံးများကိုသာ ပြင်းပြင်းထန်ထန် မှိတ်ထားလိုက်သည်။

အဖြူရောင်ဝတ် တတိယသူတော်စင်က ဤဆယ်ကျော်သက်၏ လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားသည်။

ဤကောင်လေးက မျက်တောင်ခတ်လိုက်ပါသလော။

ယင်းမှာ သောက်ကျင့်ပါနေသည်တော့ မဖြစ်တန်ရာ။

မျက်တောင်တစ်ခတ်က အလွန်ပင် မြန်ဆန်သည်။

တစ်ချိန်တည်းမှာပင် သူ အမှားလုပ်မိပြီ ဖြစ်ကြောင်း ရုတ်တရက် သိလိုက်သည်။

သူ၏ ငွေဓားက ဆယ်ကျော်သက် ချာတိတ်နားသို့ မရောက်ရှိမီ အမှန်တကယ်ပင် လေထဲတွင် ရပ်တန့်သွားခဲ့သည်။

ဓားချီ သို့မဟုတ် ဓားကိုယ်တိုင် ဖြစ်ပါစေ ၎င်းတို့ကို ကြီးမားသော စွမ်းအားတစ်ခုက ပိတ်ဆို့ထားပြီး ရှေ့မတိုးစေခဲ့ပေ။

ထိုအချိန်တွင် တတိယသူတော်စင်က ဆယ်ကျော်သက်လေး၏ မျက်တောင်ခတ်သည့် အပြုအမူကို ရုတ်တရက် သတိရသွားသည်။

ယင်းက အသုံးမဝင်သည့် သာမန်ကာလျှံကာ လှုပ်ရှားမှု တစ်ခု မဟုတ်ခဲ့ပေ။

ဤဆယ်ကျော်သက်က သူ၏ ဓားပညာရပ်ကို ချေဖျက်ရန် မျက်တောင်ခတ်ရာမှ ထွက်လာသော လေပြင်းကို အသုံးပြုခဲ့သည်။

သူ၏ မျက်တောင်ခတ်ချက်ကပင် တတိယသူတော်စင်၏ "ဓားသုံးစင်း ပညာရပ်"ကို ခံနိုင်ရည်ရှိလောက်အောင် ပြင်းထန်သော လေပြင်းကို ဖန်တီးပေးခဲ့သည်။

"ဘာလဲဟ.. ဒီလိုနည်းစနစ်မျိုး ရှိတယ်လား"

တတိယ သူတော်စင်၏ အမြင်များက ပြင်းထန်စွာ ပြိုလဲသွားခဲ့သည်။

သူက အနှစ်နှစ်ထောင်မျှ ကျင့်ကြံခဲ့သော်လည်း ဘာမှ ထူးထူးခြားခြား တိုးတက်မလာပုံ ရသည်။

ပိုဆိုးသည်မှာ ဤဆယ်ကျော်သက်၏ မျက်တောင်ခတ်ရာမှဖြစ်ပေါ်လာသည့် လေပြင်းဒဏ်ကို သူ့ဓားပညာ အသုံးပြု၍ မခုခံနိုင်တော့သည်ကို မြင်လျှင် အံ့အားသင့်သွားခဲ့သည်။

ထိုမမြင်နိုင်သော အားလှိုင်းက သူ၏ ငွေဓားချီကို သူ့ဆီသို့ တဖြည်းဖြည်း တွန်းပို့နေသည်။

သူ့အနေဖြင့် ဓားကို ရုပ်သိမ်းရန်မှာ နောက်ကျနေပြီ ဖြစ်သည်။

ငွေရောင်ဓားချီက မျက်တောင်ခတ်ရာမှ ဖြစ်ပေါ်လာသည့် မမြင်နိုင်သော စွမ်းအင်လှိုင်းများကြောင့် ဦးတည်ချက် ပြောင်းကာ သူ့ဆီသို့ ပြန်လှည့်လာခဲ့သည်။

ဤစွမ်းအား၏ တုံ့ပြန်မှုက သူထုတ်လွှတ်လိုက်သည့် ဓားချီထက်ပင် မမျှော်လင့်ဘဲ ပိုမို ပြင်းထန်နေသည်။

တတိယသူတော်စင်က တုံ့ပြန်ဖို့ လုံးဝ အချိန်မရှိတော့ပေ။

သူ့မျက်နှာက ဖြူဖျော့လာပြီး သူ့နှလုံးသားထဲရှိ ကြောက်စိတ်မှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်၏။

ဤဆယ်ကျော်သက်က မည်သူနည်း။

ကံကောင်းထောက်မစွာဖြင့် ဓားကိုင်ထားသည့် သူ၏ ညာလက်ကို ချိုးဖျက်ရန် သူ၏ ခွန်အားကို အသုံးပြု၍ သတ္တိရှိရှိ တုံ့ပြန်နိုင်ခဲ့သည်။

လက်တစ်ဖက်ကို ရင်း၍ သူ့အပေါ်သို့ သက်ရောက်လာသည့်စွမ်းအားကို လမ်းကြောင်း ပြောင်းလိုက်ရ၏။

ဝမ်လင်းက တစ်နေရာတည်းမှာ ရပ်နေဆဲ ဖြစ်သည်။

သူက ကျောင်းဝတ်စုံကို ခါ၍ သပ်သပ်ရပ်ရပ် လုပ်လိုက်သည်။

ထိုအပြုအမူကို မြင်လျှင် တတိယ သူတော်စင်က ဝမ်လင်း တိုက်ခိုက်တော့မည်ဟု ထင်ကာ မီတာဆယ်ဂဏန်း အကွာထိ ကြောက်ရွံ့စွာ ဆုတ်ခွာသွားခဲ့သည်။

စက္ကန့်အနည်းငယ် အကြာတွင် သွေးချောင်းဆိုးလာပြီး သူ့အဝတ်အစားများကို စွန်းထင်းသွားစေခဲ့၏။

သူက တိုက်ခိုက်မှု၏ ဦးတည်ရာကို ပြောင်းလဲနိုင်ခဲ့သော်လည်း နောက်ဆက်တွဲ လှုပ်ခတ်မှုကမူ သူ့ကို အတွင်းဒဏ်ရာ ရရှိစေခဲ့သေးသည်။

ကံကောင်းထောက်မစွာပင် သူ၏ ချက်ချင်း တုံ့ပြန်မှုကြောင့် အဖျားခတ်မှုလောက်သာ ခံစားခဲ့ရပြီး အလွန်ပြင်းထန်ခြင်း မရှိပေ။

ထိုအချိန်ထိ သူ၏ နှလုံးသားထဲတွင် အကြောက်တရားမှာ ဆက်လက် တည်ရှိနေဆဲပင်။

မျက်တောင်ခတ်ရုံဖြင့် ဖန်တီးထားသော အားလှိုင်းကြီးက အမှန်တကယ်ပင် အံ့မခန်း ရလဒ်များကို ထုတ်ပေးခဲ့သည်။

အကယ်၍ သူသာ ဤမျှသော အရှိန်အဟုန်ဖြင့် အလျင်အမြန် မတုံ့ပြန်နိုင်ခဲ့လျှင် အကိုကြီးနှင့် ဒုတိယအစ်ကို၏ နောက်သို့ လိုက်သွားလောက်ပြီ ဖြစ်သည်။

"မျက်တောင်တစ်ခတ်က ရန်သူတွေကို ရှင်းပစ်နိုင်စွမ်းရှိတယ်.."

တတိယသူတော်စင်၏ မျက်နှာက ထိတ်လန့်တကြား ဖြူဖျော့သွားသည်။

ဤဆယ်ကျော်သက်က သူတော်စင် ဆယ်ပါးထက် များစွာမြင့်မားသော နယ်ပယ်တွင် ရှိသည်။

သူတို့တွင် စိတ်ဝိညာဥ် ကျင့်ကြံသူ နောက်ထပ် အယောက် တစ်ရာ ရှိနေလျှင်ပင် သူတို့က ဤလူနှင့် ယှဥ်နိုင်ဖို့ မလုံလောက်သေးပေ။

ဆယ်ကျော်သက်လေး၏ မျက်တောင်ခတ်ခြင်းမှ ဖြစ်ပေါ်လာသည့် ပြင်းထန်သော လှိုင်းအားကို ပြန်အမှတ်ရမိသောအခါ ဤနည်းစနစ်နှင့် ပတ်သက်ပြီး ရင်းနှီးသော အရာတစ်ခုခု ရှိနေသည်ဟု တတိယ သူတော်စင် ခံစားမိသည်။

နိုင်ငံတကာ လူသတ်သမားများ စာရင်းတွင် နံပါတ်တစ် နေရာတွင် ရပ်တည်နေသည့် လူသတ်ဆရာမှာ မျက်တောင် တစ်ချက် ခတ်ရုံဖြင့် ရန်သူများကို သုတ်သင်နိုင်သည့် ထိပ်တန်းစွမ်းရည်မျိုး ရှိကြောင်း ဒဏ္ဍာရီထဲတွင် ဆိုထားသည်။

"ဒါက စီနီယာ လူသတ်သမား ကျင့်ကြံသူများလား.. ဒါပေမဲ့ သူက ဘာလို့ အထက်တန်း ကျောင်းဝတ်စုံကို ဝတ်ထားရတာလဲ.. သူ့ရဲ့ ဝါသနာက အထက်တန်း ကျောင်းသားပုံစံ အတုလိုက်ခိုးတာများလား"

"ဘုရားရေ.."

ဤစီနီယာကြီးက သူ၏ အိုင်ဒေါလ် ဖြစ်သည်။

သွေးများဖြင့် ဖုံးလွှမ်းနေသည့် ကျိုးသွားသော လက်မောင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း ဝမ်လင်းကို စိုက်ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"မင်းက စီနီယာ လူသတ်သမား ကျင့်ကြံသူလား.. မင်းရဲ့ လက်မှတ်လေး ရနိုင်မလား"

ဝမ်လင်း" မင်းက ကလဲ့စားချေဖို့ ဒီကိုလာခဲ့တာ မဟုတ်ဘူးလား"

All Chapters