← Chapters

Train to Busan (2) ရိုက်ကူးနေတာလား

Vol. 9 Ch. 130

Train to Busan (2) ရိုက်ကူးနေတာလား

Vol. 9 Ch. 130

ယနေ့က ကျိုးဝေ့အဖို့ ကံကြမ္မာဆိုး ဝင်သောနေ့ ဖြစ်ရန် အကြောင်းဖန် လာခဲ့သည်။

နံနက်စောစောတွင် စုန့်ချင်းရှုက တင်းယွင်စုန့် ထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။

မက်ဆေ့ချ်၏ အကြောင်းအရာကို အကျဉ်းချုပ် ပြောရလျှင် အဓိပ္ပာယ်မှာ ဤသို့ဖြစ်သည်။

ဤအဖြစ်အပျက်က ကျင့်ကြံခြင်း လောကရှိ နိုင်ငံခေါင်းဆောင်များနှင့် နယ်ပယ် အသီးသီးမှ ကျော်ကြားသူများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည့် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာခဲ့၍ မြို့တော်ဝန် တစ်ဦး၏ အာဏာကို အားကိုး၍ လုံးဝ မဖြေရှင်းနိုင်တော့ဟု အသိပေးလာခြင်း ဖြစ်၏။

ဤစာကို ဖတ်ရှုပြီးသည်နှင့် စုန့်ချင်းရှု၏ မျက်ခွံတွေက လှုပ်ခတ်သွားသည်။

သူ မဖြေရှင်းနိုင်သည့် ကြီးမားသော ရိုက်ချက်တွေက မကြာသေးသော ကာလကစပြီး အဘယ်ကြောင့် ဆက်တိုက်ဆိုသလို သူ့ထံသို့ ရောက်လာရပါသနည်း။

ပထမ တစ်ယောက်က ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဇိမ်ခံအိမ်တွင် ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေး ဖြစ်သည်။

ဒုတိယတစ်ယောက်မှာ အကြောင်းပြချက် တစ်ခုကြောင့် ဝဘ်ဝတ္ထု စာရေးဆရာကြီး ဝမ်စစ်ထူ ဖြစ်နေခဲ့၏။

စုန့်ချင်းရှု၏ မျက်နှာက မှုန်ကုပ်ကုပ် ဖြစ်နေသည်။

သူ့ဘဝတွင် ဤကဲ့သို့ ခံစားရမည်ဟု မထင်ခဲ့ပေ။

စိတ်ဓာတ်ကျနေချိန်တွင် သူ့လက်ပတ်နာရီမှ ဖုန်းသံ မြည်လာသည်။

"ညီနောင်စုန့်.. ငါကျိုးကျဲ့ပါ.. Weiboက အခြေအနေတွေအားလုံး အဆင်ပြေသွားတာကို ရှင်းရှင်းလင်းလင်း ငါမြင်ခဲ့ရတယ်.. ဒါပေမယ့် နှစ်နာရီ အကြာမှာ ဘာလို့ ထပ်ပြီး ပြန်ပေါ်လာရတာလဲ.. တစ်ခုခု ပြဿနာ ဖြစ်သွားလို့လား"

ကျိုးကျဲ့၏ စကားထဲတွင် ထင်ရှားသော မှတ်ချက်တစ်ခု ထွက်ပေါ်လာသည်။

စုန့်ချင်းရှုက မျက်ခုံးမွှေးကြားမှ အရေပြားကို ပွတ်သပ်လိုက်သည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါလည်း ဘာမှ မလုပ်နိုင်တော့ဘူး.. ဝမ်စစ်ထူရဲ့ နောက်ခံက ငါမျှော်လင့်ထားတာထက် အနည်းငယ် သာလွန်နေတယ်.. ငါတို့ မော့အင်မော်တယ် ရဲတိုက်တောင် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ မဖြစ်နိုင်တော့ဘူး"

"ဘယ်လိုဖြစ်ရတာလဲ"

ကျိုးကျဲ့က အံ့အားသင့်သွားသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် စုန့်ချင်းရှုက ပြောလိုက်သည်။

"ငါ အကြံပေးချင်တာက မင်းရဲ့ ဝမ်းကွဲညီလေးကို နိုင်ငံခြားသွားဖို့ အလျင်အမြန် စီစဉ်ပေးလိုက်တော့.. ဒါက လက်ရှိ အခြေအနေကနေ လွတ်မြောက်နိုင်မဲ့ နည်းလမ်းပဲ.. အနည်းဆုံး တစ်နှစ်ခွဲလောက် ပြန်မလာရင် အကောင်းဆုံးပဲ"

"အခြေအနေက ဒီလောက်တောင် လေးနက်နေတာလား"

စုန့်ချင်းရှုက သက်ပြင်းချလိုက်သည်။

"ကိုယ့်ဘာသာ ဆုံးဖြတ်ပါ.. ငါပြောနိုင်တာက ဒီအဖြစ်အပျက်က ဟွာရှို့နိုင်ငံရဲ့ တည်ထောင်သူ ဗိုလ်ချုပ် ဆယ်ယောက်ကို လှုံ့ဆော်ပေးနေပြီ ဆိုတာပဲ"

".............."

ကျိုးကျဲ့က ထိတ်လန့်တကြား ဖြစ်ကာ တုန်လှုပ်သွားသည်။

နိုင်ငံ တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးထံ အရောက်လှမ်းနိုင်ရန် ဝမ်စစ်ထူတွင် မည်ကဲ့သို့ သြဇာညောင်းသော နောက်ခံ ရှိနေပါသနည်း။

.........................

မေလ ၂၇ ရက်နေ့ နံနက် ၆ နာရီအချိန်။

စုန့်ဟိုင်မြို့၊ တာဟွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်။

အနက်ရောင် maskတပ်ကာ အနက်ရောင် လက်ဆွဲသေတ္တာကို ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးက လေဆိပ်ရှိ ထွက်ခွာခန်းသို့ ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ရောက်ရှိလာ၏။

"ဟဲလို...အစ်ကိုလား.. ကျနော် လေဆိပ်ကို ရောက်ပြီ"

အနက်ရောင်ဝတ် အမျိုးသားက ဖုန်းထဲသို့ တိုးတိုးလေး ပြောလိုက်သည်။

လိုင်းပေါ်မှ ကျိုးကျဲ့၏ အသံက ထွက်လာသည်။

"ကျိုးဝေ့.. ငါမင်းအတွက် အကုန်စီစဉ်ပြီးပြီ.. အစောဆုံးထွက်ခွာမဲ့ လေယာဉ်လက်မှတ် တစ်စောင်ကို ငါဝယ်ခဲ့တယ်.. 6:20မှာ လေယာဥ် ထွက်မယ်.. အဲဒီမတိုင်ခင် ဆယ်မိနစ်အလိုမှာ Green passကို ဖြတ်ရမယ်.. ဘယ်သူစကား လာပြောပါစေ.. လျစ်လျူရှုထားလိုက်.. နားလည်လား.. လေယာဥ်ပေါ် အရင်တက်ဖို့က ဦးစားပေးပဲ"

"ဟုတ်ကဲ့ အစ်ကို"

ဖုန်းချပြီးနောက် ကျိုးဝေ့၏ မျက်နှာမှာ ချွေးများစီးကျနေ၏။

သူ့စိတ်ထဲတွင် ဝမ်းနည်းမှုများစွာ ရှိနေသည်။

သူက သူ့လက်ကို အမှန်တကယ် ဖြတ်ပစ်ချင်ခဲ့သည်။

ထိုအချိန်က သူ့ကိုယ်သူ ဘာကြောင့် မထိန်းသိမ်းနိုင်ခဲ့ရသနည်း။

သူက တမျိုးတမည် ခံစားရ၍ အလိုအလျောက် ခေါင်းကို အနောက်သို့ လှည့်ကြည့်မိသောအခါ ဧည့်ခန်း အနောက်ဘက်ရှိ ထိုင်ခုံတန်းအောက်တွင် ကြောင်နက်တစ်ကောင် ခေါင်းထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။

ယင်းက ကြောင်တစ်ကောင် ဖြစ်နေခဲ့၏။

သူ သက်ပြင်းချလိုက်သည်။

လေဆိပ်တွင် အိမ်မွေးတိရိစ္ဆာန်လေးတွေကို တွေ့ရသည်မှာ မထူးဆန်းပေ။

အများစုမှာ ဝိညာဉ်ရေး အသိဉာဏ်ကို ပိုင်ဆိုင်ထားသည့် ဝိညာဉ်သားရဲ အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည်။

ပိုင်ရှင်တွေက သူတို့အတွက် လက်မှတ်တွေ ဝယ်ထားသရွေ့ သူတို့ကိုယ်တိုင် လေယာဉ်ပေါ် တက်စီးလို့ရသည်။

နိုင်ငံရပ်ခြားသို့ ခရီးသွားရန် ၎င်းတို့၏ ကိုယ်ပိုင် လက်မှတ်များကို ဝယ်ယူနိုင်သည့် လူသားများထက် အသိဉာဏ် မနိမ့်သော အိမ်မွေး တိရစ္ဆာန်များပင် ယနေ့ခေတ်တွင် ရှိသည်။

သာမန်ပုံသဏ္ဍာန် ရှိတဲ့ ဤကြောင်နက်က တစ်စုံတစ်ယောက်၏ အိမ်မွေးတိရစ္ဆာန် ဖြစ်နိုင်ပြီး ကုလားထိုင်အောက်တွင် ပိုင်ရှင်ကို စောင့်ဆိုင်းနေသည်ဟု ကျိုးဝေ့က ခံစားခဲ့ရသည်။

သို့သော်လည်း ကြောင်တစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံရသည်က အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

သူက ချက်ချင်း ထရပ်ပြီး ကြောင်နက်ကို မမြင်ရသည့် ထိုင်ခုံသို့ ပြောင်းထိုင်လိုက်သည်။

သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကုလားထိုင်အောက်မှ ကြောင်နက်က ကြိုးမဲ့နားကြပ် တစ်စုံကို ဖုံးကွယ်ထားသည့် ၎င်း၏ နားရွက်ကို ဖြန့်ထုတ်လိုက်သည်။

ကြောင်နက်က အေးဆေး တည်ငြိမ်စွာဖြင့် လေသံကို နှိမ့်၍ ပြောလိုက်သည်။

"သတိထားပါ တပ်ရင်း ခေါင်းဆောင်တို့.. ပစ်မှတ်က ငါ့ကို မြင်သွားပြီ.. ဘုန်းကြီး မင်းအခြေအနေရော ဘယ်လိုလဲ"

ဘုန်းကြီး "တပ်ရင်းမှူးကို သတင်းပို့ပါတယ်.. အားလုံး ချောချောမွေ့မွေ့ အဆင်သင့်ပဲ"

ကျန့်ထန်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ.. တခြားသူတွေ အားလုံးက ပစ်မှတ်ကို ဆက်လိုက်ထားကြဦး.. ဘုန်းကြီး.. တပ်ဖွဲ့ဝင်တွေကို မြန်မြန် ခေါ်လာခဲ့.. လေယာဉ်ပေါ် မတက်ခင် ဒီကောင်ကို တားရမယ်"

.......................

ကျိုးဝေ့က မကောင်းမှု တစ်ခုခုလုပ်ပြီးမှ သိမ်မွေ့လွန်းနေသလား မသိတော့ပေ။

သူက Green passကို မဖြတ်ခင် ဆယ်မိနစ် အထက်သာ လိုတော့သည်မှာ ထင်ရှားသော်လည်း ယခုအချိန်တွင် ပင်အပ်များပေါ်၌ ထိုင်နေရသလို ခံစားနေရသည်။

၆နာရီတွင် ဧည့်ခန်း၌ ဧည့်သည် အနည်းငယ်သာ ရှိတော့သည်။

ကျိုးကျဲ့က ကျိုးဝေ့ကို လူနည်းသော VIP ဧည့်ခန်းတွင် စောင့်ရန် တမင်တကာ စီစဉ်ပေးထားသည်။

သို့သော် ကျိုးဝေ့က အကြောင်းတစ်ခုခုကြောင့် သူ့ကို မျက်လုံးများစွာ စိုက်ကြည့်နေသည်ဟု ခံစားနေရ၏။

သူ့မျက်လုံးထောင့်ကနေ ဆယ့်နှစ်ပေခန့် အကွာတွင် ဖုန်စုပ်စက်နှင့် သန့်ရှင်းရေး လုပ်နေသည့် လေဆိပ်မြေပြင် ဝန်ထမ်းတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုဝန်ထမ်းက သူ့ကို စိုက်ကြည့်နေသလိုပင်။

သူက မျက်နှာကို မဂ္ဂဇင်းစာအုပ် သုံး၍ ကာလိုက်ပြီး လျှို့ဝှက်စွာ အကဲခတ် ကြည့်လိုက်သည်။

ထိုဝန်ထမ်းက အသက်ခပ်ကြီးကြီး အဘွားအို တစ်ယောက် ဖြစ်နေသည်။

ကျိုးဝေ့က နေရခက်သလို မလုံမလဲ ဖြစ်သွား၏။

သူက အရပ် တစ်ရာ့ရှစ်ဆယ် စင်တီမီတာ အထက် ရှိပြီး ကြွက်သား တောင့်တင်းသော အမျိုးသား တစ်ဦး ဖြစ်သော်လည်း ပထမဆုံး အကြိမ်ဖြင့် သူ့နှလုံးသားထဲတွင် အေးစက်သော ခံစားချက်ကို ခံစားခဲ့ရသည်။

ထိုအဘွားအိုက သူ့ကို မတော်တဆ ကြည့်မိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ကျိုးဝေ့က အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

အဆုံးသတ်တွင် သူက ထိုင်ခုံကနေ နေရာရွှေ့ဖို့ ဆုံးဖြတ်လိုက်၏။

သူထွက်သွားသည်နှင့် အဘွားကြီးက ဖုန်စုပ်စက်၏ အနောက်တွင် ဝပ်ကာ ဝေါ်ကီတော်ကီကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။

"သတိထားပါ.. အဖွဲ့ဝင် အားလုံး.. ပစ်မှတ်က လှုပ်ရှားနေပါတယ်.. ဒါက ငါတို့ အထွေထွေ ညီညွတ်ရေး စီမံခြင်းအဖွဲ့ကို လူထုက အစီရင်ခံ တင်ပြထားတဲ့ ရှားရှားပါးပါး ကိစ္စကြီး ဖြစ်တာကြောင့် နင်တို့တွေ အားလုံး တက်ကြွနေရမယ်.. အဘိုးကြီးကျန်း.. နင့် အခြေအနေကရော ဘယ်လိုလဲ"

အဘိုးကြီးကျန်း "သခင်မသုန်ကို သတင်းပို့ပါတယ်.. အားလုံး အဆင်ပြေနေပါတယ်"

သခင်မသုန်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ.. တခြားလူတွေ အားလုံးက ပစ်မှတ်ကို ဆက်ပြီး နောက်ယောင်ခံနေကြ.. ပစ်မှတ်က ငါးမိနစ်အတွင်း လေယာဥ်ပေါ် တက်ဖို့ စာရင်းသွင်းတော့မယ်.. သူ နောက်ထပ် မလှုပ်ရှားခင်မှာ သူ့ကို ဟန့်တားရမယ်"

.......................

အချိန်တွေက တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားသော်လည်း ကျိုးဝေ့ အတွက်မူ စက္ကန့်တိုင်းက တစ်နှစ်လောက် ကြာသလို ခံစားနေရ၏။

နောက်ဆုံးတွင် လေယာဥ်ပေါ်တက်ဖို့ အချိန်ကျလာခဲ့သည်။

သူက အနက်ရောင် လက်ဆွဲသေတ္တာကို လက်ထဲတွင် ကိုင်ထားရင်း အလောတကြီးဖြင့် Green pass ဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။

သူက ဤနေရာတွင် ခဏလေးတောင် မနေချင်တော့ပေ။

Green pass တံခါးဝတွင် အညိုရောင်ဆံပင်ရှည်နှင့် ပေါင်တံသွယ်လျ လှပသော အမျိုးသမီးငယ် တစ်ဦးက သူ့ကို ဟန့်တားလိုက်သည်။

"လူကြီးမင်း.. Green passက အခုဖွင့်ပါပြီ.. ကျေးဇူးပြုပြီး သင့်ရဲ့ ဖြတ်သန်းခွင့်စာရွက် နဲ့ ပတ်စ်ပို့ကို ပြပေးပါ"

သူက အိတ်ကပ်ထဲမှ အမြန်ထုတ်လိုက်ပြီး အမျိုးသမီးဆီ ပေးလိုက်သည်။

သူ့မျက်လုံးတွေက ပတ်ဝန်းကျင်ကို တစ်ချိန်လုံး ကျီးကန်းတောင်းမှောက် ကြည့်ရှုနေသည်။

"မင်္ဂလာပါ မစ္စတာ တုံကျိုး.. လေယာဥ်ပေါ်ကနေ ကြိုဆိုပါတယ်နော်.. သာယာသော ခရီးလမ်း ဖြစ်ပါစေရှင်.."

အမျိုးသမီးငယ်က ဖြတ်သန်းခွင့် စာရွက် နှင့် ပတ်စ်ပို့ကို ကျိုးဝေ့၏ လက်ထဲသို့ ပြန်ထည့်လိုက်သောအခါတွင် အဖွဲ့ နှစ်ဖွဲ့က ကျိုးဝေ့ နောက်မှ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

တစ်ဖွဲ့က မျက်မှန် နှင့် ဖဲကြိုးနီများ ဝတ်ထားသည့် သက်ကြီးရွယ်အို အုပ်စုတစ်စု ဖြစ်၏။

၎င်းတို့ကို ဦးဆောင်နေသော အဘွားကြီးမှာ အစောပိုင်းက ဖုန်စုပ်စက်ကို ဟိုတွန်းဒီတွန်း လုပ်နေသည့် မြေပြင် ဝန်ဆောင်မှု ဝန်ထမ်း ဖြစ်သည်။

ပိုကြောက်စရာ ကောင်းသည်မှာ ဤ သက်ကြီးရွယ်အို အုပ်စု၏ ဘေးတွင် ကြောင်ဒါဇင်ပေါင်း များစွာ ရှိနေခဲ့ခြင်းပင်။

ကြောင်နက် တစ်ကောင်က မတ်တပ်ရပ်၍ ကျိုးဝေ့ကို စိုက်ကြည့်နေသည်။

ထိုကြောင်များ နောက်တွင် ခပ်ဝဝ ရဲအရာရှိ တစ်ဦးက မတ်တပ်ရပ်နေခဲ့၏။

ကျိုးဝေ့က ချက်ချင်းပင် အေးစက်စက် ချွေးစေးများ ထွက်လာသည်။

၎င်းတို့က အစကတည်းက သူ့ကို စောင့်ကြည့်နေခဲ့ပုံ ရသည်။

"ဒီလမ်းသရဲကောင်ကို ဖမ်းလိုက်စမ်း"

သခင်မသုန်က ကျိုးဝေ့ကို လက်ညှိုးထိုးပြရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

တခဏချင်းမှာပင် ကြောက်တစ်အုပ်နှင့် သက်ကြီးရွယ်အိုတစ်သိုက်က ကျိုးဝေ့ကို တစ်ပြိုင်နက်တည်း ခုန်အုပ်လိုက်သည်။

"............"

Green pass အဝင်ဝတွင် ရပ်နေသည့် အမျိုးသမီးက ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

Train to Busan (2)ကို ရိုက်ကူးနေကြတာလား။

All Chapters