← Chapters

ဖေဖေဝမ်၏ သြဇာအရှိဆုံး ပရိတ်သတ်

Vol. 9 Ch. 128

ဖေဖေဝမ်၏ သြဇာအရှိဆုံး ပရိတ်သတ်

Vol. 9 Ch. 128

မော့အင်မော်တယ်ရဲတိုက်ကို စုန့်ဟိုင်မြို့တွင် စတင်တည်ထောင်ခဲ့စဉ်က ၎င်း၏ ကိုယ်ပိုင် ထောက်လှမ်းရေးကွန်ရက်ကို တည်ဆောက်ရန် အစိမ်းရောင်ဂိုဏ်းအား အချိန်အတော်ကြာ မှီခိုခဲ့ရသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း အစိမ်းရောင်ဂိုဏ်းမှာမော့အင်မော်တယ် ရဲတိုက်ထက် တန်ဖိုး ကျဆင်းသွားခဲ့ပြီး ၎င်းတို့၏ ဆက်ဆံရေးမှာ ယခင်ကဲ့သို့ မနီးစပ်တော့ပေ။

အင်အားစုနှစ်ရပ်၏ ဆက်ဆံရေးမှာ အပြန်အလှန် အမြတ်ထုတ်မှု အပေါ်တွင်သာ အခြေခံထားသည်။

ထို့ကြောင့် အကျိုးစီးပွားနှင့် ပတ်သက်လာလျှင် ဆက်ဆံရေးလည်း ကွဲသွားလိမ့်မည် ဖြစ်၏။

အစိမ်းရောင်ဂိုဏ်း၏ ခေါင်းဆောင် အနေဖြင့် ကျိုးကျဲ့မှာ ဤအချက်ကို ရှင်းလင်းစွာ နားလည်သည်။

ထို့ကြောင့် အစိမ်းရောင်ဂိုဏ်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် စုန့်ဟိုင်မြို့၏ ထိပ်တန်း မြေအောက်ထောက်လှမ်းရေး ကွန်ယက် ထီးနန်းကို ရယူရန် ဤနှစ်များ တစ်လျှောက်လုံး သူ၏ ထောက်လှမ်းရေး ဧရိယာကို တိတ်တဆိတ် တိုးချဲ့ကာ ကြိုးပမ်းခဲ့သည်။

သို့သော် လွန်ခဲ့သာ့် နှစ်အနည်းငယ် အတွင်း မော့အင်မော်တယ်ရဲတိုက်မှာ တကယ်ကို လျင်မြန်စွာ ကြီးထွားလာခဲ့၏။

မော့အင်မော်တယ် ရဲတိုက်ကို ယှဉ်ပြိုင်ရန် ခက်ခဲနေသော်လည်း ကျိုးကျဲ့မှာ အခြားနည်းလမ်း တစ်ခုခုကို ရှာဖွေနေဆဲဖြစ်သည်။

ကံကောင်းစွာဖြင့် သူက ကျောက်သရဲ မျက်နှာဖုံးနှင့် ပတ်သက်သည့် သတင်း အချက်အလက်ကို မတော်တဆ ရရှိခဲ့သည်။

ထို့အပြင် မော့အင်မော်တယ် ရဲတိုက်မှာ ကျောက်သရဲ မျက်နှာဖုံးကို ဖန်တီးသူအား နှစ်ပေါင်းများစွာ ရှာဖွေနေကြောင်း သူသိထားသည်။

ဒါရိုက်တာစုန့်က တံတွေးကို အလိုအလျောက် မျိုချလိုက်မိသည်။

အမှန်ပင် ဤအဆိုပြုချက်က သူ့အတွက် အလွန် ဆွဲဆောင်မှုရှိနေသည်ါ

အခြားတစ်ဖက်တွင် ကျိုးကျဲ့က မျှော်လင့်ချက် ရှိလာမှန်း ရိပ်စားမိလိုက်သည်။

"ညီနောင်စုန့်.. Weibဝ ပို့စ်ကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်းတစ်ခုကိုပဲ စဉ်းစားပေးပါ.. ငါ့မှာ ဒီဝမ်းကွဲညီလေး တစ်ယောက်ပဲ ရှိတာပါ.. ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ကာကွယ်ရမယ်"

ဒါရိုက်တာစုန့် သက်ပြင်းချလိုက်သည်။

"မင်းရဲ့ အဆိုပြုချက်က အရမ်း ဆွဲဆောင်မှုရှိတယ် ဆိုတာ ငါ ဝန်ခံပါတယ်.. ဒါပေမယ့် ကောင်းကင်ပေါက်ကွဲဂိုဏ်း အကြီးအကဲ ပါဝင်နေတဲ့ အတွက် ငါတို့ မော့အင်မော်တယ်ရဲတိုက် ပါ၀င်ခဲ့ရင်တောင် ဖြစ်လာနိုင်တဲ့ရလဒ်ကို မင်းသိထားသင့်တယ်.."

ကျိုးကျဲ့က သူ့ကို ထပ်မံ တောင်းဆိုလိုက်သည်။

"ညီနောင်စုန့်.. ဒီကိစ္စအတွက် မင်းကိုပဲ အားကိုးလို့ ရတာပါ.. ဒီပြဿနာရဲ့ သက်ရောက်မှုကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရင် လုံလောက်ပါပြီ.. အဲဒါက အလုပ်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ အဆုံးသတ်ကျရင် ကျောက်သရဲ မျက်နှာဖုံးပြုလုပ်သူအကြောင်း ငါသိသမျှကို ပြောပြမှာပါ"

ဤသည်မှာ အလွန် သင့်လျော်သော မှတ်ချက်ဖြစ်၍ ဒါရိုက်တာစုန့်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ.. ငါအကောင်းဆုံး လုပ်ပေးပါ့မယ်"

ထိုစကားကို ပြောပြီးနောက် ဒါရိုက်တာစုန့်က ဖုန်းချလိုက်သည်။

ဤကိစ္စကို ကိုင်တွယ်ရန် မည်သူ့ကို ရှာဖွေသင့်သနည်း။

ဒါရိုက်တာစုန့်က ခဏကြာ စဥ်းစားလိုက်ပြီး ဖုန်းကို နောက်တစ်ကြိမ် ကောက်ကိုင်လိုက်ကာ နံပါတ်တစ်ခုကို ခေါ်ဆိုခဲ့သည်။

"ငါပါ.. စုန့်ချင်းရှု.. မြို့တော်ဝန်တင်းဆီ လွှဲပေးပါ"

...................

လူရမ်းကား၏ အကိုဝမ်းကွဲဖြစ်သူ အစိမ်းရောင်ဂိုဏ်း ခေါင်းဆောင်မှာ စုန့်ချင်းရှုကို အကူအညီ တောင်းခဲ့သော်လည်း Weiboတွင်မူ တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေစေ ဖြစ်သည်။

အခင်းဖြစ်ပွားပြီးနောက် လေးနာရီပြည့်ပြီ ဖြစ်သည်။

ညသန်းခေါင် ကျော်နေပြီ ဖြစ်သော်လည်း Weiboက နေ့ခင်းဘက်ကဲ့သို့ အလုပ်ရှုပ်နေသေးသည်။

မေမေဝမ်၏ ပြဿနာက ပိုပိုပြီး ပြင်းထန်လာခဲ့သည်။

ဖေဖေဝမ်၏ ခေတ်စားနေသောပို့စ် ဖြစ်သည့် "အလှလေးအတွက် ဒေါသအမျက်ထွက်နေသော ဝမ်စစ်ထူ"မှာ Weibo၏ အရှာဖွေခံရဆုံး ဟော့သတင်း အဖြစ် သတ်မှတ်ခံထားရသည်။

"အားနွဲ့တဲ့ အမျိုးသမီး တစ်ဦးက မတော်တဆ လက်သရမ်းမှုနဲ့ ကြုံလာရင် ဘယ်လိုတုံ့ပြန်ရမလဲ.. ဘယ်လို ခုခံကာကွယ်သင့်လဲ" ဆိုသည့် ခေါင်းစဥ်ကလည်း ရေပန်းစားသည့် ခေါင်းစဉ်တစ်ခု ဖြစ်လာသည်။

အင်တာနက် အသုံးပြုသူများက စာနာ နားလည်ခဲ့ကြပြီး ထိုပို့စ်ကို ထပ်ဆင့် ရှယ်ခဲ့ကြပြန်သည်။

ကီးဘုတ် ဖိုက်တာများ ပင်လျှင် အိပ်ရာထ နောက်ကျကုန်ကြသည်။

အရာအားလုံးမှာ ဤပြဿနာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခြင်းကြောင့် ဖေဖေဝမ်က နှိုင်းယှဉ်၍ မရနိုင်သော ကျေနပ်မှုကို ရရှိခဲ့သည်။

သို့သော် မကြာခင်မှာပင် တစ်စုံတစ်ယောက်က ဒေါသထွက်နေသည့် အီမိုဂျီများ ပါဝင်သည့် အွန်လိုင်းမက်ဆေ့ချ် တစ်ခု ကို တင်လိုက်၏။

"ထူးဆန်းတယ်.. ပို့စ်ပေါ်က ကျနော့်ရဲ့ မှတ်ချက် ပျောက်သွားတယ်.. ကျနော် နောက်ဆုံးရေးသားခဲ့တဲ့ ပို့စ်တချို့ရဲ့ ညာဘက်အပေါ်ထောင့်က စာဖတ်သူ အရေအတွက် ပြတဲ့နေရာက မီးခိုးရောင်လို မှိန်သွားခဲ့တယ်"

ထိုလူက သူ၏ မကျေနပ်မှုများကို ဖော်ပြသည့် စခရင်ရှော့တစ်ခုကို မျှဝေခဲ့သည်။

အောက်တွင် မှတ်ချက်တစ်ခု အမြန်ပေါ်လာသည်။

"ကျွန်တော်တစ်ယောက်ထဲ ဒီပြဿနာ ရှိနေတယ်လို့ ထင်နေခဲ့တာ.. ကြည့်ရတာ ကျနော်တို့လို အလားတူ ပြဿနာတက်တဲ့ သူတွေလည်း ရှိနေတဲ့ပုံပဲ"

"ဒါဆို ငါတစ်ယောက်တည်း မဟုတ်ဘူးပေါ့"

"ဂုရုကြီးဝမ်စစ်ထူကို အားပေးဖို့ ဒီလို ပို့စ်အရှည်ကြီးကို ငါမနည်း ကြိုးစားပြီး ရေးခဲ့ရတယ်.. ဘာလို့ လော့ချထားရတာလဲ"

ဖေဖေဝမ်ကလည်း တစ်စုံတစ်ခုကို သတိပြုမိသွားသည်။

အင်တာနက် အသုံးပြုသူများကို Weiboက အကြောင်းပြချက်မရှိဘဲ အနှောင့်အယှက်ပေးနေခြင်း မဟုတ်သည်မှာ သေချာသည်။

သူ၏ ပို့စ်တွင် Like နှင့် မှတ်ချက်ပေးခြင်း အရေအတွက်များ တဖြည်းဖြည်း လျော့နည်းလာသည်ကို တွေ့ရှိခဲ့ရသည်။

လေးနာရီကြာပြီးနောက်..

ယခင်က likeပေါင်း နှစ်သိန်းနီးပါး ရှိခဲ့သည့် သူ့ပို့စ်မှာ Like တစ်သိန်း တစ်သောင်းသာ ရှိတော့သည်။

ထိုပမာဏမှာ မူရင်းLike၏ တစ်ဝက်သာ ရှိ၏။

အွန်လိုင်း မှတ်ချက်များစွာ ပျောက်ကွယ်သွားကြောင်း ဝမ်လင်းလည်း သဘောပေါက်ခဲ့သည်။

လူအချို့က ခြေရာခံခြင်းနှင့် ပတ်သက်ပြီး လိပ်စာများစွာ ယခင်က ပေးပို့ထားသော်လည်း မှန်ကန်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သို့သော်လည်း ၎င်းတို့အားလုံးကို Weibo မှ "တားမြစ်ထားသော အချက်အလက်များ"ဟု သတ်မှတ်ပြီး ဖျက်ပစ်ခဲ့သည်။

တစ်စုံတစ်ယောက်က မက်ဆေ့ချ်များကို တမင်ပိတ်ဆို့ပြီး ဟော့သတင်းကို ထိန်းသိမ်းရန် ကြိုးစားနေသည်မှာ အလွန်ထင်ရှားနေသည်။

ဖေဖေဝမ်က ကွန်ပြူတာရှေ့တွင် ဆယ့်ငါးမိနစ်ခန့် စိတ်ရှည်စွာ စောင့်ဆိုင်းပြီးနောက် သူ၏ ပို့စ်ခေါင်းစဉ်ဘေးရှိ "ဟော့" ဟူသော စကားလုံးက ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

၎င်း၏ အဆင့်က အဆင့်နှစ်ဆင့်သို့ ကျဆင်းသွားခဲ့ပြီး ရေပန်းစားသော အကြောင်းအရာ(၁) မှ ရေပန်းစားသောအကြောင်းအရာ(၃) သို့ ကျဆင်းသွားသည်ကို မြင်လျှင် သူက ကူကယ်ရာမဲ့သွားခဲ့သည်။

သူက သူ၏ ကွန်ပျူတာ ဖန်သားပြင်ရှေ့တွင် ထိုင်နေသည်။

စားပွဲပေါ်ရှိ ဆေးလိပ်ပြာခွက်တွင် စီးကရက်များနှင့် ပြည့်နှက်နေခဲ့၏။

သူ့စီးကရက်ဗူးထဲမှ စီးကရက်များကို အကုန် သောက်ပြီးပြီ ဖြစ်သည်။

ဝမ်လင်းက စူပါမားကတ်သို့ သွားကာ ဖေဖေဝမ် အတွက်ဆေးလိပ်ဗူး ဝယ်ရန် တည်နေရာရွှေ့ပြောင်းသည့် စွမ်းရည်ကို အသုံးပြုသင့်သလားဟု တွေးနေမိသည်။

ဖေဖေဝမ်က လူရမ်းကားကို ရှာဖွေဖို့ သူ့ကိုယ်ပိုင် ခွန်အားကို အားကိုးနေချိန်တွင် ယင်းမှာ သားတစ်ယောက် အနေဖြင့် သူလုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်သည်။

သို့သော် သိပ်မကြာခင်မှာပင် ဝမ်လင်းက အတွေးလွန်နေမှန်း သူ့ကိုယ်သူ သိလိုက်သည်။

ဖေဖေဝမ်က မတ်တပ်ရပ်ပြီး နံဘေးရှိ စာအုပ်စင်ပေါ်မှ သံသေတ္တာကို တိုက်ရိုက် ကောက်ယူလိုက်သည်အား တွေ့လိုက်ရ၏။

သေတ္တာအတွင်း၌ အနက်ရောင် ဆေးပြင်းလိပ် ဆယ်လိပ် ပါရှိသည်။

ဖေဖေဝမ်က ချက်ချင်း မီးညှိပြီး ဆေးလိပ်ကို ပါးစပ်ထဲတွင် ခဲလိုက်သည်။

ဝမ်လင်း၏ နှလုံးသားက မထိန်းချုပ်နိုင်တော့ဘဲ အနည်းငယ် တုန်လှုပ်သွား၏။

ဖေဖေဝမ်၏ ဆိုးသွမ်းသော စိတ်ဓာတ်က ပိုဆိုးလာတော့မည်ကို သူ သဘောပေါက်သွားသည်။

...................

ဖေဖေဝမ်က လေ့လာရင်း ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်သည်။

ဝမ်လင်းက ဖေဖေဝမ်၏ ဆေးလိပ်သေတ္တာကို စိုက်ကြည့်ရင်း လွန်ခဲ့သည် လအနည်းငယ်က ပရိတ်သတ်တစ်ဦး အမြန်ချောပို့ဖြင့် ပေးပို့ခဲ့သည့် လက်ဆောင် တစ်ခု ဖြစ်ကြောင်း တဖြည်းဖြည်း အမှတ်ရလာခဲ့၏။

ထိုအချိန်က ဖေဖေဝမ် စာရိုက်နေသည့် အတွက် ဝမ်လင်းကလှေကားမှ ဆင်းလာပြီး အမြန်ချောပို့ကို ပစ္စည်း ရရှိကြောင်း လက်မှတ်ထိုးပေးခဲ့ရသည်။

ထို့ကြောင့် ထိုပစ္စည်းနှင့် ပတ်သက်ပြီး သူက မရေရာသော ခံစားချက် တချို့သာ ရှိခဲ့သည်။

သို့ရာတွင် ဝမ်လင်းက သေတ္တာထဲမှ အရာတွေကို ဂရုမစိုက်ခဲ့ပေ။

ဖေဖေဝမ်က သံသေတ္တာကို လက်ခံရရှိသောအခါ ၎င်းကို စာအုပ်စင်ပေါ်တွင် ထားခဲ့သည်။

ဆေးပြင်းလိပ်၏ ပြင်ပ ထုပ်ပိုးမှုက ကျော်ကြားသော သို့မဟုတ် ဈေးကြီးသော အမှတ်တံဆိပ်တစ်ခု ကဲ့သို့ မဟုတ်ချေ။

သို့ရာတွင် ဆေးပြင်းလိပ် တစ်ခုစီ၏ အတွင်းရှိ အသွင်အပြင်ကမူ အလွန်ထူးခြားသည်။

ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးကို အသုံးပြု၍ ဤဆေးပြင်းလိပ် တစ်ခုတည်းတွင် အဖိုးတန် ကောင်းကင်ရတနာ အမျိုးအစားပေါင်း သုံးရာကျော်ပါရှိသည်ကို မြင်နိုင်သည်။

၎င်းတို့အနက် "မင်္ဂလာရှိသော နဂါးမြက်" ၏ မွှေးရနံ့ကိုပင် သူက ရရှိခဲ့သည်။

၎င်းမှာ ဟွာရှို့ နိုင်ငံတွင် ကန့်သတ်ထားသော ဆေး တစ်မျိုးဖြစ်သည်။

ထိုဆေးက လူတစ်ဦးကို အသက်ပြန်ရှင်စေနိုင်စွမ်း ရှိ၏။

လက်ရှိတွင် ကင်ဆာရောဂါကို ကုသရန်အတွက် ထိရောက်သောဆေးအဖြစ် တစ်ကမ္ဘာလုံးတွင် အသုံးပြုလျက်ရှိသည်။

ဤ ဆေးအနည်းငယ်က ခန္ဓာကိုယ်ရှိ ကင်ဆာဆဲလ် အားလုံးကို သန့်စင်ပေးနိုင်သည်။

ဤဆေးပြင်းလိပ် အားလုံးကို စိတ်ကြိုက် အထူးတလည် ပြုလုပ်ထားသည်မှာ အလွန် ထင်ရှားသည်။

ဆေးပြင်းလိပ် ပါဝင်ပစ္စည်းအဖြစ် မင်္ဂလာ နဂါးမြက်ကို အသုံးပြုနိုင်သည့်သူမှာ မည်သူနည်း။

ဝမ်လင်းက ဤကိစ္စအတွက် စိတ်ရှုပ်ထွေးနေသော အချိန်တွင် ဖေဖေဝမ်က ဆေးပြင်းလိပ်ကို တစ်ဝက်ခန့် သောက်ပြီးသွားပြီ ဖြစ်သည်။

သူမျှော်လင့်ထားသလိုပင် တစ်စုံတစ်ယောက်က Weiboမှ မက်ဆေ့ချ်များကို ပိတ်ဆို့ဖို့ ကြိုးစားနေသည်။

"အလှလေးအတွက် ဒေါသအမျက်ထွက်နေတဲ့ ဝမ်စစ်ထူ" ဆိုသည့် ပို့စ်က နောက်ထပ် နေရာ တော်တော်များများ ကျဆင်းသွားခဲ့ပြီး အရှာဖွေခံရဆုံး ထိပ်ဆုံး ဆယ်နေရာကနေ ထွက်သွားတော့မည် ဖြစ်သည်။

"အားလုံး.. နောက်တစ်ကြိမ် ပို့စ်ကို ထပ်ရှယ်ဖို့ ကူညီကြပါ.. ဂူရုကြီး ဝမ်စစ်ထူရဲ့ ပို့စ်က အဆင့် ထပ်မံ ကျသွားပြန်ပြီ"

"ဒီ Weiboက တကယ့် ငါးဆားနူပဲ.. အနက်ရောင် တက်ကြွခြင်းက နံပါတ်တစ် အရှာဖွေခံရဆုံးတဲ့လား.. အရှက်မရှိတဲ့ ဆန်ကုန်မြေလေးတွေပဲ"

"ငါ ဒီပို့စ်ကို ထပ်ခါထပ်ခါ ရှယ်နေတာလေ.. ဒါတောင် ဆက်လက် ကျဆင်းနေဆဲ ဆိုတော့ ငါ မယုံနိုင်တော့ဘူး.. ခေါင်းလျှော်ရည် ကြော်ငြာတစ်ခုက ပထမနေရာကို လုယက် သွားမှာတော့ ဘယ်သူက ရလဒ်ကို ယုံကြည်တော့မှာလဲ.. ငါတို့က ဂုဏ်ပြု ဝမ်းသာပေးရမှာလား"

ဤ Weibo ကွန်ယက်ရှိ ပရိသတ် အားလုံးက ဖေဖေဝမ်အတွက် တရားမျှတမှု မရှိသည်ကို သိသော်လည်း တစ်စုံတစ်ယောက်က နောက်ကွယ်တွင် ကြိုးဆွဲနေသည်ကို ရှင်းရှင်းလင်းလင်း သိထားကြသည်။

သူတို့အနေဖြင့် ဘာမှလုပ်၍ မရတော့ပေ။

ဤအွန်လိုင်း မှတ်ချက်များကို ဖတ်ရင်း ဖေဖေဝမ်က သွေးပေါင်ချိန် တက်လာသလို ခံစားလိုက်ရသည်။

"အနက်ရောင် တက်ကြွခြင်းလား.. ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ.."

ယင်းအချိန်တွင် ဖေဖေဝမ်က သံသေတ္တာ အနောက်ဘက်ရှိ အဖုံးအား ဖွင့်လိုက်သည်ကို ဝမ်လင်း တစ်ယောက် တွေ့လိုက်ရသည်။

သူ့မျက်ခုံးတွေ တွန့်ကွေးသွား၏။

ဆေးပြင်းလိပ် သေတ္တာကို နှစ်ဖက်စလုံး ဖွင့်၍ရစေရန် လုပ်ဆောင်ထားပုံ ရသည်။

ဖေဖေဝမ်က ဆေးပြင်းလိပ် သေတ္တာ အနောက်ဘက်မှ သူတစ်ခါမှ မမြင်ဖူးသော အနက်ရောင်လက်ကိုင်ဖုန်း တစ်လုံးအား ထုတ်ယူလိုက်သည်ကို ဝမ်လင်း မြင်လိုက်ရသည်။

ထိုဖုန်း၏ အဆက်အသွယ် စာရင်းများ နေရာတွင် နံပါတ် တစ်ခုသာ ရှိသည်။

ဖေဖေဝမ်က တိုက်ရိုက် ဖုန်းမဆက်ခင် လုံးဝ တွေဝေမနေခဲ့ပေ။

ခဏအကြာတွင် ဖေဖေဝမ်၏ အသံ ထွက်ပေါ်လာသည်။

"ကျွန်တော်က ဝမ်စစ်ထူပါ.. ကျေးဇူးပြုပြီး ကျွန်တော့်ဖုန်းကို နိုင်ငံတော် အကြီးအကဲဆီ လွှဲပေးပါ"

All Chapters