စစ်သင်တန်း မတက်မီတွင် စစ်ဆေးမည့် အလွန် ဆိုးရွားသော ရုပ်ပိုင်းဆိုင်ရာ စာမေးပွဲ
Vol. 9 Ch. 132
စာသင်နှစ် စတင်ပြီးနောက် မေလ၂၈ ရက်.. ပဉ္စမပတ်သောကြာနေ့ ဖြစ်သည်။
ယနေ့ တာအို အဆောင်လက်ဖွဲ့ အတန်းတွင် ဆရာမဖန်က ထူးခြားသော ကြေငြာချက် တစ်ခုကို ပြုလုပ်ခဲ့သည်။
ဆရာမဖန်က စတိတ်စင်ပေါ်တွင် မတ်တပ်ရပ်ကာ
"ကျောင်းသားတို့.. အထက်အရာရှိတွေက ဂရုတစိုက် ဆင်ခြင်ပြီးနောက်မှာ အမျိုးသမီး အကြမ်းဖက် ဆန့်ကျင်ရေး ပညာပေးမှုတွေ အားကောင်းလာစေဖို့ အတွက် ဒေသန္တရ အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ အညီ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ရှေ့တိုးလိုက်တယ်.. လာမဲ့ လလယ်လောက်မှာ ငါးရက်တာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ စီစဉ်ထားတယ်
ဆရာပန်၏ စကားကိုကြားလျှင် တစ်တန်းလုံး ချက်ချင်းပင် အုံးအုံးကျွက်ကျွက် ဖြစ်သွားခဲ့သည်။
ယောက်ျားလေး ဖြစ်စေ မိန်းကလေး ဖြစ်စေ စစ်ရေးလေ့ကျင့်မှု ဆိုသည်ကို ကြားလိုက်ရသည့် အချိန်တွင် မည်သူမဆို ပျော်ရွှင်ကြမည် ဖြစ်သည်။
အကြောင်းရင်းမှာ သင်တန်း ရက်အနည်းငယ် အတွင်း ကျောင်းမှ အိမ်စာကို လုပ်စရာမလို၍ ဖြစ်သည်။
သို့သော် အမှတ်၆၀ အထက်တန်းကျောင်း၏ လက်ရွေးစင် အတန်းမှ ကျောင်းသားများ အနေဖြင့် ဆရာမဖန်၏ ပင်ကိုစရိုက်ကို ကောင်းစွာသိထားသောကြောင့် အရမ်းကြီး စိတ်မလှုပ်ရှားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဆရာမဖန်က မည်သည့်အကြောင်းကိစ္စပဲ ရှိရှိ အိမ်စာကို ပြီးအောင် လုပ်ခိုင်းသောကြောင့် ဖြစ်သည်။
ထိုအတွက် အကောင်းဆုံး ဥပမာမှာ ဝမ်လင်းနှင့် တခြားသူများက အမှတ် ၅၉ အထက်တန်းကျောင်းကို ကိုယ်စားပြုသွားရောက်သော အချိန်ပင် ဖြစ်သည်။
အတန်းထဲတွင် ဆွေးနွေးမှု အသစ်တစ်ခု စတင်နေချိန်တွင် လူသုံးဦးက မျက်နှာများကို လက်ဖြင့် တိတ်တဆိတ် ကာထားကြသည်။
ချန်းချောင်က အရမ်း ပျော်လွန်း၍ ဝမ်းသာ မျက်ရည် ကျနေသဖြင့် မျက်နှာကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။
အားကစားကို ရူးသွပ်သော ဝါသနာရှင် တစ်ယောက် အနေဖြင့် သူ၏ စွမ်းရည်များကို ပြသနိုင်မည့် အချိန်ကို နောက်ဆုံးတွင် ရောက်ရှိလာပြီဟု သူခံစားခဲ့ရသည်။
ဝမ်လင်းကမူ အဖွဲ့လိုက် လှုပ်ရှားမှုများ မကြာမီ ဖြစ်ပေါ်လာမည်ဟု လုံးဝ မမျှော်လင့်ထားသောကြောင့် မျက်နှာကို ဖုံးကွယ်ထားခြင်း ဖြစ်၏။
ကျိုးရီက အတွင်းရေးမှူး တာခန်း၏ အမွေးထူသော ခြေနှစ်ချောင်းကို ဆုပ်ကိုင်ထားသည့် အမှတ် ၅၉ အထက်တန်းကျောင်းရှိ မြင်ကွင်းကို သူ ခပ်ရေးရေး မှတ်မိနေသေးသည်။
ယင်းမှာ ပြန်သတိရတိုင်း ဝမ်လင်း၏ ဦးနှောက်ကို နာကျင်စေသည်။
ခြုံ၍ပြောရလျှင် အဖွဲ့လိုက် လှုပ်ရှားမှုများမှာ သူ့အတွက် အတွေးဆိုး တစ်ခုသာ ဖြစ်စေခဲ့သည်။
မြေပဲလေးက မျက်နှာကို နောက်ဆုံး ဖုံးကာသူ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျောင်းသား တစ်ဦးစီ၏ သီးခြားရုပ်ရည်သွင်ပြင် လက္ခဏာများကို နားလည် သဘောပေါက်ရန် လိုအပ်သောကြောင့် စစ်သင်တန်း မတက်မီတွင် ကိုယ်ကာယစစ်ဆေးခြင်း မဖြစ်မနေ ပြုလုပ်ရသည်ကို ကြားဖူးသောကြောင့် ဖြစ်၏။
စစ်လေ့ကျင့်ရေး စခန်းမှ သိပ္ပံနည်းကျ စစ်ဆေးမှု ပြုလုပ်မည် ဆိုလည်း မမှားပေ။
ဆရာမဖန်၏ အကြည့်အောက်တွင် တစ်တန်းလုံး ငြိမ်သက်သွားပြီးနောက်တွင် ဆရာမဖန်က လည်ချောင်းကို ရှင်းထုတ်၍ ပြောလိုက်သည်။
"ဒီနေ့ နေ့လည်မှာ အတန်း မရှိတော့ဘူး.. ကျောင်းသူစွန်းရုံက မိန်းကလေးတွေကို လိုက်ပို့ပေးပြီး ကျောင်းသား ချန်းချောင်က ယောက်ျားလေးတွေကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ အတွက် တတိယထပ်က လူနာခန်းကို ပို့ဆောင် ပေးလိုက်ပါ.. အထူး ကင်းလွတ်ခွင့် မရှိရင် လူတိုင်းသွားရမယ်..ဝင်ခွင့်မရတဲ့ ကျောင်းသားတွေက အိမ်စာနှစ်ခုထက် ပိုပြီး ငါ့ဆီ လာထပ်ရမယ်"
ထိုစကားကိုကြားလျှင် မြေပဲလေးက မျက်နှာကို ကာထားသည့်လက်ကို တိတ်တိတ်လေး ပြန်ဖယ်လိုက်သည်။
ဝမ်လင်း ".........."
မျှော်မှန်းထားသလိုပင်.. ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုနှင့် ယှဥ်လျှင် အိမ်စာက ဆိုးဝါးသော အပြစ်ပေးမှု ဖြစ်သည်။
ငယ်စဉ်ကတည်းက ဝမ်လင်းမှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု သိပ်မရှိခဲ့ပေ။
သူ၏ အင်မော်တယ် ခန္ဓာကိုယ်ကြောင့် ဤစစ်ဆေးမှုမှာ သူ့အတွက် မလိုအပ်ချေ။
ကျင့်ကြံသူ တစ်ယောက်အနေဖြင့် အခြေခံ တည်ဆောက်ခြင်းအဆင့် အထက်တန်း ကျောင်းသူကျောင်းသားများမှာ သာမန်လူများထက် များစွာသာလွန်သော ကိုယ်လုံးကိုယ်ပေါက် ရှိကြသည်။
ဝမ်လင်းက ကျောင်းများတွင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကိုတစ်ဖက်သတ် စစ်ဆေးသည်က အနှစ်သာရ မရှိဟု အမြဲခံစားခဲ့ရသည်။
ယင်းကဲ့သို့ စစ်ဆေးသင့်တာတွေကို မစစ်ဆေးဘဲ.. စစ်ဆေးဖို့ မလိုအပ်တာတွေကို စစ်ဆေးခြင်းအား မလိုအပ်ဘဲ အချိန်ဖြုန်းခြင်းဟု ခေါ်သည်။
လူနာခန်းမှ ဘွားတော်များ အမှန်တကယ် ဂရုစိုက်သည်မှာ ကျောင်းသားများ၏ ကိုယ်လုံးကိုယ်ပေါက် မဟုတ်ဟု သူခံစားမိသည်။
ဘွားတော်မျက ခန္ဓာကိုယ်၏ အရှေ့အလယ်ပိုင်းမှ အစိတ်အပိုင်း တစ်ခု ကြီးမကြီး ဆိုသည်ကိုသာ စိတ်ဝင်တစား ကြည့်ချင်နေကြ၏။
ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို တွေးမိကာ သူခေါင်းကိုက်သွားခဲ့သည်။
သူ၏ ဖြစ်ရပ်က မြေပဲလေးနှင့် တူသည်။
အကြောင်းရင်းမှာ ဝမ်လင်း၏ အကြောင်းပြချက်က မြေပဲလေး နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့်ပင်။
မြေပဲလေး၏ babel မျှော်စင်က အတော်လေး သေးငယ်သည်။(ဂွေးတိုလေး)
သူ၏ ပစ္စည်းက ယောက်ျားလေးတစ်ယောက်၏ ပျမ်းမျှစံနှုန်းကို မပြည့်မီသည့် အတွက် အလှောင်ခံရမည်ကို စိုးရိမ်နေ၏။
ဝမ်လင်းကမူ မြေပဲလေးနှင့် ဆန့်ကျင်ဘက်ပင်။
သူ၏ ပစ္စည်းက မတရား တုတ်ခိုင် ကြီးမားနေသည်ဟု သူခံစားမိသည်။
၎င်းက ယောကျာ်းလေးတစ်ယောက်၏ ပျမ်းမျှစံနှုန်းထက် အဆမတန် ကျော်လွန်နေသဖြင့် အာရုံစိုက်ခံရမည်ကို သူက စိတ်ပူနေ၏။
...........................
နေ့ခင်းဘက်တွင် လူနာခန်း၏ တံခါးဝ၌ ရှည်လျားလှသော လူတန်းကြီး ဖြစ်နေသည်။
ချန်းချောင်က Grade 1 အခန်းသုံးမှ ယောက်ျားလေးများကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုခံယူရန် ဤနေရာသို့ ဦးဆောင်၍ ခေါ်လာခဲ့သည်။
ဝမ်လင်း ခန့်မှန်းထားသည့်အတိုင်းပင်.. ခါးအနည်းငယ် ကိုင်းနေသော ဘွားတော် တစ်ဦးမှာ လူနာခန်း၏ တံခါးဝတွင် ရပ်နေသည်။
သူမက အဖြူရောင်ဂါဝန်နှင့် အလွန် ဆန်းကြယ်သော အဝေးကြည့် မျက်မှန်ကို ၀တ်ဆင်ထားသည်။
သူမ၏ မျက်လုံးများက လူအုပ်ကို အလင်းတန်း တစ်ခုလို စိုက်ကြည့်နေသည်။
"ဆူညံမနေဘဲ တိတ်တိတ်လေးနေပြီး မင်းတို့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာကို စစ်ဆေးပေးမဲ့ ဒေါက်တာစုန့်ကို စောင့်နေကြပါ"
"ဒေါက်တာစုန့်လား"
ဝမ်လင်းက ဤနာမည်ကို အနည်းငယ် ရင်းနှီးသလို ခံစားမိသည်။
ထို့ကြောင့် သူက ကောင်းကင်မျက်လုံးဖြင့် ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။
{လခွမ်း.. ဒေါက်တာစုန့်က လဲ့မုန့်မုန့် ဖြစ်နေတယ်ဟ}
ထိုအချိန်တွင် လဲ့မုန့်မုန့်က အဖြူရောင် လက်အိတ်တစ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာကို mask တပ်ထားသည်။
သူက သူ၏ လက်ခလယ်ကို ချောဆီများဖြင့် သုတ်လိုက်ပြီးနောက် ယောက်ျားလေး ကျောင်းသား၏ စအိုကို စစ်ဆေးလိုက်သည်။
သူ့လက်ချောင်းထိပ်က ကောင်လေး၏ ဖ-င်ထဲကို ဝင်သွားသည်နှင့် ကဗျာ ရွတ်နေသော လျန့်ရီဖုန်းကဲ့သို့(နှစ်ဖက်ချွန် ဇာတ်ကောင်) ကောင်လေး၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အမူအရာ တစ်ခု ထွက်ပေါ်လာသည်။
ဝမ်လင်း "..............."
{လခွမ်း.. ဒီကောင်က ဖီးလ်တက်နေတာဟ}
ကောင်လေး၏ အော်ဟစ်သံကို ကြားလျှင် တန်းစီနေသူ တစ်ယောက်က ပြောလိုက်သည်။
"လူတိုင်းက ဒီလိုမျိုး စစ်ဆေးခံရမယ်လို့တော့ မပြောနဲ့နော်"
စည်းကမ်း ထိန်းသိမ်းရန် တံခါးဝတွင် ရပ်နေသော အဒေါ်ကြီးက ကြင်နာစွာ ပြုံးလိုက်သည်။
"ငါတို့က စစ်ဆေးဖို့ အတွက် နမူနာတွေ ယူနေတာပါ.. အတန်းတစ်တန်းကို နမူနာ နှစ်ခုနှုန်းပါ"
ထိုစကားကို ပြောပြီးနောက် အချက်အလက် စာရွက်ကို ကောက်ကိုင်ကာ ကြည့်လိုက်သည်။
"မင်းတို့ Grade 1 အခန်းသုံးမှာ ကျောင်းသားကော်ဟောက်နဲ့ ချန်းချောင်တို့က စစ်ဆေးမှု နမူနာတွေကို ပေးဆောင်ဖို့ တာဝန်ရှိတယ်.. သူတို့တွေ ဒီမှာရှိလား"
ချန်းချောင်နှင့်ကော်ဟောက်၏ ခန္ဓာကိုယ်က မတုန်ယင်ဘဲ မနေနိုင်တော့ချေ။
"............."
........................
သူတို့ရှေ့တွင် စစ်ဆေးမှုခံယူနေသည့် တခြားအတန်းမှ ယောကျာ်းလေးတွေ အားလုံးမှာ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားခဲ့သည်။
အဆုံးသတ်တွင် Grade One အခန်းသုံး၏ ကျောင်းသားများ အလှည့် ရောက်လာသည်။
စစ်ဆေးမှု နမူနာပေးရန် တာဝန်ရှိသော ကော်ဟောက်နှင့် ချန်းချောင်ကို ဘေးဖယ်ထားပြီးနောက် ကျန်ကျောင်းသားများမှာ ဆေးကုသခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။
အခန်းထဲရှိ လေထုထဲတွင် ပိုးသတ်ဆေးနံ့များ မွှန်ထူနေသည်။
ဝမ်လင်းကို မြင်လျှင် လဲ့မုန့်မုန့်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူက အဖြူရောင် လက်အိတ်တွေကို မြန်မြန်ဆန်ဆန် ဝတ်ဆင်လိုက်ပြီး ကော်ဟောက်နှင့် ချန်းချောင်ကို ကုတင်ငယ်လေးဆီ ညွှန်ပြလိုက်သည်။
"မင်းတို့နှစ်ယောက် ဘောင်းဘီကို ချွတ်ပြီးရင် လေးဘက်ထောက်ပြီး ဟိုဖက်ကို လှည့်လိုက်.. ပြီးရင် မင်းတို့ရဲ့ တင်ပါးတွေကို မင်းတို့ရဲ့ လက်နဲ့ကိုင်ပြီး ချဲထုတ်လိုက်"
နှစ်ယောက်သား ကြောက်လန့်တကြား ခေါင်းညိတ်ပြလိုက်ပြီး ကုတင်နားသို့ ချဉ်းကပ်သွားကြသည်။
နှစ်ယောက်စလုံး နေရာယူပြီးနောက် လဲ့မုန်မုန့်က ကန့်လန့်ကာကို ဆွဲပိတ်လိုက်သည်။
ကန့်လန့်ကာပေါ်မှ အရိပ်ကနေ လဲ့မုန့်မုန့်၏ နောက်ဆက်တွဲ လှုပ်ရှားမှုကို လူတိုင်း မြင်နေရသည်။
သူက လက်ချောင်းကို ချောဆီဖြင့် သုတ်လိုက်၏။
ကန့်လန့်ကာ နောက်ကွယ်မှ ပြင်းထန်သော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာပြီးနောက် လူငယ်က ကျည်ဆံမှန်သွားသကဲ့သို့ ဖင်တွန့်သွားသည်ကို လဲ့မုန့်မုန့်က မြင်ခဲ့ရသည်။
လူငယ် ချန်းချောင်က ကန့်လန့်ကာ နောက်ကွယ်ကနေ ချက်ချင်းဆိုသလို ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်တော့သည်။
မြေပဲလေးက အလွန် ထိတ်လန့်နေပြီ ဖြစ်၍ လုံးဝ မကြည့်ရဲတော့ဘဲ မျက်လုံးများကို မှိတ်ထားလိုက်၏။
ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းကိုပင် မချနိုင်တော့ပေ။
ရှေးခေတ်မှ လူများမှာ အလုပ်မရှိ ကြောင်ရေချိုးသော အနေဖြင့် မြစ်တစ်ဖက်ကမ်းပေါ်၌ "ပန်းဥယျာဥ်" သီချင်းကို သီဆိုခဲ့ကြသည်။
ယခု သူတို့က ကန့်လန့်ကာ၏ တစ်ဖက်ခြမ်းတွင် ဂန္ဓမာပန်း(ဖ-င်) အနှိုက်ခံရသည်ကို စောင့်ကြည့်ရန် ခေါင်းပြူနေကြသည်။
သိပ်မကြာခင်မှာပဲ ချန်းချောင်၏ စစ်ဆေးမှုက ပြီးဆုံးသွားခဲ့သည်။
ဖ-င်ကို လက်ဖြင့်အုပ်ကိုင်၍ ကန့်လန့်ကာကို လှန်ပြီး ထွက်လာသည့် ချန်းချောင်ကို ကြည့်ကာ ကျောင်းသား တချို့က ရယ်မောလိုက်ကြသည်။
"အဲ့လောက်တောင် နာကျင်နေရလား"
ကန့်လန့်ကာ နောက်ကွယ်မှ ကော်ဟောက်က တိုက်ပွဲဝင် သူရဲကောင်း ဟန်ပန်ဖြင့် ချန်းချောင်၏ ပုခုံးကို ပုတ်လိုက်သည်။
ချန်းချောင်က ကော်ဟောက်ကို"သတ္တိရှိရင် ခံကြည့်လိုက်စမ်းပါ" ဟူသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်၏။
ဤအခိုက်အတန့်တွင် ကန့်လန့်ကာ နောက်ကွယ်ရှိ လဲ့မုန့်မုန့်က အဖြူရောင် လက်အိတ် အသစ်တစ်စုံ လဲလိုက်သည်ကို လူတိုင်း မြင်လိုက်ရသည်။
ယင်းနောက် ထုံးစံအတိုင်း သူ၏လက်ကို ချောဆီ သုတ်လိုက်၏။
သို့သော် ဤတစ်ခါတွင် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။
ဘောပင်စီးဆင်းမှု စွမ်းရည်ကို လေ့ကျင့်သူ အနေဖြင့် ကော်ဟော်မှာ ကော်ဟောက်သာ ဖြစ်သည်။
လဲ့မုန့်မုန့်၏ လုပ်ရည်ကိုင်ရည်နှင့် စွမ်းရည်ကို မေးခွန်းထုတ်ရန် သူ၏ ပရော်ဖက်ရှင်နယ် ထိုးထွင်းသိမြင်မှုကို ချက်ချင်း အသုံးပြုခဲ့သည်။
ကန့်လန့်ကာ နောက်ကွယ်တွင် ကော်ဟောက်က သက်ပြင်းတစ်ချက် ချလိုက်သည်။
"လက်ချောင်းကို နေရာတကျ မထိုးထည့်တတ်ရင် ဘာဖြစ်တတ်လည်း မင်းသိလား.. နာကျင်ရတာ အရမ်းလွယ်တယ်"
လူတိုင်း "............"
{သောက်-ဖုတ်ပဲ.. သူဘယ်လိုလုပ် အဲဒါကို သိနေတာလဲ}
ကော်ဟောက် "မင်းက အလုပ်သင်ပဲ မဟုတ်လား.. ဟိုဘက်ကို လှည့်ပြီး ကုန်းလိုက်.. ငါသင်ပေးမယ်"
ဝမ်လင်း "..........."
သာမန်လူတစ်ဦး အနေဖြင့် အခြေခံ တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ တစ်ဦးကို ပြန်လည် တိုက်ခိုက်ရန် ခွန်အား လုံးဝမရှိသဖြင့် လဲ့မုန့်မုန့်မှာ အိပ်ရာပေါ်၌ ကော်ဟောက်၏ တိုက်ရိုက် ဖိထားခြင်းကို ခံလိုက်ရသည်။
ကော်ဟောက်က လက်အိတ်ဖြူကို ဝတ်ဆင်ကာ ဖင်ကို ပွတ်လိုက်သော အခါတွင် လဲ့မုန့်မုန့်မှာ မျက်ရည်များ ရွှဲနစ်နေပြီဖြစ်သည်။
"မင်း-မေ-သောက်-ဖုတ်.. ဒီနေ့ခေတ်မှာ အပိုဝင်ငွေလေးရဖို့ ကြိုးစားရတာ အမှန်တကယ် မလွယ်ပါလားဟ"