← Chapters

အတွေ့အကြုံရှိ ရဲအရာရှိဝမ်

Vol. 9 Ch. 124

အတွေ့အကြုံရှိ ရဲအရာရှိဝမ်

Vol. 9 Ch. 124

မေလ ၂၆ ရက် ဗုဒ္ဓဟူးနေ့.. စာသင်နှစ်ဝက်၏ ပဥ္စမအပတ်ဖြစ်သည်။

မနေ့ညက လဲ့မုန့်မုန့်၏ နောက်ဆက်တွဲ စစ်ဆေးမှု အပြီးတွင် အဘိုးအို၏ မှတ်ဉာဏ်ချို့ယွင်း ရောဂါက လုံးဝ ပျောက်ကင်းသွားပြီ ဖြစ်ကြောင်း ဖေဖေဝမ်က အတည်ပြုနိုင်ခဲ့သည်။

ယခုအချိန်တွင် အဘိုးအိုမှာ မြို့အနီးအနား ဆင်ခြေဖုံးရပ်ကွက်ရှိ သူ၏ ဟင်းသီးဟင်းရွက်စိုက်ခင်း အတွက်ကိုသာ စိတ်ပူနေသည်။

သူဒီကိုမလာခင် ဟင်းသီးဟင်းရွက်တွေ မသေစေရန် ဘေးအိမ်က ကျန်းစန်းကို အပ်ထားခဲ့သည်။

အပင်များ မှည့်သည်နှင့် ကျန်းစန်းက ရိတ်သိမ်းရောင်းချပြီး ၀င်ငွေများကို ကိုယ်စား သိမ်းဆည်းစေခဲ့သည်။

အဘိုးအိုက သူ့သုံးဘီးဆိုင်ကယ်နှင့် မထွက်ခွာခင် နှစ်နာရီအလိုတွင် ဝမ်မိသားစု၌ ကြီးမားသည့် အဖြစ်အပျက် တစ်ခု ဖြစ်ပျက်သွားခဲ့သည်။

မေမေဝမ်က ကုန်စုံဆိုင်တွင် ဈေးဝယ်ပြီးနောက် အိမ်ကိုပြန်နှင့်ရန် မြေအောက်ရထားကို စီးလာသော အချိန်တွင် မဖွယ်မရာအကိုင် ခံခဲ့ရသည်။

မေမေဝမ်က ရန်တွေ့လိုက်ရာ ထိုလူရမ်းကားက မတရားသဖြင့် သူမကို တွန်းထုတ်လိုက်၏။

သူမ၏ နဖူးက မြေအောက် ရထားတိုင်ကို ဆောင့်မိသွားပြီး ခေါင်းခွံ အနည်းငယ် ကွဲသွားခဲ့သည်။

ပိုဆိုးသည်မှာ သူမ ရထားပေါ်မှ အမြန်ဆင်းလိုက်သော အချိန်တွင် မဖွယ်မရာ လုပ်သူက ကန်ကျောက်ခဲ့ပြီး လူကြားထဲတွင် သူမကို လက်ညှိုးငေါက်ငေါက် ထိုးကာ အော်ငေါက်လိုက်သည်။

"ဒီမှာ ကြည့်နေတဲ့ လူတွေ အများကြီးပဲ.. မင်းက တမင်တကာ ဖော်ပြပြီး မိန်းမပျက်လို ဝတ်စားထားတယ်.. မင်းငါ့ကို အပြစ်တင်လို့ ရမယ် ထင်နေလား.. အိပ်မက်မက်နေလိုက်"

လူဆိုးကောင်က သူ့သားကောင် ဖြစ်သည့် မေမေဝမ်ကို အပြစ်တင်နေခဲ့သည်။

ထိုလူ၏ လက်မောင်းတွင် တက်တူးထိုးထားပြီး လျှို့ဝှက်ဒုစရိုက် အဖွဲ့အစည်း တစ်ခုနှင့် သက်ဆိုင်နေပုံရသည်။

၎င်းတွင် ကြမ်းတမ်းပြီး တစ်ဖက်သား ခြိမ်းခြောက်နိုင်သည့် အကြည့်လည်း ရှိသည်။

ထိုအချိန်တွင် မေမေဝမ် ဘက်က မားမားမတ်မတ် ရပ်ပြီး စကားပြောဝံ့သူ တစ်ယောက်မှ မရှိခဲ့ပေ။

မေမေဝမ်က သူ့ကိုယ်သူ ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်တတ်သော အမျိုးသမီး တစ်ဦး ဖြစ်သည်။

သူမအနေဖြင့် လူအများရှေ့တွင် ထင်ရှားပေါ်လွင်သော အဝတ်အစားများ ဝတ်ထားခြင်းကြောင့် ဝေဖန်ခြင်း ခံရသည်မှာ ဤတစ်ကြိမ် ပထမဆုံးအကြိမ် ဖြစ်သည်။

သူမကိုယ်သူမ အရမ်းမှားသွားသလို ခံစားလိုက်ရပြီး မျက်ရည်ကျလုမတတ် ဖြစ်သွားရသည်။

သူမ အိမ်ပြန်ရောက်သည်နှင့် ခေါင်းတွင် သွေးထွက်နေသည်ကို မြင်လျှင် ဖေဖေဝမ်က အနက်ရောင်မျက်မှန် ပြုတ်ကျသွားရသည်အထိ ဒေါသ ထွက်သွားသည်။

အဘိုးအိုက ရဲကို ချက်ချင်း ခေါ်လိုက်သည်။

ပြဿနာရှိလျှင် အမြဲတစေ ရဲကိုသာ ဖုန်းဆက်သင့်တယ် မဟုတ်လော။{မီယမ်မာပြည် မပါ}

အရှေ့ဟွမ်လင်း အနီးတစ်ဝိုက်ရှိ လီငါးဆယ် အချင်းဝက်အတွင်း ကျင့်ကြံခြင်း ရဲစခန်း တစ်ခုသာ ရှိသည်။

အချိန်အများစုတွင် ရဲစခန်းမှာ အလုပ်အားနေခဲ့၏။

အစွန်အဖျားများတွင် နေထိုင်သူ နည်းပါးသောကြောင့် ခိုးမှုသေးသေးလေးများပင် မရှိခဲ့ချေ။

ယင်းမှာ ရဲဌာနကို အလွန်တရာ ပျင်းရိစေခဲ့သည်။

မေမေဝမ် အိမ်ပြန်ရောက်ပြီး နှစ်နာရီခန့် အကြာတွင် ဖိုးဖိုးဝမ်က ရဲများထံ အကြောင်းကြားပြီး အိမ်သို့ လာရန် ဖိတ်လိုက်သည်။

ရဲက ချက်ချင်း ရောက်မလာသဖြင့် ဖေဖေဝမ်က အနည်းငယ် စိတ်မရှည်တော့သည့် အချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ယူနီဖောင်းဝတ် ရဲအရာရှိတစ်ဦးက လက်ထဲတွင် မှတ်စုစာအုပ်ငယ် တစ်အုပ်ကို ကိုင်ဆောင်ကာ တံခါးဝတွင် ရပ်နေသည်။

ရဲအရာရှိက ဖေဖေဝမ်ကို ကြည့်လိုက်သည်။

"မင်းတို့မိသားစုက ရဲကိုခေါ်ခဲ့တာလား"

ဖေဖေဝမ် "ဟုတ်ပါတယ်.. ဒါပေမယ့် ဖုန်းခေါ်တာက ငါ့ အဖေပါ"

ရဲအရာရှိက ဖေဖေဝမ် ဘေးမှ ဖိုးဖိုးဝမ်ကို လှမ်းကြည့်လိုက်သည်။

"ဒါဆို ဒါက.."

အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။

"မှန်ပါတယ်.. ရဲကိုခေါ်တာ မင်းရဲ့ဦးလေး ငါပဲ"

ရဲအရာရှိ "..........."

သုံးယောက်သား ထိုင်နေကြစဉ် မေမေဝမ်က ရဲအရာရှိကို ရေတစ်ခွက် ကမ်းပေးလိုက်သည်။

ရဲအရာရှိက မေမေဝမ်၏ ဦးခေါင်းပေါ်ရှိ ဒဏ်ရာကို ကြည့်လိုက်သည်။

"သူက သားကောင်လား"

အဘိုးကြီးက အလွန်စိတ်လှုပ်ရှားသွားသည်။

"ဟုတ်တယ်.. ဒါ ငါ့သမီးပဲ.. မြေအောက်ရထားပေါ်မှာ အနိုင်ကျင့်ခံရလို့ သူစိတ်မကောင်း ဖြစ်နေတယ်.. အဲ့ခွေးသား ဘယ်သူလဲဆိုတာ သိလို့ကတော့ ငါက သူ့ကို အရက်မူး သိုင်းကားထဲက ဆရာလို အရက်မူးအောင် တိုက်ပြီး တမုန်းဘုပစ်မယ်"

ဖေဖေဝမ် "............."

ရဲအရာရှိ "............."

"စိတ်မပူပါနဲ့ အဖိုးဝမ်"

ရဲအရာရှိက သူ၏ ရဲမှတ်ပုံတင်ကို ထုတ်ယူလိုက်သည်။

"ကြည့်ပါဦး.. ကျနော့်မျိုးရိုးကလည်း ဝမ်ပဲလေ.. ဒါကြောင့် ကျနော်တို့က မျိုးနွယ်တူတွေပါပဲ.. စိတ်မပူပါနဲ့.. ဒီပြဿနာကို ကျနော် ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်မှု ရှိပါတယ်"

ဖေဖေဝမ် နှင့် ဖိုးဖိုးဝမ်က ၎င်း၏ ရဲမှတ်ပုံတင် စာရွက်ပေါ်ရှိ ရဲကုဒ်နံပါတ်ကို ကြည့်လိုက်သည်။

SB12138...

"ကုဒ်နံပါတ်က ရှည်လှချည်လား"

ကုဒ်နံပါတ်ရှည်လေ အတွေ့အကြုံ နည်းလေဟု အကြမ်းဖျင်းသတ်မှတ်နိုင်မှန်း အဘိုးအိုက သိသည်။

အရာရှိဝမ်က အနည်းငယ် ရှက်သွားပြီး ရှင်းပြလိုက်သည်။

"အရှေ့ဟွမ်လမ်းက စုန့်ဟိုင် မြို့ရဲ့ မြောက်ဘက်မှာပါ.. ဒီကုဒ်နံပါတ်မှာ တည်နေရာ အတိုကောက်တွေ ပါနေလို့ ကုဒ်နံပါတ်က ရှည်နေရတာပါ"

အဘိုးအိုနှင့် ဖေဖေဝမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဒါဆို အရာရှိဝမ်.. မင်းသိချင်တာ မှန်သမျှ မေးပါ"

အရာရှိဝမ်က သူ၏ လည်ပင်းကို ဖြောင့်မတ်အောင် အရင်လုပ်လိုက်သည်။

"ကျွန်တော့်မှာ အမှုအခင်းတွေကို ကိုင်တွယ်ရာမှာ အတွေ့အကြုံ အများကြီး ရှိပါတယ်.. ကျွန်တော်တို့ နယ်မြေမှာ တစ်နှစ်ကို ရဲသတိပေးချက် ခြောက်ဆယ် ရပါတယ်.. အဲဒီထဲက တစ်ဝက်ကို ကျွန်တော်ပဲ ကိုင်တွယ်ရတာပါ.. လူကြီးမင်းတို့ စိတ်ချလို့ ရပါတယ်"

ထို့နောက် အရာရှိဝမ်က မေမေဝမ်ကို ကြည့်လိုက်သည်။

"ဒဏ်ရာကို သက်သေအဖြစ် ပြနိုင်ဖို့ ဓာတ်ပုံကို နောက်မှပဲ ရိုက်ရအောင်.. အခု ကျနော် မေးခွန်းနည်းနည်းလောက် အရင် မေးလိုက်ဦးမယ်.. မစ္စဝမ်.. အကြမ်းဖက်ခံရတဲ့ အချိန်ကို အတိအကျကို မှတ်မိလား"

မေမေဝမ် "ကျမ ကုန်စုံဆိုင်ကနေ အပြန် လမ်းမှာ နေ့လည် လေးနာရီကနေ ငါးနာရီကြား ဖြစ်ပွားခဲ့တာပါ.. မြေအောက်ရထားပေါ်မှာ ဖြစ်သွားတာပါ"

အရာရှိဝမ်က ခေါင်းညိတ်လိုက်ပြီး သူ့မှတ်စု စာအုပ်ငယ်လေးထဲတွင် မှတ်စုတချို့ ချရေးကာ မေမေဝမ်ကို မော့ကြည့်လိုက်သည်။

"အကြမ်းဖက်ခံရတဲ့ အချိန်က နေ့ခင်းဘက်ပဲ.. လူကျပ်တဲ့အချိန် တင်ပါးကို ထိမိတာ ပုံမှန်ပဲ မဟုတ်လား.. တစ်ဖက်က ကျူးလွန်ဖို့ မရည်ရွယ်ခဲ့တာလည်း ဖြစ်နိုင်တာပဲလေ"

အဘိုးအိုက ဆိုဖာအောက်မှ မီးဖိုချောင်သုံး ဓားနက်ကို ဆွဲထုတ်လိုက်သည်။

အရာရှိဝမ် "ငါသဘောပေါက်ပြီ... ခုနက ငါ့ခန့်မှန်း ပြောဆိုချက်က မဖြစ်နိုင်ဘူးလို့ ယူဆလိုက်ပါ.. နောက်တစ်ချက် ပြောရရင် မဒမ်က ခပ်ဟော့ဟော့ ၀တ်စားထားလို့လည်း ဖြစ်နိုင်တာပဲလေ"

ထိုစကားကို ကြားလျှင် အဘိုးအိုက ကော်ဖီ စားပွဲအောက်မှ ဓားသွေးကျောက်ကို ထုတ်ယူလိုက်သည်။

အရာရှိဝမ် "အင်း.. စုန့်ဟိုင်မြို့မှာက နွေရာသီ ရောက်ခါနီးပြီ.. မိုးရာသီမှာက စိုထိုင်းပြီး မွန်းကျပ်တယ် ဆိုတော့ လက်တိုအင်္ကျီဝတ်တာက ပုံမှန်ပါပဲ"

အရာရှိဝမ်က အေးစက်သော ချွေးစေး အနည်းငယ်ပင် ထွက်လာသည်။

"ကျနော့်ရဲ့ မေးခွန်းအတွက် တောင်းပန်ပါတယ် မစ္စဝမ်.. မင်းခေါင်းမှာ ဒဏ်ရာတွေအပြင် တခြားနေရာတွေမှာ ထိခိုက်မိတာများ ရှိသေးလား"

မေမေဝမ် "မြေအောက်ရထား တံခါးကို မဖွင့်ခင် အဲဒီလူက ကျမ လက်မောင်းကို ကန်ကျောက်ခဲ့တယ်"

အဘိုးအို "ဒီခွေးမသားက သောက်ပေါက်လည်း ဆိုးတော့ ငါ့သမီး စိတ်ဒဏ်ရာ ရသွားတယ်"

အရာရှိဝမ်က ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ထဲက မှတ်စုစာအုပ်လေးကို စိုက်ကြည့်လိုက်သည်။

"ဖြစ်ရပ်အသေးစိတ်ကို ကောက်ချက် ဆွဲကြည့်ရအောင်.. အကြမ်းဖက်ခံရသူ မစ္စဝမ်က ကုန်စုံဆိုင်မှာ စျေးဝယ်ပြီး အိမ်ကိုပြန်ဖို့ မြေအောက်ရထားစီးတဲ့အချိန် လေးနာရီကနေ ငါးနာရီအတွင်းမှာ တက်တူးထိုးပြီး ထွားကြိုင်းတဲ့ အမျိုးသားက မဖွယ်မရာ ရိုက်ပုတ်ခဲ့တယ်.. သူက မစ္စဝမ်ရဲ့ ဘယ်လက်မောင်းကို ကန်ကျောက်ပြီး ငါးမိနစ်လောက် ဆဲဆို ကြိမ်းမောင်းခဲ့တယ်.. အခြေအနေက အလွန် ရှင်းနေပါပြီ"

ဖိုးဖိုးဝမ် "မင်း ဘယ်လိုထင်လဲ အရာရှိဝမ်"

အတွေ့အကြုံရှိသည့် အရာရှိဝမ်က မေးစေ့ကို ပွတ်သပ်၍ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"အမှုကိစ္စတွေကို ကိုင်တွယ်ခဲ့တဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ဒါက မြေအောက် ရထားတွေမှာ တွေ့နေကြဖြစ်တဲ့ လက်သရမ်းတဲ့ ကိစ္စလေး တစ်ခုပါပဲ"

ဖေဖေဝမ်၊ မေမေဝမ်နှင့် ဖိုးဖိုးဝမ် "............"

အရာရှိဝမ် "အဘိုးတို့ အနေနဲ့ လက်သရမ်းတဲ့ကောင်ကို ရှာတွေ့ဖို့ စိတ်ပိုင်းဖြတ်ထားရင် စံဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်းပဲ လုပ်လို့ရမယ်"

ဖေဖေဝမ် "ဒါဆို ငါတို့ အခု ဘာတွေ လုပ်ရမလဲ"

အရာရှိဝမ် "ပုံမှန် လုပ်ထုံးလုပ်နည်းအရ မစ္စဝမ်က အရှေ့ဟွမ်လမ်း မှတ်တိုင်မှာ တိုက်ခိုက်ခံခဲ့ရတာပါ.. ရဲလုပ်ငန်းစဥ်တွေကိုပြောပြရရင် နယ်မြေခံ ရဲစခန်းမှာ အမှုဖွင့်ထားတဲ့ အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်မှာပါ.. မြေအောက်ရထားတွေကို ထောက်လှမ်း ကြည့်ရှုနိုင်ဖို့ မြို့ပြ ဆောက်လုပ်ရေး ဌာနနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ.. နေ့စဉ်နဲ့အမျှ မြေအောက်ရထားစီးသူ သန်းပေါင်း များစွာထဲက သံသယရှိသူတွေကို တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးသွားမှာပါ.. ဒုတိယအကြိမ် ကြားနာခြင်း၊ တရားရုံးတွင် ရုံးတင်စစ်ဆေးခြင်းတို့ ရှိပါမယ်.. ဒါပေမယ့် ဒီလို အမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့က နှစ်ပေါင်းများစွာ အတွေ့အကြုံအရ အတော်လေး ခက်ခဲပါတယ်.. မြေအောက်ရထားက အဖြစ်အပျက်ကို တိုက်ရိုက်ရိုက်ကူးထားတဲ့ ရာဇ၀တ်မှု ဗွီဒီယိုမျိုး မရှိဘူး ဆိုရင် တရားခံကို ဖော်ထုတ်ဖို့ဆိုတာ မလွယ်ပါဘူး.. လုပ်ငန်းစဉ် တစ်ခုလုံးက အနည်းဆုံး သုံးနှစ်လောက် ကြာမြင့်ပါမယ်"

ဖိုးဖိုးဝမ်က အလွန်ခေါင်းမာသည်။

"လုပ်ငန်းစဉ် ဘယ်လောက်ကြာပါစေ.. ဒီလူကို တရားစွဲရမယ်"

ထိုအချိန်တွင် အတွေ့အကြုံရှိသည့် အရာရှိဝမ်က ပခုံးတွန့်ပြလိုက်သည်။

"ဝမ်းနည်းပါတယ် အဖိုးဝမ်.. မင်းတရားစွဲဖို့ ဆုံးဖြတ်ထားမှတော့ ငါ ဂရုမစိုက်နိုင်တော့ဘူး.. ငါ့မှာ စုံစမ်းရေးကို စတင်ဖို့ အခွင့်အာဏာ မရှိဘူး"

ဖေဖေဝမ် "အစောပိုင်းက အရမ်း အတွေ့အကြုံရှိတယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား"

အတွေ့အကြုံရှိ အရာရှိဝမ်က ခေါင်းကို လေးနက်စွာ ငုံ့ထားသည်။

"ဟုတ်ပါတယ်.. အချိန်ပိုင်း အလုပ်လုပ်သူ တစ်ယောက်အနေနဲ့ ငါ့ အတွေ့အကြုံက တကယ်ကို ကြွယ်ဝပါတယ်"

ဖေဖေဝမ် "........."

သူ့ဘေးမှ အဘိုးအိုမှာ ဓားသွေးနေပြီ ဖြစ်သည်။

All Chapters