နောက်ဆုံးတွင် မြေပဲလေး ဖွံ့ထွားလာခဲ့သည်
Vol. 9 Ch. 133
ယေဘုယျအားဖြင့် ကျင့်ကြံခြင်း ဆေးရုံသည် စစ်ရေးအကြိုလေ့ကျင့်ရေး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု အတွက် လူအင်အား အလုံအလောက် မပို့နိုင်ခဲ့သောကြောင့် အွန်လိုင်းကနေ လဲ့မုန်မုန့်ကို အချိန်ပိုင်း အလုပ်သမား အဖြစ် အလုပ်ခန့်ထားပြီး ခရေပွင့်ကို စမ်းသပ် နမူနာယူရန် တာဝန်ပေးထားသည်။
ထို့အပြင် အရပ်အမောင်းနှင့် ကိုယ်အလေးချိန် တိုင်းတာမှုများ အပြင် သွေးနှင့် ဆီးစစ်ခြင်း ကဲ့သို့သော ပုံမှန် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများလည်း ရှိသေးသည်။
ဤစစ်ဆေးမှုများတွင် စိတ်ရှုပ်ထွေးစေသော စစ်ဆေးမှုများလည်း ရှိသည်။
လည်ပင်း အစ်မတတ် နာကျင်စေသော စစ်ဆေးမှုကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုဟု ခေါ်၏။
အိုင်းယွန်း ဓာတ်ရောင်ခြည် နည်းပညာကို အသုံးပြုထားသည့် စကင်န် စက်ပေါ်တွင် မတ်တပ်ရပ်လိုက်ခြင်းဖြင့် စက်က အရိုး၏ သိပ်သည်းဆ၊ အရိုး၏ အခြေအနေနှင့် ဘာဘယ်မျှော်စင် မည်မျှ ဖွံ့ထွားသည်ကို လျင်မြန်စွာ အဖြေထုတ်ပေးနိုင်သည်။
ဤအရာက မြေပဲလေးအတွက် အကြောက်ဆုံး ဖြစ်သည်။
သွေးစစ်နေစဉ် အတွင်း သူနာပြု အမျိုးသမီးက ဝမ်လင်း၏ လက်ချောင်းကို အပ်ဖြင့် ထိုးလိုက်ရာ အပ်ထိပ်ဖျားက ကွေးသွားခဲ့သည်။
ဝမ်လင်းက အလွန်ပင် ရှက်မိသွားသည်။
ဤဆေးထိုးအပ်များ အားလုံးက အထွေထွေ ကျင့်ကြံခြင်းဆေးရုံမှ အထူးစိတ်ကြိုက် ပြုလုပ်ထားပြီး အခြေခံတည်ဆောက်ခြင်း အဆင့် ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်နိုင်၏။
သူနာပြုအမျိုးသမီးက မယုံကြည်နိုင် ဖြစ်ကာ လက်ညှိုးကို နှစ်ခါလောက် ထပ်ထိုးဖောက် ကြည့်လိုက်သည်။
နှစ်ခါစလုံးတွင် အပ်နှစ်ချောင်းလုံး၏ ထိပ်ဖျားများက ကွေးသွားခဲ့သည်။
သူနာပြုဆရာမက ဆေးထိုးအပ်များ၏ အရည်အသွေးနှင့် ပတ်သက်၍ သူမ၏ အထက်လူကြီးကို တိုင်တန်းရန် တွေးနေချိန်တွင် ဝမ်လင်းက သူ၏ လက်ချောင်းကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး ကိုက်ချလိုက်သည်။
အမျိုးသမီး သူနာပြု "............."
ဝမ်လင်းက စစ်ဆေးမှုများကို အမှားအယွင်းမရှိ ဖြတ်ကျော်နိုင်ခဲ့ပြီး အများစုကို တစ်နည်းတစ်ဖုံ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု၏ နောက်ဆုံးအပိုင်းမှာ သူ့အတွက် တကယ်ကို စိတ်လှုပ်ရှားစေ၏။
သိပ္ပံနှင့် နည်းပညာများ မတိုးတက်မီ ခေတ်ကတည်းက အရိုးအထူးကု ဆရာဝန်များမှာ ကျင့်ကြံခြင်း ကျောင်းများရှိ ကျောင်းသားများကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်။
အဆိုပါ အရိုး အထူးကုဆရာဝန်များသည် တစ်စုံတစ်ခုကို အမြင်အာရုံဖြင့် အကဲဖြတ်ရန် ထူးခြားသော စွမ်းရည်များ ရှိကြသည်။
ထိုစွမ်းရည်က သခင်မသုန် ဆီက ဆင်းသက်လာခြင်းပင် ဖြစ်နိုင်သည်။
ဆရာဝန်တွေက ပေတံကို လုံးဝ အသုံးမပြုဘဲ ညီငယ်လေး၏ ဖွံ့ထွားမှုကို တစ်ချက် ကြည့်ရုံဖြင့် ပြောပြနိုင်သည်။
သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ် အတွင်း နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ အဆိုပါ လုပ်ငန်းစဉ်မှာ ယခင်ကထက် ပိုမို ထိရောက်နေပြီဖြစ်သည်။
ယခင်က ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု၏ အခက်ခဲဆုံး အစိတ်အပိုင်း ဖြစ်သော်လည်း ယခုအခါတွင် စကင်န် စက်ပေါ် မတ်တပ်ရပ်ပြီး ရလဒ်များ အတွက် အိုင်းယွန်း ဓာတ်ရောင်ခြည်ဖြင့် စကင်န်ဖတ်ရန်သာ လိုအပ်သည်။
မြေပဲလေးက အလွန် စိတ်လှုပ်ရှားပြီး ဂဏှာမငြိမ် ဖြစ်နေသည်။
သူ၏ အကြည့်မှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက် တချို့ကြောင့် အသက်မပါသလို ဖြစ်နေသည်။
ငယ်စဉ်ကတည်းက အားနည်းသည့် ကိုယ်လုံးကိုယ်ထည်ကြောင့် အခြေခံ တည်ဆောက်ခြင်း အဆင့်မှ ပုံမှန်ကျောင်းသားများထက် များစွာ အားနည်းခဲ့သည်။
သူ၏ ညီလေးက သာမန် အရွယ်အစားထက် အတော်လေး တိုနေသည်။
ယင်းက သူ့ကို ငယ်စဥ်ကတည်းကပင် သိမ်ငယ်သော ခံစားချက်ကို ပေးစွမ်းခဲ့၏။
ထို့ကြောင့် တခြား သူများ မရှိသည့်အခါမှ ကျောင်း ရေချိုးခန်းကို သွားရဲသည်။
ဤကိစ္စနှင့် ပတ်သက်၍ သူက ဝမ်လင်း နှင့် အလွန် ဆင်တူသည်။
သို့သော် ဝမ်လင်း ရေချိုးခန်းထဲ မသွားရတဲ့ အကြောင်းရင်းမှာ သူ့ပစ္စည်းက မဟာဒုတ်ဟု တင်စားနိုင်သည်အထိ အရမ်းကြီးနေ၍ ဖြစ်သည်။
ချန်းချောင် နှင့် ကော်ဟောက်တို့လို အရေထူသော ယောက်ျားလေးနှစ်ဦးနှင့် အတူ အကဲဖြတ် စစ်ဆေးမှု ပြီးမြောက်ရန် လူတိုင်းက အိုင်းယွန်း ဓာတ်ရောင်ခြည် စက်ပေါ်တွင် တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ မတ်တပ် ရပ်လိုက်ကြသည်။
ငါးမီတာအကွာတွင် အမျိုးသမီး သူနာပြုနှစ်ဦးက ဘဝ၏ လှိုင်းတံပိုး ဒဏ်များကို ခံနိုင်ရည် ရှိနေသကဲ့သို့ တောက်ပသော မျက်ဝန်းများဖြင့် ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။
သိပ်မကြာခင်မှာပဲ မြေပဲလေး၏ အလှည့်သို့ ရောက်လာခဲ့၏။
သူက အိုင်းယွန်း ဓာတ်ရောင်ခြည် စက်ပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး ကြောက်လန့်တကြားဖြင့် မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်သည်။
အရှက်ကွဲတော့မည်ကို ကြိုသိနေ၍ သူ့မျက်နှာက လုံးဝကို နီရဲနေသည်။
အိုင်းယွန်း ဓာတ်ရောင်ခြည်က သူ့ကို အပေါ်ကနေ အောက်ထိ ဖြည်းညင်းစွာ စကင်န် ဖတ်လိုက်၏။
ထိုအချိန်တွင် မြေပဲလေးနောက်၌ တန်းစီနေသော ဝမ်လင်းမှာ သူ့လက်ချောင်းကို တိတ်တဆိတ် လှုပ်ရှားးလိုက်သည်။
မဟာတာအို သုံးထောင်တွင် လူတစ်ဦးက ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုကို အခြားသူတစ်ဦး၏ ခန္ဓာကိုယ်အပေါ်၌ အပ်စပ်နိုင်စေသည့် "ကိုင်းဆက်ကူးခြင်း နှင့်အစားထိုးခြင်း" မန္တန်တစ်ခု ရှိသည်။
သူ၏ လော်ကြီး ပေါ်လွင်စွာ မထင်ရှားစေရန် အတွက် မြေပဲလေးနှင့် အနည်းငယ် ပေါင်းစည်းသင့်သည်ဟု ဝမ်လင်း ခံစားမိသည်။
သို့သော် ဤစွမ်းရည်ကို အသုံးပြုပြီး ၎င်း၏ အကျိုးသက်ရောက်မှုများကို ဖယ်ရှားလိုက်ပြီးနောက်တွင် လွှဲပြောင်းထားသော အရွယ်အစား၏ သုံးပုံတစ်ပုံကို ပြန်ရနိုင်တော့မည် မဟုတ်ပေ။
သိပ်မကြာခင်မှာပဲ အိုင်းယွန်း ဓာတ်ရောင်ခြည်က မြေပဲလေး၏ ပဲမြစ်ကို စကင်န်ဖတ်လိုက်သည်။
မော်နီတာ စခရင်ရှေ့မှ သူနာပြုဆရာမ နှစ်ဦးနှင့်အတူ စောင့်ကြည့်နေသော ယောက်ျားလေး အားလုံးမှာ သူတို့ပါးစပ်ကို လက်ဖြင့် အမှန်တကယ် ဖုံးအုပ်လိုက်မိကြသည်။
သမိုင်းမစတင်မီက သားရဲအချို့ကို မြင်လိုက်သလိုမျိုး သူတို့၏ အမူအရာများက တအံ့တသြ ဖြစ်နေ၏။
"ဘာလဲဟ ဒါက အရမ်းကြီးတာပဲ"
"ဒီကောင့်ဗျောက်က ဘာလို့ ဒီလောက် တုတ်ခိုင်ပြီး မတရား ရှည်နေရတာလဲ"
မြေပဲလေးက တစ်ခုခု မူမမှန်သည်ကို ခံစားလိုက်မိပြီး မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
သူနာပြု အမျိုးသမီး နှစ်ယောက်၏ အမူအရာက သူ့ကို ကိုက်စားချင်နေပုံရသဖြင့် သူ့တစ်ကိုယ်လုံး မသက်မသာ ဖြစ်သွားရသည်။
နောက်ထပ် မိနစ်နှစ်ဆယ် အကြာတွင် ဗျောက် စစ်ဆေးမှုက ပြီးစီးသွားခဲ့သည်။
ကွန်ပြူတာက "ကိုယ်ကာယစစ်ဆေးမှု" အစီရင်ခံစာများကို လျင်မြန်စွာ စုစည်းပြီး လူတစ်ဦးစီ အတွက် ၎င်းတို့နှင့် သက်ဆိုင်သည့် အီလက်ထရွန်းနစ် မိတ္တူကို ထုတ်ပေးခဲ့သည်။
မြေပဲလေးက ကျောင်းဆင်းပြီးနောက်တွင် စစ်ဆေးမှု ရလဒ်ကို မဝံ့မရဲ ကြည့်လိုက်သောအခါ အံ့အားသင့်သွားခဲ့သည်။
"သုံး... သုံးဆယ့်ခုနစ် စင်တီမီတာလား.. ဘာလဲဟ.. ဒါက အနောက်တိုင်း စံနှုန်းကိုတောင် လုံးဝ ကျော်လွန်နေတာ မဟုတ်ဘူးလား"
သူ့လော်က စစ်ဆေးမှု ရလဒ် အတိုင်းဆို မြည်းအမြှီးလို ဖြစ်နေသည်။
{ငါ့လော်က အဲလောက်ကြီးလို့လား}
မြေပဲလေးက သူ့ဘောင်းဘီကို ဆွဲချွတ်ကြည့်လိုက်ရာ လုံးဝကို မယုံနိုင်လောက်အောင်ပင် အံသြသွားခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု အစီရင်ခံစာတွင် သုံးဆယ့်ခုနစ် စင်တီမီတာ ရှိနေသည်မှာ ချဲ့ကားခြင်း မဟုတ်ဘဲ သူ့ညီလေးမှာ သာမန် ယောက်ျားလေး တစ်ယောက်၏ စံနှုန်းကို အပြည့်အ၀ မီရုံတင်မက အနည်းငယ်ပင် ကျော်လွန်နေကြောင်း ထင်ရှားနေသည်။
"ဘာကြောင့် ဒီလိုဖြစ်သွားရတာလဲ"
ကျောင်းသား စုရှောင်က အံ့အားသင့်စွာဖြင့် ထိုင်ခုံမှ ထရပ်လိုက်ရာ သူ့ အောက်ပိုင်းက လေးလံနေသည်ကို ပထမဆုံး အကြိမ် ခံစားလိုက်ရသည်။
သူက မျက်ရည်တွေ စီးကျလာသည်။
သူ့လော်က မထင်မှတ်ပဲ ဖွံ့ထွားလာခဲ့၏။
သူ၏ မွေးနေ့ဆန္ဒက အမှန်တကယ် ဖြစ်လာပြီလော။
"ကျေးဇူးတင်ပါတယ်.. တန်ခိုးကြီးမားတဲ့ ကျင့်ကြံခြင်း နတ်ဘုရားရေ"
ဝမ်လင်း "............"
{မင်း ကံကောင်းသွားတာပါ}
....................................
ထိုညတွင် ဝမ်လင်း အိမ်ပြန်ရောက်သောအခါ မီးဖိုချောင်က ဗလာဖြစ်နေပြီး မေမေဝမ်နှင့် ဖိုးဖိုးဝမ်တို့မှာ အိမ်တွင် ရှိမနေခဲ့ပေ။
ဝမ်မိသားစု အိမ်ငယ်လေးတွင် သူတို့ သားအဖနှင့် ထွင်ထျန်းဟာ တို့သာ ကျန်ရစ်ခဲ့သည်။
အွန်လိုင်းပေါ်မှ အဖြစ်အပျက်က လက်ရှိတွင် လူကြိုက်များခဲ့ပြီး မေမေဝမ်မှာ ပုံပြင်စာအုပ်ထဲမှ သူရဲကောင်း တစ်ယောက် လို ဖြစ်လာသည်။
နာမည်ကြီး သတင်းစာများမှ သတင်းထောက်များမှာ သူမကို လူပြိန်းကြိုက် အတင်းအဖျင်း အဖြစ်သို့ ပြောင်းလဲရန် တတ်နိုင်သမျှ လုပ်ဆောင်နေကြသည်။
ဖေဖေဝမ် ဖြစ်ဖြစ်.. မေမေဝမ် ဖြစ်ဖြစ် နှစ်ယောက်စလုံးမှာ ဤကဲ့သို့ နှောင့်ယှက်ခံရသည်ကို မခံမရပ်နိုင် ဖြစ်လာကြ၏။
အဆုံးသတ်တွင် သူတို့လင်မယားက ထိုကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
ထို့နောက် ဖေဖေဝမ်က ထင်ရှားပေါ်လွင်မှုကို ရှောင်ရှားရန် မေမေဝမ်နှင့် ဖိုးဖိုးဝမ်ကို သူ့လစာကတ်ဖြင့် စိတ်ပြေလက်ပျောက် ခရီးထွက်စေရန် ချက်ချင်း စီစဥ်ပေးခဲ့သည်။
မေမေဝမ်တို့က ခရီးဆောင်အိတ်ပင် မသယ်သွားကြဘဲ အဝတ်အစား အနည်းငယ်နှင့် နေ့စဥ် အသုံးအဆောင်တွေကို လမ်းမှာပဲ ဝယ်လိုက်ကြသည်။
ဖေဖေဝမ်က အလွန်ရက်ရောသည်ဟု ဝမ်လင်း ခံစားရသည်မှာ ဤတစ်ကြိမ် ပထမဆုံးအကြိမ် ဖြစ်သည်။
သေချာသည်မှာ အနေအထိုင် အေးသော ဖေဖေဝမ်က သူ့မိန်းမကို ချစ်မြတ်နိုးသူ တစ်ယောက် ဖြစ်သည်။
သို့သော် မေမေဝမ်နှင့် ဖိုးဖိုးဝမ် ထွက်ခွာသွားသောအခါ ညစာက ပြဿနာ ဖြစ်လာသည်။
သီအိုရီအရ ဝမ်လင်းက သဘာဝမှ စိတ်ဝိညာဉ် စွမ်းအင်များကို နေ့စဉ်စုပ်ယူခြင်းဖြင့် သူ၏ခန္ဓာကိုယ် လုပ်ဆောင်ချက်များကို ထိန်းသိမ်းထားနိုင်သောကြောင့် ညစာစားရန် လုံးဝ မလိုအပ်ပေ။
သို့ရာတွင် နှစ်ကာလ ကြာညောင်းလာသောအခါ ညစာက သူ့အတွက် အလေ့အထ ဖြစ်လာပြီး ညစာမစားရင် တစ်စုံတစ်ခုလိုအပ်နေသလို ခံစားလာရသည်။
ဝမ်မိသားစု အိမ်ငယ်လေးက အလွန်ဝေးလံပြီး Food Pandaလို အစားအသောက် ဝန်ဆောင်မှုပေးသည့် ဧရိယာ အပြင်ဘက်တွင် ရှိနေသောကြောင့် မှာယူ စားသောက်ရန် မဖြစ်နိုင်ပေ။
ယခု တစ်ခုတည်းသော အဖြေမှာ ထွင်ထျန်းဟာ နှင့် အတူ သူတို့ သားအဖက အပြင်ထွက်စားရန် ဖြစ်သည်။
ဖေဖေဝမ်က အရှေ့ဟွမ်လမ်းနှင့် အနီးဆုံးတွင် ရှိသည့် စားသောက်ဆိုင်များကို ရှာဖွေလိုက်၏။
ကီလိုမီတာ ရှစ်ရာ ကျယ်ဝန်းသော ဧရိယာ အတွင်းတွင် "သန်းခေါင်ယံ ထမင်းစားခန်းမ"ဟု ခေါ်သော စားသောက်ဆိုင်တစ်ဆိုင်သာ ရှိသည်ကို သူ တွေ့လိုက်ရသည်။
ဤစားသောက်ဆိုင်၏ အဆင့်သတ်မှတ်ချက်က အလွန်နိမ့်ပါးကြောင်း လျင်မြန်စွာ သတိပြုမိလိုက်ပြီး ဖေဖေဝမ်က မျက်မှောင်ကြုတ်သွားသည်။
သော်ပျင်း အစားအသောက် ပြန်လည်သုံးသပ်ရေး ဝဘ်ဆိုက်တွင် ထိုစားသောက်ဆိုင်မှာ ရမှတ် 10 မှတ်တွင် ရမှတ် 2.6 မှတ်သာ အမှန်တကယ် ရရှိခဲ့သည်။
ထိုစားသောက်ဆိုင်တွင် ရနိုင်သည့် မီနူးကို ဖတ်ကြည့်လိုက်ရာ သားအဖ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။
လောင်ထန် ဂေါ်ဖီချဉ် အမဲသား ခေါက်ဆွဲ ပန်းကန်လုံးသေး.. (ပွဲသေး)
လောင်ထန် ဂေါ်ဖီချဥ် အမဲသား ခေါက်ဆွဲ ပန်းကန်လုံးလတ်.. (ပွဲလတ်)
လောင်ထန် ဂေါ်ဖီချဉ် အမဲသား ခေါက်ဆွဲ ပန်းကန်လုံးကြီး.. (ပွဲကြီး)
ထိုအရာမှလွဲ၍ တခြား မီနူး ဘာမှ မရှိခဲ့ပေ။