အင်တာနက်ဆယ်လီဖေဖေဝမ်
Vol. 9 Ch. 125
သူတပါးကို ကူညီတဲ့သူတွေကို ဘုရားသခင်က ကူညီပေးသည်ဟူသော စကားတစ်ခွန်း ရှိသည်။
ထိုစကားကို ဖေဖေဝမ်က လက်ရှိအခြေအနေနှင့် အရမ်းလိုက်ဖက်သည်ဟု ယူဆသည်။
အဆုံးသတ်တွင် ထွင်ထျန်းဟာက အတွေ့အကြုံရှိ ရဲအရာရှိဝမ်၏ ဖိနပ်တစ်ဖက်ကို ကိုက်ဆွဲလိုက်သည်။
ကျောင်းမှပြန်လာသည့် ဝမ်လင်းက အိမ်ပြန်ရောက်သည်နှင့် တံခါးကို ဖွင့်လိုက်ရာ ထွင်ထျန်းဟာက အရာရှိဝမ်၏ ဖိနပ်ကို အံသွားများဖြင့် ကိုက်ထားရင်း အိမ်အပြင်ဘက်သို့ ဆွဲထုတ်သွားသည်ကို တွေ့လိုက်ရသည်။
အတွေ့အကြုံရှိ အရာရှိဝမ် "ငါတို့ အချိန်ပိုင်း အလုပ်သမားတွေမှာလည်း လူ့အခွင့်အရေး ရှိပါတယ်"
ထိုစကားကို ကြားသည်နှင့် ထွင်ထျန်းဟာက သူ့ခွေးအမြီးကိုကြာပွတ်ကဲ့သို့ အသုံးချ၍ ရဲအရာရှိဝမ်၏ ဖ-င်ကို ရိုက်ချလိုက်သည်။
ထို့နောက် ရဲအရာရှိဝမ်၏ ဝမ်းဗိုက်ကို သူ့ခွေးလက်သီးဖြင့် ထိုးချလိုက်သည်။
အလေးချိန် နှစ်ရာကျော်ရှိသော ရဲအရာရှိ၏ ခန္ဓာကိုယ်က လေထဲတွင် မီတာနှစ်ဆယ်ကျော် ပျံသန်းသွားပြီး ပြန်ကျလာသောအခါ လိင်တူချစ်သူများ ကဲ့သို့ ထူးဆန်းသော ပုံစံဖြင့် ဖ-င်ကို လက်ဖြင့်ဖိကာ ဆင်းသက်လာသည်ကို ဝမ်လင်းက မြင်လိုက်ရသည်။
ဝမ်လင်း "..........."
........................
ဝမ်လင်းက ဝမ်မိသားစု အိမ်ငယ်လေး ထဲသို့ ၀င်သွားသောအခါတွင် လေထုက ထူးထူးခြားခြား လေးလံနေသည်ကို သတိပြုမိသည်။
မေမေဝမ်၏ နဖူးမှ ဒဏ်ရာကို မြင်ပြီးနောက်တွင် သူ့မျက်နှာက တခဏချင်း မည်းမှောင်သွားခဲ့သည်။
အဖိုးအိုက သူ့ခြေထောက်ကို ဆောင့်ချလိုက်သည်။
"ဒီကောင်လေး ဝင်လာကတည်းက စိတ်မချရတဲ့သူ ဆိုတာ ငါရိပ်စားမိတယ်.. ဒါပေမယ့် ဒီလောက်အထိ ဆိုးရွားမယ်လို့တော့ ငါမထင်ခဲ့ဘူး.. ရဲဌာနက ငါတို့ကို အရေးမစိုက်လို့ အချိန်ပိုင်း အလုပ်သမားကို လွှတ်လိုက်တာပဲ.. ငါတို့ နိုင်ငံသားတွေက မျောက်တွေနဲ့ ဆော့ကစားချင်နေတယ်လို့များ သူတို့ ထင်နေလား မသိဘူး"
အဘိုးအိုက ရဲအရာရှိဝမ်ကို မျောက်နှင့်နှိုင်း၍ မကျေမနပ် ရေရွတ်လိုက်သည်။
မေမေဝမ်က အဘိုးအိုကို နှစ်သိမ့်ပေးလိုက်သည်။
"အဖေ.. သမီးတို့ ဒီကိစ္စကို မေ့ထားလိုက်ရအောင်.. သမီးလည်း ဆိုးဆိုးရွားရွား မထိခိုက်ပါဘူး.. နည်းနည်းပါးပါး အဆဲခံရရုံပါပဲ"
ဝမ်လင်းက စက္ကန့်အနည်းငယ် အတွင်း ဇာတ်လမ်းတစ်ခုလုံးကို နားလည်ရန် သူ၏ စိတ်ဖတ်စွမ်းရည်ကို အသုံးပြုခဲ့သည်။
{သတ္တိကောင်းလှချည်လား..}
{အင်မော်တယ်ဘုရင်ရဲ့ မိခင်ကို နှောင့်ယှက်ရဲတယ်..}
{ငါလိုအင်မော်တယ်ဘုရင်တောင် သူမကို မရိုက်ရဲဘူး}
{ချီးထုပ်.. မင်းတော့ ဒုက္ခအကြီးအကျယ် ရောက်ပြီသာမှတ်}
ဝမ်လင်းက သူ့အတွေးများကို တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားရင်း အသက် ခပ်ပြင်းပြင်းရှူလိုက်သည်။
ထို့နောက် သူက ပုံကြမ်းရေးဆွဲခြင်း စွမ်းရည်ကို အသုံးပြု၍ မေမေဝမ်၏ မှတ်ဉာဏ်ထဲမှ ပုံတူကို ရေးဆွဲခဲ့သည်။
၎င်းက အကြမ်းအားဖြင့် တစ်ရာ့ ခုနစ်ဆယ့်ရှစ် စင်တီမီတာ မြင့်သော လူငယ်တစ်ဦး ဖြစ်သည်။
ထိုလူ၏ ဆံပင်ကေက ပန့်ကေလို အချွန်အတက်နှင့် ဖြစ်ပြီး ညာလက်မောင်းတွင် တက်တူးတစ်ခု ပါရှိကာ လေးလံသောပစ္စည်းများကို ဆင်ယင်ထားသည်။
မေမေဝမ်က စာရွက်ကို စိုက်ကြည့်ပြီး ချက်ချင်းပင် အတည်ပြုခဲ့သည်။
"မှန်တယ်.. လင်းလင်းရဲ့ပုံက အရမ်း တိကျတယ်.. ပုံထဲကလူက သူပဲ"
အဘိုးအိုက ပုံကြမ်းကို ကြည့်၍ ခေါင်းညိတ်ပြပြီးနောက် ဝမ်လင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒီလူကို ရှာတွေ့နိုင်မလား"
ဖေဖေဝမ် "လင်းလင်းရဲ့ ဝိညာဉ်ရေးရာ အာရုံနဲ့ ဆိုရင် ဒီလူကို စုန့်ဟိုင်မြို့မှာ ရှာတွေ့ဖို့ ဆိုတာ သေချာပေါက် ခက်ခဲမှာ မဟုတ်ဘူး...ဒါပေမဲ့ လင်းလင်း ဝိညာဉ်ရေးဆိုင်ရာ အာရုံခံစားမှုက မီးစက်လိုပဲ.. ဝိညာဥ်အာရုံ ခံစားမှု ဧရိယာ ကျယ်ပြောလေလေ ပိုလွှမ်းခြုံနိုင်လေလေ စွမ်အား ပိုထွက်လေလေပဲ.. အဲဒီအချိန်ကျရင် စုန့်ဟိုင် တစ်မြို့လုံးမှာ ရှိတဲ့ ဓာတ်အားလိုင်း အကုန်လုံး ပိတ်သွားလိမ့်မယ်"
ဖေဖေဝမ်၏ စကားက အမှန်တရား ဖြစ်သောကြောင့် ဝမ်လင်းက တိတ်တဆိတ် ဝန်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီကိစ္စကို မေ့လိုက်တော့ ငါ့သား.. ဒီခွေးကောင်ကို ရှာတဲ့ကိစ္စကို အဖေ့ တာဝန်ပဲ ထားလိုက်တော့"
ယင်းနောက် ဖေဖေဝမ်က မီးခြစ်တစ်လုံးကို ထုတ်ကာ စီးကရက် တစ်လိပ်ကို မီးညှိလိုက်သည်။
သူက စီးကရက်ကို ပါးစပ်ထဲထည့်ကာ မီးခိုးငွေ့များကို နဂါးတစ်ကောင်လို မှုတ်ထုတ်လိုက်သည်။
သူ့မျက်မှန်မှ ရောင်ပြန်ဟပ်နေသော အလင်းရောင်က သူ့မျက်လုံးကို အနည်းငယ် အမှောင်ကျ စေသည်။
"ဒီလူရမ်းကားကို တွေ့ရင် ငါတို့ ဘယ်လိုစီရင်သင့်လဲ.. လင်းလင်း မင်းကြိုက်သလို လုပ်ပါ... ဒါပေမယ့် ငါတို့ ဝမ်မိသားစုရဲ့ စည်းကမ်းတွေကို လိုက်နာဖို့တော့ မမေ့နဲ့.. သူ့ကို တိုက်ခိုက်ပြီး မသတ်လိုက်နဲ့.. အကောင်းဆုံးကတော့ ဒီကောင်ကို ဆေးရုံပို့နိုင်ရင် အကောင်းဆုံးပဲ.. သူ့ရဲ့ အောက်ပိုင်း တစ်ပိုင်းလုံးကို ရိုက်ချိုးပြီး ဘယ်တော့မှ ပြန်မထနိုင်အောင် လုပ်လိုက်.. ချီးပဲ.. ဒီလူယုတ်မာကောင်က ငါ့မိန်းမကို နာကျင်အောင် လုပ်ရဲတယ်.. ငါနဲ့ တွေ့လို့ကတော့ အသေပဲ.."
အဘိုးကြီးနှင့် ဝမ်လင်းတို့ နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။
ဖေဖေဝမ်က သူ့မိန်းမကို ထိ၍ လုံးဝကို ဆတ်ဆတ်ခါ နာကျင်နေပုံရသည်။
.........................
တကယ်တမ်းတွင် လူ့အဖွဲ့အစည်း၌ မတရားမှုတွေ အများကြီး ရှိသည်။
လွန်ခဲ့သည့် ခေတ်များစွာတွင် သာမန်လူများက ပဋိပက္ခများကို ထုတ်ဖော်ပြောဆိုရန် စွမ်းအား မရှိခဲ့ကြသော်လည်း ကျင့်ကြံသူများကမူ ထိုကဲ့သို့ ပဋိပက္ခများကို အခြေခံအားဖြင့် တိုက်ပွဲဖြင့်သာ ဖြေရှင်းခဲ့ကြသည်။
ထိုအချိန်က ကျင့်ကြံခြင်း နယ်ပယ် မြင့်မားသူများမှာ ဘုရင်တစ်ပါးလို တန်ခိုးအာဏာ ရှိကြသည်။
ခွန်အားက အရာအားလုံးကို ကိုယ်စားပြုသောခေတ် ဆိုလည်းမမှားပေ။
သို့သော် ယခုခေတ်မှာ သာမန်လူများနှင့် ကျင့်ကြံသူများ အတွက် အပြန်အလှန် ထိန်းကျောင်းမှုများကို ကျင့်သုံးသည့် ဝိညာဉ်စွမ်းအင် သတင်းအချက်အလက်ခေတ် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ အကြမ်းဖက်မှုလို ကိစ္စများတွင် ဥပဒေက ခိုင်မာသော အဟန့်အတား မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားရပေမည်။
ဤကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရသည့် အမျိုးသမီး အများစုမှာ မလိုလားအပ်သည့် ဒုက္ခတွေကို ရှောင်ရှားတာက ပိုကောင်းသည်ဟု ယူဆသည့် အတွက် ခံနိုင်ရည်ရှိဖို့ကိုသာ ရွေးချယ်ပြီး အမုန်းတရားများ ရင်ဝယ်ပိုက်ကာ တစ်သက်လုံး နေထိုင်သွားကြရလေ့ ရှိသည်။
မှန်ပါသည်။ ကိုယ်ထိလက်ရောက် ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ မေမေဝမ်လို ရဲရင့်သည့် အမျိုးသမီးများလည်း ရှိ၏။
သို့သော် ဤကဲ့သို့ လုပ်ဆောင်သည်ကလည်း တခါတလေ အလုပ်မဖြစ်ပေ။
အဓိက အကြောင်းအရင်း တစ်ခုမှာ ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ၏ လျစ်လျူရှုခြင်းပင် ဖြစ်သည်။
အမျိုးသမီးတွေဘက်က ရပ်တည်ရန်ထက် ဓာတ်ပုံသာ ရိုက်ချင်ကြသည်။
မုန်းစရာအကောင်းဆုံးမှာ အွန်လိုင်းတွင် ဇောင်းထသည့် ကီးဘုတ်ဖိုက်တာများ ဖြစ်သည်။
၎င်းတို့က အမျိုးသမီးများ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တိုက်ရိုက် အပြစ်တင်ပြီး "နည်းတောင် နည်းသေးသည်"ဟု ကြိမ်းမောင်းတတ်ကြသည်။
အဆုံးသတ်တွင် ရဲဌာနကို တိုင်ကြားလျှင်ပင် အများအားဖြင့် ဘာမှ ထူးခြားလေ့မရှိပေ။
အတွေ့အကြုံရင့် အရာရှိဝမ် ပြောသည့်အတိုင်း ခရီးသည် အများအပြား ရှိသော မြေအောက်ရထား နှင့် အခြား အများသူငှာ သယ်ယူပို့ဆောင်ရေး ကဲ့သို့သော အများသူငှာ နေရာများတွင် သားကောင်ရှာသော မုဆိုးများကို ဖမ်းမိရန် ကျင့်ကြံခြင်းရဲများက မော်နီတာစခရင်ကို နေ့ရောညပါ စိုက်ကြည့်ကာ အချိန်ဖြုန်းနေမည်ဟု သောက်သုံးမကျစွာ မျှော်လင့်နေပါသလော။
အဆုံးသတ်၌ ဤကဲ့သို့ အကြမ်းဖက်သူများကို ဖမ်းမိခဲ့လျှင်ပင် ဆယ့်ငါးရက်ကြာမျှသာ ထိန်းသိမ်းခံရမည် ဖြစ်သည်။
ထို့အပြင် ၎င်းတို့က လျှို့ဝှက်ဒုစရိုက် အဖွဲ့အစည်းနှင့် အဆက်အစပ် ရှိနေခဲ့လျှင် လက်ဖက်ရည်တစ်ခွက် တိုက်ရုံဖြင့်ပင် စခန်းမှ ပြန်လွတ်နိုင်၏။
ရလဒ်အနေဖြင့် သာမန်လူ အများစုမှာ ဤကဲ့သို့သော အဖြစ်အပျက်များကို ရင်ဆိုင်လာရသောအခါ စိတ်ဓာတ်ကျပြီး အားကိုးရာမဲ့သလို ခံစားလာရသည်။
သို့သော် ကံမကောင်းစွာပဲ ဤလူရမ်းကားက ဝမ်လင်း၏ မိသားစုဝင် တစ်ဦးကိုမှ သွားထိမိခဲ့သည်။
ဤတစ်ကြိမ်တွင် ဖေဖေဝမ် ကိုယ်တိုင် ဤလူကို ရှာဖွေပေးမည် ဖြစ်သည်။
ဝမ်လင်းကိုမူ အဓိက အကြောင်းအရင်း နှစ်ခုကြောင့် ကူညီဖို့ ခွင့်မပြုခဲ့ပေ။
တစ်ချက်မှာ ဖေဖေဝမ်က သူနေထိုင်သော မြို့လေး၏ အကျိုးကို တွေးနေခဲ့သောကြောင့်ပင်။
သူက ဝမ်လင်း၏ စွမ်းအားကြောင့် မြို့တစ်ခုလုံး လျှပ်စစ် ဓာတ်အားလိုင်း ပျက်တောက်ကာ စီးပွားရေး ဆုံးရှုံးမှု အန္တရာယ်ကို တွေးမိလိုက်သည်။
သူ့အယူအဆအရ လမ်းသရဲကောင် အတွက် တစ်မြို့လုံး ဓာတ်အားလိုင်း ပျက်ရသည်က ထိုက်တန်မှု မရှိပေ။
ထို့အပြင် ဖေဖေဝမ်က အနိုင်ကျင့်ခံရသည့် ဇနီးဖြစ်သူ၏ ခင်ပွန်းတစ်ဦး အနေဖြင့် ကိုယ်တိုင် မတုံ့ပြန်ဘဲ သားဖြစ်သူကို ပြန်လည် တိုက်ခိုက်ရန် ခိုင်းစေခြင်းမှာ သတ္တိနည်းလွန်းသည်ဟု ခံစားခဲ့ရသည်။
လူတစ်ယောက်ကို ရှာဖွေဖို့ အတွက်လော။
ယင်းမှာ သူ့အတွက် လုံးဝ မခက်ခဲပေ။
နယ်ပယ်နှင့် စွမ်းအားက ဝမ်လင်း၏ လက်နက်များ ဖြစ်ခဲ့လျှင် ဝိညာဉ်စွမ်းအင် မပိုင်ဆိုင်သော သာမန်လူ တစ်ယောက်အနေဖြင့် ဖေဖေဝမ်တွင်လည်း သူ့ကိုယ်ပိုင် အထူးလုပ်ဆောင်မှုများ ရှိခဲ့သည်။
...............................
ဖေဖေဝမ်က ညစာစားပြီးနောက် မည်သူ့ကိုမှ အနှောက်အယှက်မပေးဘဲ သူ၏ Weibo အကောင့်ထဲကို ဝင်လိုက်သည်နှင့် နိုတီများ ဆက်တိုက် တက်လာခဲ့သည်။
ဤအကောင့်ကို သူ log in မဝင်ခဲ့သည်မှာ တစ်နှစ်ခွဲလောက်ပင် ရှိနေပြီ ဖြစ်သည်။
သူ့ပေ့တွငိ အမြဲတမ်း လူအမျိုးအစား လေးမျိုး ရှိသောကြောင့် Weiboတွင် အကောင့်ဝင်ရသည်ကို သူ မကြိုက်နှစ်သက်ခဲ့ပေ။
အမျိုးအစား (၁) ထရိုးသမားများ(တစ်စုံတစ်ဦးကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်သောသူများ)။
အမျိုးအစား (၂) ပြဿနာ ရင်းမြစ်ကို အသေအချာ မသိဘဲ မျက်စိစုံမှိတ်၍ ထရိုးသော ထရိုးသမားများ။
အမျိုးအစား (၃) စာရေးဆရာကို ပိုမို တောင်းဆိုတတ်သော အကဲပို အဖွဲ့များ။
အမျိုးအစား (၄) မျက်စိစုံမှိတ်၍ ထရိုးရတာကို သဘောကျသည့် ပိုမိုတောင်းဆိုတတ်သော အကဲပို အဖွဲ့ဝင်များ။
ဟုတ်ပါသည်။ ဖေဖေဝမ်ကို စိတ်ပျက်စေခဲ့သည်မှာ ယေဘုယျအားဖြင့် တတိယနဲ့ စတုတ္ထ အမျိုးအစားများ ဖြစ်သည်။
ဖေဖေဝမ်က သူ၏ Weibo ပေ့ရှိ စီစစ်ရေး တံဆိပ်နှင့် သူ့ပရိုဖိုင် အချက်အလက်များကို စစ်ဆေး ကြည့်လိုက်သည်။
"ဟားဟား အရမ်း ကောင်းတယ်"
သူအွန်လိုင်း မတက်သည်မှာ နှစ်ဝက်ပင် ရှိသော်လည်း သူ့ပရိသတ် အရေအတွက်က တစ်သန်းကျော်လောက် တိုးလာခဲ့သည်။
လွန်ခဲ့သော နှစ်ဝက်ခန့်က သူ၏ ဝဘ်ပေ့တွင် ပရိသတ် သုံးသန်းကျော် ဝင်ရောက်လာခဲ့မှန်း ဖေဖေဝမ် အမှတ်ရမိသည်။
ယခုအခါတွင် မထင်မှတ်ဘဲ နောက်ထပ် တစ်သန်းကျော် တိုးလာပြီ ဖြစ်သည်။
ဤပရိသတ် လေးသန်း၏ အားက မည်မျှအထိ ရောက်နိုင်မလည်း ဆိုသည်ကို ဖေဖေဝမ် မသိခဲ့ပေ။
သို့သော် လက်ရှိ အခြေအနေအရ သူ၏ Weibo ပရိသတ်များ၏ စွမ်းအားကို အားကိုးပြီး ဤမုန်းတီးစရာ ကောင်းသည့် လူရမ်းကားကို ရှာဖွေရန် အသုံးပြုခဲ့သည်။
အင်တာနက် ဆယ်လီ တစ်ယောက် အနေဖြင့် ဖေဖေဝမ် စုဆောင်းနိုင်သည့် အပြင်းထန်ဆုံး လက်နက်မှာ ပြည်သူလူထု၏ ထင်မြင်ယူဆချက် ဖြစ်သည်။
"ဘယ်လောက်ထိ ခရီးရောက်မလည်း ဆိုတာ အရင် စမ်းသပ်ကြည့်ရတာပေါ့"
ဖေဖေဝမ်က စီးကရက် တစ်လိပ်ကို မီးညှိပြီးနောက် စကားလုံးများကို အမြန်ရိုက်လိုက်ပြီး Weiboတွင် တင်လိုက်သည်။
ဤစာက လွန်ခဲ့သော ၆လအတွင်း ပထမဆုံးလည်း ဖြစ်၏။
"အားလုံးပဲ မင်္ဂလာညချမ်းပါ"
မက်ဆေ့ချ်တင်လိုက်သည်နှင့် ဝက်ဘ်ပေ့က ချက်ချင်းဆိုသလို ဝုန်းထသွားခဲ့ပြီး လက်ဟောင်း ကွန်ပျူတာပင် ပိတ်ကျသွားသည်။
တခဏအတွင်း ဤWeibo ပို့စ်၌ Like အရေအတွက်မှာ တစ်မိနစ် မပြည့်မီမှာပင် တစ်ထောင်ကျော်သွားခဲ့၏။
ထို့နောက်တွင် မှတ်ချက်များ ပလူပျံစွာ တက်လာခဲ့သည်။
"အို ဘုရားရေ.. ဂုရုကြီးဝမ်စစ်ထူက Weibo မှာ တကယ်ကြီး ပို့စ်တင်ထားတာဟ"
"ဒါက ဘာပို့စ်လဲ.. ဖင်ယားပြီး စာလာရိုက် သွားတာလား.. ဒီနေ့ အပိုင်းသစ်က တစ်ခန်းပဲလား.. ဒါပေမယ့် မင်းက မိန်းကလေးလို ၀တ်စားပြီး ငါတို့ကိုပြရင် မင်းကို ခွင့်လွှတ်ပေးမယ်"
"စာရေးဆရာကို ဖမ်းမိဖို့ Weibo မှာ နေ့တိုင်း စောင့်ခဲ့ရတာ အရမ်းတန်သွားပြီ.. ဟားဟား.. နောက်ဆုံးတော့ Live တစ်ခုမှာ ဖမ်းမိခဲ့ပြီ"
....................
ဘေးအခန်းရှိ အိပ်ခန်းထဲမှ ဝမ်လင်းက တအံ့တသြ ဖြစ်နေသည်။
"စာရေးဆရာကို ဖမ်းမိဖို့ လွန်ခဲ့တဲ့ နှစ်တစ်ဝက်လုံး Weiboမှာ နေ့တိုင်း စောင့်နေတယ်လား.."
"ပိုမို တောင်းဆိုတတ်တဲ့ အကဲပို" အဖွဲ့က တကယ်ကို ကြောက်စရာ ကောင်းတာပဲ"