← Chapters

ချောင်းယန်ပြည်သူများ၏ အောင်ပွဲ

Vol. 9 Ch. 131

ချောင်းယန်ပြည်သူများ၏ အောင်ပွဲ

Vol. 9 Ch. 131

ကျိုးဝေ့က အဖမ်းခံရချိန်တွင် လုံး၀ အံသြသွားခဲ့သည်။

လေဆိပ်တွင် အစုလိုက်အပြုံလိုက် ဝိုင်းရံဖမ်းဆီးခြင်း စစ်ဆင်ရေးမှာ ကျန့်ထန်၏ လွတ်လပ်သော တပ်ရင်းနှင့် သခင်မသုန်၏ အထွေထွေ ညီညွတ်ရေး စီမံခြင်း အဖွဲ့တို့၏ ပူးပေါင်း ကြိုးပမ်းမှု ဖြစ်သည်။

နှစ်နာရီကြာ စောင့်ကြည့်ပြီးနောက် စစ်ဆင်ရေးက ချောမွေ့စွာ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့သည်။

ကျိုးဝေ့ ထွက်ပြေးတော့မည့် သတင်းကို ပေါက်ကြားစေခဲ့သူမှာ သေချာပေါက် ဝမ်လင်းပင် ဖြစ်သည်။

စုန့်ဟိုင်မြို့၏ မြို့လယ်တွင် ကာစီနို လောင်းကစား ပါဝင်သည့် ကြီးမားသော ဘားတစ်ခု ရှိသည်။

ဤဘား၏ သူဌေးမှာ အစိမ်းရောင်ဂိုဏ်း၏ ခေါင်းဆောင် ကျိုးကျဲ့ ဖြစ်၏။

ကျိုးဝေ့ကို ဖမ်းပြီးပြီးချင်းမှာပင် အရေးပါသော သတင်းမီဒီယာတွေ အားလုံးက ဤအဖြစ်အပျက်ကို လူထုထံ အစီရင်ခံရန် အပြင်းအထန် ကြိုးစားခဲ့ကြသည်။

ဘားထဲရှိ ကျိုးကျဲ့က ထိုသတင်းကို ရုပ်သံတွင် ကြည့်မိသောအခါ လုံးလုံးလျားလျား တုန်လှုပ်သွားခဲ့၏။

စုန့်ချင်းရှု၏ အကြံပြုချက်ကို နားထောင်ပြီးနောက် သူက အသိ အဆက်အသွယ်များနှင့် ချက်ချင်း နီးပါး ချိတ်ဆက်ကာ ကျိုးဝေ့ အတွက် နိုင်ငံခြား အထောက်အထား အသစ် တစ်ခုရရန် ကြိုးပမ်း ပေးခဲ့သည့် အပြင် Green passမှ ထွက်သွားနိုင်စေရန် မှန်ကန်သော ချိတ်ဆက်မှုများကို ပြုလုပ်ပေးခဲ့သည်။

ဤကိစ္စက ကျရှုံးမှုဖြင့် အဆုံးသတ် သွားလိမ့်မည်ဟု ကျိုးကျဲ့ လုံးဝ မမျှော်လင့်ခဲ့ပေ။

"ဝဘ်ဝတ္ထု စာရေးဆရာ ဝမ်စစ်ထူ.. သူက ဘယ်သူလဲ"

သတင်းတွင် ကျိုးဝေ့၏ မျက်နှာကို လေးထောင့် အကွက်ငယ်လေး များဖြင့် ဖုံးကွယ်ပေးထားသည်။

ခပ်ဝဝ အရာရှိတစ်ယောက်က ကျိုးဝေ့ကို လက်ထိပ်ခတ်ကာ အခင်းဖြစ်ပွားရာ နေရာမှ ထွက်ခွာသွားသည်ကို မြင်လိုက်ရလျှင် ကျိုးကျဲ့က ဦးရေပြား ထုံကျင်သွားသလို(စိုးရိမ်စိတ်ဝင်လာသလို) ခံစားလိုက်ရသည်။

သူက မတူညီသော စိတ်ခံစားမှုများစွာကို ခံစားနေရသည်။

ထိုအထဲတွင် ဒေါသနှင့် ထိတ်လန့်မှုများလည်း ပါဝင်၏။

သူက အစိမ်းရောင်ဂိုဏ်း၏ ခေါင်းဆောင် အနေဖြင့် စုန့်ဟိုင်မြို့တွင် နှစ်အတော်ကြာ ကျင်လည်ခဲ့သည်။

သူလို လူတစ်ယောက်က တစ်စုံတစ်ယောက်၏ လက်ဖဝါးထဲတွင် ငတုံးတစ်ကောင်လို လှည့်စားခံရမည်ဟု ကျိုးကျဲ့ တစ်ခါမှ မခံစားဖူးပေ။

သူက စီးကရက်တစ်လိပ်ကို တိတ်တဆိတ်လေး မီးညှိရင်း စုန့်ချင်းရှုကို ဖုန်းခေါ်လိုက်သည်။

"ညီနောင်စုန့်.."

ဖုန်းလိုင်း၏ အခြားတစ်ဖက်မှ စုန့်ချင်းရှုက သက်ပြင်းချလိုက်သည်။

"မင်း ဘာမှပြောစရာ မလိုတော့ဘူး.. အခြေအနေတွေ အားလုံးကို သတင်းထဲမှာ ငါတွေ့ပြီးပြီ"

"ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ"

ကျိုးကျဲ့က အမှန်တကယ်ပင် စိတ်ဓာတ်ကျနေသည်။

"အခု ငါ အကြံပေးချင်တာက မင်းရဲ့အစိမ်းရောင်ဂိုဏ်းကို စုန့်ဟိုင်မြို့ကနေ တတ်နိုင်သမျှ အမြန်ဆုံး နေရာပြောင်းသင့်တယ်.. ရေတိုအတွက်ပဲ ဖြစ်ဖြစ်ပေါ့.. ဒီလိုဆိုရင် ဆုံးရှုံးမှုကြီးကြီးမားမား ခံစားရမှာ မဟုတ်တော့ဘူး"

စုန့်ချင်းရှုက ခေါင်းကိုက်သလို ခံစားနေရသည်။

သူက မျက်ခုံးမွှေးကြားရှိ အရေပြားကို ပွတ်သပ်နေ၏။

"မင်းဘယ်လို ခံစားနေရလည်း ဆိုတာ ငါသိတယ်.. ဒါပေမဲ့အဖြစ်မှန်ကိုတော့ ငါတို့ ရင်ဆိုင်ရမှာပဲ.. ဒီလူကို လောလောဆယ်မှာ သွားထိလို့ မဖြစ်ဘူး.. သူ့ရဲ့ကိုယ်ရေးကိုယ်တာကို စုံစမ်းဖို့ မကြိုးစားတာ အကောင်းဆုံးပဲ"

"နားလည်ပါပြီ ညီနောင်စုန့်"

ကျိုးကျဲ့က ပြန်ဖြေရင်း ခေါင်းညိတ်လိုက်သည်။

လောလောဆယ်တွင် အစိမ်းရောင်ဂိုဏ်း ဖြစ်စေ.. မော့အင်မော်တယ် ဖြစ်စေ သူတို့နှစ်ယောက်စလုံးက တစ်လှေတည်း စီးသူများ ဖြစ်ကြ၏။

စုန့်ချင်းရှု သူ့ကို ကူညီဖို့ ဆန္ဒရှိနေရသေးသည့် အကြောင်းရင်းမှာ အစိမ်းရောင်ဂိုဏ်း၏ ဖြစ်ရပ်က မော့အင်မော်တယ်ရဲတိုက်၏ တိုးချဲ့မှုအပေါ်တွင် ကြီးကြီးမားမား သက်ရောက်မှု ဖြစ်စေမည်ကို သိသောကြောင့်ပင်။

ဤသို့ဖြင့် မော့အင်မော်တယ် ရဲတိုက်က တုန်လှုပ် ချောက်ခြားစရာ ကောင်းသည့် သက်ရောက်မှုတွေ ဖန်တီးပေးနိုင်မည်ကို ကျိုးကျဲ့ ကောင်းကောင်း သိသည်။

ဤအချက်နှင့် ပတ်သက်၍ ကျိုးကျဲ့က မှန်တစ်ချပ်ကဲ့သို့ ရှင်းလင်း ပြတ်သားသည်။

"ညီနောင်စုန့်.. စိတ်မပူပါနဲ့.. ငါတို့ ပြန်ဆုတ်ဖို့ ငါချက်ချင်း စီစဉ်လိုက်မယ်.. အစိမ်းရောင်ဂိုဏ်းရဲ့ အဓိက အဖွဲ့ဝင်တွေကို စုန့်ဟိုင်မြို့ကနေ နှစ်ရက်အတွင်း ရုပ်သိမ်းလိုက်မယ်"

"အချိန်ဆွဲမနေဘဲ အမြန်ဆုံးလုပ်ပါ"

စုန့်ချင်းရှု ခေါင်းညိတ်လိုက်သည်။

"ငါတို့အနေနဲ့ ချက်ချင်း လက်စားချေလို့ မရသေးပေမဲ့ အောင်မြင်ဖို့ အခွင့်အလမ်း အနည်းငယ် ကျန်ပါသေးတယ်.. နတ်ဘုရားတွေကို ပြီးပြည့်စုံအောင် တုံ့ပြန်နိုင်ဖို့ဆိုရင် အခွင့်အရေးက 1%ရဲ့ တစ်ဝက်လောက်ပဲ ရှိတယ်.. အဲဒီကြားကနေ အနိုင်ရဖို့ သင်ယူရမှာ ဖြစ်တယ်.. အောင်မြင်ဖို့ အခွင့်အလမ်းက ဘယ်မှာရှိလဲ မင်းသိလား"

ဖုန်း၏ အခြားတစ်ဖက်တွင် ကျိုးကျဲ့က တိတ်ဆိတ်နေသည်။

{1%ရဲ့တစ်ဝက်နဲ့ နတ်ဘုရားတွေကိုဆန့်ကျင် အနိုင်ယူမှာလား}

သူက မေးစေ့ကို လက်ဖြင့် ပွတ်သပ်ကာ ထိုမေးခွန်းကို အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။

နောက်ဆုံးတွင် သူက ရုတ်တရက် ခေါင်းမော့၍ ပြန်ဖြေလိုက်သည်။

"ချီထုံဝေ့လိုလား"

(ချီထုံဝေ့=အကျင့်ပျက်ခြစားမှု နယ်ပယ်တွင် ထင်ရှားသည့်ဉာဏ်များသော ဗီလိန်တစ်ဦး၊ ရဲမင်းကြီးရာထူး အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် သူ့ကိုယ်သူ သတ်သေခဲ့သည်)

"............."

စုန့်ချင်းရှုက ပြောလိုက်သည်။

"ဘယ်ဟုတ်မလဲဟ"

ကျိုးကျဲ့ "ဒီညီလေးက ဉာဏ်သိပ်မကောင်းဘူး.. ငါ့ကို ပြောပြပါဦး ညီနောင်စုန့်"

စုန့်ချင်းရှု "ဒါဆို ကျောက်သရဲ မျက်နှာဖုံး ထုတ်လုပ်သူရဲ့ တည်နေရာကို မြန်မြန်ပြောပြလေ.. ရက်အနည်းငယ် ကြာနေတာတောင် မင်းက အဲဒီကိစ္စကို လျှို့ဝှက်ထားတုန်းပဲလား.. အဲဒီ လျှို့ဝှက်ချက်ကို မင်းဘာသာ သိမ်းထားလည်း ဘာမှ အသုံးမဝင်ဘူး.. ငါ့စကားကို ယုံကြည်ပါ"

ကျိုးကျဲ့ "............."

..........................

ဤ Weibo တိုက်ပွဲက "လက်သရမ်းခြင်း" ပြဿနာကို ဗဟိုပြုကာ နောက်ဆုံးတွင် ဖေဖေဝမ်၏ အောင်ပွဲဖြင့် ပြီးဆုံးသွားခဲ့သည်။

အဆုံးသတ်တွင် ဖေဖေဝမ်၏ ပြိုင်ဘက်က ရှုံးနိမ့်ခဲ့ရရုံသာမက ဖေဖေဝမ်၏ သြဇာအရှိဆုံး ပရိတ်သတ်ထံမှ လက်ချောင်းလေး တစ်ချောင်းဖြင့် တောက်ချခံရပြီး ဘဝ ဆုံးသွားခဲ့သည်။

စာသင်နှစ် စတင်ပြီးနောက် ပဉ္စမပတ် သောကြာနေ့.. မေလ ၂၈ ရက်နေ့တွင် ဝမ်လင်းက နံနက်ခင်း ကျင့်ကြံခြင်း သတင်းစာအား အပေါ်မှ အောက်ခြေအထိ ဖတ်ခဲ့သည်။

ပထမဆောင်းပါး- ဝမ်စစ်ထူ နောက်ကွယ်မှ အရှေ့အရပ်မှလာသော လျှို့ဝှက်ဆန်းကြယ် စွမ်းအားအတွက် ပြီးပြည့်စုံသော အောင်ပွဲ။

ထိုနောက်ကွယ်မှ တကယ့်အကြောင်းရင်းက ဘာလဲ ဆိုသည်ကို သိရှိနိုင်ရန် Weibo Appကို ဒေါင်းလုဒ်လုပ်ပါ။

ဒုတိယဆောင်းပါး- အချိန်ပိုင်း အလုပ်လုပ်သူ တစ်ဦးသည် လူ့အဖွဲ့အစည်း အတွက် ထူးထူးခြားခြား ဝန်ဆောင်မှုကို တစ်ဖန် ပြန်လည် လုပ်ဆောင်ခဲ့သည်။ အတွေ့အကြုံရှိ ရဲအရာရှိဝမ်သည် တရားခံ ကျိုးဝေ့ကို ကိုယ်တိုင် ဖမ်းဆီးခဲ့သည်။ အင်တာဗျူးတစ်ခုတွင် အတွေ့အကြုံရှိ ရဲအရာရှိဝမ်က လူထု၏ ဝိုင်းဝန်း အားထုတ်မှုကြောင့် ဖြစ်သည်ဟု လက်တွေ့ကျကျ ပြောကြားခဲ့သည်။

တတိယဆောင်းပါး- မနေ့က အဘိုးအဘွား တစ်စုနှင့် ကြောင်အုပ်စု တစ်စု၏ လိုက်ရှာခြင်း နှင့် ကြားဖြတ် ကြိုးပမ်းမှုကြောင့် နိုင်ငံတစ်ဝှမ်းလုံး အလိုရှိနေသည့် တရားခံကျိုးဝေ့ကို တာဟွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့သည်။

ဤလူများနှင့် ကြောင်များက ချောင်းယန် မြို့သူမြို့သားများ၏ မျိုးဆက်များ အလွန် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

(ချောင်းယန်=ရှေးဟောင်းမြို့တော်၊ကျောက်ဖြစ်ရုပ်ကြွင်းမြို့တော်ဟုလည်း ခေါ်ကြသည်)

ဝမ်လင်း ".........."

...........................

ဝမ်လင်း မနက်ပိုင်း ကျောင်းတက်ချိန် ကြာသပတေးနေ့တွင် ထုံးစံအတိုင်း တစ်ခန်းလုံး နီးပါးက လေဆိပ်၌ ကျိုးဝေ့ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

မေမေဝမ် ကျူးလွန်ခံရသော ကိစ္စက ဖေဖေဝမ်ကြောင့် လွန်ခဲ့သော နှစ်ရက်အတွင်း အွန်လိုင်းပေါ် ရောက်သွားပြီး တစ်နိုင်ငံလုံး သိသွားသည် အထိ ဖြစ်ခဲ့သည်။

ဤသတင်းကို ကော်ဟောက်က မည်သည့်နေရာမှ ကြားလာမှန်း မည်သူမှမသိပေ။

သူက ထုံးစံအတိုင်း အာဘောင်အာရင်း သန်သန်ဖြင့် အတင်းအဖျင်း သတင်းများကို စိတ်အားထက်သန်စွာ ဖြန့်ဝေတော့သည်။

"လေဆိပ်မှာ အဖမ်းခံရတဲ့ သံသယ တရားခံက အင်အားကောင်းတဲ့ နောက်ခံရှိတယ်လို့ ကောလဟာလတွေ ထွက်နေတယ်.. သူ့အစ်ကိုက စုန့်ဟိုင်မြို့ရဲ့ အကြီးဆုံး မြေအောက် ဒုစရိုက်ဂိုဏ်း ဖြစ်တဲ့ အစိမ်းရောင်ဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ.. သူက အဆင့်မြင့် အရာရှိတွေနဲ့လည်း အဆက်အသွယ် ရှိတယ်.. အချိန် နည်းနည်းသာ နှောင့်နှေးသွားရင် လေဆိပ်ရဲ့ Green passကနေ လွတ်မြောက်သွားမှာ အသေအချာပဲ"

ချန်းချောင်က မျက်မှောင်ကြုတ်လိုက်သည်။

"အဲဒီလို နောက်ခံ အခြေအနေမျိုး ရှိတာတောင် သူ ထွက်မပြေးနိုင်ခဲ့ဘူး.. ကြည့်ရတာ ဒေသဆိုင်ရာ အစိုးရက ဒီကိစ္စကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပုံပဲ.. ဂုရုကြီး ဝမ်စစ်ထူရဲ့ နောက်ကွယ်ကလူက အစိမ်းရောင် ဂိုဏ်းခေါင်းဆောင်ထက် ပိုပြီး သြဇာကြီးမားတယ် ဆိုတာ သက်သေပြနေတာပဲ မဟုတ်လား"

လင်းရှောင်ယု "မနက်စောစော ဒီလက်သရမ်းကောင်အကြောင်း ပြောရတာ ကျက်သရေတုန်းတယ်.. ဘာပဲဖြစ်ဖြစ် အဲဒီလူ ခံရမယ့် ပြစ်ဒဏ်ကို ငါ ပိုစိတ်ဝင်စားတယ်.. ခဏလေးပဲ အထိန်းသိမ်းခံရမှာတော့ မဟုတ်ဘူး မလား"

စွန်းရုံက ခေါင်းခါယမ်း၍ ပြောလိုက်သည်။

"ဒီအဖြစ်အပျက်က တော်တော်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်.. ဒီလူက နှစ်အတော်ကြာအောင် ထောင်ထဲက ထွက်ရတော့မှာ မဟုတ်ဘူး.. မနေ့ညကပဲ ဒေသဆိုင်ရာ အစိုးရက ငါတို့ ဟွာကော ရေတံခွန် လုပ်ငန်းစုကို အကြောင်းကြားပြီး အစိုးရရဲ့ တစ်နိုင်ငံလုံး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်အတွက် ဘက်ဂျက် မြှင့်တင်ပေးဖို့ တောင်းဆိုခဲ့တယ်လေ"

လင်းရှောင်ယု အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

"ဒါပဲလား.. အနည်းဆုံး ဒီကောင်ရဲ့ Babel မျှော်စင်ကို(ဂွေး-ကျိ) ဖြတ်ပစ်မယ်လို့ ငါထင်နေခဲ့တာ"

လူတိုင်း "..........."

"ဟုတ်တယ် ဒီကောင်က သောက်ရမ်း မိုက်ရိုင်းလွန်းတယ်"

စကားဝိုင်းက အဖွဲ့ကျကာ အရှိန်တက်နေသော အချိန်တွင် ကော်ဟောက်က ရုတ်တရက် ၎င်းတို့အား အနှောင့်အယှက်ပေးခဲ့သည်။

"မနေ့က လေဆိပ်မှာ ဟိုလူရမ်းကောင်ကို အဖမ်းခံရတဲ့ ဗီဒီယိုဖိုင် ငါ့မှာ ရှိတယ်.. လိုချင်တဲ့သူတွေ ငါ့ဆီမှာ ဝယ်လို့ရတယ်.. ကော်ပီတစ်ခွေကို ယွမ်ငါးဆယ်.. စျေးလျော့ပေးထားတာနော်"

ထိုစကားကို ကြားလျှင် တစ်တန်းလုံး တိတ်ဆိတ်သွားကြသည်။

သူ့ကို မည်သူမှ အဖက်မလုပ်သည်ကို မြင်လျှင် ကော်ဟောက်က အနည်းငယ် ရှက်သွားခဲ့သည်။

သို့သော် ကော်ဟောက်က ကော်ဟောက်ပင် ဖြစ်သည်။

သူက အိမ်စာတွေ လိုက်စုနေသည့် မြေပဲလေး၏ လည်ပင်းကို ချက်ချင်း ဆွဲဖက်လိုက်ပြီး သူ၏ အရှက်တရားကို အဖတ်ဆယ်ရန် ကြိုးစားလိုက်သည်။

"အတန်းဖော် စုရှောင်.. မင်း ငါ့ဗီဒီယိုကို စိတ်ဝင်စားနေတာ ငါသိတယ်.. အဲဒါကို ဝယ်ချင်နေတယ် မဟုတ်လား"

မြေပဲလေးက မမျှော်လင့်ဘဲ ကော်ဟောက်၏ ချုပ်ထားခြင်း ခံရသောအခါ အလွန် စိတ်ပျက်သွားပြီး ကော်ဟောက် လက်ထဲမှ သူ့လည်ပင်းကို ပြန်လည် ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။

မြေပဲလေး၏ စိတ်ပျက်သွားသော အပြုအမူကြောင့် ကော်ဟောက်က ထိတ်လန့်သွားပြီး သူ၏ ချုပ်နှောင်မှုကို ချက်ချင်း ဖြေလျော့ပေးလိုက်သည်။

"ငါက ဗီဒီယိုလေး ရောင်းရုံတင်ပါ.. မင်းအဲ့လောက်တော့ စိတ်မပျော်မရွှင် မဖြစ်လောက်ပါဘူး.. ဟုတ်တယ်မလား"

မြေပဲလေးက ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ဘူး.. ဗီဒီယိုရောင်းတဲ့သူ တစ်ယောက်က ဘာလို့ ငါ့ကို ပစ်မှတ်ထားနေရတာလဲလို့ ငါတွေးနေခဲ့တာ"

ကောက်ဟောက် "..........."

လူတိုင်း "..........."

All Chapters