ဒါက ဘယ်ခေါင်းဆောင်လဲ
Vol. 9 Ch. 129
ဆယ့်နှစ်နာရီထိုးပြီ..
ဤအချိန်က လူသားတိုင်းအတွက် အိပ်မောကျတတ်သည့် အချိန် ဖြစ်သည်။
စုန့်ဟိုင်မြို့.. မြို့တော်ကောင်စီ အထွေထွေရုံး၏ ဝန်ထမ်းတိုက်ခန်း အပေါ်ဆုံးထပ်တွင် မြို့တော်ဝန် တင်းယွင်စုန့်မှာ ညအိပ် ၀တ်စုံကို ၀တ်ဆင်ထားသည်။
အရေးပေါ် ဖုန်းခေါ်ဆိုမှုကို ရုတ်တရက် လက်ခံရရှိချိန်တွင် သူက ဆံပင်ရွှေအိုရောင် လှိုင်းတွန့်ပုံသဏ္ဍာန်ရှိသည့် နိုင်ငံခြားသူ တစ်ယောက်နှင့် နိုင်ငံခြား ဘာသာစကား သင်ယူရန်(ဒချိ) အစွမ်းကုန် ကြိုးစားနေသည်။
ယင်းအချိန်တွင် ဖုန်းသံက ကြားဝင် နှောင့်ယှက်လာသဖြင့် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
သူက ဖုန်းကို ကောက်ကိုင်လိုက်ပြီး စိတ်မကြည်သော လေသံဖြင့် မေးလိုက်သည်။
"ဘယ်သူလဲ"
"စုန့်ချင်းရှု"
တစ်ဖက်လူက ထိုစကားလုံး သုံးလုံးကိုသာ ပြောလိုက်သည်။
ဤစကားလုံး သုံးလုံးကို ကြားလိုက်သည်နှင့် မြို့တော်ဝန်တင်း၏ ခန္ဓာကိုယ်က ရုတ်ခြည်း တုန်ယင်သွား၏။
သူက ချက်ချင်းပင် လေသံပြောင်းလိုက်ပြီး ခခယယ ပြောလိုက်သည်။
"မစ္စတာစုန့်လား.. မစ္စတာစုန့် နောက်တောင်ကျနေပြီ.. ပြောပါ.. မင်းအတွက် ငါဘာလုပ်ပေးရမလဲ"
" Weiboက အဖြစ်အပျက်ကို မြို့တော်ဝန်တင်း သိပြီးပြီလား.. ဝမ်စစ်ထူရဲ့ ဇနီးဖြစ်သူက နှိပ်စက်ခံရပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်လေ"
ဒါရိုက်တာစုန့်က ကွေ့ဝှက်မနေဘဲ တိုက်ရိုက် ပြောလိုက်သည်။
တင်းယွင်စုန့်က ခေါင်းညိတ်ပြရင်း သူ၏ စိတ်အားထက်သန်မှုကို ပြသလိုက်သည်။
"အင်း ငါသိပါတယ်"
တကယ်တမ်း သူဘာမှ မသိခဲ့ပေ။
သူက နိုင်ငံခြား ဘာသာစကားကို သင်ယူရန် အလုပ်ရှုပ်နေခဲ့ရာ Weiboမှာ ဖြစ်ပျက်နေသည်ကို သိရှိရန် မည်ကဲ့သို့ အချိန်ရပါမည်နည်း။
"အဲဒီကောင်က ငါ့ လက်အောက်ငယ်သားရဲ့ ညီလေး တစ်ယောက်ပါ.. အဲဒီနေ့က သူ Red star အရက်ကို နှစ်ပုလင်းလောက် သောက်လိုက်တဲ့အတွက် အသိစိတ် နည်းနည်းလွတ်သွားခဲ့ပုံ ရတယ်.. ဒီကိစ္စကို လူတွေက နားလည်မှု လွဲနေတာပါ"
ဒါရိုက်တာစုန့်က ပြောလိုက်သည်။
"မစ္စတာစုန့် ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ကျွန်တော် နားလည်ပါတယ်.. ဒါပေမယ့် နောက်ဆက်တွဲ ပြဿနာကို ကိုင်တွယ်ဖို့အတွက် လုပ်ငန်းစဉ်တစ်ခု ရှိပါတယ်"
ဒါရိုက်တာစုန့်က ခေါင်းညိတ်လိုက်သည်။
"မင်းဆိုလိုတဲ့ အဓိပ္ပါယ်ကို ငါနားလည်ပါတယ်.. ဒီဖုန်းချပြီး နာရီဝက်အတွင်းမှာ မင်းရဲ့ နိုင်ငံခြား အကောင့်ထဲကို ယွမ်သုံးသန်း ထည့်ပေးမယ်.. မင်းအဆင်ပြေသလိုသာ ကိုင်တွယ်ဖြေရှင်းလိုက်ပါ.. ဝမ်စစ်ထူ မိသားစုရဲ့ အဓိပ္ပါယ် မရှိတဲ့ စွပ်စွဲချက်တွေ မပြန့်ပွားအောင် တားဆီးဖို့ တာဝန်ရှိသူတွေကို ငွေနည်းနည်း ပေးလိုက်ပါ"
၎င်းတို့နှစ်ဦးစလုံးမှာ အတွေ့အကြုံ ကြွယ်ဝသူများ ဖြစ်သည်။
စကားလုံးအနည်းငယ်ဖြင့်ပင် ဤစကားဝိုင်း၏ သက်ရောက်မှုများကို ချက်ချင်း ဖော်ထုတ်နိုင်ခဲ့သည်။
တင်းယွင်စုန့်က စုန့်ဟိုင်မြို့၏ မြို့တော်ဝန် ဖြစ်သော်လည်း စုန့်ချင်းရှုကို မစ္စတာစုန့်ဟု ခေါ်လေ့ရှိသည်။
အကျိုးအကြောင်းကို အလုံအလောက် ဝေဖန် ပိုင်းခြားတတ်သူတိုင်းက သူတို့၏ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ ဆိုသည်ကို တန်းပြောနိုင်မည် ဖြစ်သည်။
ထိုအချိန်က မော့အင်မော်တယ် ရဲတိုက်သခင်သာ စုန့်ချင်းရှုကို ဒါရိုက်တာ ရာထူး တိုးမပေးခဲ့လျှင် သူ့အနေဖြင့် ဤမြို့တော်ဝန် ကုလားထိုင်၌ ထိုင်ခွင့်ရမည် မဟုတ်မှန်း တင်းယွင်စုန့် ကောင်းကောင်းသိသည်။
သူက ခဏလောက် စဥ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ မစ္စတာစုန့်.. နံနက်ရောက်တာနဲ့ ဒီပို့စ်က လူထုရှေ့မှာ မျက်စိကျစရာ အနေနဲ့ ပေါ်လာတော့မှာ မဟုတ်ဘူးလို့ အာမခံပါတယ်"
ထိုခဏတာ ဖုန်းခေါ်ဆိုမှုပြီးနောက် တင်းယွင်စုန့်က Weibo၏ လုပ်ငန်း လည်ပတ်မှု ဥက္ကဌ၊ မြို့တော် ကောင်စီ အထွေထွေရုံး၏ နည်းပညာဌာန မန်နေဂျာ.... စသည့် ဆက်စပ်အဖွဲ့အစည်းမှ အရေးပါသူ အားလုံးကို ဆက်သွယ်ခဲ့သည်။
လူထုအမြင်ကို ထိန်းချုပ်ဖို့ သူ့အာဏာကို အသုံးချသည်မှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။
ပထမဆုံးအကြိမ်က မည်သူ့ကို ရှာရမှန်း မသိသော်လည်း ယခုအခါတွင်မူ ပန်းခြံထဲ လမ်းလျှောက်သလို လွယ်ကူသွားပြီ
ဖြစ်သည်။
ဖုန်းခေါ်ဆိုမှု များစွာကို ပြုလုပ်ပြီးနောက် သူက လက်ကို ဆန့်ထုတ်ကာ လက်ပတ်နာရီကို ကြည့်လိုက်သည်။
နံနက် နှစ်နာရီပင် ထိုးနေပြီ ဖြစ်၏။
ဇာအပါးလေးကို ဝတ်ဆင်ထားသည့် နိုင်ငံခြားသူလေးမှာ လျင်မြန်စွာ အိပ်မောကျနေပြီ ဖြစ်သည်။
ဤအချိန်တွင် တင်းယွင်စုန့်က သူမကို လုံးဝ စိတ်မ၀င်စားတော့ပေ။
"ဒီည စောစောအနားယူသင့်တယ်"
သူက သက်ပြင်းချကာ နိုင်ငံခြားသူလေး ဆီသို့ ညင်သာစွာ လျှောက်သွားပြီး သူမကို လှမ်းဖက်လိုက်သည်။
သူက သူမ နဖူးကို နမ်းတော့မည့် အချိန်တွင် ဖုန်းသံမြည်လာပြန်သည်။
ဤတစ်ခေါက်တွင် သူ၏ စိတ်ရှည်သည်းခံမှုက ပျောက်ဆုံးသွားခဲ့သည်။
"သောက်ချီးပဲ.. အေးအေးဆေးဆေး နိုင်ငံခြား ဘာသာစကားကို သင်ယူပါရစေဟ"
မြို့တော်ဝန်တင်းက ဖုန်းကို စိတ်ဆိုးမာန်ဆိုးဖြင့် ကောက်ကိုင်လိုက်သည်။
"ငါက မြို့တော်ဝန် တင်းယွင်စုန့်ပါ.. အရမ်း နောက်ကျနေပြီ.. သတင်းပို့မယ် ဆိုရင်လည်း မနက်ဖြန်မှ ပို့လို့မရဘူးလား"
ခေါ်ဆိုမှု၏ အခြားတစ်ဖက်ရှိ မိန်းကလေးက ချိုသာသောအသံဖြင့် ပြောလိုက်သည်။
"မြို့တော်ဝန်တင်း.. စိတ်မဆိုးပါနဲ့... ဒါက စည်းကမ်း စစ်ဆေးရေးဌာနရဲ့ ဖုန်းခေါ်ဆိုမှုပါ"
"စည်းကမ်း စစ်ဆေးရေးဌာနကလား.."
အကြောင်းတစ်ခုခုကြောင့် သူက ဆိုးရွားသည့် ခံစားချက်မျိုး ရရှိနေသည်။
စည်းကမ်း စစ်ဆေးရေးဌာန၏ အုပ်ချုပ်သူက သူနှင့် စကားအနည်းငယ် ပြောလိုသဖြင့် တင်းယွင်စုန့်မှာ ချက်ချင်းပင် အိပ်ချင်စိတ် ပျောက်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။
"အခြားသူတွေကို နမူနာအဖြစ် ပြလို့ရအောင် အွန်လိုင်းဆရာကြီး ဝမ်စစ်ထူရဲ့ အမှုကို သေချာစုံစမ်းစစ်ဆေးဖို့ အထက်က ညွှန်ကြားထားတယ်"
"သူ.. သူက ဝဘ်ဝတ္ထု စာရေးဆရာပဲလေ.. အဲဒါကိုတောင် အလေးအနက် ထားရမှာလား"
"ဟုတ်တယ် မြို့တော်ဝန်တင်းက ဟာသပြောနေတယ် ထင်နေလို့လား.. Weiboမှာ မမြင်သေးဘူးလား.. ကျင့်ကြံခြင်း တရားရုံးချုပ်နဲ့ ကျင့်ကြံခြင်း ရှေ့နေရုံးတို့က လူ့အဖွဲ့အစည်းအတွင်း ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကို ရည်ရွယ်ပြီး အထူးဥပဒေ တစ်ရပ် ဖန်တီးသွားမယ်လို့ Weiboမှာ တရားဝင်ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ခဲ့တယ်လေ"
တင်းယွမ်စုန့်က အေးစက်သော ချွေးစေးများ ထွက်လာသည်။
"ဒါ.. ဒါက အဆင့်မြင့်အရာရှိ တစ်ယောက်ယောက်ရဲ့ လက်ချက်ပဲ"
မည်သည့် အဆင့်မြင့် အရာရှိက ကျင့်ကြံခြင်း တရားရုံးချုပ်နဲ့ ကျင့်ကြံခြင်း ရှေ့နေရုံးတို့ကို ဥပဒေပြုခြင်း ကိစ္စရပ်အတွက် လှုံ့ဆော်နိုင်ပါမည်နည်း။
သူအသေးအဖွဲ ကိစ္စလေးဟု ထင်ထားသော ပြဿနာကို ဤကဲ့သို့ လှိုင်းတံပိုးကြီး ဖြစ်လာအောင် မည်သူက လှုံ့ဆော်ခဲ့ပါသနည်း။
တစ်ဖက်လူ ပြောစကားကို နားထောင်ရင်း တင်းယွင်စုန့် ထိတ်လန့်သွားသည်။
စည်းကမ်း စစ်ဆေးရေး ဌာနထံမှ ဖုန်းခေါ်ဆိုမှု လက်ခံရရှိသည့် အချိန်မှစ၍ ယခုဖြစ်ရပ်မှာ သူ၏ ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်နေပြီ ဖြစ်ကြောင်း သူက သိရှိထားပြီ ဖြစ်သည်။
တစ်ဖက်မှလူက တစ်စုံတစ်ယောက်ကို အကူအညီတောင်းခဲ့မှန်း ထင်ရှားနေသည်။
ထို့အပြင် ထိုလူက သူ လုံးဝ မလှုပ်ရှားနိုင်အောင် တစ်ကွက်ထဲဖြင့် အကွက်ရွှေ့လိုက်၏။
ဤအချိန်တွင် သူ့အနေဖြင့် ငြိမ်သက်စွာ နေရုံမှ တပါး ရွေးချယ်စရာ မရှိခဲ့ပေ။
တခြားဌာနမှ ထိပ်တန်း အရာရှိများက သူ့ဆီက ညွှန်ကြားချက် အသစ်များကို စောင့်မျှော်နေကြမှန်း သိသော်လည်း သူက ဖုန်းကို ကိုင်ချင်စိတ် မရှိတော့ပေ။
အကြောင်းမှာ အထက်အရာရှိနှင့် ဖုန်းခေါ်ဆိုမှုအပြီးတွင် ဤကိစ္စ၏ အခြေအနေက လုံးဝ ကွဲပြားသွားသောကြောင့်ပင်။
သူ့နှုတ်ခမ်းတွေက ခြောက်လာပြီး နဖူးတွင် ချွေးများ စို့လာသည်။
စည်းကမ်း စစ်ဆေးရေး ဌာနက ဖုန်းခေါ်ပြီး ဆယ်မိနစ်မပြည့်ခင်မှာပဲ သူ့ဖုန်းက နောက်တစ်ကြိမ် ထပ်မြည်လာသည်။
ဤတစ်ခေါက်တွင် သူက ဖုန်းခေါ်လာသည့် နံပါတ်ကို သေချာကြည့်လိုက်ရာ သူ့ဘောင်းဘီက သေးစိုလုနီးပါး ဖြစ်သွားရသည်။
ထိုဖုန်းက မြို့တော်အတွင်းရေးမှူး ဆီမှ ဖြစ်သည်။
အတွင်းရေးမှူးရှာ..
လိုင်းပေါ်မှ ထွက်လာသောအသံက သံလိုက်ကဲ့သို့ ဆွဲငင်မှုရှိသော်လည်း လေသံမာနေသည်။
တင်းယွင်စုန့်က ထိုအသံကို ကြားရမည်မှန်း မျှော်လင့်ထားပြီ ဖြစ်သည်။
"ရဲဘော် တင်းယွင်စုန့် မင်းဘာတွေ လုပ်နေတာလဲ.. မြို့တော်ဝန်က လူထုရဲ့အမြင်ကို ဖိနှိပ်ခွင့် ရှိလို့လား..အထက်အရာရှိတွေဆီက ညွှန်ကြားချက် မပါဘဲ ပထမဆုံး လှုပ်ရှားမှုကို မင်းလုပ်ခဲ့တာလား.. ဒီကိစ္စကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက်ဆီက 'အနီရောင် စာအိတ်ကို မင်းလက်ခံခဲ့လား.. ရဲဘော် တင်းယွင်စုန့်.. မင်းကို လေးလေးနက်နက်သတိပေးမယ်.. မင်းကို အကြံပေးချင်တာက သောက်တလွဲတွေ လျောက်မလုပ်နဲ့တော့.. ကျင့်ကြံခြင်း တီဗီစီးရီးကို မင်းကြည့်ဖူးသလားလို့တောင် ငါတွေးမိသွားတယ်.. ပထမဆုံး နှစ်ပိုင်းမှာ နိုင်ငံခြားကို ထွက်ပြေးလာတဲ့ မြို့တော်ဝန်က မင်းနဲ့အတော်တူတာပဲ"
တင်းယွင်စုန့်က အလွန် ကြောက်လန့်နေပြီ ဖြစ်သည်။
"............"
"မင်းရဲ့မြို့တော်ဝန် ရာထူးကို ထိန်းထားနိုင်မလား ဆိုတာ ဒီအဖြစ်အပျက် အပေါ်မှာ ထားတဲ့ မင်းရဲ့သဘောထားပေါ် မူတည်တယ်.. ငါပြောတာ ရှင်းရဲ့လား"
တဖြည်းဖြည်း အတွင်းရေးမှူး၏ လေသံက ပိုလို့ပင် လေးနက်လာသည်။
"ခေါင်းဆောင်ဟောင်းက ဒီကိစ္စကို အရမ်း ဒေါသထွက်နေတယ်.. ညလယ်မှာ အိပ်ရာကထပြီး ဒေါသပုန် ထနေခဲ့တယ်.. စုန့်ဟိုင်မြို့က လူထုတွေရဲ့ အသံကို လျစ်လျူရှုမယ် ဆိုရင် လူမှုကျင့်ဝတ်တွေ ဖရိုဖရဲ ဖြစ်ကုန်မယ်လို့ သူက ပြောတယ်.. မြို့ရဲ့ ရုံးတွေတိုင်းမှာ အဂတိ လိုက်စားမှုတွေကို စေ့စေ့စပ်စပ် စုံစမ်း စစ်ဆေးစေချင်တယ်.. နောက်အပတ်မှာ အကျင့်ပျက်ခြစားမှုတွေကို စစ်ဆေးဖို့ ဗဟိုအစိုးရရဲ့ စစ်ဆေးရေးအဖွဲ့ ရောက်လာလိမ့်မယ်"
ထိုစကားကိုကြားလျှင် တင်းယွင်စုန့်၏ ရင်တစ်ခုလုံးက တုန်ယင်သွားခဲ့သည်။
"တစ်ခု မေးလို့ရမလား အတွင်းရေးမှူးရှာ.. ဦးစီးမဲ့ခေါင်းဆောင်က ဘယ်ခေါင်းဆောင်လဲ"
"မြို့တော်ဝန်တင်း.. မင်းက ငါနဲ့ လာကစားနေတာလား..မင်း ခန့်မှန်းပြီးသား မဟုတ်ဘူးလား.. တည်ထောင်သူ ဗိုလ်ချုပ် ဆယ်ယောက်လုံးက သူ့ရဲ့ ကျောင်းသားတွေပဲ.. ဘယ် ခေါင်းဆောင်လို့ မင်းထင်လဲ"
တင်းယွင်စုန့်က ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သူ၏ ပါးစပ်ပေါက်က ပန်းသီးတစ်လုံး ထည့်ရန်ပင် လုံလောက်၏။
သူ လုံးဝ အံသြနေပြီ ဖြစ်သည်။
"............"