← Chapters

ငါ ဒီလို ဇာတ်ကွက်အလှည့်အပြောင်းမျိုး မလိုချင်ဘူး

Vol. 9 Ch. 122

ငါ ဒီလို ဇာတ်ကွက်အလှည့်အပြောင်းမျိုး မလိုချင်ဘူး

Vol. 9 Ch. 122

အဖြူရောင်ဝတ်ထားသည့် တတိယသူတော်စင် ရှေ့တွင် ဝမ်လင်းက သူ၏ အတွေးများကို ငြိမ်သက်စေရန် ငါးစက္ကန့်ခန့် အချိန်ယူလိုက်ရသည်။

သူက တစ်စုံတစ်ရာကို ဆုံးဖြတ်ရန် ရုန်းကန်နေရသည်။

ဤတတိယ သူတော်စင်က သူ့ကို တခြားသူနှင့် အထင်မှားခဲ့၏။

လူသတ်ဆရာ အမည်ဖြင့် လုပ်ကြံသူမှာ နိုင်ငံတကာ အဆင့် လူသတ်သမားများ စာရင်းတွင် နံပါတ်တစ် ချိတ်ထားသည့် မှော်ဆန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ဝမ်လင်းအနေဖြင့် ထိုသူ၏ အကြောင်းကို ကြားသိရသည်မှာ ဤတစ်ကြိမ်က ပထမဆုံး အကြိမ် မဟုတ်ပေ။

မကြာသေးမီက အမှတ်၅၉ အထက်တန်းကျောင်းတွင် ကျင်းပသော ဓားဖလှယ်ပွဲ မတိုင်မီ ဝမ်မင်ကို ဓားစာခံလုပ်ရန် ကြံစည်ခဲ့သော ကျန်းလျှိုယင်း ထံမှလည်း ကြားခဲ့ရသည်။

လက်စားချေရမည်ကို မေ့သွားပုံရသည့် သူ့ရှေ့မှ အဖြူရောင် ဝတ်စုံဝတ် ကျင့်ကြံသူကို ကြည့်ကာ ဝမ်လင်း အနည်းငယ် စကားမပြောနိုင် ဖြစ်သွား၏။

သူ၏ မျက်တောင်ခတ်ခြင်းကို လူသတ်ဆရာ၏ ထူးခြားသောစွမ်းရည်နှင့် အထင်မှားနေမည်ဟု မည်သူက ထင်မိမည်နည်း။

ထို့အပြင် သူ့ကို လူသတ်ဆရာဟု ယူဆပြီးနောက် တတိယသူတော်စင်မှာ အပြစ်ကင်းသော အပျိုဖြန်းလေး တစ်ယောက်လို အဘယ်ကြောင့် ရှက်ရွံ့သော အမူအရာ ဖြစ်လာရသနည်း။

"လခွမ်း.. ဒီကောင်က တကယ်ကြီး ဂေး ဖြစ်နေတယ်လို့တော့ သူ့ကို လာမပြောနဲ့နော်"

ဤကဲ့သို့ ဇာတ်ကွက်မျိုး သူ မလိုချင်ပေ။

ဝမ်လင်းက ဘာမှ ပြန်မပြောသည်ကိုမြင်လျှင် တတိယသူတော်စင်က အသံတိတ် သဘောတူညီချက်(ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း) အဖြစ် သူ့ဘာသာသူ မှတ်ယူလိုက်သည်။

မူလတန်း ကျောင်းသူလေး တစ်ယောက်က နွေရာသီကျောင်းပိတ်ရက်၏ အလည်အပတ် ခရီးကို စိတ်လှုပ်ရှားနေသကဲ့သို့ သူ့အပြုံးက ဂန္ဓမာပန်းလို တောက်ပနေသည်။

"စီနီယာ လူသတ်ဆရာ.. တကယ်ကြီး မင်းပဲလား"

ဝမ်လင်း "............."

"ဆရာကြီးရဲ့ နတ်ဘုရားဆန်တဲ့ အကြည့်တစ်ချက်နဲ့ လူတွေကို သတ်ဖြတ်တဲ့ စွမ်းရည် အကြောင်း ကျနော် ကြားဖူးခဲ့တာ ကြာပါပြီ.. ဒီတစ်ခါတော့ ဆရာကြီး ကိုယ်တိုင် ပြသတာကို မြင်လိုက်ရတဲ့အတွက် ကျနော် အတော်လေး အမြင်ကျယ်သွားခဲ့ရတယ်.. ဟူး..."

အဖြူရောင်ဝတ်စုံဝတ် တတိယသူတော်စင်က သူ၏ ညံ့ဖျင်းသော အရည်အချင်းကြောင့် ရှက်ရွံ့စွာ သက်ပြင်းချလိုက်သည်။

"..........."

ဝမ်လင်းက ဒဏ်ရာရနေသော တတိယသူတော်စင်၏ လက်မောင်းကို ကြည့်လိုက်သည်။

မကြာသေးမီက စိတ်လှုပ်ရှားမှုကြောင့် ယခုအခါတွင် ဒဏ်ရာမှာ စမ်းချောင်းတစ်ခုလို သွေးများ ထွက်နေသည်။

ဤသွေးပမာဏဖြင့် ဆိုလျှင် အခြားမည်သူမဆို သေပြီးလောက်ပြီ ဖြစ်သည်။

သူ့အနေဖြင့် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း နယ်ပယ်တွင် ရှိနေသည်မှာ ကံကောင်း၏။

"စီနီယာ.. မင်းငါ့ဒဏ်ရာ အတွက် စိတ်ပူနေတာလား.. ဒဏ်ရာက အခြေအနေ ကောင်းပါတယ်.. ဒါလေးက ဘာမှမဟုတ်ပါဘူး.. ငါ့ရဲ့ ညံ့ဖျင်းတဲ့ အရည်အချင်းကြောင့် ရတာပဲလေ"

အဖြူရောင် ဝတ်စုံ ဝတ်ထားသည့် ကျင့်ကြံသူကို စိုက်ကြည့်ရင်း ဝမ်လင်းက "မင်း တွေးနေတာတွေ အရမ်းများနေပြီ"ဟု ပြောချင်နေသည်မှာ ပါးစပ်ယားနေသည်။

တတိယ သူတော်စင်က သူ့ကိုယ်ပေါ်တွင် ရှိသော ဆေးမှုန့်အချို့ကို ထုတ်ကာ ဒဏ်ရာပေါ်တွင် ဖြူးလိုက်သည်။

သွေးထွက်နေမှုများက လျင်မြန်စွာ ရပ်သွားသော်လည်း ဝမ်လင်းက လူသတ်ဆရာ ဖြစ်သည်ဟု ယုံကြည်ခြင်းကြောင့် သူ့မျက်နှာက စိတ်လှုပ်ရှားစွာဖြင့် နီမြန်းလာပြီး တရုတ်အော်ပရာမှ ဇာတ်ကောင်များ၏ မျက်နှာကဲ့သို့ ဖြစ်လာသည်။

"ကျနော်တို့က အလုပ်ရှင်ရဲ့ အမိန့်ကို လိုက်နာရတယ်.. ဒါပေမယ့် စီနီယာ လူသတ်ဆရာသာ ဒီမှာ ရှိနေတယ်ဆိုတာ ကျနော် တို့ သိခဲ့ရင် ငါတို့ လှုပ်ရှားမှာ မဟုတ်ဘူး.. ရက်စက်မှုက ကျနော်တို့ သူတော်စင်ဆယ်ပါးရဲ့ အခြေခံအုတ်မြစ် ဖြစ်ပြီး ကျနော်တို့ထက် ပိုရက်စက်တဲ့သူတွေကပဲ ကျနော် တို့ရဲ့ လေးစားမှုနဲ့ ထိုက်တန်တယ်.. စီနီယာ လူသတ်ဆရာ ကျင့်ကြံခြင်းလောကထဲမှာ စိုးစံတဲ့ ကာလကဆိုရင် ကျနော်တို့တွေက ငချွတ်လေးတွေပဲ ရှိပါသေးတယ်"

ထိုစကားကို ပြောရင်း တတိယ သူတော်စင်၏ မျက်လုံးထောင့်များက လင်းလက်သွားသည်။

သူက ခံစားချက်တွေ အရမ်းများနေ၍ မျက်ရည်ကျဖို့ပင် မတတ်နိုင်တော့ချေ။

ဝမ်လင်း "........"

မျက်ရည်က စစ်မှန်သည့် စိတ်ခံစားမှု၏ ပြယုဂ်လည်း ဖြစ်သည်။

တတိယသူတော်စင်က စိတ်ရင်းဖြင့် ပြောနေသည်ကို ဝမ်လင်း သိသည်။

အတုဖြစ်ခဲ့လျှင် ဝမ်လင်း၏ စိတ်ဖတ်စွမ်းရည်က ၎င်းကိုချက်ချင်း ကောက်ချက်ချနိုင်မည် ဖြစ်သည်။

ဝမ်လင်းက သူ့ကို တိုက်ခိုက်နိုင်စွမ်း မရှိသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည်။

ထိုလူက စိတ်လှုပ်ရှားစွာဖြင့် ပါးစပ်ကနေ တတွတ်တွတ် ပြောနေခဲ့၏။

သူ့အတွက် အထူးဆန်းဆုံး အရာမှာ အခုအချိန်အထိ ဤဇာတ်ကွက် တည်ဆောက်မှုအပေါ်တွင် တိကျသည့် တုံ့ပြန်မှုမျိုး တစ်ဖက်ကို မပေးရသေးခြင်းပင်။

ဤသည်ကပင် တတိယ သူတော်စင်၏ စိတ်ကူးယဉ်ဆန်သော တွေးခေါ်မှုကို ခိုင်မာလာစေခဲ့သည်။

ဆိုရလျှင် တတိယ သူတော်စင်က အကန့်အသတ်မဲ့ စိတ်ကူးစိတ်သန်းထဲကနေ လုံးလုံးလျားလျား မလွတ်မြောက်နိုင်သေးမှန်း ထင်ရှားနေသည်။

"အကိုကြီးနဲ့ ဒုတိယအစ်ကို သေဆုံးမှုက တကယ်ပဲ မျှတမှု မရှိဘူးလို့ ဆိုရမယ်.. စီနီယာ လူသတ်ဆရာသာ ဒီမှာ ရှိနေမှန်း သူတို့သိရင် သူတို့ လှုပ်ရှားမယ်လို့ မထင်ဘူး"

အဖြူဝတ် တတိယ သူတော်စင်၏ စကားကိုကြားလျှင် ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းက သူ့ကို တော်တော်လေး ခေါင်းကိုက်စေ၏။

ဤကဲ့သို့ ရယ်စရာကောင်းသည့် နားလည်မှု လွဲမှားမှုမျိုး မဖြစ်ရအောင် အစောကတည်းက ဤလူအုပ်စု တစ်စုလုံးကို သတ်ပစ်လိုက်သင့်သည်။

သို့သော် သာမန်အားဖြင့် ဝမ်လင်းက လူသတ်ခဲသည်။

ယင်းမှာ သူငယ်စဥ်ကတည်းက ဖေဖေဝမ်နှင့် မေမေဝမ်၏ သင်ကြားပေးမှု တစ်ခုလည်း ဖြစ်သည်။

သူ၏ မွေးရာပါ စွမ်းအားက အသက်တွေကို မဆင်မခြင် နင်းချေဖို့ မဟုတ်ဘဲ မိမိကိုယ်ကို ထိန်းသိမ်းဖို့ ဖြစ်၏။

ထိုသို့မဟုတ်ဘဲ လူ့အသက်ကို ယင်ကောင်လို သဘောထား၍ အပျော်သဘောဖြင့် လိုက်သတ်နေလျှင် ဝတ္ထုထဲမှ ဗီလိန် ဇာတ်ကောင်များနှင့် မည်သို့ ကွာခြားတော့မည်နည်း။

သူသာ တတိယ သူတော်စင်ကို သတ်လိုက်လျှင် စတုတ္ထသူတော်စင်နှင့် ပဉ္စမ သူတော်စင်များကို ထပ်မံ ရင်ဆိုင်ရဦးမည်ဖြစ်သည်။

သူ့ကို တယောက်ပြီး တယောက် ပြဿနာ လာရှာကြလိမ့်မည်။

ဝမ်လင်းက မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။

ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ရုံထက် ဤပြဿနာကို ဖြေရှင်းရန် ပိုမိုကောင်းမွန်သော နည်းလမ်းရှိရမည်မှာ သေချာသည်။

ထိုအချိန်တွင် တတိယ သူတော်စင်က ထပ်ပြောလိုက်သည်။

"လူကြီးမင်း.. ကျောက်သရဲမျက်နှာဖုံးကို စိတ်ပူနေသေးတာလား"

ဝမ်လင်းက ခေါင်းကို မော့ပြီး တတိယသူတော်စင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

ဤလူ ဘာတွေတွေးနေလည်း ဆိုသည်ကို သူကြားချင်သည်။

တတိယသူတော်စင်က ပြုံးလိုက်သည်။

"စီနီယာကြီး စိတ်မပူပါနဲ့.. ကျနော်တို့ ကျောက်သရဲ မျက်နှာဖုံးအတွက် တိုက်ပွဲဝင်မှာ မဟုတ်တော့ဘူး.. ကျနော် ဒီတစ်ခေါက်ပြန်ရောက်တာနဲ့ သူတို့ကို အသေအချာ ရှင်းပြလိုက်ပါ့မယ်.. ရဲတိုက် သခင်ရဲ့ အမိန့်ကို ဖီဆန်ရမယ် ဆိုရင်တောင် ကျနော်တို့တွေ ကျောက်သရဲ မျက်နှာဖုံးကို လုယူတဲ့ မစ်ရှင်တွေမှာ မပါဝင်တော့ဘူး"

ယင်းက အလွန်ရိုးသားသည့် မှတ်ချက်တစ်ခု ဖြစ်၏။

ဝမ်လင်းက ထိုစကားတွင် ချို့ယွင်းချက် တစ်စုံတစ်ရာကို ရှာမတွေ့နိုင်ခဲ့သည့် အတွက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူခေါင်းညိတ်တာကို မြင်လျှင် တတိယသူတော်စင်က သူ့ကို စီနီယာ လူသတ်ဆရာ စိတ်မကွက်မှန်း သိသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒီကိစ္စပြီးရင် ကျနော် အနားယူဖို့ ရွေးချယ်လိုက်ပြီ.. ဒီလို ပဋိပက္ခမျိုးတွေမှာ ပါဝင်တော့မှာ မဟုတ်ဘူး.. စီနီယာကြီး.. မင်းကို စော်ကားမိတဲ့ အတွက် ငါ့ကိုယ်ငါ ပြစ်ဒဏ်ခတ်ဖို့ ဆုံးဖြတ်ထားပါတယ်"

ထို့နောက် ဝမ်လင်းကို ဦးညွှတ်လိုက်သည်။

"ဒီတစ်ခါ ကျနော်တို့တွေ ဆရာကြီးကို တကယ်ပဲ စိတ်ညစ်အောင် လုပ်ခဲ့မိတယ်.. ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ စီနီယာလူသတ်ဆရာ.."

ဝမ်လင်း "............."

အခြားတစ်ဖက်၏ ထိပ်တန်း ကျင့်ကြံသူ နှစ်ဦးမှာ သူလက်ချက်ဖြင့် တန်ပြန် သက်ရောက်မှုကို ခံခဲ့ရပြီး သေဆုံးခဲ့ရသည်။

တစ်ဖက်က သူ့ကို လက်စားချေရမည့် အစား သူ့ကို တောင်းပန်နေသည်။

ဤအချိန်တွင် သူ ဘာပြောရမှန်းပင် မသိတော့ပေ။

သူ၏ လက်ရှိ စိတ်နေစိတ်ထားမှာ ရှုပ်ထွေးလွန်းသည်။

တတိယသူတော်စင် "ဒါဆို မင်းကို မနှောင့်ယှက်တော့ဘူး စီနီယာကြီး... ဒါပေမယ့် ငါ ထွက်မသွားခင် ငါ့ဆန္ဒတစ်ခုကို ဖြည်းဆည်းပေးလို့ ရနိုင်မလား"

".....???....."

ဝမ်လင်းက သံသယဝင်နေလာသည်။

ယင်းအချိန်မှာပင် တတိယသူတော်စင်၏ ဘယ်ဘက်လက်တွင် ဝိညာဉ်အလင်းတန်းတစ်ခု လင်းလက်လာပြီး မာကာပင် တစ်ချောင်း ချက်ချင်း ပေါ်လာသည်။

ထို့နောက် ဝမ်လင်းအား လွှဲပေးကာ ကိုယ်ကို တစ်ဖက်သို့ ချက်ချင်းလှည့်၍ သူ့နောက်ကျောကို ညွှန်ပြလိုက်သည်။

"စီနီယာ.. ကျေးဇူးပြုပြီး မင်းနာမည်ကို ဒီမှာ လက်မှတ်ထိုးပေးလို့ရမလား"

"............"

ဝမ်လင်းက ခဏလောက် စဉ်းစားပြီးမှ အဆုံးသတ်တွင် မာကာပင်၏ အဖုံးကို ဆွဲချွတ်လိုက်ပြီး လက်မှတ်ရေးထိုးလိုက်၏။

လူသတ်ဆရာ၏ အမှတ်တရ လက်ဆောင်..

ကိစ္စများပြီးနောက် ဝမ်လင်းက သူ့ကိုယ်ပွားကို ဗုံးပစ် စီနီယာ အင်မော်တယ်၏ ဇိမ်ခံအိမ်မှ ပြန်ခေါ်ကာ မြို့စွန်ရှိ သူ၏အိမ်လေးသို့ ပြန်လာခဲ့သည်။

တံခါးစောင့် လုံခြုံရေး ခေါင်းဆောင်က သတိပြန်ရနေပြီဖြစ်သည်။

သူ့ပါးစပ်ထောင့်မှ သွေးစများပင် ခန်းခြောက်နေပြီ ဖြစ်၏။

ဗုံးပစ်စီနီယာ အင်မော်တယ် ပြန်လာသည်ကိုမြင်လျှင် သူက ချက်ချင်းပင် လက်ကို ဆွဲကိုင်၍ ပြောလိုက်သည်။

"စီနီယာ အင်မော်တယ်.. ကျေးဇူးရှင်က မင်းအိမ်ကို ဖြိုဖျက်တော့မယ်လို့ ပြောတယ်"

ဗုံးပစ် စီနီယာ အင်မော်တယ်".........."

အိမ်သို့ ပြန်ရောက်သည်နှင့် "ထူးခြားသောအကျိုးသက်ရောက်မှုများ" ဖြစ်ပေါ်နေသော တိုက်ပွဲဝင် ခြင်္သေ့ကို မြင်လျှင် သူက မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။

လွန်ခဲ့သည့် နှစ်နာရီအတွင်း ဘာတွေများ ဖြစ်ပျက်ခဲ့သနည်း။

ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့အိမ်ကြီးရှိ အစီအရင် ပြုလုပ်သည့် ပစ္စည်း စာရင်းကို စစ်ဆေးကြည့်လိုက်ရာ ချက်ခြင်းပင် ငိုချင်သွားသည်။

ဝမ်လင်းက ၎င်းကို အကုန်သုံးပစ်ခဲ့သည်။

အကြွင်းအကျန်လေးပင် မရှိတော့ချေ။

သစ်ကြံပိုးခေါက်နှင့် အနက်ရောင် အမှုန့်တို့ကို ရောစပ်ထားသော အမှုန့်ကို လက်ရှိ စျေးကွက်တန်ဖိုးအား အခြေခံ၍ တွက်ကြည့်လျှင် ဝမ်လင်း၏ လက်ကမြင်းမှုက တစ်ကြိမ်တည်းဖြင့် ယွမ်တစ်သန်းကျော် ကုန်ကျခဲ့သည်။

စီနီယာဝမ်က ထိုသို့ လက်ကမြင်း ရသည်ကို လုံးလုံးလျားလျား ဝါသနာပါနေပါသလော။

နောက်တစ်ကြိမ် ဝမ်လင်း လာလည်လျှင် ဤကဲ့သို့ မဆင်မခြင် လက်ကမြင်းမှု မရှိစေရန် တချို့တဝက်ကို ကြိုဖယ်ထားဖို့ ဆုံးဖြတ်လိုက်သည်။

All Chapters